← Chapters

လူတစ်ယောက်ပိုင်ဆိုင်သည့်ဓား

Vol. 111 Ch. 1551

လူတစ်ယောက်ပိုင်ဆိုင်သည့်ဓား

Vol. 111 Ch. 1551

နတ်ဘုရားထောင်ချောက်ဓားမှ အလင်းတန်းများထွက်ပေါ်လာပြီး အစီအရင်တစ်ခု ဖြစ်တည်သွားသည်။

ထိုအစီအရင်အလင်းတန်းများက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစထက်သို့ကျရောက်သွားရာ သေးငယ်သည့်အပိုင်းအစလေးက ရုတ်ချည်းပင် တောက်ပလာသည်။

ထို့နောက် ရှေးဟောင်းနတ်ဘုရားတောင်တစ်တောင်၏ပုံရိပ်က နတ်ဘုရားထောင်ချောက်ဓားထက်တွင် လွင့်မျောထွက်ပေါ်လာပြီး လေးလံသည့်ခံစာချက်ကို ဖြစ်ပေါ်စေသည်။

တစ်ချိန်တည်းပင် နတ်ဘုရားထောင်ချောက်ဓား၏ ဓားကိုးတွင်ကပ်ထားသော အင်းစက္ကူ မီးလောင်ကျွမ်းသွားတော့သည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရန်ကျောက်ကဲနှင့် ကောင်းရွှယ်ပေါ်တို့ သက်ပြင်းချလိုက်ပြီး မျက်နှာထက် ပျော်ရွှင်သည့်အရိပ်အယေင် အနည်းငယ် ထွက်ပေါ်လာသည်။

“သွားစမ်း...”

ရန်ကျောက်ကဲက လက်တစ်ဖက်မြှောက်လိုက်ပြီး လေထဲတွင် အင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်ရာ အစီအရင်သင်္ကေတများစွာက အတွင်းသို့ ကျုံ့ဝင်သွားသည်။

ထို့နောက် သူက အင်းစက္ကူအလွတ်တစ်ခုကို မီးထဲသို့ပစ်ချလိုက်၏။

ကျုံ့ဝင်လာသော အင်းသင်္ကေတများက အင်းစက္ကူမီးလောင်ရာမှထွက်ပေါ်လာသော မီးတောက်များဆီသို့ တဟုန်ထိုး စီးဝင်သွားသည်။

အင်းစက္ကူအလွတ်ကတော့ မီးထဲကျသွားသည့်တိုင် မီးလောင်မသွားပေ။ ထိုအစား အင်းစက္ကူထက်တွင် သင်္ကေတများ ထွက်ပေါ်လာသည်။

မီးတောက်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်နှင့် ထိုအင်းစက္ကူအသစ်က အပြင်ဘက်သို့ ပျံဝဲထွက်လာပြီး ရန်ကျောက်ကဲက ဖမ်းယူလိုက်သည်။

ယခုဆိုလျှင် အင်းစက္ကူထက်တွင် နက်ရှိုင်းသည့် အင်းသင်္ကေတများစွာရှိနေပြီး အလွန်ပင်ရှုပ်ထွေးနေတော့သည်။

တောင်ပုံသဏ္ဌန်ပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစသာ ကျန်ရစ်တော့သည်။

နတ်ဘုရားထောင်ချောက်ဓားသည်လည်း တုန်ခါနေခြင်းမရှိတော့ဘဲ လေထဲမှာပင် တိတ်ဆိတ်စွာ လွင့်မျောလျှက်ရှိပေ၏။

ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစကို သိမ်းဆည်းလိုက်သည်။

သူက လက်ထဲရှိ အင်းစက္ကူကို တစ်ချက်ကြည့်ပြီး နတ်ဘုရားထောင်ချောက်ဓားကို လှမ်းကြည့်လိုက်သည်။

“လောလောဆယ်တော့ အစကောင်းတယ်လို့ပြောလို့ရတယ် ၊ အရင်တစ်ခေါက်ကလို အောင်မြင်ပါစေလို့ ဆုတောင်းရမှာပဲ...”

ကောင်းရွှယ်ပေါ်က...

“ကွမ်းချန်ထျန်းကျွင်းက အသက်ရှင်နေသေးလားဆိုတာတော့ မသိနိုင်ဘူးပေါ့”

ရန်ကျောက်ကဲက သက်ပြင်းချလိုက်ပြီး...

“အကောင်းဘက်ကနေပဲ တွေးကြည့်ကြတာပေါ့”

ထို့နောက် သူက အားဟူဘက်သို့လှည့်လိုက်ပြီး...

“ဒီရလဒ်ကို ဂိုဏ်းတူအစ်ကို’ရွှီ’ ဆီ အကြောင်းကြားလိုက်ပါ ၊ ဒီတစ်ခေါက် သူ့ကိုခေါ်သွားရမယ် ၊ အစကတည်းက သူနဲ့ပြောထားပြီးသားပါ ၊ သူက ငါ့ဆီကသတင်း စောင့်နေတာ”

အားဟူက ခေါင်းညိတ်လိုက်ရင်း...

“နားလည်ပါပြီ သခင်လေး”

ဟုဆိုကာ နေရာမှ ချက်ချင်းထွက်ခွာသွားလေသည်။

ကောင်းရွှယ်ပေါ်ကလည်း ခေါင်းညိတ်လိုက်ပြီး...

“ငါလည်း အမေ့ကိုအသိပေးပြီး ပြင်ဆင်မှုတွေလိုက်ခိုင်းလိုက်မယ်”

ရန်သူများက အချင်းချင်းတိုက်ခိုက်နေကြဆဲဖြစ်သဖြင့် ရန်ကျောက်ကဲတို့အား အာရုံစိုက်နိုင်မည်မဟုတ်ပေ။ သို့တိုင် ထျန်းစူးစကြာဝဠာအနေဖြင့် နတ်ဘုရားသုတ်သင်ဓားကိုရှာဖွေရာတွင် အထူးသတိထားနေရဆဲဖြစ်သည်။

အရင်တစ်ခေါက် နတ်ဘုရား‌ထောင်ချောက်ဓားကို ရှာဖွေခဲ့စဉ်က ရန်ကျောက်ကဲ ကိုယ်တိုင်ဖန်တီးထားသော လျှို့ဝှက်နည်းပညာကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဤနည်းပညာက လောကတွင် ပထမဆုံးထွက်ပေါ်လာသည်ဖြစ်ရာ အခြားအင်အားစုများကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။

လမ်းခြောက်သွယ်ဓားသခင်’ချွိစု’ က ဆရာဖြစ်သူ ဓားဗုဒ္ဓကိုသာ ရှာဖွေရန် ကျောက်စိမ်းစမ်းချောင်းကမ္ဘာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး နတ်ဘုရားထောင်ချောက်ဓားအတွက် မဟုတ်ခဲ့ပေ။

ဝမ်ကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်က ထိုဓားကိုရှာဖွေလိုသည့်တိုင် မည်သည့်သဲလွန်စကိုမှ မသိရှိခဲ့ကြပေ။ သူတို့က ဖြစ်နိုင်ခြေများကိုတွက်ချက်ပြီး ချွိစုနောက်သို့ ခိုးလိုက်လာကြခြင်းသာ ဖြစ်၏။

ထို့ကြောင့် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က သူတို့ကိုကူညီပေးရန် စစ်ကူအင်အားများ စီစဉ်မထားခဲ့ကြပေ။

ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ(၃)ယောက်က ကြောက်မက်ဖွယ်ရာကောင်းလှသော်လည်း ရန်ကျောက်ကဲတို့က သူတို့နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်ခဲ့သည်။

ထို့ပြင် ထိုစဉ်အချိန်က အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ကလည်း ပါဝင်ပတ်သက်ခြင်း မပြုခဲ့ကြပေ။

သို့ပေသိ ထိုစဉ်အချိန်က ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားထောင်‌ချောက်ဓားကို ရှာဖွေမည်ဖြစ်ကြောင်း ခိုင်မာသည့်သဲလွန်စသာ ရရှိပါက အခြားအင်အားစုများအနေဖြင့် ဤအတိုင်းထိုင်ကြည့်နေမည် မဟုတ်ပေ။

ယခု ဒုတိယတစ်ကြိမ် ဤနည်းလမ်းကိုအသုံးပြုလျှင်တော့ ပထမတစ်ကြိမ်ကလို အံ့အားသင့်ကြတော့မည် မဟုတ်ပေ။

လက်ရှိအခြေအနေအရ ရန်သူများက စစ်ပွဲကိုရပ်တန့်ပြီး နတ်ဘုရားသုတ်သင်ဓားကို အတူတကွ လာရောက်ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။

သို့သော် သူတို့ဘက်မှ အင်အားအချို့ကိုခွဲထုတ်ပြီး ရန်ကျောက်ကဲတို့အား ခြေရာခံရန် စေလွှတ်နိုင်သည်။

ယခုတစ်ခေါက်တွင်တော့ အရင်ကလို ပြင်ပကျင့်ကြံသူ ကောင်းကင်နတ်ဘုရား(၃)ပါးလောက်သာ ရောက်ရှိလာမည် မဟုတ်တော့ပေ။

ရန်သူများက အချင်းချင်းတိုက်ခိုက်နေရင်း လမ်းမှန်တာအိုဝါဒ၏ တိုးတက်လာမှုကိုလည်း သတိထားနေခဲ့ကြသည်။

သူတို့အနေဖြင့် နတ်ဘုရားသုတ်သင်ဓားကို ရယူနိုင်မည်ဆိုပါက လမ်းမှန်တာအိုဝါဒ၏ တိုးတက်မှုကို ဟန့်တားနိုင်ရုံသာမက ပြင်းပြင်းထန်ထန် အားနည်းသွားစေနိုင်မည်ဖြစ်ရာ အခွင့်အရေးကို လက်မလွှတ်လိုကြပေ။

ဟုတ်ပေ၏။

ဤအခွင့်အရေးကိုအသုံးချပြီး ရန်ကျောက်ကဲတို့အုပ်စုကို ထိခိုက်အောင် လုပ်ချင်ကြပေမည်။

ရန်ကျောက်ကဲတို့အုပ်စုက အမြဲတမ်း ပုန်းအောင်းနေသည်ဖြစ်ရာ မည်သို့မှ ခြေရာမခံနိုင်ခဲ့ကြပေ။

ယခု ဓားများကိုရှာဖွေမည်ဆိုပါက ခြေရာခံနိုင်လာမည်ဖြစ်ရာ သူတို့ကိုတိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်လာပေမည်။

ထို့ကြောင့်ပင် “အန္တရယ်နှင့်အခွင့်အရေးဆိုသည်က ဒွန်တွဲနေသည်” ဟု ဆိုရိုးစကားထွက်ပေါ်လာခြင်း မဟုတ်ပါလား။

ကောင်းရွှယ်ပေါ်က ကောင်းချင်းရွှမ်နှင့် ဆက်သွယ်ပြီးနောက် ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်ပြီး...

“အမေ့ကို အားလုံး အကြောင်းကြားပြီးသွားပြီ”

သူက ဆက်ပြောလိုက်သည်။

“အရင်ကဆွေးနွေးထားသလိုပဲ အမေကိုယ်တိုင်က နတ်ဘုရားထောင်ချောက်ဓားနဲ့အတူ ခရီးမှာလိုက်ပါလိမ့်မယ် ၊ သူ့ကိုယ်ပွားကတော့ နတ်ဘုရားသုတ်သင်ဓားနဲ့ ထျန်းစူးစကြာဝဠာကို စောင့်ကြပ်ပေးမယ်”

ရန်ကျောက်ကဲက...

“သိပ်ကောင်းတယ် ၊ ဒီတစ်ခေါက်တော့ ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာ(၃)ခုလုံးကို ခေါ်သွားမယ်”

ကောင်းရွှယ်ပေါ်က...

“ဖန်းထျန်းကျွင်း‌ရော တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား”

“ဖန်းထျန်းကျွင်း” ဆိုသည်မှာ ဖန်းယွင်ရှန်းကို ပြောခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ်ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေပြီဖြစ်သော်လည်း တိချင်းလျန်၏သား ဖြစ်သဖြင့် ကောင်းရွှယ်ပေါ်က သူ့ကို “တူလေး” ဟု ရင်းနှီးစွာ ခေါ်ဝေါ်နိုင်သည်။

သို့သော် ဖန်းယွင်ရှန်းကတော့ ရန်ကျောက်ကဲနှင့်စပ်မှ ဆွေမျိုးတော်သူဖြစ်သည်။

ထို့ကြောင့် ထုံးတမ်းအရဆိုလျှင် ဖန်ကျွင်းက ဖန်းယွင်ရှန်းကို “တူမလေး‘ဖန်း’” ဟု ခေါ်ခွင့်ရှိသော်လည်း ကောင်းရွှယ်ပေါ်ကတော့ လေးစားသမှုဖြင့် ‘ဖန်းထျန်းကျွင်း’ ဟုသာ ဘွဲ့အမည်ခေါ်ဆိုရပေမည်။

သို့ပေသိ ဤသည်က သိပ်အလေးအနက်ထားနေစရာ ကိစ္စမဟုတ်ပေ။

ကောင်းရွှယ်ပေါ်က စာအုပ်ကြီးသမားဖြစ်ပြီး ဓလေ့ထုံးတမ်းလိုက်နာသူဖြစ်သဖြင့် ဖန်းယွင်ရှန်းကို ထိုသို့ခေါ်ဆိုခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...

“မကြာခင်ကပဲ သူ တံခါးပိတ်ကျင့်ကြံရာကထွက်လာတယ် ၊ ဒီတစ်ခေါက် ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့လိမ့်မယ်”

ကောင်းရွှယ်ပေါ်က...

“ဒါဖြင့် အကောင်းဆုံးပဲပေါ့”

ကောင်းရွှယ်ပေါ်နှင့် လမ်းခွဲပြီးနောက် ဖန်းယွင်ရှန်းက ဖန်းယွင်ရှန်းနေအိမ်သို့ ထွက်လာခဲ့ရာ သူ့အရင် ဧည့်သည်တစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

သူမက အဝါရောင်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးဖြစ်ပြီး ဖန်းယွင်ရှန်းနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ စကားလက်ဆုံကျလျှက်ရှိသည်။

ရန်ကျောက်ကဲကိုမြင်တော့ သူမက ချက်ချင်းမတ်တတ်ရပ်ပြီး နှုတ်ဆက်လိုက်၏။

“ရန်ဧကရာဇ်... ရောက်လာတာလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကွမ်းမိန်းကလေး... ဒီလောက်ယဉ်ကျေးဖို့ မလိုပါဘူး”

သူမက ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ မြောက်ဘက်ကုန်းမြေရှိ တိမ်တိုက်တောင်၊ ချင်းဟွာကျောင်းတော်မှ ကွမ်းယွိလော်ပင် ဖြစ်သည်။

အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာ ၊ မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏မြေးမလေးဖြစ်သည်။ သူမက အစကတည်းကပင် ဖန်းယွင်ရှန်းနှင့်ခင်မင်ခဲ့ပြီး နှစ်ယောက်သား အတော်လေးရင်းနှီးကြသည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင် ကွယ်လွန်သွားပြီးနောက် တိမ်တိုက်တောင်၊ ချင်းဟွာကျောင်းတော်သည်လည်း အထက်ဘုံကမ္ဘာမှထွက်ခွာကာ ရန်ကျောက်ကဲတို့နှင့်အတူ ကောင်းကင်ဘုံကမ္ဘာသို့ လိုက်ပါလာခဲ့သည်။

ယခင်ကတည်းက သဘောကောင်းပြီး ရီရီမွန်မွန်ရှိသော မိန်းမပျိုလေး’ကွမ်းယွိလော်’ သည် ယခုဆိုလျှင် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ပင် ဖြစ်နေပေပြီ။

ယခုဆိုလျှင် သူမက တိမ်တိုက်တောင်မှ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီး အမတကူးပြောင်းခြင်းအဆင့်သို့တက်လှမ်းရန်ပင် ဦးတည်နေပေပြီ။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် စကားပြောစရာရှိကြောင်း နားလည်လိုက်သည်နှင့် ကွမ်းယွိလော်က ချက်ချင်းပင် ခွင့်ပြုချက်တောင်း၍ နှုတ်ဆက်ခွာသွားတော့သည်။

ကွမ်းယွိလော်က ဖန်းယွင်ရှန်းနှင့် အလွန်ရင်းနှီးသည်ဖြစ်ရာ ဤသို့ပင် မကြာခဏ လာရောက်လည်ပတ်တတ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် အားနာစရာသိပ်မရှိလှပေ။

“နောက်မှစကားဆက်ပြောကြမည်” ဟု သဘောတူကြပြီးနောက် ဝါဒတောင် ဂိုဏ်းသားတစ်ယောက်က ကွမ်းယွိလော် ပြန်နိုင်ရန်အတွက် လိုက်ပါပို့ဆောင်ပေးလေသည်။

ကွမ်းယွိလော် ထွက်ခွာသွားသည်နှင့် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲဘက်သို့ လှည့်ကာ မေးလိုက်သည်။

“နတ်ဘုရားသုတ်သင်ဓားလား၊ နတ်ဘုရားအဆုံးသတ်ဓားလား...”

ရန်ကျောက်ကဲက...

“နတ်ဘုရားသုတ်သင်ဓား... ဒါနဲ့ မင်းရော အခြေအနေဘယ်လိုလဲ”

ဖန်းယွင်ရှန်းက တည်ငြိမ်စွာဖြင့်...

“ဓားတစ်ချက်ပဲလိုတော့တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်သည်။

“ဒါဖြင့်... ခရီးထွက်ဖို့ပြင်ကြစို့...”

***

ပြင်ပလောကနှင့် သီးခြားကွဲထွက်နေဟန်ရှိသော နေရာတစ်ခု...။

ထိုနေရာကို မည်သူမှ ခြေရာခံနိုင်ကြမည် မဟုတ်ပေ။

ထိုနေရာတွင် ဝိညာဉ်ပန်းပင်များပွင့်လန်းနေပြီး နတ်သားရဲများလည်း လွတ်လပ်စွာ ပြေးလွှားဆော့ကစားလျှက်ရှိသည်။

ထိုသို့သာယာလှပသောကမ္ဘာငယ်၏ အလယ်ဗဟိုတွင် သာမန်ဆန်သော ရဲတိုက်တစ်ခု ရှိနေသည်။ ထိုရဲတိုက်အတွင်းရှိ အခန်းတစ်ခန်းထဲတွင် ရှေးဟောင်းဓားတစ်လက်ရှိနေပြီး ထိုဓားက လေထဲတွင် လွင့်မျောနေသည်။

ထိုရှေးဟောင်းဓား၏ဓားရိုးတွင် အစိမ်းရောင်အလင်းတန်းများ လှည့်ပတ်လျှက်ရှိသည်။

ရုတ်တရက်...

အစိမ်းရောင်အလင်းတန်းများ တုန်ခါသွားလေသည်။

အခန်းထဲတွင် လူတစ်ယောက်ရှိနေလေသည်။

အပြောင်းအလဲကိုတွေ့မြင်သည်နှင့် ထိုသူ၏မျက်ဝန်းအစုံ ပြူးကျယ်သွားပြီး လက်ကိုဆန့်တန်းကာ ဓားကိုဆွဲယူလိုက်သည်။

“သူတို့လာပြီ...”

ရှေးဟောင်းဓားကို သိမ်းဆည်းပြီးသည်နှင့် ထိုသူက တံခါးဖွင့်ပြီး ရဲတိုက်ထဲမှ ထွက်ခွာသွားသည်။

ရဲတိုက်အပြင်ဘက်တွင် ကြိုးကြာအတောင်(၁၀)ခုဖြင့်ပြုလုပ်ထားသော ဦးထုပ်ကိုဆောင်းထားပြီး ကိုးရောင်ခြယ်ကြာပလ္လင်ထက်တွင်ထိုင်နေသော ကျင့်ကြံသူတစ်ယောက် ရှိနေလေသည်။

ထိုကျင့်ကြံသူက...

“သတိထားပါ...”

ဓားကိုင်သူက...

ဓားကိုင်သူက...

“နားလည်ပါပြီ...”

ထို့နောက် သူက အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး သီးခြားကမ္ဘာမှ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသွားလေတော့သည်။

All Chapters