← Chapters

အခန်း (၆၈၁)

Vol. 49 Ch. 681

အခန်း (၆၈၁)

Vol. 49 Ch. 681

ထိုစကားကိုကြားသော် လုံအော်ထျန်းမှာ မျက်နှာကြီးတောင့်ခဲသွားပြီး နှုတ်ခမ်းများတဆတ်ဆတ်တုန်လာတော့သည်။

လောလောလတ်လတ် တိုက်ပွဲသည် သေလုနီးပါး အတွေ့အကြုံတစ်ခုဖြစ်သော်လည်း ဤစကားများကို ကြားလိုက်ရသည့်အခါ ရုတ်တရက် ခံစားခဲ့ရသော ဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုများအားလုံး တန်ဖိုးရှိသည်ဟု ခံစားရပြီး သူ၏ရင်ထဲတွင် ချက်ချင်းနွေးထွေးသွားသည်။

အနီရောင်ဝတ်ထားသည့် ဤနတ်သမီးလေးသည် သူ၏ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြောရင်း သူ၏ ကိုယ်ခန္ဓာအခြေအနေအတွက်ပါ အထူးစိုးရိမ်ကြောင်း ပြသလာခဲ့လေပြီ။

သူမရင်ထဲရှိ သူ့ပုံရိပ်သည်လည်း အတော်အတန် ပြန်လည်ကောင်းမွန်လာဟန်ရှိပြီး နှစ်ဦးသား အရင်ထက်ပိုနီးစပ်သွားသလိုပင် ခံစားရသည်။

ဒီတစ်ခေါက်ကတော့ ဘယ်လောက်ခံခဲ့ရပါစေ ထိုက်တန်တယ်။

အတွေးများစွာဖြင့် လုံအော်ထျန်းသည် အရှေ့မှအနီရောင်ဝတ် အမျိုးသမီးလေးကို မနေနိုင်မထိုင်နိုင် နူးနူးညံ့ညံ့ခေါ်ဆိုမိလိုက်တော့၏။

"ချန်ယဲ့"

သူ၏ နက်ရှိုင်းပြီး စွဲမက်ဖွယ်ကောင်းသော အသံသည် နူးညံ့မှု အပြည့်ရှိပြီး အမျိုးသမီးတိုင်း၏ နှလုံးသားကို ထိုးဖောက်နိုင်စွမ်းရှိပုံရသည်။

"အော့"

ဟုန်ချန်ယဲ့မှာ ကြက်သီးတဖြန်းဖြန်းထလျက် အနောက်ကိုနှစ်လှမ်းမျှ ယိုင်နဲ့နဲ့ဆုတ်ခွာသွားရသည်။ တင်းတင်းဆုပ်ထားသောလက်သီးနှစ်ဖက်ပင် တဆတ်ဆတ်တုန်လာသည့်ဟန်မှာ တစ်ယောက်‌ယောက်ကိုဆွဲထိုးချင်သည့်စိတ်အား အကြိတ်အနယ် ထိန်းချုပ်ထားရပုံပင်။

စိတ်ငြိမ်ငြိမ်ထား။

ငါ စိတ်ငြိမ်ငြိမ်ထားရမယ်။

ထိုမြင်ကွင်းကိုမြင်လိုက်သော် လုံအော်ထျန်းသည် နတ်ဆိုးဆန်ဆန် သဘောတကျပြုံးလျက် တွေးလေသည်။

"ဒီတုံ့ပြန်မှုအရ ငါ့ကိုသဘောကျနေပြီဖြစ်ရမယ်"

"ခွိခွိခွိခွိ..."

လီဝူကျယ်မှာတော့ ရယ်သံကိုထိန်းချုပ်ဖို့ အသည်းအသ်န်ကြိုးစားရနေရဆဲဖြစ်ကာ အသည်းကလီစာများပင် ပေါက်ထွက်တော့မတတ် ခံစားနေရလေသည်။

ဟုန်ချန်ယဲ့ ထိုလူကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ပြီး သွားကြားထဲမှထွက်လာသောအသံဖြင့် မေးသည်။

"မင်းကဘာတွေရယ်နေတာလဲ"

လုံအော်ထျန်းလည်း မျက်မှောင်ကြုတ်သွားပြီး လီဝူကျယ်ကို အသံမာမာဖြင့်မေးလာသည်။

"အေး မင်းကဘာကိုရယ်နေတာလဲ"

လီဝူကျယ်လည်း လက်ကိုအလျင်အမြန်ဝေ့ရမ်းကာ ရှင်းပြရသည်။

"အထင်မလွဲပါနဲ့ ငါဒီတိုင်း ဟာသတစ်ခုတွေးလိုက်မိရုံပါ။ မင်းတို့နှစ်ယောက် ဆက်ပြောကြ ပြောကြ"

"ရှောင်လီ ဘာတွေများအဲ့လောက်ရယ်နေရတာလဲ။ ဆရာ့ကိုလည်းပြောပါဦဂ"

ထိုအချိန်တွင် ယဲ့ကျွင်းလင်က တာဝန်ကိုအောင်မြင်စွာပြီးစီးသွားခဲ့ပြီး လူအုပ်ကိုဖြတ်လျှောက်လာကာ စပ်စပ်စုစုမေးသည်။

"ကျွန်တော်လုံမျိုးရိုး မဟာမိတ်ခေါင်းဆောင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်"

လက်နှစ်ဖက်ကိုနောက်ပစ်လျက် လျှောက်လာသောလူငယ်ကိုမြင်သော် လုံအော်ထျန်းသည် လက်သီးဆုပ်အရိုအသေပြု၍ အလေးအနက်နှုတ်ဆက်လာ၏။

ဤလုံမျိုးရိုး၏ ဘဝတစ်သက်တာတွင် အဘယ်လူပုဂ္ဂိုလ်ကိုမှ ဒီလူလောက်ရိုသေ‌လေးစားဖူးခြင်းမရှိ။

"အင်း မင်းလည်းအများကြီးပါဝင်ကူညီခဲ့တယ်ကြားတယ်။ ပင်ပန်းသွားပြီ"

ယဲ့ကျွင်းလင်က ခေါင်းပြန်ဆတ်ပြပြီး ချီးမွမ်းလာသည်။

ပြိုင်ဘက်ကင်းစွမ်းအားရှင်၏ အသိအမှတ်ပြုစကားကြောင့် လုံအော်ထျန်းပျော်ရွှင်သွားရသည်။

"ဒါကျွန်တော့်တာဝန်ပါပဲခင်ဗျာ"

"ပြောကြဦးလေ။ အခုနကဘာတွေရယ်နေကြတာလဲ။ ငါလည်းရယ်ချင်တာပေါ့"

ယဲ့ကျွင်းလင်က လီဝူကျယ်ကိုလှမ်းကြည့်ကာ အတည်ကြီးမေးပြန်သည်။

လီဝူကျယ်သည် ဟုန်ချန်ယဲ့၏ မည်းမှောင်နေသောမျက်နှာကို တိတ်တိတ်လေးတစ်ချက်လှမ်းကြည့်ပြီးမှ ယဲ့ကျွင်းလင်အနားသို့အပြေးကပ်ကာ အလွန်လျှို့ဝှက်သောအသံဖြင့် တိုးတိုးလေးကပ်ပြောသည်။

"ဆရာသခင် ဟိုနဂါးလေး ရောက်လာပြန်ပြီလေ"

"ဟားဟားဟားဟား"

ထိုစကားလေးတစ်ခွန်းပြောပြီး လီဝူကျယ်သည် ဆက်မထိန်းထားနိုင်တော့သကဲ့သို့ ခါးကိုင်းချကာ ဗိုက်ကိုနှိပ်၍ မျက်ရည်ပါထွက်ကျသည်အထိ အားရပါးရရယ်မောလေသည်။ တစ်နှစ်တာ၏ အပြောင်မြောင်ဆုံးပြက်လုံးကို ကြားလိုက်ရသည့်အလား။

ယဲ့ကျွင်းလင်မှာတော့ ထိုဖရိုဖရဲမြင်ကွင်းကို ကြောင်ကြည့်နေရင်း ဘာတစ်ခုမှနားမလည်နိုင်ပေ။

memeအသစ်တွေဘာတွေများ ပေါ်နေတာလား။

နဂါးလေး ရောက်လာပြန်ပြီတဲ့။

မင်းအဖေကြီးကိုရောက်လေ။

"ရှောင်လီကတော့ ဟာသအမြင်မှာ တိုးတက်မှုလေးတွေလိုနေသေးတာပဲ"

ယဲ့ကျွင်းလင်က စိတ်ရင်းဖြင့်မှတ်ချက်ပြုသွားပြီး လီဝူကျယ့်ပုခုံးကိုပုတ်ကာ သက်ပြင်းချလျက် အခြားလူများနှင့် စကားစမြည်ဆက်ပြောဖို့ ထွက်သွားလေတော့သည်။

ဝါးလုံးကွဲရယ်သံမှာလည်း ရုတ်ချည်းတိတ်ဆိတ်သွားရ၏။

လီဝူကျယ်မှာ တောင့်တင်းနေသောမျက်နှာကြီးဖြင့် မဲ့တဲ့တဲ့ကျန်ရစ်သည်။

ကျွန်တော့်ဟာသက အဲ့လောက်တောင်လူစဥ်မမီဖြစ်နေလို့လားဗျာ။

ဒီလောက်ရယ်စရာကောင်းနေတာကို။

"ဆရာ့ရှေ့ စောက်ပေါသွားလုပ်တာကိုး ခံပေါ့"

ဟုန်ချန်ယဲ့က ကျေနပ်အားရစွာဖြင့် အားမနာပါးမနာလှောင်ပြောင်လာသည်။

လီဝူကျယ်: “…”

"ချန်ယဲ့ ကိုယ့်ကိုခဏလောက်ခွင့်ပြုပါဦး"

ရုတ်တရတ် လုံအော်ထျန်းသည် ရိုးရှင်းသောဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးအား သတိပြုလိုက်မိပြီး သူမထံတည့်တည့်မတ်မတ်လျှောက်သွားကာ ဦးညွှတ်လျက် အလေးအနက်ဆိုသည်။

"ဒီနတ်သမီးလေး၊ ခင်ဗျားရဲ့အကူအညီအတွက် ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ တစ်စုံတစ်ခုအခက်တွေ့ခဲ့ရင် ကျွန်တော်လုံမျိုးရိုးကို မဆိုင်းမတွအသိပေးပါ။ အသက်ကယ်ထားတဲ့ကျေးဇူးကို မဖြစ်မနေ ပြန်ဆပ်ချင်မိပါတယ်"

ချင်ရူရန်သည် အစွမ်းထက်သောနဂါးမျိုးနွယ်ကို မြင်လိုက်စဥ် မျက်နှာအမူအရာ မသိမသာပြောင်းလဲသွားပြီး တုံ့ပြန်သည်။

"ဘာမဟုတ်တာလေးပါရှင်၊ အလေးအနက်ထားဖို့မလိုပါဘူး"

"နတ်သမီးက ဖြောင့်မတ်မှန်ကန်ပါပေတယ်"

လုံအော်ထျန်းသည် စိတ်ထဲ လေးစားမှုအပြည့်ဖြင့်။

ချင်ရူရန်၏လှုပ်ရှားမှုများကို သူမျက်မြင်တွေ့ခဲ့ရသည်။ မိန်းကလေး၏လှုပ်ရှားမှုများမှာ တမူထူးခြားကွဲထွက်နေကာ နက်နဲသောလျှို့ဝှက်ဆန်းကြယ်မှုကို ပေးစွမ်းနေသောကြောင့် သူအတော်လေး မှတ်မှတ်ထင်ထင်ရှိနေရခြင်းပင်။

"အဟမ်း အဟမ်း နတ်သမီးခင်ဗျာ"

ရုတ်တရက် ယပ်တောင်တစ်ချပ်ကိုင်ထားသော ဆံပင်ဖွာလန်ကျဲနေသည့် တာအိုဘုန်းကြီးတစ်ပါးသည် တမင်တကာ ချောင်းဟန့်လိုက်ပြီး ပြုံးရွှင်သောမျက်နှာဖြင့် လျှောက်လာသည်။

"အဲ အစောက နတ်သမီးလေးသုံးခဲ့တဲ့ လက်ဝါးကျင့်စဥ်နဲ့ လှုပ်ရှားမှုတိုက်ကွက်တွေကို ဘယ်ကသင်ယူကျင့်ကြံခဲ့တာလဲ သိလို့ရမလားခင်ဗျာ"

All Chapters