← Chapters

ချင်လင်ထွက်လာပြီ! ၂

Vol. 79 Ch. 1171

ချင်လင်ထွက်လာပြီ! ၂

Vol. 79 Ch. 1171

ကံကောင်းသောခရီးသည်များလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်လာသည်။

ထိုခရီးသည်များထဲမှ ယွမ် ၁၀၀၀၀၀ ဆုရမည်။

ချင်းလင်စံအိမ် Live လွှင့်ခန်းတွင် ပွဲစဉ်တလျှောက်လုံး Live လွှင့်ထားသည်။

Live ကြည့်သူအရေအတွက်က များနေဆဲ။

Live မှတဆင့် ကံကောင်းသောခရီးသည်ကိုပေးမည့်ယွမ် ၁၀၀၀၀၀ ဆုကို ပရိသတ်ကစောင့်မျှော်နေကြသည်။

ပွဲအဓိကအပိုင်းရောက်လာပြီဖြစ်သည်။ ရှောင်ချင်လက်ရာအမဲသားက ယွမ်တစ်သန်းတန်သည်။

ဒီဆုကိုရတဲ့ဘယ်ခရီးသည်မဆို မျက်စိတစ်မှိတ်အတွင်း မီလီယံနာဖြစ်လာမည်။

မကြာမီ ကံကောင်းသူတစ်ဦးထွက်လာသည်။ ကောလိပ်ကျောင်းသားနှင့်တူသောလူငယ်တစ်ယောက်ပင်။ ဗလကောင်း၍ အားကစားလုပ်သောကျောင်းသားဖြစ်မည်။

"ငါပဲ ဟား ဟား.. ငါပဲ.. သူဌေးဖြစ်ပြီ!''

ရှောင်ချင်လက်ရာအမဲသားဆုရသည့်လူငယ်က စိတ်လှုပ်ရှားစွာအော်လိုက်သည်။ သုံးလေးကြိမ်တောင် ခုန်ပေါက်လိုက်၏။

"ဒါဆို ဒီခန့်ချောကိုဂုဏ်ပြုကြတာပေါ့... မင်းနာမည်ဘယ်လိုခေါ်လဲ?''

လင်းလန်ဇီကပြုံးပြီးပြောသည်။

"ဟူသုန့်... ဟူသုန့်ပါ!''

လူငယ်က စိတ်လှုပ်ရှားနေသည်။

"ဟုတ်ပါပြီ... မစ္စတာဟူသုန့်''

လင်းလန်ဇီက_

"ရှင်အခု ရွေးချယ်စရာနှစ်ခုရှိတယ်... တစ်ခုက ရှောင်ချင်ရဲ့အမဲသားကိုစားမယ်... နောက်တစ်ခုက မစ္စတာ Lasda က ဒီအမဲသားကို ယွမ်တစ်သန်းနဲ့ဝယ်ချင်တယ်''

"ယွမ်တစ်သန်းယူမယ်''

ဟူသုန့်က တန်းဖြေလိုက်သည်။

ဘယ်လိုဟာသလဲ? အဖြေအများကြီးရှိတဲ့မေးခွန်းမလို့လား? ဒါပဲရွေးရမှာ။

ဘွဲ့ရပြီးယွမ်တစ်သန်းရဖို့ သူဘယ်လောက်ကြာသွားလဲ?

အမဲသားအတွက်နဲ့ ယွမ်တစ်သန်းကိုစွန့်ရမလား? သူသာသူဌေးသားပေါက်စမဟုတ်ရင် ရူးနေလို့ပဲ။

Lasda လည်း ဟူသုန့်နားရောက်လာပြီး_

"ဟယ်လို.. ကျွန်တော်က Lasda ပါ... ဒီမှာ စာချုပ်ယူလာပါတယ်... လက်မှတ်ထိုးပြီးရင် မင်းရဲ့အကောင့်ထဲယွမ်တစ်သန်းလွှဲပေးပါမယ်... ရှောင်ချင်ရဲ့အမဲသားက ကျွန်တော့်အပိုင်ဖြစ်သွားပါမယ်''

ဟူသုန့်က တုံ့ဆိုင်းမနေ။ ဘာမှမပြောဘဲစာချုပ်ယူပြီး လက်မှတ်ထိုးလိုက်သည်။ သူလက်ခံမည့်ဘဏ်အကောင့်နံပါတ်ပါ တခါတည်းဖြည့်ပေးလိုက်၏။

Lasda က စာချုပ်ပြန်ယူပြီး သူ့လက်မှတ်ထိုးလိုက်သည်။ စာချုပ်နှစ်စောင်ရှိပြီး တစ်ယောက်တစ်စောင်သိမ်းထားရမည်။ လက်မှတ်ထိုးပြီးသည်နှင့် စာချုပ်အသက်ဝင်ပြီဖြစ်သည်။

မင်မြို့တော်စာချုပ်စာတမ်းရုံးကိုလည်း လျိုယီအားဖုန်းဆက်ခိုင်းသည်။

Lasda က နိုင်ငံခြားသားဖြစ်၍လုပ်ပိုင်ခွင့်မရှိသောကြောင့် မင်မြို့တော်စာချုပ်စာတမ်းရုံးနှင့်ဆက်သွယ်သူက လျိုယီဖြစ်သည်။

လျိုယီဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် စာချုပ်ရုံးမှယွမ်တစ်သန်းကို ဟူသုန့်အကောင့်ထဲတန်းလွှဲပေးမည်။

မကြာမီ ဟူသုန့်ကဖုန်းထုတ်ပြီး ကင်မရာရှေ့ပြသည်။

သူ့အကောင့်ထဲယွမ်တစ်သန်းရောက်နေပြီ။

ပုံမှန်ယွမ်တစ်သန်းလွှဲရင် ဒီလောက်မမြန်။ သို့သော် စာချုပ်စာတမ်းနှင့်အကောင့်လိုအထူးအကောင့်များမှာ ဒီလိုသတ်မှတ်ချက်မျိုးမရှိ။ ဘဏ်တွင်ကြိုစာရင်းသွင်းရသည်။

လုပ်ငန်းတူချင်းလွှဲရင် ပိုမြန်သည်။

မတူရင် အချိန်ယူရသည်။

ထိုကိစ္စကို Feida တို့အကဲဖြတ်သူများလည်း စိတ်ဝင်စားနေကြသည်။

Haiga တို့ဂျပန်အကဲဖြတ်သူများတောင် Live ဖန်သားပြင်ကြည့်ပြီး အထဲကမြင်ကွင်းကိုစိတ်ဝင်စားနေသည်။

"အဲဒါ Lasda မလား?''

Feida က အံ့ဩသံနှင့် တခြားအကဲဖြတ်သူကိုမေးသည်။

Lasda အကြောင်း သူသေချာသိသည်။

ဘာပဲဖြစ်ဖြစ် Lasda က ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးဖြစ်သည်။

မနှစ်က အနောက်တိုင်းမှကြယ်သုံးပွင့်မီချီလင်စားဖိုမှူး ၁၀ ဦးကိုစိန်ခေါ်ခဲ့သည်။ တစ်ယောက်မှ Lasda ကိုမနိုင်ကြ။

Lasda က အနောက်တိုင်းမှာ အတော်ဆုံးစားဖိုမှူးဖြစ်သည်။

သူတို့လိုအကဲဖြတ်သူတွေတောင် Lasda လက်ရာကိုစားချင်သည်။

သို့ရာတွင် ဆက်တိုက်စိန်ခေါ်ပွဲများအပြီး စားဖိုမှူး Lasda အကြောင်းမကြားရတော့ချေ။ သူဘယ်ရောက်နေလဲ အနောက်တိုင်းကဘယ်သူမှမသိကြ။

"သူပဲထင်တယ်''

နောက်တစ်ယောက်က တအံ့တဩပြောသည်။

"ဒီလူ ဒီရောက်နေမယ်မထင်မိဘူး''

နောက်တစ်ယောက်ကလည်း အံ့ဩသံနှင့်_

"သူက ဒီအမဲသားကိုယွမ်တစ်သန်းနဲ့ဝယ်ချင်တာလား?''

Feida တို့အကဲဖြတ်သူများ အံ့အားသင့်သွားကြသည်။

ဘယ်လိုစားဖိုမှူးရဲ့အမဲသားမလို့ Lasda က ဒီလိုလုပ်ရတာလဲ?

နောက်ပြီး ဒီယွမ်တစ်သန်းက ပွဲကုန်ကျစရိတ်နှင့်ညီမျှသည်။

ချင်းလင်အမဲသားကိုအလကားဖြည့်ဆည်းပေးထားသောကြောင့်ပင်။

ဒါပေမဲ့ ဘယ်လိုစားဖိုမှူးမျိုးမလို့ ဒီလောက်တန်ဖိုးကြီးပေးရတာလဲ?

အသေကောင်လိုငြိမ်နေသော Haiga တောင် စပ်စုချင်လာသည်။

သူတို့ကအကဲဖြတ်သူများဖြစ်၍ အခြေအနေကိုစူးစမ်းရတာမခက်ခဲ။

ထိုအချိန် Live ဖန်သားပြင်တွင် စားဖိုမှူးဝတ်စုံဝတ်ထားသောလူငယ်တစ်ဦးပေါ်လာသည်။

ထိုလူငယ်ပေါ်လာသည်နှင့် ပွဲထဲမှစားဖိုမှူးများ၊ခရီးသည်များ ကြွက်ကြွက်ညံသွားသည်။

ချင်လင်ပင်။

ချင်လင်က အဖြူရောင်စားဖိုမှူးဝတ်စုံကိုပုံစံတကျဝတ်စားလာသည်။

Lasda က ချင်လင်ကိုမြင်ပြီး ချက်ချင်းသွားနှုတ်ဆက်သည်_

"လူကြီးမင်း''

ချင်လင်က အမဲသားချက်မည့်သူမှန်း အကဲဖြတ်သူများလည်းသိသည်။

Haiga က ချင်လင်ကိုမြင်ပြီး မယုံနိုင်ပုံနှင့်_

"ဘာလို့သူလဲ?''

"မစ္စတာ Haiga.. ဒီစားဖိုမှူးကိုသိလို့လား?''

Feida က စူးစမ်းမေးသည်။

"သူက စားဖိုမှူးမဟုတ်ဘူး''

Haiga က လောလောနှင့်_

"သွေးခဲပလိပ်ရောဂါဆေးဖော်တဲ့သူပဲ''

"ဘယ်လို?''

Feida ကြောင်သွားသည်။

သွေးခဲပလိပ်ရောဂါမပြီးသေးသောကြောင့် လူတိုင်းသိကြသည်။ အရှေ့တိုင်းကဆေးထုတ်နိုင်မှန်းလည်းသိသည်။

နောက်ပြီး ထိုဆေးက သွေးခဲပလိပ်ရောဂါတင်မဟုတ်၊ တိရစ္ဆာန်ပလိပ်ရောဂါအမျိုးမျိုးကိုလည်းကုနိုင်သည်။

ဒီဘက်ခေတ်မှာမဖြစ်နိုင်သော ၉၆ ပါးရောဂါပျောက်ဆေးလိုဖြစ်နေသည်။

အခု အဲဒီဆေးကို ဒီစားဖိုမှူးဝတ်စုံနဲ့လူငယ်ကထုတ်တာလို့ Haiga ပြောနေတာလား?

သူနောက်နေတာမဟုတ်ရင် လန့်စရာတောင်ကောင်းသည်။

All Chapters