အခန်း (၅၆၉-၅၇၀)
Vol. 38 Ch. 569-570
အပိုင်း (၅၆၉)
ရွှေဒင်္ဂါး ၆၀၀၀၊ ရွှေဒင်္ဂါး ၆၀၀၀ ဆိုသည်မှာ အလွန်တန်လွန်းလှ၏။ ထိုလူက ကောင်းကင်ပေါ် မော့ပြီး မအော်မိအောင်ပင် မနည်းထိန်းချုပ်ထားရ၏။ ယနေ့မှစ၍ သူက ကောင်းကင်ပေါ်သို့ ထိုးတက်ပေတော့မည်။ သူ၏ မိသားစုတစ်ခုလုံးကလည်း အောင်မြင်ပေတော့မည်။ “အဖေ... ကျုပ်က အဖေ့ရဲ့ ဂုဏ်ယူစရာ သားတစ်ယောက် ဖြစ်ကြောင်း ပြသတော့မယ်”
ပြီးနောက် သူက ရှမ့်လန်ကို ဦးညွတ်လိုက်၏။ “ရှမ့်က တကယ့်ကို နတ်ဘုရားပါပဲ နှုတ်ဆက်ပါတယ်။”
ရှမ့်လန်က တားလိုက်သည်။ “ခဏနေအုံး။”
ထိုသူက ပြောလိုက်၏။ “ရှမ့်.. ကံပါလာရင် ကျုပ်တို့ ပြန်ဆုံကြတာပေါ့။ တခြား ဘာမှ ပြောစရာ မရှိပါဘူး။”
သူ၏ အဓိပ္ပာယ်က ရိုးရှင်း၏။ သူ ဘယ်သူလဲ ဆိုသည်ကို သိဖို့ မကြိုးစားနှင့်။ သူ နင်ကျန်းကို ထောက်ခံလိမ့်မည် ဟုလည်း မမျှော်လင့်နှင့်။ ထိုအရာပင် ဖြစ်၏။ စီးပွားရေးက စီးပွားရေးပင်။ ရပ်တည်ချက်က ရပ်တည်ချက် ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ဆီမှာ သတိပေးချင်တာ တစ်ခု ရှိတယ်။”
ထိုလူက သတိအပြည့်ဖြင့် ပြန်ကာ မေးမြန်းလိုက်၏။ “ပြောပါအုံး။”
“တစ်လအတွင်း မိန်းမနဲ့ မထိတွေ့နဲ့။ အကယ်၍ ထိတွေ့ခဲ့တယ်ဆိုရင် ရွှေနဂါးသွေးရဲ့ အာနိသင်ရဲ့ ၁၀ ရာခိုင်နှုန်း လျော့နည်းသွားလိမ့်မယ်။”
“နှုတ်ဆက်ပါတယ်။”
ထိုအရာကို ကြားပြီးသည့်နောက် ထိုလူက ချက်ချင်း ထွက်ခွာသွား၏။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် ချက်ချင်း ပြေးထွက်သွားခဲ့ခြင်း ဖြစ်၏။ ‘ငါ့ရဲ့ အမြန်နှုန်းက ဒီလောက်တောင် မြန်နေတာလား။ ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့တဲ့ စွမ်းအင်တွေ ရှိနေသလို ခံစားရတယ်။ ငါ အိမ်ပြန်ရင် မြင်းမစီးချင်ဘူး။ ရထားလုံးလည်း မစီးချင်ဘူး။ ငါ အိမ်ကို ပြေးပြီးတော့ ပြန်မယ်။ အိမ်ကို ပြေးပြီးတော့ ပြန်မယ်။ ငါ နန်းမြို့တော်ကို ၃ ပတ်လောက် ပတ်ပြေးလိုက်အုံးမယ်။’
သူက မတော်တဆ ဆိုသလိုပဲ နွေဦးဆောင်ကြာမြိုင် ရှေ့မှ ဖြတ်သွားမိ၏။ ရင်ထဲတွင် ရှိနေသည့် အပူမီးကို မငြိမ်းသတ်နိုင်တော့ချေ။ ရှမ့်လန်၏ အကြံပေးချက်ကိုလည်း မတွေးဘဲ မနေနိုင်ပေ။ တစ်လအတွင်း မိန်းမများနှင့် မထိတွေ့ရချေ။
“တစ်ယောက်ပဲ။ တစ်ယောက်လောက်ပဲ ထိလိုက်မယ်ကွာ။”
ပြီးနောက် သူက အံကိုကြိတ် ခြေကိုဆောင့်ကာဖြင့် ဆောင်ကြာမြိုင်အတွင်းသို့ လှမ်းဝင်သွားခဲ့သည်။
ထိုအရာကို ကြည့်ရှုသည်ဆိုလျှင် ရှမ့်လန် မည်မျှဖြူစင်ကြောင်း သိသာ၏။ သူက နွေဦးဆောင်ကြာမြိုင် ဂိတ်တံခါးဝဆီသို့ လေးကြိမ်တိုင်တိုင် ရောက်ရှိသွားခဲ့သော်လည်း အထဲသို့ ဝင်မသွားခဲ့ချေ။
................
နောက်တစ်နေ့မှာတော့ ရှမ့်လန်က ရူးသွပ်တော့မလို ဖြစ်လို့နေ၏။ အဘယ်ကြောင့်ဆိုသော် ရွှေနဂါးသွေးကို လာရောက် ဝယ်ယူသည့် လူများက တန်းစီနေကြပြီ ဖြစ်သောကြောင့်ပင်။ ထို့အပြင် လူတိုင်းက ချန်းဖန်မြို့စား အိမ်တော်၏ နောက်ဖေးပေါက်မှ ဝင်လာကြခြင်း ဖြစ်၏။
ဆိုရိုးစကား တစ်ခု ရှိ၏။ အကယ်၍ နောက်ဖေးပေါက်ကို အသုံးများလျှင် အရှေ့ပေါက်နှင့် ဘာမှ ထူးတော့မည် မဟုတ်ချေ။ ထိုစကားကို မကြားဖူးပေဘူးလား။ ထိုသို့ဆိုလျှင် ကျုပ် ပြောသည်ဟုသာ မှတ်လိုက်ပါတော့။
ချန်းဖန်မြို့စားအိမ်တော်တွင် လူများဖြင့် ပြည့်နှက်နေ၏။ ကတော်ကျိုး လက်ဖက်ရည် လာပို့ချိန်မှာတော့ ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်ရသည်။
လူပေါင်းဒါဇင်ချီတို့ ရှိနေပြီး အားလုံးက အနက်ရောင် ဝတ်စုံနှင့် အနက်ရောင် မျက်နှာဖုံးများကို ဝတ်ဆင်ထားခဲ့၏။ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန်အလို့ငှာ အနက်ရောင် ဝတ်ရုံကြီးများကိုပင် ခြုံထားကြပြီး အနက်ရောင် လက်အိတ်များကိုပင် ဝတ်ထားကြသေး၏။
ထူးဆန်းလွန်းလှချေ၏။ ဤပုံစံများနှင့် လက်ဖက်ရည် သောက်ဖို့ ဆိုသည်မှာတော့ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုသူများက တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုခြင်းလည်း မရှိကြချေ။ ထို့ကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ထုတ်၍ မဖြစ်နိုင်ချေ။ မဟုတ်လျှင် အိမ်ရှေ့စံနှင့် တတိယမင်းသားတို့၏ နာမည်ပျက်စာရင်း ထည့်သွင်းခြင်းကို ခံရပေမည်။ သို့သော်ငြား သွေးမျိုးဆက်ပြောင်းလဲနိုင်သည့် အခွင့်အရေးကို လက်လွတ်သွားပါက ဘဝ တစ်သက်တာလုံး နောင်တရနေလိမ့်မည်။
“တိန့်ရှောင်ဖိန်လား။” တစ်စုံတစ်ယောက်က အက်ကွဲကွဲ အသံဖြင့် မေးလိုက်သည်။
“မဟုတ်ဘူး။” တစ်ယောက်က အလျင်စလို ပြန်ဖြေမိ၏။
ချက်ချင်းပဲ လူတိုင်းက ထိုသူ့ကို ဝိုင်းကြည့်လိုက်၏။ ထိုသူက တုန်လှုပ်သွား၏။ ပြီးနောက် မတ်တပ်ထားရပ်ကာ ထွက်ခွာသွားခဲ့သည်။ “ကျုပ် ဒီကို ဘယ်တုန်းကမှ မလာဘူး။”
သို့ပေမည့် တစ်နာရီခန့်အကြာမှာတော့ ထိုသူ ပြန်ရောက်လာခဲ့၏။ လူအနည်းငယ်နှင့်အတူ ဝင်လာခဲ့ခြင်းပင်။ ဤသို့နှင့် ရှမ့်လန်၏ ရွှေနဂါးသွေး ဆေးပုလင်းများက တစ်ခုပြီး တစ်ခု ရောင်းချလိုက်ရ၏။ အားလုံးက ပိုက်ဆံပေး ပစ္စည်းယူ လုပ်ကြ၏။ သို့ပေမည့် အပြင်သို့ယူသွား၍တော့ မရချေ။ ထိရောက်မှု ရှိ ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ဤနေရာတွင် သီးသန့် သောက်သုံးစေပြီးမှ ပိုက်ဆံကို လက်ခံခြင်း ဖြစ်၏။
ရွှေဒင်္ဂါး အများကြီး လက်ခံရလွန်းသောကြောင့် ရှမ့်လန်၏ လက်များကပင် ညောင်းညာနေ၏။ အစောပိုင်းတုန်းက သူက ဖန်ပြွန်တိုင်းကို သေသေချာချာ စစ်ဆေးသော်လည်း နောက်ပိုင်းမှာတော့ သူက X-Ray အမြင်ဖြင့်သာ တိုက်ရိုက် စစ်ဆေးတော့သည်။
သေချာသည်က ထိုလူများက အရှက်မရှိ လုပ်တတ်ကြ၏။ သောက်သုံးပြီးနောက် ထိရောက်မှု ရှိသည်မှာ သိသာနေသော်လည်း အသုံးမဝင်ဘူး ပြောဆိုကာ ရွှေများကို ပြန်ယူချင်ကြ၏။ ရှမ့်လန်က ထိုလူတို့၏ မျက်နှာဖုံးကို ချွတ်၊ အဝတ်အစားများကို ချွတ်ပြီး အပြင်သို့ ကန်ထုတ်ရန် တိုက်ရိုက် အမိန့်ပေးလိုက်၏။
ထိုအခါမှသာ တစ်ဖက်လူများက စကားလမ်းကြောင်း ပြောင်းသွားခဲ့ကြသည်။ “ထိရောက်ပါတယ်။”
ထိုသူတို့က ပိုမို၍သန်မာလာသည်ဟု ခံစားရသော်လည်း အမျိုးသမီးစစ်သည်ဒါဇင်ချီနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် မလွယ်ကြောင်း နားလည်ကြသောကြောင့်ပင်။
တခြားသောသူများကို လှည့်စားရန် ဤတော်ဝင်မျိုးနွယ် အလေနတောတစ်သိုက်က မျက်နှာဖုံးများကို ဝတ်ဆင်ထားခဲ့ကြသည်။ ဤအချက်က ရှမ့်လန်၏ ရည်ရွယ်ချက်နှင့်လည်း အလွန် ကိုက်ညီနေ၏။ တစ်ဖက်လူများသည် သူ့ဆီမှ ပစ္စည်းဝယ်သွားပါသည်ဆိုသော သက်သေဟူ၍ ပြစရာ ဘာတစ်ခုမှ မရှိတော့ချေ။
တစ်လကြာ၍ ရွှေနဂါးသွေး အာနိသင် ပျောက်ကွယ်သွားချိန်တွင် ထိုသူတို့က သူ့ကို လာရောက် ပြဿနာရှာဖို့ မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ကို သူက ရွှေနဂါးသွေးကို ဘယ်တုန်းက ရောင်းခဲ့ဖူးသနည်းဟု ပြန်လည်ကာ မေးမြန်းလိုက်ရုံသာ ရှိ၏။ မည်သူ့မှာမှ သက်သေ မရှိချေ။ ထို့အပြင် စာချုပ်စာတမ်း လည်း မရှိချေ၊ ဝယ်ယူခဲ့ကြောင်း ပြေစာလည်း မရှိပေ။
ထို့အပြင် ပေးအပ်လိုက်သည့် ရွှေများတွင် အမှတ်အသား ပြုလုပ်၍ ပေးခဲ့သည်ဟု လာရောက်ကာ ပြောဆို၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူက ရွှေအားလုံးကို အရည်ကျိုပြီး ရွှေတုံးအဖြစ် ပြန်လည်ပုံဖော်လိုက်ပြီ ဖြစ်၏။ သူက သဲလွန်စအားလုံးကို ဖျက်ဆီးထားသည်။
ထို့အပြင် ဤလူများက သူတို့၏ အားအင်များ ပိုမိုကောင်းမွန်လာခဲ့ကြောင်း ခံစားသိရှိကြသော်လည်း အပြင်ကို ထုတ်မဖော်ဘဲ မြိုသိပ်ပြီး သိုသိုသိပ်သိပ် နေထိုင်ကြသည်။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့သာ သိရှိပါက သူတို့၏ မိသားစုတစ်ခုလုံး ကပ်ဘေးကျပေမည်။
သို့သော်ငြား စက္ကူနှင့် မီးကို အဘယ်သို့ ဖုံးထား၍ ရမည်နည်း။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ သိရှိသွား၏။ ရှမ့်လန်ဆီ လာပြီး ရွှေနဂါးသွေး ဝယ်သည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သူတို့ မသိရှိသော်လည်း ရှမ့်လန်၏ အိမ်တွင် လူများ ပြည့်ကျပ်နေသည်ကိုတော့ သူသိ၏။ ထိုသို့ဆိုလျှင် သူတို့၌ တားဖို့နည်းလမ်း ရှိနေလား။ လုံးဝမရှိပေ။
နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်ကို ဝိုင်းထားပြီး မည်သူ့မှ ပေးမဝင်ဘဲ တားဆီး၍မဖြစ်နိုင်ပေ။ ထို့အပြင် ဘုရင်မင်းမြတ်က တစ်လှမ်းဦးထားခဲ့ပြီး ချန်းဖန်မြို့စားအိမ်တော်ဆီသို့ တော်ဝင်အစောင့် တပ်သား ၂၀၀၀ ကို စေလွှတ်ထား၏။ အဓိပ္ပာယ်က ရှင်းလင်းလွန်းသည်။ ရှမ့်လန် ရွှေနဂါးသွေးရောင်းချခြင်းကို တခြားသောသူများ တားဆီးခြင်းမှ ကာကွယ်ပေးထားခြင်း ဖြစ်၏။
ဤကဲ့သို့ပင် ရှမ့်လန်က နေ့စဉ်နေ့တိုင်း ရောင်းနေရ၏။ နောက်ဆုံးမှာတော့ သူက စကားတစ်ခွန်းမှ ပြောစရာပင် မလိုတော့ချေ။
“ရွှေနဂါးသွေးပေး”
“ရော့ ... သောက်”
“ပိုက်ဆံရှင်း”
“တစ်ခု သတိပေးမယ်။”
ရှမ့်လန် ဘာမှမပြောရသေးခင်မှာဘဲ တစ်ဖက်လူက ဖြတ်ပြောလိုက်သည်။ “မိန်းမတွေနဲ့ ထိတွေ့လို့ မဖြစ်ဘူး။”
ဟုတ်ပေ၏။ နောက်ဆုံးသတိပေးစကားတောင် သူ ပြောနေစရာ မလိုအပ်တော့ပေ။ ၃ ရက်ကြာသည့် အချိန်မှာတော့ ရှမ့်လန်က သည်းမခံနိုင်တော့ပေ။ ဤအလုပ်က တကယ်ပဲ ပျင်းစရာ ကောင်းလွန်းလှ၏။ သူက အရောင်းအဝယ် အားလုံးတို့ကို ဝူလဲ့နှင့် ရှမ့်နုတို့ထံသို့ လွှဲပြောင်းပေးလိုက်၏။
ဟုတ်ပေ၏။ ရှမ့်နုက ယခုအချိန်တွင် ကိုယ်အလေးချိန် ကီလို ၁၅၀ ခန့်သာ ရှိတော့၏။ လူတိုင်း၏ မျက်လုံးများ ကန်းသွားလောက်အောင် တောက်ပသည်။
မမျှော်လင့်ဘဲ ကြီးမားလွန်းသည့် ခါးပိုင်ရှင် အမျိုးသမီး စစ်သည်တော် နှစ်ယောက်တို့က ရောက်ရှိလာခဲ့၏။ ဤအမျိုးသမီးများက လှပကြ၏။ အသစ်ခန့်အပ်လိုက်သည့် အရောင်းစာရေးသစ်များကဲ့သို့ပင်။ အပြုံးအရယ် မရှိသော်လည်း ရွှေနဂါးသွေးမှာ ရောင်းကောင်း၏။
အရူးလန်၏ မျက်လုံးများက တကယ့်ကို ထက်မြက်လွန်းလှချေ၏။ ရှမ့်နု၏ အလှကို ကြိုမြင်ခဲ့သည်။
ရှမ့်လန်က နေ့စဉ်နေ့တိုင်း သူ၏သမီးလေးကို ပွေ့ဖက်ပြီး အချိန်တစ်ဝက်ကို ကုန်ဆုံးစေ၏။ ကျန်သည့်တစ်ဝက်ကိုမူ စမ်းသပ်မှုများ ပြုလုပ်ရင်း ကုန်ဆုံး၏။
မည်သည့် စမ်းသပ်မှုနည်း။ သေချာပေ၏။ သာမန်လူတစ်ယောက်၏ သွေးမျိုးဆက်ကို မည်ကဲ့သို့ ပြောင်းလဲမည်နည်း ဆိုသည်ပင်။ ဥပမာအားဖြင့် မူလန်ကဲ့သို့ပင်။
သူက မူလန်ကို လောက၏ နံပါတ်တစ် သိုင်းပညာရှင် တစ်ယောက် ဖြစ်စေရမည်ဟု ကတိပေးထားဖူး၏။ သူ၏ စကားကို သူ ပြန်လည်ရုတ်သိမ်း၍ မဖြစ်ချေ။ သို့သော်ငြား သိပ္ပံနည်းကျ စမ်းသပ်မှုဆိုသည်မှာ ဒဏ္ဍာရီထဲက ဖြစ်စဉ်များ အတိုင်းပင် ဖြစ်၏။ ကျရှုံးမှုက မလွဲမသွေ ဖြစ်ပြီး အောင်မြင်မှုဆိုလျှင် တိုက်ဆိုင်မှုသာ ဖြစ်ပေမည်။
ရှမ့်လန်က အကြိမ်ပေါင်း ထောင်နှင့်ချီကာ ကျရှုံးခဲ့၏။ သူက ယူဆချက်ပေါင်းများစွာကို ပယ်ဖျက်ခဲ့၏။ သူက သီအိုရီ လမ်းကြောင်းများကို ဘယ်နှစ်ကြိမ်ထိ ပြောင်းလဲခဲ့မှန်းပင် မသိတော့ချေ။
အချိန်တွေက ရေလိုပင် စီးဆင်းသွားခဲ့၏။ ၁၀ ရက်တောင် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ရှမ့်လန်နှင့် ဘုရင်မင်းမြတ်တို့၏ သဘောတူညီချက် လဝက် ၁၅ ရက်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က လဝက်အတွင်း ရွှေဒင်္ဂါး သုံးသန်း ရှာဖွေနိုင်ပါက ဘုရင်မင်းမြတ်က နင်ကျန်းကို မင်းကြီးဘွဲ့ပေးအပ်မည်ဟု သဘောတူညီခဲ့သည်။
ဤကာလအတွင်း ဝူလဲ့နှင့် ရှမ့်နုတို့က ရွှေနဂါးသွေးများကို ရောင်းချကြ၏။ ရှမ့်လန်က သိပ်အာရုံမစိုက်တော့ချေ။ ရွှေဒင်္ဂါး သုံးသန်းကျော် ရရှိနေပြီဖြစ်ကြောင်း အကြမ်းဖျင်းသိရှိသော်လည်း ရောင်းရငွေ ပမာဏ အတိအကျကို မသိချေ။
နောက်ဆုံးရက်မှာတော့ ရှမ့်လန်က အရောင်းစားပွဲဆီသို့ ရောက်ရှိလာခဲ့၏။
ဝယ်သူ တစ်ယောက်က ရှမ့်လန်ကို မြင်ချိန်မှာတော့ မလန့်ဘဲ မနေနိုင်တော့ချေ။ စောနက အမျိုးသမီးနှစ်ယောက် ရောင်းချနေသည် မဟုတ်ပါလား။ ဘာလို့ ရှမ့်လန်ကိုယ်တိုင် လာရောက် ရောင်းချရသနည်း။
“အားနာပါတယ်။ ပစ္စည်းကုန်သွားပြီ။”
ထိုဝယ်သူက တုန်လှုပ်သွားခဲ့၏။ “ပစ္စည်းကုန်သွားပြီ ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ် ကျုပ် နောင်တရပြီ။ ဘာကိစ္စ ရွှေဒင်္ဂါး ၆၀၀၀ ကို နှမြောနေခဲ့ရတာလဲ။ ဈေးကျမယ့် အချိန်ကို စောင့်နေမိတာ အခု ဒုက္ခရောက်ပြီပဲ။ ရှမ့်.. ကျုပ် ရွှေဒင်္ဂါး တစ်ရာ ပိုပေးပါ့မယ်။ ရွှေဒင်္ဂါး တစ်ရာ အပိုယူပါဗျာ”
“အားနာပါတယ် လုံးဝ ကုန်သွားပါပြီ။” ပြီးနောက် ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုဝယ်သူကို အပြင်ဘက်သို့ ထွက်ခွာသွားရန် အမိန့်ပေးလိုက်ခြင်းပင်။ ကြက်သွန်မြိတ်လှီးခြင်း ကိစ္စရပ်က ပြီးသွားပြီ ဖြစ်၏။ ဤမျှ ကောင်းမွန်သည့် စီးပွားရေးမျိုးကို အချိန်အကြာကြီး ဆက်လုပ်၍မဖြစ်ချေ။
ဤတစ်ကြိမ် ရိတ်သိမ်းခြင်းက တကယ့်ကို ရက်စက်လွန်း၏။ ရွှေနဂါးသွေး အရောင်းအဝယ်ကလည်း လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က သူ၏ အမြတ်အစွန်းများကို စတင်ကာ ရေတွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက ရွှေအားလုံးကို နိုင်ငံတော် ဘဏ္ဍာတိုက်သို့ အပ်နှံမည်။ ထိုရွှေများထဲမှ ရွှေတစ်ပြားကိုမှ ယူထားလိမ့်မည် မဟုတ်ချေ။ အားလုံးကို စစ်စရိတ်အတွက် အသုံးပြုမှာ ဖြစ်၏။
သူက မြေအောက်ဘဏ္ဍာတိုက်ထဲသို့ ရောက်ရှိသွား၏။ ရှမ့်လန်က အလုံးစုံ မင်သက်လျက် ရှိသည်။ “ဒါ ... ဒါ ရွှေတောင်ကြီးလိုပါပဲလား။”
မျက်စိတစ်ဆုံး ရွှေများနှင့် ဝင်းဝင်းတောက်လျက် ရှိနေ၏။ ရွှေမှ လွဲလျှင် တခြားမရှိချေ။
ရှမ့်လန်က တုန်ယင်စွာဖြင့် မေးမြန်းလိုက်၏။ “ကျုပ်.. ကျုပ်တို့ ရွှေဘယ်လောက်ဖိုးတောင် ရောင်းခဲ့ရလဲ။”
“၄ ဒသမ ၉၃ သန်းပါပဲ။”
“ဘယ်လောက်။”
“၄ ဒသမ ၉၃ သန်း။”
“ကောင်းကင်ဘုံ။”
ဘုရင်မင်းမြတ်က သူ့ကို ရွှေဒင်္ဂါး ၃ သန်းပဲ ရှာခိုင်းခဲ့၏။ သို့ပေမည့် နောက်ဆုံးမှာတော့ ရှမ့်လန်က လဝက်အတွင်း ၅ သန်းနီးပါးကို ရှာဖွေနိုင်ခဲ့၏။ တကယ့်ကို ရူးသွပ်လောက်စရာ ကိစ္စရပ်မျိုးပင်။
.........
ရွှေဒင်္ဂါး ၄ ဒသမ ၉၃ သန်း၊ ရွှေနဂါးသွေး တစ်ပုလင်းကို ရွှေဒင်္ဂါး ခြောက်ထောင်နှုန်းဖြင့် ရောင်းချခဲ့ရခြင်းက အဆုံးမရှိ ကြီးမားလွန်းသည့် စီးပွားရေးတစ်ခုကဲ့သို့ ထင်မှတ်စေရ၏။ ရွှေများကို အမှတ်အသား ပြုထားမည် စိုးသောကြောင့် ရှမ့်လန်က သူရရှိခဲ့သည့် ရွှေအားလုံးကို အရည်ကျိုပြီး ရွှေတုံးကြီးများအဖြစ် ပုံစံခွက် ရိုက်၏။
ဤသို့ပြုလုပ်သည့်နေရာတွင် အလေအလွင့် အနည်းငယ် ရှိစမြဲပင်။ ရွှေဒင်္ဂါးပြား ဆိုသည်မှာ အလွယ်တူကူ အသုံးပြုရ လွယ်ကူစေရန်သာ ဖြစ်သည်။
ရှမ့်လန်၏ လက်ထဲတွင် ရွှေနဂါးသွေး ပုလင်းပေါင်း နှစ်ထောင်ကျော် ရှိ၏။ သူက ပုလင်းရှစ်ရာခန့်သာ ရောင်းချ ခဲ့ရပြီး တစ်ထောင်ကျော် ကျန်ရှိနေသေး၏။ သို့ပေမည့် ရွေးချယ်စရာ လမ်းမရှိတော့ချေ။ နန်းမြို့တော်ရှိ သားကောင်များကို ရိတ်သိမ်းပြီးပြီဖြစ်၏။ နန်းမြို့တော်အနီးတစ်ဝိုက်ရှိ မူးမတ်များပါမကျန် ရိတ်သိမ်း ခံလိုက်ရ၏။
သူက ရွှေဒင်္ဂါး ခြောက်ထောင် တတ်နိုင်ပြီး မိသားစုအတွင်း အသုံးမကျသည့် ကလေကချေ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်၏။ ထိုအိမ်ထောင်စုရှစ်ရာ၏ ကံကြမ္မာက ထိုမျှနှင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ဤတစ်သုတ် ရိတ်သိမ်းပြီးသည့်နောက် နောက်တစ်ကြိမ် ပြန်လည်ကြီးထွားလာစေရန် အနည်းဆုံး နှစ် အနည်းငယ်လောက် စောင့်ရပေဦးမည်။
“ပြင်ဆင်ထားကြတော့။ ကျုပ်တို့ ရွှေတွေကို နန်းတော်ထဲကို သယ်ကြမယ်။”
……….
ပြီးနောက် နန်းမြို့တော်ထဲတွင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။
မြို့သူမြို့သားအားလုံးက အံ့အားသင့်နေကြပြီး မျက်စိများ ကျိန်းလုမတတ်ပင်။ ရွှေများကို စောင့်ကြပ်ရန် လိုက်ပါလာခဲ့ကြသည့် နန်းတွင်းအစောင့်တပ်သားများ အပါအဝင် အားလုံးသောသူတို့က မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
ချန်းဖန်မြို့စားအိမ်တော်၏ တံခါးမကြီးက ပွင့်၏။ ပြီးနောက် ရွှေများတင်ဆောင်ထားသည့် လှည်းများက တစ်စီးပြီး တစ်စီး ထွက်ပေါ်လာခဲ့၏။ ဖုံးကွယ်ထားခြင်း အလျင်းမရှိချေ။ အဝါရောင် တောက်ပနေသည့် ရွှေတုံးကြီးများကို လှည်းပေါ်တွင် ဤအတိုင်း တင်ထား၏။ အဝတ်များနှင့်ပင် အုပ်မထားခဲ့ချေ။
ရွှေတုံးတစ်တုံးလျှင် နှစ်ဒဿမ ငါးကီလိုဂရမ်၊ ငါးပိဿာခန့် လေး၏။ လှည်းတစ်စီးလျှင် ကီလိုဂရမ် သုံးရာကျော် တင်ဆောင်ထား၏။ စုစုပေါင်း လှည်းအစီးရေ ၁၀၀ တိတိပင်။
နေရောင်ခြည်အောက်မှာတော့ ထိုရွှေတုံးကြီးများမှ ထွက်ပေါ်လာခဲ့သည့် အလင်းရောင်များက လူတို့၏ မျက်စိကိုပင် ကျိန်းစပ်သွားစေ၏။ သူတို့က ရွှမ်ဝူလမ်းမကြီးအတိုင်း နန်းတော်ဘက်သို့ ချီတက်၏။
နန်းတွင်းအစောင့်တပ်သား နှစ်ထောင်တို့က ရွှေများကိုမြင်သည့်အချိန်တွင် အံ့အားသင့်လွန်းသောကြောင့် ပါးစပ်ထဲမှ သွားရည်များပင် ထွက်ကျသည်။
အစောင့်တပ်သားတစ်ဦးက တုန်ယင်နေသည့် အသံဖြင့် ရှမ့်လန်ကို မေးလိုက်မိ၏။ “သခင်လေးရှမ့်... ဒါ ဒါ သိပ်ပြီးတော့ ထင်ပေါ်လွန်းမနေဘူးလား။”
ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ဒါက ရွှေဒင်္ဂါး သန်းနှင့်ချီပြီး တစ်ခါတည်း လှူဒါန်းလိုက်တာလေ။ ဒီလောက်တော့ ထင်ပေါ်ခွင့်ရှိတာပေါ့။”
ဟုတ်ပေ၏။ တစ်ဖက်လူပြောသည်မှာလည်း မှန်၏။ သို့ပေမည့် ထိုရွှေများကို စောင့်ရှောက်ဖို့ သူတို့၌ လူနှစ်ထောင်သာ ရှိ၏။
‘ဖိအားက အရမ်းမများလွန်းဘူးလား။ ဓားပြတိုက်ခံရမှာ ကြောက်စရာကြီး။ ကျုပ်တို့ နန်းတွင်းအစောင့်တပ်သား ညီအစ်ကိုတွေကိုယ်တိုင်က ဒီရွှေတွေကို ဓားပြတိုက်ပြီး အိမ်ပြန်ပြေးချင်စိတ်တောင် ပေါက်နေကြပြီဆိုရင် ခင်ဗျားယုံလား။’
သို့ပေမည့် မည်သူမှ မတတ်နိုင်ချေ။ ရှမ့်လန်၏ ကြွားဝါလိုစိတ်ကို မည်သည့်အရာကမှ တားဆီးနိုင်ခြင်း မရှိချေ။
မနက်ခင်း နေရောင်ခြည်က မြေပြင်ပေါ်သို့ ဖြာကျနေပြီး ရွှေရောင်လမ်းမကြီးပေါ်တွင် ရွှေလှည်းအစီးတစ်ရာ ရှိနေ၏။ ခမ်းနားကြီးကျယ်လွန်းလှချေ၏။ ရွှေရောင် အလင်းတန်းများက လှည်းများဆီမှ ဖြာထွက်နေ၏။
လူတိုင်းက ကြက်သေ သေကာ ငေးမောနေမိကြ၏။ မည်သူပင် ဖြစ်ပါစေ၊ ဆင်းရဲသား၊ ကုန်သည်၊ မူးမတ်၊ လူမိုက်၊ လမ်းသရဲများနှင့် အရာရှိများ .... အားလုံးသောသူတို့က သူတို့၏ ခြေလှမ်းများကို ရပ်တန့်ပြီး မရေမတွက်နိုင်သည့် ရွှေများကို လှမ်းမျှော်ကြည့်နေမိကြသည်။
ယင်ယွမ်အဖွဲ့အစည်းမှ အကြီးကဲများမှလွဲ၍ မည်သူမှ ဤမျှများပြားသည့် ရွှေများကို မြင်ဖူးလိမ့်မည် မဟုတ်ချေ။ တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ လူပေါင်းများစွာတို့ကလည်း တုန်လှုပ်နေခဲ့ကြ၏။
လူတိုင်းက ၁၅ မိနစ်ကြာအောင် ငေးမောကြည့်ရှုနေမိကြ၏။ ပြီးနောက် သူတို့က အိမ်သို့ အမြန်ပြေးကြ၏။ မိသားစုများကို ခေါ်ကာဖြင့် ပြန်လည်ကြည့်ရှုကြပြန်သည်။ “အဖေ၊ အမေ လာကြည့်အုံး၊ ရွှေတွေ အများကြီးပဲ။”
“သားတို့ ... လာအုံး၊ လာကြည့်ကြစမ်း”
“မိန်းမရေ မြန်မြန်ထွက်ခဲ့အုံး၊ အံ့အားသင့်စရာကြီး ...လာကြည့်အုံး။ ဟ ... သူက ဘယ်သူလဲ။ ဘာလို့ ငါတို့ကုတင်အောက် ရောက်နေရတာလဲ”
……
လူအများအပြားက ရွှမ်ဝူလမ်းမကြီးတဝိုက်တွင် ပြည့်နှက်နေခဲ့၏။ လူပေါင်းများစွာတို့က ငေးမောကြည့်ရှုရင်း စိတ်ထဲတွင်လည်း ချီးကျူးနေမိကြ၏။
“ကောင်းကင်ဘုံ... ရွှေတွေ အများကြီးပါလား။ ငါ့ကို ရွှေလှည်း တစ်လှည်းလောက် ပေးရင် ဘယ်လောက်ကောင်းမလဲ”
“တစ်လှည်းမပြောနဲ့ တစ်တုံးလောက် ရရင်ကို ကျေနပ်ပြီ။”
“တကယ်ပဲ ဝင်တောင်လုချင်တယ်။ တစ်တုံးလောက်ရရင်တောင်မှ နွေဦးဆောင်ကြာမြိုင်ဆီကို သွားပြီး အေးအေးဆေးဆေး နေလို့ရတယ်။”
ဒေသခံလူမိုက်များက မနာလိုဝန်တို ဖြစ်မိ၏။ သူတို့ လှုပ်ရှားလိုက်ရင် ကောင်းမည်လား၊ ဝင်လုရမလား။
အပိုင်း (၅၇၀)
သတင်းကြားပြီးသည့်နောက် နန်းတွင်းအစောင့်တပ်မှူးက ထိတ်လန့်လွန်းအားကြီးသောကြောင့် ဦးရေပြား များပင် ထုံကျဉ်နေခဲ့၏။ သူက ချက်ချင်းပဲ တပ်သား ငါးထောင်ကျော်ကို ဦးစီးပြီး ရွှေများကို ကာကွယ်ရန် ရောက်ရှိလာခဲ့၏။ သို့ပေမည့် စိတ်ထဲတွင်တော့ သူက ရှမ့်လန်ကို အသေရရ၊ အရှင်ရရ အရေခွံ ခွာပစ်ချင်နေ၏။
‘ရှမ့်လန်... ရူးသွားပြီလား။ သန်းနဲ့ချီတဲ့ ရွှေတွေကို လူအများရှေ့မှာ ဒီလိုမျိုး သယ်လာရလား။’
လုံခြုံရေးအရ အလွန်အန္တရာယ်များလွန်းသည်။ ညဘက် လူသူကင်းရှင်းသည့် လမ်းမတစ်ခုထက်တွင် အမျိုးသမီးတစ်ယောက် အဝတ်ဗလာနှင့် လမ်းလျှောက်နေသကဲ့သို့ပင်။
ဤရွှေများကိုမြင်ရတော့ နန်းတွင်းအစောင့်တပ်မှူး ကိုယ်တိုင်ပင် မျက်လုံးများ ပြာဝေသွားမိ၏။ ပြီးနောက် နင်ကျန်း ရောက်ရှိလာခဲ့ပြီး ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုးရုံးမှ အစောင့်အရှောက်များ ရောက်လာခဲ့ပြီး ရွှေများကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၏။ နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ရွှေများကို စောင့်ကြပ်ပေးသည့် တပ်ဖွဲ့ဝင် အင်အားက ပိုမိုကာ များပြားလာခဲ့၏။
လောကကြီး ပျက်လုမတတ် လှုပ်ရှားမှုကြီးတစ်ခုကို လုပ်ချင်နေသည့် တချို့သောလူဆိုးလူမိုက်များက သူတို့၏ ခေါင်းများကို ဘောင်းဘီထဲသို့ အမြန်ပြန်သွင်းလိုက်မိကြ၏။ ရွှေဒင်္ဂါးသန်းချီကို လုယက်ဖို့ စီစဉ်ထားခဲ့ကြသည်။ ကံကောင်းစွာဖြင့် မလုမိခဲ့ချေ။ မဟုတ်ပါက သေဆုံးနှင့်နေလောက်ပြီ။ သို့သော်ငြား မအောင်မြင်ခဲ့သော်လည်း နောင်တွင် သူတို့အတွက် ကြွားစရာတစ်ခု ရခဲ့သည်။
ကောင်းကင်တာအိုအဖွဲ့အစည်း၏ အကြီးကဲသစ်ဖြစ်သည့် ဟွမ်တုံကလည်း ရွှေများကို ငေးမောကြည့်ရှုနေ၏။ သူက ပွဲကြည့်ပွဲကောင်းကို လာရောက်ကြည့်ရှုခြင်းပင်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် ကောင်းကင်တာအို အဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ ဆိုသော်လည်း ဤမျှများပြားသည့် ရွှေများကို တစ်ချိန်တည်း၊ တပြိုင်နက်တည်း မြင်ရသည်မှာ သူ့အတွက် ပထမဦးဆုံးအကြိမ် ဖြစ်၏။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
သို့သော်ငြား မြို့တော်ရှိ မှန်နှင့် အခြားဆိပ်ကမ်းပစ္စည်း စီးပွားရေးလုပ်ငန်းများက အမြတ်အစွန်းရရန် ခက်ခဲသွားပေ တော့မည်။ ရှမ့်လန်၏ ရိတ်သိမ်းမှုက ရက်စက်လွန်းလှ၏။ နန်းမြို့တော်ရှိ သူဌေးသူကြွယ် တော်တော်များများကို ဒုက္ခပေးလိုက်ခြင်းပင်။ ထိုသူတို့က မည်သည့်ပိုက်ဆံနှင့် ကောင်းကင်တာအိုအဖွဲ့အစည်း မှ ရောင်းချသည့် ပစ္စည်းများကို ဝယ်ယူတော့မည်နည်း။
ရွှဲ့ပြည်နယ်ရှိ ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ကို ကျက်သရေနန်းဆောင်ဟု ခေါ်ဆို၏။ ထိုအဆောက်အအုံက အထပ် ခုနစ်ထပ်ရှိပြီး မြို့တော်ရှိ တစ်ခုတည်းသော မိုးမျှော်တိုက်ဟု သတ်မှတ်နိုင်၏။ အမြင့်ဆုံးမှ ရပ်ကာ ကြည့်လိုက်ပါက တစ်မြို့လုံးကို စီးမိုးကာ မြင်နိုင်၏။
ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ ရှုပိုတောက်နှင့် သူ၏သားဖြစ်သူ ရှုတင်းယုတို့က သတ္တမထပ်တွင် ရပ်လျက်ရှိနေပြီး ရွှမ်ဝူလမ်းမကြီးပေါ်မှ ရွှေလှည်းများကို ကြည့်နေ၏။ သူတို့နှစ်ဦးက ရွှေများကို မြင်ခဲ့ဖူးပြီးသား ဖြစ်သော်လည်း မငေးမောဘဲ မနေနိုင်ကြချေ။
ရွှမ်ဝူသမက်တော်က ဤမျှထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ မူလက ယင်ယွမ်အဖွဲ့အစည်းက ဤအခွင့်အရေးကို အသုံးပြုပြီး ဘုရင်မင်းမြတ်အား အလျော့ပေးလာစေရန် ဖိအားပေးလိုခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယင်ယွမ်အဖွဲ့အစည်းမှလွဲ၍ နင်ယွမ်ရှန်းအား ဤမျှများပြားသည့် ငွေပမာဏကို မည်သူမှ ချေးငှားနိုင်လိမ့်မည် မဟုတ်သောကြောင့်ပင်။
လဝက်အတွင်း ရှမ့်လန်က များပြားလွန်းသည့် ငွေများကို ရှာဖွေနိုင်လိမ့်မည်ဟု မည်သူ ထင်မှတ်မိမည်နည်း။
“ဒီခွေးကောင်လေးက တကယ့်ကို စည်းမရှိဘူးပဲ။” ရှုပိုတောက်က သက်ပြင်းချလိုက်၏။
မှန်ပေ၏။ ဤကောင်လေးက တလောကလုံးပျက်စီးအောင် ပြုလုပ်ဖို့တောင်မှ ဝန်မလေးချေ။ သို့သော်ငြား နည်းလမ်းများက တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ လောကရှိ မည်သည့်စီးပွားရေး လုပ်ငန်းက မဆို လဝက်အတွင်း ရွှေဒင်္ဂါး သုံးသန်း မမြတ်စွန်းနိုင်ပေ။ မှန်လုပ်ငန်းပင်လျှင် မမြတ်ချေ။
နောက်ဆုံးမှာတော့ ရှမ့်လန်က ငါးသန်းနီးပါးပင် ရှာဖွေနိုင်ခဲ့၏။ လူများကို ဆံပင်မွေးများ ထောင်ထ သွားစေလောက်အောင် အံ့အားသင့်စေခဲ့သည်။
“နောက်ဆိုရင် နန်းမြို့တော်မှာ ငွေကြေးရှားပါးမှု ပြဿနာကြီး ဖြစ်ပေါ်တော့မယ်။ ယင်ယွမ်အဖွဲ့အစည်းရဲ့ စီးပွားရေးကလည်း ဒီနှစ်မှာ ရာခိုင်နှုန်း တော်တော်များများ ကျဆင်းသွားလိမ့်မယ်။ ဒီခွေးကောင်လေးက သိပ်ရက်စက်လွန်းတယ်။ ဒါက သူဌေးတွေကို ဓားပြတိုက်ပြီး ဆင်းရဲသားတွေကို ကူညီတာနဲ့ တူတူပဲ။ ပြီးတော့ ယုတ်မာလွန်းတယ်။ ဆင်းရဲသားတွေကို ငွေပေးတာက သစ္စာဖောက်မှုပဲကွ။ သစ္စာဖောက်မှုပဲ။”
မှန်ပေ၏။ ရှမ့်လန်၏ ရူးသွပ်ဖွယ်ရာ ရိတ်သိမ်းမှုက သူဌေးများကို ဓားပြတိုက်၍ ဆင်းရဲသားများကို ကူညီခြင်း ဖြစ်၏။ ငွေရပြီးနောက် ဘုရင်မင်းမြတ်က ဘာဆက်လုပ်မည်နည်း။
ပထမဦးဆုံးအနေနှင့် စစ်သည်နှင့် စစ်ပွဲစရိတ်များအတွက် ငွေပေးချေပေလိမ့်မည်။ သိန်းနှင့်ချီသည့် စစ်သည်များက ငွေကြေးအနည်းငယ် စုမိဆောင်းမိ ဖြစ်လာပေလိမ့်မည်။ ဤစစ်သည်များက အခြေခံအားဖြင့် ဆင်းရဲနွမ်းပါးသူများ ဖြစ်၏။
စစ်သည်အင်အား ရှစ်သောင်းအတွက် ရိက္ခာ၊ လက်နက်၊ အဝတ်အထည်၊ ဆေးဝါးနှင့် တခြားအရာများကို သယ်ယူပို့ဆောင်ရန် အရပ်သား သိန်းနှင့်ချီ လိုအပ်ပေလိမ့်မည်။ ထိုအရပ်သားများ၏ လှည်းများနှင့် တိရစ္ဆာန်များ ကိုလည်း ချောဆွဲ အသုံးပြုရပေလိမ့်မည်။ အရာအားလုံးအတွက် ငွေကြေးကုန်ကျမှု ရှိသည်။
အလွန်အရှက်မဲ့သည့် လူများသာလျှင် ထောက်ပို့တပ်အတွက် လုပ်အားပေးခိုင်းစေခြင်းများကို ပြုလုပ်နိုင် ပေလိမ့်မည်။ နင်ယွမ်ရှန်းက ဖြုန်းတီးတတ်သည့် ဘုရင်တစ်ပါး ဖြစ်၏။ သူက အရာရှိများအပေါ် ရက်စက်သော်လည်း ပြည်သူပြည်သားများအပေါ်တွင် တကယ့်ကို ကောင်းမွန်သည့် လူတစ်ယောက်ဖြစ်၏။
သူက ပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းမျိုး မလုပ်ခိုင်းချေ။ ထို့ကြောင့် ငွေအများအပြားက သိန်းနှင့်ချီသည့် အရပ်သားများ၏ လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့အပြင် ရိက္ခာ၊ အထည်အလိပ်နှင့် တခြားပစ္စည်း အမြောက်အမြားကိုလည်း ဝယ်ယူရပေဦးမည်။ အတိုချုပ်အရ ပြောရမည်ဆိုလျှင် ဤမျှ များပြားသည့် ကြွယ်ဝချမ်းသာမှုများက နောက်ဆုံးမှာတော့ ပြည်သူများ၏ လက်ဝယ်သို့ ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။
သို့သော်ငြား ဤစီးပွားရေးလုပ်ငန်းများက ယင်ယွမ်အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ဘုရင်မင်းမြတ်နှင့် မိတ်ပျက်သွားခဲ့ပြီဖြစ်ရာ စစ်ပွဲအတွက် အရင်းအမြစ် ဝယ်ယူရေးအား ယင်ယွမ်အဖွဲ့အစည်း ဆီသို့ လွှဲပြောင်းပေးအပ်လိမ့်မည် မဟုတ်ချေ။ သူတို့က အကြီးအကျယ် ဆုံးရှုံးရပေတော့မည်။ ကောင်းကင်တာအို အဖွဲ့အစည်းကတော့ နောက်တစ်ကြိမ် ကြီးပွားချမ်းသာလာပေဦးမည်။
“ဒီတစ်ခါ ငါတို့ ဘယ်လောက်တောင် ဆုံးရှုံးမလဲ။” ရှုပိုတောက်က မေးမြန်းလိုက်၏။
ရှုတင်းယုက ပြောလိုက်သည်။ “ရိက္ခာ၊ အထည်အလိပ်နဲ့ ဆေးဝါးဝယ်ယူမှု တစ်ခုတည်းနဲ့တင် ရွှေဒင်္ဂါး တစ်သန်းကျော် ဆုံးရှုံးပါလိမ့်မယ်။ ရွှေဒင်္ဂါး လဲလှယ်မှုကနေရမယ့် အမြတ်ပါ ထည့်တွက်မယ်ဆိုရင် ဆုံးရှုံးမှုက ပိုပြီးကြီးလိမ့်မယ်။”
“ရှမ့်လန် ... ဒီခွေးကောင်။”
ယင်ယွမ်အဖွဲ့အစည်း မည်မျှ ထိခိုက်နာကျင်ခဲ့သနည်း။ နုရှောင့်မြို့တွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရ၏။ မှန်လုပ်ငန်းတွင်လည်း ရှုံးနိမ့်ခဲ့ရ၏။ ယခုတစ်ကြိမ်တွင်လည်း ထပ်မံ ရှုံးနိမ့်ရ ပြန်၏။
စစ်ပွဲတိုင်းတွင် တချို့လူများ ဆုံးရှုံးရစမြဲ ဖြစ်သော်လည်း တချို့လူများမှာမူ ကြီးပွားချမ်းသာသွားတတ်ကြ၏။ စစ်ပွဲအတွင်း ကြီးပွားချမ်းသာလာခြင်းက ယင်ယွမ်အဖွဲ့အစည်းအတွက် အကောင်းဆုံးသော အခွင့်အရေးပင်။ ဩဇာအာဏာ အကြီးမားဆုံး အဖွဲ့အစည်းများက စစ်ပွဲတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံလေ့ရှိသည်။
ထို့ကြောင့်ပင်လျှင် ယင်ယွမ်အဖွဲ့အစည်းက စစ်စရိတ် ချေးငှားရန် ဤမျှ တက်ကြွနေခြင်း မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် စစ်စရိတ်၏ ကြီးမားသည့် အစိတ်အပိုင်းက တခြားသောနည်းလမ်းများနှင့် သူတို့၏ အိတ်ကပ်ထဲသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သောကြောင့်ပင်။
သို့သော်ငြား ယခုဖြစ်ပွားတော့မည့် စစ်ပွဲ၏စီးပွားရေးက အခြေခံအားဖြင့် ယင်ယွမ်အဖွဲ့အစည်းနှင့် မသက်ဆိုင်တော့ချေ။
အောက်ဘက်တွင် ရှမ့်လန်၏ ယာဉ်တန်းက ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ရှေ့မှ ဖြတ်သန်းသွားခဲ့၏။ ရှမ့်လန်က ရှုပိုတောက်ကို မြင်လိုက်ရသကဲ့သို့ ရှိ၏။ ရုတ်တရက် သူက ရပ်တန့်လိုက်၏။ အပေါ်ထပ်ရှိ ရှုပိုတောက်နှင့် သူ၏သားအား လက်ခလယ်နှစ်ချောင်း ထောင်ပြ၏။ ပြီးနောက် သူက လေထဲတွင် ပါးရိုက်သကဲ့သို့ပင် လက်ကို ဟိုဘက်ဒီဘက် ယမ်းပြ၏။
အကွာအဝေးက အလွန်ကွာဝေးနေသည် ဆိုလျှင်တောင်မှ ရှုပိုတောက်နှင့် ရှုတင်းယုတို့က ရှမ့်လန်၏ ရိုက်ချက်က သူတို့၏ မျက်နှာများကို လာရောက် ရိုက်နှက်နေတကဲ့သို့ပင် ခံစားရသည်။
“ဒီခွေးကောင်လေးက သိပ်ကို ယုတ်မာလွန်းတယ်။ ဒီလောက် ယုတ်မာတဲ့ကောင်က ဘယ်လိုဖြစ်ပြီး အခုထိ အသက်ရှင်နေနိုင်တာလဲ။ အဖေ… ကျုပ်တို့ လက်စားချေရမယ်။”
ရှုပိုတောက်က မီတာရာပေါင်းများစွာ အကွာအဝေးတွင် ရှိသော ရွှမ်ဝူလမ်းမကြီးပေါ်မှ ရှမ့်လန်ကို စိုက်ကြည့်နေ၏။ သူ၏ မှုန်ဝါးနေသည့် မျက်လုံးများက စူးရှပြီး အေးစက်နေ၏။
“ဟုတ်တယ်။ ငါတို့ လက်စားချေရမယ်။ ရှမ့်လန်ကို အရိုးထဲ စိမ့်နေအောင် လက်စားချေရမယ်။ သူ့ကို နာကျင်အောင် လုပ်ရမယ်။ ရှမ့်လန်ရဲ့ အရိုးအကြောတွေကို ဖြတ်တောက်ပြီး မီးရှို့ရမယ်။ ပြီးတော့ သူက ဘာကို တန်ဖိုးအထားဆုံးလဲ။ ရှမ့်လန်က တိုင်းပြည်အနှံ့မှာ ဉာဏ်ရည်မမှီတဲ့ လူထူးလူဆန်းတွေကို လိုက်ရှာနေတယ်ဆိုတာ သေချာလား။” ရှုပိုတောက်က မေးမြန်းလိုက်သည်။
ရှုတင်းယုက ပြောလိုက်၏။ “သေချာပါတယ် အဖေ။ သူက လျှို့ဝှက်လှုပ်ရှားနေတယ် ဆိုပေမယ့် သူ့ရဲ့ လှုပ်ရှားမှုက ကြီးမားလွန်းတော့ ကျုပ်တို့ ထောက်လှမ်းမိခဲ့တယ်။ ကျုပ်တို့တင် မကဘူး။ အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသားတို့ကလည်း စောင့်ကြည့်နေတယ်။”
ရှုပိုတောက်က ပြောလိုက်သည်။ “သူက ဒုတိယမြောက် နိဗ္ဗာနတပ်တော်ကို တည်ထောင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်။”
ရှုတင်းယုက ပြောလိုက်၏။ “ဟုတ်ပါတယ်။”
ရှုပိုတောက်က ဆက်ပြောသည်။ “သူ့မှာ စည်းမရှိဘူး ဒါပေမယ့် နင်ကျန်း ထီးနန်းရဖို့ ကူညီတဲ့နေရာမှာ သူက စိတ်နှလုံး မယိမ်းယိုင်ဘူး။ လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်တယ်။”
အမှန်ပင်ဖြစ်၏။ ယခင်က မူဝါဒသစ်အကြပ်အတည်းဆီမှ ကျင်းမိသားစုကို ကယ်တင်ခဲ့စဉ် သို့မဟုတ် လက်စားချေရန်အတွက် စုမိသားစုကို ဖျက်ဆီးခဲ့စဉ်က ရှမ့်လန်က မည်သည့်အရာမျိုးကိုမဆို လုပ်ကိုင်ခဲ့ပြီး ကပ်ဘေးကြီးတစ်ခုကို ဖန်တီးရန် ဝန်မလေးခဲ့ချေ။
ယခုတစ်ကြိမ် နင်ကျန်း ထီးနန်းရရေး ကူညီရာ၌ သူက စည်းမရှိဘဲ ဆက်လက်လုပ်ဆောင်လိမ့်မည်ဟု လူများက ထင်မှတ်ခဲ့၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားကို စည်းမရှိ၊ ဘောင်မရှိ တိုက်ခိုက်လိမ့်မည်ဟု ထင်ခဲ့၏။ သို့ပေမည့် သူက ထိုသို့ မလုပ်ခဲ့ချေ။
ရှမ့်လန်က နင်ကျန်း၏ အင်အားတောင့်တင်းစေရန်နှင့် စစ်တပ်ချဲ့ထွင်ရေးကိုသာလျှင် ကူညီခဲ့၏။ သူက အိမ်ရှေ့စံနှင့် တတိယမင်းသားတို့ကို မည်သည့်အခါကမှ ထိခိုက်အောင် မလုပ်ခဲ့ပေ။ အသန့်ရှင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်စေခဲ့၏။ ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သူ့ကို ပိုမိုယုံကြည်လာရခြင်း ဖြစ်၏။
“ရှမ့်လန်ကို ဒုတိယ နိဗ္ဗာနတပ်တော် တည်ထောင်ခွင့် ပေးလိုက်လို့ မဖြစ်ဘူး။ မဟုတ်ရင် နင်ကျန်းက တကယ်ပဲ ကောင်းကင်ပေါ် ပျံတက်သွားလိမ့်မယ်။ အခု သူ့ရဲ့ မျှော်လင့်ချက်တွေကို အမြစ်ကနေ ဖြတ်တောက်ပြီး ဖျက်ဆီးပစ်ရမယ်။”
………………..
နန်းတော်၏အတွင်း၌ ဘုရင်မင်းမြတ်၏ ဆံပင်မွေးများက ထောင်ထနေ၏။ “ဘယ်လောက်တောင်လဲ”
“၄.၉၃ သန်းပါ။ ကောင်းကင်တာအိုအဖွဲ့အစည်းရဲ့ ဟွမ်တုံက တိကျတဲ့ စိတ်စွဲရောဂါ ရှိတဲ့လူတစ်ယောက် ဖြစ်တာမို့လို့ ဂဏန်းအပြည့်ဖြစ်အောင် ခုနစ်သောင်း ထပ်ဖြည့်ပေးလိုက်ပါတယ်။ ရွှေဒင်္ဂါး ငါးသန်း။”
ဘုရင်မင်းမြတ်က လေအေးတစ်ချက်ကိုပင် ရှူရှိုက်လိုက်မိ၏ ရှမ့်လန် လုပ်နိုင်မှန်း သူသိ၏။ သို့ပေမည့် ဤမျှ ရူးသွပ်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ခက်ခဲသည့် တာဝန်တစ်ခု ဖြစ်သော်လည်း ရှမ့်လန်က ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရုံသာမက ၆၀ ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့၏။ လောကကြီးထဲတွင် ရှမ့်လန် မလုပ်နိုင်သည့်အရာပင် ရှိသေးရဲ့လား။
ရွှေဒင်္ဂါး ငါးသန်းသည် ယခုနှစ် စစ်စရိတ်အတွက် လုံလောက်ရုံမက ပိုလျှံနေပြီ ဖြစ်၏။ ကျင်းမင်းသားနှင့် စစ်ပွဲအတွက်သာမက ချောင်ပြည်နယ်နှင့် စစ်ပွဲအတွက်ပါ လုံလောက်၏။ အံ့မခန်းပင်။
“သူက ရွှဲ့ပြည်နယ်က သူဌေးသူကြွယ်မိသားစုတွေ အကုန်လုံးကို ရိတ်သိမ်းခဲ့တယ်လို့ ကြားတယ်။” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။
လီစွမ်းက ခေါင်းညိတ်လိုက်သည်။ “နောက်ထပ် ဆယ်ရက်လောက်နေရင် ဒီလူတွေ အလိမ်ခံရမှန်း သဘောပေါက် လာပါလိမ့်မယ်။”
“ဟား ဟား ဟား တကယ့်ကောင်ပဲ။” ဘုရင်မင်းမြတ်က တကယ်ပင် ဝမ်းသာနေမိ၏။
………….
လေးနာရီတိတိ ကြာမြင့်သွားခဲ့၏။ များပြားလွန်းသည့် ရွှေများကို နန်းတော်အတွင်းသို့ သယ်ဆောင်လာခဲ့၏။ အဘယ်ကြောင့် လေးနာရီ ကြာမြင့်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤရွှေများကို ရှမ့်လန်က မြို့ပတ်ကာ လိုက်လံပြသနေသောကြောင့်ပင်။
မြို့သူမြို့သားများ ဆင်းရဲလာခဲ့သည်မှာ မျိုးဆက် ဘယ်နှစ်ဆက်တောင် ရှိနေပြီနည်း။ သူ ရှမ့်လန်က လူတိုင်းကို မျက်စိပွင့်အောင် လုပ်ပေးခဲ့၏။ ပိုက်ဆံအများကြီး မလှုတန်းနိုင်လျှင်တောင်မှ မြို့သူမြို့သားများအား ပိုက်ဆံအများကြီး မြင်ဖူးအောင် လိုက်လံပြသခဲ့သည်။ ဤအရာက သူ၏ စေသနာတစ်မျိုးပင်။
ဟွမ်တုံက တွေးမိ၏။ ‘ရှမ့်… ခင်ဗျား အရမ်းကို ကြွားချင်နေတာ မဟုတ်လား။ ခင်ဗျားက ကြီးကျယ်ခမ်းနားတဲ့ အံ့မခန်းကိစ္စရပ်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒါကြောင့် ဟိတ်ဟန်ကြီးဟန်ကြီး လုပ်ချင်နေတာမလား။’
ဤအရာက အစစ်အမှန် ရှမ့်လန်၏ ပုံပန်းသွင်ပြင် ဖြစ်၏။ တခြားသောသူများကို မနာလိုစိတ်ဖြင့် သွေးအန်အောင် ပြုလုပ်ရမှ သူက နေသာထိုင်သာ ရှိသည်။
နန်းတွင်းအစောင့်တပ်မှူးက ပြောစရာ စကားလုံးပင် မရှိတော့ပေ။ သို့ပေမည့် နောက်ဆုံးမှာတော့ လုံးဝ မနေနိုင်ဘဲ ရှမ့်လန်ကို လှမ်းကာ ပြော၏။ ‘သခင်လေးရှမ့်.. တော်လောက်ပါပြီ။ သိသင့်တဲ့လူတွေလည်း သိကုန်ပြီ။ မြင်သင့်တဲ့လူတွေလည်း မြင်ပြီးပါပြီ။’
ရှမ့်လန်က ထပ်ပြောလိုက်သည်။ “အင်း.. ဆောင်ကြာမြိုင်က မိန်းကလေးတချို့က နေ့လည်ကျမှ အိပ်ရာထကြတာ။ နောက်တစ်ပတ်လောက် ထပ်ပတ်ပြီး သူတို့ကို မျက်စိအမြင် ဖွင့်ပေးလိုက်ရင် မကောင်းဘူးလား။ သူတို့လည်း တစ်ညလုံး အလုပ် လုပ်ထားရတာလေ။ ဒီလိုရွှေများများကို မြင်တော့ တစ်ညတာ အမောတွေ ပြေတာပေါ့။”
“မလုပ်ပါနဲ့တော့။ တောင်းပန်ပါတယ် သခင်လေးရှမ့်။ ကျုပ်တို့ ခံနိုင်ပေမဲ့ ရွှေတွေသယ်ထားတဲ့ မြင်းတွေက မခံနိုင်တော့ပါဘူး။”
“ကောင်းပြီ ကောင်းပြီ ဒါဆိုရင်လည်း နန်းတော်ထဲကို ပို့လိုက်ကြတာပေါ့။ အရှင်မင်းကြီးနဲ့ မိဖုရားတွေကို ထပ်ပြီး တုန်လှုပ်သွားအောင် လုပ်လိုက်ကြစို့။”
…………..
နင်ယွမ်ရှန်းက တကယ်ပင် တုန်လှုပ်သွားခဲ့မိ၏။ ရွှေပမာဏကို သူက ကြိုတင်သိရှိပြီး ဖြစ်သော်လည်း မျက်မြင်ကိုယ်တွေ့ မြင်ရချိန်မှာတော့ တုန်လှုပ်နေမိ၏။ သူ့လက်ထဲသို့ ဖြတ်သန်းစီးဆင်းခဲ့ဖူးသည့် ရွှေပမာဏက ကြီးမားလွန်းခဲ့၏။ ထို့အပြင် သူက ငါးသန်းကျော်ပင် အကြွေးတင်နေသူ ဖြစ်၏။
သို့သော်ငြား ဤမျှများပြားသည့် ရွှေများကို တပြိုင်နက်တည်း မြင်ဖူးခြင်းမှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူ့၌ ရွေးချယ်စရာလည်း မရှိချေ။ သူက ဖြုန်းတီးတတ်သည့် ဘုရင်တစ်ပါး ဖြစ်၏။ နှစ်တိုင်း ငွေမလောက်ရုံ သာမက လိုငွေပါ ပြတတ်၏။ နန်းတွင်းဘဏ္ဍာတိုက်ထဲတွင် ငွေများများစားစား မစုဆောင်းနိုင်ခဲ့ပေ။
ယခု ဤရွှေများက သူ၏ နန်းတွင်းဘဏ္ဍာတိုက်ထဲသို့ ရောက်ရှိလာပေတော့မည်။ သူ နင်ယွမ်ရှန်းက တစ်ခါမှ ဤမျှလောက် မချမ်းသာခဲ့ဖူးချေ။
နင်ယွမ်ရှန်းကိုယ်တိုင် လာရောက်ကြည့်ရှုသည်သာမက မိဖုရားခေါင်ကြီးမှလွဲ၍ နန်းတွင်းရှိ မိဖုရားများ၊ ကိုယ်လုပ်တော်များ ... အားလုံးတို့က ရွှေများကို ထွက်ကြည့်ကြသည်။
အားရပါးရ ကြည့်ရှုစေပြီးနောက် နင်ယွမ်ရှန်းက ထိုရွှေများကို နန်းတွင်းဘဏ္ဍာတိုက်ထဲသို့ သယ်ဆောင်ရန် အမိန့်ပေးလိုက်၏။
မနက်ဖြန်မှစ၍ ထိုရွှေပမာဏက တဖြည်းဖြည်းနှင့် သိသိသာသာ လျော့ကျသွားပေတော့မည်။ အဘယ်ကြောင့် ဆိုသော် ရိက္ခာ၊ အထည်နှင့် ဆေးဝါးများကို ဝယ်ယူထားခဲ့ပြီး ငွေချေရန် စောင့်ဆိုင်းနေသောကြောင့်ပင်။ ထို့အပြင် ချောဆွဲခံရသူများလည်း ငွေလာထုတ်ကြပေဦးမည်။
…………