Chapters

ချင်လင်ထွက်လာပြီ! ၃

Vol. 79 Ch. 1172

ချင်လင်ထွက်လာပြီ! ၃

Vol. 79 Ch. 1172

ဒီစားဖိုမှူးက သိပ္ပံပညာရှင်လား?

ချင်လင်ထွက်လာသောကြောင့် အားလုံးစိတ်ဝင်စားပြီး Live ခန်းမှာပွက်လောရိုက်သွားသည်။

သွေးခဲပလိပ်ရောဂါဆေးထုတ်ပြီး သူ့နာမည်နှင့်ဂုဏ်က အမြင့်ဆုံးရောက်နေသည်။

ချင်လင်လည်း စားဖိုမှူးကောင်တာလျှောက်လာပြီး သူ့လက်ထဲမှအိတ်ချလိုက်သည်။ အိတ်ထဲတွင် အထူးအမဲသားချက်နည်းအတွက်လိုအပ်သောပါဝင်ပစ္စည်းများပါသည်။

အခု ဒီစားသောက်ပွဲက သူ့တကိုယ်တော်ရှိုးပွဲဖြစ်သည်။

သူ့အတွက်ပြင်ဆင်ထားသော အရည်အသွေး ၂ အမဲသားကိုလည်းယူပြီး စဉ်းတီတုံးပေါ်တင်လိုက်သည်။

နောက်ခဏတွင် သူ့လက်ကိုဆန့်ကာ လက်နှစ်ချောင်းနှင့် ဓားလက်ကိုင်ကိုကိုင်လိုက်သည်။ မီးဖိုချောင်သုံးဓားက သူ့လက်ထဲရောက်လာပြီး ချာချာလည်သွား၏။

ဒီအချက်နှင့်တင် ပတ်ပတ်လည်မှစားဖိုမှူးများ၊ Feida အပါအဝင်အကဲဖြတ်သူများအားလုံး အံ့အားသင့်သွားသည်။

သာမန်စားဖိုမှူးက ဒီလိုမလုပ်နိုင်။

ချင်လင်က သူ့လက်ထဲမှအရည်အသွေး ၂ အမဲသားကိုစကိုင်သည်။

ဒီနေ့ အမဲသားတစ်အိုးချက်မည်။

အိုးနှင့်အမဲသားနှပ်ရန် အရင်ဆုံးအသားလှီးရမည်။ သို့ရာတွင် ဒီလိုလုပ်ရန် အမဲသားကိုအသင့်အတင့်လှီးပြီး ညီညီညာညာဖြန့်ထားရမည်။

သူ့အတွက်တော့ ပြဿနာမရှိ။

အထူးအမဲသားလက်ရာရပြီး အမဲသားလှီးနည်းက သူ့ကြွက်သားမှတ်ဉာဏ်ထဲစွဲနေသည်။

ထို့ကြောင့် သူ့လက်ထဲမှမီးဖိုချောင်သုံးဓားနှင့် နောက်တစ်ကျော့ခုတ်သောအခါ ဓားအရိပ်သာမြင်ရပြီး အမဲသားကိုစင်းပြီးသားဖြစ်သွားသည်။ အရှိန်ကမြန်လွန်း၍ Feida အပါအဝင်တခြားအကဲဖြတ်သူများပါမှင်တက်သွားသည်။

ယွီရှင်း: "မြန်လိုက်တဲ့ဓား!''

Feida: ''ဟုတ်ပါ့... ဓားအရိပ်တောင်ဖြစ်သွားတယ်''

ရှဲ့မျိုးရိုးဆယ်လီ: "ဒီနည်းက အံ့ဩစရာကောင်းလိုက်တာ!''

Live ကြည့်နေသူများတောင် မယုံနိုင်။ ဗီဒီယိုထဲမှာ ဓားသွားကဝါးနေကြောင်း သူတို့တွေ့ရသည်။

Live သာ မဟုတ်ရင် တည်းဖြတ်ထားသလားဟု သံသယဝင်နေရမည်။

အတုအယောင်တွေကများသည်။

သို့ရာတွင် သူတို့ရှေ့မှာဖြစ်နေသည်က အမှန်ပင်။

ထိုအရှိန်ကြောင့် ဓားကအမဲသားကိုခုတ်မိရဲ့လား၊ ထိရောက်ရဲ့လားဟုသိချင်နေကြသည်။

ထိုသံသယ မကြာလိုက်။ ဘေးကအိုးမှာဆူပွက်နေပြီဖြစ်သောကြောင့် ချင်လင်ကခုတ်ထားသောအမဲသားကိုအိုးထဲပစ်ထည့်လိုက်သည်ကို အားလုံးမြင်ရသည်။

အမဲသားကရေထဲရောက်ပြီး ထင်မထားသောပုံစံနှင့် ညီညီညာညာအသားတုံးများပြန့်သွားသည်။

စက်နှင့်ဖြတ်ထားသလိုပင်။

ထို့ကြောင့် အာမေဋိတ်သံများပိုထွက်လာသည်။ Live ထဲတွင် တခဏအတွင်း ကျည်ဆန်လိုအမြန်နှုန်းနှင့်မှတ်ချက်များ ဒီရေလိုတက်လာသည်။

"ဘာမြင်လိုက်ရတာလဲ? ဓားကိုင်တဲ့အစွမ်းက မယုံနိုင်စရာပဲ''

"ဒီလိုအရှိန်နဲ့ အမဲသားကိုဘယ်လိုများတိတိပပလှီးလိုက်တာလဲ?''

"မနက်ဖြန် ဒီဗီဒီယိုတင်ရင် အတုလို့ပြောကြလိမ့်မယ်... အထူးပြင်ဆင်ချက်တွေပေါ့!''

“……”

အမဲသားက ရေထဲသိပ်မကြာ၊ ချင်လင်က ဇွန်းခွက်နှင့်အမဲသားအားလုံးခပ်ပြီး ဆီနှင့်အိုးထဲပစ်ထည့်လိုက်သည်။

ထို့နောက် အစဉ်အတိုင်း ရေထည့်၊ လျှို့ဝှက်ပါဝင်ပစ္စည်းများတစ်ခုချင်းထည့်သည်။ အားလုံးပြီးနောက် အဖုံးပိတ်ပြီးဆူပွက်စေသည်။

ချင်လင်လည်း ဖုန်းထုတ်ပြီးအချိန်ကြည့်ကာမှတ်ထားလိုက်သည်။

ထိုအချိန်တွင် လူတိုင်းအာရုံက အိုးပေါ်ရောက်နေသည်။

အကဲဖြတ်သူများရော၊ စားဖိုမှူးများရော၊ Live ပရိသတ်များပါ...

အဖုံးဖွင့်လိုက်ရင် အမဲသားရပြီမှန်းလူတိုင်းသိသည်။

အချိန်တစ်ခုကြာပြီးနောက် ချင်လင်ဖုန်းမြည်လာသည်။ သူကချက်ချင်းလက်ဆန့်ပြီး မျှော်လင့်ချက်နှင့်အိုးအဖုံးကိုင်လိုက်သည်။

သူအရောင်ထွက်အောင်လုပ်နိုင်၊မလုပ်နိုင်က ဒီအခိုက်အတန့်ပေါ်မူတည်နေသည်။

နောက်ဆုံး ချင်လင်က အဖုံးကိုနည်းနည်းဟလိုက်သည်။ ထိုအချိန်တွင် အိုးထဲမှအလင်းရောင်ထွက်လာ၍ ချင်လင်မျက်စိကျိန်းသွားသည်။

ရုတ်တရက် သူကဖွင့်ချလိုက်၏။

နောက်ခဏတွင် အားလုံးအကြည့်က အိုးမှမခွာနိုင်အောင်ဖြစ်သွားကြသည်။

အားလုံးမှာ မယုံနိုင်သောအကြည့်နှင့်။

ထို့နောက် အာမေဋိတ်သံများထွက်လာသည်။

"ပြေးပြီ!''

"သော*က်!''

"သော*က်ရမ်း!''

"ဘုရားရေ!''

“ဘာလဲဟ?”

“အိုးမိုင်ဂေါ့!”

“……”