← Chapters

လူအိုကြီး ကောင်းကင်စမ်းသပ်ချက် ပစ်ချတဲ့အတွက် ကျေးဇူးတင်ပါတယ်

Vol. 28 Ch. 412

လူအိုကြီး ကောင်းကင်စမ်းသပ်ချက် ပစ်ချတဲ့အတွက် ကျေးဇူးတင်ပါတယ်

Vol. 28 Ch. 412

အခန်း (၄၁၂)  : လူအိုကြီး ကောင်းကင်စမ်းသပ်ချက် ပစ်ချတဲ့အတွက် ကျေးဇူးတင်ပါတယ်

သူတော်စင်တောင်ထိပ်ရှိ လေထုက လေးလံနေသည်။

စမ်းသပ်ချက် တိမ်မည်းများက မုန်ယိုနေသည့် မုန်တိုင်းလိုမျိုး ထွက်ပေါ်လာသည်။ သို့သော် ကောင်းကင်စမ်းသပ်ချက်က ယခုအထိ မိုးကြိုး မပစ်ချသေးပေ။ ထို့အစား လေထဲတွင် ဝေ့ဝဲနေပြီး အားလုံးအား ခြောက်လန့်နေလေ၏။

သူတို့က ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ လူများစွာက စိတ်မရှုပ်ဘဲ မနေနိုင်တော့ပေ  “ ဘာတွေဖြစ်နေတာလဲ။ ကောင်းကင်စမ်းသပ်ချက် စုဝေးနေတာ ကြာလှပြီ။ ဘာလို့ ဘာမှမကျဆင်းလာသေးတာလဲ ”

သာမန်ဝိဇ္ဇာ ကောင်းကင်စမ်းသပ်ချက်က ကောင်းကင်မှ အမြန်အဆန် ကျဆင်းလာလေ့ ရှိသည်။ သို့သော် သူတို့က နာရီအတော်ကြာ စောင့်ဆိုင်းခဲ့ပြီး ညအခါအထိ ရောက်လာခဲ့သော်လည်း ကောင်းကင်စမ်းသပ်ချက်က ယခုအထိ မိုးကြိုးပစ်ချမလာသေးပေ။

ကောင်းကင်စမ်းသပ်ချက်က အချိန် ကြာလေလေ စွမ်းအားက ပိုကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်ပေသည်။

ဤကောင်းကင်စမ်းသပ်ချက် တိမ်တိုက် အငွေ့အသက်က အဆုံးအစွန်အထိ ကြောက်စရာကောင်းနေလေပြီ။ တိမ်တိုက်အတွင်း လျှပ်စီးများတလက်လက် ထနေပြီး မိုးမြေကို ဖျက်စီးပစ်ချင်သည့်အလား ကြောက်မက်ဖွယ် အံ့ဖွယ်အလင်းတို့နှင့် ပြည့်နှက်နေသည်။

မင်နက်ရောင်သဖွယ် မည်းနက်နေသည့် ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်သည် ရွှေရောင်မိုးကြိုးချက်များစွာ စတင် ဖြစ်ပေါ်လာသည်။ ထိုမိုးကြိုးချက်များက ကောင်းကင်ယံတွင် ပေါ်ထွက်လာသည့် နေမင်းအလား မျက်စိစူးမတတ် တောက်ပနေကာ ညကောင်းကင်ယံအား အလင်းပေးနေသည်။

ထို့အပြင် စမ်းသပ်ချက်မိုးကြိုးများက နဂါးများသဖွယ် ပုံသဏ္ဍာန် ဖြစ်နေကြပြီး သူတို့က သိပ်သည်းလွန်းလှသည့် တိမ်တိုက်များအတွင်း ဖြတ်သန်းကာ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှင့်နေသောကြောင့် ရောင်စုံအလင်းတန်းများက နေရာအနှံ့ စီးဆင်းသွားပြီး ထင်ထင်ရှားရှား ပုံရိပ် ဖြစ်တည်လာသည်။

ထိုအရာကို မြင်ကာ ဝိဇ္ဇာများပင် တုန်တုန်ယင်ယင် ဖြစ်သွားပြီး  “ ဒါက ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်လား ”

ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်သည် ကြီးမြတ်လှသော ကောင်းကင်စမ်းသပ်ချက် ဖြစ်၏။ ပုံမှန်အားဖြင့် ကောင်းကင်စမ်းသပ်ချက် ခြောက်ကြိမ် ဖြတ်ကျော်ထားသော ဝိဇ္ဇာ အဆင့်အောက်၌ ပေါ်လာလေ့ မရှိပေ။ သို့သော်လည်း ထိုအခိုက်အတန့် ဓာတ်နှောနတ်မိုးကြိုးက တိမ်တိုက်အတွင်း ဆက်တိုက် ဝေ့ဝဲနေပြီး အရှိန်အဝါတို့က ပိုအားကောင်းလာသောကြောင့် ဝိဇ္ဇာအများစုက စိုးရိမ်လာမိသည်။

ဤကြောက်မက်ဖွယ် စမ်းသပ်ချက်က နယ်မြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မည့်အလား အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းတွင် လူတချို့က အရိပ်အယောင် တချို့ကို သတိထားလိုက်မိကြသည်။

“ ဒီဓာတ်နှောမိုးကြိုး စမ်းသပ်ချက် စွမ်းအားက ဝိဇ္ဇာ စမ်းသပ်ချက်ထက် နိမ့်ကျသလိုပဲ ”

ဓာတ်နှောမိုးကြိုး စမ်းသပ်ချက်သည် စွမ်းအားနှင့် အရေအတွက်အရ ကြောက်ဖို့ကောင်းသော်လည်း ခြောက်ကြိမ်မြောက် ဝိဇ္ဇာစမ်းသပ်ချက်ထက် အားပျော့နေသေး၏။

သို့သော် ထိုသို့ဆိုလျှင်ပင် ဓာတ်နှောမိုးကြိုးက အလွယ်တကူ ကျော်ဖြတ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

ယခု ထုတ်လွှင့်ထားသည့် အရှိန်အဝါအရ ဝိဇ္ဇာများကိုပင် ကြောက်လန့်သွားစေသည်။

သို့သော် အားလုံး၏ အာရုံကို ဖမ်းစားသွားသည်က ထိုဓာတ်နှောမိုးကြိုး စမ်းသပ်ချက်ကို ဖြစ်ပေါ်စေခဲ့သူသည် ဂျူနီယာလေးတစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပထမ မိုးကြိုးစမ်းသပ်ချက်က ခြောက်ကြိမ်မြောက် ဝိဇ္ဇာစမ်းသပ်ချက်နဲ့တောင် ယှဉ်လို့ ရတယ်လား …

ဟူး … အားလုံးက အသက်ပြင်းပြင်းရှုလိုက်မိကြသည်။

မယုံနိုင်ဖွယ်ပဲ …

သက်တမ်း တစ်ရာတည်းဖြင့် ဝိဇ္ဇာအဆင့် ဖြစ်လာဖို့ စမ်းသပ်ချက် ခံယူနိုင်ခြင်းကပင် နယ်မြေငါးခု သမိုင်းကြောင်း၌ အလွန်ရှားပါးနေပြီ ဖြစ်၏။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်လာခါစ ဆိုသည့်အကြောင်း ထည့်မပြောရသေးပေ။ သူက အသက်တစ်ရာပင် မပြည့်လောက်သေးပေ။

အသက်တစ်ရာမတိုင်ခင် ဝိဇ္ဇာဖြစ်လာဖို့ စမ်းသပ်ချက် ဖြတ်ကျော်နိုင်ခြင်းက အံ့ဩဖို့ရာ လုံလောက်နေလေပြီ။ သူ့ပထမဆုံး မိုးကြိုးစမ်းသပ်ချက်က ဝိဇ္ဇာ အစစ်အမှန် စမ်းသပ်ချက်နှင့်ပင် ယှဉ်နိုင်ပေသည်။

ဒါက ကောင်းကင်ဘုံ သွေဖယ်နေစေတဲ့ ဘယ်လိုပါရမီရှင်မျိုးလဲ … သူက ထူးချွန်လွန်းနေတယ်

အခြားသော အထွတ်အမြတ်မြေများမှ ဝိဇ္ဇာများလည်း တအံ့တဩ ဖြစ်နေကြသည်။

အကယ်၍ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ အောင်အောင်မြင်မြင် ဖြတ်ကျော်သွားနိုင်လျှင် သူ့အင်အားက ဝိဇ္ဇာအများစုကို  ချက်ချင်း ကျော်လွန်သွားမည် မဟုတ်ပါလော။

ဂျိန်း …

စမ်းသပ်ချက် တိမ်တိုက်များက အရူးအမူး စုဝေးလာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။ မိုးကြိုးချက်များက တိမ်တိုက်များဆီမှ ထူးထူးခြားခြား ထွက်ပေါ်လာဟန်ပေါ်သည်။

ရွှေရောင်မိုးကြိုးချက်များက အဆုံးအစွန်အထိ တောက်ပနေပြီး အရှိန်အဝါကလည်း ပိုပြင်းထန်လာသည်။ ရွှေရောင်မိုးကြိုးနဂါးက တိမ်ပင်လယ်ထဲ ဖြတ်သန်းကာ အဖျက်စွမ်းအားများ ထုတ်လွှင့်နေသည်။ စမ်းသပ်ချက် တိမ်တိုက်က ကန့်သတ်ချက်ရောက်သွားဟန်ဖြင့် ပေါက်ကွဲထွက်တော့မည်ဟန် ပေါ်နေသည်။

အားလုံးက သူတော်စင်တောင်ထိပ်အား အပြည့်အဝ အာရုံစိုက်ထားလိုက်ကြသည်။

သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် ဝိဇ္ဇာမိုးကြိုးစမ်းသပ်ချက်အား အမှန်တကယ် ဖြတ်ကျော်နိုင်မလားဟု သိချင်မိသည်။

ထိုအခိုက်အတန့် အလင်းရောင်အလွှာတစ်ခု ပွင့်လာကာ ရောင်စုံအလင်းများ နောက်ဆုတ်သွားလေ၏။

တောင်ကို ကာရံထားသော အစီအရင်က ဖြည်းဖြည်းချင်း ပွင့်သွားပြီး အားလုံးရှေ့ မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

ရှန်ထျန်းက တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရှိနေသည်။ သူ့ခန္ဓာကိုယ်က တောက်ပနေပြီး လက်ချောင်းများက လေထဲတွင် ကခုန်နေကာ အလင်းတန်းလှလှလေး ဖန်ဆင်းနေသည်။

သူ့ရှေ့တွင် ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါများ ထုတ်လွှင့်နေသည့် အစိမ်းရောင် ဧရာမ မီးပြင်းဖိုကြီးတစ်လုံး ရှိနေသည်။

ထိုမြင်ကွင်းကို မြင်ကာ အားလုံးက အားပြု ကြည့်လိုက်ကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် ဝိဇ္ဇာစမ်းသပ်ချက် ခံယူတာ မဟုတ်ဘဲ ဆေးလုံး သန့်စင်နေခဲ့တာလား။

အားလုံးက ကြောင်အမ်းသွားကြလေသည်။ ယခုအခါမှ သူတို့သည် ထိုဆေးမီးဖိုမှ ကြောက်မက်ဖွယ် ဝိဇ္ဇာမိုးကြိုးစမ်းသပ်ချက်ကို ဆင့်ခေါ်ခဲ့မှန်း သတိပြုမိသွားကြသည်။

မည်သို့သော ဆေးလုံးမျိုးက ဝိဇ္ဇာအဆင့် ကောင်းကင်စမ်းသပ်ချက်ကိုတောင် နှိုးဆွပေးနိုင်ရတာလဲ။

ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်းမွန်ကြသည့် ချီရှောက်ရွမ်နှင့် အခြားပါရမီရှင်များပင် ကြောင်အမ်းသွားကြသည်  “ ညီအစ်ကိုရှန်က ဆေးလုံး ဖော်စပ်နိုင်တာလား ”

သူတို့က ရှန်ထျန်းတစ်ယောက် ဆေးလုံး ဖော်စပ်ခြင်းကို တစ်ခါမှ မမြင်ဖူးကြသော်လည်း သူ့လက်ရှိ ဆေးဖော်စပ်ရေး ပညာမှ ကောက်ချက်ချရလျှင် အဆင့်မြင့် ဆေးလုံးဆရာထက် အားမနည်းချေ။

ဟူး … ညီအစ်ကိုရှန်က ထူးချွန်လိုက်တာ။ သူက အများကြီး ဖုံးကွယ်ထားခဲ့တာပဲ

ချီရှောက်ရွမ်နှင့် ကျန်လူများက အံ့ဩတုန်လှုပ်နေကြသော်လည်း စကားမပြောဘဲ မနေနိုင်ကြပေ  “ အစ်ကိုရှန်က တကယ်ကို ငါတို့ရဲ့ စံပြလူသားပဲ ”

ဆေးပညာ လေ့လာရေးအပေါ် ခက်ခဲမှုသည် ကျင့်ကြံရေးလမ်းစဉ်ထက် မနိမ့်ကျပေ။

မြောက်များစွာသော ပါရမီရှင်တို့က ဆေးပညာနှင့် တွဲဖက်လေ့လာလိုသော်လည်း ထိုသို့မျိုး ပါရမီ ပါမလာကြပေ။

တစ်ဖက်တွင် ပါရမီရှင်အများစုက ဆေးပညာအပေါ် ပါရမီ ပါကြသော်လည်း သူတို့ကျင့်ကြံရေး ပါရမီက အသင့်အတင့်မျှသာ ဖြစ်သည်။

ကဏ္ဍနှစ်မျိုးလုံးတွင် ထူးချွန်ဖို့ အင်မတန် ရှားပါးလှသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအချက်က ရှန်ထျန်း၏ ပါရမီသည် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး မကြုံစဖူး ပြိုင်ဖက်ကင်း  ဖြစ်၏။

အနည်းဆုံးတော့ နှစ်တစ်သောင်းအတွင်း ရှန်ထျန်း အသက်အရွယ်ဖြင့် နှစ်ဖက်လုံးတွင် ထူးချွန်သည့် တစ်ယောက်ယောက် မရှိခဲ့ချေ။

လွန်ခဲ့သော နှစ်တစ်သိန်းခန့်က နံပါတ်တစ် ဆေးနတ်ဧကရာဇ်ပင် ပါရမီမထူးချေ။

အားလုံးက အံ့အားသင့်နေစဉ် ရှန်ထျန်းက မရပ်တန့်သွားပေ။

သူ့လက်များက ဆက်တိုက် လှုပ်ရှားနေပြီး ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးဖိုထဲ အမျိုးမျိုးသော လက်ဟန်များ ထည့်ပေါင်းပေးနေသည်။ သူက ဆေးလုံး ဖွဲ့တည်ဖို့ နောက်ဆုံးအဆင့်ကို ရောက်နေလေပြီ။

ထူးဆန်း‌သော စွမ်းအားလှိုင်းများက ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးဖိုထဲ စုစည်းသွားကာ ကောင်းကင်တာအို စည်းမျဉ်းအား ဆင်းသက်လာစေသည်။ ထိုအခါ သိပ်သည်းလွန်းလှသည့် ထာဝရအလင်းတန်းများ အဆက်မပြတ် ကျရောက်လာသည်။

ထိုစဉ် ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးဖို၏ အလင်းရောင်က မီးဖိုအတွင်းရှိ ဆေးလုံးအတွင်း ပေါင်းစပ်သွားသည်။ ပုံမှန်ပြန်ဖြစ်သွားသည့်အလား အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းများ တစ်နေရာတည်း စုပြုံလာသည်။

သို့သော်လည်း လေထဲတွင် ရနံ့သင်းသင်းလေး ထွက်ပေါ်လာပြီး နေရာအနှံ့နှံ့သို့ ပျံ့နှံ့သွားလေသည်။

…………….

ဤရနံ့သင်းသင်းလေးက မှိန်ဖျော့နေကာ အာရုံမခံမိလုနီးပါးအထိ ဖြစ်နေသော်လည်း လက်ရှိ အထွတ်အမြတ်မြေတွင် နေရာအသီးသီးမှ ပညာရှင်များ ရောက်နေကြသည်။ သူတို့၏ ကျင့်ကြံဆင့်က အားကောင်းလှပြီး အာရုံခံကောင်းကြလေသည်။ ပို၍ အရေးကြီးသည်က အားလုံးသည် ရှန်ထျန်းအပေါ် အာရုံအပြည့်အဝ စိုက်ထားကြသည်။

ရနံ့သင်းသင်းလေးမျှသာ ဖြစ်သော်လည်း သူတို့က အမိအရ ဖမ်းဆုပ်နိုင်လိုက်သည်။

နောက်အခိုက်အတန့်လေး၌ အားလုံး၏ ခန္ဓာကိုယ်က တုန်ခါသွားကြသည်။

ကျင့်ကြံဆင့်နိမ့်ကြသည့် ပါရမီရှင်များပင် ထိုထူးထူးဆန်းဆန်း စွမ်းအားကို အာရုံခံမိလိုက်ပြီးသည်နှင့် ခြေချိတ်ထိုင်ကာ ဉာဏ်အလင်းပွင့် အခြေအနေသို့ ရောက်ရှိသွားကြသည်။ ဝိညာဉ်အသွငပြောင်းနှင့် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများလည်း သူတို့ဝိညာဉ် ပြောင်းလဲလာသလို ခံစားလိုက်မိကြသည်။

“ ဒါက ဘယ်လိုဆေးလုံးမျိုးလဲ။ အတော်လေး ထူးခြားလွန်းမနေဘူးလား ”

မဟာလေဟာနယ် သူတော်စင် ဝမ်ရှန်းယုက မနေနိုင်ဘဲ ထုတ်ပြောလိုက်သည်။ သူ့မျက်ဝန်းတို့က တက်ကြွမှုအပြည့် ဖြစ်နေသည်။ ဆေးရနံ့လေးကို ရှုရှိုက်မိလိုက်သည်နှင့် သူ့သွေးမျိုးဆက် ထွက်ပေါ်လာကာ ပြောင်းလဲနေသလိုမျိုး ခံစားမိလိုက်သည်။

ဝမ်ရှန်းယုက မနေနိုင်ဘဲ တအံ့တဩ ရေရွတ်လိုက်သည် “ ဒီဆေးလုံးက ငါ့အတွက် အရမ်းအကျိုးရှိတာပဲ။ ငါ့သက်တမ်းကို တိုးမြင့်ပေးနိုင်တယ် ”

အကယ်၍ သူသာ ထိုဆေးလုံးကို ရလျှင် သူ့သက်တမ်းကို ချက်ချင်း ပြန်လည် ဖြည့်တင်းနိုင်ပြီး နောင်၌ သူ သတ်ချင်သည့်လူကို သတ်နိုင်မည် မဟုတ်ပါလော။

ဤဆေးလုံးက လိပ်နက် ထာဝရအသက်ကျမ်းထက်ပင် ပို၍ အားကောင်းလှသည်။ သန့်စင်လှသော ဆေးအာနိသင်က ဝမ်ရှန်းယု၏ သက်တမ်းကို ပြန်လည် ဖြည့်တင်းပေးနိုင်လိမ့်မည်။ ပို၍ အရေးကြီးသည်က သူက လိပ်ဆီမှ သင်စရာ မလိုတော့ပေ။

ဤဆေးလုံးက ဝမ်ရှန်းယု အိပ်မက်မက်နေခဲ့သည့် အထွတ်အထိပ် ဆေးလုံးမျိုး ဖြစ်၏။

ချီရှောက်ရွမ်အတွက်လည်း အတူတူ ဖြစ်ပေသည်။ သူ့အရှိန်အဝါတို့ ထွက်ပေါ်လာပြီး မျက်ဝန်းများက တောက်ပလာသည်။ သူ့နတ်ဧကရာဇ် အလားအလာပါရမီဖြင့်ပင် ဤဆေးလုံးက သူ့အတွက် အလွန်အသုံးဝင်ကြောင်း ခံစားမိလိုက်၏။

ဤအထွတ်အထိပ်ဆေးလုံးက သူ့အား အပြည့်အဝ ပြောင်းလဲပေးနိုင်လိမ့်မည်။

အားလုံးက အမှန်ဖြစ်၏။

ရှန်ထျန်း ဖော်စပ်နေသည့် ဆေးလုံးမှာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖြစ်ပေသည်။

ဤဆေးလုံးအသုတ်ကို ဖော်စပ်နိုင်ဖို့အတွက် ရှန်ထျန်းက မြောက်များစွာသော ဝိဇ္ဇာဆေးပင်များ ထုတ်သုံးခဲ့ရသည်။ သူက ထိုဆေးပင်များကို အမျိုးမျိုးသော ဆန်းကြယ်နယ်ပယ်များမှ ရရှိထားခြင်း ဖြစ်၏။ သူတို့က အလွန်အဖိုးတန်ကာ အဖိုးမဖြတ်နိုင်ချေ။

အကယ်၍ ထိုအကြောင်း ပြင်ပလောကဆီ ပျံ့နှံ့သွားပါက သွေးမုန်တိုင်း ဖြစ်သွားစေနိုင်သည်။ ကောင်းကင်အသျှင်များစွာလည်း အရူးအမူး  ဖြစ်ကုန်ကြပြီး ဝိဇ္ဇာများပင် ပါဝင်လာလိမ့်မည်။

သို့သော်လည်း ရှန်ထျန်းက ထိုအဖိုးတန် ထိပ်တန်းဝိဇ္ဇာဆေးပင်များ ခြင်းအပြည့် ရှိထားလေသည်။

ရလဒ်အနေနှင့် အဓိက ပါဝင်ပစ္စည်းသာ နတ်ဧကရာဇ်ဆေးပင် မဟုတ်လျှင်ပင် ဤဆေးလုံးများသည် အနည်းဆုံးတော့ ဝိဇ္ဇာအဆင့် ဖြစ်နေဦးမည်ပင်။

ရှန်ထျန်း၏ ဆေးဖော်စပ်ခြင်း ပညာလည်း တိုးတက်လာသောကြောင့် ဖြစ်သည်။

သို့သော်လည်း ထိပ်တန်း ဝိဇ္ဇာဆေးပင်များစွာက အဓိကအနေနှင့် နေရာယူထားလေသည်။ ပြောရလျှင် အရေအတွက် အပြောင်းအလဲက အရည်အသွေး ပြောင်းလဲမှုဆီ ဦးတည်သွားသည် မဟုတ်ပါလော။

ထို့အပြင် ထိပ်တန်းဝိဇ္ဇာဆေးပင်များစွာကို အတူတကွ သန့်စင်ဖော်စပ်လိုက်ခြင်းက အလွန်ရှားပါးလှသည်။

၁၂ ရက်ကြာ သန့်စင်ဖော်စပ်ပြီးနောက် ဤကောင်းကင်ပြုပြင်ရေး ဆေးလုံးအသုတ်သည် နတ်ဧကရာဇ်တပိုင်းအဆင့်သို့ ရောက်သွားခဲ့လေပြီ။ ထို့ကြောင့် ဆေးရနံ့သင်းသင်းလေး ထွက်လာရုံမျှ ဖြစ်သော်လည်း အားလုံးက အကြီးအကျယ် တုန်လှုပ်သွားကြခြင်း ဖြစ်သည်။

နတ်ဧကရာဇ်တပိုင်း ဆေးလုံးသည် နယ်မြေငါးခုအတွင်း အလွန်အဖိုးတန်လှသည်။ ပြောရလျှင် ဝိဇ္ဇာများကိုပင် အရူးအမူး ဖြစ်စေနိုင်လောက်သည့် အထွတ်အထိပ် ရတနာမျိုး ဖြစ်၏။

တန်ဖိုးအားဖြင့်  ယခင်တစ်ခေါက် ရှန်ထျန်း ဖော်စပ်ခဲ့သော နတ်ဧကရာဇ်အဆင့် ကောင်းကင်ပြုပြင်ရေးဆေးလုံးထက် အနည်းငယ် နိမ့်ကျလေသည်။

ယခင်တစ်ခေါက်က နတ်ဧကရာဇ် ဆေးပင်ကို သန့်စင်ကာ အသုံးပြုခဲ့သောကြောင့် နတ်ဧကရာဇ် စည်းမျဉ်းများ ပါဝင်နေသည်။ ထိုသို့ဆိုလျှင်ပင် နတ်ဧကရာဇ်တပိုင်းအဆင့် ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် သာမန်နတ်ဧကရာဇ် ဆေးလုံးများထက် များစွာ အဖိုးတန်လှသည်။

အကြောင်းမှာ ဤဆေးအာနိသင်က လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို လျစ်လျူရှုထားပြီး ပါရမီကို တိုးမြင့်ပေးနိုင်၍ ဖြစ်သည်။

ကျင့်ကြံဆင့် ပါရမီကို တိုးပွားအောင် လုပ်နိုင်သည့် ဆေးလုံးမျိုးက မည်သည့်အဆင့်ပင် ဖြစ်စေကာမူ တခြားသော သာမန်ဆေးလုံးများထက် အများကြီး ပိုဈေးကြီးလှသည်။

လူတစ်ယောက်၏ ကျင့်ကြံဆင့် စွမ်းအားကို တိုးမြင့်ပေးနိုင်သည့် အချက်ကို လျစ်လျူရှုနိုင်သည့်အကြောင်း ထည့်မပြောရသေးပေ။ ဤသည်မှာ လုံးဝ မယုံနိုင်လောက်ဖွယ်ပင်။

.................

ထိုစဉ် ရှန်ထျန်းက  ဆေးလုံး ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

ကောင်းကင်တာအိုက ကောင်းကင်ပြုပြင်ရေး ဆေးလုံး အာနိသင်ကို မခံနိုင်သောကြောင့် ကောင်းကင်စမ်းသပ်ချက်ကို ဖြစ်ပေါ်စေကာ ဤကောင်းကင်ဘုံ သွေဖယ်နေသည့် ဆေးလုံးမျိုးကို ဖျက်စီးပစ်စေချင်နေသည်။

ဒါက အလွန်သာမန်ကျသည့် အခြေအနေတစ်ခု ဖြစ်၏။

မိုးမြေတာအိုနှင့် ရင်ဆိုင်လိုက်သည်နှင့် ကောင်းကင်စမ်းသပ်ချက်ကြောင့် ဖျက်စီးခံရမည်သာ ဖြစ်သည်။

သဘောတရားအရဆိုရလျှင်  ရှန်ထျန်း ဖော်စပ်ခဲ့သည့် နတ်ဧကရာဇ် ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် ကောင်းကင်စမ်းသပ်ချက်နှင့် တွေ့ကြုံသင့်ခဲ့ပေသည်။

သူတို့က နတ်ဧကရာဇ်အဆင့် ဆေးလုံးများ ဖြစ်ကြ၏။ သူတို့တည်ရှိမှုမှာ နတ်ဧကရာဇ်များ၏ နှလုံးသားကိုပင် လှုပ်ကိုင်နိုင်လေသည်။ ထို့ကြောင့် ကောင်းကင်ဘုံက မလိုလားသည်မှာ ပုံမှန်သာ ဖြစ်သည်။

သို့သော်လည်း ရှန်ထျန်းက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန်အတွင်း ဖော်စပ်ခဲ့သောကြောင့် ပြင်ပလောကနှင့် သီးခြားဖြစ်နေခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်တစ်သိန်းခန့်က နံပါတ်တစ် ဆေးနတ်ဧကရာဇ် ဖြစ်သည့် ပဒုမ္မာကြာ နတ်ဧကရာဇ်လည်း အတူတူ ရှိနေခဲ့သည်။ သူက ကောင်းကင်ပြုပြင်ရေး ဆေးလုံး အငွေ့အသက်အား စိမ့်ထွက်မသွားစေရန် တားဆီးထားသောကြောင့် မိုးကြိုးစမ်းသပ်ချက်မှ ကင်းလွတ်သွားခြင်း ဖြစ်ပေသည်။

မဟုတ်လျှင် နတ်ဧကရာဇ် ကောင်းကင်ပြုပြင်ရေး ဆေးလုံးများသည် အလွယ်လေး ဖွဲ့စည်းမည် မဟုတ်ဘဲ ကြောက်မက်ဖွယ် မိုးကြိုးချက်များကို ခံယူရလိမ့်မည်။

လက်ရှိ ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သီးခြားနေရာတွင် ဖော်စပ်နေခြင်း မဟုတ်သောကြောင့် ကောင်းကင်တာအို၏ အာရုံခံနိုင်စွမ်းကို မရှောင်နိုင်ခဲ့ပေ။

ထို့ကြောင့် ကောင်းကင်တာအိုက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် နယ်မြေငါးခုရှိ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ပေါ်ထွက်လာကြောင်း အာရုံခံမိပြီးနောက် ကောင်းကင်စမ်းသပ်ချက်ကို ပို့လွှတ်ကာ ဖျက်စီးစေခဲ့သည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီကောင်းကင်စမ်းသပ်ချက်ကို ခံယူပြီး ဆေးလုံး ဖွဲ့စည်းနိုင်ပါ့မလား မသိဘူး ”

ဓာတ်နှောမိုးကြိုး စမ်းသပ်ချက်သည် ဝိဇ္ဇာများအား စိတ်ပူပန်လာစေသည်။ သူတို့ကိုယ်တိုင်ပင် ခံနိုင်ရည် ရှိဖို့ ယုံကြည်ချက်မရှိကြချေ။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ခံနိုင်ရည်ရှိမလား။

နှစ်ထောင်ချီ ဝိဇ္ဇာများအတွက် ရှန်ထျန်းသည် ကလေးမျှသာ ဖြစ်၏။ ထို့နောက် လူများစွာက မျက်လုံးပြူးမျက်ဆံပြူး၊ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်လိုက်မိကြသည်။

“ သူတော်စင်က … ဘာလုပ်နေတာလဲ ”

ထိုအချိန် ရှန်ထျန်းက တခြားသူများလောက် နိုးနိုးကြားကြား ဖြစ်မနေပေ။ ထို့အစား သူက ဦးခေါင်းကို မော့ကာ စမ်းသပ်ချက်တိမ်တိုက်အား ဦးညွှတ်လိုက်သည်။

ထို့နောက် သူက အသံပြတ်ပြတ်သားသားဖြင့် ပြောလိုက်သည်  “ လူအိုကြီး ကောင်းကင်စမ်းသပ်ချက် မအားလပ်တဲ့ကြားကနေ ကျွန်တော့်ဆေးလုံးကို မိုးကြိုးချက် ရိုက်ခတ်ပေးဖို့ ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

“...”

“...”

“...”

“...”

လူများစွာက ကြောင်အမ်းသွားကြသည်။ ဝိဇ္ဇာများလည်း မျက်နှာရှုံ့မဲ့ကုန်ကြ၏။

ဒီကလေးက ဘာတွေလုပ်နေတာလဲ … ကောင်းကင်စမ်းသပ်ချက်ကို ဆုတောင်းကိုးကွယ်နေတာလား …

ကောင်းကင်စမ်းသပ်ချက်ကို  ကိုးကွယ်လိုက်ရုံနဲ့ သူက မင်းကို မသတ်တော့ဘူးလို့ ထင်နေတာလား

မင်းက လာနောက်နေတာပဲ

ကောင်းကင်စမ်းသပ်ချက်သည် ကောင်းကင်တာအိုမှ မွေးဖွားလာကြောင်း သိထားရပေမည်။ ကောင်းကင်တာအိုသည် နှလုံးသားကင်းမဲ့လှ၏။

ကောင်းကင်စမ်းသပ်ချက်ကို ရန်စခြင်းသည် ကောင်းကင်စမ်းသပ်ချက်ကို ပို၍ ပြင်းထန်လာစေသော်လည်း မည်သူကမှ ကောင်းကင်စမ်းသပ်ချက်အား ယဉ်ယဉ်ကျေးကျေးဖြင့် ဦးမညွှတ်ဖူးကြပေ။

အကယ်၍ ဤအပြုအမူသာ အသုံးဝင်လျှင် ကောင်းကင်စမ်းသပ်ချက်၌ သေဆုံးသွားရသည့် ကံမကောင်းသော လူအရေအတွက်များမည် မဟုတ်ပေ။

နေကိုးစင်း သူတော်စင်က နှာခါင်းရှုံ့လိုက်သည်  “ဒီကောင်လေးက သေချင်နေတာပဲ ”

ကောင်းကင်စမ်းသပ်ချက်ရှေ့တွင် လူသားများက ပုရွက်ဆိတ်လိုမျိုး အားနည်းလှသည်။ ကောင်းကင်ဘုံဆီ ဝတ်ပြုဆုတောင်းရုံဖြင့် စွမ်းအားလျော့ကျသွားမည် မဟုတ်ပေ။

သူက အားလုံးထုတ်သုံး၍ ရင်ဆိုင်မည့်အစား ထိုသို့သော လှည့်ကွက်မျိုးကို တွေးနေလေသည်။ သူက သေချင်နေတာလား။

နေကိုးစင်း အထွတ်အမြတ်မြေ၏ ဝိဇ္ဇာများနှင့် ကောင်းကင်အသျှင်တို့က နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့က ရှန်ထျန်းအား ပြဿနာရှာလိုသော်လည်း  သူတို့အားစိုက်စရာ မလိုလိုက်ဘဲ ထိုကောင်လေးက ကိုယ့်သေတွင်းကို တူးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အကယ်၍ ရှန်ထျန်းသာ ကောင်းကင်စမ်းသပ်ချက်အောက် ပျောက်ကွယ်သွားခဲ့လျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ပိုအရှက်ရဖွယ် ဖြစ်လာပေမည်။ မနက်ဖြန်က အခမ်းအနားရက် မဟုတ်ပါလော။ အကယ်၍ ယနေ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့လျှင် သူတို့အတွက် အကောင်းဆုံးလက်ဆောင် ဖြစ်သွားပေမည်။

အကယ်၍ ထိုအတိုင်းသာ တကယ် ဖြစ်သွားခဲ့ပါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် နောက်နှစ်ထောင်ချီသည့်အထိ လှောင်ပြောင်ခံနေရလိမ့်မည်။ သို့သော်လည်း နောက်ပေါ်ထွက်လာသည့် မြင်ကွင်းမှာ ဝိဇ္ဇာများအား ကြောင်သွားသည်။

သူတော်စင်တောင်ထိပ်ရှိ မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များက ရှန်ထျန်းကြောင့် အားနည်းသွားသည့်အလား လျှပ်စီးများက အနည်းငယ် မှေးမှိန်သွားလေသည်။

“ မဖြစ်နိုင်တာ” နေမင်းကိုးစင်း သူတော်စင်က တအံ့တဩ ရေရွတ်လိုက်ပြီး သူ့အကြည့်တို့တွင် မယုံနိုင်မှုအတိ ဖြစ်နေသည်။

အခြားသော သူတော်စင်များလည်း ကြောင်ကုန်ကြသည်။

ဒါက ဘာလဲ … ကောင်းကင်စမ်းသပ်ချက် စွမ်းအားက တကယ်ကြီး အားပျော့သွားတာလား

ဒီနည်းလမ်းက တကယ်ကြီး အလုပ်ဖြစ်တယ်လား … ဒါမှမဟုတ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောင်းကင်တာအိုရဲ့ တရားမဝင်သားများလား

ကောင်းကင်စမ်းသပ်ချက်တောင် သူ့ကို မျက်နှာသာပေးရတယ်လား …

ဝိဇ္ဇာပင် ဤသို့ ထူးထူးဆန်းဆန်းမျိုး အဖြစ်အပျက်ကို မမြင်ဖူးပေ။ သို့သော်လည်း သူတို့က ရှန်ထျန်း၏ နည်းလမ်းသည် အမှန်တကယ် အလုပ်ဖြစ်သည်ဟု မယုံဘဲ ရှန်ထျန်းသည် ကောင်းကင်တာအို၏ တရားမဝင်သားတော်ဟု ပိုယုံချင်ကြသည်။

ဤနှစ်များတစ်လျှောက် လူများစွာက တူညီသော ကိစ္စကိ ပြုလုပ်ခဲ့သည်။ ဤကိစ္စက မယုံကြည်နိုင်လွန်းပြီး မိုးမြေစည်းမျဉ်းကိုပင် ဖိနှိပ်ထားနိုင်သည်။

ဝမ်ရှန်းယု၏ ပါးစပ်ဟောင်းလောင်းဖြင့် သူ့မေးရိုးပင် ပြုတ်ကျလာမလို ခံစားလိုက်ရသည်။ သူက မနေနိုင်ဘဲ ရေရွတ်လိုက်၏

“ အစ်ကိုရှန်က အရမ်းမိုက်တယ်။ အရင်တုန်းက အစ်ကိုရှန်ကို ကံကောင်းလွန်းတဲ့ ကံကြမ္မာသားတော်လို့ တွေးခဲ့ကြပေမဲ့ သူက ကောင်းကင်တာအိုရဲ့ တရားမဝင်သား ဖြစ်နေတာကိုး … တကယ်ကို အံ့ဩဖို့ကောင်းတယ် ”

ဝမ်ရှန်းယုက လက်မအကြီးကြီးထောင်ပြလိုက်သည်။

ချီရှောက်ရွမ်က ဝမ်ရှန်းယုအား စိုက်ကြည့်ကာ  “ အရူး ”

ဝမ်ရှန်းယုက ချက်ချင်း ရှုးရှုးရှဲရှဲ ဖြစ်လာပြီး  “ ချီမျိုးရိုးနဲ့ တစ်ယောက် မင်းလွန်လွန်းနေပြီ။ ငါ့အသက်ကို စတေးပြီး မင်းကို သတ်ပစ်မယ်ဆိုတာ ယုံလား။ လတ်တလော ငါ တာအိုအသိအမြင်တွေ တိုးတက်လာပြီးတော့ သက်တမ်းတစ်ရာလောက် ပြန်ရလာပြီ။ ရှင်းရှင်းပြောရရင် တစ်ယောက်ယောက်ကို သတ်ချင်နေပြီ ”

“ အိုး မင်း လုပ်ကြည့်လေ” ချီရှောက်ရွမ်က မပြောင်းမလဲ ပြောလိုက်သည်။ သူ့အနားရှိ ခရမ်းရောင်အငွေ့အသက်များက ကျယ်ပြန့်ပြီး အားကောင်းလာကာ စွမ်းအားကြီးကြီး ထွက်ပေါ်လာသည်။

ကောင်းကင် ပုဆိန်လှံရှည် ရုတ်တရက် ပေါ်ထွက်လာပြီး သေမျိုးလောကဆီ ဆင်းသက်လာသည့် စစ်နတ်ဘုရားတစ်ပါးလိုမျိုး ခရမ်းချီများကို သိမ်းယူသွားလေသည်။

ဤအချိန်အတွင်း ချီရှောက်ရွမ်၏ အရည်အချင်းက များစွာ တိုးတက်လာခဲ့သည်။ သူက သူ့လက်ရှိစွမ်းအားကို စမ်းသပ်ကြည့်ရန် တစ်ယောက်‌ယောက်ကို ရှာချင်နေသည်။

“ ဘာ … ဘာလုပ်ချင်တာလဲ။ မင်းကို ကြောက်တယ်များ ထင်မနေနဲ့။ အစ်ကိုရှန်ရဲ့ မိုးကြိုးစမ်းသပ်ချက်အပေါ် အနှောင့်အယှက် ဖြစ်စေမှာစိုးလို့သာ မဟုတ်ရင် မင်းကို သေတဲ့အထိ ပိုင်းဖြတ်ပစ်မှာ ”

ဝမ်ရှန်းယုက အနည်းငယ် အပြစ်ရှိစိတ် ခံစားလာရသည်။ သူက ချီရှောက်ရွမ်သည် အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားသောကြောင့် အနည်းငယ် နေရခက်သွားခဲ့သည်။ သူ့သက်တမ်းတချို့ ပြန်ကောင်းမွန်လာသော်လည်း ချီရှောက်ရွမ်နှင့် ရင်မဆိုင်နိုင်သေးပေ။

ရှန်ထျန်းကိုသာ လျစ်လျူရှုထားလျှင် ချီရှောက်ရွမ်က အရှေ့ပိုင်းလွင်ပြင်တွင် နံပါတ်တစ် ကျော်ကြားသူ မဟုတ်ပါလော။

ယခု သူက သူ့ရွယ်တူများအတွင်း နယ်မြေငါးခု၌ အားအကောင်းဆုံးထဲပင် ပါနေလောက်မည်။

သက်တမ်း နှစ် ၃၀၀ မှ ၅၀၀ ကြား မရှိဘဲ ဝမ်ရှန်းယုက ထိုလူကို တိုက်ဖို့ ယုံကြည်ချက် မရှိပေ။

...........

“ ငါက သေတော့မဲ့ လူအိုတွေကို အနိုင်မကျင့်ပါဘူး ”

ချီရှောက်ရွမ်က သူ့အား လျစ်လျူရှုပြီး အကြည့်လွဲလိုက်တော့သည်။

ဝမ်ရှန်းယု၏ နှလုံးသားက ချီရှောက်ရွမ်၏ လျစ်လျူရှုမှုကြောင့် နာကျင်လာသော်လည်း ဘာမှမလုပ်ရဲချေ။ ဝမ်ရှန်းယုက လိပ်နက်အသက်ရှည်ကျမ်း ရလာခဲ့သော်လည်း သူက သက်တမ်းသုံးစွဲရခြင်းအပေါ် စွဲလမ်းလာခဲ့သည်။

ယခင်အတိတ်တုန်းက သူ့ကိုယ်သူ အများကြီး ထိန်းချုပ်ထားခဲ့သောကြောင့် ဖြစ်နိုင်သည်။ ဝမ်ရှန်းယုက လတ်တလော သဘောမတူမှုတွေ့တိုင်း သက်တမ်းကို စတေးဖို့အတွက် နောင်တမရဘဲ တိုက်ခိုက်လေ့ရှိသည်။

သူ ပြန်ကောင်းလာသည့် အမြန်နှုန်းက သူ သက်တမ်း သုံးစွဲသည့်နှုန်းလောက် မမြန်ပေ။ ယခုအချိန် ဝမ်ရှန်းယုတွင် ဆံဖြူဖြူများ ရှိနေဆဲ ဖြစ်ပြီး လူငယ်အသွင် ပြန်မရသေးပေ။

သူ သက်တမ်းပြန်ကောင်းလာသည့်အချိန်တိုင်း သူက မနေနိုင် မထိုင်နိုင် ဆက်လက် သုံးစွဲနေမိသည်။

ဤသည်မှာ လိင်ဆက်ဆံသကဲ့သို့ ဖြစ်ပြီး ဖျောက်ဖျက်လိုက်ဖို့ ခက်ခဲလှသည်။

သို့သော်လည်း သူ့ကို အနိုင်မယူခြင်းက သူ့ကို အနိုင်မယူနိုင်ခြင်းဟု မဆိုလိုပေ။ ဝမ်ရှန်းယုက ရေရွတ်လိုက်၏  “ ချီမျိုးရိုး စောင့်နေလိုက် ”

ခဏတော့ အေးဆေးနေခိုင်းလိုက်မယ် … သိပ်မကြာပါဘူး

ငါ့ကို ရယ်ခဲ့တဲ့ ကမ္ဘာကြီးက အရမ်း ရူးသွပ်လွန်းနေပေမဲ့ ငါကတော့ ငါ့ကို မမြင်နိုင်တဲ့ အခြားလူတွေကို ရယ်မိတယ်

အထွတ်အထိပ်ဆေးလုံး ပေါ်လာသည့်အခါ သူက အစ်ကိုရှန်ကို အရင်ဆုံး သွားချီးကျူးရမည်။

ဟားဟား အစ်ကိုရှန်သာ ကျေနပ်သွားရင် သူ ပြီးဆုံးသွားတဲ့အခါ ငါ့အတွက် ဝေစုလေး ရလာမယ် မဟုတ်ဘူးလား

ငါက အရမ်းဉာဏ်ကောင်းလိုက်တာ

ဒါက အထွတ်အထိပ်ဆေးလုံးလေ … သောက်ပြီးသွားရင် ငါ ပျံတောင် ပျံနိုင်လောက်တယ်

သောက်ပြီးသွားရင် ငါ့သက်တမ်းလည်း တိုးလာမယ် … အဲဒီအခါကျ ချီမျိုးရိုးကို တစစီ လုပ်ပစ်မယ် …

All Chapters