ကံကောင်းခြင်းစုဝေးရာ ရုံချန်း!
Vol. 79 Ch. 1185
မျက်စိတစ်မှိတ်အတွင်း တစ်လကုန်လွန်သွားသည်။
ရုံချန်းတွင် အန္တလန္တိတ်ငါးပြန်ပေါ်လာသောသတင်းက လိုင်းပေါ်တွင်ဆက်ပေါက်နေသည်။
အတော်များများက အံ့ဖွယ်ဟုဆိုကြသည်။
အံ့ဖွယ်မဟုတ်ရင် မျိုးတုံးပြီလို့ကြေညာထားတဲ့ငါးတွေက ဘာလို့ရုတ်တရက်ကြီးပြန်ပေါ်လာလဲ?
တချို့က သဘာဝတရားရဲ့သင်ခန်းစာ၊ ဆုံးရှုံးပြီးမှတန်ဖိုးထားရကောင်းမှန်းသိအောင် လူတွေအသိပေးခြင်းဟုဆိုကြသည်။
အစိုးရက ပိုင်ရွှင်အကြောင်းဆွေးနွေးချက်များကို အတိအကျမတုံ့ပြန်ထားခြင်းသာ။
ဒီနေ့_
နောက်ဆုံးတော့ အစိုးရက တုံ့ပြန်ချက်ပေးလာသည်။
သတင်းထဲတွင် အသံငြိမ်ငြိမ်၊အသံဩဩနှင့်ဆွဲဆောင်မှုရှိသောတင်ဆက်သူက_
"နားဆင်သူများ နှုတ်ခွန်းဆက်သပါတယ်... ကျွန်တော်တို့ပြည်တွင်းမှာ ရေချိုငါးဘုရင်လို့သိကြတဲ့အန္တလန္တိတ်ငါးကို မျိုးတုံးပြီလို့ကြေညာထားတာမကြာသေးပါဘူး''
"၂၀၀၃ ဇန်နဝါရီမှာ ချန်မြစ်တံငါသည်တချို့က နောက်ဆုံးအန္တလန္တိတ်ငါးကို မတော်တဆဖမ်းမိခဲ့ပါတယ်... အဲဒါကြောင့် ကာကွယ်ရမယ်ဆိုတဲ့အသိကိုနှိုးဆွလိုက်သလိုဖြစ်သွားပါတယ်''
"ဒါပေမဲ့ အန္တလန္တိတ်ငါးရဲ့အဆုံးသတ်ကိုရှောင်လွှဲနိုင်ပုံမရပါဘူး.. အရင်လက အန္တလန္တိတ်ငါးမျိုးတုံးပြီလို့ကြေညာခဲ့တယ်''
"မျိုးတုံးတယ်ဆိုတာ ဒီငါးတွေကို ရုပ်ရှင်တွေ စာအုပ်တွေ တံဆိပ်ခေါင်းတွေ ပြတိုက်တွေမှာပဲမြင်ရတော့မှာပါ... ဒဏ္ဍာရီဆန်တဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်သွားမှာပါ''
"အဲဒီအချိန်ကျရင် နောက်ဆုံးကျန်ခဲ့တဲ့အန္တလန္တိတ်ငါးဟာ ကျယ်ပြောလှတဲ့မြစ်ထဲမှာ 'အသိမိတ်ဆွေ'ဆိုတာမရှိဘဲ ဘယ်လောက်ကြာကြာကူးခတ်ခဲ့ရလဲလို့ ပညာရှင်တွေသိချင်လာပါလိမ့်မယ်''
"စဉ်းစားကြည့်ကြပါ... ဒီကမ္ဘာမှာ လူတွေမျိုးတုံးသွားပြီးတော့ နောက်ဆုံးကျန်ခဲ့တဲ့လူသားဟာ လျှောက်သွားမယ်ဆိုရင် အထီးကျန်တာ ခြေကုန်လက်ပမ်းကျတာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေအထိမဖြစ်နိုင်ဘူးလား?''
"အန္တလန္တိတ်ငါးမျိုးတုံးသွားတာ ဒီလိုဖြစ်နိုင်တယ်... လူသားတွေမှာ အသိဉာဏ်ရှိတယ်.. တိရစ္ဆာန်တွေရောပဲ... ဒါစဉ်းစားစရာပါ''
"ဒါပေမဲ့ ဘုရားက ကျွန်တော်တို့ကိုမျက်နှာသာပေးခဲ့ပါတယ်... ရုံချန်းမှာ လွန်ခဲ့တဲ့လဝက်လောက်က အန္တလန္တိတ်ငါးသဲလွန်စတွေ့ခဲ့တယ်... ကျွမ်းကျင်ပညာရှင်အဖွဲ့က အန္တလန္တိတ်ငါးလို့အတည်ပြုထားပြီးတော့ အကောင် ၄၀ ကျော်တွေ့ပါတယ်''
"သဘာဝလက်ဆောင်တစ်ခုရှိပါသေးတယ်... ရုံချန်းရာသီဥတုပြောင်းလဲတာက ပုန်းကွယ်နေတဲ့အန္တလန္တိတ်ငါးတွေကိုဆွဲဆောင်နိုင်တယ်လို့လည်း တွက်ဆထားပါတယ်''
"နောက်ပြီး ဒီအန္တလန္တိတ်ငါးတွေက လူတွေနဲ့အရမ်းအနေနီးပါတယ်... ရေထဲကျတဲ့သူကို လင်းပိုင်လိုကယ်နိုင်ပါတယ်... ဒီလိုမိတ်ဆွေတွေကို ကျွန်တော်တို့မကာကွယ်သင့်ဘူးလား? သူတို့ကိုအထိအခိုက်ခံနိုင်ပါသလား?''
တင်ဆက်သူအသံနှင့် ချီခိုင်ရုံတို့ပညာရှင်များရိုက်ထားသော ရုံချန်းပိုင်ရွှင်ငါးပုံများကိုလည်းပြထားသည်။
ဗီဒီယိုထဲတွင် အန္တလန္တိတ်ငါးများက ချစ်စရာကောင်းအောင်လုပ်ပြခြင်း၊ လူနှင့်ကစားခြင်း၊ ချီခိုင်ရုံတို့ပညာရှင်များကိုတင်စီးသည့်ပုံများတောင်ပါသည်။
လူနှင့်ငါးသဟဇာတဖြစ်နေပုံက သဘာဝအကျဆုံး၊အလှဆုံးပုံဖြစ်မည်။
ထိုအချိန်တွင် အတော်များများက ပိုင်ရွှင်ငါးကြောင့်နွေးထွေးမှုကိုခံစားရပြီး သူတို့နိုင်ငံရတနာဟူ၍ဂုဏ်ယူမိသည်။
တင်ဆက်သူအသံထွက်လာပြန်သည်_
"အခု ရုံချန်းပိုင်ရွှင်ငါးဘေးမဲ့တောကို တရားဝင်ခွင့်ပြုလိုက်ပါပြီ... ရုံချန်းရဲ့မင်မြစ်ဝှမ်းက သဘာဝဘေးမဲ့တောဖြစ်လာပါမယ်''
ရုံချန်းပိုင်ရွှင်ငါးသဘာဝဘေးမဲ့တောတည်ထောင်လိုက်ခြင်းအတွက် စိတ်အလှုပ်ရှားဆုံးကရုံချန်းပင်။ သဘာဝဘေးမဲ့တောတည်ထောင်ခြင်းကလည်း ရုံချန်းဂုဏ်သတင်းကိုအတိုင်းအတာတစ်ခုအထိတက်စေသည်။
တကယ်တော့ ရုံချန်းက အထူးမြို့တစ်မြို့ဖြစ်လာခွင့်ရှိကြောင်း အထက်လူများဆွေးနွေးကြသည်ဟုကောလာဟလကြားရသည်။
မြို့တော်များ၊ မြို့ကြီးများ၊ နိုင်ငံတကာစီးပွားရေးမြို့များမှာ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်သည်ဖြစ်စေ၊ ဘယ်လောက်စီးပွားဖြစ်သည်ဖြစ်စေ၊ အားလုံးအတူတူပင်။ အားလုံးက အရှိန်အဟုန်ကောင်းကောင်းနှင့်သံမဏိတောများသာဖြစ်သည်။
ထို့ကြောင့် ထူးခြားသောမြို့တစ်မြို့ကိုလည်း ခေတ်အခါအရလိုအပ်လာသည်။
ဥပမာ ရေငြိမ့်ငြိမ့်စီးနေသောမြို့၊ ဘုရားကောင်းချီးပေးထားသောမြို့၊ လှပသောမြို့၊ ကောင်းကင်ပြာပြာ၊ပင်လယ်ပြာပြာနှင့်မြို့၊ သမိုင်းဝင်မြို့၊ အစားအသောက်မြို့...
နိုင်ငံတကာစီးပွားရေးမြို့၊ သူဌေးမြို့၊ စီးပွားရေးမြို့တော်ဟူသောစကားလုံးများကိုအသုံးနည်းလာပုံရသည်။
အထက်လူတွေရုံချန်းအကြောင်းဆွေးနွေးနေရင် ရုံချန်းက အထက်လူတွေမျက်စိထဲလုံးလုံးရောက်သွားသည့်သဘောဖြစ်သည်။ ဆက်ဆွေးနွေးရင် အောင်မြင်တော့မည်။
အခုသူတို့ဆွေးနွေးရသည့်အကြောင်းရင်းက ရုံချန်းကိုဘယ်လိုသတ်မှတ်ရမှန်းမသိခြင်းပင်။
ရုံချန်းရေလှောင်တမံ_
တစ်နေရာတွင် ချန်လီက ချီခိုင်ရုံတို့ကိုအဖော်ပြုပြီးလူတစ်စုခေါ်လာသည်။
ထိုအချိန်တွင် ချီခိုင်ရုံတို့ပညာရှင်များက ရုံချန်းအတွက်ထိပ်တန်းဦးစားပေးဖြစ်သည်။
ရုံချန်းအန္တလန္တိတ်ငါးဘေးမဲ့တောတည်ထောင်ပြီဖြစ်၍ သဘာဝဘေးမဲ့တောတည်ဆောက်ရေးတွင် ဒီလိုပညာရှင်များလိုသည်။
"နေရာ ၃ မှာ ငါးလေးတွေပိုချလိုက်''
ချီခိုင်ရုံက စကားပြောစက်ကိုင်ပြီး မြစ်ဝှမ်းထဲရှိလှေပေါ်မှလူများကိုညွှန်ကြားနေသည်။
မြစ်ဝှမ်းတွင်ရွက်လွှင့်နေသောလှေများကိုသူမြင်ရသည်။
တစ်စီးက ပစ္စည်းတင်လှေဖြစ်ပြီး နောက်တစ်စီးက မော်တော်ဘုတ်ဖြစ်သည်။
ပစ္စည်းတင်လှေပေါ်မှ ရေထဲငါးပုံးများလောင်းချနေသည်။
အန္တလန္တိတ်ငါးဘေးမဲ့တောဖြစ်၍ ငါးရှင်သန်ရေးကိုသေချာအောင်လုပ်ရမည်။
အန္တလန္တိတ်ငါးတွေဒီမှာမထားခင် အရင်ဆုံးအစာလုံလောက်အောင်ဖြည့်ဆည်းပေးထားရမည်။
ချင်းလင်စံအိမ်ခရီးသည်များကျွေးသောအစာနှင့်မရ။ ဘာပဲဖြစ်ဖြစ် ခရီးသည်များကျွေးသောတချို့အစာများက ငါးအတွက်အန္တရာယ်များသည်။
ထို့ကြောင့် ခရီးသည်များအစာမကျွေးဖို့တားမြစ်ရန် စီရင်စုနှင့်ချင်းလင်စံအိမ်လည်းပူးပေါင်းထားသည်။ သူတို့အစာကျွေးချင်ရင် သီးသန့်ငါးစာဝယ်ရမည်။
နောက်ပြီး အန္တလန္တိတ်ငါးက တခြားငါးနှင့်ပုစွန်များကိုစားတတ်သည်။
ထိုနေရာတွင်ရှိပြီးသားငါးနှင့်ပုစွန်က လက်ရှိအန္တလန္တိတ်ငါးအရေအတွက်အရ လိုအပ်ချက်ပြည့်နိုင်သည်။
သို့သော် ထိုအန္တလန္တိတ်ငါးများအားလုံးအရွယ်ရောက်လျှင် အချိန်မရွေးမျိုးပွားနိုင်သည်။ အဲဒီအချိန်ကျရင် ရေထဲကငါး၊ပုစွန်နှင့်မလုံလောက်တော့။
ဂေဟစနစ်လည်း ပျက်စီးမည်။
ထို့ကြောင့် ဂေဟစနစ်ကိုဖြည့်ဆည်းပေးရန် မွေးမြူရေးငါးများထည့်ပေးဖို့လိုသည်။
သဘာဝမှာ ရှုထောင့်တစ်ခုသာရှိသည်။ သဘာဝဘေးမဲ့တောတည်ဆောက်ခြင်းမှာမူ ထိုကျွမ်းကျင်ပညာရှင်များ၏အကူအညီလိုသောရှုထောင့်များစွာရှိလေသည်။