← Chapters

ဟွမ်ရှစ်၏ အမိန့်မှာတမ်း၊ ကျိရှားဝင်ခွင့်

Vol. 28 Ch. 419

ဟွမ်ရှစ်၏ အမိန့်မှာတမ်း၊ ကျိရှားဝင်ခွင့်

Vol. 28 Ch. 419

အခန်း (၄၁၉)  : ဟွမ်ရှစ်၏ အမိန့်မှာတမ်း၊ ကျိရှားဝင်ခွင့်

ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကြည့်ကာ ဝမ်ရှန်းယုက မျက်ရည်တဝဲဝဲ ဖြစ်လာမိသည်။

“ ညီအစ်ကိုရှန်က တကယ်ကို ဖြောင့်မတ်ရိုးသားတဲ့သူပဲ ”

ဝမ်ရှန်းယုက စိတ်ပေါ့ပါးသွားလေသည်။

ဝူးဝူး …

ကောင်းကင်ပြုပြင်ရေး ဆေးလုံး … ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး

ငါ ဒီဆေးလုံးကို သောက်ပြီးသွားရင် ကောင်းကင်ဘုံ တက်လှမ်းနိုင်တော့မှာလား

ဝမ်ရှန်းယုက တုံ့ဆိုင်းမနေဘဲ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ချက်ချင်း သောက်လိုက်ပြီး စတင် သန့်စင်လိုက်သည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်က တောက်ပလာပြီး စွမ်းအားကြီးကြီး အရှိန်အဝါတို့ ထုတ်လွှင့်လာသည်။

မဟာလေဟာနယ် ဂိုဏ်းချုပ်က ဝမ်ရှန်းယုအား လှည့်ကြည့်ကာ သူ့အကြည့်တို့၌ မျှော်လင့်စောင့်စားမှုအပြည့် ဖြစ်နေသည်။

ဝမ်ရှန်းယုက မဟာလေဟာနယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားပြီး ဤဆေးလုံးဖြင့် ဖွဲ့စည်းပုံရှိသည့် ပါရမီရှင်တိုင်းက ဆင့်ကဲပြောင်းလဲလာနိုင်သည်။

အခု ငါ့တပည့် ရှန်းယုက နတ်ဧကရာဇ် အလားအလာရှိပြီလို့ တစ်ကမ္ဘာလုံးကို ကြေညာလို့ ရပြီ မဟုတ်ဘူးလား

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ငါ့ရှေ့မှာ ဒီတစ်လျှောက်လုံး မြောက်ကြွမြောက်ကြွ လုပ်နေခဲ့တာ မလား။ ရှန်းယု ဆေးစွမ်းအားကို စုပ်ယူပြီးသွားတာနဲ့ ဒီလူ ဆက်မြောက်ကြွမြောက်ကြွ လုပ်ရဲလား ကြည့်ရသေးတာပေါ့။ သူ အရမ်းအားကျနေလောက်ပြီ

ဒီအတွေးနဲ့တင် ငါ့ကို စိတ်လှုပ်ရှားလာစေတယ်

မဟာလေဟာနယ် ဂိုဏ်းချုပ်က မျှော်လင့်ချက်အပြည့် ဖြစ်နေသည်။ သူက ခရမ်းစံအိမ် ဂိုဏ်းချုပ် မျက်နှာပေါ်မှ အားကျမနာလိုဖြစ်သည့် မျက်နှာထားကို မြင်ပြီးသလိုမျိုး ဖြစ်နေလေ၏။ စောစောလေးက သူကိုယ်တိုင် သူ့တပည့်ကို သတ်မည်တကဲကဲ ဖြစ်နေသည့်အကြောင်းကို လုံးဝ မေ့လျော့သွားလေပြီ။

………....

ဒါပေမဲ့ ကောင်းကင်ပြုပြင်ရေး ဆေးလုံးရဖို့ ဒီလောက် လွယ်တယ်လား။ ငါလည်း ကြိုးစားကြည့်လိုက်ရမလား

မဟာလေဟာနယ် ဂိုဏ်းချုပ် စိတ်ထဲ ရဲတင်းလွန်းသည့် အတွေးတစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။ သို့သော်လည်း ရှန်ထျန်းကို ကြည့်ပြီးနောက် ဂျူနီယာ အဖွဲ့ကို ကြည့်လိုက်ကာ သူ့အတွေးကို ဖယ်ရှားလိုက်တော့သည်။ ယခု လူအုပ်ထဲ လူအများကြီးရှိနေသည် မဟုတ်ပါလော။ သူတို့အားလုံးရှေ့ မျက်နှာပျက် မခံနိုင်ပေ။

သူက မဟာလေဟာနယ် ဂိုဏ်းချုပ် ဖြစ်ပေသည်။ အနည်းဆုံးတော့ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရပေဦးမည်။

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် လျှောက်လှမ်းလာသည်။

စောစောလေးက သူ့ဆန္ဒတို့ကို ချိုးနှိမ်ထားခဲ့သည့် မဟာလေဟာနယ် ဂိုဏ်းချုပ်၏ ဆန္ဒတို့က တဖန် မြင့်တက်လာပြန်သည်။

ဂျူနီယာလေးတွေရှေ့ ငါ့ဂုဏ်သိက္ခာကို မထိန်းထားနိုင်ရင်လည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် တစ်ယောက်လုံး ရှိသေးတယ်လေ

မဟာလေဟာနယ် ဂိုဏ်းချုပ်က သူ့နောက်ကို မြန်မြန်လိုက်သွားလိုက်သည်။

“ လုံယွမ် … ရောင်းရင်းကြီး မင်းနဲ့ ပြောစရာလေးရှိလို့ ”

…………....

ဝုန်း …

ဆေးလုံးသောက်ပြီးနောက် သိပ်မကြာခင် ဝမ်ရှန်းယုက စတင် ပြောင်းလဲလာသည်။ သူ့နောက်ကျောဘက်မှ အလင်းတန်းသောင်းချီ ထွက်ပေါ်လာကာ လေဟာနယ် ဖြစ်ပေါ်လာပြီး အတက်အကျ ဖြစ်နေသည်။

လေဟာနယ်စွမ်းအား အထောက်အပံ့ကြောင့် ဝမ်ရှန်းယု၏ ခန္ဓာကိုယ်က လေဟာနယ်နှင့် ပေါင်းစပ်သွားသည့်အလား တံလျှပ်ပမာ ဖြစ်လာသည်။

ထိုအရာက အားလုံး မဟုတ်သေးပေ။ သူ့နောက်မှ အာကာပြင်ပင် အစိတ်အပိုင်းတို့က လုံးဝ ပြိုကွဲသွားကာ လေဟာနယ်နှင့် ထိတွေ့သွားသည့်နှယ် မှုန်ဝါးဝါး ဖြစ်လာသည်။ နေရာတစ်ခုလုံး စွမ်းအားကြီး အငွေ့အသက်တို့ ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။

“ ဒါက မဟာလေဟာနယ် ဖွဲ့စည်းပုံလား ”

“ ဒီအဆုံးမဲ့ လေဟာနယ်ကြီးက ငါ့လိုမျိုး ကောင်းကင်အသျှင်ကိုတောင် ကြက်သီးထလာစေတယ်”

လူများစွာက ဝမ်ရှန်းယု၏ ဖွဲ့စည်းပုံ ဆင့်ကဲပြောင်းလဲလာပုံကို ကြည့်နေရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့အကြည့်တို့၌ အံ့ဩတုန်လှုပ်မှုအပြည့် ဖြစ်နေသည်။

မဟာလေဟာနယ်သည်  ရှေးခေတ်အခါကတည်းက စွမ်းအားကြီးခဲ့သည်။ လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်သူသည် တခြားသော ကျင့်ကြံသူများကို အလွယ်လေး ဖိနှိပ်နိုင်လေ၏။

သို့သော်လည်း ဤသို့သော ကျင့်ကြံသူမျိုးက အားကောင်းကောင်း စွမ်းအားကို သက်တမ်းကို အသုံးပြု၍ အသက်သွင်းရသည့်အတွက် သက်တမ်းတိုတတ်သည်။ အထူးသဖြင့် မဟာလေဟာနယ် ဖွဲ့စည်းပုံနှင့် လူအတွက် ဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းက အလွန် သက်တမ်းတိုကြလေသည်။

ရလဒ်အနေနှင့် လူများက လေဟာနယ် ထိန်းချုပ်နိုင်သူကို သတိထားကြသော်လည်း များများစားစား မကြောက်ကြပေ။

ဝမ်ရှန်းယု၏ မဟာလေဟာနယ် ဖွဲ့စည်းပုံက ဆေးလုံး သောက်သုံးပြီးသည့်နောက်တွင် ဆင့်ကဲပြောင်းလဲလာသည်။ သူ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအားလည်း သိသိသာသာ တိုးမြင့်သွား၏။

သူက လေဟာနယ်နှင့် ပေါင်းစပ်ကာ ပြိုင်ဖက်ကင်း ထိန်းချုပ်သူ ဖြစ်သွားသကဲ့သို့ ဖြစ်သည်။

ထို့အပြင် ဝမ်ရှန်းယု၏ စွမ်းအားက ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်နေသည်။ နဂို ဖြူဖတ်ဖြူလျော်ပုံစံမှ ဆံပင်မည်းမည်း ကျန်းမာသည့် လူတစ်ယောက်ပုံ ပြောင်းသွားပြီး သူ့ပန်ဒါမျက်ကွင်းမည်းများသည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။

သူ့တစ်လက်မချင်းစီက ကျန်းမာသန်စွမ်းလှသော အသက်ဓာတ် ထုတ်လွှင့်နေသည်။

တစ်ချိန်တည်းတွင် ဝမ်ရှန်းယု၏ ကျင့်ကြံဆင့်က အလျှင်အမြန် မြင့်တက်လာပြီး ထိပ်သီး ကနဦးဝိညာဉ်အဆင့်မတိုင်ခင်အထိ ဖြစ်၏။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဝမ်ရှန်းယု၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဆင့်ကဲပြောင်းလဲပေးလိုက်ရုံသာမက ယခင်နှစ်များအတွင်း သူ ကုန်ဆုံးခဲ့သော အသက်ဓာတ်များကို ပြန်လည် ဖြည့်တင်းပေးခဲ့သည်။

ထိုစဉ် ဝမ်ရှန်းယုက အသက်ဓာတ်အပြည့် ဖြစ်နေ၏။

ဝုန်း …

သူ့အရှိန်အဝါတို့က အရူးအမူး မြင့်တက်လာသည်။

သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာပြီး အရှိန်အဝါတို့အား အဆုံးအစွန်အထိ မြင့်တက်သွားစေသည်။ ထိုစဉ် ဝမ်ရှန်းယုက ကမ္ဘာမြေသို့ ဆင်းသက်လာသည့် လေဟာနယ် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။

ချီရှောက်ရွမ်က သူ အားကျသွားမိကြောင်း သူ့ဘာသာ ဝန်ခံမိသည်။

ဤသို့သော ဆေးလုံးမျိုးက ဝိဇ္ဇာကိုပင် ဆွဲဆောင်နိုင်လေရာ သူလည်း ဆွဲဆောင်ခံရလေသည်။

ဝမ်ရှန်းယုပင် ဤကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့် စွမ်းအား သိသိသာသာ တိုးမြင့်လာခဲ့လေရာ ချီရှောက်ရွမ်သာ ဆေးလုံး ရခဲ့လျှင် သူလည်း ပိုအားကောင်းလာမည် မဟုတ်ပါလော။

သို့သော်လည်း သူက အရှေ့ပိုင်းလွင်ပြင်၏ နံပါတ်တစ် ပါရမီရှင်ဟောင်း ဖြစ်ကာ မာနကြီးပေသည်။ သူက ဝမ်ရှန်းယုလိုမျိုး ဘယ်လိုလုပ် ပြုမူနိုင်မှာလဲ။

အားလုံးက အရည်ထူနေကြသည် မဟုတ်ချေ။

ထိုအရာက အခြေအနေကို နေရခက်အောင် ပြုလုပ်နေလေ၏။

ချီရှောက်ရွမ်က ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လိုချင်သော်လည်း သူကိုယ်တိုင် မတောင်းနိုင်ပေ။ သူက ရှန်ထျန်းအား ဝမ်းနည်းပူဆွေးဖွယ် မကျေမချမ်း လှမ်းကြည့်လိုက်သည်။

ရှန်ထျန်း၏ ပုတီးစေ့လေးက တုန်ခါလာကာ  “ သခင် … ခရမ်းစံအိမ် သူတော်စင်ဆီကနေ ပြင်းပြင်းထန်ထန် နာကြည်းချက်ကို  ကျိုးအာ ခံစားမိလိုက်တယ်”

ရှန်ထျန်း  “ …”

ရှန်ထျန်းက ချီရှောက်ရွမ်သည် သူ့အား မကျေမချမ်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူ့ကြည့်ရသည်မှာ ချစ်မြတ်နိုးခြင်း မခံရသည့် ဇနီးသည်လေးတစ်ယောက်လို ဖြစ်နေသည်။

……….....

ရှန်ထျန်းက ပြုံးလိုက်မိသည်။ သူက ချီရှောက်ရွမ် အတွေးများကို တန်းသိလိုက်၏။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဉာဏ်ရည်မြင့်မားတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိထားကြသည်။

သူက ဆေးလုံးများစွာ ပေးပြီးပြီ ဖြစ်ရာ တစ်လုံးပိုလာ၍ မထူးပေ။ ထို့အပြင် ချီရှောက်ရွမ်က ခရမ်းရောင်ဝါနှင့် ကံကြမ္မာသားတော် ဖြစ်နေသည်။

ချီရှောက်ရွမ်က အရည်အသွေးမြင့်မားသည့် ရွှေဥကို ဥပေးနေသည့် ငန်းတစ်ကောင် ဖြစ်သည်။ ရှန်ထျန်းက သူကို ရက်ရောပေးဖို့ ပို၍ပင် ပျော်ရွှင်နေသေး၏။

ထိုစဉ် ဝမ်ရှန်းယုက ချီရှောက်ရွမ်ဆီ ပြေးလာပြီး တက်ကြွနေသည့် အမူအယာဖြင့် လာရပ်လိုက်သည်။

သူက လက်နောက်ပစ်ထားပြီး သူ့အရှိန်အဝါတို့က အံ့ချီးဖွယ် ဖြစ်နေကာ နက်နဲဟန်ပေါ်နေသည်။

သူက ချီရှောက်ရွမ်အား စိုက်ကြည့်လိုက်ပြီး  “ ရောင်းရင်း ငါနဲ့ တိုက်ရဲလား ”

ဝမ်ရှန်းယုက ယခု အလွန်မောက်မာပြနေသည်။

လေဟာနယ်က ငါ့ပိုင်နက် … ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး

ချီရှောက်ရွမ်က သူ့ထက် အမြဲတမ်း တောက်ပခဲ့သူ ဖြစ်သောကြောင့် သူက စိတ်ထိခိုက်ခဲ့ရသည်။ ကန့်သတ်ချက်ရှိနေသည့် သူ့သက်တမ်းကြောင့်သာ မဟုတ်လျှင် ချီရှောက်ရွမ်ကို အနိုင်ပိုင်းနိုင်လောက်၏။

သို့သော် ကိစ္စများက ယခု ကွဲပြားသွားလေပြီ။

ငါက ဆေးလုံးသောက်ပြီးတော့ တိုက်ခိုက်စွမ်းရည် တိုးတက်လာပြီ။ ငါ့အသက်ဓာတ်လည်း ပြန်ရလာပြီ။ ငါက နောက်တစ်ခါ ကျန်းမာလာပြီလို့ ခံစားနေရတယ်

ဝမ်ရှန်းယုက ဆေးလုံးသောက်ပြီးပြီးချင်း ချီရှောက်ရွမ်အား စိန်ခေါ်လာခဲ့သည်။ သူက ယခင်နှစ်များအတွင်း ခံစားခဲ့ရသမျှ ခံပြင်းမှုအားလုံးကို ဖွင့်ဟပစ်ချင်သည်။

ချီရှောက်ရွမ်က တိတ်ဆိတ်သွားလေ၏။ သူက ဝမ်ရှန်းယု၏ စွမ်းအား သိသိသာသာ တိုးတက်လာကြောင်း သေချာခံစားမိလိုက်သည်။ ယခု သူ့ကို အနိုင်ယူဖို့ရာ ယုံကြည်ချက် မရှိချေ။

ထိုသို့ဆိုလျှင်ပင် ချီရှောက်ရွမ်၏ ခရမ်းအငွေ့အသက်များက ထွက်ပေါ်လာပြီး ပုဆိန်လှံရှည်ကို ဝေ့ယမ်းလိုက်သည်။ သူက တိုက်ပွဲအတွက် အဆင့်သင့်ဖြစ်နေလေပြီ။

ငါက နံပါတ်တစ်ပဲ … ဒီလို အရေးမပါတဲ့လူကို ဘာလို့ ကြောက်နေရမှာလဲ။ မင်းက တိုက်ချင်မှတော့ တိုက်ကြတာပေါ့

ဝမ်ရှန်းယုက ရယ်မောလိုက်သည်။

“ ရောင်းရင်း အခု မင်းက ငါ့ပြိုင်ဖက် မဟုတ်တော့ဘူး။ ဒီနေ့ မင်းကို သတ်ပစ်မယ် ”

ဝမ်ရှန်းယုက သူ့ကျောရိုးတစ်လျှောက် ရင်ဖိုသွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းမော့ပြီး မနေနိုင်ခဲ့သည်မှာ ကြာမြင့်သွားခဲ့လေပြီ။

ဒီနေ့ကစပြီး နံပါတ်တစ်က ငါ့အပိုင်ပဲ …  ဟားဟားဟား

အတွေးနဲ့တင် အရမ်းပျော်နေပြီ …

ထိုစဉ် ရှန်ထျန်းက လျှောက်လှမ်းလာလေ၏။

“ ညီအစ်ကိုချီ … စောစောလေးက မေ့သွားတာ။ ဒါက ခင်ဗျားအတွက် ဆေးလုံး ”

ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးကို ထုတ်ကာ ချီရှောက်ရွမ်အား ပေးလိုက်သည်။

ချီရှောက်ရွမ် “ … ”

ဝမ်ရှန်းယု  “ … ”

‘ သေစမ်း ငါက အလကား ကပ်ဖားမိခဲ့တာလား’

ဝမ်ရှန်းယုက မျက်လုံးအပြူးသားဖြင့် ကြောင်အမ်းကြည့်နေသည်။

ထိုစဉ် ချီရှောက်ရွမ်က စိတ်လှုပ်ရှားသွားဟန်ဖြင့် “ ညီအစ်ကိုရှန် ငါ .. ”

မှန်ပေသည်။ ချီရှောက်ရွမ်က ငြင်းဆန်လိုသော်ငြား စကားလုံးများ ထွက်မလာပေ။ ဆေးအာနိသင်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီးသား မဟုတ်ပါလော။  အရှုံးသမား ဝမ်ရှန်းယု၏ စွမ်းအားပင် မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်သွားခဲ့လေသည်။

ချီရှောက်ရွမ်လည်း မလိုချင်စရာအကြောင်း မရှိပေ။

ပုံမှန်အခြေအနေအောက်၌ အပြုအမူကောင်းကို ပြသရန်အတွက် အကြိမ်အနည်းငယ် ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ရပေမည်။ သို့သော်လည်း ချီရှောက်ရွမ်က သူသာ အားနာနေလို့ ရှန်ထျန်းက ပြန်သိမ်းသွားခဲ့လျှင် မည်သို့လုပ်ရမည်ကို စိုးရိမ်နေမိသည်။

ဤသို့သော ဆန်းကြယ်အံ့ဖွယ်ဆေးလုံးနှင့် ရင်ဆိုင်ရသည့်အခါ ချီရှောက်ရွမ်ပင် စိတ်ပူပင်လာမိသည်။

“ ညီအစ်ကိုရှန်အပေါ် ကျေးဇူးတင်တာကို ဒီအတိုင်း စကားလေးနဲ့ ဖော်ပြလို့ မရနိုင်လောက်ဘူး။ နောင်အခါ မင်း ငါ့ကို လိုအပ်တိုင်း မီးတောင်ကို ဖြတ်ပြီး ပွက်ပွက်ဆူ ရေထဲ ကူးလာရမယ်ဆိုရင်တောင် မင်းအတွက် အသင့်ရှိနေမယ်”

ချီရှောက်ရွမ်က တလေးတစားဖြင့် လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

ရှန်ထျန်းက တကယ်ကို ရက်ရောလွန်းလှသည်။ သူက အဖိုးတန်ဆေးလုံးများကို ဤသို့မျိုး ပေးပစ်နေလေ၏။

ညီအစ်ကိုရှန်နဲ့ ငါ့ကြားက ကွာဟချက်က မိုးမြေလောက် ကွာဟနေတာပဲ …

ဒီလိုဆိုရင်တောင် ငါက ကမ္ဘာမှာ နံပါတ်နှစ် ဖြစ်ကို ဖြစ်ရမယ်

ချီရှောက်ရွမ်က ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လက်မှာကိုင်ထားရင်း တိုက်ခိုက်လိုစိတ် ပြင်းပြလာလေသည်။

………...

သူက ငိုလုမတတ် ဖြစ်နေသည့် ဝမ်ရှန်းယုအား ကြည့်လိုက်ကာ  “ ငါ ဆေးလုံးကို သောက်ပြီးရင် သေချာလေး လက်ရည်စမ်းကြည့်ကြတာပေါ့။ မင်းခန္ဓာကိုယ်နဲ့ ငါ့ပုဆိန်လှံရှည် ဘယ်ဟာက ပိုမာကြောမလဲ ကြည့်ရသေးတာပေါ့။ ဝမ်ရှန်းယု … မင်းသတ္တိရှိရင် ထွက်မပြေးနဲ့ ”

ချီရှောက်ရွမ်က ဝမ်ရှန်းယုအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဆေးလုံးကို သောက်သုံးလိုက်သည်။ ချီရှောက်ရွမ်က ကောင်းကင်ပြုပြင်ရေး ဆေးလုံး ရပြီးနောက် သူ့ယုံကြည်ချက်တို့ ပြန်လည် ပြည့်ဝလာသည်။

မဟာလေဟာနယ် သူတော်စင် ဝမ်ရှန်းယုလား။ မဟာလေဟာနယ် ဖွဲ့စည်းပုံလား … ခဏနေရင် သင်ခန်းစာကောင်းကောင်းပေးပြမယ်

ထိုစဉ် ဝမ်ရှန်းယု မျက်နှာအထက် အမူအယာမျိုးစုံ ဖြတ်ပြေးသွားလေသည်။ သူက ခဏကြာ နီရဲလာပြီးနောက် ပြန်လည် ဖျော့တော့သွားသည်။

ဝမ်ရှန်းယုက အသက်ဓာတ်အကုန်နီးပါး ပြန်လည် ရရှိလာခဲ့ကာ သူ့ဖွဲ့စည်းပုံနှင့် စွမ်းအားတို့ တိုးမြင့်လာသော်လည်း ချီရှောက်ရွမ်ကို အထင်သေး၍ မဖြစ်ပေ။

ချီရှောက်ရွမ်က အရှေ့ပိုင်းလွင်ပြင်တွင် နံပါတ်တစ် ဖြစ်ခဲ့ဖူး၏။ ဤကောင်းကင်ပြုပြင်ရေး ဆေးလုံးအကူဖြင့် သူ့တိုက်ခိုက်စွမ်းရည်တို့က သေချာပေါက် မြင့်တက်လာလိမ့်မည်။

ငါ ချီရှောက်ရွမ်ကို မကြောက်ပါဘူး ဒါပေမဲ့ ဒီလိုလုပ်ဖို့ မလိုဘူးလေ။ ဟုတ်တယ် မလိုဘူး။

အခြားသူများ တိုက်ခိုက်သည့်အခါ ဝိညာဉ်စွမ်းအားသာ ကုန်ဆုံးသွားကြစဉ် သူကတော့ အသက်ဓာတ် ကုန်ခမ်းလာရသည်။

ငါ့သက်တမ်း ဘယ်လောက်ရှည်ရှည် ဒီလိုဖြုန်းတီးပစ်လို့ မဖြစ်ဘူး

ချီရှောက်ရွမ်နဲ့ အခု တိုက်လိုက်ရင် ငါ့သက်တမ်း ဘယ်လောက်ကုန်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ

ထိုအတွေးဖြင့် ဝမ်ရှန်းယုက စတင် စိုးရိမ်မိလာသည်။

စိုးရိမ်တာ မဟုတ်ဘူး။ ငါက နှိုင်းနှိုင်းချိန်ချိန် စဉ်းစားမိသွားတာ …

သူက ပြုံးလိုက်ပြီး  “ ညီအစ်ကိုချီ စောစောလေးက ငါ နောက်နေတာပါ ဟားဟားဟား ”

ချီရှောက်ရွမ်က သူ့အား အကြည့်တစ်ချက် ပေးလိုက်ရင်း  “ခဏနေရင် ထွက်မပြေးနဲ့ ”

ဝမ်ရှန်းယု၏ မျက်နှာက တောင့်တင်းလာကာ  “ ချီရှောက်ရွမ် ငါ့ကို အတင်းဖိအားမပေးနဲ့နော် ”

“ခဏနေရင် ခိုးထွက်မပြေးနဲ့ ”

“ မင်းကို ကြောက်တယ်များ ထင်နေလား။ ငါ့သက်တမ်းကို စတေးပြီး မင်းကို သတ်ပစ်မယ် ”

“ ခဏနေရင်သာ ထွက်မပြေးနဲ့ ”

ဝမ်ရှန်းယု  “ … ”

“ ညီအစ်ကိုရှန် … ကျုပ် အိမ်မှာ လုပ်စရာလေး ကျန်နေတာ ရုတ်တရက် အမှတ်ရလိုက်လို့။ ကျုပ်ခုနှစ်ယောက်မြောက် ဒေါ်လေးရဲ့ တူမက ဒီနေ့ပထမဆုံး ဆံပင်ညှပ်မှာလေ။ ကျုပ် ပြန်ပြီးတော့ သူတို့ကို ဂုဏ်ပြုပေးရဦးမယ်။ ညီအစ်ကိုရှန်ရေ ကျုပ် အရင်သွားနှင့်မယ်ဗျို့ ”

ဝမ်ရှန်းယုက ချက်ချင်း ထွက်ပြေးသွားလေသည်။

ငါက တကယ်ကြီး ချီရှောက်ရွမ်နဲ့ တိုက်မယ်များ ထင်နေလား … မဖြစ်နိုင်တာ။ ငါ့ကို အရူးများ ထင်နေလား

အခြေအနေမကောင်းတော့ဘူး။ ထွက်ပြေးရမဲ့ အချိန်ပဲ …

လေဟာနယ် ထွက်ပေါ်လာကာ ဝမ်ရှန်းယုက နတ်ဘုရားမသာ သိသည့်နေရာသို့ ပျောက်ကွယ်သွားတော့သည်။

ချီရှောက်ရွမ်  “ … ”

လူအုပ်ကြီး  “ … ”

ဤမဟာလေဟာနယ် ဖွဲ့စည်းပုံက အတော်လေး အဆင်ပြေလှသည်။ သူ့ဘဝအတွက် ထွက်ပြေးရာ၌ အမြန်နှုန်းက မည်သည့်အရာထက်မှ နောက်မကျပေ။

………...

ထိုစဉ် ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့က ဘာမဟုတ်တာလေးကို ငြင်းခုန်နေကြသည်။ သူတို့က ဖန်းလဲ့ကျွန်းကနေ ပြန်ရောက်ကတည်းက မရပ်တန့်သေးကြပေ။

ကံကောင်းစွာဖြင့် သူတို့က ယခု အတော်လေး ငြိမ်ကျသွားလေပြီ။ သူတို့က စကားဖြင့် ငြင်းခုံနေကြကာ လက်သီးတော့ မပါကြချေ။ မဟုတ်လျှင် နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်လာပေမည်။

ထိုစဉ် မင်းသမီးလင်းလုံပေါ်ရှိ ပစ္စည်းတစ်ခုက ရုတ်ချည်း တောက်ပလာသည်။ သူမက အံ့ဩသွားကာ ထုတ်ယူလိုက်သည်။

“ ငါ့ဆက်သွယ်ရေး ပစ္စည်းက ဘာလို့ လင်းလာပါ့လိမ့်”

မင်းသမီးလင်းလုံက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပစ္စည်းကို အသက်သွင်းလိုက်သည်။ ရွှေရောင်အလင်းတန်းက သက်တံတစ်ခုအဖြစ် ပြောင်းသွားကာ သူမခေါင်းအထက်တွင် ပေါ်လာသည်။

မင်းသမီးလင်းလုံက ယခုအခါ ပို၍ပင် အံ့ဩလာသည်။

ကျန်းယွင်ရှီးက မျက်မှောင်ကြုတ်ကာ  “ ဘာဖြစ်နေတာလဲ ”

မင်းသမီးလင်းလုံက ပြုံးလိုက်ကာ  “ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ကိုယ်စားလှယ် ရောက်လာလိမ့်မယ်။ သူတို့က အစ်ကိုရှန်ကို ဂုဏ်ပြုပေးဖို့ ရောက်လာတာ ”

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသမီးတစ်ပါးအနေနှင့် သူမက သူမတိုင်းပြည်မှ ကိုယ်စားလှယ် ရောက်လာမည့်အကြောင်း ကြားသည့်အခါ အလွန်ပျော်နေမိသည်။

ကျန်းယွင်ရှီး၏ အမူအယာက လေးနက်လာသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ကိုယ်စားလှယ်လား။ သူတို့က လက်ထပ်ပွဲ အဆိုပြုဖို့ ရောက်လာတာလား။

မဖြစ်ဘူး … အဖေ့ကို အခုသွားရှာရမယ်

မောင်လေးရှန်က ငါ့အပိုင်ပဲ။ သူ့ကို ဘယ်သူမှ မရစေရဘူး

.............

ကျန်းယွင်ရှီးက မြန်မြန်ဆန်ဆန် ထွက်သွားလေသည်။

သိပ်မကြာခင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အံ့ဖွယ်အလင်းတန်းများ လွှမ်းခြုံသွားလေသည်။

အာကာပြင်က တုန်ခါလာကာ နေတစ်စင်း ဖြည်းဖြည်းချင်း မြင့်တက်လာသည့်အလား နေရာအနှံ့မှ အလင်းတန်းများ ထွက်ပေါ်လာသည်။

အားလုံးက လှည့်ကြည့်လိုက်သည့်အခါ ဧရာမ စစ်ရထားလုံးကို မြင်လိုက်ရသည်။

ရထားလုံးရှေ့တွင် ချီလင်ကဲ့သို့သော ကမ္ဘာဦး သားရဲကိုးကောင် ရှိနေသည်။ သူတို့က ကောင်းကင်သားရဲများ ကမ္ဘာမြေဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေသည်။

ထိုချီလင်နှင့်တူသည့် သားရဲကိုးကောင်က သူတို့သွေးကြောများ၌ ချီလင်သွေး စီးဆင်းနေသည်။ သူတို့က ချီလင်တပိုင်း ဖြစ်ပြီး အားလုံးက နတ်ဆိုးအသျှင်အဆင့် ဖြစ်ကြသည်။ သူတို့တွင် အဆင့်တူအားလုံးကို လွှမ်းမိုးနိုင်သည့် အားကောင်းကောင်း စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။

သို့သော် သူတို့လိုမျိုး အဆင့်မြင့် နတ်ဆိုးများပင် ရထားလုံး ဆွဲဖို့သာ ဖြစ်လာကြသည်။

ထိုသားရဲကိုးကောင်နောက်တွင် ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် ထိပ်သီး ကောင်းကင်အသျှင် ၃၆ ယောက် ရှိသည်။

သူတို့ကျင့်ကြံဆင့်များက ကြောက်စရာကောင်းပြီး အရှိန်အဝါတို့က တစ်ယောက်တည်းအလား ပေါင်းစပ်နေသည်။ သူတို့က ပူးပေါင်းတိုက်ခိုက်မှုများ၌ ကျွမ်းကျင်ကြကြောင်း သိသာလှသည်။

ထိပ်သီး ကောင်းကင်အသျှင် ၃၆ ယောက်က အတူတကွ တွဲလုပ်လျှင် ဝိဇ္ဇာအစစ်အမှန်ကိုပင် ရင်ဆိုင်နိုင်သည်။

ထိုသို့ဆိုလျှင်ပင် ထိပ်သီးကောင်းကင်အသျှင် ၃၆ ယောက်က အစောင့်မျှသာ ဖြစ်၏။

အလယ်၌ ရွေရောင်တလက်လက် တောက်ပနေသည့် ရထားလုံး ရှိနေသည်။ မှော်အက္ခရာများစွာ ဖုံးလွှမ်းနေသော ရထားလုံးဝန်းကျင်တွင် အံ့ဖွယ်အလင်းများ ရစ်ပတ်နေသည်။ ထိုအရာကို အသက်သွင်းလိုက်လျှင် ဝိဇ္ဇာကိုပင် သတ်ပစ်နိုင်လောက်သည်။

ရထားလုံးအတွင်း အရပ်ရှည်ရှည် အားကောင်းကောင်း ကြောက်မက်ဖွယ် အရှိန်အဝါနှင့် အမျိုးသားတစ်ယောက် ထိုင်နေသည်။ သူ့တွင် တည်ရှိနေသော အမူအယာရှိပြီး အုပ်စိုးသူတစ်ယောက်၏ လေထုကို သယ်ဆောင်ထားသည်။

အထွတ်အမြတ်မြေအသီးသီးမှ ဝိဇ္ဇာများသည် ထိုမြင်ကွင်းကြောင့် အံ့ဩလာကြသည်။ ဤသို့သော ဧရာမ စီစဉ်မှုမျိုးက ရထားလုံးတစ်ခုအတွက်လား။

အလွန်အကျွံ ဖြစ်မနေဘူးလား …

ရထားလုံးထဲက အမျိုးသားက ဘယ်သူလဲ

သူ့ဆီမှာ ကမ္ဘာမြေကို လှုပ်ကိုင်နိုင်လောက်တဲ့ စွမ်းအားမျိုး ရှိနေတာလား

ထိုအမျိုးသားက ဖြည်းဖြည်းချင်း ထရပ်ကာ အပြင်ထွက်လာသည်။ သူ့ခြေထောက်နှင့် ထိတွေ့မိသည့် အာကာပြင်က အက်ကွဲသွားကာ ချောက်နက်တစ်ခုကို ထုတ်ဖော်ပြလာသည်။

အားလုံးက မျက်လုံးမှေးကြည့်လိုက်ကြသည်။ ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ဝိဇ္ဇာအစစ်အမှန်ကိုပင် ဖိနှိပ်ထားနိုင်လောက်သည်။

ထိပ်သီး အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ပညာရှင်သာ ထိုသို့သော အရှိန်အဝါမျိုး ပိုင်ဆိုင်နိုင်လိမ့်မည်။

“ ဒါက … မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ စစ်ဘုရင်လား ”

အလယ်ပိုင်းကုန်းမြေ၏ ဂိုဏ်းချုပ်တစ်ယောက်က ထိုအမျိုးသားကို မှတ်မိသွားသည်။

ထိုအရာက အားလုံးကို ပိုအံ့ဩသွားစေသည်။

ပြောရလျှင် စစ်ဘုရင်သည် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ အားအကောင်းဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူမက စမ်းသပ်ချက် ကိုးကြိမ် ဖြတ်ကျော်ထားသော မဟာဝိဇ္ဇာဖြစ်ပြီး ဤနေရာရှိ ဝိဇ္ဇာတိုင်းကို အလွယ်လေး လွှမ်းမိုးနိုင်သည်။

ဤသို့သော အားကောင်းသည့် ကျင့်ကြံသူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအထိ ရောက်လာလေရာ … သူက သူတော်စင်ရာထူးအပ်နှင်းပွဲ အခမ်းအနား တက်ရောက်ဖို့အတွက်လား။

ဝိဇ္ဇာအားလုံးက ထိုအတွေးကြောင့် အံ့ဩမိသွားသည်။

သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် ဤသို့အကောင်ကြီးကြီးကို ဆွဲဆောင်နိုင်လောက်အောင်အထိ နာမည်ကြီးလိမ့်မည်ဟု မထင်ထားကြပေ။

စစ်ဘုရင်က ယခုအခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်လာလေပြီ။

သူက မိုင်တစ်သောင်းကို ခြေတစ်လှမ်းဖြင့် ဖြတ်ကျော်လာပြီး အားလုံးရှေ့ရှိ လေထဲ ချက်ချင်း ရောက်လာသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပျံသန်းသွားကာ နှုတ်ဆက်လိုက်သည်  “ စစ်ဘုရင်ကို ကြိုဆိုပါတယ်။ ဒီအထိ ဘာကြောင့်များ ရောက်လာတာပါလဲ ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စစ်ဘုရင်နှင့် ကောင်းကောင်း ရင်းနှီးသောကြောင့် သူ ပြဿနာရှာဖို့ ရောက်လာမည်ကို မစိုးရိမ်ပေ။ ထို့အပြင် စစ်ဘုရင်သည် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ ဖြစ်ရာ မင်းသမီးလင်းလုံလည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ရှိနေသေး၏။ ထို့ကြောင့် ပိုစိုးရိမ်စရာ မရှိပေ။

စစ်ဘုရင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား ခေါင်းညိတ်ပြကာ  “ ဒီကို သူတော်စင်ရာထူးအပ်နှင်းပွဲ အခမ်းအနား လာပြီးတော့ ဂုဏ်ပြုတာပါ။ ပြီးတော့ မဟာနတ်ဧကရာဇ် ဟွမ်ရှစ်ရဲ့ အမိန့်မှာတမ်းကို အထွတ်အမြတ်မြေအားလုံး သိရအောင် လာကြေညာပေးတာ …

ကျိရှားကျောင်းတော်က ခြွင်းချက်ထားပြီးတော့ ဝင်ခွင့်အများအပြား လက်ခံပါ့မယ်။ ခြောက်ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်နဲ့အထက် လူငယ်ပါရမီရှင်အားလုံး ကျိရှားကျောင်းတော်ကို ဝင်ရောက်နိုင်တယ် ”

လူအုပ်ကြီးက သူ့စကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အလယ်ပိုင်းကုန်းမြေတွင် အားအကောင်းဆုံး အာဏာပိုင်ဆိုင်ထားသည့် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ စစ်ဘုရင်က ဤအထိ သူတော်စင်ရာထူးအပ်နှင်းပွဲ အခမ်းအနားကို တက်ရောက်ဖို့ ရောက်လာလေသည်။

ဤသည်မှာ မယုံကြည်နိုင်လောက်ဖွယ် ဖြစ်၏။

အထွတ်အမြတ်မြေများ၏ ဂိုဏ်းချုပ် ရာထူးအပ်နှင်းပွဲ အခမ်းအနားပင် ဤလောက် သီးသန့်ဆက်ဆံမှုမျိုး မရဖူးပေ။

ဤတစ်ချက်တည်းဖြင့် အထွတ်အမြတ်မြေအားလုံးကို အံ့ဩသွားစေဖို့ လုံလောက်ပေသည်။

သို့သော် အံ့ဩစေဆုံးအရာမှာ စစ်ဘုရင်က မဟာနတ်ဧကရာဇ် ဟွမ်ရှစ်အကြောင်း ထုတ်ပြောလိုက်စဉ် ဖြစ်၏။

သူက လွန်ခဲ့သော နှစ်ငါးထောင်အတွင်း နယ်မြေငါးခု၌ ထိပ်တန်း အနေအထားတစ်ခုကို တက်လှမ်းထားနိုင်သည့် အကျော်ဇေယျ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်နှင့် ကျိရှားကျောင်းတော်ကို တည်ထောင်ခဲ့သူလည်း ဖြစ်နေသည်။

မဟာနတ်ဧကရာဇ် ဟွမ်ရှစ်က ကျိရှားကျောင်းတော်ထံ ဝင်ခွင့်အမြောက်အများ ပေးဖို့ ကိုယ်တိုင် အမိန့်ချမှတ်ခဲ့လေသည်။

ဤသည်က ရွှေအမြုတေ ကျင့်ကြံသူများအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေဖို့ လုံလောက်လေပြီ။

ကျိရှားကျောင်းတော်သည် ပါရမီရှင်အားလုံး ဝင်ရောက်လိုသည့် အထွတ်အမြတ်မြေ ဖြစ်ပေသည်။ ထိုအရာက နေရာအနှံ့နှံ့မှ ပါရမီရှင်များကို ဆွဲဆောင်နေသည်။

ထိုနေရာအတွင်း မြောက်များစွာသော အဖိုးတန် အမွေအနှစ်များ ရှိပြီး အားကောင်းကောင်း ကျင့်ကြံသူများကို လမ်းညွှန်ပြသူအဖြစ် ရရှိနိုင်သည်။ ပါရမီရှင်များစွာက ဝင်ရောက်လိုကြ၏။

ကျိရှားကျောင်းတော်သို့ ဝင်ရောက်နိုင်သရွေ့ သူတို့က ထိပ်တန်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည်။ သို့သော်လည်း ကျိရှားကျောင်းတော်ဆီ ဝင်ရောက်ဖို့ မလွယ်လှပေ။

အထွတ်အမြတ်မြေများအတွက် သူတို့သူတော်စင်များနှင့် သူတော်စင်မများသာ ကျိရှားကျောင်းတော်ဆီ တက်ရောက်ခွင့် ရကြသည်။

ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေတို့အတွက်  လိုအပ်ချက်က ပိုမို တင်းကျပ်ထားသည်။ ပါရမီရှင်က အံ့လောက်ဖွယ် အရည်အချင်း မရှိသရွေ့ လက်ခံမည် မဟုတ်ပေ။

ပုံမှန်အားဖြင့် အထွတ်အမြတ်မြေများက သူတို့၏ ပင်မတပည့်များ တစ်သုတ်ကို နှစ်တစ်ရာတိုင်း ပို့ပေးလေ့ရှိ၏။

ပင်မတပည့်အများစုက နှစ်တစ်ရာကြာပြီးနောက် အတွေ့အကြုံပိုရဖို့အတွက် ဒါမှမဟုတ် သူတို့အထွတ်အမြတ်မြေ၏ နယ်မြေတစ်ခုခုကို ထိန်းချုပ်နိုင်ရန်အတွက် သူတို့အထွတ်အမြတ်မြေမှ  ထွက်သွားလေ့ရှိကြသည်။

ထိုစဉ် သူတော်စင်၊ သူတော်စင်မများနှင့် အထူးချွန်ဆုံး ပါရမီရှင်တို့က ကျင့်ကြံရေးလမ်းကြောင်း ဆက်လက် လျှောက်လှမ်းကြရန် ကျိရှားကျောင်းတော်ဆီ ဝင်ရောက်ကြသည်။

ကျိရှားကျောင်းတော်အတွင်း ပါရမီရှင်အချင်းချင်း လက်ရည်စမ်းကာ ထိပ်တိုက်တွေ့ကြသောကြောင့် ပဋိပက္ခအမြောက်အများ ဖြစ်လာကြရ၏။

ထိုပဋိပက္ခများမှ တကယ့် စွမ်းအားကြီး ကျင့်ကြံသူကို ပျိုးထောင်ပေးနိုင်သည်။

ယခင် ကြာပြာကောင်းကင်အသျှင်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့လည်း ကျိရှားကျောင်းတော်အတွင်း လေ့ကျင့်ခဲ့ကြသည်။ သူတို့က ကျိရှားကျောင်းတော်တွင် ရှိနေစဉ်အတွင်း ပဋိပက္ခများစွာကို ဖန်တီးခဲ့ကြသည်။

ပြောရလျှင် ဤအရာက နယ်မြေငါးခုအတွင်း အားအကောင်းဆုံး ကျောင်းတော် ဖြစ်ပေသည်။ အတိတ်တုန်းက ကျောင်းတော်သည် အကောင်းဆုံးဆိုတာသာ လက်ခံလေ့ရှိ၏။

ယခု သူတို့က အကန့်အသတ်လျော့ချကာ ရွှေအမြုတေ ကျင့်ကြံသူများကို လက်ခံပေးနေသည်။ ဆိုလိုသည်မှာ ကျင့်ကြံသူများစွာက ကျိရှားကျောင်းတော်ဆီ ဝင်ရောက်နိုင်တော့မည်။

ရလဒ်အနေနှင့် ပါရမီရှင်များစွာ၏ မျက်နှာအထက် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်အပြည့် ဖြစ်နေသည်။

…….....

သို့သော်လည်း မျိုးဆက်ဟောင်းများက ပိုငြိမ်ကျသွားပြီး တချို့လူများက စိုးရိမ်တကြီး ဖြစ်လာကြသည်။

ကျိရှားကျောင်းတော်သည် ပါရမီရှင်များကို မြန်မြန် မွေးထုတ်ပေးနိုင်ရန်အတွက် လုပ်နေသည်လား …

ဤအမိန့်ကို မဟာနတ်ဧကရာဇ် ဟွမ်ရှစ်ကိုယ်တိုင် ပေးလိုက်ခြင်း ဖြစ်သည်။

သူက ဖိအား ခံစားနေရတယ်လို့ ဆိုလိုချင်တာလား။

သူတို့က အစောပိုင်းလေး  မိစ္ဆာဝိညာဉ်ဂိုဏ်း  ဝိဇ္ဇာအစစ်အမှန်၏  စကားများနှင့် ဆက်စပ်မိသွားကြသည်။

ခဏတာအတွင်း အားလုံး စိတ်လေးလံသွားကြ၏။

နယ်မြေငါးခုလုံးက မကြာခင် ကမောက်ကမ အခြေအနေ ကျရောက်တော့မယ်လို့ ပြောချင်နေတာလား …

All Chapters