← Chapters

လင်းပိုင်လို အန္တလန္တိတ်ငါး!

Vol. 79 Ch. 1181

လင်းပိုင်လို အန္တလန္တိတ်ငါး!

Vol. 79 Ch. 1181

မြန်မြန်ဆန်ဆန်ပင်_

လျိုစစ်ချန် ရေကူးပလက်ဖောင်းပေါ်ရောက်သွားသည်။ ငါးပြန်ကူးသွားမှသာ သူအသက်ရှူနိုင်တော့သည်။

လူတချို့ အနားရောက်လာသည်။

အားလုံးက မယုံနိုင်ပုံနှင့်_

"လောင်လျို.. စောစောက ဘာကြီးလဲ?''

"ဟုတ်ပါ့.. ငါးကြီးနဲ့တူတယ်''

"ခင်ဗျားကိုသယ်လာတာပဲ''

“……”

အန္တလန္တိတ်ငါးလုပ်ပုံက သူတို့အတွက်ဩချလောက်စရာဖြစ်နေသည်။

ရှားပါးတိရစ္ဆာန်ကာကွယ်ရေးဌာနမှာ အစိုးရဖက်စပ်ဖြစ်ပြီး ပေကျင်းတွင်ရုံးချုပ်ရှိသည်။ တရားရေးရာသိပ္ပံအကယ်ဒမီအောက်ရှိဌာနတစ်ခုဖြစ်ပြီး သစ်တောနှင့်ငါး ဌာနချင်းခွဲထားသည်။

ငါးမျိုးစိတ်ကာကွယ်ရေးတာဝန်ခံမှာ ချီခိုင်ရုံဖြစ်ပြီး အန္တလန္တိတ်ငါးမျိုးတုံးခြင်းက သူ့စီရင်ပိုင်ခွင့်အောက်တွင်ရှိသည်။

အခုတလော ချီခိုင်ရုံအလုပ်ရှုပ်နေသည်။ နိုင်ငံတော်အဆင့်ကာကွယ်ရမည့်ငါးမျိုးစိတ်ပေါင်း ၇၈ မျိုးရှိသည်။

ထိုရှားပါးငါးများကာကွယ်ရေးအတွက်လည်း စီမံပေးရသည်။

ထိုငါးများ၏ဂေဟစနစ်ကိုလေ့လာပြီးစီမံပေးရရုံသာမက ကာကွယ်ထားသောငါးကိုအမျိုးအစားသတ်မှတ်ရန် ကမ္ဘာအနှံ့မှပြန်ပို့သောအချက်အလက်များကိုလည်းကြည့်ရသည်။

တချို့မှာ မှောင်ခိုသွင်းခံရခြင်း၊ တချို့က မသိဘဲအဖမ်းခံရခြင်းနှင့် တချို့က ကာကွယ်ထားသောငါးဝယ်သူများလက်ထဲရောက်ကုန်သည်။

ကာကွယ်ထားသောငါးကိုအမျိုးအစားသတ်မှတ်ပြီးနောက် ကြီးကြပ်သူခေါ်ရင်ခေါ်၊ မခေါ်ရင် လူလွှတ်ပြီးလက်လွှဲယူသည်။

မည်သို့ဆိုစေ ဒီငါးများရှင်သန်ရေးကို နည်းမျိုးစုံနှင့်ခြိမ်းခြောက်ခံနေရသည်။ သူတို့ထိန်းချုပ်မထားရင် အနှေးနှင့်အမြန်မျိုးတုံးကုန်တော့မည်။

မကြာသေးခင်က မျိုးတုံးပြီဟုကြေညာထားသောအန္တလန္တိတ်ငါးလို တိုင်းပြည်အတွက်ဆုံးရှုံးမှုကြီးဖြစ်သည်။

နောက်ဆုံး အန္တလန္တိတ်ငါးမျိုးတုံးရသည့်အကြောင်းရင်းကိုလေ့လာရန် အထူးအဖွဲ့တောင်ဖွဲ့ထားသည်။

ထို့နောက် ဒီသုတေသနရလဒ်များကို သဘာဝပတ်ဝန်းကျင်သိပ္ပံရလဒ်များထဲပေါင်းစပ်ထည့်သွင်းမည်ဖြစ်သည်။

တိရစ္ဆာန်များမျိုးတုံးရသည့်အကြောင်းရင်းကိုလေ့လာခြင်းကလည်း သဘာဝဂေဟစနစ်ကိုပိုနားလည်စေသည်။

ချီခိုင်ရုံတွေးတောနေစဉ် ရုတ်တရက်ဖုန်းမြည်လာသည်။

သူကဖုန်းဖွင့်ကြည့်လိုက်ရာ ငါးသုတေသီပညာရှင်ကြီးဖြစ်နေသည်။

ရှားပါးငါးပတ်ဝန်းကျင်သုတေသနလုပ်ရာတွင် သူတို့ဌာနကိုအများကြီးကူညီပေးခဲ့သူလည်းဖြစ်သည်။

သူကချက်ချင်းဖုန်းကိုင်လိုက်ရာ တဖက်မှအလောတကြီးအသံကြားရသည်_

"မစ္စတာချီ... ချင်းလင်စံအိမ်မှာ အန္တလန္တိတ်ငါးရှိတယ်... အဲဒီငါးမျိုးမတုံးသေးဘူး''

“ဘယ်လို?”

ချီခိုင်ရုံ အံ့အားသင့်သွားသည်။

ချင်းလင်စံအိမ်ကို သူသိသည်။ သိသည်ဆိုတာထက် ပြည်တွင်းမှာချင်းလင်စံအိမ်ကိုမသိသူမရှိ။

ဒါပေမဲ့ စောစောကကြားလိုက်တာ ဘာတဲ့?

အန္တလန္တိတ်ငါးက ချင်းလင်စံအိမ်မှာပေါ်တယ်?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

အန္တလန္တိတ်ငါးမျိုးတုံးပြီလို့ကြေညာထားတာမှမကြာသေး။

သတင်းမကြေညာခင် သူတို့လူတွေခေတ်မီနည်းပညာသုံးပြီး အန္တလန္တိတ်ငါးပေါ်တတ်သောမြစ်ကမ်းများကိုရှာကြည့်ခဲ့သေးသည်။

နောက်ဆုံး ထိုနေရာများတွင် အန္တလန္တိတ်ငါးရှိပုံမရတော့ကြောင်းအတည်ပြုလိုက်သည်။

ရုံချန်းမှာ အန္တလန္တိတ်ငါးရှိသည်ဟု သတင်းအချက်အလက်မျိုး၊မှတ်တမ်းမျိုး မရှိခဲ့ဖူး။ မဟုတ်ရင် ရုံချန်းကိုလူလွှတ်ပြီးစစ်ဆေးခဲ့မည်။

"စီနီယာယွီ.. ခင်ဗျားပြောတာအမှန်ပဲလား?''

ချီခိုင်ရုံက မယုံနိုင်ပုံနှင့်မေးသည်။

တဖက်မှစီနီယာယွီက ကျိန်းသေသောအသံဖြင့်_

"အမှန်ပဲ.. တစ်ကောင်မကဘူး... ချင်းလင်စံအိမ်ရေပေါ်တံတားရှုခင်းမှာ ငါကြည့်နေတာ... မင်းကိုအခုချက်ချင်းဗီဒီယိုရိုက်ပို့လိုက်မယ်''

ဖုန်းချပြီးနောက် စီနီယာယွီထံမှဗီဒီယိုရောက်လာသည်။

ဗီဒီယိုတည်နေရာက ချင်းလင်စံအိမ်ရေပေါ်တံတား။ ငါးကြီးတချို့ ခေါင်းပြူတစ်ပြူတစ်လုပ်နေသည်ကိုတွေ့ရသည်။

တစ်ချက်ကြည့်ရုံနှင့် ဒါအန္တလန္တိတ်ငါးမှန်းသူသိသည်။

"တကယ်ပဲ''

အန္တလန္တိတ်ငါးကိုမှတ်မိပြီး ချီခိုင်ရုံအံ့ဩသွားသည်။ နောက်ပြီး ဒီအန္တလန္တိတ်ငါးက သူမြင်ဖူးသောအန္တလန္တိတ်ငါးများထက်ပိုလှကြောင်းသိလိုက်သည်။

ထို့နောက် အန္တလန္တိတ်ငါးမျိုးတုံးရသည့်အကြောင်းရင်းရှာဖွေရေးသုတေသနအဖွဲ့ကိုဖုန်းဆက်ပြီး အစည်းအဝေးခေါ်သည်။

မကြာမီ ချီခိုင်ရုံနှင့်လူတချို့ အစည်းအဝေးခန်းထဲရောက်လာသည်။

ထိုလူများက ထိုင်ပြီးပြီးချင်း တစ်ယောက်ပြီးတစ်ယောက်ပြောကြသည်_

"မစ္စတာချီ.. ရုတ်တရက်ကြီးဘာလို့အစည်းအဝေးလုပ်တာလဲ? အန္တလန္တိတ်ငါးတချို့မျိုးတုံးရတဲ့အကြောင်းရင်းကို ငါတို့တွက်ဆထားတယ်''

"ဟုတ်တယ်.. အခုပဲ အဲဒီအကြောင်းရင်းတွေလေ့လာတော့မလို့... အဲဒါတွေကြောင့်လို့အတည်ပြုနိုင်ရင် အချက်အလက်ထည့်လို့ရပြီ''

“……”

ချီခိုင်ရုံက အမြန်ပြောပြလိုက်သည်_

"အန္တလန္တိတ်ငါးမျိုးတုံးရတဲ့အကြောင်းရင်းကိုမလေ့လာနဲ့တော့... အခုချက်ချင်း ရုံချန်းကိုလိုက်ဖို့ပြင်ပါ... အဲဒီမှာ မျိုးမတုံးသေးတဲ့အန္တလန္တိတ်ငါးရှိတယ်... ခင်ဗျားတို့ကိုဗီဒီယိုပို့လိုက်မယ်''

"ဗီဒီယိုကြည့်ပြီးတာနဲ့ မြန်မြန်အသင့်ပြင်ထား... ကျုပ်လေယာဉ်လက်မှတ်ဖြတ်ခိုင်းထားပြီးပြီ... တန်းထွက်ကြမယ်''

အားလုံးကနားထောင်ရင်း ခဏကြောင်ကာ သူတို့နားကြားမှားသလားဟုတွေးနေကြသည်။

အန္တလန္တိတ်ငါးရှိတယ်?

ဒါဆိုသူတို့လေ့လာနေတဲ့ 'အန္တလန္တိတ်ငါးမျိုးတုံးရသည့်အကြောင်းရင်းရှာဖွေရေးသုတေသန'ကရော?

ခဏအကြာ အဖွဲ့ထဲတွင်ချီခိုင်ရုံပို့သောဗီဒီယိုရသည်။ အားလုံး မယုံနိုင်သောမျက်နှာထားများဖြစ်သွားကြသည်။

"တကယ်အန္တလန္တိတ်ငါးပဲ... အံ့ရော''

"အန္တလန္တိတ်ငါးက ရုံချန်းမှာဘယ်လိုလုပ်ရှိနေတာလဲ?''

"အကြောင်းရင်းတော့ရှိရမယ်... အဲဒီနေရာမှာ အန္တလန္တိတ်ငါးရှိဖူးတဲ့မှတ်တမ်းမျိုးမရှိဘူး''

“……”

အန္တလန္တိတ်ငါးဟုအတည်ပြုပြီးနောက် ထိုလူများကအချိန်ဆွဲမနေ။ အမြန်ဆုံးပြင်ဆင်ပြီး ချီခိုင်ရုံနှင့်အတူလေဆိပ်သွားကြသည်။

အန္တလန္တိတ်ငါးမျိုးမတုံးမှတော့ မျိုးတုံးရသည့်အကြောင်းရင်းသုတေသနကို အန္တလန္တိတ်ငါးကာကွယ်ရေးဟုနာမည်ပြောင်းရတော့မည်။

…

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

ချင်လင်က ဝန်ကြီးလုပို့ပေးသောယွီဖေးဆေးနည်းကိုကြည့်ဟန်ဆောင်နေစဉ် လင်းလန်ဇီအလောတကြီးရောက်ချလာပြီး_

"သူဌေး.. ရေပေါ်တံတားမှာထူးခြားနေတယ်... နှစ်မီတာ သုံးမီတာလောက်ရှိတဲ့ငါးကြီးတွေရောက်နေတာ... ချန်တပေတို့ပတ္တရောင်လှည့်ရင်းနဲ့ ရေလှောင်တမံဘက်မှာလည်း အဲလိုငါးကြီးတွေတွေ့တယ်... အရင်က ဒီငါးမျိုးမမြင်ဖူးဘူး... တချို့က အန္တလန္တိတ်ငါးလို့တောင်ပြောနေတယ်''

All Chapters