← Chapters

မင်း တောင်ပေါ်ကနေ ဆင်းသင့်ပြီ

Vol. 8 Ch. 75

မင်း တောင်ပေါ်ကနေ ဆင်းသင့်ပြီ

Vol. 8 Ch. 75

"ထိပ်ဆုံး ဆယ်ယောက်..."

ယခုအချိန်တွင် အမှောင်မြူခိုးအပြင်ဘက်ရှိ မွန်းစတားအိုကြီးများသည် တိတ်ဆိတ်ငြိမ်သက် သွားကြသည်။

အမှန်အတိုင်း ပြောရလျှင်...

ဤကောင်လေးသည် ရှေးဟောင်းနတ်ဘုရား ဝင်စားသည်လောဟု သူတို့ အမှန်တကယ် သံသယဝင်နေကြပြီ ဖြစ်သည်။

"သတ်မှတ်ချက်တစ်လျှောက် ထိပ်ဆုံး ၁၀ ယောက်ဆိုတာ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်တွေ ကျဆုံးချိန်က မိုးမြေကို ထောက်ကန်ထားနိုင်ခဲ့တဲ့ တည်ရှိမှုကြီးတွေပဲ။ခန္ဓာကိုယ် သေဆုံးသွားရင်တောင် စိတ်ဝိညာဉ်အာရုံတွေက ကျန်ရစ်နေခဲ့တာ... သူတို့ရဲ့ ငယ်ဘဝဆိုတာ ခေတ်ကာလတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပြီး ဓားကျင့်ကြံသူတွေထဲမှာ အတော်ဆုံး အသန်မာဆုံးတွေပဲ"

လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ...

ရှန်းချန်ကောက သတ်မှတ်ချက်တစ်လျှောက် ထိပ်ဆုံး ၁၀ ယောက်ဝင် ပါရမီရှင်ကို ပေါ်လာအောင် လုပ်နိုင်ခဲ့ပြီ ဆိုကတည်းက သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဆိုတာ ပြသနေခြင်းပင်။

ရလဒ်က အရေးမကြီးတော့ပေ။

ရှေးဟောင်းနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် တကယ်ပေါ်ထွက်လာနိုင်ချေ ရှိနေပြီ။

သတ်မှတ်ချက် ထိပ်ဆုံး ၁၀ ယောက်ဆိုသည်မှာ သတ်မှတ်ချက်တွင် သူတို့၏ဓားစွမ်းအားကို မှတ်တမ်းတင်နိုင်ခဲ့သည့် အထွတ်အထိပ် အခြေအနေကို ကိုယ်စားပြုသည်။

ထိပ်ဆုံး ၁၀ ယောက်ကို စိန်ခေါ်ပြီး နေရာအစားထိုးချင်သည် ဆိုလျှင်...

အမှောင်နတ်ဘုရားကျောက်တိုင်တွင် ထွင်းထုမှတ်တမ်းတင်ထားသော တူညီသည့် အဆင့်ရှိသည့် ရှေးဟောင်းနတ်ဘုရား လူငယ်ပုံရိပ်ကို ဓားချက်ဖြင့် ချေမှုန်းဖျက်ဆီးပစ်ရမည် ဖြစ်သည်။

ဒါက လုံးဝမဖြစ်နိုင်သလောက်ပင်။

ရှေးဟောင်းနတ်ဘုရားခေတ်က ပါရမီရှင် (၁၀) ဦး ဆိုသည်မှာ ခေတ်ကာလတစ်ခု၏ အနှစ်သာရများ၊ အဆုံးမရှိသော ကံကောင်းခြင်းများဖြင့် ပေါင်းစပ်မွေးဖွားလာသူများ ဖြစ်ကြသည်။

ယခုအချိန်တွင်...

အဖြူရောင်ဝတ်စုံနှင့် ထိုပုံရိပ်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သတ်မှတ်ချက် အဆင့် ၁၀ ရှေးဟောင်းနတ်ဘုရား ပါရမီရှင်ကို ဓားဖြင့် တိုက်ခိုက်ရန် ပြင်လိုက်ပြီ ဖြစ်သည်။

ကြီးမားလှသော အမှောင်နတ်ဘုရား ကျောက်တိုင်ကြီးသည် နက်မှောင်နေသော တောင်ကြီးတစ်လုံးသဖွယ် သမိုင်း၏အမြင့်ဆုံးနေရာ၊ အဆုံးမရှိသော ခေတ်အဆက်ဆက်က အထူးချွန်ဆုံး ပါရမီရှင်များ၏အထွတ်အထိပ်ကို ကိုယ်စားပြုနေသည်။

ထိုအရာသည် နတ်ဘုရားတောင်ကြီးတစ်လုံး ဖြစ်ပြီး တောင်ပေါ်ရှိ လူများသည် နတ်ဘုရားများသဖွယ် ခေတ်အဆက်ဆက်က ပါရမီရှင်များ၏ ခေါင်းပေါ်တွင် မာန်မာနကြီးစွာ ရပ်တည်လျက် အရာအားလုံးကို မထီမဲ့မြင် ငုံ့ကြည့်နေကြသည်။

ထိုအချိန်၌...

ရှန်းချန်ကော အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

ဤအခြေအနေ၊ ဤမြင်ကွင်းသည် သူ့စိတ်နှလုံးထဲတွင် ကြီးမားသော ရည်မှန်းချက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ရှေးယခင်ကတည်းက ရှေးဟောင်းနတ်ဘုရားခေတ်သည် ခေတ်ရေစီးကြောင်းထဲတွင် ကြီးမားသော တောင်ကြီးတစ်လုံးပမာ နေရာယူထားခဲ့သည်။

ခေတ်ကာလ အားလုံး၏အမြင်တွင် ထိုခေတ်သည် လမ်းစဉ်တရားများ အထွတ်အထိပ်ရောက်ပြီး သက်ရှိအဆင့်အတန်းများ တောက်ပစွာ ဆင့်ကဲပြောင်းလဲခဲ့သော ခေတ်ဖြစ်သည်။

ကျော်လွန်၍ မရနိုင်၊ မော့ကြည့်ရုံသာ တတ်နိုင်သော ခေတ်ဖြစ်သည်။

သို့သော် ယနေ့တွင်...

သူသည် တောင်ကို ဖြည်းဖြည်းချင်း တက်နေသူ တစ်ဦးကဲ့သို့...

သူ၏ဓားကို တောင်ပေါ်ရှိ နတ်ဘုရားဆီသို့ ချိန်ရွယ်လိုက်ပြီ။

ဝီ

အမှောင်နတ်ဘုရား ကျောက်တိုင်ပေါ်တွင် ရပ်နေသော လူငယ်ပုံရိပ်သည် အံ့မခန်း ထူးကဲလှသည်။

လက်တစ်ဖက် လှုပ်လိုက်ရုံဖြင့် မဟာလမ်းစဉ်နိယာမများ ပါဝင်နေသကဲ့သို့ ရှိပြီး သူ၏ လှုပ်ရှားမှုတိုင်းသည် ခေတ်ကာလ ပြောင်းလဲမှု၏ အနှစ်သာရများ ဖြစ်နေသည်။

သူ၏ဆံပင်တစ်မျှင်ချင်းစီသည် ကြည်လင်တောက်ပနေပြီး သူ့နောက်ကျောတွင် ရွှေရောင်ဝဲကတော့ကြီးက အရာအားလုံးကို ဝါးမြိုတော့မည့် ရွှေရောင်ချောက်နက်ကြီးသဖွယ် ဖြည်းညှင်းစွာ လည်ပတ်နေသည်။

သူ၏ ဓားသည်...

အဆုံးမရှိ ရှည်ထွက်လာပြီး ထိုနေရာတွင် ထောင်ထားရုံမျှဖြင့် အာကာသဟင်းလင်းပြင်ကို ကွဲအက်စေကာ ကောင်းကင်ယံကို တုန်ခါသွားစေသည်။

ရေဆေးပန်းချီကားတစ်ချပ်နှင့် တူသော ကောင်းကင်ကြီးမှာ နှစ်ခြမ်းကွဲသွားသကဲ့သို့ပင်။

"အဲဒီခေတ်ရဲ့ အတောက်ပဆုံး ဓားလမ်းစဉ်..."

"ဓားလမ်းစဉ် ရှေးဟောင်းနတ်ဘုရား..."

"ရှေးဟောင်းနတ်ဘုရားတွေက ဓားလမ်းစဉ်ကို အထွတ်အထိပ်ရောက်အောင် တွန်းပို့ခဲ့ကြတာ... ရှေးဟောင်းနတ်ဘုရားခေတ်က ထိပ်ဆုံး (၁၀) ယောက်ဆိုတာ ဘယ်လိုမှ အနိုင်မယူနိုင်တဲ့ ရှေ့ဆောင်လမ်းပြကြီးတွေပဲ။ အဆင့်ကျော်ပြီး ရန်သူတွေကို အလွယ်တကူ သတ်ဖြတ်နိုင်သူတွေ... ဒီလူက ဘယ်လောက်ပဲ သန်မာပါစေ ရှေးဟောင်းနတ်ဘုရားတွေထက် သာပါ့မလား။ မြစ်ထဲက ငါးလေးက ပင်လယ်ထဲက နဂါးကို စိန်ခေါ်ချင်နေတာပဲ..."

ပါရမီရှင်မြောက်မြားစွာ ကြောက်ရွံ့အားငယ်သွားကြသည်။

အမှောင်နတ်ဘုရား ကျောက်တိုင်ပေါ်ရှိ ထူးကဲသောပုံရိပ်ကို ကြည့်လိုက်ရုံဖြင့် သူတို့၏ ကျင့်ကြံခြင်းနှလုံးသားများ ထိခိုက်သွားသလို ခံစားလိုက်ရသည်။

ပါရမီရှင်အတူတူတွေပဲကို... ဘာလို့ ကွာခြားချက်က ဒီလောက် ကြီးမားနေရတာလဲ။

"သူတို့က နတ်ဘုရားတွေ..." တချို့သော ပါရမီရှင်များမှာ တုန်တုန်ရီရီဖြင့် ပါးစပ်မှ မရပ်မနား ရေရွတ်နေကြသည်။

"နတ်ဘုရား နဲ့ လူသား... သူတို့က နတ်ဘုရား၊ ငါတို့က လူသား... ငါတို့က ခေတ်ပျက်သုဉ်းပြီးနောက် ကျန်ရစ်ခဲ့တဲ့ အစအနတွေပဲ..."

တချို့သော ပါရမီရှင်များမှာ မော့ကြည့်ရင်း ရုတ်တရက် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြင့် အိုစာသွားကြသည်။

မတ်မတ်ထားသော ကျောပြင်များမှာ ကွေးညွတ်ကျကုန်သည်။

"ငါက ပါရမီရှင် လုံးဝ မဟုတ်ခဲ့ဘူးပဲ..."

ငယ်စဉ်ကတည်းက တည်ဆောက်ထားသော ယုံကြည်ချက်များ ပြိုလဲကုန်ပြီ။

ထိုသူ၏မျက်နှာသည် သစ်ခြောက်ကဲ့သို့ ခြောက်ကပ်သွားပြီး ချက်ချင်း အိုမင်းသွားသကဲ့သို့ ဖြစ်နေသည်။

လူတိုင်းသည် ငယ်စဉ်ကတည်းက ပြိုင်ဘက်ကင်းခဲ့ကြသူများ၊ လေးစားခံရသူများ၊ ကြောက်ရွံ့ခံရသူများ ဖြစ်ကြသည်။

ရွယ်တူချင်းများကို အနိုင်ယူကာ စိတ်ဓာတ်ခွန်အား အပြည့်ရှိခဲ့ကြသည်။

ထိုစိတ်ဓာတ်ခွန်အား ရှိနေသမျှ ရှေ့သို့ ဆက်တက်နိုင်ပြီး တိုးတက်မှု မြန်ဆန်ကြသည်။

သို့သော် ယခုအခါ အမှောင်နတ်ဘုရား ကျောက်တိုင်ပေါ်မှ ရှေးဟောင်းနတ်ဘုရား ပါရမီရှင်ကို ကြည့်ရင်း မတိုက်ခိုက်ရသေးခင် ကြောက်ရွံ့စိတ်ဝင်ကာ သူတို့၏စိတ်ဓာတ်ခွန်အားများ ပြိုကွဲကုန်ပြီ ဖြစ်သည်။

"တောင်ပေါ်က နတ်ဘုရား ဟုတ်လား" ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်သည်။

မျက်ခုံးနှစ်ခုကြားတွင် ထူးဆန်းသော မျက်လုံးတစ်လုံး ဖြည်းညှင်းစွာ ပွင့်လာသည်။

ထိုခဏတွင် ဖြည်းဖြည်းချင်း ပွင့်လာသော မျက်လုံးက အာကာသဟင်းလင်းပြင်ကို အရှင်လတ်လတ် စုတ်ဖြဲလိုက်သကဲ့သို့ လှိုင်းဂယက်များ ထသွားသည်။

အနီးဆုံးတွင် ရှိနေသော ကျန်းဖုန့်ထျန်း၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။

ရှန်းချန်ကော၏ခန္ဓာကိုယ်မှ ရှေးကျပြီး အထီးကျန်ဆန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ အထွတ်အထိပ် ခံ့ညားမှုများ ပွင့်အာလာသည်ကို သူ ခံစားလိုက်ရသည်။

ရှန်းချန်ကောသည် ချောက်နက်ကြီးထဲမှ မျက်လုံးဖွင့်ကြည့်လိုက်သော နတ်ဆိုးနဂါးကြီးအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ နတ်ဘုရားကို မော့ကြည့်နေသော်လည်း မျက်လုံးထဲတွင်မူ မထီမဲ့မြင် ငုံ့ကြည့်နေသော အရိပ်အယောင်များ ပါဝင်နေသည်။

ရှန်းချန်ကော၏ကျောဘက်တွင် ခမ်းနားထည်ဝါသော ရှေးဟောင်းနန်းတော်ကြီးတစ်ခု ပေါ်လာပြီး ထိုအထဲတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး ထိုင်နေသည်။

ရှေးဟောင်းအရှိန်အဝါများ လှိမ့်ဝင်လာပြီး အာကာသဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားသည်။

ထိုနတ်ဘုရား၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင်နတ်ဘုရား ကျောက်တိုင်ပေါ်မှ ပါရမီရှင်ပုံရိပ်ယောင်ကို ကြည့်ကာ အေးစက်ခက်ထန်စွာ မထီမဲ့မြင်ပြုလိုက်သကဲ့သို့ ရှိသည်။

ရှန်းချန်ကောသည် ထိုနေရာတွင် နတ်ဘုရားတစ်ပါးအလား မတ်မတ်ရပ်နေသည်။

ပတ်ဝန်းကျင်မှ လှိမ့်ဝင်လာသော အမှောင်မြူခိုး များသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် ပါရမီရှင်များမှာ အတွင်းမှ အခြေအနေကို သေချာမမြင်ရသော်လည်း နှလုံးခုန်သံများမှာမူ ရပ်မတတ် မြန်ဆန်နေကြသည်။

"မင်း တောင်ပေါ်က ဆင်းသင့်ပြီ"

ကျန်းဖုန့်ထျန်းသည် လှိုက်မောသံပါသော အသံတစ်သံကို ကြားလိုက်ရပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

နောက်တစ်ခဏမှာပင်။

ဝုန်း

ရှန်းချန်ကော၏ကျောဘက်မှ သတ်ဖြတ်ခြင်းဓား ဓားအိမ်မှ ထွက်လာခဲ့လေသည်။

ဓားအလင်းရောင် စတင် တောက်ပလာသည်နှင့် အမှောင်မြူခိုး များ ဘေးသို့ ကွဲထွက်သွားသည်။

ကောင်းကင်နှင့် မြေပြင်ကို မျဉ်းတစ်ကြောင်းတည်းဖြင့် ပိုင်းခြားလိုက်သကဲ့သို့ အရာအားလုံး နစ်မြုပ်သွားပြီး ကျောက်တိုင်ကြီး တုန်ခါသွားသည်။

ရှေးဟောင်းဆန်သော အရှိန်အဝါများ ဓားအလင်းတန်းထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး လင်းထိန်သွားသည်။

စူးရှသော အလင်းရောင်ကြောင့် လူအများ၏ အမြင်အာရုံကို အဖြူရောင်အလင်းတန်းများက ဝါးမြိုသွားသကဲ့သို့ပင်။

အာရုံငါးပါးလုံး ရုတ်သိမ်းခံလိုက်ရသလို ခံစားလိုက်ကြရသည်။

ဤအရာက ရှန်းချန်ကော သူ့မျက်လုံးကို အသုံးပြုပြီး ဒီအခြေအနေကို ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားအဆင့် ပါရမီရှင်။

အမှန်အတိုင်း ပြောရလျှင် ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် လက်ရှိ ရှန်းချန်ကော အနေဖြင့် ဝှက်ဖဲအကုန် ထုတ်မသုံးလျှင် ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် မျက်ခုံးကြားမှ မျက်လုံးကို တိုက်ရိုက် ဖွင့်လိုက်ခြင်းဖြစ်ပြီး အာကာသဟင်းလင်းပြင်ကွဲအက်သွားကာ သူ့အခြေအနေမှာ ပြိုင်ဘက်ကင်းစွာ သန်မာလာခဲ့သည်။

သတ်ဖြတ်ခြင်းဓားနည်းစနစ် · မဟာကပ်ဘေး!း

ရှေးခေတ်ကာလက နတ်ဘုရားများသည် ရာသီဥတုကိုဖန်တီးပြီး သက်ရှိများကို ကောင်းကျိုးပေးသလို မြေကြီးပေါ်သို့ ကပ်ဘေးများကိုလည်း ကျရောက်စေခဲ့သည်။

သူတို့သည် အထွတ်အထိပ် ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြပြီး သူတို့၏သက်ရှိအဆင့်အတန်းသည် သာမန်လူသားအဆင့်ကို ကျော်လွန်ကာ တောက်ပစွာ ဆင့်ကဲပြောင်းလဲခဲ့ကြသည်။

သို့သော် ယနေ့တွင်...

ရှန်းချန်ကောသည် ဓားကို ကပ်ဘေးအသွင် ပြောင်းလဲလိုက်ပြီး နတ်ဘုရားကို တောင်ပေါ်မှ ဆင်းလာရန် ဖိတ်ခေါ်လိုက်ပြီ။

သာမန်လူသားခန္ဓာဖြင့် နတ်ဘုရားမျက်လုံးကို ဖွင့်ကာနောက်ဆုံးပေါ်ပေါက်လာသည့် ခေတ်သစ်လူသားပုံစံဖြင့် ရှေးဟောင်းနတ်ဘုရားတောင်ကို တက်လှမ်းလိုက်သည်။

ကြီးမားသော စိတ်ဓာတ်ခွန်အားကြောင့် ရှန်းချန်ကော တစ်ကိုယ်လုံးရှိ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရွှေရောင်ငွေရောင်များဖြင့် တန်ဆာဆင်ထားကာ အမှောင်နတ်ဘုရား ကျောက်တိုင်ပေါ်မှ ရှေးဟောင်းနတ်ဘုရားနှင့်ပင် တူလာတော့သည်။

ဝုန်း

ကပ်ဘေးအသွင်ပြောင်းထားသော ဓားအလင်းတန်းသည် နဂါးတစ်ကောင်လို လှည့်ပတ်သွားသည်။

ကြီးမားသော ဓားအလင်းတန်းကြီး ဝုန်းခနဲ ကျရောက်လာခဲ့၏။

မြင့်မားလှသော အမှောင်နတ်ဘုရား ကျောက်တိုင်ကြီးပေါ်တွင် ရပ်နေသည့် ရှေးဟောင်းနတ်ဘုရား ပါရမီရှင်ပုံရိပ်သည် အသိစိတ်အာရုံ ပုံတူတစ်ခု၊ ဓားအလင်းတန်း မှတ်တမ်းတစ်ခု၊ ခေတ်ကာလမြစ်ကြောင်းထဲမှ လှိုင်းပုတ်သံတစ်ခုမျှသာ ဖြစ်သည့်အတွက် ယခုအချိန်တွင် စက်ရုပ်ဆန်ဆန်ပင် သူ၏အတောက်ပဆုံး ဓားချက်ကို ထုတ်ဖော်လိုက်သည်။

ဝုန်း

မိုးမြေကွဲအက်သွားသည်

ဓားအလင်းတန်းများ ထိပ်တိုက် တွေ့ဆုံကုန်ကြပြီ။

နောက်တစ်ခဏတွင်

လူတိုင်း မြင်လိုက်ရသည်မှာ...

ရှေးဟောင်းနတ်ဘုရား ပါရမီရှင်၏ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး ထိုကြောက်မက်ဖွယ် ဓားအလင်းတန်းကြောင့် အရှင်လတ်လတ် ဖျက်ဆီးခံလိုက်ရသည်။

အမှောင်နတ်ဘုရား ကျောက်တိုင်ကြီး ဝုန်းခနဲ မြည်ဟီးသွားပြီး ပြင်းထန်စွာ တုန်ခါသွားကာ မြေကြီးများပါ တုန်လှုပ်သွားတော့သည်။

ထို့နောက် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ စုစည်း ပေါ်ပေါက်လာသည်... ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်လျက်ဖြင့်

ထိုပုံရိပ်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လူတိုင်းကို ကျောပေးထားသည်။

ကျောပေးထားသော်လည်း မျက်ခုံးကြားမှ နတ်ဘုရားအလင်းတန်းတစ်ခု ဖြာထွက်နေပြီး ရှေးကျကာအထီးကျန်ဆန်သော ကြီးမားသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူသည် အဖြူရောင်ဝတ်စုံနှင့် အညစ်အကြေးကင်းစင်နေပြီး ကျောဘက်တွင် ဓားသုံးလက် ဝဲပျံနေကာ နောက်ဆုံးပေါ်ပေါက်လာသည့်ခေတ်၏ ဓားကျင့်ကြံသူလမ်းစဉ်ကို ကိုယ်စားပြုနေသည်။

အမှောင်နတ်ဘုရား ကျောက်တိုင် ဓားစွမ်းအား သတ်မှတ်ချက် အဆင့် (၁၀)

သာမန်လူသားခန္ဓာဖြင့် နတ်ဘုရားများကို ကျော်လွန်သွားခဲ့လေပြီ။

All Chapters