← Chapters

ရုံချန်းရာသီဥတုပြောင်းလို့!

Vol. 79 Ch. 1184

ရုံချန်းရာသီဥတုပြောင်းလို့!

Vol. 79 Ch. 1184

တချို့က အသက်ကယ်အင်္ကျီပြင်ဆင်နေကြသည်။

ချန်လီနှင့်ချီခိုင်ရုံက အသက်ကယ်အင်္ကျီများဝတ်လိုက်ကြသည်။ ထို့နောက် ချန်တပေက ကယက်လှေပေါ်တစ်ယောက်ချင်းတက်ရန်စီစဉ်ပေးသည်။ ကယက်လှေတစ်စီးစီတွင် ပဲ့ထိန်းတာဝန်ခံလုံခြုံရေးတစ်ယောက်ပါသည်။

ချန်လီနှင့်ချီခိုင်ရုံက အတူတူထိုင်သည်။

ပိုင်ရွှင်အကြောင်း နောက်ဆုံးအခြေအနေကိုသူသိချင်သည်။ စွန်းရှန်ကလည်း ညွှန်ကြားလိုက်သည်။

ရေလှောင်တမံရောက်သောအခါ ချန်လီကချန်တပေအား_

"ခေါင်းဆောင်ချန်.. မစ္စတာချီတို့ကို အန္တလန္တိတ်ငါးပေါ်တဲ့နေရာခေါ်သွားလိုက်ပါ''

"ကောင်းပါပြီ လက်ထောက်ချန်!''

ချန်တပေကခေါင်းညိမ့်ပြီး သူ့လူများကိုညွှန်ကြားသည်။

အန္တလန္တိတ်ငါးရှာရတာလွယ်သည်။ ရေပေါ်တံတားတဖက်ကိုလှော်သွားလိုက်ရုံပင်။

အန္တလန္တတိတ်ငါးတချို့မှာ အာရုံများနေကြသည်။ ခရီးသည်များ ကျွေးသည့်အစာပေါ်မျက်စိရောက်ပြီး သွားမည့်ပုံမရှိ။

ချန်တပေက ချန်လီနှင့်ချီခိုင်ရုံတို့ကို တံတားတဖက်အမြန်ခေါ်သွားသည်။

ချီခိုင်ရုံတို့မှာရောက်သည်နှင့် ချက်ချင်းမတ်တပ်ရပ်ပြီး ရေပေါ်တံတားဆီလှမ်းကြည့်ကြသည်။

ထိုနေရာတွင် အန္တလန္တိတ်ငါး ၇ ကောင်၊ ၈ ကောင်ကူးခတ်နေပြီး တစ်ကောင်တစ်ကောင်ကို နှစ်မီတာခန့်ရှည်သည်။

တခြားလူတွေမသိလောက်သော်လည်း ဒီလောက်ကြီးတဲ့အန္တလန္တတိတ်ငါးက သက်တမ်း ၇၀ မှ ၁၀၀ ရှိကြောင်း အန္တလန္တိတ်ငါးပညာရှင်များကောင်းကောင်းသိကြသည်။

ဒီလောက်ကြီးတဲ့ငါးတစ်ကောင်၊နှစ်ကောင်ပါတာ လက်ခံနိုင်သည်။ ဘာပဲဖြစ်ဖြစ် မင်မြစ်တလျှောက်မှာ ဒီလိုကြီးတဲ့ငါးရှိဖူးသည်။

ဒါပေမဲ့အခု လိုင်းပေါ်ကဗီဒီယိုထဲကလို အကောင်တိုင်းက ဒီလောက်ကြီးနေသည်။

အားလုံးက သက်တမ်းရင့်တွေချည်း။

လုံးဝလန့်စရာကောင်းသည်။

ချီခိုင်ရုံတို့က စလေ့လာသည်။ တချို့ကအထူးကင်မရာထုတ်ပြီးမှတ်တမ်းတင်ကြ၏။

ပညာရှင်တစ်ဦးက အန္တလန္တိတ်ငါးကိုတအံ့တဩကြည့်ပြီး_

"ဝန်ကြီးလု.. ဒီငါးတွေက တကယ်ထူးဆန်းတယ်... လူလုံးဝမကြောက်တဲ့ပုံပဲ''

"ဟုတ်တယ်''

နောက်ပညာရှင်ကဝင်ပြောသည်_

"ပုံမှန်အတိုင်းဆို ဒါအန္တလန္တိတ်ငါးတွေရဲ့သဘာဝမဟုတ်ဘူး''

နောက်တစ်ယောက်က_

"အမှန်ပဲ... ဒီလောက်လူတွေအများကြီးရှိနေရင် အန္တလန္တိတ်ငါးက လန့်ပြေးတာကြာပေါ့... ဒီငါးက ကျုပ်တို့သိတဲ့ငါးနဲ့ နည်းနည်းကွာမနေဘူးလား?''

"ပုံစံတူတယ်ဆိုပေမဲ့ အရေခွံ အကြေး တခြားရှုထောင့်တွေမှာ ဒီငါးကပိုလှတယ်... အလှကြည့်ဖို့ကောင်းတယ်''

သူတို့ပြောတာအဓိပ္ပါယ်ရှိသည်ဟုချီခိုင်ရုံကထင်သောကြောင့်_

"တစ်ချက်သွားကြည့်ရအောင်''

ချန်တပေကချက်ချင်း သူ့လူများကိုကယက်လှေလှော်ခိုင်းသည်။

ရေပေါ်တံတားပေါ်မှလူများက သူတို့ကိုမြင်သောအခါ ငါးကြောင့်လာမှန်းသိကုန်သည်။ အားလုံးက စပ်စပ်စုစုလှမ်းကြည့်ပြီး တချို့ဖုန်းထုတ်ပြီးဓာတ်ပုံရိုက်ကြသည်။

ကယက်လှေများ အန္တလန္တိတ်ငါးဆီမြန်မြန်ဆန်ဆန်ရောက်သွားကြသည်။

ငါးများထွက်မပြေးသောကြောင့် ချီခိုင်ရုံတို့အံ့ဩနေသည်။

ပုံမှန်ဆို ဒီလောက်ကြီးတဲ့အန္တလန္တတိတ်ငါးက ပြေးသွားလောက်ပြီ။

အခုသူတို့ကယက်လှေတွေရောက်လာတာတောင် ငါးကထွက်မပြေးတဲ့အပြင် သူတို့ဆီကူးလာပြီး လှေကိုပတ်နေသေးသည်။

ရေထဲမှခေါင်းပြူပြီးစိုက်ကြည့်နေသည်ကိုတောင် ချီခိုင်ရုံမြင်ရသည်။

ဒီငါးကသူ့ကိုလုံးဝမကြောက်ဘဲ သူ့နားလာချင်သည်ဆိုသောထူးထူးဆန်းဆန်းခံစားချက်မျိုးရသည်။

ထိုအချိန်တွင် ငါးကဘယ်ညာခေါင်းယမ်းပြီး သူ့ကိုမျက်စိကစားပြသည်။ အလွန်ချစ်စရာကောင်းနေ၏။

အင်း၊ ချစ်စရာကောင်းသည်။

ငါးကချစ်စရာကောင်းအောင်လုပ်တာလား?

ပန်ဒါကြီးတွေက ချစ်စရာကောင်းသည်ဟုဆိုကြသော်လည်း ဒီငါးတွေချစ်စရာကောင်းတာကိုမမီဟု ရုတ်တရက်တွေးမိသည်။

.

ချီခိုင်ရုံက ငါးကိုင်ချင်သောကြောင့် လက်လှမ်းလိုက်သည်။

သိပ်တော့အဓိပ္ပါယ်မရှိ။

အန္တလန္တိတ်ငါးက လူမကြောက်ရင်လည်းထားတော့။ ကိုယ်ကိုင်ချင်တိုင်း ကိုင်လို့ရတဲ့ငါးမလို့လား?

သူလက်လှမ်းလိုက်ရင် လန့်ပြေးသွားမည်။

သို့သော် သူ့လက်ကငါးခေါင်းကိုသေချာထိသွားလေသည်။

“???”

ထိုအခိုက်အတန့်ကို ချီခိုင်ရုံမယုံနိုင်။

သူတကယ်ကိုင်လို့ရသည်။

အထူးသဖြင့် အန္တလန္တိတ်ငါးက သူကျေနပ်အောင်သူ့လက်ကိုပွတ်သပ်နေသလိုတောင်ထင်မိသည်။

သူ့စိတ်တွေအရည်ပျော်တော့မတတ်။

ထူးဆန်းသောခံစားချက်ပင်။

ငါးနှင့်လူနီးစပ်ပြီး လူနှင့်ဂေဟစနစ်ရောယှက်သွားသည်။

တခြားပညာရှင်များကလည်း အန္တလန္တိတ်ငါးက အလွန်ချစ်စရာကောင်းသည်ဟုမြင်သည်။ ချစ်စရာကောင်းလွန်း၍ သံယောဇဉ်ဖြစ်လွယ်သည်။

ချီခိုင်ရုံလို သူတို့လည်း အန္တလန္တိတ်ငါးကိုထိကြည့်သည်။

အန္တလန္တိတ်ငါးက ရုန်းကန်ခြင်းမရှိဘဲ သူတို့ထက်အရင်လိုက်ထိသည်။

သူတို့ပိုအံ့ဩသွားသည်။

ဒီငါးတွေက သိတတ်တာလား?

နောက်ပြီး နှစ် ၁၀၀ သက်တမ်းရှိသောငါးများက အသိရှိနိုင်သည်။

"မစ္စတာချီ''

ပညာရှင်တစ်ဦးက ချက်ချင်းပင်_

"ဒီကောင်တွေက အရင်ငါးတွေနဲ့လုံးဝမတူဘူး... ပိုကြည့်ကောင်းရုံတင်မကဘူး... လူနဲ့လည်း အနေနီးတယ်''

နောက်တစ်ဦးက ဝင်ပြောသည်_

"ဒီငါးက ငါ့လက်ကိုတောင်ပွတ်သပ်နေတယ်... ငါ့ကိုရင်းနှီးတဲ့ပုံပဲ... ချစ်စရာကောင်းအောင်လည်းလုပ်နေတာ... လက်လန်တယ်''

တခြားပညာရှင်များကလည်း သူတို့အမြင်ကိုဖော်ပြကြသည်။

"အရင်အန္တလန္တိတ်ငါးတွေနဲ့ လုံးဝမတူဘူး''

"ဒီငါးတွေက နိုင်ငံ့ရတနာနဲ့ပိုတူတယ်''

"လိုင်းပေါ်ကဗီဒီယိုကိုသတိရတယ်... အန္တလန္တိတ်ငါးက လင်းပိုင်လိုလူကယ်တယ်ဆိုတာလေ''

ထိုစကားကြောင့် ချီခိုင်ရုံတို့စိတ်ဝင်စားသွားသည်။

အမှန်ပင်။ အန္တလန္တိတ်ငါးက လူကယ်သောသတင်းမှာအံ့ဖွယ်ဖြစ်နေသည်။

ဒါမှမဟုတ် အရင်က သူတို့နားမလည်ခဲ့တာဖြစ်မည်။

ဒါအန္တလန္တိတ်ငါးသဘာဝနှင့် လုံးလုံးဆန့်ကျင်နေသည်။

သို့ရာတွင် သဘာဝအကြောင်းပြောမှ ချီခိုင်ရုံတို့အားလုံးကြောင်သွားသည်။

အရင်ကသူတို့သိတဲ့အန္တလန္တိတ်ငါးမှာ ဒီလိုအကျင့်ရှိမည်မထင်။

ချီခိုင်ရုံက လက်တွေ့ကျသူပင်။ သူကအသက်ကယ်အင်္ကျီကိုအသာလေးချွတ်ပြီး ရုတ်တရက်ရေထဲထိုးချလိုက်သည်။

သူတမင်လုပ်ခြင်းပင်။

သူကငါးလုပ်ငန်းမှရှားပါးတိရစ္ဆာန်ကာကွယ်ရေးတာဝန်ခံတစ်ဦးဖြစ်၍ ရေကူးကျွမ်းသည်။

ရေထဲခုန်ချပြီးနောက် ရေမျက်နှာပြင်ကိုလက်နှစ်ဖက်နှင့်တဖြန်းဖြန်းရိုက်ကာ အလန့်တကြားရေနစ်ဟန်ဆောင်သည်။

လင်းပိုင်က လူကယ်တတ်သည်။ လူရေထဲကျသောအခါကြားရသောရေသံက လင်းပိုင်များ၏အာရုံကိုဆွဲဆောင်တတ်သည်။

ဒီနည်းက နည်းနည်းရယ်ချင်စရာကောင်းသည်ဟု ချီခိုင်ရုံထင်မိသည်။ အန္တလန္တိတ်ငါးကလူကယ်တတ်ရင်တောင် လင်းပိုင်မှာထိရောက်တဲ့နည်းက အန္တလန္တိတ်ငါးမှာ ထိရောက်မည်ဟုမဆိုလို။

သို့ရာတွင် ရေအောက်မှရိုက်ခတ်လာသောအားကြောင့် သူအံ့ဩမိသည်။ ထို့နောက် သူမြောက်တက်သွား၏။

အန္တလန္တိတ်ငါးက ရေထဲငုပ်လျှိုးပြီး သူ့ကိုတင်လာခြင်းပင်။ တကယ် လာကယ်သည်။

ထိုအချိန်တွင် ချီခိုင်ရုံစိတ်ရှင်းသွားသည်။ ဒီငါးက အရင်ကသူတို့သိတဲ့ငါးလုံးဝမဟုတ်။ အနည်းဆုံးတော့ မျိုးပြောင်းထားပြီ။

ဒါပေမဲ့ အရင်ကမရှိဖူးတဲ့အန္တလန္တိတ်ငါးက ရုံချန်းမှာဘာလို့ပေါ်လာတာလဲ?

ရုတ်တရက် ချီခိုင်ရုံတစ်ခုတွေးမိသည်။ တလောက ရုံချန်းရာသီဥတုပြောင်းလဲသွားသည်။ နွေမှာအေးပြီး ဆောင်းမှာနွေးသည်။ အန္တလန္တိတ်ငါးက ဒီလိုရာသီဥတုမျိုးကိုသဘောကျသည်။ ထို့ကြောင့် ဆောင်းရာသီတွင်မြစ်ကြောတလျှောက် နေရာတစ်ခုကိုပြောင်းရွှေ့လာမည်။ ဥဥချိန်မှသာ မြစ်အထက်ပိုင်းကိုပြန်တက်ကြမည်။

အတော်များများက အန္တလန္တိတ်ငါးမျိုးတုံးရသည်ဟုယုံကြည်ထားသောအကြောင်းရင်းတစ်ခုလည်းရှိသည်။ အန္တလန္တိတ်ငါးရွှေ့ပြောင်းသွားလာမှုရပ်တန့်သွားခြင်းမှာ ဓာတ်အားပေးစက်ရုံများကြောင့်ပင်။

သို့သော် ဒီလိုလည်းပြောမရ။ ဘာပဲဖြစ်ဖြစ် ဓာအားပေးစက်ရုံက ထူးထူးခြားခြားသမိုင်းနောက်ခံရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တည်ဆောက်ရမည်။ စွမ်းအင်မြင့်တက်နေသောကာလဖြစ်သည်။

ဒီနေရာတွေမှာ ဓာတ်အားပေးစက်ရုံမရှိ။

နောက်ပြီး ချန်မြစ်အန္တလန္တိတ်ငါးက ဒီအကြောင်းရင်းကြောင့်မျိုးတုံးခဲ့သည်။

တခြားမြစ်ပိုင်းက ငါးတွေရော?

ဒါပေမဲ့ ဒါကအရေးမကြီး။

အဓိကအကျဆုံးမှာ ရုံချန်းရာသီဥတုပြောင်းလဲခြင်းကြောင့် ဒီငါးများဒီကိုပြောင်းရွှေ့လာခြင်းဖြစ်သည်။ ဒါကြောင့် အန္တလန္တိတ်ငါးမျိုးတုံးပြီဟု သူတို့ထင်ခဲ့ခြင်းပင်။

အထူးသဖြင့် လက်ရှိရုံချန်းရာသီဥတုအရ ဒီငါးတွေထွက်မသွားဘဲ ရုံချန်းမှာအမြဲနေကြလိမ့်မည်။

ချီခိုင်ရုံတွေးတောနေစဉ် ငါးကသူ့ကိုတင်ပြီးရေထဲကူးခတ်နေပြီ။ ထို့ကြောင့် သူပိုအံ့ဩပြီး အန္တလန္တိတ်ငါးကိုပိုသဘောကျလာသည်။

တကယ့်နိုင်ငံ့ရတနာပဲ။

ဒီငါးတွေကိုကာကွယ်ပေးရမည်။ မျိုးတုံးသွားလို့မဖြစ်။

ထို့ကြောင့် ရုံချန်းတွင် သဘာဝအန္တလန္တိတ်ငါးထိန်းသိမ်းရေးနေရာတစ်ခုတည်ဆောက်မည်။ အဆင့်အတန်းအမြင့်ဆုံးဖြစ်ရမည်။ ထိုဘေးမဲ့နေရာအတွက် ရေသယံဇာတအဖွဲ့နှင့်ရုံချန်းဆွေးနွေးနိုင်သည်။

တခြားပညာရှင်များလည်းကြည့်နေရင်း နှစ်ယောက်ကရေထဲခုန်ချလိုက်သည်။ ထို့အတူပင် အန္တလန္တိတ်ငါးတစ်ကောင်စီက သူတို့ကိုလာတင်သည်။

"မစ္စတာချီ... ဒီငါးတွေက လင်းပိုင်တွေလိုလူကယ်တတ်တာပဲ''

"လိုင်းပေါ်မှာတချို့က ဒီငါးတွေမှာလင်းပိုင်လိုသဘာဝရှိလို့ လင်းပိုင်မျိုးစပ်ဖို့များတယ်လို့ပြောကြတယ်''

"သုတေသနလုပ်ချင်လား?''

ချီခိုင်ရုံတို့ပညာရှင်များ အချင်းချင်းကြည့်လိုက်ကြသည်။

လိုင်းပေါ်တွင်ပြည်သူများက အပျော်သက်သက်ပြောကြသော်လည်း ငါးသဘာဝတွင် စပ်မျိုးဖြစ်နိုင်ခြေအလွန်နည်းသည်။

ဒီအန္တလန္တိတ်ငါးတွေက မျိုးပြောင်းတာဆိုရင်ရော?

ချီခိုင်ရုံက_

"လုပ်ကြည့်တာပေါ့!''

All Chapters