← Chapters

ငါက ဉာဏ်ကောင်းလိုက်တာ

Vol. 28 Ch. 418

ငါက ဉာဏ်ကောင်းလိုက်တာ

Vol. 28 Ch. 418

အခန်း  (၄၁၈)  :  ငါက ဉာဏ်ကောင်းလိုက်တာ

အထွတ်အမြတ်မြေအသီးသီးအပြင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ရင်းနှီးကြသည့် ချိုင့်ဝှမ်းများမှ ဧည့်သည်များလည်း ရာထူးအပ်နှင်းပွဲ အခမ်းအနားကို တက်ရောက်ကြသည်။

ထိုစဉ် ရှန်ထျန်းက ဂုဏ်ပြုပေးနေသည့် အုပ်စုကြား ထိုက်ပိုင်ချိုင့်ဝှမ်းမှ လူများကို မြင်လိုက်ရသည်။

သူက  ထိုက်ပိုင်ချိုင့်ဝှမ်းမှ လူများကြား မိတ်ဆွေဟောင်းများစွာ ရှိလေသည်။ ရှန်ထျန်းက ပြုံးကာ နှုတ်ဆက်ဖို့ ပြင်လိုက်၏။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဒီရောက်လာပြီ ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရုပ်ချောလိုက်တာ။ ငါတော့ သူ့ကို စွဲလမ်းမိသွားပြီ ”

“ အစ်ကိုချန်းကောက ချောလှပြီ ထင်နေတာ အခုတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ယှဉ်လိုက်ရင် သူက ဘာမှမဟုတ်တော့ဘူးပဲ ”

“ အိုး ငါ ဒီလိုမတွေးသင့်ဘူးလေ။ အစ်ကိုချန်းကောရဲ့ ရုပ်ရည်က သူတော်စင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ”

…………….....

ရှန်ထျန်း လျှောက်လှမ်းလာသည်ကို ကြည့်ရင်း ထိုက်ပိုင်ချိုင့်ဝှမ်း တပည့်များက (အထူးသဖြင့် တပည့်မလေးများ) က အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။

အားလုံးက ရှက်သွေးဖြာနေကြသည်။ ရှန်ထျန်း၏ လက်ရှိ ဂုဏ်သတင်းက ဝိဇ္ဇာများထက် မလျော့နည်းပေ။ အခြားနည်းဖြင့်ဆိုရလျှင် သူက သူတို့ကို ကျော်လွန်နေသေး၏။ အထူးသဖြင့် ရုပ်ရည်နှင့် ပတ်သတ်လာသည့်အခါမျိုးတွင် ဖြစ်သည်။ သူက ရုပ်အချောဆုံး အမျိုးသားတစ်ယောက် ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

လူတချို့က ရှန်ထျန်းအား အရှေ့ပိုင်းလွင်ပြင်၏ ရုပ်အချောဆုံး အမျိုးသား ဂုဏ်ပုဒ်အား ပေးအပ်ထားကြသည်။

ထိုက်ပိုင်ချိုင့်ဝှမ်း လူအုပ်ကြားမှ ပုံရိပ်လေးတစ်ခု လှစ်ခနဲ ထွက်ပေါ်လာကာ အော်ပြောလိုက်သည် “ အစ်ကိုကြီးရှန်ထျန်း ”

ထိုပုံရိပ်လေးက သေးသွယ်ကာ ကြော့ရှင်းလှသည်။ သူမခေါင်းအထက်တွင် ပန်းအိုးတစ်လုံး ရှိနေပြီး အိုးထဲမှ အစိမ်းရောင် ဘူးနွယ်လေး ထွက်ပေါ်နေသည်။ ကြည့်ရသည်မှာ နွယ်ပင် ကျစ်ထားသလို ဖြစ်နေသည်။

ပန်းအိုးအနားတွင် လေထဲ ဆံမွေးလေးတစ်ခု ယိမ်းခါနေပြီး ပန်းအိုးကို သေချာကိုင်ထားသည်။

မှန်ပေသည်။ ဤမိန်းကလေးက လီလျန်အာ ဖြစ်၏။

……….....

သူမက ရှန်ထျန်းရင်ခွင်ထဲ ပစ်ဝင်လာကာ တီးတိုးပြောလိုက်သည်  “ ကိုကိုရှန်ထျန်းကို အရမ်းလွမ်းနေတာ”

ရှန်ထျန်းက လီလျန်အာ ဆံပင်ကို အသာသပ်ပေးလိုက်ပြီး ပြုံးလိုက်ကာ  “ လျန်အာ မတွေ့ရတာ ကြာပြီနော် ”

“ ကိုကိုရှန်ထျန်းက ဘာလို့ လျန်အာဆီ လာမတွေ့ရတာလဲ ”

လီလျန်အာက ရှန်ထျန်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး လွတ်ပေးဖို့ ငြင်းဆန်နေသည်။

ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် တစ်ခုခု ပြောတော့မည့်အချိန် ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားခဲ့သည်။ အင်မတန် အေးစက်နေသော ဓားချီက ကောင်းကင်သို့ မြင့်တက်သွားပြီး ရှန်ထျန်းဆီ ရောက်ရှိလာသည်။ ဤသည်မှာ အင်မတန် အေးစက်ကာ သတ်ဖြတ်ငွေ့များ ပါဝင်နေသည်။

ရှန်ထျန်းက လှည့်ကြည့်လိုက်ပြီး နိုးနိုးကြားကြား ဖြစ်လာခဲ့သည်။

လျန်အာရဲ့ပိုးပန်းသူ တစ်ယောက်ယောက်က ဒီသူတော်စင်ကို အားကျနေတာများလား …

ဒီလိုပျင်းစရာကောင်းတဲ့ ဇာတ်ကွက်မျိုး … ဒီလိုဇာတ်လမ်းမျိုး ရေးတဲ့သူက အမြင်မရှိလိုက်တာ

ရှန်ထျန်း၏ မျက်နှာက မည်းမှောင်သွားလေသည်။ သူ့အကြည့်တို့က ဓားတစ်ချောင်း လွယ်ထားသည့် လူလတ်အရွယ် အမျိုးသားဆီ ကျရောက်သွားသည်။

သူက ရှန်ထျန်းအား မျက်ဝန်းမှ ဓားချီ ထွက်လာတော့မတတ် စူးစိုက်ကြည့်နေပြီး သူ့ဓားရှည်ဖြင့် ရှန်ထျန်းအား သတ်ပစ်ချင်ဟန်ပေါ်နေသည်။

မှန်ပေသည်။ ဤလူက လီလျန်အာ၏ ဖခင် လီခန်းလန် ဖြစ်ပေသည်။

ရှန်ထျန်းက မျက်နှာပူမိသွားသည်။ သူက နာမည်ကျော် သမီးရူး ချန်းဟယ် ဓားအသျှင် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း ပို၍ ဆိုးရွားသွားသည်က အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ တွေ့သွားခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် တစ်ယောက်ယောက်က ရှေ့တိုးလာကာ လီလျန်အာအား ဆွဲခေါ်သွားခဲ့သောကြောင့် ချန်းဟယ်ဓားအသျှင် နေရာမှာတင် ဒေါသထွက်မလာစေဖို့ တားဆီးပေးခဲ့သလို ဖြစ်သွားသည်။

လီလျန်အာအား ဆွဲခေါ်လိုက်သူမှာ ကြာပန်းဓားသမား လီချန်းကော ဖြစ်၏။

လီချန်းကောက အမြုတေကို အက်ကွဲစေကာ ကနဦးဝိညာဉ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ကြာပန်းဓား အထွတ်အထိပ်ရှင် ဖြစ်လာခဲ့လေပြီ။

လီချန်းကောက လီလျန်အာကို ဆွဲခေါ်သွားလိုက်ပြီး  “ ညီမလေး နည်းနည်းလောက် စဉ်းစားပါဦးလား။ အဖေက နောက်ကနေ ကြည့်နေတယ်လေ”

လီလျန်အာက မရုန်းဘဲ မနေနိုင်ဘဲ လက်သီးတစ်ချက် ပစ်ခွင်းကာ  “ အစ်ကိုကြီး လွှတ်ပေး … လာရှုပ်မနေနဲ့။ ကိုကိုရှန်ကို သွားရှာရဦးမယ် ”

လီချန်းကော  “ … ”

သူက ရှန်ထျန်းအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရင်း ရှင်းပြလိုက်သည်  “ အထင်မလွဲနဲ့နော် ယောက် … ”

သူ့စကားမဆုံးခင် လီချန်းကောက ကြက်သီးထလာသလို ခံစားလိုက်ရသည်။

အား ငါ့ပါးစပ်လေးက အဖေရှေ့မှာထားပြီး မှားပြောတော့မလို့ …

လီချန်းကောက နှုတ်ခမ်းတွန့်ချိုးသွားလေသည်။ သူက ခေါင်းစဉ် မြန်မြန် ပြောင်းပြောလိုက်၏။

“ အဟမ်း ညီလေးရှန်က တကယ်ကို ထူးချွန်တာပဲ။ ညီလေးရှန်ရဲ့ ကျင့်ကြံဆင့်က နောက်ဆုံးတစ်ခေါက် တွေ့ပြီးတော့ ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ် မထင်ထားမိဘူး ”

လီချန်းကောက ပြောစရာမရှိတော့ပေ။ သူတို့ နောက်ဆုံးတွေ့သည့်အချိန်က ရှန်ထျန်းသည် သူ့ကာကွယ်မှု လိုအပ်နေသေးသည့် အားနည်းသူသာ ဖြစ်၏။

အခုဘယ်လောက်ကြာသွားပြီလဲ …

ရှန်ထျန်း၏ လက်ရှိအင်အားက ဝိဇ္ဇာတစ်ယောက်နှင့်ပင် ယှဉ်နိုင်နေလေပြီ။

အလားအလာကောင်းတဲ့ ပါရမီရှင်တွေအကြောင်း မေ့ထားလိုက်ပါဦး။ နယ်မြေငါးခုက ထိပ်တန်းပါရမီရှင်တွေကြားမှာ ရှန်ထျန်းက ကြယ်ပွင့်လေး မကတော့ဘဲနဲ့ ကောင်းကင် ပါရမီရှင် ဖြစ်နေပြီ

သူနှင့်ယှဉ်လိုက်ရင် ငါက ဒီနှစ်တွေမှာ ဘာလုပ်နေမိတာလဲ။ ကျင့်ကြံနေတာလား။ ငါက အထီးကျန်မှုကို လေ့ကျင့်နေတာလား …

သူက ပါရမီရှင်ဟု ယူဆနိုင်သော်လည်း ယခုအခါ သူ့ဘဝအကြောင်း သံသယမဝင်ဘဲ မနေနိုင်တော့ပေ။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်  “ ကျွန်တော်တို့ မတွေ့ရတာ တစ်နှစ်ကျော်သွားပြီ။ အစ်ကိုချန်းကောရဲ့ ကျင့်ကြံဆင့်လည်း အများကြီး တိုးတက်လာတာပဲ။ ဂုဏ်ပြုပါတယ်နော်။ ကနဦးဝိညာဉ်အဆင့်တွေကြားမှာ အစ်ကိုချန်းကောနဲ့ ယှဉ်နိုင်တဲ့သူ နည်းနည်းလောက်ပဲ ရှိလောက်တယ် ”

ရှန်ထျန်းက လီချန်းကောသည် ကနဦးဝိညာဉ်အဆင့် ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်ထဲ ပုန်းအောင်းနေသည့် ထူးခြားသော ဓားအငွေ့အသက်ကို ခံစားမိလိုက်သည်။ ဤသို့သော ဓားအငွေ့အသက်မျိုးက ချန်းဟယ်ဓားအသျှင်နှင့် မတူပေ။ ထိုအရာက လီချန်းကော၏ မူပိုင် ထူးခြားလှသော ဓားအငွေ့အသက်မျိုး ဖြစ်၏။

အကယ်၍ လီချန်းကောသာ ဤဓားအငွေ့အသက်ကို ဆက်လေ့ကျင့်နေလျှင် ကိုယ်ပိုင် ဓားတာအိုကို ဖန်တီးနိုင်လာလောက်သည်။ လီချန်းကော၏ ပါရမီက အမြင်နှင့်တင် ထူးခြားနေမှန်း သိသာလှပြီး ထိုပါရမီရှင်များထက် မနိမ့်ကျပေ။

လီချန်းကောက နှုတ်ခမ်းတင်းတင်းစေ့ထားပြီး တီးတိုးပြောလိုက်သည်  “ အဲလိုဆိုရင်တောင် ငါက မင်းလောက် ကောင်းကင်ဘုံ သွေဖယ်နေတာမျိုး မဟုတ်ပါဘူး ”

လီလျန်အာက ပြောလိုက်သည်  “ အစ်ကိုကြီး တီးတိုးပြောနေလို့ ဘယ်သူမှ မကြားဘူး ထင်မနေနဲ့။ အစ်ကိုကြီးက အစ်ကိုရှန်ကို အားကျနေပြီးတော့ မကောင်းပြောနေတာပဲ။ ရိုင်းလိုက်တာ … အစ်ကိုကြီးဆီ တာအိုလက်တွဲဖော် မရှိတာ မဆန်းတော့ဘူး”

ရှန်ထျန်း  “ … ”

လီချန်းကော  “ … ”

အားယို့ … လီချန်းကောက ရုတ်ချည်း အသည်းနာလာသလို ခံစားလာရသည်။

ဒါက ဘယ်သူ့ညီမတုန်း။ ငါ လူမှားခေါ်လာတာပဲ ဖြစ်ရမယ် …

သူမက ငါ့ဘက် မနေဘူးတဲ့ … ငါ့နှလုံးသားတွေ နာကျင်ရပြီ ချစ်ညီမလေးရေ

..........

“ ညီလေး(၁၃) မတွေ့တာ ကြာပြီနော် ”

ရှန်အောင်းလည်း လျှောက်လှမ်းလာသည်။ သူက ထိုက်ပိုင်ချိုင့်ဝှမ်း တပည့်ဖြစ်ပြီး သူ့အဆင့်အတန်းက မနိမ့်ပေ။ ထို့အပြင် ဤသည်မှာ ရှန်ထျန်း၏ ရာထူးအပ်နှင်းပွဲ အခမ်းအနား ဖြစ်သောကြောင့် အစ်ကိုကြီးဖြစ်သူက မည်သို့ မလာဘဲ နေရမည်နည်း။

ရှန်ထျန်း၏ မျက်လုံးများ တောက်ပသွားကာ  “ အစ်ကို(၆)”

ညီအစ်ကိုနှစ်ယောက် တွေ့ဆုံသည့်အခါ အချင်းချင်း နှုတ်ဆက်ဖလှယ်သည်မှာ သဘာဝကျပေသည်။

ရှန်ထျန်းက ရှန်အောင်းအပေါ် အမြင်ကောင်းကောင်းရှိ၏။ ရှန်ထျန်း ဒီလိုမျိုး ဖြစ်မလာခင်ကတည်းက ရှန်အောင်းက သူ့ကို ကောင်းကောင်း ဆက်ဆံပေးလေသည်။

ဤသည်မှာ ညီအစ်ကိုကြားက ညီအစ်ကိုချင်း ရင်းနှီးမှုတစ်မျိုး ဖြစ်၏။

ကျင့်ကြံရေးလမ်းစဉ်၌ လူအများစုက အထီးကျန်ကြရသည်။ များပြားစွာသော အဆင့်မြင့် ကျင့်ကြံသူတို့က ပြိုင်ဖက်ကင်း လမ်းကြောင်းကို လျှောက်လှမ်းကာ အရာအားလုံးကို ခြေကုန်လက်ပမ်းကျသွားတတ်သည်။

သို့သော်လည်း သူတို့ လှည့်ကြည့်လိုက်သည့်အခါ သူတို့နားတွင် မည်သူမှ ရှိမနေတော့ကြောင်း သဘောပေါက်သွားကြလိမ့်မည်။ ဤသည်မှာ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်၏ ခိုးကိုးရာမဲ့မှု ဖြစ်ပြီး ပြောင်းလဲဖို့ ခက်သည့် အခြေအနေလည်း ဖြစ်သည်။

သူ သွေးသားတော်စပ်သည့် ရှန်အောင်းနှင့် တွေ့ခဲ့စဉ်အခါက ရှန်ထျန်းက လက်ကမ်း ကူညီမပေးဘဲ မနေနိုင်ပေ။

သူက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးကို ထုတ်ကာ ရှန်အောင်းဆီ ပေးလိုက်ပြီး  “ အစ်ကို(၆) … ဒါက မင်းအတွက် ”

ရှန်အောင်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကြည့်နေရင်း တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူက မသိစိတ်ဖြင့် လက်ရောက်သွားသော်လည်း အတင်းအကျပ် နောက်ပြန်ဆုတ်လိုက်ပြန်သည်။

ရှန်အောင်းက ချောင်းအသာဟန့်ကာ “ညီလေး ဒါက အရမ်းအဖိုးတန်လွန်းတယ်။ ငါ ဘယ်လိုလုပ် လက်ခံလို့ ဖြစ်မှာလဲ”

အင်အားစုအသီးသီးရှိ ဝိဇ္ဇာများက ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံး ရဖို့ ရူးသွပ်လုနီးပါး ဖြစ်နေကြသည်။ သူတို့က ဆေးတစ်လုံးရဖို့ ချမ်းသာမှုအကုန်သုံးဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

အဆုံးသတ်၌ လေလံပွဲက နောင်တတရားအပြည့်ဖြင့် အဆုံးသတ်သွားခဲ့ရသည်။ အကြောင်းမှာ ကောင်းကင်ပြုပြင်ရေး ဆေးလုံးအရေအတွက်က မလုံလောက်၍ ဖြစ်သည်။

သို့သော် ယခုတွင် ရှန်ထျန်းက သူ့အား ဝိဇ္ဇာများပင် အရူးအမူး ဖြစ်နေကြသည့် ဆေးလုံးကို ထုတ်ပေးလာသည်။

ရှန်အောင်းက မည်သို့ ရင်ထဲ မထိဘဲ နေမည်နည်း။

“ ညီလေး ဒီအထွတ်အထိပ်ဆေးလုံးကို မင်းအတွက် အထောက်အကူပြုနိုင်မဲ့ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းနဲ့ လဲလိုက်သင့်တယ်။ အဲဒါက မင်းဘေးကင်းမှုကို အာမခံပေးနိုင်တယ်လေ”

သူက ဆေးလုံးကို လိုချင်စိတ် ဖြစ်နေသော်လည်း ရှန်အောင်းက ငြင်းပယ်နေဆဲ ဖြစ်၏။

ညီလေးက ငါ့ကို ဒီလောက်တောင် ကောင်းကောင်းဆက်ဆံပေးတာ သူ့ကို ထည့်မစဉ်းစားဘဲ ဒီဆေးလုံးကို ဘယ်လိုလုပ် လက်ခံလိုက်လို့ ဖြစ်မှာလဲ

ဘေးရှိ အထွတ်အထိပ်ရှင် ကျီယန်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ရုပ်ဆိုးဆိုးအပြုံးမျိုး ဖြစ်လာရသည်။ သူ့နှလုံးသားလေး နာကျင်နေရလေပြီ။

တုံးအလိုက်တဲ့ ငါ့တပည့်ရေ ဘယ်လိုလုပ် ငြင်းရတာတုန်း

ဒါက ကောင်းကင်ပြုပြင်ရေး ဆေးလုံးလေကွာ … တစ်လုံးတည်းသောက်ရုံနဲ့ မင်း နှစ်ထောင်ချီ ကြိုးစားအားထုတ်မှုကို သက်သာစေနိုင်တယ်

အထွတ်အထိပ်ရှင် ကျီယန်က ပြင်းပြင်းထန်ထန် တုန်ခါနေပြီး သူ့နှလုံးသားက ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။

…………….....

ရှန်ထျန်းက နည်းနည်း ကြောင်အမ်းသွားသည်။ သူက အစ်ကို(၆)သည် ဤမျှအားနာနေလိမ့်မည်ဟု မထင်ထားပေ။

ရင်ထဲထိစရာပဲ …

ရှန်ထျန်းက ရှန်အောင်း၏ ပခုံးကို အသာပုတ်ကာ  “ အစ်ကို လက်ခံလိုက်ပါ။ ကျွန်တော်ဆီ နည်းနည်းကျန်ပါသေးတယ်။ ပြီးတော့ ကျွန်တော်က အသုံးအဆောင်ပစ္စည်း ပြတ်လပ်နေတာမျိုး မရှိဘူးလေ”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက ဝိဇ္ဇာများ ပေးထားခဲ့သော ခြင်းတောင်းအပြည့် အသုံးအဆောင်ပစ္စည်းများကို ထုတ်ပြလိုက်သည်။

“ အစ်ကို ကြိုက်တာတွေ့ရင် ယူသာယူလိုက် ”

အထွတ်အထိပ်အဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများစွာ ရှိနေလေရာ ရှန်ထျန်းကို ဆွဲဆောင်နိုင်သည့်အရာ ထပ်မရှိတော့ပေ။

ကျန်အရာများကား သူတို့ကို လက်ဆောင်အနေနှင့် သို့မဟုတ် အလဲအလှယ်အနေနှင့်သာ အသုံးပြုနိုင်သည်။

လက်ဆောင်ဖြစ်နေမှတော့ ရှန်အောင်းကို ဘာလို့ မပေးဘဲ နေရမည်နည်း။

သူတို့က သွေးသားတော်စပ်တဲ့ ညီအစ်ကိုတွေလေ …

ခြင်းတောင်းအပြည့် ပစ္စည်းများကို ကြည့်ကာ ရှန်အောင်းက စိတ်ရှုပ်သွားမိသည်။

ဘာကြီးလဲ …

ညီလေးနဲ့ ယှဉ်လိုက်ရင် ငါက အသုံးမကျသလို ဘာလို့ ခံစားမိနေတာလဲ

ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လူထူးဆန်း ရှန်ထျန်းတစ်ယောက်တည်းသာ ဖော်စပ်နိုင်လေသည်။

အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတစ်ခုပင် နှစ်ရာချီ ကြိုးစားအားထုတ်ပေးရလိမ့်မည်။ ရှန်ထျန်းက ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းအားလုံးကို ခြင်းတောင်းအပြည့် ထုတ်ပြလာခဲ့သည်။

ကြိုက်တာရွေး …

ဘယ်သူက ဒီလိုဆွဲဆောင်မှုမျိုးကို ခုခံနိုင်မည်နည်း။

သူတို့က မီးတိုင်းပြည်မှ မင်းသားနှစ်ပါး ဖြစ်သော်လည်း ဘာလို့ ကွာခြားချက်က အရမ်းကြီးမားနေရတာလဲ။

အကြောင်းအရင်းတချို့ကြောင့် ဤစကားက ရှန်အောင်းစိတ်ထဲ ပေါ်လာခဲ့သည်။

…………...

ရှန်ထျန်း၏ မျက်လုံးတို့က လင်းလင်းသွားကာ နောက်ထပ် ဆေးနှစ်လုံး ထုတ်လိုက်ပြီး လီလျန်အာနှင့် လီချန်းကောတို့အား အသီးသီး ဝေပေးလိုက်သည်။

“ လျန်အာ၊ အစ်ကိုချန်းကော ဒီဆေးလုံးတွေက အစ်ကိုတို့အတွက်ပါ ”

ရှန်ထျန်း၏ လီလျန်အာက စိတ်ထဲတွင် အတော်လေး ထူးခြားလေသည်။ သူမက ရှန်ထျန်း၏ “ ပထမ မိန်းကလေး” ဖြစ်၏။

အကယ်၍ လီလျန်အာသာ သူ့ကို ကျောထောက်နောက်ခံမပေးခဲ့လျှင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်း ကိစ္စများက ချောမွေ့ခဲ့မည် မဟုတ်ပေ။

တစ်ဖက်တွင် လီချန်းကောက ရှန်ထျန်းကို ကယ်တင်ပေးခဲ့ဖူးပြီး သူ လက်ဆောင်ပေးခဲ့သော အမှတ်အသားပြားက ရှန်ထျန်းအတွက် အန္တရာယ်များစွာ ဖြေရှင်းပေးခဲ့သည်။

ရှန်ထျန်းက ကျေးဇူးမသိတတ်သူ မဟုတ်သောကြောင့် သူတို့ကို မေ့ပစ်မည် မဟုတ်ပေ။

လီချန်းကောက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကိုင်ထားရင်း စိတ်ထဲ တုန်လှုပ်နေမိသည်။ သူက သူ့ဆီ ကိစ္စကောင်းဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ ယောက်ဖ … ငါ ဘယ်လိုလုပ် လက်ခံလို့ ဖြစ်မှာလဲ။ ငါ လီချန်းကောက ဘာမှမလုပ်ဘဲ ဆုလာဘ် လက်ခံလိုက်ရင် ဘယ်လိုလူ ဖြစ်သွားမှာလဲ ”

လီချန်းကောက ဆေးလုံး လက်ခံလိုက်ပြီးနောက် သူ့အနောက်မှ သူ့ဖခင်၏ သတ်ဖြတ်လိုသည့် အကြည့်တို့အား ချက်ချင်း မေ့လျော့သွားလေသည်။

သူက ရှန်ထျန်းပခုံးပေါ် လက်တင်ကာ  “ ယောက်ဖ မင်း ဘယ်လောက်ထူးခြားတယ်ဆိုတာ ငါအရင်ကတည်းက သိပြီးသား။ မင်းက ငါ့ညီမနဲ့ ထိုက်တန်တယ် ”

ရှန်ထျန်း  “ … ”

ရှန်ထျန်းက စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

ဒါက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးလေးပဲလေ။ ဒီလိုမျိုး ရေးကြီးခွင်ကျယ် လုပ်စရာ လိုလို့လား

လီလျန်အာက ရှက်သွေးဖြာလာကာ  “ အစ်ကိုကြီး ဘာတွေပြောနေတာလဲ။ ရှက်စရာကြီး ”

ထို့နောက် လီလျန်အာက ပေါ့ပေါ့ပါးပါး ရှေ့တိုးလာကာ ခြေဖျားထောက်လျက် သူမ နှုတ်ခမ်းပါးလေးက ရှန်ထျန်းမျက်နှာပေါ် အသာအယာ ထိတွေ့သွားသည်။

“ ကိုကိုရှန်ကို ကျေးဇူးတင်ပါတယ် ” လီလျန်အာက တီးတိုးပြောလိုက်ပြီး သူမက အရမ်းရှက်လာသောကြောင့် မျက်နှာက နီရဲလာလေသည်။

လီလျန်အာ ပြောတာ ဟုတ်တယ် … ညီလေးရှန်က လျန်အာကို ကြိုက်နေတာပဲ

ပျော်လိုက်တာ ….

လူအုပ်ကြီး  “ … ”

ရှန်ထျန်း  “ … ”

ဘာတွေလဲ … ငါ အာရုံများနေတုန်း အခွင့်ကောင်းယူခံလိုက်ရတာလား

အခွင့်ကောင်းယူခံလိုက်ရတာက တစ်ခု … ဆုံးရှုံးမှုကို ခံစားရတာ နောက်တစ်ခု … အဓိကအချက်က သမီးရူး ဖေဖေ ဒီမှာ ရှိနေတယ်လေ

တစ်ယောက်ယောက် ရူးသွပ်သွားမှာကို မကြောက်ဘူးလား

ရှန်ထျန်းက ချန်းဟယ်ဓားအသျှင်ကို တစ်ချက်ကြည့်လိုက်သည့်အခါ လူအိုကြီး၏ မျက်နှာက မီးသွေးခဲလောက် မည်းမှောင်နေသည်ကို မြင်လိုက်ရသည်။

လီခန်းလန် ခန္ဓာကိုယ်မှ ကမ္ဘာတုန်လုမတတ် ဓားအငွေ့အသက် ထွက်ပေါ်လာသည်။ မိုးသက်မုန်တိုင်း လှိုင်းလုံးကြီးက ကျရောက်ကာ ကောင်းကင်ဆီ ထိုးတက်သွားပြီး အာကာပြင်ကို တစစီ ခြေမွပစ်တော့မည့်အလား ဖြစ်ပေါ်နေသည်။

သူ့နောက်ရှိ ဓားက အပြင်းအထန် တုန်ခါလာပြီး အံ့ဖွယ်အလင်းတန်းများ ထုတ်လွှင့်လာသည်။

ချွမ် …

အံ့ဖွယ်ဓားက ဓားအိမ်မှ ချွမ်ခနဲ ထွက်လာကာ မျက်စိစူးမတတ် အလင်းတန်းများ ဆက်တိုက် ထုတ်လွှင့်နေသည်။

ချန်းဟယ်ဓားအသျှင် လီခန်းလန်က ထပ်သည်းမခံနိုင်တော့ပေ။ သူက ဓားကို မြှောက်ကာ တိုက်ခိုက်လုနီးပါး ဖြစ်နေသည်။

ရှန်ထျန်းက လန့်သွားကာ သူ့ပင်လယ်အံ့ဖွယ်တူကို ထုတ်ယူလိုက်ပြီး ထိုလူအိုကြီးအား ခပ်ပြင်းပြင်း စိုက်ကြည့်လိုက်သည်။

ဒီလူက ဒေါသထွက်လာသည့်အခါ တကယ်ကြီး ရိုက်လာမည်ကို မည်သူက ကြိုသိမည်နည်း။ သမီးရူးနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်စရာအကောင်းဆုံး ဖြစ်၏။

ထိုက်ပိုင်ချိုင့်ဝှမ်း ဂိုဏ်းချုပ်က လီခန်းလန်အား အချိန်မီဆွဲထားလိုက်ပြီး တားလိုက်သည်  “ အစ်ကိုကြီး စိတ်လျော့ စိတ်လျော့ ”

ချန်းဟယ်ဓားအသျှင်က အံ့ကြိတ်ကာ  “ ငါ ဘယ်လိုလုပ် စိတ်လျော့ရမှာလဲ။ ညီလေး ငါ့ကို လွှတ်စမ်း … သူ့ကို သေတဲ့အထိ ခုတ်ပစ်မယ် ”

ထိုက်ပိုင်ချိုင့်ဝှမ်း ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့်

“ အစ်ကိုကြီး ကျွန်တော်တို့ စိတ်မလျော့နိုင်ရင်တောင် စိတ်လျော့ရမယ်။ သူက ကောင်းကင်ပြုပြင်ရေး ဆေးသုံးလုံးတောင် ပေးထားတာလေ။ အဲဒါက ထာဝရအဆင့် ပျိုးပင် သုံးပင်စာလောက် ရှိတယ်။ ပြီးတော့ ချန်းကောနဲ့ လျန်အာလည်း အကျိုးကျေးဇူးရတယ်လေ။ သူ့ကို ခုတ်ပစ်ဖို့ မသင့်တော်ဘူးလေ။

ပြီးတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝိဇ္ဇာအစစ်အမှန်ကိုတောင် လွှင့်စင်သွားအောင် လုပ်လိုက်နိုင်တယ်။ အစ်ကိုကြီးကို သူ့ကို တိုက်ခိုက်ရင်တောင် အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်အိုကြီးက သူ့ရိုက်ချက်တွေ ခံနိုင်မှာ မဟုတ်ဘူး ”

ထိုက်ပိုင်ချိုင့်ဝှမ်း ဂိုဏ်းချုပ်က အကောင်းဆုံးကြိုးစားကာ ဖျောင်းဖျပေးနေသည်။ သူက လူအိုကြီး ရှေ့တက်ကာ ကြုံရာလုပ်ပစ်လိုက်မည်ကို တကယ် စိုးရိမ်နေမိ၏။ သူက ရှန်ထျန်း တစ်ခုခု ဖြစ်သွားမည်ကို မစိုးရိမ်ဘဲ လီခန်းလန် အရိုက်ခံရမည်ကို စိုးရိမ်မိနေခြင်း ဖြစ်၏။

လီခန်းလန်က တူရိုက်ချက်ကို မခံနိုင်ကြောင်း ထည့်မတွက်ထားလျှင်ပင် သူတို့ ရပ်နေသည့်နေရာမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဖြစ်၏။

ကမ္ဘာအနှံ့နှံ့မှ အဆင့်မြင့် ကျင့်ကြံသူများလည်း အံ့ဖွယ်မိုးကောင်းကင် ရာထူးအပ်နှင်းပွဲ အခမ်းအနားကို လာရောက်တက်ရောက်ကြလိမ့်မည်။ အကယ်၍ လီခန်းလန်သာ ရှန်ထျန်းကို တိုက်ပြီး ရှုံးနိမ့်သွားခဲ့လျှင် သူ့ဂုဏ်သတင်း လုံးဝ ပျက်စီးသွားလိမ့်မည်။

…………...

လီခန်းလန်၏ ခန္ဓာကိုယ်က အေးစက်သွားပြီး ဓားကို ပြန်ချထားလိုက်သည်။ သူက ရှန်ထျန်းကို နာကျင်နေသည့် အမူအယာဖြင့် လှည့်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ တူဆီ အကြည့်ရောက်သွားသည်။ ထို့နောက် သူက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

“ မိသားစု ကံမကောင်းတာပါ … ကံမကောင်းတာပါ ”

ထို့နောက် လီခန်းလန်က လှည့်ထွက်သွားတော့သည်။ သူ့ပုံရိပ်က အထီးကျန်ဆန်လွန်းနေပုံပေါ်သည်။

ဒါက သူ့သမီးလေ … သူမက သူ့ကို တခြားကောင်လေးအတွက်နဲ့ စွန့်ပစ်သွားခဲ့တာ

လီချန်းကောက ရှန်ထျန်းပခုံးကို ပုတ်ကာ  “ ယောက်ဖ စိတ်မပူနဲ့။ မင်းရှိနေရင် အဖေဆီ မင်းကို လက်ခံလာအောင် ငါ လုပ်ပေးမယ် ”

လီချန်းကောက ရှန်ထျန်းအား လီခန်းလန်နှင့် ပတ်သတ်၍ ဖြေရှင်းပေးရန် ကတိပေးလာသည်။

ထိုစဉ် သူ့အနောက်ဘက်မှ မထူးမခြားနား အသံတစ်သံ ထွက်ပေါ်လာသည်  “ ချန်းကော … မင်း ပြန်ရောက်ရင် နှစ်ဆလေ့ကျင့်ရမယ်။ ဓားလွဲတာ တစ်ရက် အခါတစ်သိန်း… မင်း ဝိညာဉ်အသွင်ပြောင်းအဆင့် မရောက်မချင်း အိမ်အပြင်ထွက်ခွင့် မရှိဘူး ”

လီချန်းကော၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ သူ့အပြုံးလေးက ဖြည်းဖြည်းချင်း အေးခဲသွားသည်။

သွားပြီ ငါတော့သေပြီ …

သူက ရွှေအမြုတေကို အက်ကွဲ၍ ကနဦးဝိညာဉ်အဆင့် ရောက်လာသည်မှာ မကြာသေးပေ။ သူ ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်ဖို့ အချိန်မည်မျှကြာမည်ကို မသိပေ။

ဘယ်လောက်တောင် ကြာမှာလဲ …

ရှန်အောင်းက လီချန်းကောအား ကရုဏာအပြည့်ဖြင့် လှည့်ကြည့်လာပြီး အပြုံးလေးဖြင့် ပြောလိုက်သည်  “ အစ်ကိုကြီး ဘာလို့ ဒီလိုတွေလုပ်နေတာလဲ။ အစ်ကိုကြီးက ဂိုဏ်းတူဦးလေးခန်းလန်ရှေ့မှာ ကြွားလုံးထုတ်ရဲတယ်ပေါ့ ”

ရှန်အောင်းက လီခန်းလန်၏ လေ့ကျင့်ရေးက မည်မျှကျေနပ်ဖို့ ကောင်းကြောင်း ကောင်းကောင်းကြီးသိနေသည်။

ဟူး သူ့စီနီယာအစ်ကို လေ့ကျင့်ရေးဆင်းရမှာကို မြင်ရတာ ပျော်တယ် …

“ပြီးတော့ ရှန်အောင်း မင်းလည်း သီးသန့်လေ့ကျင့်ရေး ဆင်းရမယ် ”

သို့သော်လည်း လီခန်းလန်၏ နောက်စကားများက ရှန်အောင်းမျက်နှာအထက်မှ အပြုံးတို့အား အေးခဲသွားစေသည်။

ညီလေး(၁၃) ရေ ငါ့ကို ကယ်ပါဦး …

.................

တစ်ဖက်တွင် ဝမ်ရှန်းယုနှင့် ချီရှောက်ရွမ်တို့က ရှန်ထျန်းအား ဂုဏ်ပြုပေးဖို့ ပြင်နေကြသည်။ ရှန်ထျန်းက အခြားလူများကို ဆေးလုံး မျှဝေပေးနေသည်ကို မြင်သောအခါ ဝမ်ရှန်းယု၏ မျက်လုံးများက ပြူးကျယ်လာလေ၏။

ကောင်းကင်ပြုပြင်ရေး ဆေးလုံး … ငါလည်း အဲဒီဆေးလုံး လိုချင်တယ်

ဝမ်ရှန်းယုက ရုတ်ချည်း ခုန်ထွက်ကာ ရှန်ထျန်းဘေးနား သွားလိုက်သည်။ သူ့မျက်နှာအထက်တွင် လေးစားမှုအပြည့်ဖြင့်

“ ညီအစ်ကိုရှန်ကို စတွေ့ကတည်းက အရမ်းပါရမီထူးပြီးတော့ လူသားကြားက နဂါးဖြစ်ဖို့ ကံပါလာမှန်း သိပြီးသား။ ညီအစ်ကိုရှန်ရဲ့ ပါရမီနဲ့ဆိုရင် နယ်မြေငါးခုရဲ့ ထိပ်ဆုံးကို ရောက်လာပြီးတော့ နတ်ဧကရာဇ် အလားအလာရှိတဲ့သူထက်တောင် ပိုအားကောင်းလာလိမ့်မယ်။

ကျုပ်အမြင်အရ ညီအစ်ကိုရှန်က နတ်ဧကရာဇ် ဖြစ်ဖို့ ပါရမီ ထူးရုံတင်မကဘူး။ ထာဝရအရှင်ဘုရင်တို့၊ ထာဝရဧကရာဇ်တို့ပါ ဖြစ်လာနိုင်ခြေ ရှိတယ်။”

ဒီပေါင်တုတ်တုတ်ကို ဖက်ထားနိုင်ဖို့ ငါ မြေပြင်ပေါ် ဒူးထောက်ရရင်တောင် ညီအစ်ကိုရှန်အကြောင်း ကြွားလုံးထုတ်ဦးမှာပဲ

ရှန်ထျန်း  “ … ”

ညီအစ်ကိုဝမ် … ခင်ဗျား ကပ်ဖားတဲ့နေရာမှာ တော်မှန်း ခင်ဗျားတို့ ဂိုဏ်းချုပ်ရော သိရဲ့လား

တစ်ဖက်တွင် မဟာလေဟာနယ် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်၏ မျက်နှာက လီခန်းလန်လောက် မည်းသည်းလာလေပြီ။

ရှက်စရာကောင်းလိုက်တာ …. မင်းကိုယ်မင်း မဟာလေဟာနယ် အထွတ်အမြတ်မြေက သူတော်စင်ဆိုတာရော သိသေးရဲ့လား

မင်းက ဂိုဏ်းကို ကိုယ်စားပြုနေတယ်ဆိုတာ မသိဘူးလား။ ဂိုဏ်းပြန်ရောက်တာနဲ့ မင်းကို သတ်ပစ်မယ်။ ရှက်စရာကောင်းလိုက်တာ

................

မဟာလေဟာနယ် ဂိုဏ်းချုပ်က ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးပင် တုန်ရီနေလေသည်။ သူ့နှလုံးသားက အေးစက်နေလေ၏။

ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးအတွက်နဲ့ ဒီတပည့်က မဟာလေဟာနယ် သူတော်စင်ဆိုတဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးပေါ့လေ

ပြီးတော့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက အထွတ်အထိပ် ရတနာလေ။ မင်း မြှောက်ပြောလိုက်ရုံနဲ့ အခြားလူတွေက မင်းကို ထုတ်ပေးမယ်များ ထင်နေလား။ ဦးနှောက်လေးကို သုံးစမ်းပါဦး

ထိုအချိန် ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်  “ ညီအစ်ကိုဝမ် ဒါက ခင်ဗျားအတွက် ဆေးလုံး ”

သူက ဝမ်ရှန်းယု အကြံအစည်ကို မည်သို့ မသိဘဲ နေမည်နည်း။ သို့သော်လည်း ဤလူက  ကြွားလုံးထုတ်ဖို့ ‌ကောင်းကောင်း မပြင်ဆင်ထားချေ။

မင်းက ငါ့ကို ပျော့ညံ့အောင် လုပ်နေတာပဲ

အကယ်၍ ဤလူသာ ဆက်လက်ကြွားလုံးထုတ်နေလျှင် အခြားလူများက သူ့ကို အမှန်တကယ် ယုံကြည်သွားကြလျှင် မည်သို့လုပ်ရမည်နည်း။

ထိုစဉ် မိစ္ဆာနတ်ဘုရားများက ဓားကို ဆွဲကာ ထာဝရဧကရာဇ် ဖြစ်လာနိုင်ခြေရှိသည့် သူ့ဆီ ရောက်လာကြလိမ့်မည်။ ထိုအချိန် သူက ဘာလုပ်ရမည်နည်း။

မဟုတ်သေးဘူး မဖြစ်သေးဘူး ဒီလူပါးစပ်ပိတ်မှ ဖြစ်တော့မယ် …

ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို တန်းထုတ်ပေးကာ ဝမ်ရှန်းယုအား ဆက်မပြောစေနိုင်ရန် တားဆီးခဲ့သည်။ သို့သော်လည်း ဝမ်ရှန်းယုထံ ဆေးလုံး ပေးလိုက်ခြင်းက အရှုံးမရှိချေ။ ဤလူက ခရမ်းရောင်ဝါနှင့် ကံကြမ္မာသားတော် မဟုတ်ပါလော။ အကယ်၍ သူသာ သူ့အင်အား မြင့်တင်ပေးနိုင်လျှင် နောင်အနာဂတ်၌ ကံအပြောင်းအလဲ အခွင့်အရေးတို့၌ အသုံးချလာနိုင်လိမ့်မည်။

သူက ငရှုပ်လေးအား ရှင်းထုတ်လိုက်နိုင်ရုံသာမက ရိတ်ရမည့် သိုးမွေးလည်း ရလာပေမည်။

နှစ်ဖက်လုံးအတွက် အကောင်းဆုံးပဲ … ငါလေးက တကယ်ကို တွေးတောတတ်တာပဲ

...

မဟာလေဟာနယ် ဂိုဏ်းချုပ်က သူ့တပည့်တစ်ယောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဖားပြီး ကောင်းကင်ပြုပြင်ရေး ဆေးလုံး ရသွားသည်ကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားတော့သည်။

ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးအတွက် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများစွာဖြင့် လဲလှယ်ကြရသည်။

ဤသို့သော အထွတ်အထိပ် အံ့ဖွယ်ဆေးလုံးမျိုးကို သူ့တပည့်ဆီ ဒီအတိုင်း ပေးပစ်လိုက်သည်လား။

အရှင်းဆုံးပြောရလျှင် မဟာလေဟာနယ် ဂိုဏ်းချုပ်က သူ့လျှာပင် ရုတ်တရက် ယားယံလာသလို ခံစားလာရသည်။

All Chapters