သေခြင်းတရားအရိပ်
Vol. 84 Ch. 1263
ထိုမှော်လောကတွင် လေပေါ် ဆိုင်းငံ့ နေသော လအတု ဖန်တီးရန် မခက်ခဲပေ။ အခက်ခဲဆုံးမှာ ကုန်ကြမ်း ပြဿနာပင်။ သူတို့က နတ်ဆိုးဘုံရှိ သက်ရှိများအတွက် အသင့်တော်ဆုံး ဖြစ်သော အလင်း အရင်းအမြစ် ဖန်တီးရန် မည်သို့ ပြုလုပ်မည်နည်း။ အလင်းနှင့် အပူကို ပြီးပြည့်စုံစွာ ရောင်ပြန်ဟပ်နိုင်ရန်အတွက် မည်သို့ အရာမျိုးကို အသုံးပြုမည်နည်း။ စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ပြီးနောက်တွင် လူတိုင်းက ထိုအခက်အခဲကို နောက်ဆုံး ကျော်လွှားနိုင်ခဲ့ပြီး ကုန်ကြမ်း ရွေးချယ်မှု နောက်ဆုံးအဆင့်ကို ဆုံးဖြတ်နိုင်ခဲ့သည်။
နတ်သူငယ်မဟာဆရာသခင် ဖီနိုအီရာက လတစ်ခုလုံး ပြီးပြည့်စုံသော မှော်စက်ဝိုင်းတစ်ခု ဖြစ်သင့်သည်ဟူသော အကြံကို ရှေ့တန်းတင်ပြီး ချန်လွေ့က ရှေးမှော်စာများ၏ မှော်ဆန်သော လုပ်ဆောင်ချက်အချို့နှင့် ပူးပေါင်းကာ လ၏ အရည်အသွေးကို တိုးတက်စေခဲ့ပြီး အရေအတွက်ကလည်း ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ နောက်ဆုံးတွင် နှစ်လ မပြည့်ခင်မှာပင် လအတု၏ ပထမ မျိုးဆက်ကို အောင်အောင်မြင်မြင် ဖန်တီး နိုင်ခဲ့သည်။
ရာနှင့်ချီသော လများ ကောင်းကင်သို့ တစ်ချိန်တည်း မြင့်တက် သွားသည့် အခါတွင် လူတိုင်းက အားပေး လိုက်ကြပြီး ထိုအရာက နတ်ဆိုးဘုံကို ပြန်လည်၍ လင်းလက်လာစေခဲ့သည်။
နတ်ဆိုးဘုံရှိ သက်ရှိများ အတွက်မူ ထိုအရာက အံ့ဩဖွယ်ရာ တစ်ခုသာမက နတ်ဘုရား၏ လုပ်ရပ် တစ်ခုလည်း ဖြစ်ပေသည်။
ထိုအရာကို သလင်းကျောက်ဇာမဏီ၏ တွက်ချက်မှုကိုလည်း ကျေးဇူးတင်ရမည် ဖြစ်သည်။ ၎င်းက ကြယ်မြို့၏ အသိဉာဏ် ရှိသော ဗဟိုချက်ဖြစ်ပြီး သုတေသနနှင့် ဆွေးနွေးမှုများ အားလုံး ပါဝင်သော လေ့လာသူ အားလုံး၏ အားထုတ်မှု ရလဒ်လည်း ဖြစ်ပေသည်။ ထိုအရာက ပေါင်းစည်းထားသော ဉာဏ်ပညာ၏ ရလဒ်ပင်။
ကောင်းကင်ရှိ မြူများ ရှိနေသေး သော်လည်း လူအများ၏ စိတ်ထဲမှ မျှော်လင့်ချက်များက ကောင်းကင်ပေါ်သို့ တွန်းတင်ထားသော လကြောင့် မြင့်တက် လာခဲ့မည်။ မူလ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုများက နောက်ဆုံးတွင် ကွယ်သွားခဲ့သည်။ ကိစ္စအများအပြားကို ဖြတ်ကျော်ပြီးနောက်တွေင် ဖရိုဖရဲ အခြေအနေက ပို၍ တည်ငြိမ်လာခဲ့သည်။
လူသားလောကရှိ မျိုးနွယ်စုအားလုံး၏ အင်အားက နတ်ဆိုးဘုံ မဟာမိတ်ထဲသို့ ပူးပေါင်း ဝင်ရောက်ခဲ့ကြသည်။ ထိုသို့ဖြင့် မူလအင်ပါယာ သုံးခုအပြင် လူသားများ၊ နဂါးများ၊ နတ်သူငယ်များ၊ လူပုများနှင့် အော့တို့က မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည်။
အမှောင်နဂါး အခြေစိုက် စခန်းက အဝေးမှ နဂါးကျွန်းတွင် တည်ရှိပြီး မူလ အဖွဲ့ဝင်များကလည်း ပင်လယ်သေ ကျွန်းစုကို အခြေစိုက် စခန်းအဖြစ် ရွေးချယ်ခဲ့သည်။ နဂါးဧကရာဇ် နှစ်ပါးက ပုံမှန်တွင် ရန်ဘက်များ ဖြစ်သော်လည်း နဂါးများ ရှင်သန်ရေးနှင့် ပတ်သက်၍ အမြင်တူကြသည်။ ထို့ကြောင့် နဂါးများက အချင်းချင်း ကူညီကာ မဟာမိတ်ထဲသို့ ပူးပေါင်းလိုက်ကြသည်။
ရေကန်ပြာတောင်ထဲ၌ ကျန်ရှိနေသော နတ်သူငယ် မျိုးနွယ်စုက ကြယ်မြို့၏ မူလတည်ရှိရာနေရာ၌ နေခဲ့သည်။ ၎င်းကို ရှီရာက အထူးတလည် အတည်ပြုခဲ့ပြီး နတ်သူငယ်မျိုးနွယ်စုအား သီးခြားနယ်မြေ အသစ်တစ်ခု ပေးခဲ့ကာ ကြယ်ကြွေတမန် အင်ပါယာ၏ အကာအကွယ်ကိုလည်း ပေးခဲ့သည်။
ထိုစဉ်က ကတိကို ချန်လွေ့ ပြန်လည်၍ ဖြည့်ပေးခဲ့သည်။ ယုံကြည်မှု သက်ရှိများ ပြောင်းရွှေ့ခြင်း နည်းလမ်းကို အသုံးပြု၍ သူက နတ်သူငယ်တို့ နေရာတွင် သဘာဝ သစ်ပင်ကို စိုက်ပေးခဲ့ပြီး နတ်သူငယ်များ အမြဲပင် ဂရုစိုက်ခဲ့ကြသော သိဒ္ဓိသစ်ပင်ကို ပြန်ပေးခဲ့သည်။ နတ်သူငယ်များက နောက်ဆုံးတွင် ဒဏ္ဍာရီ ရှေ့ဖြစ်ဟော အလူစီယာက သဘာဝ သစ်ပင်အား ထိုနေ့တွင် ထိုလူသားအား ကာကွယ် ပေးရန် ပေးခဲ့သည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သတ်မှတ်ရက် ကျော်လွန်သွားသည့်တိုင် မည်သည့်မျှ မလှုပ်ရှားခဲ့ပေ။ ထိုအစား သူက ပြဿနာများကို ဖြစ်စေခဲ့သည်။
ထိုဆုံးဖြတ်ချက်ကြောင့် မဟုတ်လျှင် ခီလီယာနာ ငွေလကောင်းကင်မြို့တော်ကို ဖျက်ဆီးချိန်တွင် သဘာဝသစ်ပင်လည်း အတူတကွ ပျက်စီးသွားမည် ဖြစ်ပြီး နတ်သူငယ် မျိုးနွယ်စုကို လုံးဝ ပျက်သုဉ်း စေခြင်းနှင့် ညီမျှမည် ဖြစ်သည်။
အိပ်မက်ဆိုးတောနတ်၏ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် အသားကျနေပြီဖြစ်သော ပုံမှန်အားဖြင့် ရဲရင့်ကာ ကြမ်းတမ်းသော အော့ခ်များက နတ်ဆိုးဘုံ၏ ဘဝနှင့် အတော်လေး ကိုက်ညီနေပေသည်။ သူတို့၏ အလုပ် ကြိုးစားသော အရည်အသွေးများကြောင့် အလုပ်သမားများနှင့် ကျေးကျွန်များအဖြစ် ကျော်ကြားလာခဲ့၏။ အော့ခ်ဘုရင် ဖူဂါက ရွှေရောင် ဘီးရားမွန်း သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်။ သူက အသူရာ ချောက်နက်နှင့် တိုက်ပွဲတွင် တိုင်းပြည် အဆင့်သို့ အောင်အောင်မြင်မြင် တက်နိုင် ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ဖူဂါအပါအဝင် အော့ခ်များက နတ်သူငယ် မျိုးနွယ်စုကို အထူးလေးစားမှု ရှိကြသည်။ အထူးသဖြင့် နတ်သူငယ် ရှေ့ဖြစ်ဟော ခီလန်ယာကို နတ်ဆရာမ အဖြစ် အသိအမှတ် ပြုကြသည်။
လူပုမျိုးနွယ်စုက နတ်ဆိုးဘုံနှင့် ပို၍ပင် အလျင်အမြန် ပူးပေါင်းသွားခဲ့ကြသည်။ အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ နတ်ဆိုးဘုံ၏ လှပသော ဝိုင်ကြောင့်ပင်။ ရနံ့မွှေး ပြောင်းဆန်ဝိုင် အပြင် ဝိုင်ဖြူ၏ ကျော်ကြားမှုက နတ်ဆိုးဘုံ၌ တိုးမြင့် လာပြန်သည်။ အထူးသဖြင့် မြေပြင် မျိုးနွယ်စု ဖြစ်သော နတ်ဆိုးဘုံအတွက် ထိုကဲ့သို့ ဝိုင်မျိုးက မထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ဝိုင်ဖြူနှင့် ရနံ့မွှေး ပြောင်းဆန်ဝိုင်တို့က အားသာချက်၊ အားနည်းချက်များ ရှိကြသော်လည်း ဝိုင်အပြင်းကို ကြိုက်သော လူပုများ၏ မျက်လုံးထဲ၌ ထိုအရာက ဝိုင်ကောင်း တစ်ခုပင် ဖြစ်သည်။ သူတို့ ကြိုက်ခဲ့သော ရနံ့မွှေးဝိုင်သည်ပင် မပြောပလောက် တော့ပေ။
ထိုကဲ့သို့ ရှားပါးသော မျိုးနွယ်စုများနှင့် ယှဉ်လျှင် လူသားများက နတ်ဆိုးများနှင့် ပူးပေါင်းဆုံးသော သူများ ဖြစ်ကြသည်။ နတ်သူငယ်ဆစ်ဗလင်နှင့် ကြယ်ကြွေတမန်အင်ပါယာမှ ရိုမန်ဒီတို့၏ လက်ထပ်ပွဲပြီးနောက် လူသားများက နတ်ဆိုးများနှင့် ဆက်သွယ်လာကြသည်။ အချို့က အသက်ရှင်ရန် အတွက် ဖြစ်ပြီး အချို့က အထောက်အပံ့အတွက် ဖြစ်ကာ အခြား အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နေသည်။ နတ်ဆိုးဘုံ၏ နယ်မြေ အမျိုးမျိုး တစ်လျှောက်တွင် လူသားများ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း ရပ်တန့်မှု မရှိသေးပေ။ သို့သော်လည်း အရေအတွက် အကြီးမားဆုံး ဖြစ်သည့်အတွက် ပြဿနာ အများဆုံးလည်း ဖြစ်သည်။ လူသားများက ယာယီမဟာမိတ် တည်ထောင်လိုက်ပြီး အထူးသဖြင့် သိဒ္ဓိအင်ပါယာ နှစ်ခုကို ဗဟိုထား၍ ဖြစ်သည်။ နဂါးလင်းလက် အင်ပါယာက လက်ရှိတွင် အစွမ်းထက်ဆုံး ဖြစ်သည်။ မဟာလက်ဇ်နှင့် ချန်လွေ့တို့က အဖေနဲ့သား ဆက်ဆံရေး ရှိကြသည်။ ထို့ကြောင့် သူတို့က အကြီးမားဆုံး ကိုယ်စားလှယ် ဖြစ်ပြီး လန်ဘိစ်က လက်ထောက် ဖြစ်သည်။ လူသား မဟာမိတ်က မဟာမိတ်ထဲသို့ ပေါင်းစည်း ပြီးနောက် နတ်ဆိုးဘုံနှင့် ဆက်ဆံရေးက ပို၍ပင် နီးကပ်လာခဲ့သည်။ ထိုအရာက ဘုံရန်သူ ရှိနေခြင်းကြောင့် ဖြစ်သည်။ နောက်ထပ် ခေတ်တစ်ခုတွင် လူသားနှင့် နတ်ဆိုးများ၌ ပြဿနာများ မရှိလျှင်ပင် ထိုကဲ့သို့ ပေါင်းစည်းရန် ခက်ခဲလှပေမည်။
မောင်းမဆောင်အရ မထင်ထားသော ဟယ်လင်၏ ပြန်လာခြင်းက ထိတ်လန့်မှု မဖြစ်စေခဲ့ပေ။ ငွေရောင်ပြောင်းသွားသော ဆံပင်ရှည်က မာယာရှင် နှလုံးသား ဆုံးရှုံး သွားခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ သူ မာယာရှင်နှလုံးသား မစွန့်လွှတ် ခဲ့လျှင် ချန်လွေ့၏ဝိညာဉ်က မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်တွင် ပျက်စီးသွားမည် ဖြစ်သည်။
သူသည် ယခင်က အမျိုးသမီးများ အားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။ သို့သော် ၎င်းတို့ အားလုံးမှာ ပါးစပ်ကြမ်း တိုက်ခိုက်မှု အပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ ယခုတွင် သူက ဘေးနားမှ ရပ်နေသူမှ အတွင်းလူအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူကိုယ်တိုင်က ပို၍ မသက်မသာ ဖြစ်လာခဲ့သည်။ သူက မှော်ရုပ်မြင်သံကြားမှ သေရေးရှင်ရေး ကပ်ဘေးကို မသိခဲ့ဘဲ သူ၏ ဘေးနား၌ နောက်ဆုံးအချိန် နေနေချင်ခြင်းကြောင့် မဟုတ်လျှင် သူက ဝိညာဉ်တေးသံ ပင်လယ်နှင့် ပင်လယ်၌သာ ထာဝရ နေသွားမည် ဖြစ်သည်။
အိပ်ရာပေါ်၌ ပျော်ပါးရန် တောင်းဆို နေခဲ့သော အဲလစ်က နောက်ကျ ကျန်နေခြင်းကို မကျေမနပ် ဖြစ်နေသည်။ ထို့ကြောင့် သူက လက်တလောတွင် ရေပန်းစားနေသော ကပ်ဘေးဝတ္ထုများမှ မင်းသမီးများ၏ ပြောင်းပြန်ဇာတ်ကွက်ကို ချန်လွေ့အပေါ်၌ တန်ပြန် ဗျူဟာခင်းပြီး အသုံးချတော့သည်။
ဇာတ်ကွက် အတိအကျကို မည်သူမှ မသိကြပေ။ သို့သော်လည်း အဲလစ် ထွက်လာတိုင်း “အိုဟိုဟိုဟို” ဟူ၍ ရယ်နေတော့သည်။ သူက မကောင်းသူ တစ်ယောက်ကို သိမ်းပိုက်ခဲ့သော လူဆိုး တစ်ယောက်နှင့် တူနေခဲ့သည်။
သို့သော်လည်း ထိုကိစ္စနှင့် ရင်းနှီးသော သူများ အရဆိုလျှင် မင်းသမီးလေးက စိတ်ကျေနပ်စေရန်အတွက် ဟန်ဆောင် နေခြင်းသာ ဖြစ်သည်။ သူက တကယ့် အစစ်အမှန်ကို မအောင်မြင်ခဲ့ပေ။
နတ်ဆိုးဘုံတွင် ချန်လွေ့ ပထမဆုံး တွေ့ဆုံခဲ့သော အမျိုးသမီး ဖြစ်ပြီး သူ၏ ပထမဆုံးအနမ်းကို ယူခဲ့သောသူ ဖြစ်သည့် အလျောက် ယခုအချိန်ထိ သူတို့နှစ်ဦး အကြား စိတ်ပိုင်းဆိုင်ရာ အတားအဆီး မရှိခဲ့ပေ။ လိုလီလေး၏ ပုံစံကြောင့်သာ ဖြစ်သည်။ ကိုယ်ကျင့်တရား အယူအဆ တစ်ခု၏ ကန့်သတ်မှု အောက်တွင် ချန်လွေ့က အမှန်တကယ်ပင် သူ့ကို ဘာမှ မလုပ်နိုင်သေးပေ။
အခြေအနေက ပို၍ တည်ငြိမ်လာပြီး သူ၏ ကိုယ်ရေးကိုယ်တာဘဝ ပြည့်ဝကာ ပျော်ရွှင်နေသော်လည်း ချန်လွေ့ စိတ်ထဲ၌ ဖိအားက မလျော့ဘဲ တိုးလာခဲ့သည်။ နောက်ပိုင်းရက်များတွင် သူက အေးဆေး မနေဘဲ လေ့ကျင့်ရန်အတွက်သာ စိတ်နှစ် ထားခဲ့သည်။
လ၂စင်းပျောက်သွားတာ သတိပေးတာ ဖြစ်မယ်။ လောကနှစ်ခု အကြားမှာရှိတဲ့ တံခါး ပျောက်သွားတာက ငါ့ကိုယ်ငါ လေ့ကျင့်ဖို့ အခွင့်အရေး ပေးပြီးတော့ နှစ်၁၀၀ကျော်အောင် လျင်လျင်မြန်မြန် နေဖို့ ဖြစ်နိုင်မယ်ဆိုရင် ငါ လုံးဝမှားတာပဲ။ နတ်ဆိုးဘုံ ကောင်းကင်ကို ဖုံးလွှမ်းနေတဲ့ အမှောင်တိမ်တိုက်တွေက အကောင်းဆုံး သတိပေးချက်ပဲ။
လ၂စင်း ပျောက်ကွယ်သွားခြင်းက အစသာ ရှိသေးသည်ဟု သူ ထင်မိသည်။
ထိုနေ့တွင် နတ်သူငယ်တစ်ပိုင်း တေးလို့စ်က နတ်သူငယ် ရှေ့ဖြစ်ဟော ခီလန်ယာက ချန်လွေ့ကို အရေးကြီး ကိစ္စများ ဆွေးနွေးရန်အတွက် နတ်သူငယ် နေရာသို့ ဖိတ်ကြားရန် စာတစ်စောင် ယူဆောင်လာခဲ့သည်။
ချန်လွေ့က ရေကန်ပြာ တောင်ခြေတွင် ကြယ်အမှတ်တစ်ခု ထားခဲ့သည့်အတွက် ချက်ချင်းပင် ရောက်လာခဲ့သည်။ ချန်လွေ့ ရုတ်တရက် ပေါ်လာသည်ကို မြင်ရာ နတ်သူငယ် အစောင့်များက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ အကြောင်းမှာ ထိုလူသားက လောက တစ်ခုလုံးတွင် အစွမ်းထက်ဆုံး စွမ်းထက်ပုဂ္ဂိုလ် ဖြစ်ရုံ သာမက နတ်သူငယ် မျိုးနွယ်စု၏ သိဒ္ဓိ သစ်ပင် အစောင့်အရှောက် အဖြစ်လည်း အသိအမှတ်ပြု ခံထားရ၍ပင်။ သူက နတ်သူငယ်မျိုးနွယ်စု သူရဲကောင်းဘုရင် တစ်ပါးလည်း ဖြစ်သည်။
ချန်လွေ့ ရောက်ရှိလာသည့် သတင်းကို ကြားရာတွင် လက်ရှိ နတ်သူငယ် ဧကရီ ဖီလီနှင့် နတ်သူငယ် ရှေ့ဖြစ်ဟော ခီလန်ယာတို့က အတူတူ ထွက်လာကြပြီး မီရှယ်က အမြန်ဆုံး ဖြစ်သည်။ သူက ချန်လွေ့၏ လက်မောင်းထဲသို့ ပြေးဝင် သွားလိုက်သည်။ “အစ်ကို...”
ချန်လွေ့က နတ်သူငယ် ညီမလေး၏ ဆံပင်ကို ပွတ်သပ်လိုက်ပြီး အပြေးဝင် လာသော သိင်္ဂဿကို ပွေ့ဖက်လိုက်သည်။ သူက မီရှယ်အား ပြောလိုက်၏။ “ဘာလို့ အမှောင်လကို မနေတာလဲ။ အဲလစ်နဲ့ တခြားသူတွေက မင်းကို တော်တော်လေး သတိရနေကြတယ်တာ။”
“ကျွန်မမှာ သင်စရာတွေ အများကြီး ရှိသေးတယ်။ စနေ၊ တနင်္ဂနွေက လွဲပြီး အချိန်မရှိဘူး။” နတ်သူငယ် မင်းသမီးက ယခုတွင် အတော်လေး တည်ငြိမ်နေပြီ ဖြစ်သည်။ ထို့နောက် ဖုန်းကို မြှောက်ပြီး ပြုံးကာ ပြောသည်။ “ဒါပေမဲ့ ကျွန်မတို့ နေ့တိုင်း ဖုန်းပြောကြပါတယ်။”
“အင်း။ ဆက်လုပ်.... ဆက်လုပ်...” ချန်လွေ့နှင့် မီရှယ်တို့က လက်ချောင်းများ ချိတ်လိုက်ကြပြီး မင်းသမီးလေးက အလိုက်သိစွာဖြင့် လေဖြူနှင့်အတူ ထွက်သွားခဲ့သည်။
“အရှင်...” ဖီလီနှင့် ခီလန်ယာတို့က ရှေ့သို့ လာပြီး အရိုအသေ ပြုလိုက်သည်။ ထိုဂုဏ်ပုဒ်က ကြင်ရာတော် မင်းသားနှင့် နတ်သူငယ်ဘုရင်နှစ်ပါးကို အသုံးပြုနိုင်ရာ အတော်လေးကို အဆင်ပြေလှပေသည်။ ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့တွေက မိတ်ဆွေကောင်းတွေပဲ။ ယဉ်ကျေးနေစရာ မလိုပါဘူး။ မဒမ် ခီလန်ယာက ကျုပ်ကို ဘာလို့ တွေ့ချင် ရတာလဲ မသိဘူး။”
“သိဒ္ဓိသစ်ပင်ဆီကို သွားပြီးတော့ ပြောကြရအောင်။”
ချန်လွေ့၊ ခီလန်ယာနှင့် ဖီလီတို့က သဘာဝသစ်ပင် ရှိရာသို့ လှမ်းလျှောက် သွားလိုက်ကြသည်။ လမ်းတစ်လျှောက်၌ ချန်လွေ့က နတ်သူငယ် အများအပြားကို မြင်ခဲ့ရ၏။ ငွေလကောင်းကင် မြို့တော်မှ မူလ နတ်သူငယ်များအပြင် နတ်သူငယ် တစ်ပိုင်းနှင့် မှောင်နတ်ဆိုးဘုံမှ အမှောင် နတ်သူငယ်များပင် ပါဝင်နေလေသည်။
အမှောင် နတ်သူငယ်များက သဘာဝ သစ်ပင်ကို မမှီခိုဘဲ မျိုးဆက်သစ်များ မွေးနိုင်သော်လည်း သဘာဝသစ်ပင်က အမှောင်နတ်သူငယ်များ၏ စွမ်းအားကို အလျင်အမြန် တိုးမြှင့်ပြီးစေနိုင်သည်။ ထိုအရာက နောက်ဆုံး နှစ်၁၀၀ ဖြစ်နိုင်၍ ဂုဏ်မောက်လှသော နတ်သူငယ်များက နောက်ဆုံးတွင် ထိုမျိုးကွဲများကို လက်ခံ ခဲ့ကြလေသည်။
“ဒီလိုနေ့မျိုး ဖြစ်လာမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။ နတ်သူငယ် တစ်ပိုင်းနဲ့ အမှောင်နတ်သူငယ်က သိဒ္ဓိသစ်ပင်ရဲ့ အလင်းရောင်အောက်မှာ အတူတူ ရှိနေ ကြမယ်လို့။” ဖီလီက ကောင်းကင်မှ လကို ကြည့်လိုက်သည်။ “ဒါက နတ်ဘုရားရဲ့ လုပ်ရပ်လိုပဲ။”
“ကျုပ် မြင်တာကတော့ အံ့ဩဖွယ်ရာ တစ်ခုပဲ။ နတ်ဘုရားရဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အံ့ဩဖွယ်ရာတွေကို လူသားတွေက ဖန်တီးတာပဲ။” ချန်လွေ့ကလည်း ထိုလအတုများကို ကြည့်လိုက်သည်။ “ပြီးတော့ အသက်ဆက်ရှင်ဖို့ ပြင်းထန်တဲ့ ယုံကြည်ချက်နှင့် မျှော်လင့်ချက်ကို ကျုပ် မြင်နေရတယ်။ မနက်ဖြန်ကျရင် ပိုပြီး ကောင်းအောင် လုပ်နိုင်မယ် ထင်တယ်။”
မင်းသမီး ဖီလီ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ကောင်းကင်ကို မော့ကြည့် နေသော ခီလန်ယာက သက်ပြင်းချ လိုက်သည်။ “ကျွန်မ မြင်တာကတော့ အလင်းရောင်နှင့် မျှော်လင့်ချက်အပြင် အဲဒီနောက်က မြူတွေပဲ။”
“ဘာမြင်လို့လဲ။” ခီလန်ယာ၏ စွမ်းအားက နတ်ဘုရား-ယောင်အဆင့် ကနဦးပိုင်းသာ ရှိသေးသော်လည်း သူ၏ တကယ့် တိုက်ခိုက်ရေး စွမ်းအားက နတ်ဘုရား-ယောင်အဆင့် မဟုတ်သေး။ ချန်လွေ့ သူ့ကို လုံးဝ လျှော့မတွက်ခဲ့ပေ။ အကြောင်းမှာ နတ်သူငယ် ရှေ့ဖြစ်ဟော အရေးပါမှုကို တိုက်ခိုက်ရေးစွမ်းအားဖြင့် တိုင်းတာ၍ မရနိုင်၍ပင်။
“အရှင်... ကိုယ့်ဘာသာ ကြည့်လိုက်ပါ။ ခီလန်ယာက သဘာဝသစ်ပင် အရှေ့သို့ လျှောက်သွားခဲ့ပြီး မြူခိုးလေးများက အစိမ်းရောင် သစ်ရွက်တောင်ဝှေးပေါ်တွင် ပေါ်လာခဲ့ပြီး သဘာဝသစ်ပင် စွမ်းအားနှင့် ပဲ့တင်ထပ်နေခဲ့သည်။ “ကျွန်မရဲ့ ရှေ့ဖြစ်ဟော စွမ်းအားက အတော်လေး ကန့်သတ်ချက် ရှိနေသေးတယ်။ သိဒ္ဓိ သစ်ပင်ရဲ့ စွမ်းအားကို မှီခိုနေရတုန်းပဲ။ အရှင်။ စိတ်ကို လျှော့ချထားပြီးတော့ ကျွန်မရဲ့ အသိစိတ်ကို ဝိညာဉ်နဲ့ ထိလိုက်ပါ။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သူက အစိမ်းရောင် သစ်ရွက် တောင်ဝှေးကို တဖြည်းဖြည်းနှင့် ချဉ်းကပ်လိုက်သည်။ ရုတ်တရက် သူ့၏ ခေါင်းထဲ၌ ဘုန်းခနဲ ခံစားလိုက်ရပြီး မြင်ကွင်းတစ်ခု ပေါ်လာ ခဲ့သည်။
ကောင်းကင်တွင် အဆုံးမဲ့သော အနက်ရောင်တိမ်တိုက်များ ရှိနေဆဲဖြစ်ပြီး နတ်ဆိုးဘုံကို ဖုံးလွှမ်းထားဆဲပင်။
အနက်ရောင် တိမ်တိုက်များက တဖြည်းဖြည်း စတင်၍ ရွေ့လျားလာပြီး အောက်ဘက်မှ မြင်ကွင်း အတိုင်ပင် ဖြစ်လာခဲ့သည်။ အဝေးမှ ကြည့်လျှင် မှန်ပုံရိပ်တစ်ခု ကဲ့သို့ပင်။
မှန်ပုံရိပ်က တဖြည်းဖြည်း ဖိကျလာပြီး ကောင်းကင်မှ လအတုများကို အလျင် အမြန် ဝါးမျိုသွားခဲ့သည်။ နတ်ဆိုးဘုံက ထပ်မံ၍ အမှောင်ထုထဲသို့ ကျရောက်၍ သွားပြန်သည်။ မှန်ပုံရိပ်များ ဆက်လက်၍ ဖိခံနေရဆဲ ဖြစ်ပြီး အမြင့်မားဆုံးသော တီဗွီ မျှော်စင်များက ထပ်တူညီသည့် မျှော်စင် ကောင်းကင်မှ ရောင်ပြန်ဟပ် နေသော ထပ်တူညီသည့် မျှော်စင်များနှင့် ထိသွားခဲ့ပြီး မျှော်စင်နှစ်ခု တစ်ချိန်တည်း ပြိုလဲကာ ပျက်စီးသွားခဲ့သည်။
ခဏကြာ မှန်ပုံရိပ်များ ဝင်တိုက် သွားပြီး အရာအားလုံးလည်း အတူတူပင် ဖြစ်သည်။ အဆောက်အအုံ၊ မြေနေရာ၊ အသက်၊ အားလုံးက ပျက်စီးသွားခဲ့သည်။ လောက တစ်ခုလုံးက အမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်လွေ့ ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေပြီး ပုံရိပ်က စတင်၍ လျော့ရဲကာ ဝေဝါးပြီး ပျောက်ကွယ်သွားခဲ့သည်။ သူ၏ အမြင်က သဘာဝသစ်ပင်သို့ ပြန်ရောက် လာခဲ့သည်။
ခီလန်ယာ ခန္ဓာကိုယ် တုန်လှုပ်သွား၏။ သူ၏ မျက်နှာ အမူအရာက အလွန်ပင် ဖြူဖျော့ပြီး သွေးတစ်လုပ် အန်လိုက်သည်။
“ဆရာမ။ ဘာဖြစ်တာလဲ။” ဧကရီ ဖီလီက ခီလန်ယာကို အံ့အားသင့်စွာဖြင့် မေးပြီး ခီလန်ယာကို ထောက်ပံ့ပေးထား လိုက်သည်။
ခီလန်ယာက ခပ်ရေးရေး ပြုံးလိုက်၏။ “ရှေးဖြစ်ဟောက တစ်ခုခု ပေးဆပ် ရတယ်။ အခုတော့ ငါ့ရဲ့ အဖေက ဘာလို့ အစောပိုင်း နှစ်တွေမှာ ဒါကို ဆက်ခံဖို့ ဆန့်ကျင်ခဲ့လဲဆိုတာ နားလည်သွားပြီ။”
“ကျုပ် ခုနက မြင်ခဲ့တာက တကယ့် အနာဂတ်လား။” ချန်လွေ့က ထိတ်လန့်နေဆဲ ဖြစ်သည်။ သူက စိတ်ထဲ အမြဲပင် မသက်မသာ ခံစားနေရသည်မှာ အံ့ဩစရာ မရှိတော့ပေ။
“မပြောင်းလဲဘူးဆိုရင်ပေါ့။” ခီလန်ယာက သက်ပြင်း ချလိုက်သည်။
ထိုအမြင်ကို မမြင်ခဲ့လျှင် ချန်လွေ့က မည်သည့်ကိုမှ မခံစားရမည် မဟုတ်ပေ။ သို့သော်လည်း ယခု ထိုကောင်းကင်မှ အနက်ရောင်တိမ်တိုက်များကို ကြည့်လိုက်သောအခါတွင် ပုံစံက အနည်းငယ် ထူးခြားနေကြောင်းကို မြင်လိုက်ရ၏။
မှန်ပုံရိပ် တစ်ခု ဖြစ်သွားသလိုပဲ။ ဒါက မှန်လောက စွမ်းအားနှင့် ဆင်တူတဲ့ လျှို့ဝှက် ပညာရပ် တစ်ခု ဖြစ်ရမယ်။ ပြီးတော့ ဒီလျှို့ဝှက်ပညာရဲ့ စွမ်းအားက နတ်ဆိုးဘုံ တစ်ခုလုံးကို ဖုံးလွှမ်းပြီးတော့ ဖျက်ဆီးနိုင်တယ်။
ချန်လွေ့က ရုတ်တရက် မှန်လောက၌ အတွေ့အကြုံ ပေးခဲ့သော လူစီဖာကို အတော်လေးပင် ကျေးဇူးတင်သွားသည်။ ထိုအရာက သူ့အား ထိုလျှို့ဝှက်ပညာ၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို နားလည်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူက နတ်ဆိုးဘုံသို့ အလွန် ကြီးမားသော ကပ်ဘေးတစ်ခု ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရ၏။
လက်စသတ်တော့ လနှစ်စင်းကို ဝါးမျိုသွားတာက အဲဒီတိမ်တိုက်တွေ မဟုတ်ဘူးပဲ။ ပျက်စီးခြင်းနဲ့ သေခြင်း တရားကို ယူဆောင်လာတဲ့ အရိပ်တွေ ဖြစ်နေတာပဲ။
ဒါက ခီလီယာနာရဲ့ တကယ့် ရည်ရွယ်ချက်ပဲ။
အားလုံးက စိတ်သက် သာရာ ရနေပြီလို့ ထင်လိုက်တဲ့အချိန်မှာ မျှော်လင့်ချက်မဲ့ဖို့ အနီးကပ်ဆုံး အချိန်ကို ရောက်နေတာပဲ။