← Chapters

အဖြူရောင်ဝတ်ရုံလူငယ်

Vol. 8 Ch. 77

အဖြူရောင်ဝတ်ရုံလူငယ်

Vol. 8 Ch. 77

ကျန်းစန်းကျန့်သည် မူလက ရှန်းချန်ကောကို အကာအကွယ်ပေးနေခြင်း ဖြစ်သည်။

သို့သော် ရုတ်တရက် သူ မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဆရာ၊ ဘာဖြစ်လို့လဲ"

မိုချင်းချန်သည် ကျန်းစန်းကျန့်၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိပြုမိပုံရသည်။

တစ်ခဏချင်းတွင် မကောင်းသော ခံစားချက်တစ်ခု ဖြည်းဖြည်းချင်းတက်လာသဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

သို့သော် ကျန်းစန်းကျန့်သည် သူ၏မေးခွန်းကို မဖြေဘဲ "ဒီနေရာမှာ မင်းစီနီယာအစ်ကိုကြီးကို သေချာ စောင့်ကြည့်ထား။ ဘယ်သူ့ကိုမှ အဝင်မခံနဲ့" ဟုသာ ပြောလိုက်သည်။

ထို့နောက် တင်းမာသောမျက်နှာဖြင့် အိမ်ထဲမှ ထွက်သွားသည်။

မိုချင်းချန်သည် ကျန်းစန်းကျန့်၏ကျောပြင်ကို ကြည့်ရင်း မကောင်းသော ခံစားချက်ကိုသာ ခံစားနေရသည်။

ထိုအချိန်တွင်...

ကောင်းကင်သည် မှောင်မိုက်နေသည်။

အနက်ရောင်တိမ်တိုက်များသည် အနက်ရောင်ရေပြင်ပေါ်ရှိ ရေခဲလွှာများကဲ့သို့ ဖြည်းညှင်းစွာ ရွေ့လျားနေပြီး လူများကို မျှော်လင့်ချက်မဲ့စေသည်။

ကျန်းစန်းကျန့် အပြင်သို့ ထွက်လာသောအခါ အမှောင်ထုတွင် ပုံရိပ်အချို့ ဖြတ်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

"သေချင်းဆိုး" ကျန်းစန်းကျန့်၏ မျက်နှာထားသည် အဆုံးစွန်ထိ အုံ့မှိုင်းသွားသည်။

သူ၏ကျောဘက်ရှိ သတ်ဖြတ်ခြင်းဓားသည် ဖြည်းညှင်းစွာ တုန်ခါသွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်က ကောင်းကင်ဘုံဓားဂိုဏ်း ကို ကျူးကျော်နေလေပြီ။

ထို့အပြင် ခွန်အားကလည်း မသေးလှပေ။

ခုနက သူ မြင်လိုက်ရသော ပုံရိပ်သည် လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသည်။

ဤအဆင့်သည် ကောင်းကင်ဘုံဓားဂိုဏ်း၏အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းရည်နှင့် နီးကပ်နေပြီဖြစ်သည်။

ကျန်းစန်းကျန့်၏စိတ်အနည်းငယ် လေးလံသွားသည်။

သူသည် ကောင်းကင်ဘုံဓားဂိုဏ်း၏အလယ်ဖြစ်သော ကောင်းကင်တောင်ထွတ် သို့ ဦးတည်သွားလိုက်သည်။

သို့သော် ထိုအချိန်တွင်

ဟူးလား

ကောင်းကင်‌တောင်ထွတ်ပေါ်မှ ဓားအလင်းတန်းတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာသည်။

ထိုဓားအလင်းတန်းသည် အဆုံးမရှိတောက်ပနေပြီး နတ်တံတားတစ်စင်းသည် ထိန်းချုပ်ကာထွက်ပေါ်လာသည်ကို အဝေးမှနေ၍ မြင်တွေ့နိုင်သည်။

ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်နေသည်။

"ရန်သူ တိုက်ခိုက်ပြီ"

"မကောင်းတော့ဘူး ရန်သူ တိုက်ခိုက်ပြီမြန်မြန် ထကြ"

ကောင်းကင်ဘုံဓားဂိုဏ်း အတွင်းရှိ လူများစွာသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါကို ခံစားလိုက်ရပြီး အိပ်မက်မှ လန့်နိုးလာကာ တုန်လှုပ်သွားကြသည်။

တစ်ခဏချင်းတွင် သူတို့၏ခန္ဓာကိုယ်များသည် ချွေးစေးများဖြင့် ရွှဲနစ်သွားကြသည်။

ကောင်းကင်ဘုံဓားဂိုဏ်း အပြင်ဘက်တွင် ရုတ်တရက် မရေမတွက်နိုင်သော မီးတုတ်များ လင်းလက်လာသည်။

ပတ်ဝန်းကျင်သည် အေးစက်နေဆဲဖြစ်သော်လည်း အမှောင်ထဲရှိ မီးတုတ်အစုအဝေးများသည် လူများ၏စိတ်နှလုံးကို ပိုမို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ကောင်းကင်တောင်ထွတ် ပေါ်တွင်...

ပုံရိပ်တစ်ခုသည် အေးစက်သောမျက်လုံးများဖြင့် ဓားဂိုဏ်းတစ်ခုလုံး၏အမြင့်ဆုံးနေရာတွင် ရပ်နေသည်။

သူ၏မောက်မာသော အကြည့်ဖြင့် ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံးကို မိုးကာကြည့်လိုက်သည်။

"အဲဒါ..."

"နတ်တံတား နတ်တံတားအဆင့် ကျွမ်းကျင်သူပဲ"

လူတိုင်းသည် တုန်လှုပ်သွားကြပြီး ယိမ်းထိုးနေသော နတ်တံတား ကို မြင်လိုက်ကြလေ၏။

ယခုအခါ ၎င်းသည် ထိုပုံရိပ်၏အထက်တွင် တည်ရှိနေသည်။

ထိုပုံရိပ်သည် ဓားတစ်ချောင်းကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး မြေကြီးပေါ်တွင် ထောက်လိုက်သည်။

လက်နှစ်ဖက်ကို ဓားလက်ကိုင်ပေါ်တွင် တင်ထားလေ၏။

သူသည် စကားတစ်ခွန်းမှမပြောဘဲ အေးစက်သောမျက်လုံး၊ခံစားချက်မဲ့‌သော မျက်နှာထားဖြင့် ကောင်းကင်ဘုံဓားဂိုဏ်း ကို စိုက်ကြည့်နေသည်။

သူ၏အရှိန်အဝါသည် တောင်များနှင့် ပင်လယ်များကဲ့သို့ ကြီးမားလှသည်။

"အရင်ဆုံး စုစည်းကြမယ်" ကျန်းစန်းကျန့် စိတ်ထဲတွင် မကောင်းသောအခြေအနေကို သိလိုက်သည်။

ကျူးကျော်သူတွေ အများကြီးပဲ။

ပြီးတော့ တစ်ယောက်ချင်းစီရဲ့ခွန်အားကလည်း သာမန်မဟုတ်ဘူး။

သူ့ခေါင်းထဲတွင် အကြံဉာဏ်များ ရူးသွပ်စွာ ပြေး‌လွှားနေသည်။

လက်ရှိ အခြေအနေတွင် ကောင်းကင်ဘုံဓားဂိုဏ်း ၌ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိမရှိ စဉ်းစားနေသည်။

ရှန်းချန်ကော

ကျိဘ

ကျိဘက ဝင်ကူညီမည်လော မသေချာပေ။

နောက်ဆုံးတွင် သူသည် ရှန်းချန်ကောကို မိတ်ဆက်ရန်သာ လာခြင်းဖြစ်သည်။

ကောင်းကင်ဘုံဓားဂိုဏ်း၏သေခြင်းရှင်ခြင်းသည် သူ့အတွက် အရေးမကြီးပေ။

ထို့ကြောင့် ကျိဘ ဝင်ကူညီမလား ဆိုတာကို ကျန်းစန်းကျန့် မသေချာပေ။

လက်ရှိ အခြေအနေတွင် သူ လောင်းကြေးမထပ်ရဲပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာသည် ကောင်းကင်ဘုံဓားဂိုဏ်း၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည့် အခြေအနေ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ဟူးလားလား

ကောင်းကင်တောင်ထွတ်ပေါ်မှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်လာခဲ့ကြသည်။

တစ်ဦးချင်းစီသည် အေးစက်သောအမူအရာနှင့် အစွမ်းထက်သော အရှိန်အဝါများ ရှိကြသည်။

သူတို့သည် ဓားထောက်ထားသော အမျိုးသား၏ နောက်တွင် ညီညာစွာ ရပ်နေကြသည်။

သူတို့၏အရှိန်အဝါသည် ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးရှိ ဂိုဏ်းသားများ၏မျက်နှာထားများကို ပြင်းထန်စွာ ပြောင်းလဲသွားစေသည်။

"မထင်ထားဘူး၊ငါတို့က ကောင်းကင်ဘုံဓားဂိုဏ်း ရဲ့ ဂိုဏ်းခွဲတစ်ခုပဲဆိုပေမဲ့ နတ်တံတားအဆင့် ကျွမ်းကျင်သူဆယ်ယောက်ရောက်လာလိမ့်မယ်လို့။ ကူးပြောင်းခြင်းအဆင့်ကို ရောက်ခါနီး ပညာရှင် တစ်ယောက်တောင် ပါလာသေးတယ်"

ကျန်းစန်းကျန့် တိတ်တဆိတ် အသက်ပြင်းပြင်း ရှူလိုက်သည်။

သူ၏မျက်နှာပေါ်တွင် တည်ငြိမ်မှုကိုအတင်းထိန်းချုပ်ထားရင်း အေးစက်စွာနှာမှုတ်လိုက်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်း၏အကြီးအကဲများအားလုံးသည် ကျန်းစန်းကျန့်၏ ဘေးတွင် စုရုံးနေကြသည်။

သူတို့၏နောက်တွင် ဂိုဏ်းသားများ ရှိနေသည်။

အကြီးအကဲများသည် ကောင်းကင်တောင်ထွတ် ပေါ်ရှိ များပြားလှသောကျွမ်းကျင်သူများကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့သွားကြသည်။

ကောင်းကင်ဘုံဓားဂိုဏ်း ကျူးကျော်ခံရပြီ။

ဒီလို ကျူးကျော်တဲ့ လူအင်အားစာရင်းက...

"နတ်တံတားအဆင့် အထွတ်အထိပ်၊ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်..." အကြီးအကဲများ တစ်ယောက်စီတိုင်း မျက်နှာများ ဖြူဖျော့ကာ အသံများ တုန်ရီနေကြသည်။

ယခုအချိန်မှာတော့ သူတို့စိတ်ပျက်အားငယ်မှု မဖြစ်ဘဲ မနေနိုင်တော့ပေ။

ရှန်းချန်ကောရော။

ဘာလို့ သူ့အရိပ်အယောင် မမြင်ရသေးတာလဲ။

ထိုအချိန်တွင် ကောင်းကင်တောင်ထွတ်ပေါ်မှ တည်ငြိမ်ပြီးအေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါတို့က နတ်ဓားဂိုဏ်းက လူတွေပဲ"

နတ်ဓားဂိုဏ်း

အမှောင်မြူခိုးမကျရောက်မီ ကောင်းကင်ဘုံဓားနယ်မြေတစ်ခုလုံးတွင် ထိပ်တန်း ဓားဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့်ဂိုဏ်းပင်။

သူတို့ ဖြစ်နေတာလား

"ဒီနေ့ ငါတို့ မင်းတို့ရဲ့ဂိုဏ်းခွဲကို ရောက်လာတာ၊ လူတစ်ယောက်ကို လိုချင်လို့ပဲ"

လူတစ်ယောက်အတွက်

ထိုနေရာရှိ ကောင်းကင်ဘုံဓားဂိုဏ်း သားအားလုံး မျက်နှာများတုန်ယင်သွားကြသည်။

အကြီးအကဲများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ထိုအချိန်တွင် တောင်ပေါ်ရှိ ဓားထောက်ထားသောသူသည် စကားမပြောဘဲ လူတိုင်းကိုအေးစက်စွာ စိုက်ကြည့်နေကာ ကြီးမားသော ဖိအားကို ပေးနေသည်။

သူ၏ဘေးတွင် နတ်တံတားအဆင့် နှောင်းပိုင်း စွမ်းအားရှင်တစ်ဦး ရှိပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ ဒီနေ့ လာတာ လူတစ်ယောက်တည်းအတွက်ပဲ။ လွန်ခဲ့တဲ့ အချိန်က ငါတို့ နတ်ဓားဂိုဏ်းက တပည့်တစ်ယောက် ဒီနေရာကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ဘာသတင်းမှ မကြားရတော့ဘူး။ နောက်ပိုင်း ငါတို့ သူ့ရဲ့ အသက်ကမ္ပည်း ကွဲကြေသွားတာကို တွေ့လိုက်ရတယ်။သူ ဒီနေရာမှာ သေဆုံးသွားခဲ့တယ်"

"ငါတို့ ဒီနေ့ လာတာ အဲဒီတပည့်အတွက်ပဲ"

"အဲဒီတပည့်က ဝတ်ရုံနက်နတ်ဘုရားတမန်တော် တစ်ပါးရဲ့သားအရင်းပဲ"

သူ၏အသံတွင် အေးစက်မှု အနည်းငယ် ပါဝင်နေသည်။

ထိုအချိန်က သူတို့အဖွဲ့လိုက် သေဆုံးခဲ့သော်လည်း သူကတော့ ဝတ်ရုံနက် နတ်ဘုရားတမန်တော်၏ သား သေဆုံးမှုအကြောင်းကိုသာ ပြောခဲ့သည်။

ရည်ရွယ်ချက်မှာ ဖိအားပေးရန် ဖြစ်သည်။

ဓားထောက်ထားသော အမျိုးသားသည် နောက်မှလူကို မျက်ရိပ်ပြလိုက်သည်။

ထိုလူသည် ချက်ချင်း သဘောပေါက်သွားပြီး ရင်ဘတ်ထဲမှ ကျောက်စိမ်းအဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။

ဖြည်းညှင်းစွာ ပွတ်သပ်လိုက်ရာ ကျောက်စိမ်းအဆောင် စတင် လင်းလက်လာသည်။

ဒါက ပုံရိပ်ဖမ်းယူခြင်းအဆောင် ဖြစ်သည်။

တန်ဖိုး အလွန်ကြီးပြီး ပုံရိပ်များကို မှတ်တမ်းတင်ရန် အထူး အသုံးပြုသည်။

သို့သော် ၎င်းသည် တစ်ခါသုံး ပစ္စည်းဖြစ်သည်။

ပုံရိပ်ကို တစ်ကြိမ်မှတ်တမ်းတင်ပြီး ပြန်လည် ထုတ်လွှင့်ပြီးပါက ဤ ကျောက်စိမ်းအဆောင် ကွဲကြေသွားမည်ဖြစ်သည်။

တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

သူတို့၏ရည်ရွယ်ချက်မှာ...

ဝတ်ရုံနက် နတ်ဘုရားတမန်တော်၏သားအား သတ်ခဲ့သောသူကို လူအများရှေ့တွင် ခေါင်းဖြတ်သတ်ပြီး ဤဓားဂိုဏ်းကို ဖျက်ဆီးပစ်မည့် အဖြစ်အပျက်ကို မှတ်တမ်းတင်ရန် ဖြစ်သည်။

သူတို့သည် ထို နတ်ဘုရားတမန်တော်၏ဒေါသကို ငြိမ်းစေရန် အရင်းအမြစ် များစွာ ပေးရဦးမည်။

ထို့နောက် ဤ မှတ်တမ်းတင်ထားသော ပုံရိပ်ကို ပေးအပ်လိုက်မည်။

သူ၏ဒေါသကို အမှန်တကယ် ငြိမ်းစေနိုင်မလား မသိသော်လည်း သူတို့ အကောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။

ထိုအချိန်တွင်...

ကျန်းစန်းကျန့်၏နှလုံးသား အနည်းငယ် လှုပ်ရှားသွားသည်။

ဝတ်ရုံနက် နတ်ဘုရားတမန်တော် ရဲ့သားကို သတ်ခဲ့တယ်။

လွန်ခဲ့သော အချိန်က လေ့ကျင့်ရေးကွင်းတွင် အလောင်းအချို့ကို သူတို့ တွေ့ရှိခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။

ထိုအလောင်းများကို ရှန်းချန်ကောက ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဲဒီလူတွေထဲက တစ်ယောက်က ဝတ်ရုံနက် နတ်ဘုရားတမန်တော်ရဲ့သား ဖြစ်နေတာများလား။

ဝတ်ရုံနက် နတ်ဘုရားတမန်တော် ဆိုသည်မှာ မည်သည့်အရာဆိုတာမသိပေမဲ့ နတ်ဓားဂိုဏ်းကပင် ကြောက်ရွံ့ရသည့်တည်ရှိမှုဆိုလျှင် သေချာပေါက် အလွန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။

ချန်ကောက ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ခုခုကို ရန်စမိလိုက်တာလား။

သို့သော် လက်ရှိအခြေအနေကို ရှန်းချန်ကောကလွဲပြီး ဘယ်သူမှဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး...

ချန်ကော... မြန်မြန် နိုးပါတော့...

"အဲဒီတပည့် ပြန်ပို့လိုက်တဲ့ ဝိညာဉ်ကျောက်စိမ်း သတင်းအရ၊ သူ့ရဲ့ အသက်ကမ္ပည်းမကွဲခင်မှာ မင်းတို့ ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ဂိုဏ်းခွဲမှာအဖြူရောင်ဝတ်ရုံလူငယ် တစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့"

ပေါ့ပါးသောစကားသံတစ်ခွန်းသည် ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဓားထောက်ထားသော သူက စကားပြောလိုက်ခြင်း ဖြစ်သည်။

ကျန်းစန်းကျန့်၏မျက်လုံးများတွင် အလွန်လေးနက်သော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

ထိုအချိန်တွင် ထိုလူ၏နတ်တံတားအဆင့် အထွတ်အထိပ်အရှိန်အဝါသည် ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးကို ဖိနှိပ်ထားသည်။

"သူ့ကို အရှုံးပေးပြီး အပ်လိုက်။"

"ဒါမှမဟုတ်ရင် မင်းတို့ အသေဆိုးနဲ့ သေရလိမ့်မယ်။"

ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးရှိ ဂိုဏ်းသားများတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အဖြူရောင်ဝတ်ရုံလူငယ်

All Chapters