← Chapters

ငါတို့တွေ မပတ်သက်တော့ဘူး

Vol. 111 Ch. 1556

ငါတို့တွေ မပတ်သက်တော့ဘူး

Vol. 111 Ch. 1556

ရှေးခေတ်ကာလ၊ နတ်ဘုရားများအပ်နှင်းခြင်းခေတ်တွင် စန့်ချင်အဆက်အနွယ် တည်ထောင်သူ လင်ပေါင်းထျန်းကျွင်းက လူမျိုးပေါင်းစုံ ဂိုဏ်းဂဏမခွဲခြားဘဲ ပညာသင်ပေးခဲ့သဖြင့် ကျင့်ကြံသူပေါင်းသောင်းနှင့်ချီပြီး သူ့ထံ တရားနာယူရန် လာရောက်ခဲ့ကြသည်။

စန့်ချင်အဆက်အနွယ်မှ ထင်ရှားကျော်ကြားသူများဖြစ်သော သောပေါင်ထျန်းကျွင်း ၊ သူတော်စင်မ’ကျင်းလင်’ ၊ ဝူတန့်မယ်တော် အစရှိသည့် နတ်ဘုရား(၇)ပါးက လင်ပေါင်ထျန်းကျွင်း၏ဘေးနားတွင် အမြဲရှိနေခဲ့ကြပြီး သင်ကြားပေးသည်ကိုနာယူကာ လင်ပေါင်ထျန်းကျွင်းကို သူတို့၏ဆရာအဖြစ် အလေးအမြတ်ထားခဲ့ကြသည်။

ထိုနတ်ဘုရား(၇)ပါးလုံးက လောကတစ်ခွင်ကို လွှမ်းမိုးနိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။

အစိမ်းရောင်အမွှေးရှိသော ရှေးဟောင်းခြင်္သေ့မင်းမှ ပြောင်းလဲထားသည့် ခြင်္သေ့နတ်ဘုရားနှင့် အစွယ်(၆)ချောင်းပါရှိသည့် ဆင်ကြီးမှ ပြောင်းလဲထားသော ဆင်နတ်ဘုရားတို့သည်လည်း ထိုနတ်ဘုရား(၇)ပါးတွင် ပါဝင်ကြသည်။

သို့သော် ရှေးခေတ်ကာလတွင်ဖြစ်ပွားခဲ့သော နတ်ဘုရားများစစ်ပွဲတွင် စန့်ချင်အဆက်အနွယ်မှာ အင်အားများစွာဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး ပြိုကွဲသွားကာ တပည့်များလည်း အများအပြား‌ သေကြေပျက်ဆီးခဲ့ရသည်။

ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့က စစ်ပွဲတွင်ပါဝင်ခြင်းမရှိ‌သော်လည်း ယွိချင်အဆက်အနွယ်မှ ဝန်စူးကောင်းကင်ဘုံအရှင်နှင့် ဖူရှန်ကျန်းရန်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက် သူတို့၏မူလပုံစံသို့ အတင်းအကျပ် ပြန်လည်ပြောင်းလဲစေခဲ့ပြီး စီးတော်အဖြစ် အသုံးချခံခဲ့ရသည်။

နောက်ပိုင်း ဝန်စူးကောင်းကင်ဘုံအရှင်နှင့် ဖူရှန်ကျန်းရန်တို့ ဗုဒ္ဓဘာသာထဲဝင်ရောက်ပြီး ဝန်စူးဗောဓိသတ္တနှင့် ဖူရှန်ဗောဓိသတ္တအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဗုဒ္ဓဘာသာတွင်လည်း တာအိုဝါဒကဲ့သို့ ဘွဲ့အမည်ပေးအပ်ခြင်းများ ရှိသည်။

ဥပမာ - ကောင်းကင်နတ်ဘုရားအဆင့်ဆိုလျှင် ဗုဒ္ဓဟုခေါ်ဆိုပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်များကို ဗောဓိသတ္တဟု ခေါ်ဆိုသည်။

ဝန်စူးဗောဓိသတ္တနှင့် ဖူရှန်ဗောဓိသတ္တတို့က မဟာတာအို ဉာဏ်အလင်းရရှိထားသော ထိုက်ရွှီးမူလနတ်ဘုရားများ ဖြစ်ကြသည်။

သူတို့နှစ်ယောက် ဗုဒ္ဓဘာသာထဲဝင်ရောက်သည့်အခါ ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့သည်လည်း သူတို့နှင့်အတူ စီးတော်အဖြစ် ဗုဒ္ဓဘာသာထဲသို့ လိုက်ပါခဲ့ရသည်။

နောက်ပိုင်း လူအများက သူတို့ကို အမွှေးစိမ်းခြင်္သေ့နှင့် ဆင်ဖြူတော်ဟု ခေါ်ဆိုကြသည်။

နောက်ပိုင်းတွင် လောကီလူသားများက သူတို့ကို “စိမ်းလန်းခြင်္သေ့” နှင့် “အဖြူဆင်” ဟု ခေါ်ဆိုခဲ့ကြသည်။

သူတို့က နတ်မိစ္ဆာများဖြစ်စေ ၊ စန့်ချင်အဆက်အနွယ်မှတပည့်များဖြစ်စေ သူတို့၏တန်ခိုးစွမ်းအားနှင့် ခွန်အားကို ယှဉ်ပြိုင်နိုင်သူ မရှိလှပေ။

သို့သော် နတ်ဘုရားများအပ်နှင်းခြင်းခေတ် ပြီးဆုံးသည့်နောက် သူတို့ကိုကြိုဆိုခဲ့သည်မှာ အရှက်ကွဲမှုနှင့် ညှင်းပန်းနှိပ်စက်မှုများသာ ဖြစ်ခဲ့သည်။

ကံမကောင်းသည်မှာ သူတို့အား အချုပ်အနှောင်မှလွတ်မြောက်ရန် မည်သူမှ ကူညီမပေးခဲ့ကြပေ။

သူတို့ကိုဂရုစိုက်သော စန်းချင်း(၃)ပါး ဆရာသခင်များက လောကကို ကျော်လွန်သွားပြီဖြစ်သည်။

ထိုက်ချင်ဆရာသခင်’ထိုက်စန့်လောင်ကျွင်း’ က သက်ရှိထင်ရှားရှိနေသေးသော်လည်း သူတို့ကို တစ်ချက်မှလှည့်မကြည့်ခဲ့ပေ။

အလယ်ခေတ်ပြီးဆုံးမှသာ ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့ လွတ်မြောက်နိုင်ခဲ့ကြသည်။

ထိုစဉ်အချိန်က မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံ၏ အယူဝါဒကို ပြောင်းလဲလိုက်သဖြင့် ဗုဒ္ဓဘာသာအတွင်း ပြင်းထန်သည့်အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

ရလဒ်အနေဖြင့် ဗုဒ္ဓဘာသာကျင့်ကြံသူများစွာက အလယ်ပိုင်းသုခဘုံမှထွက်ခွာကာ အနောက်ဘက်သူတော်စင်ဘုံသို့ ပြောင်းရွှေ့သွားကြသည်။

ထိုသို့ ထူးခြားသည့်ဗုဒ္ဓဘာသာ အလှည့်အပြောင်းကာလတွင် ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့ လွတ်မြောက်ခွင့် ရခဲ့ကြသည်။

လွတ်မြောက်သည်နှင့် သူတို့က တာအိုဝါဒ စန့်ချင်အဆက်အနွယ်တပည့်များအဖြစ်ကိုစွန့်လွှတ်ကာ ချန်စန်းရှင်းဟိုင်သို့ ဝင်ရောက်ပြီး နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များအဖြစ် ခံယူခဲ့ကြသည်။

အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံး စစ်မက်ဖြစ်ပွားသည့်အချိန် နတ်မိစ္ဆာမျိုးနွယ်များက အဖြူရောင်ကြာပန်းသုခဘုံဘက်မှတိုက်ခိုက်ခဲ့ကြပြီး အနောက်ဘက်သူတော်စင်ဘုံက အမတခုံရုံးဘက်မှ တိုက်ခိုက်ပေးခဲ့သည်။

ထိုတိုက်ပွဲတွင် ဆင်နတ်ဘုရားနှင့် ခြင်္သေ့နတ်ဘုရားတို့ ပါဝင်ခဲ့ကြပြီး အနောက်ဘက်သူတော်စင်ဘုံမှ ကျွမ်းကျင်သူများကို တိုက်ခိုက်ခဲ့ကြသည်။

ဝူတန့်မယ်တော်က ပညာသင်ဘက်ဖြစ်သော သူတို့နှစ်ယောက်နှင့် ဆက်သွယ်ခဲ့သေးသည်လားဆိုသည်ကိုတော့ ရန်ကျောက်ကဲ မသိရှီခဲ့ပေ။

သို့သော် ဆက်သွယ်ခဲ့သည်ဆိုလျှင်တောင် လက်ရှိအခြေအနေအရ ရလဒ်ကောင်းများ ထွက်ပေါ်နိုင်မည် မဟုတ်ပေ။

ထို့ပြင် မဟာကပ်ဘေးကြီးကာလ တာအိုဝါဒအန္တရယ်ကျရောက်ချိန် ဤမဟာသူတော်စင်နှစ်ပါးက ဒေါသဖြင့် လက်စားချေခဲ့သလားဆိုသည်ကိုလည်း မသိနိုင်ပေ။

တာအိုဝါဒနှင့် အခြားအင်အားစုများ တိုက်ခိုက်နေချိန် ဤမဟာသူ‌တော်စင်နှစ်ပါးကတော့ ဘက်မလိုက်ဘဲနေမည်ဟု အစပိုင်းတွင် ရန်ကျောက်ကဲ တွေးထင်ခဲ့သည်။

ယခုတော့ အခြေအနေက သူထင်ထားသည်ထက် များစွာ ပိုမိုဆိုးရွားနေဟန် ရှိသည်။

ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထွက်ပေါ်လာသော ချီထျန်းမဟာသူတော်စင်၏ပခုံးထက်တွင် မတ်တတ်ရပ်နေရင်း ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့ကို စူးစိုက်ကြည့်လိုက်သည်။

“ဟုတ်ပြီလေ... ဒီလိုဆိုမှတော့ အတိတ်ကကိစ္စတွေကို ဆက်မပြောတော့ဘူး ၊ စန်းချင်း(၃)ပါး ဆရာသခင်တွေအပေါ် မင်းတို့ ဘယ်လိုမြင်လဲဆိုတာ မင်းတို့လွတ်လပ်ခွင့်ပဲ ၊ ဒါပေမဲ့ မင်းတို့ဘက်က ရပ်တည်ချက်ပြောင်းသွားပြီဆိုတော့ ငါတို့ကလည်း မင်းတို့ကို ငါတို့အဆက်အနွယ်ကလူတွေအဖြစ် ဆက်မသတ်မှတ်နိုင်တော့ဘူး”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

“ဒီတော့ နတ်ဘုရားထောင်ချောက်ဓားနဲ့ နတ်ဘုရားသုတ်သင်ဓားကို မင်းတို့ကို လွှဲပြောင်းမပေးနိုင်တာ ခွင့်လွှတ်ပေးပါ ၊ နောက်ပိုင်း ဘယ်သူမှ အပြစ်တင်မခံရအောင် တိုက်ပွဲနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့”

သူ့စကားဆုံးသွားသည်နှင့် ရွှီဖေးနှင့် ပန်ပန်တို့မှ ထွက်ပေါ်လာသော ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာနှစ်ခုက ကောင်းကင်ထက်သို့ တဟုန်ထိုး ခုန်တက်သွားကြသည်။

ခြင်္သေ့နတ်ဘုရားက ဟိန်းဟောက်ကျုံးဝါးလိုက်ပြီး...

“ကောင်းပြီ...”

ထို့နောက် သူ့လက်ထဲတွင် ဓားရှည်တစ်လက်ထွက်ပေါ်လာပြီး ချက်ချင်းပင် ခုတ်ပိုင်းချလိုက်တော့သည်။

ထိုဓားရှည်မှ ထူးဆန်းကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အလွန်တရာ ရက်စက်ကြမ်းတမ်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။

ထိုဓား၏ဓားဝိညာဉ်က နတ်ဘုရားသုတ်သင်ဓားသိုင်း အငွေ့အသက်များနှင့် တူညီနေသည်။

ရှေးခေတ် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော ခြင်္သေ့နတ်ဘုရားက တာအိုဝါဒကိုမုန်းတီးသဖြင့် စန့်ချင်အဆက်အနွယ်မှ သင်ယူခဲ့သော ဓားသိုင်းကိုစွန့်ပစ်ကာ ကိုယ်ပိုင်ဓားသိုင်းလမ်းစဉ်တစ်ခု ဖန်တီးခဲ့သည်။

ဓားအလင်းတန်းများ မြင့်တက်လှုပ်ရှားလာပြီး ကောင်းကင်ထက်သို့ခုန်တက်လာသည့် မျောက်ဝံကြီးနှစ်ကောင်ကို မျိုချတော့မည့်အလား ခံစားရသည်။

မျောက်ဝံကြီးနှစ်ကောင်၏လက်ထဲမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အချင်းချင်းပေါင်းစည်းသွားကာ ခိုင်မာသော သံမဏိတုတ်နှစ်ခု ထွက်ပေါ်လာသည်။

ရူယိရွှေတုတ်တစ်ချောင်းက ခြင်္သေ့နတ်ဘုရား၏ဓားချက်ကိုပိတ်ဆို့လိုက်ပြီး ကျန်တစ်ချောင်းကတော့ လေထဲတွင်လှည့်ပတ်ကာ ခြင်္သေ့နတ်ဘုရား၏ဦးခေါင်းကို ရိုက်ချလိုက်သည်။

ဆင်နတ်ဘုရားက သူ၏နှာမောင်းကြီးကိုတစ်ချက်လွှဲရမ်းလိုက်ပြီး ‘ဟွန့်’ ကနဲ နှာမှုတ်ကာ မထီမဲ့မြင်ပြုလိုက်သည်။

“ဟာသပဲဟေ့...”

သူက ဆက်ပြောလိုက်သည်။

“တခြားသူတွေ မင်းတို့ကိုကြောက်ရင်တောင် ငါတို့ကတော့ မကြောက်ဘူး”

ပြောပြီးသည်နှင့် သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာသ်ည။ လှံရှည်ထိပ်ဖျားတွင် အဖြူရောင်အခိုးအငွေ့များ လှည့်ပတ်လျှက် ရှိလေသည်။

ထို့နောက် လှံရှည်က ပတ်ဝန်းကျင်အားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါဖြင့် မျောက်ဝံကြီးတစ်ကောင်၏ ဦးခေါင်းကို ထိုးစိုက်ချလိုက်သည်။

ဆင်နတ်ဘုရားက စန့်ချင်အဆက်အနွယ် နတ်ဘုရားသုတ်သင်ဓားသိုင်းကိုအခြေခံပြီး လှံရှည်သိုင်းပညာတစ်ခု တီထွင်ဖန်တီးခဲ့သည်။

ထိုသိုင်းပညာက နတ်ဘုရားသုတ်သင်ဓားသိုင်းလောက် အလှည့်အပြောင်းမများသော်လည်း အဆမတန် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။

ပန်ပန် မှထွက်ပေါ်လာသော ဧရာမမျောက်ဝံကြီးက တည်ငြိမ်စွာပင် လက်ထဲမှ ရွှေတုတ်ကိုမြှောက်လိုက်ပြီး လှံရှည်ကို ခုခံလိုက်သည်။

လှံရှည်၏အရှိန်အဟုန်နှေးကွေးသွားသည်နှင့် မျောက်ဝံကြီးက လေထဲတွင် ခန္ဓာကိုယ်လှည့်ပတ်လိုက်ပြီး ဖန်ဆင်းခြင်းတရားကိုပင် ပျက်ဆီးစေနိုင်သော လှံရှည်ကို ရှောင်တိမ်းလိုက်၏။

တိုက်ပွဲအတွင်းသို့ ဆင်နတ်ဘုရားဝင်ရောက်လာသည်ဖြစ်ရာ ယခုဆိုလျှင် ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့က ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာတစ်ခုစီဖြင့် တိုက်ခိုက်နေကြပြီ ဖြစ်သည်။

သူတို့အတွက် တိုက်ခိုက်ရသည်မှာ ပိုမိုလွယ်ကူသွားလေသည်။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာက မည်မျှစွမ်းအားမြင့်မားပါစေ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာ ရှိသေးသည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များနှင့် ရင်ဆိုင်ရသည့်အခါ သေချာပေါက် အားနည်းချက်အချို့ ရှိနေပေသည်။

ထို့ပြင် ရူယိရွှေတုတ်အစစ် မဟုတ်သဖြင့် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များကို သိပ်ပြီးခြိမ်းခြောက်နိုင်ခြင်း မရှိပေ။

ထိုအချိန်မှာပင်...

လမ်းခြောက်သွယ်ဓားသခင် ချွိစုက တည်ငြိမ်သောမျက်နှာထားဖြင့် သူ၏ဓားကိုဆွဲထုတ်ကာ သံသရာစက်ဝန်းကို ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းပင် ကောင်းချင်းရွှမ်က နတ်ဘုရားထောင်ချောက်ဓားကိုကိုင်ဆောင်ပြီး ချွိစုနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နတ်ဘုရားသတ်ဖြတ်ဓား အသုံးပြုစဉ်ကနှင့် မတူညီပေ။

နတ်ဘုရားထောင်ချောက်ဓားကို ကိုင်ဆောင်ထားသော ကောင်းချင်းရွှမ်အနေဖြင့် ဗလာနယ်ကို လိုသလိုဖြတ်ကျော်သွားလာနိုင်စွမ်းရှိပေသည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် အဆင့်တူညီသည့် ဗုဒ္ဓတစ်ပါးဖြစ်သော ချွိစုကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။

ယခုအချိန်တွင် ချွိစုဘက်တွင် သူ၏ဆရာ ဓားဗုဒ္ဓမရှိတော့သော်လည်း နတ်မိစ္ဆာမျိုးနွယ် မဟာသူတောစင်နှစ်ပါးရှိနေဆဲ ဖြစ်၏။

သူတို့၏ မိစ္ဆာစွမ်းအားများက ဗလာနယ်တစ်ခုလုံးသာမက နတ်မိစ္ဆာနယ်မြေတစ်ခုလုံးကိုပင် လွှမ်းခြုံသွားသည်။

ဤသို့သောအခြေအနေတွင် ချွိစုက ဓားသိုင်းအလှည့်အပြောင်းကိုထုတ်ဖော်လျှက် သံသရာစက်ဝန်း(၆)ခုမှ တိရစ္ဆန်ဘုံကိုအသုံးပြုကာ ကောင်းချင်းရွှမ်၏ဘေးပတ်ပတ်လည်တွင်ရှိနေသော မိစ္ဆာစွမ်းအားများကို ဆွဲယူလိုက်လေသည်။

ချွိစု၏ တိုက်ခိုက်မှုတိုင်းက တစ်ချီထက်တစ်ချီ ပိုမိုလျင်မြန်လာပြီး ကောင်းချင်းရွှမ်ကို ဗလာနယ်ထဲတွင် အရွှေ့အပြောင်းပြုလုပ်ရန် ခက်ခဲလာစေကာ သူမအား တိရိစ္ဆန်ဘုံသို့ တွန်းချပစ်မည့် အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။

သို့သော် ကောင်းချင်းရွှမ်၏ သွေးနီရောင်ဓားအလင်းတန်းများ မြင့်တက်လာသည်နှင့် ထိုဓားအလင်းတန်းများ၏ တည်နေရာကို ချွိစုပင်လျှင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

ဤသည်က နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များကို အမှန်တကယ်ထိခိုက်ရန် ခက်ခဲသည့် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာနှင့် မတူညီပေ။

ချွိစုသာ သတိတစ်ချက်လွတ်သွားသည်နှင့် ကောင်းချင်းရွှမ်၏ နတ်ဘုရားထောင်ချောက်ဓားက တစ်ချက်လေးမှ ကရုဏာထားမည် မဟုတ်ပေ။

သို့ပေသိ ချွိစုက ထိုအချက်ကိုလျစ်လျူရှုထားခဲ့သည်။

သူက ကောင်းချင်းရွှမ်၏အားအင်ကုန်ခမ်းသွားသည်အထိ အချိန်ဆွဲတိုက်ခိုက်ရန် မရည်ရွယ်ပေ။

နတ်ဘုရားထောင်ချောက်ဓားကြောင့် သူ ဒဏ်ရာရသွားသည်ဆိုဦးတော့ ရန်သူကိုသတ်ဖြတ်ပစ်မည်ဆိုသော စိတ်ပိုင်းဖြတ်မှုဖြင့် ဆက်တိုက် ရှေ့ဆက်တိုးကာ တိုက်ခိုက်နေခဲ့သည်။

သို့ရာတွင် ကောင်းချင်းရွှမ်က ဟန်ပြသာဖြစ်သည်။

ရန်ကျောက်ကဲဘေးတွင်ရှိနေသော ချီထျန်းမဟာသူတော်စင်ရွှေခန္ဓာကသာ ချွိစု၏ နောက်ဆုံးပစ်မှတ်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ချွိစုက ဗုဒ္ဓတစ်ပါးဖြစ်လေရာ အလွန်စိတ်တည်ငြိမ်ပြီး ချို့ယွင်းချက် တစုံတရာမရှိဘဲ တိုက်ခိုက်နေနိုင်သည်။

ဆရာဖြစ်သူကို သတ်ဖြတ်ခဲ့သည့်ရန်သူများ မျက်စိရှေ့ရောက်နေသည့်တိုင် သူ့ပုံစံက တည်ငြိမ်နေဆဲပင်။ သို့ပေသိ သူ့စိတ်ထဲမှာတော့ အငြိုးတရားများစုပုံနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်က ငယ်ထိပ်တက်နေပေပြီ။

ရန်ကျောက်ကဲကလည်း စိတ်တည်စွာပင် ရှိနေသည်။

ပတ်ဝန်းကျင်တွင် အခြားရန်သူများမရှိကြောင်း အတည်ပြုပြီးသည်နှင့် သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှထုတ်ဖော်ထားသည့် မျောက်ဝံကြီး၏နားရွက်ထဲသို့ ခုန်ဝင်သွားသည်။

ဧရာမမျောက်ဝံကြီးက ကောင်းကင်ထက်သို့ ခုန်တက်သွားပြီး ရူယိရွှေတုတ်အစစ်ကိုကိုင်ဆောင်ကာ ရန်သူ(၃)ယောက်ကို အညှာအတာမဲ့စွာ ရိုက်နှက်ချလိုက်သည်။

ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားက ကျုံးဝါးသံများပြုလိုက်ကြပြီး သူတို့၏လက်နက်များဖြင့် ရူယိရွှေတုတ်ကို ခုခံလိုက်ကြသည်။

ဆင်နတ်ဘုရားက...

“လာခဲ့စမ်း ကောင်လေး... ငါတို့ မင်းကိုစောင့်နေတာ ကြာလှပြီ”

ထို့နောက် တစ်ယောက်က ကြီးမားသည့်ပါးစပ်ကြီးကို ဖွင့်ဟလိုက်ပြီး နောက်တစ်ယောက်ကတော့ သူ၏ဆင်စွယ်များကို လွှဲရမ်းကာတိုက်ခိုက်လိုက်သည်။

All Chapters