အချက်အပြုတ်နတ်ဘုရားလား?
Vol. 79 Ch. 1173
ရှောင်ချင်ချက်နေသောအခါ ရှောရှောရှူရှူ၊ကျွမ်းကျွမ်းကျင်ကျင်ရှိသောကြောင့် အားလုံးအံ့ဩရသည်။
အထူးသဖြင့် ဓားကိုင်ပုံက မြင်ရခဲသည်။
ထိုအမြန်နှုန်းက effect ထည့်ထားသလိုပင်။
သို့ရာတွင် ရှောင်ချင်အိုးအဖုံးဖွင့်လိုက်သောအခါ Live ကြည့်နေသောပရိသတ် ၁၀ သန်းကျော် မျက်လုံးပြူးသွားသည်။
ဓားကိုင်တာက effect ဆို ဒါကဘာလဲ?
အိုးထဲမှအငွေ့ထွက်လာသည်နှင့် အလင်းတန်းပါထွက်လာသည်။ အိုးထဲမှအစားအစာကို အလင်းရောင်များဖုံးလွှမ်းနေ၏။
ဘယ်လိုဟာသလဲ?
"သော*က်... ရှောင်ချင်က အိုးထဲ effect တွေထည့်ထားတာလား?''
"ဒီလိုဖြစ်မယ်မထင်မိဘူး... effect လို့တော့မထင်ဘူး''
"အထက်ကလူ.. ဒါ effect မဟုတ်တာသေချာလား?''
"ရှောင်ချင်က တရုတ်သူဌေးလေးများလား?''
“……”
Live ပရိသတ်များ ရူးချင်သွားသည်။ အရင်က ဒါမျိုးမမြင်ဖူး။
အပင်ကအရောင်ထွက်တယ်လို့ လိုင်းပေါ်မှာကြားဖူးပေမဲ့ အစားအစာကအရောင်ထွက်တာ ဘယ်သူမြင်ဖူးလဲ?
စနောက်ရုံသက်သက်ပဲဖြစ်မည်။
ဒီနေ့မြင်လိုက်ရတာ ဘာလဲ? အဖုံးဖွင့်လိုက်တော့ ရှောင်ချင်ရဲ့အစားအစာက တကယ်အရောင်ထွက်လာတာ!
Live ပရိသတ်တင်မဟုတ်။
စားဖိုမှူးများ၊ ပရိသတ်များ၊ အကဲဖြတ်သူများ အားလုံးလန့်သွားသည်။
ယွီရှင်းမှာ ဘယ်လိုခံစားချက်မျိုးဖြစ်သွားသည်မသိ၊ ပါးစပ်ကိုလက်နှင့်သာအုပ်ထားရသည်။
ရှဲ့မျိုးရိုးဆယ်လီလည်း အတူတူပင်။
သူ့မျက်စိနှင့်ကိုယ်တိုင်မမြင်ရရင် အိပ်မက်ဟုသာထင်မည်။
Feida တို့အကဲဖြတ်သူများက မျက်လုံးတောင်ပွတ်ကြည့်ကြသည်။
"စောစောကမြင်လိုက်တာ အိုးထဲကအလင်းရောင်လား?''
"ငါအမြင်မှားတာလား?''
"မမှားဘူး... ငါလည်းမြင်တယ်!''
"မျက်လှည့်လား?''
“……”
အကဲဖြတ်သူများမှာ အစားအသောက်ဗဟုသုတကြွယ်ဝသော်လည်း ဒါမျိုးဘယ်တုန်းကမှမမြင်ဖူး။
ချင်လင်၏လှုပ်ရှားမှုကြောင့် အားလုံးအံ့အားသင့်နေကြသည်။
အလင်းထွက်ပြီးနောက် Live မှာလည်း ချင်လင်၏အမဲသားနှပ်ကိုပြထားသည်။ အမဲသားကိုပါဝင်ပစ္စည်းမျိုးစုံနှင့်နှပ်ထားပြီး လေထဲတွင်အငွေ့အသက်တောင်ရနေသည်။ အလွန်လှသည်။
အရောင်အဆင်းနှင့်တင် အမဲသားနှပ်က စားချင်စရာ။
ပွဲထဲ၌_
Lasda တောင် ထိုမြင်ကွင်းကြောင့်မှင်သက်နေသည်။
လူကြီးမင်းချင်လက်ရာအကြောင်း သူအမြဲသိချင်သလို သူဘယ်တော့မှနားမလည်နိုင်သောပုစ္ဆာတစ်ပုဒ်လည်းဖြစ်သည်။
ချင်းလင်စံအိမ်မှာနေတုန်းက ဒီလူကြီးမင်းအစွမ်းကုန်ချက်သည်ဟုထင်ခဲ့သော်လည်း မကြာမီ သူမှားနေကြောင်းသာသိခဲ့ရသည်။
လူကြီးမင်းချင်ဟင်းချက်လက်ရာက ပိုကောင်းကောင်းလာသည်။
အခု လူကြီးမင်းချင်ဘာလုပ်လိုက်တာလဲ?
သူချက်တဲ့ဟင်းက အိုးအဖုံးဖွင့်လိုက်တော့ တကယ်အရောင်ထွက်လာတာ!
လူကြီးမင်းချင်က မျက်လှည့်တစ်နည်းနည်းသုံးပြီးဟင်းချက်သလားဟု သူအမြဲသံသယဝင်ခဲ့သည်။
ဘယ်လိုမျက်လှည့်မျိုးလဲ?
Lasda ခေါ်လာသောစားဖိုမှူးများလည်း ကြောင်နေသည်။ သူတို့စားဖိုမှူးလုပ်သက်ကြာပြီဖြစ်သော်လည်း ဒါမျိုးမမြင်ဖူး။
ချက်ပြုတ်ရုံနဲ့ ဘာလို့အရောင်ထွက်လာတာလဲ? အလင်းရောင်လိုတဲ့ဒစ်စကိုအကလည်းမဟုတ်။
သူတို့မြင်လိုက်ရတဲ့မြင်ကွင်းက တကယ်ချက်ပြုတ်ပြီးထွက်လာတာလား?
…
ချင်လင်က အိုးအဖုံးချပြီးပြုံးလိုက်သည်။
တကယ်အရောင်ထွက်သည်။
တနည်းပြောရရင် ဒီအမဲသားအိုးက အရသာ +၄၊ အတွေ့အထိ +၄ အာနိသင်ရှိပြီ။
သူက အမဲသားတုံးယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ပါးစပ်ထဲရောက်ရောက်ချင်း အသားနံ့မွှေးလာ၏။ သူဝါးလိုက်သောအခါ အထိအတွေ့နှင့်အရသာကောင်းကောင်းထွက်လာသောကြောင့် သူမရပ်နိုင်တော့။
လုံးဝနတ်ဩဇာပဲ။
အရသာကိုပြောမပြနိုင်၊ ရင်ထဲတန်းရောက်သွားသည်။ +၃ အစားအစာယှဉ်နိုင်သောအရာမဟုတ်ပေ။
ဒီအရသာကြောင့် ချင်လင်ကိုယ်တိုင်တောင် နည်းနည်းစွဲလမ်းသွားသည်။
အထူးအမဲသားချက်နည်းက ဒီလိုစားသောက်ပွဲမှာပဲသုံးနိုင်တာ နှမြောစရာ။ သာမန်နေ့မှာ မလုပ်နိုင်။
ချင်လင်ကတစ်ငုံသောက်ပြီး တစ်ပန်းကန်ထပ်ခပ်လိုက်သည်။
သူက အစားကြီးသူမဟုတ်။
တကယ်အရသာရှိပြီး မကြာခဏချက်မစားနိုင်သောကြောင့် သူ့အတွက်တစ်ပန်းကန်ခပ်ထားလိုက်သည်။
ထို့နောက် ချင်လင်က ဝန်ထမ်းများနှင့် Lasda ကိုလှမ်းခေါ်သည်။
ဒီအိုးထဲမှအမဲသားတစ်ခွက်က Lasda အတွက်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူကယွမ်တစ်သန်းသုံးပြီးဝယ်ထားသည်။
နောက်တစ်ခွက်က အကဲဖြတ်သူများအတွက်ပင်။
ဒီလိုအစားအသောက်မျိုးကို ဒီအကဲဖြတ်သူတွေအတွေ့အကြုံရအောင်မြည်းခိုင်းပြီး အကဲဖြတ်သည့်နိုင်ငံအကြောင်းသိစေမည်။
ထို့ကြောင့် ဝန်ထမ်းများက ခွဲထားသောအမဲသားကို အကဲဖြတ်သူများဆီယူသွားသည်။
Lasda လည်း ပါးစပ်အဟောင်းသားဖြစ်နေသောသူ့စားဖိုမှူးများကိုလှမ်းခေါ်သည်။
"မြည်းကြည့်... တကယ့်ထိပ်တန်းစားကောင်းသောက်ဖွယ်ဆိုတာဘာလဲကြည့်ရအောင်''
သူကအမဲသားတစ်တုံးယူမြည်းကြည့်သည်။ ထို့နောက် သူကြောင်သွား၏။
စားဖိုမှူးများလည်း အတူတူပင်။
စောစောက သူချက်ပြုတ်နေပုံကြောင့်အံ့ဩခြင်းဖြစ်ပြီး အမဲသားစားပြီးနောက် အရသာနှင့်အထိအတွေ့ကြောင့် အံ့အားသင့်နေသည်။
စားဖိုမှူးများတောင် ဒီလိုအရသာရှိတဲ့ဟင်းပွဲမျိုးစားရတာမယုံနိုင်။
အရသာရှိလွန်းသည်။
ဒီထက်ပိုပြီး တခြားစကားလုံးစဉ်းစားမရတော့။
ထို့နောက် Lasda က ချက်ချင်းလှုပ်ရှားသည်။
ဒီလိုစားကောင်းသောက်ဖွယ်မျိုးကို အချိန်မဆွဲနိုင်။ လေးစားသမှုနှင့် သူအရင်ဆုံးစားမည်။
တခြားစားဖိုမှူးများလည်း လှုပ်ရှားသည်။ Lasda က သူဌေးဟုတောင်ဂရုမစိုက်အားဘဲ လုစားကြ၏။
နောက်ဆုံးတော့ သူတို့သူဌေး Lasda ပြောတာသဘောပေါက်ပြီ။
ဒီနိုင်ငံကစားဖိုမှူးတွေ ကြောက်စရာကောင်းသည်။
…
ဝန်ထမ်းများကလည်း Feida တို့အကဲဖြတ်သူများကိုတည်ခင်းပေးသည်။
လေထဲဝေ့တက်လာသောအနံ့က Feida တို့အကဲဖြတ်သူများကိုဆွဲဆောင်လိုက်သည်။
Feida တို့မှာ Live ကြည့်ရင်းအံ့ဩပြီး အိုးထဲမှအမဲသားကိုမြည်းချင်နေကြသည်။