← Chapters

ငါးစစ်သည်! ၂

Vol. 79 Ch. 1178

ငါးစစ်သည်! ၂

Vol. 79 Ch. 1178

တစ်ခါတလေ တစ်ခုခုလုပ်လျှင် ကိုယ်တိုင်လုပ်မည်ဟုမဆိုလို။

အဓိပ္ပါယ်ရှိသည်၊လုပ်ချင်သည်ဟုခံစားမိပါက လုပ်နိုင်တာတွေအများကြီးရှိသည်။

ချင်းလင်စံအိမ်ဘေးမှရေလှောင်တမံမှာ သာမန်ရေလှောင်တမံမဟုတ်။ မြစ်ကိုဆည်ထားသောရာစုနှစ်ချီရေလှောင်တမံမျိုးဖြစ်သည်။

မြစ်ကိုဖြတ်ဆောက်ထားခြင်းဖြစ်ပြီး ထိုမြစ်မှာ နာမည်ကြီးမင်မြစ်၏မြစ်လက်တက်ဖြစ်သည်။

ထို့ကြောင့် ဘယ်သူမှမရှိသောနေရာရှာပြီး ငါးကိုတန်းထုတ်ရုံပင်။

အဓိကက တခြားနေရာများကိုအာရုံစိုက်ရဦးမည်။ ရေထဲတွင် အထူးသဖြင့်ညဘက်ဆိုလျှင် လွတ်လပ်သည်။

Kappa အစွမ်းရပြီးကတည်းက သူရေထဲမှာနေနိုင်သော +၃ အရည်အသွေးရှိသည်။ ရေအောက်တွင်အသက်မရှူဘဲအကြာကြီးနေနိုင်သည့်အပြင် ငါးတစ်ကောင်နှင့်မခြားပေ။

ထို့ကြောင့် မိုးချုပ်ညစာစားပြီးသောအခါ ကျောက်မိုချင်းကိုပြောပြီး အပန်းဖြေစံအိမ်အပြင်ကားမောင်းကာ ရေလှောင်တမံဘက်ထွက်လာသည်။

မိုးစုံးစုံးချုပ်လျှင် သူလည်းကားထဲမှာအဝတ်အစားချွတ်ပြီး ရေထဲဆင်းလျှောက်လာသည်။

သူအပြန်မြင်ရအောင် ကားမီးလည်းဖွင့်ထားခဲ့သည်။

ထို့နောက် ရေထဲခုန်ဆင်းလိုက်၏။

တခဏချင်း ရေနှင့်ဆက်နွယ်သောခံစားချက်မျိုးထွက်လာသည်။ သူရေကူးသောအခါ ရေကိုဆန်မနေရဘဲ စုန်မျောနိုင်သည်။

မကြာမီ ချင်လင်ရေအောက်ရောက်သွားသည်။ ထိုနေရာတွင်မှောင်မဲပြီး ဘယ်သူမှမမြင်နိုင်။ ညပိုင်း ဘယ်သူမှလည်းရောက်မလာနိုင်။

ထို့ကြောင့် ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်ပြီး စိုက်ပျိုးရေးခြံထဲပေါ်လာသည်။

စိုက်ပျိုးရေးခြံရေကန်ဘက်တန်းသွားကာ ဒီအပတ်သူဖမ်းထားသောအတ္တလန္တိတ်ငါးများကိုဆယ်သည်။

အတ္တလန္တိတ်ငါးက အတော်ကြီးသည်။ နှစ်မီတာကျော်ရှည်ပြီး ကတ်တီ ၁၀၀ ကျော်အချိန်စီးသောကြောင့် ရေထဲမှာအတော်ကြီးနေမည်။

သာမန်လူသာဆို ဒီငါးတွေရေထဲချဖို့အတော်ခက်မည်။

ချင်လင်မှာ စွမ်းအားပင်အသီးနှစ်လုံးစားထားသောကြောင့် အတ္တလန္တိတ်ငါးကိုမနိုင်သည်။ ငါးရုန်းကန်နေစဉ် သူကအတွေးနှင့်ဂိမ်းထဲမှထွက်ပြီးဖြစ်သည်။ နောက်ခဏတွင် အတ္တလန္တိတ်ငါးနှင့်အတူ အပြင်လောကရေထဲပေါ်လာသည်။

ချင်လင်က အတ္တလန္တိတ်ငါးကိုလွှတ်လိုက်ရာ ချက်ချင်းရေဂယက်ထသွားသည်။

သူကအချိန်ဆွဲမနေဘဲ ဂိမ်းထဲပြန်ဝင်ကာ ဒုတိယမြောက်အတ္တလန္တိတ်ငါးကိုထုတ်သည်။

ညပိုင်းနောက်ကျမှသာ ဒီအပတ်သူဖမ်းထားသောအတ္တလန္တိတ်ငါးအားလုံး ရေလှောင်တမံထဲလွှတ်ပြီးသည်။

နောက်ဆုံးငါးကိုလွှတ်လိုက်သောအခါ ပတ်ပတ်လည်လှိုင်းကအတော်ကြီးကြောင်းသတိထားမိသည်။

အတ္တလန္တိတ်ငါးက ကူးခတ်သွားလေပြီ။

နောက်ပြီး ငါးတချို့ကသူ့ဆီကူးခတ်လာပြီး သူ့နားကပ်လာသည်ကိုလည်းတွေ့ရသည်။

သိပ်မခက်၊ တစ်ယောက်ကိုတစ်ယောက်ရင်းရင်းနှီးနှီးနှုတ်ဆက်သလို အသာလေးထိရုံပင်။

ချင်လင် နည်းနည်းအံ့ဩသွားသည်။

ဒါလူနှင့်အနေနီးခြင်း +၂ အရည်အသွေးကြောင့်ဖြစ်မည်။

လင်းပိုင်များနှင့်နည်းနည်းဆင်သည်။

လင်းပိုင်များက ရေထဲကျလာသောလူနှင့်တွေ့သောအခါ ဒီလိုအနားကပ်လာတတ်ပြီး လူကိုတောင်ကယ်ကြသည်။

အခုအတ္တလန္တိတ်ငါးများကို ဂိမ်းထဲမှထုတ်လိုက်သောအခါတွင်လည်း လူနှင့်နီးကပ်သောအရည်အသွေးမျိုးရှိကြသည်။

ငါးမှာအသံရှိလား ဒါမှမဟုတ် အသံထွက်အောင်လုပ်နိုင်လား?

ဒါလူအတော်များများနားမလည်နိုင်သောမေးခွန်းပင်။

သို့ရာတွင် ပိုင်ရွှင်အသံကို ချင်လင်သေချာကြားရသည်။ အသံကပြတ်တောင်းတောင်းနှင့်ညင်သာသည်။

လုံးဝအံ့ဩစရာပင်။

လက်တွေ့ဘဝမှာ အတ္တလန္တိတ်ငါးက ဒီလိုအရည်အချင်းမျိုးမရှိ။

ရုတ်တရက် ချင်လင်အကြံရလာသည်။ သူကအမြန်ကူးခတ်သွားပြီး အတ္တလန္တိတ်ငါးကျောပေါ်တက်ခွလိုက်သည်။

အတ္တလန္တိတ်ငါးက ခုခံခြင်းမရှိ။ သူ့ကိုတင်ပြီး ရေထဲအားကြီးကြီးနှင့်ကူးခတ်နေ၏။

စနေသလိုပင်။

ပျော်စရာကောင်းခြင်းအာနိသင်ကြောင့်ဖြစ်မည်။

ရေထဲမှာ ကတ်တီ ၁၀၀ ကျော်ငါးက လူကိုတင်ပြီးမြှုပ်ပါ့မလား?

သဘောမတူ။ ငါးမှာကိုယ်ဖော့နိုင်စွမ်းရှိသလို လူမှာလည်းရှိသည်။ လှေကြီးရေထဲမှာရွက်လွှင့်နိုင်သလိုပင်။

အကြောင်းရင်းအတိအကျကိုတော့ ဂျူနီယာအထက်တန်းကျောင်း၊ရူပဗေဒစာအုပ်ထဲမှာ သွားကြည့်ပေရော့။

ပိုင်ရွှင်က ချင်လင်ကိုတင်ပြီးရေထဲပျော်နေသောကြောင့် အမြှောက်ပစ်လိုသလိုအမြန်နှုန်းနှင့်ရေထဲကူးနေသည်။

မယုံချင်စရာကောင်းလိုက်တာဟု ချင်လင်တွေးမိသည်။ ထိုအချိန်တွင် ရေစစ်သည်လိုခံစားရသည်။

ရေထဲမှာ ဘယ်သူမှဒီလိုဆော့လို့မရဘူးမလား?

ဘာပဲဖြစ်ဖြစ် ဒီလိုအတ္တလန္တိတ်ငါးကြီးကိုဘယ်သူမှမစီးနိုင်။

ချင်လင်မှာပျော်လွန်း၍ ရေထဲအမြန်ခုန်ဆင်းလိုက်ပြီး ခဏကူးခတ်ကာ နောက်တစ်ကောင်ပေါ်တက်ပြန်သည်။

အကောင်တိုင်းဒီလိုလား သူသိချင်သည်။

ဂိမ်းအရည်အသွေးကြောင့် ငါးတိုင်းလိုလို ဒီလိုဖြစ်နေသည်။

ချင်လင်က အတ္တလန္တိတ်ငါးပေါ်တက်လိုက်ရာ သူလည်းအသံပေးပြီး ရေထဲကူးခတ်သည်။

ချင်လင်က ခဏကစားပြီးပြန်ဆင်းသည်။ ကားမီးရောင်ဘက်ကူးခတ်ပြီးနောက် ကမ်းပေါ်တက်လိုက်၏။ ထို့နောက် အဝတ်အစားဝတ်ကာ ကားပေါ်တက်သည်။ ကားစက်နှိုးပြီးနောက် စံအိမ်ပြန်မောင်းလာခဲ့သည်။

မကြာခင် ဒီအတ္တလန္တိတ်ငါးများကြောင့် အားလုံးအံ့ဩကုန်မည်ဟုသူယုံသည်။

အပန်းဖြေစံအိမ်ပြန်ရောက်အခါ ချင်လင်ကရေချိုးခန်းထဲသွားပြီးရေအမြန်ချိုးလိုက်သည်။

ကျောက်မိုချင်း ချင်ဖုန်းလေးကိုချော့သိပ်ပြီးနောက် သူကသူမကိုချီပြီး **ဆီလျှောက်သွားသည်။

"သားအိပ်မှပဲ''

"ထိန်းထား.. အသံမထွက်နဲ့!''

"ဘယ်လိုလုပ်ထိန်းနိုင်မှာလဲ?''

“……”

တဖြည်းဖြည်း အသံတိတ်သွားသည်။

…

နောက်တစ်နေ့_

ချင်လင်လည်း အပန်းဖြေစံအိမ်မှထွက်ပြီး ရေလှောင်တမံဘေးလမ်းလေးအတိုင်းကားမောင်းသွားကာ အတ္တလန္တိတ်ငါးများအခြေအနေကိုသွားကြည့်သည်။

သို့ရာတွင် သူငါးချသောနေရာနှင့်စံအိမ်နည်းနည်းလှမ်းသောကြောင့် ငါးကချက်ချင်းကူးလာပုံမပေါ်။

အကြာကြီးစူးစမ်းပြီးနောက် ချင်လင်ကအပန်းဖြေစံအိမ်ပြန်မောင်းလာသည်။

အပန်းဖြေစံအိမ်ရောက်သောအခါ အသိအကျွမ်းဟောင်းနှင့်တွေ့လေသည်။

ဝန်ကြီးလု?

ဝန်ကြီးလုဘေးတွင် လူကြီးတစ်ယောက်ပါသည်။

လူကြီးကချင်လင်ကိုမြင်ပြီး လေးစားပုံပေါက်သွားသည်။ အရင်ကတည်းက သိနေပုံပင်။

"ဝန်ကြီးလုလာတိုင်း မပြောမဆိုရောက်ချလာတာပဲ''

ချင်လင်က ဧည့်ခန်းထဲဝင်ဝင်ချင်း ဝန်ကြီးလုကိုနှုတ်ဆက်ပြီး_

"ဒီစီနီယာကြီးက?''

ဝန်ကြီးလုကမိတ်ဆက်ပေးသည်_

"သူဌေးချင်... သူက စီနီယာချူရှင်းဖုန်း... တရုတ်တိုင်းရင်းဆေးအမွေဆက်ခံသူတစ်ယောက်ပဲ... တရုတ်သိပ္ပံအကယ်ဒမီက တရုတ်တိုင်းရင်းဆေးသုတေသနအဖွဲ့တည်ထောင်ပြီးတော့ စီနီယာချူကိုတာဝန်ခံထားတယ်''

"အဲဒီတော့ စီနီယာချူပေါ့''

ချင်လင်လည်း ချူချင်းဖုန်းနှင့်လက်ဆွဲနှုတ်ဆက်သည်။

ဝန်ကြီးလုကို တရုတ်တိုင်းရင်းဆေးနည်းဖော်ထုတ်ရန်ကူညီခဲ့စဉ်က ဒီနာမည်ကြားဖူးသည်။ တရုတ်တိုင်းရင်းဆေးအမွေဆက်ခံသူစီနီယာဖြစ်သည်။

သူ့မှာ သူ့ဂုဏ်နှင့်သူရှိသည်။ ဆေးကုသခွင့်လက်မှတ်ရအောင် အင်္ဂလိပ်စာနှင့်အနောက်တိုင်းဆေးလေ့လာရမည်ဆိုသောအခါ လုံးဝလက်လျှော့ပြီး သူ့မိသားစုကိုဆေးပြုတ်ရည်လုပ်ငန်းလုပ်စေသည်။

သူ့အသိမိတ်ဆွေများကိုသာ ကုသပေးသည်။

ဒီလူကိုတောင်ပေါ်ကဆင်းအောင် ဝန်ကြီးလုအတော်အားထုတ်ခဲ့ရသည်။ အနည်းဆုံးတော့ တရုတ်တိုင်းရင်းဆေးပြန်လည်ဦးမော့ပြီး စနစ်တကျထောက်ပံ့ခြင်းနှင့်ဝါဒပြန့်ပွားရေးအတွက် ဒီချူချင်းဖုန်း အတော်အားထုတ်ခဲ့ရသည်။

ချူချင်းဖုန်းက ချင်လင်ကိုလက်ဆွဲနှုတ်ဆက်ပြီး နှိမ့်ချသံနှင့်_

"သူဌေးချင်... စီနီယာလို့ကျုပ်မခံယူဝံ့ပါဘူး... တရုတ်တိုင်းရင်းဆေးမှာ ဆေးစွမ်းပိုထက်ရင် ဆရာပါပဲ... မင်းရဲ့ဆေးပညာက ကျုပ်ထက်ကောင်းတယ်ဆိုတော့ စီနီယာလို့ဘယ်လိုလုပ်အခေါ်ခံနိုင်မလဲ?''

အမှန်ပင်။ ရှေးက ဒါမျိုးတွေအလေးထားသောနယ်ပယ်များစွာရှိသည်။ ထို့ကြောင့် အသက် ၆၀ အရွယ်က အသက် ၂၀ လောက်ကိုဆရာတင်တာ မထူးဆန်း။

ထိပ်တန်းရောက်သူကိုလူလေးစားကြပြီး ထိပ်တန်းရောက်နေသူက ဆရာဖြစ်သည်ဆိုသောစကားမှာ အလကားမဟုတ်။

သို့ရာတွင် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒီလိုအယူသီးမှုနည်းလာသည်။ ကောင်းသလား၊ဆိုးသလား တစ်ခါတလေ ပြောရခက်သည်။

ချူချင်းဖုန်းစကားကြောင့် ချင်လင်နည်းနည်းရှက်သွားသည်။

ဒီစီနီယာကြီးက အမှားလုပ်ထားလို့လား?

ဆေးစွမ်းမထက်လို့၊ ဒါမှမဟုတ် ဆေးပညာအရည်အချင်းလုံးဝမရှိလို့၊ သူများထက်နိမ့်လို့...

ဒါပေမဲ့ သူကလူလိမ်၊ လျှို့ဝှက်ဆေးနည်းတွေအများကြီးနဲ့...

အထင်လွဲနေပြီ။

ဒီအကြောင်းပေါ်သွားမည်စိုး၍ ချင်လင်ကစကားလမ်းကြောင်းအမြန်လွှဲပြီးမေးလိုက်သည်_

"ဝန်ကြီးလုမပြောမဆိုရောက်လာတာ ဘာလိုလို့လဲ?''

ဝန်ကြီးလုက မငြင်းဘဲခေါင်းညိမ့်ကာ_

"မင်းကိုအကူအညီတောင်းစရာရှိတယ် သူဌေးချင်... ထိုင်ပြောရအောင်!''

"ကြွပါ!''

ချင်လင်ကပြုံးပြီး သူ့ရုံးခန်းထဲဖိတ်လိုက်သည်။

တချိန်တည်းမှာ_

ရေအောက်တွင် လှိုင်းများထနေပြီ။ အောက်တွင်ကူးခတ်နေသောငါးကြီးများကိုသေချာမြင်နိုင်သည်။

ရေပေါ်တံတားရှုခင်းကြည့်နေရာမှရယ်သံများကြောင့် စိတ်ဝင်စားပြီးတည့်တည့်ကူးခတ်လာပုံရသည်။

All Chapters