← Chapters

အံ့ဖွယ်မိုးကောင်းကင်၏ လေလံပွဲ

Vol. 28 Ch. 415

အံ့ဖွယ်မိုးကောင်းကင်၏ လေလံပွဲ

Vol. 28 Ch. 415

အခန်း (၄၁၅)  :  အံ့ဖွယ်မိုးကောင်းကင်၏ လေလံပွဲ

ဝိဇ္ဇာများက လျို့ဝှက်အရိပ်သည် ဂိုဏ်းချုပ်လက်ထဲ တင်းတင်းကျပ်ကျပ် ချည်နှောင်ခံထားရသည်ကို မြင်လိုက်သည့်အခါ စိတ်သက်သာရာ သက်ပြင်းချလိုက်မိသည်။ အနည်းဆုံးတော့ ထိုမိစ္ဆာကောင်ကို ဖမ်းမိသွားလေပြီ။

အထွတ်အမြတ်အသီးသီးက မိစ္ဆာဝိညာဉ်ဂိုဏ်းသည် မည်မျှ ကြီးမားသည့် အန္တရာယ်ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက လျို့လျို့ဝှက်ဝှက် ပုန်းအောင်းနေပြီး သိုသိုသိပ်သိပ် နေခဲ့ကြသည်။ ထို့ကြောင့် အထွတ်အမြတ်မြေများက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ရှင်းထုတ်ဖို့ ကြိုးစားကြသော်လည်း အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ချေ။

ကံဆိုးစွာဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်းက ဝိဇ္ဇာအစစ်အမှန်သည် ရှန်ထျန်းအား သတ်ရန် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာခဲ့သည်။

ဤရဲတင်းလွန်းသည့် အပြုအမူက သူတို့ကို သတိထားဖို့ တိုက်တွန်းနေသလို ဖြစ်နေသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းက အချိန်အကြာကြီး တည်ရှိခဲ့သောကြောင့် သူတို့ မည်မျှ အားကောင်းမှန်း မည်သူမှ သေချာမသိကြပေ။ သို့သော်လည်း ကိစ္စတစ်ခုတော့ မလွဲဧကန်ပင်။ အကယ်၍ မိစ္ဆာဝိညာဉ်ဂိုဏ်းသာ တိုက်ပွဲစတင်လိုက်လျှင် ကပ်ဘေး ဖြစ်လာလိမ့်မည်။

အထွတ်အမြတ်မြေများက မသိချင်ယောင် မဆောင်နိုင်ပေ။ နယ်မြေငါးခုလုံးက ကပ်ဘေးချောက်နက်အတွင်း ကျရောက်သွားနိုင်သည်။

ထိုစဉ် လျို့ဝှက်အရိပ် ပြောပုံအရ မိစ္ဆာဝိညာဉ်ဂိုဏ်း တပ်မဟာသည် အနှေးနှင့်အမြန် နယ်မြေငါးခုလုံးကို တိုက်ခိုက်လာလိမ့်မည်သာ ဖြစ်၏။ အထွတ်အမြတ်မြေအသီးသီးမှ ဝိဇ္ဇာများက စိတ်မပူဘဲ မနေနိုင်တော့ပေ။

“ ကပ်ဘေးကြီး ရောက်လာတော့မယ် ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က အသာလှုပ်ခတ်သွားကာ  “ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဝိဇ္ဇာအစစ်အမှန်ကို ချုပ်ထိန်းထားပြီးပြီဆိုတော့ သူတော်စင်ရာထူးအပ်နှင်းပွဲကို နဂိုအချိန်စာရင်းအတိုင်း ကျင်းပကြတာပေါ့ ”

ဝိဇ္ဇာများက စိုးရိမ်မှုကို ချိုးနှိမ်ထားကြပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကြည့်လိုက်ကြသည်။

စွမ်းအားကြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကြည့်ပြီးနောက် ဝိဇ္ဇာများက မနေနိုင်ဘဲ ရေရွတ်လိုက်ကြသည် “ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့အမြုတေ အဆီအနှစ်ကို လောင်ကျွမ်းခံလို့သာ  မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဝိဇ္ဇာအစစ်အမှန်ကို ဖမ်းမိခဲ့တာ။ ကျုပ်တို့တွေ ရှက်မိပါတယ်ဗျာ ”

အားလုံးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ စွမ်းအားကြောင့် အံ့ဩနေကြသည်။ သူက ဝိဇ္ဇာဖြစ်လာသည်မှာ နှစ်တစ်ထောင်မျှသာ ရှိသေးသော်လည်း သူ့စွမ်းရည်က ပြိုင်ဖက်ကင်းနေလေပြီ။ အခြားသော အသက်ကြီးကြီး ဝိဇ္ဇာများက သိမ်ငယ်မှုကို ဝန်ခံခဲ့ကြသည်။

အကယ်၍ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လျို့ဝှက်အရိပ်ကို ဖမ်းနိုင်လိုက်သောကြောင့်သာ မဟုတ်လျှင် မည်သူကမှ မဟာဝိဇ္ဇာအဆင့်နီးပါးလောက် မြန်ဆန်သူကို ဖမ်းနိုင်မည် မဟုတ်ချေ။

ထိုအခါ ဝိဇ္ဇာများအတွက် မျက်နှာပျက်စရာ ဖြစ်လာလိမ့်မည်။

လျို့ဝှက်အရိပ်သာ လွတ်မြောက်သွားခဲ့လျှင် အထွတ်အမြတ်မြေအသီးသီး၏ အိပ်မက်ဆိုး ဖြစ်လာမည်မှာ မလွဲဧကန်ပင်။

ထိုသို့စွမ်းရည်မျိုးဖြင့် ဝိဇ္ဇာအစစ်အမှန်တစ်ယောက် သူတို့ကို ပစ်မှတ်ထားလျှင် ဝိဇ္ဇာပင် အိပ်ရေးပျက်ညများ ရှိလာပေမည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားကာ  “ ထျန်းအာက ငါ့တပည့် ဖြစ်သလို အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ပဲ။ သူတော်စင်ကို ထိခိုက်အောင် လုပ်တဲ့သူတိုင်းကို ငါ့အမြုတေအဆီအနှစ် လောင်ကျွမ်းသွားရင်‌တောင် အလွတ်မပေးဘူး။

ပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာရှိနေတဲ့ တပည့်တိုင်းကို ကာကွယ်ပေးရမဲ့ တာဝန်လည်း ရှိတယ်။ မိစ္ဆာဝိညာဉ်တွေက ငါ့ဂိုဏ်းသားတွေကို ထိခိုက်အောင် လုပ်နေရင် ငါ့နောက်ဆုံး အသက်မျှင်းမျှင်လေးကျန်တဲ့အထိ တိုက်သွားရမှာပဲ။ အံ့ဖွယ်မိုးကောင်းကင် တည်ရှိနေသရွေ့ ငါတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်က ပျောက်ကွယ်မသွားဘူး ”

အခြားသော အထွတ်အမြတ်မြေများ၏ ပါရမီရှင်များက အံ့ဩကာ အားကျလာကြသည်။

“ အံ့ဖွယ်မိုးကောင်းကင် တည်ရှိနေသရွေ့ သူတို့စိတ်ဓာတ်က ပျောက်ကွယ်မသွားဘူးတဲ့။ စိတ်တက်ကြွစေတဲ့ စကားတွေပါ့လား ”

“ ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ဆရာလား။ လေးစားစရာကောင်းလိုက်တာ ”

“ သူက တပည့်တွေအပေါ် တကယ် ဂရုစိုက်တာပဲ။ သူ့အမြုတေအဆီအနှစ် ကုန်ဆုံးသွားဖို့တောင် ဝန်မလေးဘူး ”

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဒီလိုဂိုဏ်းချုပ်မျိုး ရှိထားတဲ့အတွက် ကံကောင်းလိုက်ကြတာ ”

“ ငါတို့ဂိုဏ်းချုပ်ကို ကြည့်ကြပါဦး။ နေ့တိုင်း ငါတို့ကို သင်ကြားပေးတဲ့ အဖိုးအခကို ရိတ်သိမ်းဖို့ပဲ နည်းလမ်းမျိုးစုံ စဉ်းစားနေတာ။ သူတို့ကို ယှဉ်လို့တောင် မရဘူး ”

“ ဟုတ်တယ်။ ငါ့ညီမလေးလည်း ကျင့်ကြံရမဲ့ အရွယ် ရောက်လာပြီ။ သူမကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်နိုင်မဲ့ နည်းလမ်း ရှာပေးရမယ်။ ဒီမှာဆို သူမအတွက် တစ်ယောက်ယောက် ကျောထောက်နောက်ခံရှိတယ်လေ”

“ ဟုတ်တာပေါ့။ တကယ်လို့ ကမ္ဘာကြီးသာ ကမောက်ကမ ဖြစ်လာခဲ့ရင် ငါတို့တွေ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တစ်ယောက်ယောက်နဲ့အတူတူဆိုရင် နောက်ဆုတ်ရမဲ့ လမ်းကြောင်းတောင် ရလာလိမ့်မယ် ”

………....

ထိုအချိန်တွင် မြောက်များစွာသော ပါရမီရှင်တို့က သူတို့ဂိုဏ်းချုပ်များအကြောင်း မနေနိုင်ဘဲ ငြီးတွားနေကြသည်။ သူတို့အကြည့်များက  “ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကြည့်လိုက်ပါဦး” ဟူ၍ ပြောနေသည့်အလား ဖြစ်နေသည်။

အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်များလည်း ဤအခြေအနေ ကျရောက်သွားကြောင်း သိလိုက်ရ၍ မျက်နှာ ရှုံ့မဲ့သွားကြသည်။ သူတို့က သူတို့အထွတ်အမြတ်မြေဆီ ဝင်လာမည့် ပါရမီရှင်အရေအတွက်သည် နောင်အနာဂတ်၌ အချိန်အတော်ကြာ လျော့ဆင်းသွားလိမ့်မည်ဟု မှန်းဆမိလိုက်ကြသည်။

ကြာပြာက နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်မိသည်။

ဒီညီလေး မြေခွေးအိုကြီးတော့  ထပ်လုပ်ပြန်ပြီ …

ကြာပြာက ဂိုဏ်းချုပ်အတွေးများကို မည်သို့ မသိဘဲ နေမည်နည်း။ ဤသည်မှာ သူတို့အထွတ်အမြတ်မြေ တပည့်များအတွက် စိတ်အာဟာရ ဖြစ်၏။

ပို၍ အရေးကြီးသည်က အဓိကပစ်မှတ်မှာ ရှန်ထျန်းဆီမှ အမှတ်များရရန် ဖြစ်သည်။

သူက အောင်မြင်သွားမှန်း သိသာလှသည်။

ရှန်ထျန်းက ရင်ထဲ ထိသွားမိကာ ရွှေရောင်သစ်ဆေး သုတ်ထားသည့် ကျောက်စိမ်းပုလင်း နှစ်ပုလင်းကို ထုတ်လိုက်ပြီး ဂိုဏ်းချုပ်ဆီ ပေးလိုက်သည်။

“ ဆရာ … ဒီမှာ ဆရာ ကုန်ဆုံးသွားတဲ့ အမြုတေအဆီအနှစ်ကို ပြန်လည် ဖြည့်တင်းဖို့အတွက် နိဗာနတော်ဝင်ရေစင် ၅၀ လီတာနဲ့ သုံးရောင်ခြယ် ရေစင်ပါ”

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အသာအယာ လှုပ်ခတ်သွားကာ   “ ထျန်းအာရေ ကျေးဇူးပါ။ ဒါပေမဲ့ ဆရာ အဆင်ပြေပါတယ်။ ရက်နည်းနည်းလောက် နားလိုက်တာနဲ့ ပြန်ကောင်းလာမှာပါ။ ဒီလိုအဖိုးတန်မျိုးကို မင်းအတွက်ပဲ သိမ်းထားလိုက်ပါကွယ် ”

ရှန်ထျန်းက ဦးညွှတ်ကာ ပြောလိုက်သည်  “ ဆရာက ကျွန်တော်ကို ကာကွယ်ပေးနိုင်ဖို့  အဲဒီအယုတ်တမာနဲ့ တိုက်ရင်း အမြုတေအဆီအနှစ်တွေ သုံးထားရတာလေ။ ကျွန်တော့်ကျင့်ကြံဆင့်က နိမ့်လွန်းပါသေးတယ်။ အဲဒါကြောင့် ဘာမှမကူညီနိုင်လိုက်ဘူး။ ဆရာ ဒါကို မငြင်းပယ်ပါနဲ့နော် ”

“ ထျန်းအာ … ဆရာ တကယ် မလိုတာပါ ”

“ဆရာ လက်ခံလိုက်ပါဗျာ ”

“ ထျန်းအာ ဒီလိုမျိုး အဆင့်မြင့်ရတနာကို ကိုယ့်အတွက်ကို သိမ်းထားသင့်တယ်”

“ ဆရာ ကျွန်တော်ဆီမှာ အများကြီးရှိပါသေးတယ်။ အဲဒါကြောင့် စိတ်မပူပါနဲ့ ”

…………..

ကျွန်တော်ဆီမှာ အများကြီး ရှိပါသေးတယ် …

အငြင်းသုံးခွန်း၊ တောင်းဆိုမှု သုံးခွန်း စကားဝိုင်းက ဝိဇ္ဇာများအား အားကျမနာလို ဖြစ်လာစေသည်။

ဒါက နိဗာနတော်ဝင်ရေစင်နဲ့ သုံးရောင်ခြယ် ရေစင် ၅၀ လီတာလေ …

နိဗာနတော်ဝင်ရေစင်ရဲ့ အာနိသင်က နည်းနည်းလေး နိမ့်ကျပေမဲ့ ပမာဏများတာက အရည်အသွေးကို ခြုံငုံမိဖို့ လုံလောက်တယ်လေ။

သူတို့အနေနှင့် အမြုတေအဆီအနှစ်ကို နိဗာနတော်ဝင်ရေစင် ၅၀ လီတာဖြင့် အကြိမ်အနည်းငယ်အထိ  ပြန်လည် ဖြည့်တင်းနိုင်သည်။

ကုသရေး အာနိသင်ကောင်းမွန်သည့် အထွတ်အထိပ်ရတနာဖြစ်သည့် သုံးရောင်ခြယ် ရေစင် ပါသည့်အကြောင်း ထည့်မပြောရသေးပေ။

ဤသို့မျိုး ရတနာများက ဝိဇ္ဇာများအတွက်ပင် အသုံးဝင်ပြီး တာအိုဒဏ်ရာများ ကုသပေးနိုင်သည်။ အကယ်၍ တခြားတစ်နေရာရာတွင် ပေါ်ထွက်လာပါက လူများစွာက အလုအယက် တိုက်ခိုက်ကြလိမ့်မည်။

အထွတ်အမြတ်မြေ ဂိုဏ်းချုပ်အသီးသီးက အားကျမနာလို ဖြစ်နေကြ၏။

အခြားသူတော်စင်တွေက ဘာလို့ ဒီလောက်ချမ်းသာနေရတာလဲ …

ထို့နောက် သူတို့က သူတို့သူတော်စင်ကို ပြန်ကြည့်မိလိုက်ကြပြီး ခေါင်းတယမ်းယမ်း ဖြစ်သွားကြသည်။

ဟူး … နှိုင်းယှဉ်လို့တောင် မရဘူး … သူတို့က ဘာလို့ ဒီလောက်ဆင်းရဲမွဲတေနေရတာလဲ … ငွေကြေးမရှိဘဲ သူတို့က ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ

.............

ကြာပြာကောင်းကင်အသျှင်က အားကျနေမိသည်။

ကြာပြာပင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ယှဉ်လိုက်လျှင် သူ့စွမ်းရည်နှင့် အမှတ်ယူနှုန်းက မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

တာအိုကိုယ်တော်ကြီးက သနားစဖွယ် ပြောလိုက်သည်  “ တူတပည့်လေး ငါလည်း အဲဒီမိစ္ဆာကောင်ကို ဖမ်းတုန်း အကျိုးပြုပေးခဲ့တယ်လေကွာ။ သူက အရမ်းကို အားကောင်းတာ။ ငါလည်း  သူ့ကို ဖိနှိပ်ဖို့ ဝိညာဉ်ချီအမြောက်အများ ထုတ်သုံးလိုက်ရသေးတယ်။ အရမ်းကို ပင်ပန်းနေပြီ။ ငါ့ကို ကောင်းကင်ပြုပြင်ရေး ဆေးလုံးနည်းနည်းလောက် ပေးလို့ ရမလား ”

လူအုပ်ကြီး  “ … ”

ကြာပြာဆိုသည့်အတိုင်း သူ့အရည်ထူနှုန်းက တုနှိုင်းမဲ့ပေသည်။

ဝိညာဉ်ချီအမြောက်အများ ကုန်ဆုံးခဲ့တာတဲ့လား … မင်းက သူ့နောက်ကနေ တုတ်နဲ့ ချောင်းရိုက်လိုက်တာလေ မေ့သွားပြီလား

ဘယ်လိုလုပ် ဝိညာဉ်ချီအများကြီး သုံးလိုက်ရတာတုန်း

မင်းတုတ်က မမာကြောဘဲ တစစီ ဖြစ်သွားလို့လား … ဒီလိုဆိုရင်တောင် မင်းလွန်လွန်းသွားပြီ

..................

ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ

“ ဦးလေး မနောက်ပါနဲ့ဗျာ။ ဦးလေးက သူ့ကို တုတ်တစ်ချက်တည်းနဲ့ ချလိုက်တာလေ။ အဲဒါကို ဦးလေးပြောပုံအရ ဘာလို့ တိုက်ပွဲအပြင်းအထန် တိုက်ထားရသလိုမျိုး ဖြစ်နေရတာလဲ”

ကြာပြာ၏ မျက်နှာက နီရဲလာသော်လည်း အလျှင်အမြန် ဖုံးကွယ်ကာ  “ ငါက အတွင်းဒဏ်ရာ ရသွားတာဆိုတော့ မသိသာတာလေ။ ဘာဖြစ်ဖြစ် ငါ ဒဏ်ရာရထားတယ်။ တကယ်လို့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသာ မကုသပေးနိုင်ရင် ငါတော့ သေတော့မှာပဲ။ ငါ … ”

ဂိုဏ်းချုပ်က ဆက်နားမထောင်နိုင်တော့ဘဲ သူ့မိုးကြိုးသံကြိုးဖြင့် ကြာပြာအား ရစ်ပတ်ကာ အဝေးခေါ်ဆောင်သွားလိုက်သည်။

“ ညီလေး ခဏလေးနေဦး။ ငါ ပြောစရာကျန်သေးတယ်။ တူလေးရေ … ကိုးလုံးလောက်ဆိုရင်ရော … အဲလောက်လည်း အဆင်ပြေတယ်။ ရှစ်လုံး၊ ခုနစ်လုံး၊ ခြောက်လုံး၊ ငါးလုံးလည်း အဆင်ပြေတယ်  ဝူးဝူး … ”

ဓာတ်နှောနတ်မိုးကြိုးတို့ စုစည်းလာကာ အဝတ်သဖွယ် ဖြစ်သွားပြီး ကြာပြာ ပါးစပ်ကို ပိတ်ဆို့ထားလိုက်သည်။

ကြာပြာ၏ ဆံပင်တို့ ထောင်မတ်လာကာ ပေါက်ကရ လျှောက်ပြောနေခြင်းလည်း ရပ်တန့်သွားသောကြောင့် အရာအားလုံးက တိတ်ဆိတ်ငြိမ်းချမ်းသွားသည်။

ကြာပြာ ဆွဲခေါ်သွားခံရသည်ကို ကြည့်ကာ အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲများစွာက စိတ်သက်သာရာ သက်ပြင်းချလိုက်ကြသည်။

ဂိုဏ်းချုပ်ရေ ထိန်းထား … အဲလူက စကားဆက်မပြောသင့်ဘူး။ အရမ်းကို ရှက်စရာကောင်းလွန်းတယ်

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေလည်း ဂုဏ်သတင်း ထိန်းထားရဦးမယ်လေ

................

ကြာပြာအား တစ်ဖက်သို့ ဆွဲခေါ်လာပြီးနောက် ဂိုဏ်းချုပ်က ရှန်ထျန်းဘေးနား ပြန်ပေါ်လာသည်။

ရှန်ထျန်းက သူ့ပဒုမ္မာကြာ ဆေးမီးပြင်းဖိုကို သိမ်းလိုက်ပြီး ကောင်းကင်ပြုပြင်ရေး ဆေးဆယ်လုံးကို ဂိုဏ်းချုပ်ဆီ ပေးလိုက်သည်။

“ ဆရာ … ဒီဆေးလုံးတွေကို ဂိုဏ်းအတွက် ပေးချင်ပါတယ် ”

“ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုက တခြားသူများရဲ့ လောဘကို ဖြစ်စေတဲ့အတွက် အပျက်အစီးကို ဆောင်ကျဉ်းတတ်သည်” ဟူသော စကားအတိုင်း ဖြစ်၏။

ရှန်ထျန်းက ထိုအချက်ကို ကောင်းကောင်း သိထားသည်။ အကယ်၍ သူသာ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို သူ့ဆီတွင် ထားထားလျှင် သေချာပေါက် ပစ်မှတ်ထားခံရလိမ့်မည်။

ထိုဝိဇ္ဇာများက အပေါ်ယံတွင် စိတ်မဝင်စားချင်ယောင်ဆောင်နေကြသော်လည်း သေချာပေါက် လိုချင်နေကြလိမ့်မည်။ ဤအရာက ဓာတ်နှောနတ်မိုးကြိုး စမ်းသပ်ချက်ကို ဆွဲဆောင်နိုင်သည့် ဆေးလုံး မဟုတ်ပါလော။

ဝိဇ္ဇာများအတွက် စတေးဖို့ လုံလောက်ပေသည်။

လျို့ဝှက်အရိပ်သည် မြင်သာသည့် ဥပမာတစ်ခု ဖြစ်သည်။ ခြောက်ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာပင် သူ့အကြောင်းမှန် ပေါက်ကြားသွားနိုင်သည့် စတေးမှုကို ယူကာ ဆေးလုံးများကို လုယူဖို့ လုပ်ခဲ့သည်။ ထို့ကြောင့် ဤသည်မှာ ထိုဝိဇ္ဇာများအတွက် ဤသို့သော ဆွဲဆောင်မှုမျိုးကို မသိချင်ယောင်ဆောင်ဖို့ သေချာပေါက် ခက်ခဲကြောင်း ပြသနေသည်။

ရှန်ထျန်းက အနှေးနှင့်အမြန် ဂိုဏ်းမှ ထွက်ကာ သွားလာရဦးမည် ဖြစ်သည့်အတွက် သူ့တစ်ဘဝလုံး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် မနေနိုင်ပေ။

ထို့ကြောင့် သူ့ကို ပစ်မှတ်ထာဖို့ လွယ်ကူသွားပေမည်။ ရှန်ထျန်းက အဆင့်နိမ့် ဝိဇ္ဇာတစ်ယောက်၊ နှစ်ယောက်လောက် လုပ်ကြံခြင်းကို စိတ်ထဲ မထားသော်လည်း ဒုက္ခများပေသည်။

တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့က ပင်ပန်းစရာကောင်းလှသည်။ အကယ်၍ သူသာ လူတစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ဖြစ်စေခဲ့လျှင် ထိုလူက သူ့အပေါ် အငြိုးတရား ထားဖို့ လွယ်သွားပေဦးမည်။

ထို့ကြောင့် သူက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို အားလုံးရှေ့မှောက်တွင် ပြဿနာကင်းစေရန် ဂိုဏ်းချုပ်ဆီ ပေးအပ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်၏။

ပြဿနာနည်းလေလေ ပိုကောင်းလေ ဖြစ်သည်။

ကျင့်ကြံရေးလောက၌ ကြိုတင်သတိထားခြင်းက ပို၍ ကောင်းပေသည်။

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့ လှုပ်ခတ်သွားကာ ပုံမှန်ပြောနေကျအတိုင်း ပြောလိုက်သည် “ထျန်းအာ ငါတို့ ဒီဆေးလုံးတွေနဲ့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ ”

မြေခွေးအိုကြီးအနေနှင့် သူက ရှန်ထျန်း၏ စဉ်းစားမှုများကို မည်သို့မသိဘဲ နေမည်နည်း။ ထို့ကြောင့် ဂိုဏ်းချုပ်က မငြင်းပယ်ဘဲ ရှန်ထျန်း၏ အမြင်ကို ထုတ်မေးလိုက်ခြင်း ဖြစ်သည်။

ရှန်ထျန်းက မေးဖျားလေးထိကာ

“ ဆရာ ကျွန်တော်တို့ ဝိဇ္ဇာအဆင့် ဒါမှမဟုတ် အသုံးအဆောင်တချို့ ရဖို့ ဒီကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လေလံတင်ကြရင်ရော ဘယ်လိုလဲ။ သူတို့ကို ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူ ရမှာပေါ့။

ပြီးတော့ တကယ်လို့ ကျွန်တော်တို့ အထွတ်အမြတ်မြေက တပည့်တွေနဲ့ အကြီးအကဲတွေက ဆေးလုံး လိုလာရင် ကျွန်တော် ထပ်ဖော်စပ်ပေးလို့ ရတယ်လေ။ ဒါပေမဲ့ လိုအပ်တဲ့ ပစ္စည်းကိုတော့ သူတို့ ထောက်ပံ့ပေးမှ အဆင်ပြေမှာ  ”

ပထမဆုံး ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသာ အာနိသင်ရှိပြီး ဒုတိယဆေးလုံး ထပ်စားဖို့ အသုံးမဝင်ပေ။ ဤနည်းဖြင့် ဆေးလုံးများကို ဝိဇ္ဇာဆေးပင်များနှင့် အသုံးအဆောင်ပစ္စည်းများဖြင့် တိုက်ရိုက်လဲလှယ်ခြင်းက ပိုကောင်းပေမည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် အခြားသော အထွတ်အမြတ်မြေကြားရှိ ဆက်ဆံရေးမှာ တိုးမြင့်လာရုံသာမက အရင်းအမြစ်လည်း ပေါများလာစေမည်။

ဆေးပင်နှင့် ယန်မီးဓာတ်သာ လုံလုံလောက်လောက်ရှိနေသရွေ့ ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ထပ်ဖော်စပ်နိုင်သည်။

တစ်ခါသုံး မဟုတ်ဘဲ သူ့အခြေအနေသာ ခွင့်ပြုနေသရွေ့ အကောင်းဆုံး ဖော်စပ်နိုင်လေသည်။

ဤသည်မှာ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖော်စပ်ခြင်းမျှသာ ဖြစ်၏။

ရှန်ထျန်းက အချိန်နည်းနည်း အသုံးချလိုက်ရုံဖြင့် ထိုဆေးလုံးများစွာ ရှိလာနိုင်သည်။

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အညင်အသာ လှုပ်ခတ်သွားကာ  “ ထျန်းအာမှာ ဒီလိုအတွေးမျိုး ရှိနေတာ သဘောကျတယ်။ ဒီလိုဆိုမှတော့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးနဲ့ လဲလှယ်သမျှ ရတနာအားလုံးက မင်းအပိုင်ပဲ … ”

ရှန်ထျန်းက ခဏကြောင်သွားပြီးနောက် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်

“ ဆရာ ကျွန်တော်က ဂိုဏ်းသားတစ်ယောက်ဆိုတော့ ဂိုဏ်းအတွက် အကျိုးပြုချင်ပါတယ်။ ဒီကောင်းကင်ပြုပြင်ရေး ဆေးလုံးက ကျွန်တော်အနေနဲ့ ဂိုဏ်းကို ပေးတာဆိုတော့ အရင်းအမြစ်တွေကလည်း ဂိုဏ်းအပိုင်ပဲ ဖြစ်သင့်ပါတယ်။ ကျွန်တော် မယူနိုင်ပါဘူး။

ကျွန်တော်အနေနဲ့ အထွတ်အမြတ်မြေက ကိုယ့်အပေါ် ဘာပေးလိုက်တာလဲဆိုတာကို တွေးမဲ့အစား ကိုယ့်ဘက်ကနေ အထွတ်အမြတ်မြေကို ဘယ်လိုပြန်ပေးနိုင်မလဲဆိုတာကို တွေးသင့်တယ်လို့ အမြဲယုံကြည်တယ်။ ကျွန်တော် ဂိုဏ်းအပေါ် အကျိုးပြုနိုင်လို့ ပျော်မိပါတယ်။ ဆရာ လက်ခံပေးပါဗျ ”

ဂိုဏ်းချုပ်က ခေါင်းအသာခါကာ  “ ထျန်းအာရေ မင်းက ဒီဆေးလုံး ဖော်စပ်ဖို့ အရင်းအမြစ်တွေရော။ အားစိုက်မှုတွေရော အများကြီး သုံးထာရတာလေ။ ဂိုဏ်းအနေနဲ့ မင်းအပေါ် အခွင့်ကောင်း မယူသင့်ဘူး။ အဲကြောင့် ဆုံးဖြတ်လိုက်ပြီ။ ထပ်မငြင်းနဲ့တော့ ”

ဂိုဏ်းချုပ်၏ လေသံက ဆုံးဖြတ်ချက် ပြတ်သားနေပြီး ငြင်းဆန်ဖို့ အခွင့်အရေး မပေးချေ။

ရှန်ထျန်းက သဘောတူ ခေါင်းညိတ်ရုံမှအပ ရွေးချယ်စရာ မရှိချေ။

ဟုတ်ပေသည်။ သူက  သေချာပေါက် တခြားရွေးချယ်စရာ မရှိပေ။

ခဏအကြာတွင် ဂိုဏ်းချုပ်က ကောင်းကင်ပြုပြင်ရေး ဆေးဆယ်လုံးနှင့်အတူ သူတော်စင်တောင်ထိပ်မှ ဆင်းလာလေသည်။

ထိုစဉ် ရှန်ထျန်းက အနားယူဖို့ ကြံစည်နေလေ၏။ သူက တံခါးပိတ် လေ့ကျင့်နေသည်မှာ ကြာမြင့်နေသည့်အပြင် ဆေးလုံးကိုလည်း ၁၂ ရက်ဆက်တိုက် ဖော်စပ်ထားရသေးသည်။ ရှန်ထျန်းက ယန်မီးဓာတ်များစွာ သုံးစွဲထားရသောကြောင့် အနားယူဖို့ လိုအပ်နေသည်။

တစ်ချိန်တည်းတွင် သူက သူတော်စင်ရာထူးအပ်နှင်းပွဲ အခမ်းအနားအတွက် ပြင်ဆင်စရာများနှင့် ရင်းနှီးကျွမ်းဝင်စေရန် လေ့ကျင့်ရဦးမည် ဖြစ်၏။

ပို၍ အရေးကြီးသည်က ရှန်ထျန်းက ဘေးကင်းလုံခြုံမှုအတွက် သွေးနတ်ဘုရား သားတော်များကို ထပ်ပြုလုပ်ထားရပေဦးမည်။

အားလုံးက မိစ္ဆာဝိညာဉ်ဂိုဏ်းသည် ပြဿနာရှာကာ နယ်မြေငါးခုလုံး ကမောက်ကမ ဖြစ်တော့မည့်အကြောင်း ပြောနေသောကြောင့် ဤသို့သော အခြေအနေမျိုး၌ ဘေးကင်းလုံခြုံမှုက အရေးကြီးဆုံး ဖြစ်ပေသည်။

သူက ယန်မီးဓာတ်နှင့် အဆီအနှစ်စွမ်းအားကို အရာအားလုံးတွင် ထည့်သုံးရဦးမည်။

ဟူး ပင်ပန်းလိုက်တာ … ဒါပေမဲ့ ရွေးစရာ မရှိဘူးလေ

…………...

ခဏအကြာတွင် ဂိုဏ်းချုပ်က ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို လေလံတင်မည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလေသည်။

ထိုအရာကို ပြုလုပ်ခြင်းဖြင့် ဝိဇ္ဇာများစွာက ရှန်ထျန်းသည် အခြားအတွေးများကို မတွေးစေရန် ဆေးလုံးများကို ဂိုဏ်းဆီ ပေးပြီးသား ဖြစ်ကြောင်း သိသွားစေသည်။ ဒုတိယအနေနှင့် လေလံပွဲကို ကြေညာရန် ဖြစ်၏။

အကယ်၍ စွမ်းအားကြီး ပုဂ္ဂိုလ်များ ပါဝင်မဆင်နွဲလျှင် လေလံပွဲ မဟုတ်တော့ပေ။ ဂိုဏ်းချုပ်က ဂိုဏ်းသားများအား လေလံပွဲအတွက် ပြင်ဆင်ရန် ညွှန်ကြားလိုက်ပြီး ဆိုင်ရှင်စုန့်အား လေလံပွဲ ကျင်းပသူ ဖြစ်ခိုင်းလိုက်သည်။

ဆိုင်ရှင်စုန့်သည် ကောင်းကင်စိတ်ဝိညာဉ် ပြခန်း၏ ဆိုင်ရှင် ဖြစ်သောကြောင့် လေလံပွဲ ဦးစီးဖို့ အသင့်တော်ဆုံးလူ ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ဆိုင်ရှင်စုန့်သည် မျှော်လင့်မထားသည့် ဂုဏ်ပြုမှုတို့ဖြင့် လွှမ်းခြုံသွားတော့သည်။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ လေလံပွဲ ဖြစ်သောကြောင့် ပါဝင်သူများက စွမ်းအားကြီး တည်ရှိမှုမျိုး ဖြစ်ကြသည်။ နမူနာအားဖြင့် အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များ ဖြစ်၏။

သူက လေလံပွဲကို ဦးစီးကျင်းပနိုင်သောကြောင့် ပျော်ရွင်တကြီး ဖြစ်နေသည်။

“ ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ”

ဆိုင်ရှင်စုန့်က တောက်တောက်ပပ ပြုံးလိုက်သည်။ ဝိဇ္ဇာများအတွက် လေလံပွဲ ကျင်းပနိုင်ခြင်းသည် သူ့ဘိုးဘေးများအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေကာ နှစ်တစ်ထောင်လောက် ကြွားလုံးထုတ်နိင်လေပြီ။

စုန့်မိသားစု ဘိုးဘေးတို့ ဒီနေ့လို ကျွန်တော် ဖြစ်လာပြီး အားလုံးအတွက် ဂုဏ်ယူစရာဖြစ်ရတာ ဆရာနတ်မင်း ကျေးဇူးကြောင့်ပါပဲ …

ရှန်ထျန်းကြောင့်သာ မဟုတ်လျှင် ဆိုင်ရှင်စုန့်သည ကောင်းကင်စိတ်ဝိညာဉ် ပြခန်းမှ ဆိုင်ရှင်ငယ်လေးသာ ဖြစ်နေဦးမည်။ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ရောက်လာမည် မဟုတ်သလို စွမ်းအားကြီး ပုဂ္ဂိုလ်များနှင့်လည်း ထိတွေ့လာမည် မဟုတ်ချေ။

ဤသို့သောအရာမျိုးက သူ့အတွက် အိပ်မက်ပင် မမက်ရဲသည့်အရာမျိုး ဖြစ်၏။

ဆရာကောင်းကင် ကျေးဇူးပါ … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ကျေးဇူးပါ

ဘေးတွင် လျိုထိုက်ယီက ကျောက်စိမ်းပေလွှာ တစ်ခု ထုတ်ကာ တိတ်တဆိတ် မှတ်သားနေသည်။

“ ဆိုင်ရှင်စုန့်က ဆရာကောင်းကင်ကို မြောက်ပင့်ခြင်းဖြင့် အထွတ်အထိပ် ဂုဏ်ယူမှုများစွာ ရရှိလာပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ လေလံပွဲ ကျင်းပပေးသူ ဖြစ်လာတယ် ”

ဆိုင်ရှင်စုန့်က လျိုထိုက်ယီအား မတားပေ။ သူက အထွတ်အထိပ် ဂုဏ်ယူစရာ ဖြစ်နေသောကြောင့် မြင်နေရသည်ကို ပျော်နေမိသည်။

................

ဤတစ်ကြိမ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ လေလံပွဲကို ကောင်းကောင်း ပြင်ဆင်ထား၏။ ဂိုဏ်းချုပ်က အခြားဝိဇ္ဇာများအား ဆွဲဆောင်ရန် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အာနိသင်များကို သတင်းဖြန့်နေသည်။

ဤသည်မှာ ဝိဇ္ဇာ အခြေခံအုတ်မြစ်ကိုပင် သန်မာအားကောင်းလာစေပြီး ကျင့်ကြံဆင့် တိုးမြင့်စေနိုင်သည့် ဆေးလုံး ဖြစ်ပြီး ကံကြမ္မာပြောင်းလဲနိုင်သည့် အာနိသင်မျိုး ပါရှိသည်။

ထိုစဉ် မြောက်များစွာသော ကျင့်ကြံသူတို့က လိုချင်တပ်မက်လာကြ၏။

သို့သော်လည်း အများစုက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သည် ဆေးလုံးဈေးမြင့်နိုင်ရန်အတွက် ပိုလျှောက်ပြောနေကြောင်း သံသယရှိကြသည်။  ဝိဇ္ဇာဖြစ်လာပြီးနောက် သူတို့၏ ရုပ်ခန္ဓာနှင့် အခြေခံအုတ်မြစ်ကို ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သောကြောင့် ဆေးလုံးတိုင်းနီးပါးက သူတို့အပေါ် သက်ရောက်မှု မရှိတော့ချေ။

ဝိဇ္ဇာ၏ ဉာဏ်အလင်းပွင့် အလားအလာကို တိုးမြင့်ပေးနိုင်သည့် ဆေးလုံးမျိုးကို ကြားပင်မကြားဖူးကြောင်း ထည့်မပြောရသေးပေ။

အကယ်၍ ထိုဆေးလုံးကသာ မိုးကြိုးစမ်းသပ်ချက်ကို နှိုးဆွပြီး အဖိုးမဖြတ်နိုင်သည့် အထွတ်အထိပ် ဆေးလုံးဖြစ်ကြောင်း ရနံ့သင်းသင်းလေး ထုတ်ပေးနေကာ သက်သေပြနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူတို့ ရောက်လာမည်ပင် မဟုတ်ပေ။ ထို့ကြောင့် ဝိဇ္ဇာအများစုက ဆေးအာနိသင်ကို မယုံကြည်နိုင်ဆဲ ဖြစ်နေကြသည်။

လေလံပွဲကို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကိုယ်တိုင် ကျင်းပပေးသောကြောင့် အကယ်၍ သူတို့သာ မပါဝင်ပါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့ဆီ ကိုယ်တိုင်ကိုယ်ကျ လာတွေ့နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက် ရှိပေသည်။

ထိုအခါ  သူတို့ ခုနှစ်ရက်တိုင်တိုင် လက်ရည်စမ်းလျှင် သရေအဖြစ်သာ အဆုံးသတ်သွားလိမ့်မည်။

သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ရောက်နေသောကြောင့် မျက်နှာသာပေးရမည် ဖြစ်၏။ ဝိဇ္ဇာများက စုစည်းကာ လေလံပွဲ စတင်မည့်အချိန်ကို စောင့်နေလိုက်ကြသည်။

ဆိုင်ရှင်စုန့်က အနီရဲရဲ ဝတ်ရုံကို ဝတ်ဆင်ထားပြီး စင်မြင့်အထက် တက်လှမ်းလာသည်။ ထို့နောက် သူက စိတ်အာထက်သန်မှုအပြည့်ဖြင့်   “ ကုန်းမြေအနှံ့က စီနီယာဝိဇ္ဇာတို့ကို ကြိုဆိုပါတယ်။ ကျွန်တော် စုန့်ဖူကွေ့က ဒီနေ့  အံ့ဖွယ်မိုးကောင်းကင် လေလံပွဲကို ဦးစီးကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့အတွက် လေလံပစ္စည်းလေးကတော့ ကျွန်တော်တို့ သူတော်စင်ကိုယ်တိုင် ဖော်စပ်ထားခဲ့တဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးငါးလုံး ဖြစ်ပါတယ်။ သူတို့က လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကို အားကောင်းလာစေပြီးတော့ ဉာဏ်အလင်းပွင့် အလားအလာကို တိုးမြင့်ပေးနိုင်တဲ့ အာနိသင်ပါရှိပါတယ်ခင်ဗျ …

ကြမ်းခင်းဈေးနှုန်းက ဝိဇ္ဇာဆေးပင် တစ်ပင် ဒါမှမဟုတ် အသုံးအဆောင်ပစ္စည်းတစ်ခုပါ ”

ဆိုင်ရှင်စုန့်သည် အတွေ့အကြုံ ကြွယ်ဝလှသည်။ သူက ဝိဇ္ဇာများနှင့် ရင်ဆိုင်နေရသည့်အခါ၌ပင် စကားကို အစီအစဉ်တကျ ပြောဆိုနိုင်လေ၏။ သို့သော်လည်း စင်အောက်က ဝိဇ္ဇာများက ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြသည်။

“ ဘာ ”

“ ဘာလို့ ဈေးအရမ်းကြီးနေတာလဲ ”

“ ဒီဆေးလုံးက ထူးခြားပေမဲ့ ဝိဇ္ဇာလက်နက်နဲ့ မထိုက်တန်ဘူးလားလို့ ”

အားလုံးက ဆေးလုံးသည် ဝိဇ္ဇာများ၏ အခြေခံအုတ်မြစ်ကို တစ်သက်တာ တိုးမြင့်ပေးနိုင်ကြောင်း မယုံကြည်ကြသောကြောင့် ဈေးနှုန်းကို သံသယ ဖြစ်လာကြသည်။ ထိုအရာက မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။

အာနိသင်က ယာယီမျှ ဖြစ်နေခဲ့လျှင် ဆေးတန်ဖိုးက ဝိဇ္ဇာလက်နက် မတန်ပေ။ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများက အမြဲတမ်း တည်ရှိနေသည် မဟုတ်ပါလော။

ခဏအကြာတွင် ပထမဆုံး ကောင်းကင်ပြုပြင်ရေး ဆေးလုံးအတွက် တိတ်ဆိတ်သွားကြသည်။ သို့သော်လည်း သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ဖြစ်နေသောကြောင့် တချို့က လေလံဆွဲပေးကြသည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား မျက်နှာသာပေးဖို့ လိုအပ်သေး၏။

“ ဝိဇ္ဇာ နဂါးသစ်ခွ ”

“ ဝိဇ္ဇာ နှစ်တစ်သောင်း သက်တမ်းရှိ မြွေသစ်သီး ”

……….....

လူလက်တစ်ဆုပ်လောက်သာ လေလံပွဲ ပါဝင်ကြပြီး ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်က ပထမဆုံး ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ရသွားခဲ့သည်။

ကျောက်စိမ်းရေကန်နှင့် အံ့ဖွယ်မိုးကောင်းကင်တို့က ဆက်ဆံရေးကောင်းကြသောကြောင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က လေလံပွဲကို နေရခက်သည့် အနေအထားမျိုး မဖြစ်စေလိုပေ။

သို့သော်လည်း ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် ဆေးလုံးကို ကိုင်ထားရင်း အံ့ဩသွားမိသည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက သူမခန္ဓာကိုယ်ဆီ ဝိညာဉ်ချီ အမြောက်အများကို ပို့လွှတ်ပေးနေသောကြောင့် သူမ၏ အံ့ဖွယ်အလင်းတို့ကို ထွက်ပေါ်လာစေသည်။

တောက်ပနေသော အလင်းတန်းက သိပ်သည်းလွန်းပြီး ဆွဲဆောင်မှုရှိသည့် စွမ်းအားတို့ ထုတ်လွှင့်နေသည်။ သူမက ဆေးလုံးကို သောက်ပြီးပါက ထူးခြားအံ့ဖွယ် အသွင်ပြောင်းမှုမျိုး ကြုံတွေ့ရတော့မလို ဖြစ်နေသည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ဆေးလုံးကို တုံ့ဆိုင်းမနေဘဲ တန်းသောက်သုံးလိုက်သည်။ သူမက မျက်လုံးပိတ်လျက် တင်ပျဉ်ခွေထိုင်ကာ သူမအတွင်းမှ အဆုံးမဲ့ အံ့ဖွယ်အလင်းများ တောက်ပလာသောကြောင့် သူမကို မြင့်မြတ်တော်ဝင်ဆန်စေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားရင်း တွေးလိုက်မိသည်။

ဒါက ငါ လိုချင်နေတဲ့ သက်ရောက်မှုမျိုးပဲ … ထျန်းအာရဲ့ ဆေးလုံးက ဘယ်လိုလုပ် သာမန်ဖြစ်ပါ့မလဲ

အရူးတွေ စောင့်ကြည့်နေလိုက် သေချာပေါက် နောင်တရလိမ့်မယ် ဟားဟားဟား …

All Chapters