သင့်လျော်သည့်သူ
Vol. 111 Ch. 1553
သစ်ပင်ထိပ်တွင်ထိုင်နေသည့် အဘိုးကြီးက ငါးမြီးပုံဦးထုပ်ဆောင်းထားပြီး ကြီးမားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ၏ ပုံပန်းသွင်ပြင်က အလွန်ထူးခြားပြီး ရှည်လျားသော မုတ်ဆိတ်များကိုလည်းပိုင်ဆိုင်ထားသည်။
သူ့ရှေ့တွင် အရာဝတ္ထုနှစ်ခု လွင့်မျောနေလေသည်။
တစ်ခုက မည်းနက်သော သာမန်ကျောက်တုံးတစ်ခုပမာ အက်ကွဲနေသော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစဖြစ်ပြီး နောက်တစ်ခုမှာ အရောင်ခုနစ်မျိုးပါသော ဘူးသီးခြောက်တစ်ခု ဖြစ်သည်။
လက်ရှိတွင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစက မီးလျှံများထဲတွင် လောင်ကျွမ်းနေပြီး အရောင်ခုနစ်မျိုးရှိသော ဘူးသီးခြောက်ကတော့ မည်သည့်တုံ့ပြန်မှုမှမရှိပေ။
မြင်ကွင်းကိုကြည့်ရင်း ချွိစု သဘောပေါက်သွားသည်။
အရောင်ခုနစ်မျိုးပါသော ဘူးသီးခြောက်က နတ်ဘုရားအဆုံးသတ်ဓား၏ မူလပိုင်ရှင် ယွိချင်အဆက်အနွယ် တောက်ရှင်ထျန်းကျွင်း၏ ပစ္စည်းဖြစ်ရပေမည်။
တောက်ရှင်ထျန်းကျွင်းက “မိစ္ဆာနိုင်အဆောင်” ပိုင်ဆိုင်ထားပြီး ၊ နောက်ပိုင်း ထိုအဆောင်ကို တပည့်ဖြစ်သူ ‘ဝေ့ဟူ’ ထံသို့ ပေးအပ်ခဲ့သည်။
သို့သော် မိစ္ဆာနိုင်အဆောင်လောက် မကျော်ကြားသော အခြားရတနာပစ္စည်းတစ်ခုလည်း ရှိခဲ့သေးသည်။
ယခု စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစက လောင်ကျွမ်းနေပြီး အရောင်ခုနစ်မျိုး ဘူးသီးခြောက်ကတော့ တုံ့ပြန်မှုမရှိပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲတို့က တောက်ရှင်ထျန်းကျွင်း၏ နတ်ဘုရားအဆုံးသတ်ဓားကို မရှာဖွေပဲ ကွမ်းချန်ထျန်းကျွင်း၏ နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေမည်မှာ သေချာသလောက် ဖြစ်သည်။
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့်အဘိုးအိုက လက်ဟန်တစ်ချက်ပြလိုက်ရာ မီးလျှံများလောင်ကျွမ်းနေသည့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစက ချွိစု၏ရှေ့သို့ ပျံသန်းလာသည်။
ချွိစုက မီးကိုငြိမ်းသတ်ခြင်းမပြုဘဲ စည်းတံဆိပ်အပိုင်းအစကို သိမ်းဆည်းလိုက်သည်။ သို့သော် မီးလျှံများက သူ့ကိုလောင်ကျွမ်းသွားခြင်း မရှိပေ။
အနီရောင်ဝတ်ရုံရှင် အဘိုးအိုက...
“အနောက်ဘက်သူတော်စင်ဘုံနဲ့ အမတခုံရုံးလည်း သေချာပေါက်လှုပ်ရှားမှာပဲ ၊ ဒီတော့ မင်းဘက်က လျှို့ဝှက်လှုပ်ရှားပြီး လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပါ”
သူက ဆက်ပြောလိုက်သည်။
“စန်းချင်းသုံးပါးအဆက်အနွယ်တွေရဲ့လှုပ်ရှားမှုကို ခြေရာခံနိုင်ရင်တော့ အကောင်းဆုံးပေါ့”
ချွိစု ခေါင်းညိတ်သည်။
“နားလည်ပါပြီ...”
အနီရောင်ဝတ်ရုံရှင် အဘိုးကြီးက...
“မင်းရဲ့ဆရာ ဓားဗုဒ္ဓ ကွယ်လွန်တဲ့သတင်းကို ငါကြားပါတယ် ၊ ဒါပေမဲ့ မင်းကတော့ စိတ်ခံစားချက်နောက်မလိုက်ဘဲ အခြေအနေကို မှန်မှန်ကန်ကန် ချိန်ဆနိုင်မယ်လို့ယုံကြည်တယ်”
သူက ဆက်ပြောလိုက်သည်။
“လက်စားချေလိုစိတ်က မျက်စိကိုကန်းစေတယ် ၊ စိတ်တည်ငြိမ်မှာ လက်စားချေဖို့ အခွင့်အရေးရနိုင်မယ်”
ချွိစု၏ မျက်နှာအမူအရာ တည်ငြိမ်နေဆဲဖြစ်ပြီး အနီရောင်ဝတ်ရုံရှင်အဘိုးအိုအား တိတ်ဆိတ်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
အနီရောင်ဝတ်ရုံရှင်အဘိုးအိုက ပြုံးလိုက်ပြီး...
“ဒါက ငါ့ယုံကြည်ချက်ပဲ...”
သူက ဆက်ပြောသည်။
“ကံမကောင်းတာက ဂဠုန်ကြီးက အနောက်ဘက်သူတော်စင်ဘုံနဲ့တိုက်နေရတုန်းပဲ ၊ မဟုတ်ရင် ငါကိုယ်တိုင် မင်းနဲ့အတူ လိုက်ခဲ့ပါတယ်”
အဘိုးအိုပြောသည့် “ဂဠုန်ကြီး” ဆိုသည်မှာ “တိမ်မြူမိုင်တစ်သောင်းဂဠုန်” ကို ပြောခြင်းဖြစ်သည်။ ထိုမဟာဂဠုန်က နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များထဲတွင် အင်အားအကြီးဆုံးတစ်ယောက် ဖြစ်လေသည်။
ရန်ကျောက်ကဲက သူ့သား ဖုလော်ကျီကို သတ်ဖြတ်ခဲ့သဖြင့် သူက ရန်ကျောက်ကဲတို့အုပ်စုအား လက်စားချေလိုစိတ် အလွန်ပြင်းထန်နေခဲ့သည်။
ပြင်ပကျင့်ကြံသူ အုပ်စုနှစ်ခု စစ်ပွဲမပြီးဆုံးသေးသဖြင့် နတ်မိစ္ဆာမျိုးနွယ်များက အနောက်ဘက်သူတော်စင်ဘုံနှင့် တိုက်ခိုက်နေကြရဆဲပင်။
ထို့ကြောင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ချန်စန်းရှင်းဟိုင်တွင်ရှိမနေဘဲ တိုက်ပွဲဝင်နေရသည်။
ချွိစုက...
“မဟာဂဠုန်က အရမ်းစွမ်းအားကြီးမားတယ် ၊ သူ့ကြောင့်သာ အနောက်ဘက်က ကျင့်ကြံသူတွေကို ဟန့်တားနိုင်ခဲ့တာပါ ၊ သူ့ကို ကျွန်တော် အရမ်းလေးစားမိပါတယ်”
အနီရောင်ဝတ်ရုံရှင် အဘိုးကြီးက ပြုံးလိုက်ရင်း...
“ဒီသတင်းသာကြားရင် ဂဠုန်ကြီး သေချာပေါက်ပြန်လာမှာ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူပြန်လာမှာကိုအသာထား... ငါတို့ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံမှာ စန့်ချင်အဆက်အနွယ်က နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ထိန်းချုပ်နိုင်မယ့် ပိုသင့်တော်တဲ့သူတွေ ရှိနေပါသေးတယ်”
စကားဆုံးသွားသည်နှင့် သူ့ဘေးနှစ်ဖက်တွင် မီးလျှံနှစ်ခု လောင်ကျွမ်းလာပြီး တံခါးနှစ်ချပ်ပွင့်သည့်ပမာ ပြောင်းလဲသွားသည်။
ဘယ်ဘက်တံခါးထဲမှ အသံတစ်ခုက ထွက်ပေါ်လာသည်။
“ဘာလို့ ခေါ်တာလဲ”
ညာဘက်တံခါးထဲမှ ဆက်တိုက်ဆိုသလို အသံထွက်လာသည်။
“နတ်ဘုရားသုတ်သင်ဓားနဲ့ ပတ်သက်တာလား၊ နတ်ဘုရားအဆုံးသတ်ဓားနဲ့ ပတ်သက်တာလား...”
အနီရောင်ဝတ်ရုံရှင်အဘိုးကြီးက ပြုံးလိုက်ပြီး...
“နတ်ဘုရားသုတ်သင်ဓား”
မီးလျှံများဖြင့်ဖွဲ့စည်းထားသော တံခါးနှစ်ချပ်လုံး အနည်းငယ်တုန်ခါသွားပြီး တညီတညွတ်တည်းအော်ဟစ်လိုက်ကြသည်။
“အကောင်းဆုံးပဲ...”
မီးလျှံတံခါးများ ပျောက်ကွယ်သွားပြီးနောက် အနီရောင်ဝတ်ရုံရှင်အဘိုးကြီးက ချွိစုအား ပြောလိုက်သည်။
“အရင်ဆုံး သွားလိုက်ပါ ၊ ကိစ္စတွေက ခန့်မှန်းထားတဲ့အတိုင်းဖြစ်မလာရင်တော့ အခြေအနေအရ လိုက်လျောညီထွေ ကြည့်ကျက်လုပ်ပါ”
ချွိစုက...
“နားလည်ပါပြီ...”
ထို့နောက် သူက မတ်တတ်ထရပ်လိုက်ပြီး အဖြူရောင်ကြာပန်းပလ္လင်ထက်သို့တက်လိုက်ပြီး ရှေးဟောင်းသစ်ပင်ကြီးထံမှ ထွက်ခွာသွားတော့သည်။
သူက အစိမ်းရောင်တိမ်တိုက်များအလယ် ဖြတ်ကျော်ပျံသန်းပြီး ချန်စန်းရှင်ဟိုင်မှ ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင် ချန်စန်းရှင်းဟိုင်အတွင်းမှ မိစ္ဆာလေပြင်းနှစ်ခုမြင့်တက်လာသည်။
အစပိုင်းတွင် ခပ်ငြိမ်ငြိမ်ဖြစ်သော်လည်း ချန်စန်းရှင်းဟိုင်မှ ထွက်ခွာသွားသည်နှင့် ရက်စက်ကြမ်းတမ်းသော လေပြင်းများအဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
အဖြူရောင်ကြာပန်းနှင့် မိစ္ဆာလေပြင်းနှစ်ခု တွေ့ဆုံသွားသည်နှင့် ချန်စန်းရှင်းဟိုင်စကြာဝဠာအတွင်းမှထွက်ခွာသွားပြီး အဆုံးမဲ့ဗလာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
***
ထျန်းစူးစကြာဝဠာ...။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ ဝါဒတောင်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အဂ္ဂိရတ်ခန်းမဆီသို့ အတူတူလမ်းလျှောက်လာကြသည်။
အဂ္ဂိရတ်ခန်းမတွင် ကျင့်ကြံနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မတ်တတ်ထရပ်လိုက်ပြီး သူ့ဘေးနားတွင် လူးလှိမ့်ရင်း အိမ်ပျော်နေသည့် အနက်နှင့်အဖြူရောင် အမွှေးဖွားဖွားသတ္တဝါတစ်ကောင် ရှိလေသည်။
ကောင်မလေးတစ်ယောက်က ထိုသတ္တဝါ၏အမွှေးဖွားလေးများကို ထိတွေ့ဆော့ကစားပြီး တခစ်ခစ်ရယ်မောလျှက် ရှိသည်။
ထိုမိန်းကလေးက ရှောင်အိုက် ဖြစ်လေသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကိုတွေ့တော့ ရှောင်အိုက်က ချက်ချင်းပင် ပြုံးလျှက်နှုတ်ဆက်လိုက်သည်။
“သခင်လေးနဲ့ သခင်မလေး”
အဖြူရောင်နှင့်အနက်ရောင်အမွှေးလုံးကလည်း လှုပ်ရှာလာကာ ပျင်းကြောတစ်ချက်ဆန့်လိုက်ပြီး မျက်လုံးများပြူးကျယ်လျှက် ပါးစပ်ကိုဖြဲကာ ရန်ကျောက်အား ဝင့်ကြွားစွာ ပြုံးပြလိုက်သည်။
ရန်ကျောက်ကဲက ပန်ပန်၏ ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး ရှောင်အိုက်ကို စကားဆိုလိုက်သည်။
“အမေ့ကို ဒီကိုခေါ်လိုက်ပါ ၊ ဒီနေရာကို သူကိုယ်တိုင်ထိန်းသိမ်းပေးရင် အကောင်းဆုံးပဲ”
ကောင်းကင်ဘုံကမ္ဘာတွင် အစီအရင်ပညာ၌ ရန်ကျောက်ကဲနှင့်ယှဉ်နိုင်သူဆို၍ ရွှယ်ချူးချင်တစ်ယောက်သာလျှင် ရှိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာက နယ်ပယ်အားလုံးတွင် တိုးတက်လာခဲ့ပြီး အစီအရင်ပညာသည်လည်း များစွာတိုးတက်လာခဲ့သည်။
ထို့ကြောင့် ရွှယ်ချူးချင်၏အခန်းကဏ္ဍမှာလည်း အလွန်ကြီးမားလာခဲ့၏။
နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးနောက် အဂ္ဂိရတ်ခန်းမရှိ အစီအရင်ဗဟိုချက်မှတစ်ဆင့် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာနှင့် ထျန်းစူးစကြာဝဠာကို ထိန်းချုပ်ရသည်မှာ သူမအတွက် များစွာပိုမိုလွယ်ကူလာခဲ့သည်။
ယခု ရန်ကျောက်ကဲရော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရော ခရီးထွက်ရမည်ဖြစ်ရာ အဂ္ဂိရတ်ခန်းမ၏ အစီအရင်ကို ရွှယ်ချူးချင်ကိုယ်တိုင် ထိန်းချုပ်ပေးမှသာ ရန်ကျောက်ကဲ စိတ်အေးရမည် ဖြစ်သည်။
ရှောင်အိုက်က တက်ကြွပျော်ရွှင်စွာဖြင့်...
“ဒီအစေခံ သခင်မကို ချက်ချင်းအကြောင်းကြားပေးပါ့မယ်”
လက်ရှိတွင် ရှောင်အိုက်က ထျန်းကျိခန်းမနှင့်ပတ်သက်သည့်ကိစ္စများကို အပြည့်အဝ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်၏။
ထျန်းကျိခန်းမ၏လုပ်ငန်းများက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့အမြစ်တွယ်နေပေပြီ။
ထုတ်လုပ်သမျှရတနာပစ္စည်းတိုင်းက ကျင့်ကြံသူတိုင်း၏စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်ရုံသာမက ကောင်းကင်ဘုံကမ္ဘာများစွာအပေါ် ကြီးမားသောသက်ရောက်မှု ဖြစ်ပေါ်စေခဲ့သည်။
ကောင်းကင်ဘုံကမ္ဘာမှ အင်အားစုများအနေဖြင့် ထျန်းကျိခန်းမတွင် နံပါတ်(၁)အဆင့် အဖွဲ့ဝင်နိုင်ပါက သူတို့အဆင့်အတန်း မည်မျှမြင့်မားကြောင်း ပြသနိုင်သည်။
လက်ရှိတွင် သခင်မလေး’ရှောင်အိုက်’ က ထျန်းကျိခန်းမ၏ ဘဏ္ဍာရေးတာဝန်ခံဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်သည်လည်း အမတကူးပြောင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူမ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည့်တိုင် အပျင်းစိတ်ကတော့ အရိုးထဲထိ စွဲနေပေသည်။ ထို့ပြင် မွေးရာပါ ဖွန်ကြောင်သည့်ဝါသနာကလည်း ဖျောက်ဖျက်မရခဲ့ပေ။
ထို့ပြင် သူမက ရွှယ်ချူးချင်၏လွှမ်းမိုးမှုရှိသဖြင့် အစီအရင်ပညာကို ပိုပြီးစိတ်ဝင်စားသည်။
မည်သို့ပင်ဖြစ်စေ ရှောင်အိုက်က သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အားဟူတို့ထက်နှေးကွေးသော်လည်း ထူးချွန်မှုကတော့ ထင်ရှားနေဆဲပင်။
လွန်ခဲ့သောရက်ပိုင်းအတွင်း ဝါဒတောင်တွင် ကိစ္စတချို့ရှိသဖြင့် သူမက တောင်ပေါ်မှာပင် နေထိုင်ခဲ့သည်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲကိုတိုင် မိခင်ဖြစ်သူရွှယ်ချူးချင်ကို အကူအညီတောင်းနိုင်သော်လည်း ရှောင်အိုက်က ပျော်ရွှင်စွာပင် ကူညီပေးချင်ခဲ့သည်။
ထိုကိစ္စများက အသေးအဖွဲဟုထင်ရသော်လည်း သူမအတွက် အလွန်ပျော်ရွှင်စရာကောင်းလေသည်။
ယခုဆိုလျှင် ရွှယ်ချူးချင်၏ကြိုးစားမှုကြောင့် ထုန်းမင်တောင်ကြားက အတော်လေး တိုးတက်လာခဲ့သည်။ အင်အားကြီးမားခြင်းမရှိသေးသော်လည်း ယခင်ကကဲ့သို့ လူသူကင်းမဲ့သည့်နေရာတစ်ခု မဟုတ်တော့ပေ။
စူးယွင်နှင့် ရှန်ရုန်တို့သည်လည်း သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေကြပေပြီ။
သူတို့၏ သက်ရှိရင်းမြစ်ရုပ်ခန္ဓာက ဝိညာဉ်စွမ်းအားနည်းပါးသောပတ်ဝန်းကျင်တွင် အကျိုးရှိသော်လည်း ဝိညာဉ်စွမ်းအားပေါများသော နေရာများတွင်တော့ သိပ်ပြီးထင်ရှားမှု မရှိပေ။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် ဝိညာဉ်စွမ်းအားများစွာထူထပ်ပြီး ပတ်ဝန်းကျင်လည်း အလွန်ကောင်းမွန်သည်။
သက်ရှိရင်းမြစ်ရုပ်ခန္ဓာ၏ထူးခြားချက်မပါရှိလျှင်တောင်မှ ဤနေရာတွင်ကျင့်ကြံခြင်းက မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ကျင့်ကြံခြင်းထက် များစွာသာလွန်သည်။
ယခုဆိုလျှင် အရည်အချင်းရှိသည့်တိုင် မျောလွင့်ဝိညာဉ်ကမ္ဘာမှကန့်သတ်ချက်များကြောင့် ကျင့်ကြံခြင်းနှေးကွေးနေကြသည့် နှင်းကြိုးကြာဂိုဏ်းမှ အခြားသောတပည့်များသည်လည်း ကျင့်ကြံခြင်းအဆင့်တက်ရန် မျှော်လင့်ချက် ရှိနေပေပြီ။
ဟုတ်ပေ၏။
မျောလွင့်ဝိညာဉ်ကမ္ဘာမှ အခြားသူများကိုလည်း ကောင်းကင်ဘုံကမ္ဘာတွင် ခေါ်ဆောင်ထားသေးသည်။ အရည်အချင်းရှိသူတိုင်း အခွင့်အရေးနှင့်မျှော်လင့်ချက် သေချာပေါက် ပေးအပ်ခံရမည် မဟုတ်ပါလား။
သို့သော် မိစ္ဆာသွေးကျင့်ကြံသူများက သဘာဝအတိုင်းဖြစ်ပေါ်လာသော မျိုးဆက်ဖြစ်သဖြင့် ရန်ကျောက်ကဲက မျောလွင့်ဝိညာဉ်ကမ္ဘာ၏ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲပေးခြင်း မလုပ်ခဲ့ပေ။
သူ၏ပယောဂကြောင့် မိစ္ဆာသွေးကျင့်ကြံသူများပျောက်ကွယ်သွားမည်ကို ရန်ကျောက်ကဲ မလိုလားခဲ့ပေ။
သို့သော် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် အဆင့်မြင့် မှော်ဝင်သားရဲများ ၊ နတ်သားရဲများ အလွန်များပြားသည်ဖြစ်ရာ မျောလွင့်ဝိညာဉ်ကမ္ဘာမှ မိစ္ဆာသွေးကျင့်ကြံသူများ အလွန်ပင် သဘောကျကြသည်။
ထို့ကြောင့် မျောလွင့်ဝိညာဉ်ကမ္ဘာမှ မိစ္ဆာသွေးကျင့်ကြံသူအချို့ ထုန်းမင်တောင်ကြားသို့ ရောက်လာကြသည်ဖြစ်ရာ ထုန်းမင်တောင်ကြားသည်လည်း ပိုမိုအင်အားများလာခဲ့သည်။
လက်ရှိတွင် စူးယွင်က ထုန်းမင်တောင်ကြားကို ထိန်းသိမ်းပေးနေသဖြင့် ရွှယ်ချူးချင်အတွက် သိပ်ပြီးတာဝန်မကြီးလှပေ။
ရှောင်အိုက်ထံမှ သတင်းစကားရသည်နှင့် သူမက ချက်ချင်းပင် ဝါဒတောင်သို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲက မိခင်ဖြစ်သူနှင့်တွေ့ဆုံပြီးနောက် ရွှီဖေးသည်လည်း ဂိုဏ်းတွင်းကိစ္စများကို စီစဉ်ပြီးသွားပြီဖြစ်ရာ သူတို့အားလုံး ထျန်းစူးစကြာဝဠာမှ ထွက်ခွာခဲ့ကြတော့သည်။