← Chapters

သိပ္ပံပညာကိုယုံ!

Vol. 79 Ch. 1175

သိပ္ပံပညာကိုယုံ!

Vol. 79 Ch. 1175

ချင်လင်ကပါဆယ်ထုတ်သွားသောကြောင့် Feida တို့ကြောင်သွားသည်။ သူတို့စိတ်ပျက်ရုံကလွဲပြီးမတတ်နိုင်။

ထိုမြင်ကွင်းကြောင့် Live ပရိသတ်လည်းကြောင်သွားသည်။

ချင်လင်က ပရိသတ်အတွက်ထပ်ချက်ပေးတယ်ထင်ပေမဲ့ တန်းထုတ်သွားမယ်လို့ဘယ်ထင်မလဲ?

သူက အိမ်ပြန်သယ်သွားမည့်ပုံ။

ချင်လင်ကထုပ်ပိုးပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်ရန်ပြင်လိုက်သည်။

အမဲသားက ချက်ပြီးတန်းစားမှအရသာရှိမည်။ အချိန်ကြာသွားရင် အနည်းနှင့်အများ အနံ့အရသာလျော့သွားသည်။

နောက်ပိုင်းတွင် လင်းလန်ဇီက သူ့လူများကိုသန့်ရှင်းရေးလုပ်ခိုင်းနေသည်။

"လူကြီးမင်း.. ခဏနေပါဦး''

Feida အသံထွက်လာသည်။ သူက မနေနိုင်ဘဲသွားမေးသည်_

"လူကြီးမင်း... အိုးအဖုံးဖွင့်လိုက်တော့ အမဲသားကဘာလို့အရောင်ထွက်တာလဲ? မျက်လှည့်တွေဘာတွေပါလား?''

"မျက်လှည့်?''

ချင်လင်ကပြုံးပြီး ပြန်လှည့်လာသည်_

"ခင်ဗျား သိပ္ပံပညာကိုယုံတယ်မလား''

“???”

Feida ဇဝေဇဝါဖြစ်သွားသည်။

ချက်တာပြုတ်တာ သိပ္ပံပညာနဲ့ဆိုင်လို့လား?

ထိုအချိန်တွင် Feida ခေါင်းထဲအတွေးပေါင်းများစွာရောက်လာသည်။ အကြောင်းမှာ ရှောင်ချင်က သွေးခဲပလိပ်ရောဂါဆေးဖော်ခဲ့သောသိပ္ပံပညာရှင်ဖြစ်သောကြောင့်ပင်။

သူကသိပ္ပံပညာကိုအသုံးချပြီး ဒီလိုအရသာရှိတဲ့ဟင်းပွဲဖန်တီးခဲ့တာလား?

Feida က စဉ်းစားကြည့်ပြီး ရင်းနှီးမြှုပ်နှံကာသုတေသနလုပ်ရမလားဟုတောင်အတွေးဝင်သွားသည်။

အရသာက သူလိုအကဲဖြတ်သူအတွက် ငြင်းရက်စရာမရှိအောင်ကောင်းလွန်းသည်။

ဒီလိုစားကောင်းသောက်ဖွယ်မျိုးစားပြီးမှ ပြန်သွားရင်တခြားအစားအစာစားနိုင်ပါဦးမလားမသိ။

ချင်လင်က သိပ်ဂရုစိုက်မနေ။ အရည်အသွေး ၄ အမဲသားဟင်းကို အပန်းဖြေစံအိမ်ပြန်ယူသွားပြီး အတွင်းဘက်တန်းဝင်လိုက်သည်။

အတွင်းဘက်ဧည့်ခန်းထဲတွင် ကျောက်မိုချင်းရောလင်းဖန်ပါရှိနေသည်ကို ချင်လင်တွေ့ရသည်။ ကျောက်မိုချင်းက ကလေးချီထား၏။

သူတို့ရှေ့စားပွဲပေါ်တွင် ပန်းကန်များအသင့်ရှိနေသည်။

"သေချာပြင်ထားတာလား?''

ချင်လင်က သူ့လက်ထဲမှအမဲသားကို စားပွဲပေါ်တင်ပြီးဖွင့်လိုက်သည်။

"Live ထဲမှာ ထုပ်နေတာတွေ့လို့လေ''

ကျောက်မိုချင်းက ရှင်းပြပြီးမှစိတ်ဆိုးဟန်ဆောင်ကာမေးသည်_

"ပြီးတော့ အမေနဲ့ကျွန်မအတွက်မဟုတ်ရင် ဘယ်သူ့ပေးချင်သေးလို့လဲ?''

"ဘယ်သူ့ပေးရမလဲ? အချစ်ရယ် မင်းသိသားနဲ့''

ချင်လင်က ကျောက်မိုချင်းနှင့်သူ့အမေအတွက် အမဲသားတစ်ပန်းကန်စီခပ်ပေးလိုက်သည်။

"ဒါမှဟုတ်သေး''

ဒီလိုမှ ကျောက်မိုချင်းကကျေနပ်သွားသည်။ သူမကဟန်မဆောင်နိုင်တော့ဘဲ တူကိုင်ကာအမဲသားတစ်တုံးပါးစပ်ထဲထည့်လိုက်သည်။

Live ကြည့်ရင်း အိုးထဲကအမဲသားအရောင်ထွက်လာတာလည်းတွေ့သည်။

ဒီလိုထူးထူးဆန်းဆန်းမြင်ဖူးတာ ဒါပထမဆုံးပင်။

"အာ.. ဒီအမဲသားက အရသာရှိလိုက်တာ''

ကျောက်မိုချင်းက အမဲသားကိုပလုတ်ပလောင်းဝါးရင်း သူမမျက်နှာလှလှလေးကအံ့ဩနေသည်။

ထို့နောက် အမဲသားနောက်တစ်တုံးအမြန်ထပ်ယူသည်။

ချင်းလင်စံအိမ်မှာ စားကောင်းသောက်ဖွယ်မျိုးစုံစားဖူးသည်။

ယောက်ျားဖြစ်သူက အပြင်လောကမှာမရနိုင်တာတွေရအောင်လုပ်ပေးသည်။ ဒီလိုစားကောင်းသောက်ဖွယ်တွေစားဖူးသောကြောင့် တော်ရုံတန်ရုံမတုန်လှုပ်တတ်။

အခုအမဲသားကိုတော့ လုံးဝဟန်မဆောင်နိုင်ပေ။

"ချင်လင်.. ရှင်ချက်တဲ့အမဲသားကကောင်းလိုက်တာ''

လင်းဖန်လည်း အမဲသားထဲစိတ်ရောက်နေသည်။

ဘယ်လိုစကားလုံးနှင့်ဖော်ပြရမည်မသိ၍ အာမေဋိတ်သံထွက်ပြီးနောက် ခေါင်းမဖော်တမ်းစားနေတော့သည်။

ကျောက်မိုချင်းက အမဲသားစားရင်း သတိတရမေးသည်_

"ယောက်ျား.. ဒီအမဲသားမှာ မှော်ပညာတွေမပါပါဘူးနော်? အရသာကလည်းရှိ.. အိုးထဲကထုတ်တော့လည်း အရောင်ထွက်နေသေးတယ်''

"မပါပါဘူး''

ချင်လင်ကခေါင်းခါပြီးရှင်းပြသည်_

"အရောင်ထွက်တာက အထူးပါဝင်ပစ္စည်းတွေကို အစဉ်လိုက်အချိန်ကိုက်ထည့်သွားလို့''

သူဒီလိုသာရှင်းပြနိုင်သည်။

ဘာပဲဖြစ်ဖြစ် သူလည်းအတွင်းကျကျမသိ။ သူ့မှာပါဝင်ပစ္စည်းတွေရှိရင်တောင် အထူးအမဲသားချက်နည်းကလိုသေးသည်။

“သိပြီ!”

ကျောက်မိုချင်းက နားလည်ပုံမရသော်လည်း ထပ်မမေးတော့ချေ။

……

ညပိုင်းကုန်လွန်သွားသည်။

နောက်တစ်နေ့ လိုင်းပေါ်တွင်ပွက်လောရိုက်နေသည်။

စားသောက်ပွဲည Live ကြည့်ထားသော ပရိသတ်မှာ လူပေါင်း ၁.၄ သန်းနှင့်စာရင်နည်းသေးသည်။ အတော်များများက နောက်တစ်နေ့အိပ်ရာနိုးလာမှ စားသောက်ပွဲညမြင်ကွင်းအစုံအလင်ကိုတွေ့ကြသည်။

ဒီနှစ် ပြည်သူ့လောကအမြင်ပြောင်းပြန်လန်တော့မည်။

'အရောင်ထွက်သောအစားအစာ' ဆိုသည့်ခေါင်းစဉ်နှင့်ဗီဒီယိုများ အင်တာနက်တစ်ခုလုံးပွနေသည်။

ချန်နယ်တစ်ခုခုကြည့်သောပရိသတ်တိုင်း ဗီဒီယိုသုံးပုဒ်အတွင်း ၎င်းနှင့်ဆိုင်သောဗီဒီယိုတွေ့နိုင်သည်။

'အရောင်ထွက်သောအစားအစာ' ဆိုသည့်ခေါင်းစဉ်က မရှား။ လွန်ခဲ့သောနှစ်များက လူအတော်များများ၏ကလေးဘဝကိုသိမ်းပိုက်သွားသော 'တရုတ်စားဖိုမှူးလေး'ဆိုသောကာတွန်းကားရှိသည်။

အစားအသောက်ကာတွန်းကားဖြစ်သည်။ ဇာတ်လိုက်ကချက်ပြုတ်ပြီး အိုးဖွင့်လိုက်တိုင်း အစားအစာကအရောင်ထွက်ကာ တစ်မျိုးလုံးမျက်စိကျိန်းစေသည်။

ဒါပေမဲ့ တကယ့်ဘဝမှာ အရောင်ထွက်တဲ့အစားအစာကိုဘယ်သူမြင်ဖူးလဲ?

အခုရှောင်ချင်ချက်တဲ့အမဲသားက အိုးထဲမှာတကယ်အရောင်ထွက်နေတာလား?

အတော်များများ ကြောင်နေသည်။

တချို့က တရုတ်စားဖိုမှူးလေးသီချင်းကိုနောက်ခံထည့်ပြီး ဆူပွက်နေသောအိုးအသံကိုတောင်ထည့်ကြသည်။ လုံးဝကွဲလွဲမှုမရှိ။

အရှေ့တိုင်းစားဖိုမှူးသင်တန်းကျောင်းအသစ်_

လီယန်အိပ်ရာမှနိုးသည်နှင့် အခန်းဖော်များ၏အာမေဋိတ်သံများ၊ပွစိပွစိအသံများကြားရသည်။

ထို့ကြောင့် သူစိတ်ညစ်သွားသည်။ မနေ့က ဇွန်းကိုမြှောက်ချီချချီလုပ်ရန်ဆရာကအပြစ်ပေးသောကြောင့် သူခြေကုန်လက်ပမ်းကျနေပြီ။

ပြည်တွင်းတွင်အကြီးဆုံးစားဖိုမှူးကျောင်းမှာ အရှေ့တိုင်းစားဖိုမှူးသင်တန်းကျောင်းအသစ်ဖြစ်သည်။

ဒီသင်တန်းကျောင်းက တုံးဖန်းအသစ်နှင့်ဘာမှမဆိုင်။

တကယ်တော့ အရှေ့တိုင်းစားဖိုမှူးသင်တန်းကျောင်းအသစ်မှာသွားသင်ခြင်းနှင့် အပြင်မှာအလုပ်သင်ဆရာရှာသင်ခြင်းက အငြင်းပွားစရာဖြစ်နေသည်။

အရှေ့တိုင်းစားဖိုမှူးသင်တန်းကျောင်းအသစ်ပညာသင်စရိတ်က စျေးကြီးသည်ဟုထင်ကြသည်။ ပညာချင်းအတူတူ အချိန်ကုန်ပြီးဘာမှမထူးခြား။

All Chapters