ဓားစွမ်းအင်တောင်အား ဖိနှိပ်ခြင်း
Vol. 8 Ch. 71
ဤနေရာတွင်ရှိနေသော အကြီးအကဲအများစုသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ရှန်းချန်ကောပုံရိပ်များတစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းလာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသူများ ဖြစ်သည်။
အမှန်တိုင်း ပြောရလျှင်...
ဤနေရာသို့ မလာခင်ကတည်းက ကျန်းစန်းကျန့် က အကြိမ်ကြိမ်အရိပ်အမြွက်ပြခဲ့သော်လည်း၊ ဤမြင်ကွင်းကို သူတို့မျက်စိရှေ့တွင် အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ မယုံနိုင်လောက်အောင် ဖြစ်နေဆဲပင်။
ယခုမှာတော့ သူတို့သည် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသော ထိုပုံရိပ်ကို ငေးမောကြည့်နေမိသည်။
တစ်ခဏချင်းတွင် ပတ်ဝန်းကျင်လေထုသည် သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်ဟု ခံစားလိုက်ရသည်။
ရှန်းချန်ကော
သူတို့မျက်လုံးထဲတွင် ရွှံ့နွံကဲ့သို့ နံရံပေါ် ကပ်မရသော၊ ပျင်းရိသည့် အကြီးဆုံးတပည့် ဖြစ်ခဲ့သည်။
သို့သော် ယခုအရေးကြုံချိန်တွင် သူသည် အဖွဲ့၏ ရှေ့ဆုံးသို့ ရောက်ရှိလာခဲ့သည်။
သူ ရှေ့ဆုံးသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် ကောင်းကင်ကိုထိုးဖောက်မည့် အရှိန်အဝါစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ရှိနေသူ အားလုံးအပေါ် ရုတ်တရက် တိုးပွားလာသော ဖိအားကို ခံစားလိုက်ရသည်။
ဒါ...
ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ။
အကြီးအကဲများ၏မျက်နှာထားများ ပြောင်းလဲကုန်ကြသည်။
ထိုအရာမှာ အလွန်ကြောက်မက်ဖွယ်အလွန်ကောင့်းသည့် အရှိန်အဝါပင်။
ထိုအချိန်တွင် ဓားစွမ်းအင်တောင်သည် မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းလာပြီး ကြီးမားသောအစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤနေရာတွင်ရှိနေကြသည့်သူများအားလုံး သိလိုက်ကြသည်မှာ ဓားစွမ်းအင်တောင် ပြန်လည်နိုးထလာခြင်း ဖြစ်ပြီး၊ သမိုင်းတစ်လျှောက် စုဆောင်းထားခဲ့သော ဓားချီများအားလုံး တုန်ခါပွင့်အာလာကာ၊ဤတောင်ပေါ်ရှိ အရာအားလုံးကို သတ်ဖြတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးသားများ တုန်လှုပ်သွားကြသည်။
ဓားချီများရှုပ်ထွေးပွေလီစွာ ရစ်ပတ်နေကြပြီး၊ တောင်ပေါ်တွင် ကြီးမားသော ဓားချီစက်ဝိုင်းအကာအကွယ်ကြီး တစ်ခု ဖြစ်ပေါ်လာလေ၏။
အတွင်းဘက်တွင်တော့ ဓားချီများပေါက်ကွဲနေကြပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှလေသည်။
ဘယ်လိုလုပ်ကြမလဲ
အကြီးအကဲအားလုံး မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။
ရှန်းချန်ကော မည်သို့ပင်ထူးချွန်ပါစေ၊ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တောင်ကို ရင်ဆိုင်ရလျှင်...
သို့သော် သူတို့ ထိုသို့ တွေးလိုက်မိသည်နှင့် တပြိုင်နက်...
စူးရှသော ဓားမြည်ဟိန်းသံကြီး ပေါက်ကွဲထွက်လာခဲ့သည်။
ရှန်းချန်ကော၏ကျောနောက်မှ ဓားသည်ကောင်းကင်သို့ ပျံတက်သွားသည်။
ဖောင်း
အလွန်ကြောက်မက်ဖွယ် ကောင်းပုံရသော ဓားစွမ်းအင်စက်ဝိုင်းအကာအကွယ်ကြီးသည် စက္ကူပါးလေးတစ်ရွက်ကဲ့သို့ တိုက်ရိုက်ဖောက်ထွင်းခံလိုက်ရသည်။
ထို့နောက် ထိုဓားသည် ဓားစွမ်းအင်တောင်ထိပ်သို့ ဦးတည်သွားခဲ့သည်။
ထိုငှက်သဏ္ဌာန် နတ်ဆိုးကြီးသည် ဘဝင်မကျသော အသံကို ပြုလုပ်လိုက်သည်။
ထို့နောက်...
ဘုန်း
ဓားပေါ်မှပျက်သုဉ်းခြင်းချီများ လှိုင်းထသွားခဲ့သည်။
အဖြူရောင်လျှပ်စီးများသည် ဓားသွားပေါ်တွင် စီးဆင်းနေပြီး နှိုင်းယှဉ်၍မရသော ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ ပေါက်ကွဲထွက်လာသည်။
ဓားသည် ဓားစွမ်းအင်တောင်ထိပ်တွင် ရပ်တန့်သွားသည်။
ဘုန်း
လျှပ်စီးများ ဟိုမှသည်သို့ ပြေးလွှားသွားနေကြ၏။
ကမ္ဘာကိုထိန်းချုပ်နိုင်သော ဓားတစ်လက်ကဲ့သို့ပင်၊ ဓားစွမ်းအင်တောင်သည် ရုတ်တရက် ငြိမ်သက်သွားသည်။
ဓားဖြင့် ဓားချီကို ထိန်းချုပ်လိုက်ခြင်းပင်။
ယခုအချိန် ရှန်းချန်ကော၏ဓားပေါ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ဓားထိန်းချုပ်ခြင်းကို ကိုယ်စားပြုသော ယန်ဒြပ်စင်ငါးမျိုး အခြေအနေနှင့်၊ အဆုံးစွန်အဆင့် တိုက်ခိုက်ခုင်းနှင့် လွှမ်းမိုးခြင်းကို ကိုယ်စားပြုသော လျှပ်စီးဒြပ်စင်များ စီးဆင်းနေသည်။
၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး တစ်ခဏချင်းတွင် ဓားစွမ်းအင်တောင်တစ်ခုလုံးရှိ ဓားချီများအားလုံးကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
ဤဓားချီများသည် ကောင်းကင်ဘုံဓားဂိုဏ်း၏ ရှေးဟောင်းပညာရှင်များက သန့်စင်ခဲ့ပြီး ခေတ်အဆက်ဆက် မွမ်းမံခဲ့သော အရာများ ဖြစ်သည်။
သို့သော်...
ကောင်းကင်ဘုံဂိုဏ်း၏ဓားပညာရှင်များ မည်မျှပင် များပြားပါစေ၊ ဓားထိန်းချုပ်ခြင်း မည်မျှပင် ကောင်းမွန်ပါစေ၊ဓားချီကို နားလည်သဘောပေါက်ခဲ့လျှင်ပင် ယန်ဒြပ်စင်ငါးမျိုး အခြေအနေသို့ ရောက်ရှိခဲ့သူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။
ထို့ကြောင့်
တစ်ဖက်သတ် ခြေမှုန်းခြင်းဖြစ်သည်။
ထိုဓားသည် ဓားစွမ်းအင်တောင်ထိပ်တွင် ပေါ်လာရုံမျှဖြင့် ဓားချီများအားလုံး ရုတ်တရက် ငြိမ်သက်သွားပြီး အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည်။
"ယန်ဒြပ်စင်ငါးမျိုး..."
"ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ငါတို့ ကောင်းကင်ဘုံဓားဂိုဏ်းကို တိတ်တဆိတ် ကာကွယ်ပေးခဲ့တာ ချန်ကောပဲ"
အကြီးအကဲအချို့သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
ယခုအချိန်မှာတော့ ထိုပုံရိပ်ကို ငေးမောကြည့်နေကြပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
လွန်ခဲ့သည့် အကြိမ်များက ကောင်းကင်ဘုံဓားဂိုဏ်း အခက်အခဲကြုံတွေ့ရတိုင်း လျှို့ဝှက်ဆန်းကြယ်သောဓားသမားတစ်ဦး ဝင်ရောက်ကူညီပြီးကယ်တင်ခဲ့သည်ကို သူတို့ ပြန်တွေးမိလိုက်ကြသည်။
သူ ဖြစ်နေတာပဲ
ရှန်းချန်ကော
ထိုအချိန်တွင် ရှန်းချန်ကော၏အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့သည်။
သူသည် လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်မျှသာ ရှိသေးသော်လည်း၊ ထိုအစစ်အမှန်နီးပါး ဖြစ်နေသောအရှိန်အဝါသည် သူ့ကျောနောက်တွင် ကြီးမားသော ခရမ်းရောင်ဝဲဂယက်တစ်ခုကို ဖြစ်ပေါ်စေသည်။
အလွန် ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
ယခုအခါ သူသည် ရှေးဟောင်းသင်္ကေတများဖြင့် ထွင်းထုထားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ကျောနောက်မှ ဝဲဂယက်ထဲတွင် ခရမ်းရောင်နန်းတော်ကြီးရှိနေပြီး၊ သူ့ဝတ်ရုံဖြူသည် ဖုန်မှုန့်တစ်စက်မျှ မတင်ဘဲ လေထဲတွင် တဖျပ်ဖျပ် လှုပ်ရှားနေသည်။
"ဒါ ဘယ်လို အရှိန်အဝါမျိုးလဲ"
အကြီးအကဲများ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးကို သူတို့ တစ်ခါမှ မကြုံဖူးပေ။
ကျန်းစန်းကျန့် သည် ယခုမှ စိတ်အေးသွားသည်။
သူကဖိနှိပ်ခံလိုက်ရသော ဓားစွမ်းအင်တောင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
သူ နတ်ဘုရားတစ်ဆူလို ကိုးကွယ်ခဲ့သော ကောင်းကင်ဘုံဓားဂိုဏ်း၏ဓားစွမ်းအင်တောင်နှင့် ရှေးဟောင်းပညာရှင်များကို နောက်ဆုံးတွင် မျိုးဆက်သစ်တပည့်တစ်ဦးက ယန်ဒြပ်စင်ငါးမျိုး၊ နတ်ဘုရားတစ်ပိုင်းအဆင့် ဓားထိန်းချုပ်ခြင်းဖြင့် ဖိနှိပ်လိုက်သည်ကို ဘယ်သူ ထင်ထားမိမှာနည်း။
ထိုအချိန်တွင်...
ထိုငှက်သဏ္ဌာန် နတ်ဆိုးကြီးသည် မငြိမ်မသက်ဖြင့် တောင်ပံခတ်နေသည်။
၎င်းဟာရှန်းချန်ကော၏အရှိန်အဝါကို ခံစားမိပုံရသည်။
ရုတ်တရက် ၎င်းသည် ပျံတက်လာပြီး ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော အဆိပ်ရည်များ ထွက်ပေါ်လာကာ ပျံသန်းနေသော ဓားများကဲ့သို့ ပစ်ခတ်လိုက်သည်။
ရှန်းချန်ကော သက်ပြင်းချလိုက်ရင်း၊ခြေတစ်လှမ်း လှမ်းလိုက်သည်။
လှုပ်ရှားနည်းစနစ်သည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသောအခါ အလွန်ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်စေတတ်သည်။
အလွန်ပေါ့ပါးသော ခြေလှမ်းတစ်လှမ်း ဖြစ်သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ပေါက်ကွဲထွက်လာစေသည်။
ငြိမ်သက်ခြင်းသဘောတရားဖြင့် လှုပ်ရှားမှုမြင်ကွင်းကို ဖော်ဆောင်သည်။
"ငါ ခြေတစ်လှမ်း လှမ်းလိုက်ရင်၊ တောင်တွေ ပင်လယ်တွေ လှုပ်ခတ်သွားမယ်"
သူ၏အရိပ်သည် ဗုံးပေါက်သကဲ့သို့ ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။
ရှန်းချန်ကော၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့်...
ဓားအလင်းတန်းတစ်ခုသည် အမှောင်မြူခိုးများကို စုတ်ဖြဲပစ်လိုက်သည်။
အလွန်တောက်ပလွန်းလှသည်။
ကလန်
စူးရှသော အသံတစ်ခုနှင့်အတူ နာကျင်စွာ အော်ဟစ်သံ ကပ်ပါလာခဲ့သည်။
ထို နတ်တံတားအဆင့် အထွတ်အထိပ်ရှိ မဟာနတ်ဆိုးကြီးသည်။
ရုတ်တရက် ပြိုလဲသွားခဲ့သည်။
သူ၏ကြီးမားသော ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
ရှန်းချန်ကော၏ဓားအလင်းတန်းသည် နဂါးတစ်ကောင် လှုပ်ရှားနေသကဲ့သို့ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရှန်ချန်ကော၏ဓား...
ဤအရာက ရှန်းချန်ကော၏ဓားလော။
ထိုကြောက်မက်ဖွယ် ဓားအလင်းတန်းသည် ဓားလမ်းစဉ်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့သော အကြီးအကဲများကို ဓားလမ်းစဉ်သို့ စတင်ဝင်ရောက်ကာစ ကလေးငယ်များကဲ့သို့ ဖြစ်သွားစေသည်။
ထိုဓားအလင်းတန်းထဲတွင် ပါဝင်သော နက်ရှိုင်းသည့် ဉာဏ်အလင်းများနှင့် ဓားနည်းစနစ်အဆင့်အတန်းသည် သူတို့ကို အလွန်တုန်လှုပ်သွားစေသည်။
မဟာနတ်ဆိုးကြီး သေဆုံးသွားခဲ့ပြီ။
သွေးများ ဓားစွမ်းအင်တောင်ပေါ်သို့ ပက်ဖြန်းပက်သွားသည်။
ဘုန်း
ဓားစွမ်းအင်တောင် ဝန်းကျင်ရှိ အမှောင်မြူခိုးများ စတင် ပျောက်ကွယ်သွားပြီး မတ်စောက်သော တောင်ထိပ်ကို ဖော်ထုတ်ပြသလိုက်သည်။
ကောင်းကင်ဘုံဓားဂိုဏ်း အတွင်း၌...
တပည့်အများအပြားသည် ထိတ်လန့်စွာ မော့ကြည့်လိုက်ကြသည်။
"ဘာဖြစ်သွားတာလဲ"
"အဲဒါ... ဓားစွမ်းအင်တောင်လား။ ဘုရားရေ... ဘယ်သူက ဓားစွမ်းအင်တောင်ကို ဖွင့်လိုက်တာလဲ။ ဓားစွမ်းအင်တောင်ပေါ်မှာ အင်အားကြီးတဲ့ မဟာနတ်ဆိုးကြီး တစ်ကောင် ရှိတယ်လေ။ ဂိုဏ်းထဲမှာ အဲဒီ မဟာနတ်ဆိုးကြီးကို သတ်နိုင်တဲ့ ကျွမ်းကျင်သူ ရှိနေတာလား"
"ငါတို့ ကောင်းကင်ဘုံဓားဂိုဏ်းထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ် ရှိနေသေးတာလား"
လူအများစု မယုံကြည်နိုင် ဖြစ်နေကြသော်လည်း အမှောင်မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောင်၏မူလပုံစံ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
တကယ်ကို ဓားစွမ်းအင်တောင်ပါလား
"စီနီယာအစ်ကိုကြီးက... အရမ်း သန်မာလွန်းတယ်။ နတ်ဘုရားတစ်ပါးလိုပဲ"
ဂိုဏ်းထဲတွင် ကျင့်ကြံနေသော မိုချင်းချန်သည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး သက်ပြင်းရှည်ချလိုက်ကာ စိတ်ထဲရှိ တုန်လှုပ်မှုကို ထုတ်ဖော်လိုက်သည်။
နတ်ဘုရားတစ်ပါးကဲ့သို့ပင်
ဓားစွမ်းအင်တောင် ပွင့်သွားပြီဆိုလျှင် သူတို့ ဓားဂိုဏ်း၏အင်အားသည် နောက်တစ်ဆင့် မြင့်တက်လာတော့မည် ဖြစ်သည်။
"ငါ ကြိုးစားရတော့မယ်"
မိုချင်းချန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ကျိဘ သည်လည်း ပွင့်သွားသော ဓားစွမ်းအင်တောင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"အဖွဲ့အစည်းက လူတွေ မြန်မြန် လာကြပါတော့။ ဒီသတ္တဝါကြီးကို မင်းတို့ မြင်စေချင်လှပြီ။ အနည်းဆုံးတော့ ငါတစ်ယောက်တည်း ကြောက်မနေရတော့ဘူးပေါ့"
...
"ချန်... ချန်ကော"
အကြီးအကဲများသည် ဓားကို ပြန်သိမ်းလိုက်သော ရှန်းချန်ကောကို ကြည့်ရင်း မျက်နှာထားများ ရှုပ်ထွေးနေကာ စကားပြောရာတွင် သတိထားနေကြသည်။
ရှန်းချန်ကောက သူတို့ကို ကြည့်လိုက်ရင်းသက်ပြင်းချလိုက်သည်။
တကယ်ပဲ...
ငါ့ရဲ့စွမ်းအားတွေ ပေါ်သွားပြီပဲ။
ဒါဆိုရင်လည်း... သူတို့ ငါ့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြပါစေတော့။
ထိုအချိန်တွင်...
သူကောင်းကင်ကို မော့ကြည့်လိုက်သည်။
'အမှောင်နတ်ဘုရားကျောက်တိုင် မဟာပျက်သုဉ်းခြင်းကမ္ဘာ...
နောက်တစ်ကြိမ် ပွင့်တော့မယ်'