← Chapters

ဒီပါရမီရှင်တွေက အလယ်ပိုင်းကုန်းမြေရဲ့ အပြင်ဘက်ကလား

Vol. 29 Ch. 421

ဒီပါရမီရှင်တွေက အလယ်ပိုင်းကုန်းမြေရဲ့ အပြင်ဘက်ကလား

Vol. 29 Ch. 421

အခန်း (၄၂၁) : ဒီပါရမီရှင်တွေက အလယ်ပိုင်းကုန်းမြေရဲ့ အပြင်ဘက်ကလား

အလယ်ပိုင်းကုန်းမြေက တိုက်၏ အလယ်တွင်ရှိသော ကျယ်ပြန့်သည့် ကုန်းမြေတစ်ခု ဖြစ်သည်။ ထိုနေရာတွင် သတ္တုရိုင်းတွင်းများနှင့် များပြားသော ဝိညာဉ်ချီများရှိသည့်အတွက် ကျင့်ကြံရေးအတွက် အထူးသင့်တော်သည်။

မြေအနေအထား အားသာမှုကြောင့် အလယ်ပိုင်းကုန်းမြေမှ ကျင့်ကြံသူများနှင့် အထွတ်အမြတ်မြေများက တခြားနယ်မြေလေးခုထက် ပိုပြီးသာလွန်သည်။

ပုံမှန်အားဖြင့် အလယ်ပိုင်းကုန်းမြေတွင် အရည်အချင်းရှိသော ပါရမီရှင်လည်း အများကြီး ရှိသည်။

ထိုအချိန်တွင် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က အလယ်ပိုင်းကုန်းမြေ၏ အလယ်ပိုင်းအကျဆုံးနေရာတွင် တည်ရှိပြီး အရှေ့ပိုင်းလွင်ပြင်မှ အင်မတန် ကွာဝေးလှသည်။

ကောင်းကင်အသျှင်တစ်ယောက်ပင် အလယ်ပိုင်းကုန်းမြေမှ အရှေ့ပိုင်းလွင်ပြင်သို့ ဦးတည်သွားပါက ရောက်ရှိဖို့အတွက် နှစ်ဝက်လောက် ကြာနိုင်သည်။

ရွှေအမြုတေ ပါရမီရှင်နှင့် ကနဦးဝိညာဉ် ပါရမီရှင်များ သူတို့ဘာသာသူတို့ ကျိရှားကျောင်းတော်သို့ သွားရောက်မည်ဆိုပါက ဘယ်အချိန်မှ ရောက်နိုင်မလဲဆိုတာကို နတ်ဘုရားသာလျှင် သိနိုင်လိမ့်မည်။

ပါရမီရှင်အများစုက မဟာလွင်ပြင် ထူးခြားသော အမြန်နှုန်းကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားတိုင်းပြည်၏ ဝိဇ္ဇာယာဉ်ပျံပေါ်တွင် ထိုင်ကာ ကောင်းကင်သို့ ဖြတ်သန်းကာ ဆက်တိုက် ပျံသန်းသည်က ကောင်းမွန်သောအရာ ဖြစ်သည်။ သူတို့ အလယ်ပိုင်းကုန်းမြေသို့ ရောက်ရှိဖို့အတွက် အချိန်တစ်လသာ အသုံးပြုဖို့ လိုအပ်သည်။

ယာဉ်ပျံက လေထဲတွင် ဝဲကာ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

ထိုယာဉ်ပျံ၏ အောက်တွင် အင်မတန် ကြီးကျယ်ခမ်းနားသောနေရာတစ်ခု ဖြစ်သည်။

သိပ်သည်းထူထဲသော ကောင်းကင်မြူခိုးက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည့်အတွက် ဆန်းကြယ်သည့်ပုံစံ ပေါ်စေသည်။

မြို့များက ကောင်းကင်ရှိ ကြယ်များကဲ့သို့ ပြန့်ကျဲနေပြီး အဓိက မြို့ ၁၈ မြို့က အချင်းချင်း နီးကပ်နေပြီး တော်ဝင်မြို့တော်ကို ပတ်လည်ဝန်းရံထားသည်။

အဓိကမြို့ တစ်မြို့ချင်းစီ၏ တည်နေရာက အလွန် ထူးခြားသည်။ သူတို့၏ ဦးတည်ရာက မိုးမြေ၏ ယေဘုယျဦးတည်ချက်နှင့် တူညီပြီး အချင်းချင်း ရောယှက်ကာ ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ထိုနေရာက နတ်ဘုရားလောကမှ နယ်မြေတစ်ခု သေမျိုးလောကသို့ ဆင်းသက်လာသလိုမျိုး ဖြစ်နေသည်။ ထိုကဲ့သို့သော ပုံစံက ကမ္ဘာလောက၏ ပြောင်းလဲမှုများကဲ့သို့ ဆန်းကြယ်ပြီး များပြားသော ဝိညာဉ်ချီပမာဏကို စုဆောင်းနေသည်။

တီထွင်ဖန်တီးမှုကောင်းသော သဘာဝက နေရာတစ်ခုလုံးကို အသွင်ပြောင်းလဲပေးလိုက်သည်။

အရှေ့ပိုင်းလွင်ပြင်မှ ပါရမီရှင်အသီးသီးက ယာဉ်ပျံထဲမှ ထွက်လာပြီး ထိုကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရသည့်အတွက် အားလုံး အံ့ဩမှင်သက်သွားကြသည်။

“ ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်ချီတွေက အရမ်းသိပ်သည်းတာပဲ”

ဝိညာဉ်ချီများက ပါရမီရှင် အသီးသီးဆီ လှိုင်းကြမ်းများသဖွယ် ထိုးဖော်ဝင်ရောက်လာသည့်အတွက် သူတို့ အသက်ပြင်းပြင်းရှူကာ ဝိညာဉ်ချီများက ဘယ်လောက်ထိ သိပ်သည်းကြောင်းကို အာရုံခံကြည့်နေကြသည်။

ဝိညာဉ်ချီများက သူတို့၏ ခန္ဓာကိုယ်ထဲသို့ အဆုံးမဲ့ မြစ်တစ်စင်းကဲ့သို့ ဝင်ရောက်သွားသည်။ ထိုအခိုက်အတန့်တွင် ပါရမီရှင်များအားလုံး ဝိညာဉ်ချီများဖြင့် လွှမ်းခြုံသွားကာ သူတို့ကို အားအင်ပြည့်ဝ လန်းဆန်းသွားစေသည်။

အားလုံးလည်း ဘယ်လိုမှ မတတ်နိုင်ဘဲ အံ့ဩမင်သက်သွားမိကြသည်။ အလျှံအပယ်ရှိနေသော ဝိညာဉ်ချီများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်က သီးသန့်ကမ္ဘာ တစ်ခုဖြစ်ပြီး အံ့ဖွယ်မိုးကောင်းကင်၏ ဘိုးဘေးဘီဘင်များက စည်းမျဉ်း၏ လွန်ကဲသော စွမ်းအားများကို အသုံးပြုကာ ဝိညာဉ်ချီများကို စုစည်းထားသော ကမ္ဘာငယ်တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်ထဲရှိ ဝိညာဉ်ချီ၏ သိပ်သည်းဆက ပြင်ပလောကထက် ပိုပြီးတော့ မြင့်မားနေခြင်း ဖြစ်သည်။

သို့သော် ထိုနေရာရှိ ဝိညာဉ်ချီများ၏ သိပ်သည်းဆက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် တူညီယုံသာမက အဆပေါင်းရာချီ ပြီးတော့လည်း ကျယ်ဝန်းသေးသည်။

သူတို့ ဘယ်လိုလုပ်ပြီးတော့ မအံ့ဩဘဲ နေနိုင်ပါ့မလဲ

ထိုကဲ့သို့သော ကျယ်ပြန့်သည့် အထွတ်အမြတ်မြေတစ်ခုကို ဖန်တီးဖို့အတွက် ဝိညာဉ်ချီများ စုဆောင်းဖို့အတွက် ကာကွယ်ရေး အစီအရင်များကို ဖန်တီးသည့်အခါ များပြားသော အရင်းအမြစ်များကို အသုံးပြုသည့်အပြင် အဓိကမြို့၁၈ မြို့ ဝန်းရံနေသည့် တော်ဝင်မြို့တော်နှင့်လည်း အတော်လေး ဆက်နွယ်နေသည်။

သူတို့က မိုးမြေ စွမ်းအားကို ငှားယူကာ ဝိညာဉ်ချီများကို စုဆောင်းပြီး သိပ်သည်းသော ဝိညာဉ်ချီ ဖြစ်တည်လာရေးအတွက် တော်ဝင်မြို့တော်၏ ပတ်လည်တွင် အဓိကမြို့ ၁၈ မြို့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဒါက အရမ်းကို ထုထည်ကြီးမားတဲ့ ကာကွယ်ရေး အစီအရင်တစ်ခုပဲ

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ခွန်အားက တကယ်ကို လွှမ်းမိုးလို့ မရနိုင်ပေ။

“ ဒါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်လား”

ရှန်ထျန်း ပတ်ချာလည် ကြည့်လိုက်သည်။ ယခုက အလယ်ပိုင်းကုန်းမြေသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည့်အတွက် သိချင်စိတ် များပြားနေသည်။

မင်းသမီးလင်းလုံက သူ့ဆီ ပြုံးရင်း လမ်းလျှောက်လာကာ ပြောလိုက်သည်

“ အစ်ကိုရှန် ဒါက မဟာလွင်ပြင် နယ်မြေလေ။ ဒီနေရာက အလယ်ပိုင်းကုန်းမြေမှာရှိတဲ့ နယ်မြေကိုးခုရဲ့ ခေါင်းပိုင်းဖြစ်ပြီးတော့ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ အောက်ပိုင်းဆိုလည်း မမှားဘူး။”

“ ဒီနေရာတစ်ခုလုံးက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ပိုင်နက်လား။ ဒါဆိုရင် သူတို့ ဒီနေရာကို စောင့်ရှောက်ဖို့အတွက် လူအင်အား အများကြီး မလိုဘူးလား” ဝမ်ရှန်းယုက ရှေ့ထွက်လာပြီး မေးလိုက်သည်။

မဟာလေဟာနယ် သူတော်စင်တစ်ယောက်အနေဖြင့် သူ့ဆီမှာ အင်မတန် မြင့်မားသော အရည်အချင်းရှိပြီး ကျင့်ကြံဆင့်ကလည်း ထိပ်သီး ကနဦးဝိညာဉ်အဆင့် ဖြစ်သည့်အတွက် ကျိရှားကျောင်းတော်ကို ဝင်ဖို့အတွက် အရည်အချင်းအပြည့် ရှိသည်။ ထို့ကြောင့် ဝမ်ရှန်းယုက အလယ်ပိုင်းကုန်းမြေသို့ သွားမည့် ရှန်ထျန်းတို့နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သော မြင်ကွင်းကို မြင်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးများ တောက်ပလာရသည်။

အာ…

အရမ်းကြီးတာပဲ…ဒီနယ်မြေက အရမ်းကျယ်တာပဲ

ဒီလောက်ထိ ကြီးတဲ့နေရာကို မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က စောင့်ရှောက်ကာကွယ်နိုင်ပါ့မလား

အထဲမှာရှိတဲ့ တစ်ခုခုကို ငါ ခိုးယူနိုင်မလားဆိုတာ စမ်းကြည့်ရင် ကောင်းမလားပဲ

ဝမ်ရှန်းယု၏ မဟာလေဟာနယ် ခန္ဓာတည်ဆောက်ပုံ ပိုမိုသန်မာလာကတည်းက အာကာပြင်ကို ထိန်းချုပ်သည့်နေရာတွင် ပိုပြီးတော့ ကျွမ်းကျင်လာသည်။

သည်ထက်ပိုပြီး အရေးကြီးသည်က သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ရှိစဉ်က ပိုင်တိနှင့် ယွဲ့ယူသဲ့တို့ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ တူရာတူရာ စုမိနေခြင်း ဖြစ်၏။

မိုးမြေအလျှင်နှုန်း နှင့် မဟာလေဟာနယ် ပညာရပ်တို့ကြောင့် သူတို့သုံးယောက်က ယုံလွယ်သော ပါရမီရှင်တချို့ကို လှည့်စားနိုင်ခဲ့သည်။ အဆုံးသတ်တွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို တစ်စုံတစ်ယောက်က တွေ့ရှိသွားသည့်အတွက် သူတို့သုံးယောက်ကို ဖော်ထုတ်လိုက်ကြသည်။

အထွတ်အမြတ်မြေ အသီးသီး၏ ဂိုဏ်းချုပ်များက ဒေါသထွက်သွားကာ သူတို့ကို လူပုံအလယ်တွင် ပြစ်ဒဏ်ချမှတ်ချင်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် မဟာလေဟာနယ် ဂိုဏ်းချုပ် ရောက်ရှိလာမှသာ ပြဿနာကို ဖြေရှင်းလို့ ရသွားသည်။ သူတို့သုံးယောက်လုံး ပြင်းထန်စွာ ရိုက်နှက်ခံရပြီးမှ ကိုယ့်ကိုယ်ကို ထိန်းချုပ်ကာ နောက်ထပ်တစ်ခါ ထပ်ပြီး မလုပ်ရဲတော့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် မဟာလွင်ပြင်နယ်မြေရှိ အလယ်ပိုင်းကုန်းမြေတွင် ချမ်းသာကြီးပွားသော အဓိကမြို့များကို စိုက်ကြည့်ကာ လက်ဖဝါးများ ယားနေသည်။

“မဟာလွင်ပြင်နယ်မြေမှာ အဓိကမြို့ပေါင်း ၁၈ မြို့နဲ့ တော်ဝင်မြို့တော် တစ်မြို့ရှိတယ်။

အဓိကမြို့တစ်မြို့ချင်းစီက အတိဒုက္ခဖြတ်ကျော်ခြင်း ခုနစ်ကြိမ်မြောက် ဖြတ်ကျော်ပြီးသူနှင့် မဟာ ဝိဇ္ဇာအဆင့်အထက်ရှိသူများက ကာကွယ်ထားသည်။

အလယ်ခေါင်ရှိ တော်ဝင်မြို့တော်တွင် ကိုးကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ခြင်းနှင့် စွမ်းအားကြီး ဝိဇ္ဇာများပင် ရှိနေသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသမီးလေးဖြစ်သော မင်းသမီးလင်းလုံက မဟာလွင်ပြင်နယ်မြေနှင့် ပတ်သက်ပြီး လေးနက်စွာ နားလည်မှုရှိသည်။

သို့သော် သူမက ဝမ်ရှန်းယု ဘာတွေတွေးနေလဲဆိုတာကို မသိဘဲ သူမ သိထားသည်များကိုသာ ရှင်းပြနေသည်။

ရုတ်တရက် ဝမ်ရှန်းယု ချွေးစေးများထွက်လာကာ ပေါ်ထွက်လာသော ထိုအတွေးများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားရသည်။

မင်း နောက်နေတာပဲဖြစ်ရမယ်

မဟာဝိဇ္ဇာ ကာကွယ်စောင့်ရှောက်နေတဲ့ မြို့ထဲမှာ ငါက ဘာလုပ်နိုင်မှာလဲ

ငါ့ကိုသာ ဖမ်းမိသွားရင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရမှာ မဟုတ်ဘူးလား

ကိုယ့်သေတွင်းကို မတူးတာ ပိုကောင်းလိမ့်မယ်

ပါရမီရှင်အသီးသီးက အံ့ဩမှင်သက်နေရင်း အသက်ပြင်းပြင်းရှူလိုက်ကြသည်။

အထွတ်အမြတ်မြေတစ်ခုက မဟာဝိဇ္ဇာများနှင့် စွမ်းအားကြီး ဝိဇ္ဇာများရှိသည့် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ဒါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ခွန်အားများလား

ဒါက တကယ်ကို ပြိုင်ဘက်ကင်းပဲ

တစ်စုံတစ်ယောက်က မေးလိုက်သည်

“ မင်းသမီးလေး ကျိရှားကျောင်းတော်က ဘယ်မှာလဲ”

အားလုံး ဆင်းပြီးနောက် ယာဉ်ပျံက ထပ်မံပျံသန်းသွားသည်။ သူတို့ကို ကျိရှားကျောင်းတော်သို့ တိုက်ရိုက် ပို့မပေးခဲ့ပေ။

မင်းသမီးလင်းလုံက ကွဲပြားစွာ ပြောလိုက်သည်

“ ကျိရှားကျောင်းတော်က တော်ဝင်မြို့တော် ဘေးမှာရှိတဲ့ ကောင်းကင်သူတော်စင်မြို့ထဲမှာ။ အဲဒါကြောင့် ဒီနေရာနဲ့ အရမ်းနီးနေပြီ”

သူတို့ ဆင်းသက်လိုက်သောနေရာက တော်ဝင်မြို့တော်နှင့် နီးနေပြီဖြစ်သည့်အတွက် ကောင်းကင် သူတော်စင်မြို့နှင့် အနည်းငယ်သာ လှမ်းတော့သည်။

မင်းသမီးလင်းလုံက ရှင်းပြလိုက်သည်

“ ဒီနေ့က ကျိရှားကျောင်းတော်ကို အားလုံးအတွက် ဖွင့်ပေးထားလို့ ကျွန်မတို့ သွားကြည့်လို့ရတယ်”

ကျိရှားကျောင်းတော်က အရည်အချင်းရှိ ပါရမီရှင်များကို ရွေးချယ်ဖို့အတွက် နှစ်တစ်ရာတိုင်း တစ်ခါဖွင့်ပေးသည်။

ထိုနေ့တွင် နယ်မြေငါးခုလုံးရှိ ပါရမီရှင်များက အင်မတန် စိတ်လှုပ်ရှားပြီး ကျိရှားကျောင်းတောင်သို့ ရောက်ရှိလာမည်။ သည်နေ့က နှစ်တစ်သောင်းနေမှ တစ်ခါသာဖြစ်နိုင်သည့် အခြေအနေဖြစ်သည့် ကျိရှားကျောင်းတော်ကို အားလုံးအတွက် ဖွင့်လှစ်ပေးထားသည်။

ထို့ကြောင့် ကျိရှားကျောင်းတောင်သို့ ဝင်ရောက်ချင်နေသော ပါရမီရှင်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။

သူတို့၏ ပတ်ဝန်းကျင်တွင် စွမ်းအားကြီးသော အရှိန်အဝါရှိသည့် ပါရမီရှင်များက ကောင်းကင်သူတော်စင်မြို့သို့ ဦးတည်သွားနေသည်ကို မြင်နေရသည်။ သူတို့ကိုယ်သူတို့ လုံးဝ ထိန်းမထားနိုင်တော့ပေ။

အလယ်ပိုင်းကုန်းမြေရှိ တော်ဝင်မိသားစုများမှ ပါရမီရှင်များပင် ကျိရှားကျောင်းတော်ဆီသို့ ဦးတည်သွားနေကြသည်။

ကျိရှားကျောင်းတော်တွင် ထက်မြက်သော ဆရာများနှင့် ရှည်လျားသော သမိုင်းကြောင်းတစ်ခုလည်း ရှိသည်။ သူတို့သာ ကျိရှားကျောင်းတော်တွင် အချိန်တစ်ခုအထိ သင်ယူနိုင်ပါက သူတို့အတွက် သေချာပေါက် ကြီးမားသော အကျိုးအမြတ်ကို ရရှိမည် ဖြစ်သည်။ သူတို့အတွက် အနာဂတ်တွင် ထိပ်သီးကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်လာနိုင်စွမ်းလည်း ရှိသည်။

ထို့ကြောင့် ထိပ်တန်းမိသားစုများဖြစ်သည့် တော်ဝင်မိသားစုများကပင် သူတို့၏ ပါရမီရှင်များကို ကျိရှားကျောင်းတော်သို့ ပို့ဖို့အတွက် စိတ်အားထက်သန်နေသည်။

ထိုကဲ့သို့သော မြင်ကွင်းကို မြင်ပြီးနောက် ရှန်ထျန်းနှင့် တခြားသူများလည်း ကောင်းကင်သူတော်စင်မြို့ဆီသို့ ဦးတည်သွားနေကြသည်။

ရှန်ထျန်းက လမ်းတွင် မျက်နှာဖုံးကို တပ်လိုက်သည်။ သူ မျက်နှာဖုံးမတပ်ဘဲ သွားလို့ မရနိုင်ပေ။

အလယ်ပိုင်းကုန်းမြေမှာပင် သူ၏ ပုံပန်းသွင်ပြင်က ထူးခြားနေသေးသည်။ ထို့ကြောင့် မရေတွက်နိုင်သော အမျိုးသမီး ပါရမီရှင်များက သွားလက်စ လမ်းမှာတင် ရပ်တန့်သွားကာ ရှန်ထျန်းကို ချစ်ကျွမ်းဝင်သော အကြည့်ဖြင့် စိုက်ကြည့်နေကြပြီး ကျိရှားကျောင်းတော်၏ ကျောင်းသားသစ် ခေါ်ယူခြင်းကိုပင် မေ့လျော့နေပြီဖြစ်သည်။

များပြားသော အမျိုးသမီး ပါရမီရှင်များက စတင်ချီးမွန်းခန်း ဖွင့်ကြတော့သည်။

“ တကယ်ကို ချောမောတဲ့ ယောက်ျားပဲ”

“ သူက ဘယ်အထွတ်အမြတ်မြေကလဲ။ သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ချောမောနေရတာလဲ”

“ အား…ငါ့ သူ့ကို ကြွေသွားပြီ”

“ သူ့ဆီမှာ တာအိုလက်တွဲဖော် ရှိသွားပြီလား။ ရှင် ကျွန်မကို ဘယ်လိုထင်လဲဟင်”

“ ဟေး…လူချောလေး…ကျွန်မဆီမှာ ကျင့်ကြံဆင့်ကို အလျင်အမြန် မြှင့်တင်ပေးနိုင်တဲ့ တူနှစ်ကိုယ် ကျင့်စဉ်ပညာရပ် ရှိတယ်”

အမျိုးသမီး ပါရမီရှင်တချို့က ကိုယ့်ကိုယ်ကို ယုံကြည်လွန်းပြီး ရှန်ထျန်းကို ဆွဲဆောင်နေကြသည်။

မင်းသမီးလင်းလုံနှင့် ကျန်းယွင်ရှီးတို့၏ မျက်နှာထားက လုံးဝ ပုပ်သိုးသွားသည်။ သူတို့ဆီမှ ကြောက်စရာကောင်းသော အရှိန်အဝါ ပေါက်ကွဲထွက်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုကဲ့သို့သော အေးစက်သည့် အရှိန်အဝါက အချိန်မရွေး မီးတောင်လိုမျိုး ပေါက်ကွဲနိုင်ပုံရသည်။

ထိုအရာက တခြားသူများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သွားစေကာ ဘယ်သူမှ ရှန်ထျန်းအနားသို့ ထပ်ပြီး မချဉ်းကပ်ရဲတော့ပေ။

ဖန်ချန်းနှင့် တခြားသူများက မနေနိုင်ဘဲ ချီးကျူးလိုက်ကြသည်

“ သူတော်စင် မင်းက အရမ်းထူးခြားတာပဲ”

“ မင်း သွားတဲ့နေရာတိုင်းက သူတွေအားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်တယ်”

“ငါတို့တော့ နောက်ကောက်ကျန်ခဲ့ပါပြီ ”

သို့သော် သိပ်မကြာခင်မှာပဲ ဖန်ချန်း ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားသလိုမျိုး ခံစားလိုက်ရသည်။ သူက ကျန်းယွင်ရှီး၏ အေးစက်စက် အကြည့်ကို မြင်လိုက်ပြီးနောက် ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်မိသည်။

ရှန်ထျန်း အကြပ်ရိုက်သလို ခံစားနေရသည်။

ဒါဆို ရုပ်ချောနေတာက ငါ့ရဲ့ အပြစ်တွေပဲပေါ့။ ဘယ်သူကများ ငါ့ရဲ့ ကူကယ်ရာမဲ့မှုကို နားလည်ပေးနိုင်မှာလဲ

ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့ တိုက်ခိုက်ဖို့ မရွေးချယ်အောင် ရှန်ထျန်းက ပြဿနာတချို့ကို ကာကွယ်ဖို့အတွက် မျက်နှာဖုံးကို တပ်ဆင်ထားခြင်းဖြစ်သည်။

ကောင်းကင်သူတော်စင်မြို့က မဟာလွင်ပြင်နယ်မြေတွင် အဓိကမြို့များထဲမှ တစ်မြို့ဖြစ်ပြီး အရမ်းထူးခြားသည့်အတွက် တခြား အဓိကမြို့များက သာလွန်သည်။

နေရာအားလုံးတွင် ကနဦးဝိညာဉ်ပါရမီရှင်များ ပြန့်ကျဲနေပြီး ဝိညာဉ်အသွင်ပြောင်း ပါရမီရှင်များပင် အရေအတွက်မနည်းပေ။

အဘယ်ကြောင့်ဆိုသော် ကျိရှားကျောင်းတော်က ကောင်းကင်သူတော်စင်မြို့မှာ ရှိသောကြောင့် ဖြစ်သည်။

စွမ်းအားအကြီးဆုံး ကျင့်ကြံသူများက ကျိရှားကျောင်းတော်၏ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး မှတ်သားစရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။

ရှန်ထျန်းတို့လည်း ကောင်းကင်သူတော်စင်မြို့သို့ ရောက်ရှိသွားသည်။

ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်ခုက ကျန်းယွင်ရှီးပေါ်သို့ ကျရောက်လာသည်။

ထိုအရာက ကျိရှားကျောင်းတော်ထဲသို့ ဝင်သွားသော သူတော်စင်နှင့် သူတော်စင်မများကို ဆက်သွယ်ဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အသုံးပြုသော ဆက်သွယ်ရေး အမှတ်အသားပြား ဖြစ်သည်။

အထွတ်အမြတ်မြေများက တည်ရှိလာတာ အချိန်ကြာမြင့်နေပြီဖြစ်သည့်အတွက် နှစ်တစ်ရာပြည့်တိုင်း သူတော်စင်အသစ်နှင့် သူတော်စင်မ အသစ်များကို ရွေးချယ်လေ့ရှိသည်။ ထိုကဲ့သို့ ရွေးချယ်ရခြင်းကလည်း သူတော်စင်ဟောင်းနှင့် သူတော်စင်မဟောင်းများက သေဆုံးသွားခြင်းကြောင့် မဟုတ်ဘဲ သူတို့အားလုံးက ကျင့်ကြံဖို့အတွက် ကျိရှားကျောင်းတော်ထဲသို့ ဝင်သွားခြင်းကြောင့် ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက်လည်း အတူတူပင် ဖြစ်သည်။ ပထမမျိုးဆက်၏ သူတော်စင် ယွဲ့ယူသဲ့အပြင် တခြားမျိုးဆက်များ၏ သူတော်စင်များနှင့် သူတော်စင်မများသည်လည်း ကျိရှားကျောင်းတော်အတွင်း ရောက်ရှိနေကြပြီဖြစ်သည်။

ကျန်းယွင်ရှီးတို့ ကောင်းကင်သူတော်စင်မြို့ဆီ ရောက်ရှိသည့်အချိန်တွင် သူတို့၏ ဆက်သွယ်ရေး အမှတ်အသားပြားများတွင် အသိပေးစာ တစ်စောင် ရောက်ရှိလာသည်။

ကျန်းယွင်ရှီးက အံ့ဩမှင်သက်သွားကာ ပြောလိုက်သည်

“ ဂိုဏ်းတူမောင်လေး ငါတို့ရဲ့ အရင်မျိုးဆက် အစ်ကို၊ အစ်မတွေက ငါတို့ကို ထုံကြွယ်မျှော်စံအိမ်ဆီ ဖိတ်နေတယ်။ ငါတို့ရဲ့ ရောက်ရှိမှုကို ဂုဏ်ပြုပေးဖို့အတွက် ကြိုဆိုတဲ့ပွဲလေး လုပ်ပေးချင်တယ်လို့လည်း ပြောထားတယ်”

ဝမ်ရှန်းယုက ပြောလိုက်သည်

“ ကျွန်တော်လည်း လက်ခံရရှိတယ်”

ချီရှောက်ရွှမ်ကလည်း ပြောလိုက်သည်

“ ကျွန်တော်ရောပဲ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတင်မကဘဲ မဟာလေဟာနယ် အထွတ်အမြတ်မြေ၊ ခရမ်းစံအိမ် အထွတ်အမြတ်မြေနှင့် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတို့သည်လည်း အရှေ့ပိုင်းလွင်ပြင်မှ အထွတ်အမြတ်မြေများ ဖြစ်သည့်အတွက် တူညီသော ဖိတ်ကြားမှုကို လက်ခံရရှိခဲ့သည်။ သူတို့အားလုံးက ယခု အလယ်ပိုင်းကုန်းမြေတွင် ရောက်ရှိနေသည့်အတွက် ပူးပေါင်းဂုဏ်ပြုပွဲလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

ရှန်ထျန်းက သူ့လက်ထဲရှိ ဆက်သွယ်ရေး အမှတ်အသားပြားကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ အစ်ကိုတွေ၊ အစ်မတွေက ဒီလောက်ထိ ဧည့်ဝတ်ကျေနေမှတော့ ကျွန်တော်တို့ သွားသင့်တာပေါ့”

သူတို့က တူညီတဲ့ အထွတ်အမြတ်မြေကလေ… ဘယ်လိုလုပ်ပြီးတော့ အစ်ကိုတွေ၊ အစ်မတွေရဲ့ ဖိတ်ကြားမှုကို ငြင်းနိုင်ပါ့မလဲ

သူတို့ ခဏတာအနားယူပြီးနောက် ထုံကြွယ်မျှော်စံအိမ်သို့ ဦးတည်သွားလိုက်ကြသည်။

ထုံကြွယ်မျှော်စံအိမ်က ကောင်းကင်သူတော်စင်မြို့တွင် အောင်မြင်ဆုံးသော စားသောက်ဆိုင်တစ်ခု ဖြစ်သည်။

ထိုနေရာက ကြီးကျယ်ခမ်းနားလှသည်။

စားသောက်ဆိုင်၏ အပေါ်ဆုံး အထပ်တွင် ဝိညာဉ်ကြေးနီဖြင့် ပြုလုပ်ထားသော ကြေးနီစာကလေး ရုပ်ထုတစ်ခု ရှိနေသည်။

ကြေးနီစာကလေးကို တောက်ပသော အံ့ဖွယ်အလင်းတန်းဖြင့် ဝန်းရံထားကာ အချိန်မရွေး ကောင်းကင်သို့ ပျံသန်းသွားကာ နတ်ဘုရားလောကအထိ ပျံတက်သွားမည့်အတိုင်း သက်ဝင်လှုပ်ရှားမှု ရှိသည်။

ထုံကြွယ်မျှော်စံအိမ်ထဲတွင် အထွတ်အမြတ်မြေအသီးသီး၏ အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူများရှိနေပြီး စားသောက်ဆိုင်ထဲတွင် တည်ခင်းဧည့်ခံဖို့အတွက် ပြင်ဆင်နေကြသည်။

“ ဒီတစ်ခေါက် ငါ့ရဲ့ ဂိုဏ်းတူညီလေး ခရမ်းစံအိမ် သူတော်စင် ရှောက်ရွှမ်လာမှာမလို့ ဒီတစ်ခေါက် ငါရှင်းလိုက်မယ်။ အားလုံးပဲ ကျေးဇူးပြုပြီးတော့ ငါနဲ့ မလုကြပါနဲ့”

ခရမ်းရောင် အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသားက ၉ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင် ဖြစ်သည်။ သူက အရမ်းရက်ရောသည့်သူ တစ်ယောက် ဖြစ်သည့်အတွက် အဆင့်အမြင့်ဆုံး သီးသန့်အခန်းဖြစ်သည့် ရွှေဇာမဏီအခန်းကို ကြိုတင်စာရင်းယူထားသည်။

“ ဘယ်လိုလုပ်ပြီးတော့ အဲလိုလုပ်နိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ပါရမီရှင်တွေလည်း အများကြီးလာမှာဆိုတော့ ဘယ်လိုလုပ်ပြီးတော့ ခင်ဗျားကို ဒုက္ခပေးနိုင်ပါ့မလဲ”

ထိုစကားကို ပြောလိုက်သူက ၈ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျောင်းတော်ထဲသို့ ဝင်ရောက်လာသော ပါရမီရှင်များစာရင်းတွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ သားသမီးများသာမက နယ်မြေငါးခုတွင် ကျော်ကြားပြီးသားဖြစ်သလို မဟာနတ်ဧကရာဇ် ဟွမ်ရှစ်၏ ဖော်ပြခြင်းကို ခံထားရသော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လည်း ပါနေသည်။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်များ၏ ယခင်မျိုးဆက်က အားလုံး ဂုဏ်ယူနေကြသည်။

ထို့ကြောင့် သူတို့က ဧည့်ခံမည့်သူကို တခြားသူများ မဖြစ်စေချင်ကြပေ။

“ ဒါဆိုရင် ဖြေရှင်းပြီးသွားပြီ။ ကျွန်တော်တို့ကို ဂုဏ်ရှိခွင့်လေးပေးပါ”

၇ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ထွက်လာကာ အခန်းကြိုတင်ယူဖို့အတွက် ငွေကို တွေဝေခြင်းမရှိဘဲ ပေးချေလိုက်သည်။

ထိုမြင်ကွင်းကြောင့် ၉ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က မတတ်နိုင်ပဲ ကို့ရို့ကားရားနိုင်စွာသာ ပြုံးလိုက်ရတော့သည်။

သူ့ဆီမှာ တခြားရွေးချယ်မှု မရှိနိုင်ပေ။

ခရမ်းစံအိမ် အထွတ်အမြတ်မြေမှ ပါရမီရှင်အရေအတွက်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထက် နည်းနေသည်ကလည်း အမှန် ဖြစ်သည်။

ခရမ်းစံအိမ် အထွတ်အမြတ်မြေတွင် ထိပ်သီးအဆင့်ဟု သတ်မှတ်ခံရသူက ချီရှောက်ရွှမ် တစ်ယောက်သာ ရှိသည်။

သို့သော် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ရှန်ထျန်းအပြင် တခြားထိပ်သီးပါရမီရှင် လေးယောက်ကလည်း ချီရှောက်ရွှမ်နှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။

ဤတစ်ခေါက် ကျောင်းတော်သို့ ဝင်လာသော ပါရမီရှင်များထဲတွင် အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် အရေအတွက်က အများဆုံး ဖြစ်သည်။

တခြားသူများက ကုန်ကျစရိတ်ရှင်းဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် လုနေပါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မျက်နှာသာ မပေးဘူးဟု ဆိုလိုခြင်းဖြစ်သည်။

၉ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က ပြုံးရင်း ခေါင်းယမ်းကာ ထပ်ပြီးတော့ ဘာမှမပြောတော့ပေ။

သို့သော် ထိုအချိန်တွင် ပုံရိပ်တချို့ ဝင်ရောက်လာသည်။

“ ခဏနေဦး”

“ ရွှေဇာမဏီအခန်းက ငါတို့အပိုင်”

ပါရမီရှင် အသီးသီးက အသံလာရာကို ကြည့်လိုက်သည့်အခါ လူငယ်ပါရမီရှင်တစ်စုကို တွေ့လိုက်ရသည်။ သူတို့က ဈေးကြီးပုံပေါ်သည့် ဝတ်ရုံများကို ဝတ်ဆင်ထားကာ သူတို့၏ အရှိန်အဝါများကလည်း သိပ်သည်းပြင်းထန်လှသည့်အတွက် သူတို့၏ ကျင့်ကြံဆင့်က အလွန်မြင့်ကြောင်း သိသာလှသည်။

၈ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှေ့တိုးလာကာ ထိုအုပ်စုကို မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည်

“ မင်းတို့က နေမင်းကိုးစင်း အထွတ်အမြတ်မြေကမလား။ မင်းတို့က ဘာလုပ်ချင်နေတာလဲ”

“ ငါတို့က ရွှေဇာမဏီအခန်းကို ကြိုတင်စာရင်းယူထားပြီးပြီဆိုတော့ အဲဒါကို အတင်းလုယူချင်နေတာတော့ မဟုတ်လောက်ဘူးမလား”

ထိုလူများက အလယ်ပိုင်းကုန်းမြေ၏ နေကိုးစင်း သူတော်စင်များ ဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ၏ အထွတ်အမြတ်မြေများရှိ ပါရမီရှင်များက အလယ်ပိုင်းကုန်းမြေမှ မဟုတ်သောသူများကို အထင်သေးကြသည်။ ထို့ကြောင့် သူတို့က တခြားနယ်မြေလေးခုရှိ သူတော်စင်များ၊ သူတော်စင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိကြပေ။ သူတို့က ထူးခြားပြီး ကျန်နယ်မြေလေးခုက ဝေးလံကာ မတိုးတက်သောနေရာများအဖြစ် မြင်ထားကြသည့်အတွက် သူတို့က တခြားနယ်မြေလေးခုထက် သာလွန်သည်ဟု သတ်မှတ်ထားကြသည်။

အရှေ့ပိုင်းလွင်ပြင်မှ သူတော်စင်များ၊ သူတော်စင်မများ၏ ယခင်မျိုးဆက်များက လူများကို ဧည့်ဝတ်ကျေပွန်ဖို့အတွက် ကောင်းမွန်သော သဘောထားကို မပြသကြပေ။

“ ခင်ဗျားတို့လို ခေတ်နောက်ကျတဲ့နေရာက လာတဲ့ ငတုံးတွေက ကျွန်တော်တို့နဲ့ အခန်းအတွက် ယှဉ်ပြိုင်ရဲတယ်ပေါ့လေ။

ကျွန်တော်ကလည်း သေချာပြောရဦးမယ်။ တောင်ပိုင်း မင်းသားနဲ့ မြောက်ပိုင်းမင်းသားတို့က ဒီနေ့ ရွှေဇာမဏီအခန်းထဲမှာ စားသောက်ပွဲ ကျင်းပလိမ့်မယ်။

အဲဒါကြောင့် ကျိုးကြောင်းဆီလျော်စွာနဲ့ လက်ခံလိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် အစွမ်းကုန်သုံးတိုက်ခိုက်ဖို့အတွက် အကြံပေးလိုက်ပါရစေ”

နေကိုးစင်းအထွတ်အမြတ်မြေမှ ထိုပါရမီရှင်က မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခုကို ချိတ်ဆွဲထားကာ သူ့၏ အသံကလည်း လှောင်ပြောင်သည့် အသံဖြင့် ပြည့်နှက်နေသည်။

အရှေ့ပိုင်းလွင်ပြင်က ရက်စက်တဲ့ဂိုဏ်းက တောင်ပိုင်းမင်းသားကို တိုက်ခိုက်ရဲတယ်တဲ့လား။ သူတို့ သေချင်နေတာပဲ ဖြစ်ရမယ်

၉ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က လက်ပိုက်ပြီး ကြည့်မနေနိုင်သည့်အတွက် လမ်းလျှောက်သွားကာ အော်ပြောလိုက်သည်

“ မင်းတို့ အရမ်းလွန်သွားပြီ”

သို့သော် နေကိုးစင်းအထွတ်အမြတ်မြေ၏နောက်မှ နောက်ထပ်လူတစ်စု ထွက်ပေါ်လာသည်။ သူတို့က အလယ်ပိုင်းကုန်းမြေရှိ အထွတ်အမြတ်မြေများမှ သူတော်စင်များဖြစ်သည်။

ကောင်းကင်ထောက်တိုင် သုံးသွယ် သူတော်စင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ ခရမ်းစံအိမ် အထွတ်အမြတ်မြေက အားနည်းတဲ့သူတစ်ယောက်က တခြားသူတွေကို ကူညီပေးချင်သေးတာလား။ မင်းရဲ့ ၆ ယောက်မြောက်အစ်ကိုကြီးသာ သူ့ဒဏ်ရာတွေ သက်သာသွားပြီလားဆိုတာ သွားကြည့်လိုက်ပါလား”

ကောင်းကင်ထောက်တိုင်သုံးသွယ် အထွတ်အမြတ်မြေနှင့် ခရမ်းစံအိမ်အထွတ်အမြတ်မြေက အမြဲတမ်း ဆက်ဆံရေးမကောင်းခဲ့ပေ။

တစ်ချိန်တုန်းက ၆ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က ၆ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ် သူတော်စင်နှင့် တိုက်ခိုက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး လအနည်းငယ်ကြာပြီးတာတောင် အပြည့်အဝ ပြန်လည်မကောင်းမွန်သေးပေ။

ထို့ကြောင့် ကောင်းကင်ထောက်တိုင်သုံးသွယ် အထွတ်အမြတ်မြေက အင်မတန် ဂုဏ်မောက်ပြီး ၉ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်ကို အထင်မကြီးကြပေ။

“ မင်း”

၉ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က ဒေါသထွက်သွားကာ ရှေ့သို့တိုးလာပြီး တိုက်ခိုက်ချင်နေသည်။

သို့သော် သူ့ကို ၈ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝင်တားလိုက်ပြီး ပြောလိုက်သည်

“စိတ်အေးအေးထားပါ”

သည်တစ်ခေါက် သူတော်စင်များ၏ လူငယ်မျိုးဆက်သာ အထွတ်အမြတ်မြေအသီးသီးမှ လာခဲ့ကြသည်။ အသက်ကြီးပိုင်း မျိုးဆက်များက သီးသန့်ကျင့်ကြံနေကြပြီး ယခုထက် ပိုပြီးမြင့်သောအဆင့်သို့ ရောက်ရန်အတွက် ကြိုးစားနေသည်။

အလယ်ပိုင်းကုန်းမြေသူတော်စင်များကြားထဲတွင် သူတို့က အရေအတွက်များရုံသာမက သူတို့ကြားထဲတွင် အသက်ကြီးပိုင်းမျိုးဆက်မှ ဂိုဏ်းတူအစ်ကိုများလည်း ပါဝင်နေသည်။

သူတို့သာ တကယ်တိုက်ခိုက်ပါက အရှေ့ပိုင်းလွင်ပြင်၏ ပါရမီရှင်များ ရှုံးနိမ့်သွားနိုင်သည်။

သို့သော် ထိုအရာက သူတို့ရှုံးနိမ့်သည်ကို ဝန်ခံလိုက်ခြင်း မဟုတ်ပေ။

၇ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ရှေ့တိုးလာကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ကောင်းကင်ထောက်တိုင် သုံးသွယ် အထွတ်အမြတ်မြေကလူတွေ သိပ်ပြီး ဂုဏ်မမောက်ကြပါနဲ့။ ပထမဆုံးအစ်ကိုကြီးသာ ဒီနေရာမှာရှိနေရင် မင်းတို့ ဒီလောက်ထိ ရဲတင်းမှာ မဟုတ်ဘူးမလား”

၇ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ စကားလုံးများကို ကြားပြီးနောက် အလယ်ပိုင်းကုန်းမြေ သူတော်စင်များ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သောအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။

သူတို့က ၇ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပြောလိုက်သော ပထမဆုံးအစ်ကိုကြီးကြောင့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ပထမဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကိုင်တွယ်ရအခက်ဆုံးဟု လူသိများသည်။

သူက စွမ်းအားကြီးရုံသာမက အရည်လည်းထူသည်။

တခြားသူတွေက ပထမဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဘယ်သူမှ မစော်ကားရဲပေ။ စော်ကားမိပါက ရိုက်နှက်ခံရပြီး သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။ သို့သော် ပထမဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ သူတို့ကို အငြိုးထားပါက သေသွားလျှင်ပင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မည် မဟုတ်ပေ။

“ ဟာသပဲ။ ခင်ဗျားတို့ရဲ့ အစ်ကိုကြီးအကြောင်းကို ထုတ်ပြောတာက ဘာသဘောလဲ”

ထိုအချိန်တွင် လှောင်ရယ်သံ တစ်ခုထွက်လာကာ ပြောလိုက်သည်

“ မင်းတို့ရဲ့ အစ်ကိုကြီးက အဲဒီလျင်မြန်တဲ့ ယွဲ့ယူသဲ့မလား။ သူက တခြားသူတွေရဲ့ ဘိုးဘေးဘီဘင် ဂူသင်္ချိုင်းကို ဖောက်ဖို့ပဲ သိတဲ့ အရှက်မရှိတဲ့ လူယုတ်မာလေ။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ သူ တိုက်ခိုက်ရဲရင် လာပြီးတော့ တိုက်ခိုက်ဖို့ပြောလိုက်။ သူ့ရဲ့ ခြေထောက်ကို ရိုက်ချိုးပေးလိုက်မယ်”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ နောက်တွင် ပုံရိပ်နှစ်ခု ထပ်မံထွက်ပေါ်လာသည်။

သူတို့ထဲမှ တစ်ယောက်က ရွှေရောင် ပိုးသားငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားကာ စူးရှသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပြီး ခေါင်းစခြေဆုံး တောက်ပသော ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။

သူ့နောက်တွင် ဝိဇ္ဇာဓားရှည်ကို သယ်ဆောင်ထားပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့်အတွက် အံ့ဖွယ်လင်းယုန်တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသည့်အသွင်ဆောင်နေသည်။

သူက သာမန်ပုံပေါ်သော်လည်း အတော်လေး ကြောက်ဖို့ကောင်းလှသည်။ သူ့ကို ကြည့်ရတာ အိပ်ချင်မူးတူးဖြစ်နေသော လိပ်နက်တစ်ကောင်နှင့်တူသည်။ သူက တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေသော်လည်း ညှာတာမှုကင်းမဲ့သည့် ရက်စက်သောတိုက်ခိုက်မှုကို အချိန်မရွေး လွှတ်ထုတ်နိုင်ပုံပေါ်သည်။

ထိုလူနှစ်ယောက်က မြောက်ပိုင်းမင်းသား ရှီလင်း နှင့် တောင်ပိုင်းမင်းသား ရှီကွေ့တို့ပင် ဖြစ်သည်။

သူတို့က အလယ်ပိုင်းကုန်းမြေ လူငယ်ပါရမီရှင်များထဲတွင် ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။

All Chapters