← Chapters

မျိုးတုံးအတ္တလန္တိတ်ငါးပြန်ပေါ်လာပြီ!

Vol. 79 Ch. 1179

မျိုးတုံးအတ္တလန္တိတ်ငါးပြန်ပေါ်လာပြီ!

Vol. 79 Ch. 1179

ချင်လင်က ဝန်ကြီးလုနှင့်ချူချင်းဖုန်းကို သူ့ရုံးခန်းလဖက်ရည်စားပွဲတွင်ထိုင်ရန်ဖိတ်လိုက်သည်။ အရည်အသွေး ၂ သဘာဝအူလုံလဖက်ခြောက်နှင့် လဖက်ရည်နှပ်သည်။

ဝန်ကြီးလုကသူ့ကိုကြည့်ရင်း ချူချင်းဖုန်းအား_

"စီနီယာချူ... သူဌေးချင်ရဲ့လဖက်ရည်က တကယ်ကောင်းတာ... ဘယ်မှာမှမတွေ့နိုင်ဘူးနော်''

"ဒါဆို မြည်းကြည့်ရတာပေါ့''

ချူချင်းဖုန်းကပြုံးပြီးပြောသည်။

သူလိုအသက်အရွယ်များအတွက် လဖက်ရည်သောက်ခြင်းက ဓလေ့တစ်ခုလိုဖြစ်နေသည်။

နောက်ပြီး တရုတ်တိုင်းရင်းဆေးလေ့လာသူများက လဖက်ရည်သောက်ရတာကြိုက်သည်။ သူတို့မိသားစုတွက်ဆေးပြုတ်ရည်လုပ်သောကြောင့် လဖက်ရည်ကောင်းကောင်းသောက်ကြသည်။

သို့ရာတွင် ချင်လင်နှပ်သောလဖက်ရည်သောက်ပြီး သူ့မျက်နှာမယုံနိုင်ပုံပေါက်သွားကာ_

"သူဌေးချင်.. အရင်က ဒီလိုကောင်းတဲ့လဖက်ရည်မသောက်ဖူးဘူး''

"စီနီယာချူ... ကျုပ်မပြောဘူးလား?''

ဝန်ကြီးလုကပြုံးပြုံးနှင့်ပြောသည်။

“အင်း!”

ချူချင်းဖုန်း ခေါင်းညိမ့်လိုက်သည်။

သူတို့နှစ်ယောက် လဖက်ရည်ကုန်သွားသောကြောင့် ချင်လင်ကတစ်ခွက်စီထပ်ငှဲ့ပေးကာမေးသည်_

"ဝန်ကြီးလု.. ဒီတစ်ခါ ဘယ်လျှို့ဝှက်ဆေးနည်းကိုဖော်ရမှာလဲ?''

တရုတ်တိုင်းရင်းဆေးစီနီယာကြီးချူချင်းဖုန်းကိုခေါ်လာသောကြောင့် ဝန်ကြီးလု၏ရည်ရွယ်ချက်ကိုသူရိပ်မိသည်။

ဝန်ကြီးလုက လဖက်ရည်ခွက်ချပြီး_

"သူဌေးချင်.. မင်းခန့်မှန်းမိတယ်ပေါ့... ဒီတစ်ခါ တကယ်ဖော်ရခက်တဲ့လျှို့ဝှက်ဆေးနည်းရှိတယ်... နောက်ပြီး ဒီလျှို့ဝှက်ဆေးနည်းက စီနီယာချူတို့ဓာတ်ခွဲဖို့အရမ်းအသုံးတည့်မှာ... အဲဒါကြောင့် ငါတို့ကိုယ်တိုင်လာရတာပဲ''

"ဆေးနည်းက ဘာလဲ?''

ချင်လင် မငြင်း။ ဘာပဲဖြစ်ဖြစ် ဒေါက်တာ Dott ရဲ့ BUG နဲ့ဆို လျှို့ဝှက်ဆေးနည်းဖော်ဖို့မခက်။

ဒါပေမဲ့ ဝန်ကြီးလုကိုယ်တိုင်လာရလောက်တဲ့လျှို့ဝှက်ဆေးနည်းက သာမန်မဖြစ်နိုင်။ မဟုတ်ရင် လျှို့ဝှက်ဆေးနည်းကိုလှမ်းပို့လိုက်ရုံသာ။

"သူဌေးချင်.. တော်ဝင်ကြင်ရာတော်ရန်အကြောင်းသိလား?''

ဝန်ကြီးလုကရှင်းပြသည်။

“အင်း!”

ချင်လင် ခေါင်းညိမ့်လိုက်သည်။

တော်ဝင်ကြင်ရာတော်ရန်မှာ ရှေးကနာမည်ကြီးကြင်ရာတော် ၄ ပါးထဲမှတစ်ပါးဖြစ်ပြီး သူမအကြောင်းရေးထားသောနာမည်ကျော်ကဗျာတစ်ပုဒ်တောင်ရှိသည်:

'လည်ပြန်ကြည့်ရတဲ့အပြုံး၊ အလှပေါင်းတစ်ရာနဲ့၊ အရောင်အဆင်းမဲ့နန်းတော် ၆ ဆောင်'

ဒါပေမဲ့ ဝန်ကြီးလုကရုတ်တရက်ကြီး တော်ဝင်ကြင်ရာတော်ရန်ကိုထုတ်ပြောလာတာ ဒီလျှို့ဝှက်ဆေးနည်းက တော်ဝင်ကြင်ရာတော်ရန်နဲ့ဆက်စပ်နေလို့လား?

"တော်ဝင်ကြင်ရာတော်ရန်ရဲ့အုတ်ဂူဘယ်မှာရှိလဲ သူဌေးချင်သိမှာပေါ့''

ဝန်ကြီးလုက ရှင်းပြသည်_

"ရှုမျှော်ခင်းနေရာတစ်ခုဖြစ်လာတာလေ''

"တလောက မိုးသည်းကြီးမည်းကြီးရွာလို့ တော်ဝင်ကြင်ရာတော်ရန်ရဲ့အုတ်ဂူတစ်စိတ်တပိုင်းပြိုကျပြီးတော့ အရင်ကမတွေ့တဲ့အကန့်တစ်ခုပေါ်လာတယ်... အထဲမှာ ရှေးဟောင်းစာလိပ်တွေလည်းရှိတယ်... တစ်ခုက ရှေးဟောင်းတရုတ်တိုင်းရင်းဆေးနည်းလို့သတ်မှတ်ထားတယ်''

"အဲဒီတော့ အဲဒါကိုစီနီယာချူတို့လေ့လာဓာတ်ခွဲကြည့်ဖို့ ငါတို့ဟွားယွမ်ကိုပို့လိုက်တယ်''

"ရှေးဟောင်းတရုတ်တိုင်းရင်းဆေးနည်းအမှန်ပဲ... အဲဒါ ဒဏ္ဍာရီလာယွီဖေးဆေးလို့ထင်တယ်''

ချူချင်းဖုန်းက ဖြည့်ပြောသည်။

"ယွီဖေးဆေး? အဲလိုဟာမျိုးတကယ်ရှိလား?''

ချင်လင် နည်းနည်းအံ့ဩသွားသည်။

ထိုပစ္စည်းအကြောင်းလျှောက်ပြောကြသည်ဟု သူထင်ခဲ့သည်။

ဒီအကြောင်းကြားဖူးခြင်းမှာ အရင်က TV ဇာတ်လမ်းတွဲကြည့်သောအကျိုးကျေးဇူးပင်။ TV ဇာတ်လမ်းတွဲအဟောင်းများတွင် တော်ဝင်ကြင်ရာတော်ရန်အကြောင်းပါသည်။

တော်ဝင်ကြင်ရာတော်ရန်က မတော်တဆကျောကိုခြစ်မိပြီး အမာရွတ်ရှိသည်ဟုကောလာဟလရှိသည်။

တော်ဝင်သမားတော်များမှာ အမာရွတ်ပျောက်အောင်မကုနိုင်သောကြောင့် ခေါင်းဖြတ်ကွပ်မျက်ခံရ၏။ ထိုခဏအတွင်း သွေးမိုးရွာခဲ့သည်။

ဒါပေမဲ့ အမာရွတ်ဖြစ်မှတော့ ပျောက်ဖို့ဘယ်လောက်ခက်မလဲ?

ဘာပဲဖြစ်ဖြစ် အဲဒါရှေးတုန်းကလေ။

တော်ဝင်ကြင်ရာတော်ရန်၏အလှက ပြည်ပျက်စေသည်ဆိုသောသက်သေတစ်ခုလည်းဖြစ်သည်။

နောက်ပိုင်း တာအိုဘုန်းတော်ကြီးတစ်ပါးက လျှို့ဝှက်ဆေးနည်းပေးပြီး တော်ဝင်ကြင်ရာတော်ရန်၏အမာရွတ်ကိုကုသပေးလိုက်မှ ဒီကိစ္စတစ်ခန်းရပ်သွားသည်။

တာအိုဘုန်းတော်ကြီးပေးသောဆေးနည်းကို ယွီဖေးဆေးဟုနာမည်ပေးထားသည်။ အလွန်ထိရောက်ပြီး အမာရွတ်ကိုဖယ်ရှားနိုင်သလောက်ဖြစ်သွားသည်။

ဒါလျှောက်ပြောကြတာဟု ချင်လင်ထင်ခဲ့သော်လည်း ဒီလိုဆေးနည်းမျိုးတကယ်ရှိမည်ဟုမထင်မိ။ တော်ဝင်ကြင်ရာတော်ရန်ရဲ့အုတ်ဂူထဲကလည်းဖြစ်နေသည်။

သို့ရာတွင် လေ့လာ၊ဓာတ်ခွဲရန်လိုပြီး မပြည့်စုံသောဆေးနည်းဖြစ်လိမ့်မည်။

နောက်ပြီး ဘာလို့ဝန်ကြီးလုကိုယ်တိုင်လာလဲ သူသဘောပေါက်သည်။

ယွီဖေးဆေးက ဒဏ္ဍာရီထဲကလိုတကယ်အမာရွတ်ပျောက်ရင် အလွန်အရေးပါမည်။ ပြည်သူ ၉၉.၉၉% မှာအမာရွတ်ရှိတဲ့အချက်ကိုထည့်တွက်ရင် တကယ်ပစ္စည်းကောင်းပင်။

သိသိသာသာအမာရွတ်နှင့်လူက ၁၁%။

ဆိုးဆိုးဝါးဝါးအမာရွတ်နှင့်လူက ၃%။

အထူးသဖြင့် မီးသတ်သမားများ၊ စစ်သည်များ၊ အထူးအသက်မွေးဝမ်းကျောင်းနှင့်လူများ အားလုံးလိုလို ခန္ဓာကိုယ်ပေါ်တွင်အမာရွတ်ရှိတတ်သည်။

ဒီအမာရွတ်တွေက လက်မောင်း၊ ပေါင်၊ ဒါမှမဟုတ် ကျောပေါ်မှာဖြစ်ရင် မီးသတ်သမားတွေ၊စစ်သားတွေကဂရုမစိုက်ကြ။

သို့သော် တချို့အမာရွတ်များက သိသိသာသာနေရာမှာဖြစ်ပြီး မျက်နှာပေါ်တောင်ရှိတတ်ကြသည်။ ဘယ်သူမှသတိမထားမိဘဲမနေ။

ရှေ့လျှောက် ဒီသူရဲကောင်းတွေအပြင်ထွက်တဲ့အခါ မထီမဲ့မြင်ပြုခံရတာမျိုး၊လူမုန်းခံရတာမျိုး အဖြစ်ခံလို့မရဘူးမလား?

ဒီလိုမဖြစ်သင့်။

ဒါပေမဲ့ လူ့အဖွဲ့အစည်းက ဒီလိုဖြစ်နေသည်။

တချို့က သင့်ရဲရင့်မှုကိုသတိရပြီးချီးကျူးနိုင်သော်လည်း အချိန်လွန်သည်နှင့်မေ့လျော့လာကြမည်။ သင်အပြင်ထွက်သောအခါ လူတိုင်းကမသတီသလိုကြည့်ပြီး မကောင်းဆိုးဝါးလိုဆက်ဆံခံရနိုင်သည်။

မျက်နှာမီးလောင်ထားသောမီးသတ်သမားကို ကလေးတွေမြင်ရင်ငိုကြမည်။

ဒဏ်ရာရသူရဲကောင်းများအဖို့ အလွန်ဝမ်းနည်းစရာကောင်းသည်။

အသေးအမွှားဆိုရင်တောင် အထက်လူတွေကလျစ်လျူမရှုနိုင်။

ယွီဖေးဆေးမှာ ဒီလိုအာနိသင်မျိုးတကယ်ရှိရင် ဒါမျိုးတွေမဖြစ်အောင်ကာကွယ်နိုင်ပြီ။

ဝန်ကြီးလုကိုယ်တိုင်လာခြင်းက ဒီသူရဲကောင်းတွေအပေါ် အထက်လူတွေရဲ့သဘောထားကိုလည်းဖော်ပြရာရောက်သည်။

"ယွီဖေးဆေးနည်းက အဓိကပါဝင်ပစ္စည်းတွေကိုဓာတ်ခွဲပြီးပြီ... ဒါပေမဲ့ အဓိကပါဝင်ပစ္စည်းတစ်မျိုးနဲ့ ဓာတ်မခွဲနိုင်တဲ့နှစ်မျိုးရှိသေးတယ်... အဲဒါကြောင့် ဝန်ကြီးလုကိုအကူအညီတောင်းရတာ''

ချူချင်းဖုန်းကဆက်ပြောသည်။

"ဝန်ကြီးလု.. ကျွန်တော်နားလည်ပါပြီ... ကျွန်တော့်ကို ဆေးနည်းနဲ့သက်ဆိုင်ရာအချက်အလက်တွေအရင်ပေးပါ... ကျွန်တော်လေ့လာကြည့်မယ်''

ချင်လင်လည်း ဝန်ကြီးလုကိုပြောလိုက်သည်။

မပြည့်စုံတဲ့ဆေးနည်းရရင် ချက်ချင်းဂိမ်းထဲဝင်ပြီး ဒေါက်တာ Dott ရဲ့ BUG မှာလျှို့ဝှက်ဆေးနည်းရနိုင်သော်လည်း အများရှေ့တွင် ဟန်ဆောင်ရသေးသည်။

သတိထားတာမမှား။ သူဆေးနည်းကို ချက်ချင်းထုတ်မပေးနိုင်။

"သူဌေးချင်... စောင့်ပါဦး!''

ဝန်ကြီးလုကပြောပြီး ဖုန်းထုတ်ကာအလုပ်စသည်။

All Chapters