← Chapters

လွတ်မြောက်ခြင်းအဆင့် ဝဲဂယက်ပုံစံငယ်

Vol. 8 Ch. 72

လွတ်မြောက်ခြင်းအဆင့် ဝဲဂယက်ပုံစံငယ်

Vol. 8 Ch. 72

နက်မှောင်နေသော ဟင်းလင်းပြင်ကြီး တစ်ခုထဲတွင်...

လူတစ်စုသည် ဟင်းလင်းပြင်၏နေရာအသီးသီးတွင် ထိုင်နေကြသည်။

ပုံရိပ်တစ်ခုစီတိုင်းသည် ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေပြီး ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်ထားသကဲ့သို့ ရှိသည်။

သူတို့သည် အမှောင်မြူခိုးများထဲမှ ဧရာမနဂါးကြီးများကဲ့သို့ပင်။

သူတို့၏မျက်လုံးများ တောက်ပလာခဲ့သည်။

အသံနက်ပိုင်ရှင် "ဒီတစ်သုတ်မှာ တကယ့်ကို ထူးခြားတဲ့သူ တစ်ယောက် ပေါ်လာတယ်။ ဓားအလင်းတန်းစွမ်းအား သမိုင်းဝင်စံချိန်ကို ချိုးဖျက်ပြီး အဆင့် (၁၁) ကို တိုက်ရိုက် ရောက်ရှိသွားတယ်။ဆိုလိုတာက ဒီအဆင့်မှာ သူထုတ်လွှတ်နိုင်တဲ့ ဓားအလင်းတန်း စွမ်းအားဟာ ရှေးဟောင်းနတ်ဘုရား ပါရမီရှင်တွေကိုတောင် ကျော်ဖြတ်သွားပြီ။ သူ့အရှေ့မှာ ရှေးဟောင်းနတ်ဘုရားဧကရာဇ် (၁၀) ပါးပဲ ရှိတော့တယ်။ ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မင်းတို့အားလုံး သိကြမှာပါ"

သူ စကားပြောနေစဉ် ဟင်းလင်းပြင်ကြီးလင်းထိန်လာပြီး ရှုပ်ထွေးသော တာအိုလမ်းစဉ် သင်္ကေတများ ထွက်ပေါ်လာသည်။

အသံနက်ပိုင်ရှင် "သူ့ကို သေချာ ပြုစုပျိုးထောင်ပေးရင် အရမ်းအစွမ်းထက်တဲ့သူ ဖြစ်လာလိမ့်မယ်။ ရှေးဟောင်းနတ်ဘုရားချောက်နက်ထဲက ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်တွေကို ခုခံဖို့ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်လာနိုင်တယ်"

အခြားသူများ "လက်ရှိခေတ်မှာ ရှေးဟောင်းနတ်ဘုရားတွေနဲ့ ယှဉ်နိုင်တဲ့ ပါရမီရှင်..."

အဘိုးကြီးများအုပ်စုပုဂ္ဂိုလ်များ တုန်လှုပ်သွားကြသည်။

အမှန်တကယ်ပင် ဤအရာသည် မယုံကြည်နိုင်လောက်အောင်ပင်။

လောကကြီးတွင် အရာအားလုံးသည် ကံတရားအတိုင်း ဖြစ်ပေါ်လာသည်။

ယခုခေတ်တွင် ကံတရားညှိုးနွမ်းနေပြီဖြစ်ရာ မွေးဖွားလာသော ပါရမီရှင်များသည် ရှေးဟောင်းနတ်ဘုရားများခေတ်ကလောက် ထူးချွန်မည် မဟုတ်တော့ဟု ယူဆထားကြသည်။

သို့သော် ယခုအခါ ရှေးဟောင်းနတ်ဘုရားခေတ် တစ်လျှောက်လုံးတွင် အဆင့် (၁၁) ဝင်သော ဓားအလင်းတန်း စွမ်းအားပိုင်ရှင် ပေါ်ထွက်လာခဲ့သည်။

အမှန်ပင်

ဤအရာက ခေတ်တစ်ခေတ်တည်းကို ဆိုလိုခြင်း မဟုတ်ဘဲ၊ရှေးဟောင်းနတ်ဘုရားခေတ် သတ်မှတ်ချက်တစ်လျှောက်လုံးကို ဆိုလိုခြင်း ဖြစ်သည်။

သတ်မှတ်ချက်ထဲတွင် အဆင့် (၁၀၀၀) ဝင်လျှင်ပင် လက်ရှိခေတ်၏ထိပ်တန်း ပါရမီရှင် ဖြစ်နေပြီ။

အဘိုးအိုတစ်ဦး "ဟွန့်.. အဲဒီကောင်လေး ဘယ်မှာရှိလဲဆိုတာ အမြန်ဆုံး စုံစမ်း။ လက်ရှိအချိန်ထိ သူက 'မြူခိုးနေထိုင်သူများ' နဲ့ 'ဝတ်ရုံနက်' အဖွဲ့အစည်း နှစ်ခုစလုံးမှာ မရှိသေးဘူးဆိုတာ သေချာတယ်။ အပြင်ဘက်က ကောင်လေး ဖြစ်နေမလားပဲ..."

အသက်ရှူသံပြင်းပြင်းနှင့် မျက်လုံးစွေနေသော အဘိုးအိုတစ်ဦးက ပြောလိုက်သည်။

တခြားသူများ သက်ပြင်းချလိုက်ကြသည်။

အဘိုးအို"သူ့ကို ရှာတွေ့ရင် ရှေးဟောင်းနတ်ဘုရားချောက်နက်ကို ပို့ဖို့ သူ့ကိုဖမ်းပစ်လိုက်မယ်"

သူက အငြိုးတစ်ခုခု ရှိနေသကဲ့သို့ တတွတ်တွတ် ပြောနေသည်။

နောက်တစ်ယောက် "သူ့ပုံစံကို ပုံဖော်ခြေရာခံ ကြည့်လိုက်ရင် မရဘူးလား"

ထိုစကားကို ကြားသောအခါ အဘိုးအို ပို၍ စိတ်ဆိုးသွားခဲ့သည်။

အဘိုးအို "ဟွန်း... သူက ပုံဖော်တုပခြင်းလျှို့ဝှက်နည်းစနစ်ကို အထွတ်အထိပ်ထိ တတ်မြောက်ထားတာကွ။မင်း ဘယ်လိုလုပ် ပုံဖော်မလဲ။ သူ့ရဲ့ ဓားချက်တစ်ချက်က မင်းနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုမှန်သမျှကို ဖြတ်တောက်လိုက်မှာ..."

နောက်တစ်ယောက် "ခင်ဗျားက ဘာလို့ ဒီလောက် အသေးစိတ် သိနေရတာလဲ"

အဘိုးအို။ "မင်း အပူပါလို့လား"

လူအများ ရယ်မောလိုက်ကြသည်။

ချင်းရွှမ်အဘိုးကြီး ဒီလို အပြောခံနေရတာ ကြာလေပြီ။

"ဒီနေ့ သူ ငါတို့ကို ဘယ်လို အံ့အားသင့်အောင် လုပ်မလဲ ကြည့်ကြတာပေါ့"

ဝေါ...

ရေစီးသံများ ကြားနေရပြီး ကမ္ဘာတစ်ခုလုံး ရေတံခွန် စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။

စည်းမျဉ်းများဖြင့် တည်ဆောက်ထားသော မင်ရည်ကမ္ဘာကြီး တစ်ခုဖြစ်သည်။

ယနေ့

ပါရမီရှင်များ ဆင်းသက်လာကြသည်။

သို့သော် ယခုအခါ သူတို့၏မျက်နှာများသည် တင်းမာနေပြီး ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

သတ်မှတ်ချက်တစ်လျှောက် အဆင့် (၁၁)

သူတို့နှင့် ခေတ်ပြိုင်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

ရှေးယခင်ကတည်းက ပါရမီရှင်များ၏ခေတ်ပြိုင်များသည် အရိုးစုများ ဖြစ်သွားလေ့ရှိသည်။

သူတို့သည် ထိုလူ၏အရိပ်အောက်တွင် နေရမည့် ခံစားချက်ကို လုံးဝ မကြိုက်နှစ်သက်ပေ။

"အဲဒီလူရဲ့ ဓားအလင်းတန်းကို ငါ မမြင်ဖူးဘူး။ တကယ်ပဲ အဲဒီလောက် အံ့သြစရာ ကောင်းလို့လား"

"ငါ လက်မခံနိုင်ဘူး"

လူတစ်ယောက်သည် မကျေမနပ်ဖြင့် ကောင်းကင်သို့ ဓားချက် ထုတ်လွှတ်လိုက်သော်လည်း လှိုင်းဂယက် အနည်းငယ်မျှပင် မထွက်ပေါ်လာပေ။

သူတို့ အသက်ပြင်းပြင်း ရှူလိုက်ကြသည်။

"မလုပ်နဲ့တော့... သတ်မှတ်ချက်တစ်လျှောက် အဆင့် (၁၁) ဆိုတာ၊ ဓားအလင်းတန်းက ကောင်းကင်မှာ အကြာကြီး ကျန်ရစ်ခဲ့တာ။ အမှောင်နတ်ဘုရားကျောက်တိုင် ကိုယ်တိုင်က အကဲဖြတ်ထားတာ။ လုံးဝ မှားစရာ မရှိဘူး"

ပါရမီရှင်များ သက်ပြင်းချလိုက်ကြသည်။

သို့သော် လက်မခံနိုင်သူများ ရှိနေဆဲပင်။

သို့သော် ထိုအချိန်တွင်...

ကောင်းကင်ယံထက်တွင် ဖျက်ဆီးလိုသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

အလင်းတန်းတစ်ခု လက်သွားပြီး ပါရမီရှင်များ အားလုံး ရင်တုန်သွားကြသည်။

ထိုအချိန်တွင်...

ပုံရိပ်တစ်ခုသည် အမှောင်နတ်ဘုရားကျောက်တိုင်၏မဟာပျက်သုဉ်းခြင်းကမ္ဘာထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။

သူသည် လက်နောက်ပစ်ကာ မတ်တပ်ရပ်လျက် တိမ်တိုက်များ၏နက်ရှိုင်းသော နေရာကို ငေးကြည့်နေသည်။

သက်ပြင်းချနေသကဲ့သို့ပင်

ဒီလူ...

အရမ်း သန်မာတဲ့ ပညာရှင်အရှိန်အဝါပဲ။

ရှန်းချန်ကောကို ပထမဆုံး မြင်ဖူးသူများ မျက်လုံး ပြူးသွားကြသည်။

ကြီးမားသော ဖိအားတစ်ခု လှိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။

ယခင်က ရှန်းချန်ကောကို မြင်ဖူးသော ကျန်းဖုန့်ထျန်းကမူ မျက်လုံးများ မှေးစင်းသွားသည်။

ဒီလူ...

အရမ်း ဟန်ထုတ်ချင်တာပဲ...

လက်နောက်ပစ်ထားပြီး လေပြည်အဝှေ့တွင် အဝတ်အစားများ တဖျပ်ဖျပ် လွင့်နေသည်မှာ အလွန် လွတ်လပ်ပေါ့ပါးပုံ ပေါက်နေသည်။

ရှန်းချန်ကော မျက်လုံးများ တောက်ပသွားသည်။

ထို့နောက် ကျန်းဖုန့်ထျန်း၏ ရှေ့သို့ ရောက်လာသည်။

ကျန်းဖုန့်ထျန်း "မင်း... မင်း ဘာလုပ်မလို့လဲ"

ပြီးခဲ့တဲ့ အကြိမ်က အဖြစ်အပျက်ကို သတိရပြီး ကျန်းဖုန့်ထျန်း ရင်တုန်သွားသည်။

ရှန်းချန်ကော"ဒီနေ့ မဟာပျက်သုဉ်းခြင်းကမ္ဘာမှာ ဘာထူးခြားမှု ရှိလဲ"

မနေ့ကတော့ ဒျန်နန်းတော် တည်ဆောက်ခြင်း ဖြစ်သည်။

ကျန်းဖုန့်ထျန်း တွန့်ဆုတ်နေသည်။

သတင်းအချက်အလက်ဆိုသည်မှာ အရင်းအမြစ်များဖြင့် လဲလှယ်ထားရခြင်း ဖြစ်သည်။

ဤနေရာတွင် သတင်းအချက်အလက်သည် အရင်းအမြစ်များထက် ပိုအရေးကြီးသည်။

ဒီလူက ငါ့ကို မေးနေတယ်။

ငါ ဘယ်လိုလုပ် အလွယ်တကူ ပြောပြနိုင်မလဲ။

ကျန်းဖုန့်ထျန်း။"ဒီနေ့ လုပ်ရမှာက နတ်ဘုရားတံတားအဆင့် ကို ဖောက်ထွက်ဖို့ပဲ။ ဒီထဲကို ဝင်လာတဲ့သူတွေက လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်မှာ ရှိနေကြတယ်။ အမှောင်နတ်ဘုရားကျောက်တိုင်က မင်းကို ဆွဲခေါ်ပြီးရင် နယ်ပယ်ကို ဖိသိပ်ပေးလိမ့်မယ်။ အရေအတွက် အပြောင်းအလဲကနေ အရည်အသွေး အပြောင်းအလဲ ဖြစ်လာပြီး 'လွတ်မြောက်ခြင်းအဆင့် ထူးကဲအထွတ်အထိပ်' ကို ရောက်သွားလိမ့်မယ်"

ကျန်းဖုန့်ထျန်းသည် သူ့လည်ပင်းပေါ်သို့ ရောက်လာသော ဓားကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး ရှင်းပြလိုက်သည်။

ရှန်းချန်ကော"ထူးကဲအထွတ်အထိပ်"

ကျန်းဖုန့်ထျန်း "ဟုတ်တယ်။ ထူးကဲအထွတ်အထိပ်... အမှောင်နတ်ဘုရားကျောက်တိုင်က နတ်ဘုရားတံတားအဆင့် မရောက်အောင် တားဆီးထားပြီး လွတ်မြောက်ခြင်းအဆင့်ကို အဆုံးစွန်ထိ ဖိသိပ်ပေးလိုက်ရင် ကြီးမားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက် တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ နတ်ဘုရားတံတားအဆင့် ရောက်သွားတဲ့အခါ အမှောင်နတ်ဘုရားကျောက်တိုင် ရွေးချယ်ခံရသူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက တခြားသူတွေထက် အများကြီး သာလွန်သွားလိမ့်မယ်။ အရည်အသွေး ပြောင်းလဲသွားတဲ့ နတ်ဘုရားတံတားအဆင့် ဝိညာဉ်စွမ်းအင်က ပျက်သုဉ်းခြင်းချီ နဲ့ ပေါင်းစပ်ပြီး ပိုအားကောင်းလာလိမ့်မယ်"

ရှန်းချန်ကော သဘောပေါက်သွားသည်။

ထိုအချိန်တွင်...

ကျန်းဖုန်းထျန့် အနည်းငယ် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ကျန်းဖုန့်ထျန်း "ငါကတော့ ဝဲဂယက် ပုံစံငယ်ကို စုစည်းနိုင်နေပြီ။ မတော်တဆမှု မရှိရင် ဒီတစ်သုတ်မှာ ငါက ထိပ်ဆုံးမှာ ရှိနေဦးမှာပဲ"

ရှန်းချန်ကော"ဝဲဂယက် ပုံစံငယ် ပြစမ်းပါဦး"

ကျန်းဖုန့်ထျန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် သူ ယုံကြည်မှု အပြည့်ရှိသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကျင့်ကြံခြင်း စွမ်းအား ဖြည့်တင်းပေးခြင်း ကို ခံယူခဲ့ရသဖြင့် ဝဲဂယက် ပုံစံငယ်ကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤတစ်သုတ်လုံးတွင် သူ့ဝဲဂယက် ပုံစံငယ်သည် တစ်ခုတည်းသော အရာဖြစ်ကြောင်း သူ အာမခံရဲသည်။

သူ့နောက်ခံ အဖွဲ့အစည်းကသာ ထိုကဲ့သို့သော အထောက်အပံ့မျိုး ပေးနိုင်သောကြောင့် ဖြစ်သည်။

ရှေ့မှ ဝတ်ရုံဖြူလူငယ်သည် မွန်းစတားတစ်ကောင်ကဲ့သို့ ပါရမီကောင်းသော်လည်း၊ ဤကိစ္စတွင် ဝဲဂယက် ပုံစံငယ်ကို စုစည်းနိုင်ရန် မဖြစ်နိုင်ပေ။

မဟာပျက်သုဉ်းခြင်းကမ္ဘာထဲ မဝင်ရောက်ဘဲ ဝဲဂယက်စုစည်းချင်လျှင် နှစ်ပေါင်းများစွာ ကြာအောင် ငြီးငွေ့ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင် စုပ်ယူမှုကို ပြုလုပ်ရမည် ဖြစ်သည်။

ရှန်းချန်ကောက အလွန် ငယ်ရွယ်သေး၏။

လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူသည် ယုံကြည်မှုရှိရှိဖြင့် ရင်ကို ကော့လိုက်သည်။

သူ့ကျောနောက်တွင် ဝိညာဉ်စွမ်းအင်များ လှိုင်းထသွားပြီး သေချာကြည့်လိုက်လျှင် ရေဝဲငယ်လေး တစ်ခုကဲ့သို့ လည်ပတ်နေသည်။

အလွန် ထူးခြားလှသည်။

ဘေးပတ်ဝန်းကျင်မှ လူငယ်များသည် အသက်ပြင်းပြင်း ရှူလိုက်ကြပြီး မျက်လုံးများ ကျုံ့သွားကြသည်။

"တကယ်ပဲ လွတ်မြောက်ခြင်းအဆင့် ဝဲဂယက် ပုံစံငယ် ပါလား"

"ကျန်းဖုန့်ထျန်းဆိုတာ ဒါမျိုးပဲ။ တကယ့်ကို အံ့သြစရာပါပဲ"

ထိုအချိန်တွင် ရှန်းချန်ကောသည် ကျန်းဖုန့်ထျန်း၏ ကျောနောက်မှ ဝဲဂယက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထို့နောက်... သူဟန်ထုတ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

All Chapters