သိပ္ပံပညာကိုယုံ! ၂
Vol. 79 Ch. 1176
ဒုတိယအချက်၊ အပြင်မှာဆရာရှာသင်ရင် ကျောင်းလခပေးစရာမလိုဟုထင်ကြသည်။ အလုပ်သင်လစာတောင်ရနိုင်သည်။ နောက်ပြီး ဆရာမှာ အရည်အချင်းအမျိုးမျိုးရှိသည်။
ဒါကလည်း စေတနာနှင့်အသိပညာရပ်ဆိုင်ရာကိစ္စဖြစ်သည်။
အလုပ်သင်ဖြစ်နိုင်သော်လည်း နှစ်ပေါင်းများစွာအလုပ်သင်လုပ်ပြီး ဘာမှမတတ်သောလူများလည်းရှိသည်။
နောက်ပြီး အပြင်ဆရာများက ဆရာစားချန်တတ်ကြသည်။ တပည့်ဖြစ်သူက သူတို့နေရာလုမည်စိုးသောကြောင့်ပင်။
အရှေ့တိုင်းကျောင်းက ပူစရာမလို။ ဆရာအားလုံး သူ့အပိုင်းနှင့်သူရှိပြီး အကောင်းဆုံးသင်ကြသည်။ တချို့က စားဖိုမှူးအဆင့်စမ်းသပ်ချက်အတွက်ထောက်ခံချက်တောင်ရနိုင်သည်။
ဒါကလည်း အပြင်မှာရှိခဲသောရှားပါးအခွင့်အရေးပင်။ စာမေးပွဲအောင်လက်မှတ်ရှိရင် ဘွဲ့ရပြီးကြယ်ပွင့်ဟိုတယ်မှာတောင် အလုပ်လျှောက်နိုင်သည်။
နာမည်ကြီးစားဖိုမှူးလက်အောက်မှာသင်ရတာမဟုတ်ရင် ဒီလိုအခွင့်အရေးမျိုးက အပြင်ဆရာမှာရဖို့ခက်သည်။ ဖြစ်ချင်တော့ အတော်များများက အဆာပြေစားသောက်ဆိုင် ဒါမှမဟုတ် အဆင့်အတန်းသိပ်မရှိသောကိုယ်ထူကိုယ်ထစားသောက်ဆိုင်မျိုးမှာ ဆရာသွားရှာတတ်ကြသည်။
ဒါတင်မကသေး။ သင်ယူပြီး တစ်ဦးတစ်ယောက်ချင်းတိုးတက်မှုအပေါ်လည်းမူတည်သေးသည်။
ထို့ကြောင့် လူတိုင်းမှာ သူ့အမြင်နှင့်သူရှိကြခြင်းပင်။
လီယန်က အရှေ့တိုင်းစားဖိုမှူးကျောင်းသစ်ကိုရွေးခဲ့သည်။
ဆူညံသံကြောင့်နိုးလာပြီး သူ့အခန်းဖော်များကိုဒေါသတကြီးကြည့်လိုက်သည်။ သို့သော် သူ့အခန်းဖော်များဆွေးနွေးနေသောစကားကြောင့် စိတ်ဝင်စားလာသည်။
"တကယ်လား? Effect မဟုတ်ဘူးလား?''
"ချင်းလင်စံအိမ်က Live လွှင့်တာ... ဒီလောက်လူတွေအများကြီးရိုက်နေတုန်း ဘယ်လိုလုပ် effect ဖြစ်မှာလဲ?''
"Effect မဟုတ်ရင် အိုးကဘာလို့အရောင်ထွက်လာတာလဲ?''
“……”
ချင်းလင်စံအိမ်စားသောက်ပွဲအကြောင်း သူတို့ပြောနေမှန်း လီယန်သိသည်။ ညက ဇွန်းမြှောက်အပစ်ပေးခံရပြီး Live မကြည့်လိုက်ရ။
အခုသူ့အခန်းဖော်များက အရောင်ထွက်သောအစားအစာအကြောင်းပြောနေသောကြောင့် ချက်ချင်းစိတ်ဝင်စားပြီး ဖုန်းယူကာလိုင်းတက်ကြည့်သည်။
သူက Tiktok ဖွင့်ကြည့်ရာ ခေါင်းစဉ်တစ်ခုနှင့်ဆက်စပ်သောဗီဒီယိုများတွေ့ရသည်:
'ခေတ်ပေါ်တရုတ်စားဖိုမှူးလေး: အရောင်ထွက်သောအစားအစာ'
"အစားအစာက အရောင်ထွက်တယ်?''
လီယန်က ဗီဒီယိုဖွင့်ပြီးစူးစမ်းကြည့်သည်။
ရှောင်ချင်က အမဲသားကိုကျွမ်းကျွမ်းကျင်ကျင်လှီးနေသည့်နေရာကစသည်။
ရှောင်ချင်ကို လီယန်သိသည်။ နာမည်အရမ်းကြီးသည်။ ဒီလှုပ်ရှားမှုနှင့်တင် ရှောင်ချင်ကိုလေးစားမိသည်။
ဒီလိုအလှီးအဖြတ်နည်းမျိုး သူ့ဆရာဆီမှာတောင် မမြင်ဖူးသောကြောင့်ပင်။
ကျောင်းကအချိန်နှင့်ခေါ်ထားသော စားဖိုမှူးများ၊ဆရာများတောင် ဒီလိုအရည်အချင်းမျိုးမရှိကြ။
နောက်ပိုင်း ရှောင်ချင်ကအိုးအဖုံးဖွင့်လိုက်ရာ အလင်းရောင်ထွက်လာသောကြောင့် လီယန်ငြိမ်ငြိမ်မနေနိုင်တော့။
“နောက်နေတာလား?”
လီယန်ရေရွတ်လိုက်သည်။
သူကဗီဒီယိုကြည့်ပြီး အမှတ်တမဲ့ ပြန်လည်ဝင်စားတာလားဟုထင်မိသည်။
တလောက အွန်လိုင်းဝတ္ထုတစ်ပုဒ်တွင် ဇာတ်ဆောင်က သဘာဝလွန်ကမ္ဘာထဲပြန်လည်မွေးဖွားခဲ့သည်။ သူကအထက်တန်းကျောင်းတွင် ကိုယ်ခံပညာလေ့လာသည်။ ထိုကျောင်းတွင် မှော်ဆန်သောအစားအစာမျိုးချက်တတ်သူစားဖိုမှူးတစ်ဦးရှိသည်။
အရောင်ထွက်တာ မှော်ဆန်တာမလား?
လီယန် နည်းနည်းစိတ်လှုပ်ရှားသွားသည်။
နှစ်ပေါင်းများစွာ သာမန်အဖြစ်နေပြီးမှ ပြန်လည်မွေးဖွားပြှး မကြာမီ ကျယ်ပြောလှသောလောကကြီးက ကြိုဆိုတော့မည်။
ဒါပေမဲ့ လက်တွေ့က ဒီလိုမဟုတ်။
ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် ပြန်လည်မွေးဖွားတာမဟုတ်မှန်း သူသိလိုက်သည်။ မနေ့ညက ရှောင်ချင်ချက်သောဟင်းမှာ အမှန်တကယ်အရောင်ထွက်ခဲ့သည်။
"မျက်လှည့်? သိပ္ပံပညာကိုယုံလား!''
ဗီဒီယိုထဲမှာ ရှောင်ချင်ပြောတာကြားပြီး လီယန်က 'အဲဒါဆိုဘယ်လိုလုပ်ပြီးအရောင်ထွက်လဲ သိပ္ပံနည်းကျရှင်းပြပါလား?' ဟု မေးလိုက်ချင်သည်။
ချက်တာပြုတ်တာတောင် သိပ္ပံပညာသုံးတယ်!
စံအရမ်းမြင့်ဖို့လိုလို့လား?
စားသောက်ပွဲညတွင် ချင်လင်အမဲသားချက်နေသောဗီဒီယိုကြောင့် အတော်များများအံ့အားသင့်နေသည်။ တစ်ပတ်ခန့်ကြာမှသာ တဖြည်းဖြည်းတွေ့ရနည်းသွားသည်။
ချင်းလင်စံအိမ်စားသောက်ပွဲလည်း နာမည်ကြီးသွားပြီး အတော်အောင်မြင်ခဲ့သည်။
ချင်လင်က သိပ်အာရုံမထား။
စားသောက်ပွဲကို ခဏခဏလုပ်ဖို့မဖြစ်နိုင်။ တစ်နှစ်တစ်ကြိမ်လောက်သာဖြစ်မည်။
လင်းလန်ဇီနှင့်ရုံချန်းကကိုင်တွယ်နိုင်သောကြောင့် သူစိတ်ပူစရာမလိုပေ။
ထို့ကြောင့် လတ်တလော သူ့နေ့စဉ်ဘဝပြန်ရောက်သွားသည်။ နေ့တိုင်း သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး နေ့စဉ်တာဝန်များအပြီးလုပ်ကာ ဇာတ်ကွက်တာဝန်ရှိမရှိလိုက်ကြည့်သည်။
အချိန်ရရင် ဂိမ်းထဲဝင်ပြီး နတ်ဘုရားမတောင်လျှောက်သွားသည်။
လူပုလေးတောင်ကြားအပြင် တောနက်ထဲသွားပြီး ကျောက်ရုပ်တုထပ်ရှာသည်။
ကျောက်ရုပ်တုက အရင်အတိုင်း ဒိုရေမွန်နှင့်တူသည်။
နတ်ဘုရားမတောင်ပေါ်မှာ ဒီလိုရုပ်တုမျိုးတစ်ရုပ်မကရှိနေတာ သိပ်ပုံမှန်မဟုတ်။
နိုဘီတာနဲ့ဒိုရေမွန်ပုံစံနဲ့များ ဆက်စပ်နေမလား?
သို့ရာတွင် ခဏစူးစမ်းကြည့်ပြီး ဘာမှထူးထူးခြားခြားမတွေ့။
…
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား မြစ်သွားပြီးငါးမျှားစေသည်။
ရေကန်ထဲတွင် အရည်အသွေး ၂ ငါးတပုံကြီးရှိသည်။ ဒီငါးတွေအပြင်ထုတ်ရင်တောင် အကြာကြီးစားရမည်။
(ဂုဏ်ယူပါတယ်... အရည်အသွေး ၂ ငါးကြင်းနက်ရပါတယ်!)
……
(ဂုဏ်ယူပါတယ်... အရည်အသွေး ၂ ငါးကြင်းစိမ်းရပါတယ်!)
……
ငါးမျှားတံကိုငွေငါးမျှားတံအဆင့်မြှင့်ပြီးနောက် အရည်အသွေး ၁ ငါး အမိနည်းလာသည်။
သူတွေးတောနေစဉ် ငါးစာလာဟပ်ပြန်သည်။ သူဆွဲလိုက်သောအခါ အသိပေးစာရ၏။
(ဂုဏ်ယူပါတယ်... ငါးမျှားတံအဆင့်မြင့်သွားပါပြီ... အခု NPC ပန်းပဲဖိုသွားပြီး အဆင့်မြှင့်နိုင်ပါပြီ!)
အသိပေးစာမြင်ပြီး ချင်လင်အံ့ဩသွားသည်။
ဂိမ်းထဲရှိကိရိယာများထဲတွင် ငါးမျှားတံသာအဆင့်တက်နေသည်။
လူပုလေးများကိုအလုပ်ခန့်ပြီးကတည်းက ပေါက်ပြားလိုကိရိယာများအဆင့်မတက်တော့။ သူလည်း မလိုတော့ချေ။
နေ့တိုင်းမြစ်နှင့်ပင်လယ်တွင်ငါးမျှားရန် ငါးမျှားတံသာသုံးသည်။
ထိုအသိပေးစာရပြီးပြီးချင်း ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်ပန်းပဲဖိုသွားစေသည်။
ပန်းပဲဖို NPC ပေါ်နှိပ်လိုက်ရာ စာတက်လာသည်:
(ငါးမျှားတံအဆင့်မြှင့်လို့ရပါပြီ... အဆင့်မြှင့်လိုပါသလား?)
NPC က အဓိပ္ပါယ်မရှိတာတွေမေးလိုက်တာ၊ အဲဒါကြောင့် NPC တွေအများကြီးရှိပေမဲ့ ဒီကောင့်မှာနာမည်မရှိတာဟု ချင်လင်တွေးမိသည်။
မြှင့်မှာပေါ့!
မကြာမီ နောက်ထပ်စနစ်အသိပေးစာရပြန်သည်။
(ငါးမျှားတံကို ရွှေရောင်အဆင့်မြှင့်ပြီးပါပြီ။ မျိုးစေ့ဆိုင်ရှင်မှာ ရွှေရောင်ငါးမျှားတံအတွက်အသုံးပြုနိုင်သော အထူးငါးစာထွက်နေပါပြီ!)
ငါးမျှားတံအဆင့်မြှင့်ပြီး အသိပေးစာကအရင်အတိုင်းပင်။ မျိုးစေ့ဆိုင်မှာ ငါးစာအသစ်ထွက်သည်။
သူထင်တာမမှားရင် ဒီနှစ်ခုတွဲသုံးပြီး အထူးငါးမျိုးတွေမိနိုင်တယ်မလား?
ထိုအတွေးနှင့် သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားစေသည်။ အမှန်ပင်။ ရွှေရောင်ငါးမျှားတံအတွက်ငါးစာရှိသည်။ သူကတန်းဝယ်ပြီး ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။
ထို့နောက် ရုံးခန်းတံခါးပိတ်ပြီး ဂိမ်းထဲဝင်ကြည့်လိုက်သည်။
ရွှေရောင်ငါးမျှားတံက ငွေရောင်ငါးမျှားတံထက်ပိုလှသည်။ ရွှေရောင်အတိနှင့်တလက်လက်ထနေသောကြောင့် ခမ်းနားထည်ဝါသောခံစားချက်မျိုးရသည်။
(ရွှေရောင်ငါးမျှားတံ: အထူး!)
(စွမ်းအင်စုစည်းခြင်းအဆင့် ၄၊ ရေနက်ငါးဖမ်းနိုင်သည်။ အထူးရွှေရောင်ငါးစာတပ်လျှင် ရှားပါးငါးမိလွယ်ပြီး ထူးထူးခြားခြားငါးဖြစ်နိုင်သည်!)
ရွှေရောင်ငါးမျှားတံအရည်အသွေးက ရှားပါးငါးမိလွယ်တယ်ဆိုတော့ အသုံးမဝင်။ စံအိမ်ငါးပြတိုက်မှာ ဒီမြစ်ထဲကမျှားရတဲ့ရှားပါးငါးတွေမှအပြည့်။
ရှားပါးငါးမျိုးစိတ်အသစ်မဟုတ်ရင်ပေါ့။
သို့ရာတွင် ထူးထူးခြားခြားငါးမိနိုင်သည်ဆိုသောအချက်ကို သူစိတ်ဝင်စားမိသည်။ နောက်ပြီး ရနိုင်ခြေအင်မတန်နည်း၍ လုံးဝသာမန်ငါးမဖြစ်နိုင်။
ချင်လင်ကတွေးတောရင်း စမ်းကြည့်ချင်လာသည်။ သူကချက်ချင်းဂိမ်းထဲမှထွက်ပြီး ဂိမ်းဖန်သားပြင်ပြန်ကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား မြစ်ဘက်သွားစေသည်။
ဒီနေ့ငါးမိရန် ၁၆ ကြိမ်ကျန်သေးသောကြောင့် ရွှေရောင်ငါးမျှားတံသုံးလောက်သည်။
ငါးစာတပ်။
ငါးမျှားတံပစ်။
တခဏအတွင်း ငါးတစ်ကောင်မိသည်။
သို့သော် ရိုးရိုးအရည်အသွေး ၂ ငါးကြင်းနက်ဖြစ်နေသည်။
သုံးလေးကောင်ဆက်ဖမ်းပြီးနောက် အရည်အသွေး ၂ သူတော်ငါးထပ်မိသည်။
ထို့နောက် ငါးစာတပ်ပြီး ငါးချိတ်ပြန်ချသည်။
ဒီတစ်ကြိမ်တွင် အသိပေးစာတစ်မျိုးတက်လာသည်။
(ဂုဏ်ယူပါတယ်... အတ္တလန္တိတ်အထူးငါးမျိုးဖမ်းမိပါတယ်!)
"အတ္တလန္တိတ်အထူးငါး?''
ငါးနာမည်ဖတ်ပြီး ချင်လင်ခဏကြောင်သွားသည်။ ဒီငါးနာမည်ကြားဖူးသော်လည်း သူကြားဖူးတဲ့ကောင်ဟုတ်သလားမသိ။
သူတို့နိုင်ငံမှာသာရှိသောအတ္တလန္တိတ်အထူးငါးတစ်မျိုးဖြစ်သည်။
ဒါပေမဲ့ ဒီငါးမျိုးမရှိတာကြာပြီ။
ဒါကလည်း သူတို့နိုင်ငံအတွက်ဆုံးရှုံးမှုကြီးပင်။ မိုးပေါ်ကကျသောအတ္တလန္တိတ်ငါးမှာ ဒီငါးမျိုးဖြစ်ပြီး အတော်လေးအထင်ကြီးစရာကောင်းသည်။
မျိုးတုံးငါးတစ်ကောင် သူဖမ်းမိလိုက်ပြီ။