လူသားလောက၏ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲ
Vol. 84 Ch. 1265
[ကြယ်ဂိတ်] ပွင့်လာခဲ့ပြီး ကြယ်အမှတ် ဦးတည်ရာမှာ မုန်တိုင်းကျွန်း ဖြစ်သည်။
ချန်လွေ့ အများကြီး မစဉ်းစားခဲ့ပေ။ စဉ်းစားသင့်သည်နှင့် ပြောသင့်သည်ကို လုပ်ဆောင်ပြီးသား ဖြစ်သည်။
ထို့အပြင် သူက တစ်ယောက်တည်း မဟုတ်ပေ။ အသီနာ၊ ဇိုလာ၊ ကတ်သရင်းနှင့် အခြားသူများ အားလုံး ဖိုက်သွန်၏ သိဒ္ဓိ တိုက်ခိုက်ရေး နှလုံးသား စွမ်းအားကို လက်ခံခဲ့ကြသည်။ သူတို့က လောင်ကျွမ်းနေသော အခြေအနေဖြင့် ကြယ်အပ်နှင်းစင်မြင့် အထဲသို့ တိုက်ရိုက် ပေါင်းစည်းသွားခဲ့ကြသည်။
ဖော်ပြထိုက်သည်မှာ အလောင်း အောက်လမ်းပညာရှင် ဂူရာဒန်ကလည်း ပေါင်းစည်းမှု အဆင့်သို့ ပါဝင်ခဲ့ခြင်းပင်။ ဂူရာဒန်က အခြားသူများလို ခိုင်မာသော သက်ဆိုင်မှု စိတ်ဓာတ် မရှိပေ။ သူက သုတေသန အခြေအနေ အားလုံးကို ပံ့ပိုးပေးသော သခင်ဖြစ်သူကို လေးစားမှု အတော်အတန် ရှိသော်လည်း ၎င်းမှာ သေခြင်း ရှင်ခြင်း အဆင့်အထိ မရောက်ရှိခဲ့ပေ။ သို့သော် နတ်ဆိုးဘုံရှိ မှောင်မည်းသော တိမ်များ အကြောင်း အမှန်တရားကို သိရှိပြီးနောက်တွင် အလောင်း အောက်လမ်းပညာရှင်သည် ချန်လွေ့၏ စွမ်းအားကို အားကောင်း လာစေရန် သူ ပါဝင်လျှင် မျှော်လင့်ချက် အနည်းငယ် ရှိနေဦးမည် ဖြစ်ကြောင်း ကောင်းစွာ သိရှိခဲ့သည်။ အကယ်၍ သူ လက်လျှော့လိုက်ပါက တိမ်နက်များ၏ စွမ်းအားက အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်နှင့် သူ့လို မသေမျိုး သတ္တဝါပင် လောကကြီးနှင့်အတူ လုံးဝ ရှင်းလင်းခြင်းခံရလိမ့်မည်။
အသက်ဆက်ရှင်ရန်နှင့် သုတေသန လမ်းကြောင်းအပေါ်တွင် ဆက်လက်၍ လျှောက်လှမ်းရန်မှာ ဂူရာဒန်၏ လက်ရှိ စွဲလမ်းမှုပင်။ ထို့ကြောင့် သူက ထိုကဲ့သို့ ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။
လူတိုင်း၏ စွမ်းအားကို ယာယီ ချိပ်ပိတ်ထား၏။ ချန်လွေ့ တိုက်ခိုက်ရေး အခြေအနေကို စတင်ပြီး ကြယ်အပ်နှင်း စင်မြင့်မှ ကြယ်များ၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် သူက ကြယ် နှစ်ပွင့်တိုးမြှင့်သူများ၏ လောင်ကျွမ်းသော အသက်နှင့် နက္ခတ်တာရာ စွမ်းအား အကုန်လုံးကို အမှန်ပင် ပေါင်းစည်းနိုင်ပြီး အပြင်းထန်ဆုံး တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
ပထမဆုံး အကြိမ်အဖြစ် လူတိုင်းက သူနှင့်အတူ အမှန်တကယ် ဘေးချင်းယှဉ် တိုက်ခိုက်နေကြသည်။ ၎င်းက နောက်ဆုံး အကြိမ်လည်း ဖြစ်နိုင်ပေသည်။
[ကြယ်ဂိတ်]မှ ထွက်လာသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူ၏ ခြေအောက်မှ မြေပြင်က မူလမြေပြင် မဟုတ်နေဘဲ ပင်လယ် ဖြစ်နေသည်။
သူ၏ခေါင်းထက်မှ မှောင်မိုက်နေသော အပေါ်ပိုင်းကို ကြည့်လိုက်ရာ မူလ ကြီးမားသော ကျွန်းက မြေပြင်မှ မြင့်တက်လာပြီး လေထဲ ဆိုင်းငံ့နေ၏။
မှားယွင်းနေသည်မှာ မုန်တိုင်းကျွန်း တင်မကဘဲ ပတ်ဝန်းကျင်လည်း ပါသည်။ သူ၏ခန္ဓာကိုယ် ပေါ့ပါးနေပြီး မြေဆွဲအား များစွာ အားနည်းသွားကြောင်း ခံစားလိုက် ရသည်။ ကောင်းကင်က နတ်ဆိုးဘုံ ကဲ့သို့ပင် နေရောင်ခြည် အနည်းငယ်မျှ မရှိဘဲ မှောင်မိုက်သော အဆုံးမဲ့သည့် တိမ်များဖြင့် ဖုံးလွှမ်းနေသည်။
ပတ်ဝန်းကျင် အလင်းရောင် ခပ်မှိန်မှိန် ဖြစ်ပြီး အေးစက်သော အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ ထိုအေးစက်ခြင်းက မျက်နှာပြင်ပေါ်ရှိ အပူချိန် ကျဆင်းခြင်း မဟုတ်ဘဲ ဝိညာဉ်၏ အတွင်းထဲအထိ ထိုးဖောက် ဝင်ရောက်သော ထူးဆန်းသည့် အေးစက်မှု ဖြစ်သည်။
ချန်လွေ့က ရုတ်တရက် ထိုကဲ့သို့ ပတ်ဝန်းကျင်မှာ အနည်းငယ် ရင်းနှီး နေကြောင်း ခံစားလိုက်ရသော်လည်း သူ မည်သည့်နေရာတွင် မြင်ဖူးခဲ့ကြောင်းကို မမှတ်မိနိုင်ခဲ့ပေ။ ခီလီယာနာက ကြယ်အမှတ်ကို သတိပြုမိ၍ မုန်တိုင်းကျွန်းကို ထိုအခြေအနေသို့ တမင်တကာ ပြောင်းလိုက်ခြင်း မဟုတ်ဘဲ လောကတစ်ခုလုံး စိတ်ကူးမယဉ်နိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း သူ သေချာနေခဲ့သည်။
ချန်လွေ့က မုန်တိုင်းပင်လယ်ပြင်တွင် မနေဘဲ သူ၏ခန္ဓာကိုယ် လျှပ်တစ်ပြက် လှုပ်ရှားသွားကာ ထိုနေရာမှ ပျောက်ကွယ် သွားခဲ့သည်။
သူ၏လက်ရှိစွမ်းအားက [ဓူဝံကြယ်အသွင်ပြောင်းလဲခြင်း] မပါဘဲပင် သာမန် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်ကို အတော်လေး ကျော်နေ၏။ အပြည့်အဝ အားမထုတ်ဘဲ ရွေ့လျားလိုက်ပြီး သူက မုန်တိုင်း ပင်လယ်ပြင်မှ ထွက်ခွာသွားခဲ့ကာ မူလ ယန်ရှောင်အင်ပါယာ၏ နယ်နိမိတ်တွင် ပေါ်လာခဲ့သည်။
ရှေ့မှ မြင်ကွင်းကို မြင်လိုက်သောအခါ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။
ယခင် ယန်ရှောင်အင်ပါယာက ပျက်စီး ယိုယွင်းမှုများ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ၎င်းမှာ မျှော်လင့်ထား သည့်အတိုင်း ဖြစ်သော်လည်း ပျက်စီး ယိုယွင်းမှုထဲ သွေးနီရောင်ချော်ရည်များ ခပ်မှိန်မှိန် ပေါ်လာနေသည့် ကြီးမားသော တွင်းပေါက်များစွာ ရှိသည်။ သူ ယခင်က မြင်ခဲ့ရသော မုန်တိုင်းကျွန်း ကဲ့သို့ပင် ကောင်းကင်တွင် ကျွန်းများစွာ ရှိနေသည်။
ကွာခြားချက်မှာ ထိုကျွန်းများက အရိုးများနှင့်ရောနှောထားသော ရွှံ့များဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ထူးဆန်းကာ ဆန်းကြယ်နေပုံရနေသည်။ အရိုးကျွန်း တစ်ခုစီက မရေတွက်နိုင်သော သက်ရှိများ ရက်ရက်စက်စက် သုတ်သင်ခြင်းခံရသည့် ဖြစ်စဉ်ကို ကိုယ်စားပြုသည်။
ချန်လွေ့ ထိုအရိုးကျွန်းမျိုးကို ပထမဆုံး မြင်ဖူးခြင်း မဟုတ်။ မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်တွင် သူကိုယ်တိုင် ဖျက်ဆီးခဲ့သော်လည်း ထိုအရိုးကျွန်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ၏ အရှေ့တွင် ပျံဝဲနေသော အရိုးကျွန်းများက မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်တွင် သူမြင်ခဲ့ရသော အရာထက် ပို၍ပင် ထူးဆန်းနေသည်။ မျှော်စင်အုပ်စုတွင် မီးခိုးတိမ်များ ဝိုးတဝါး ရှိနေဆဲပင်။
ထိုမီးခိုးများက သာမန်မြူများ မဟုတ်ဘဲ ဝိညာဉ် ဖြစ်တည်မှု တစ်ခုနှင့် ဆင်တူကြောင်း ချန်လွေ့ ပြောနိုင်ပြီး သူ့အား အေးစက်သော ခံစားချက်ကို ပေးသည်။ မယုံကြည်နိုင်ဆုံး အရာမှာ [သရုပ်ခွဲမျက်က်လုံး]သည် ထိုဝိညာဉ် ဖြစ်တည်မှုများ၏ အချက်အလက်များကို လုံးဝ မပြသနိုင်ခြင်းပင်။ ၎င်းတို့သည် ထိုလောကတွင် မရှိနေသကဲ့သို့ပင်။
ဝိညာဉ်ဖြစ်တည်မှုများက ချန်လွေ့ကို တွေ့ရှိပြီးနောက် တစ်ခုပြီးတစ်ခု သူ့ထံသို့ အလျင်အမြန် ပြေးလာခဲ့သည်။ ချန်လွေ့ ရှောင်တိမ်းခြင်းမရှိဘဲ ဝိညာဉ်များသည် တိုက်ခိုက်ခွင့်ပြုခဲ့သော်လည်း ဝိညာဉ်က မရှိသကဲ့သို့ပင် သူတို့က ချန်လွေ့ကို ဖြတ်ကျော်သွားခဲ့သည်။
ဖြတ်ကျော်သွားသည့် အခိုက်တွင် ချန်လွေ့က ဝိညာဉ်ထဲတွင် ရင်းနှီးသော အေးစက်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူ နောက်ဆုံးတွင် သတိရလိုက်၏။ ဒါက လေလွင့်ဝိညာဉ်ပဲ။
ကြောက်မက်ဖွယ် မိုးပျံနယ်မြေက လေလွင့်ဝိညာဉ်တွေ...
ထိုတွေ့ရှိချက်က ချန်လွေ့၏ စိတ်ထဲမှ ရင်းနှီးသော ခံစားချက်ကို ပိုမိုရှင်းလင်း သွားစေခဲ့ပြီး သူက လူသားလောတစ်ခုလုံး ကြောက်မက်ဖွယ် မိုးပျံနယ်မြေ နှင့် ဆင်တူသော တည်ရှိမှုအဖြစ် ပြောင်းလဲ သွားခဲ့ကြောင်း နောက်ဆုံး သဘောပေါက် လိုက်သည်။
“လေလွင့် ဝိညာဉ်တွေက နည်းနည်း ထူးဆန်းတယ်...” ချန်လွေ့ ပို၍ပင် မျက်မှောင်ကျုံ့လိုက်၏။ လေလွင့် ဝိညာဉ်များသည် အရိပ်များကဲ့သို့ ဖြစ်ပြီး စစ်မှန်သော တည်ရှိမှု မဟုတ်ကြောင်း သူ ခံစားရသည်။ ထို့ကြောင့် [သရုပ်ခွဲမျက်လုံး]က မည်သည့် အချက်အလက်ကိုမျှ မပြသခဲ့ပေ။ သို့သော် အေးစက်မှုက စစ်မှန်သည်။ ၎င်းက ကြောက်မက်ဖွယ် မိုးပျံနယ်မြေ၏ လေလွင့်ဝိညာဉ်များထက် အဆများစွာ ပိုမိုအားနည်းသည်။
“ဟုတ်တယ်။ ဒါက ရိုးရှင်းတဲ့ အသွင်ပြောင်းလဲတာ မဟုတ်ဘူး။ ထပ်နေတာပဲ။ နေရာလွတ် ထပ်နေတာ...” ချန်လွေ့ လွှတ်ခနဲ ပြောလိုက်သည်။ သူက ထိုမှော်လောကနှင့် စတင် ထိတွေ့ရုံသာ ရှိသော လူသစ် မဟုတ်တော့ပေ။ သူက အခြေအနေကို ရုတ်တရက် နားလည် သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ရှင်းပြ၍ မရနိုင်အောင် ထိတ်လန့်သွားသည်။ ခီလီယာနာက အဓိကကုန်းမြေနဲ့ ကြောက်မက်ဖွယ်မိုးပျံနယ်မြေကို ပေါင်းစည်းဖို့ တကယ် ကြိုးစားနေတာ... မဟုတ်ဘူး။ လျှို့ဝှက်ဆန်းကြယ်နယ်မြေ တစ်ခုလုံးကို တစ်ခုတည်း ပေါင်းစည်း နေတာပဲ...
သူ တကယ်ဘာလုပ်ဖို့ စီစဉ်နေတာလဲ။
ချန်လွေ့ စဉ်းစားနေစဉ် အောက်ဘက်ရှိ တွင်းများထဲ စီးဆင်းနေသော သွေးရောင် ချော်ရည်များ လျင်မြန်စွာ ပူလာပြီး လေထဲမှ အေးစက်သော အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ပူနွေးမှုဖြင့် အစားထိုး လိုက်သည်။ ချော်ရည်များ အထဲမှ လှုပ်ယွ နေသော အုပ်စုများက လျင်မြန်စွာ ပုံသဏ္ဌာန် ပေါ်လာပြီး ချန်လွေ့ထံသို့ စီးဆင်းလာခဲ့သည်။
ချန်လွေ့က သူ့ထံသို့ အလျင်အမြန် ပြေးလာသော အသူရာချောက်နက် သခင်များနှင့် မီးလျှံစုန်းမများကို မကြည့်ဘဲ ကောင်းကင် တစ်ခုလုံးရှိ အရိုးဆူးများကိုလည်း မကြည့်ခဲ့။ အနီးဆုံး အရိုးဆူး သူ့အနားသို့ ချဉ်းကပ်လာသည့် အခိုက်အတန့်တွင် ၎င်းက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အရိုးဆူးများသာမကဘဲ မကောင်းဆိုးဝါးအားလုံး ရပ်တန့်သွားခဲ့သည်။ ထို့နောက် လေပြင်း တစ်ချက် တိုက်ခတ်ပြီး ရပ်တန့်နေသော ပုံရိပ်များက ချက်ချင်းပင် အမှုန့်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။
သို့သော် အသူရာချောက်နက် မကောင်းဆိုးဝါးများသည် အဆုံးမရှိပေ။ သွေးရောင်ချော်ရည်များမှ ကြီးမားသော တွင်းပေါက်များသည် နောက်တစ်ကြိမ် ဆူပွက်လာပြီး မကောင်းဆိုးဝါးများ ပိုမို ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့ မျက်ခုံးကို ပင့်လိုက်ပြီး အောက်သို့ ထိုးချလိုက်ရာ အောက်ဘက်ရှိ တွင်းပေါက်များအနီးတွင် ပိုကြီးသော အပေါက်တစ်ခု တိုက်ရိုက် ပေါ်လာခဲ့သည်။ ကြီးမားသော လက်သီး ပုံစံက အထူး အေးစက်သောလေ၏ အစအနကို သယ်ဆောင်လာခဲ့သည်။ တွင်းပေါက်များရှိ သွေးရောင် လျင်မြန်စွာ မှိန်သွားပြီး ရေခဲ၊ ပြိုကျကာ ပျောက်ကွယ် သွားခဲ့သည်။
ထိုသို့ အနိုင်ယူခြင်းက အရင်းအမြစ်ကို မဖြေရှင်းဘဲ ယာယီ ဖြေရှင်းချက်သာ ဖြစ်သည်။ အကယ်၍ သူက ယန်ရှောင် အင်ပါယာ၏ ထိုထောင့်တစ်နေရာတွင် ရစ်ပတ်နေပါက စွမ်းအင် အလဟဿ ဖြစ်လိမ့်မည်။ ချန်လွေ့က ကြီးမားသော တွင်းပေါက်များအားလုံးကို ရှင်းလင်းခြင်း မပြုခဲ့ပေ။ သူက လက်ခနဲ ဖြစ်သွားပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
အရင်းခံ စွမ်းအားကို ဖယ်ရှားမှပဲ ထိုမကောင်းဆိုးဝါးတွေကို လုံးဝ ရှင်းလင်း နိုင်မှာ။
ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် အိပ်မက်ဆိုး လွင်ပြင်က နောက်ဆုံး အရင်းအမြစ်နဲ့ နောက်ဆုံး စစ်မြေပြင် ဖြစ်လာလိမ့်မယ်။
ချန်လွေ့ ရပ်တန့်ခြင်း မရှိခဲ့ပေ။ သူက အိပ်မက်ဆိုးတောနက်၏ လားရာဘက်သို့ စွမ်းအားအပြည့်ဖြင့် ရွှေ့ပြောင်းခဲ့သည်။
လမ်းတစ်လျှောက်တွင် သူက ဒေသ များစွာကို ဖြတ်ကျော်ခဲ့သည်။ အရှေ့ပိုင်း တိုက်မှ ပင်လယ်ဖြူဒေသ၊ ထို့နောက် အနောက်ပိုင်း တိုက်သို့ ဖြစ်သည်။
ထင်ထားသည့်အတိုင်း တိုက်တစ်ခုလုံး အသူရာချောက်နက် စွမ်းအားမှလွဲ၍ အသက်၏ မည်သည့် အငွေ့အသက်မျှ မရှိဘဲ ကြောက်မက်ဖွယ်မိုးပျံနယ်မြေနှင့် ဆင်တူသော မြင်ကွင်းအဖြစ် ပြောင်းလဲ သွားခဲ့သည်။
သို့သော်လည်း အသွင်ပြောင်းလဲမှုက မပြီးပြတ်သေးပုံရသည်။ ယခင် စစ်ပွဲ၏ ခြေရာလက်ရာများစွာ ကျန်နေသေးသည်။ ပျက်စီးနေသော မြို့များ၊ ခံတပ်ရှေ့ရှိ ပုံပျက်နေသော မြေမျက်နှာပြင်များနှင့် မြေအဖြစ် ပြောင်းသွားသော ပင်လယ်ဖြူ။ ထိုပျက်စီးနေသော မြင်ကွင်းများက အသူရာချောက်နက်နှင့် ရုန်းကန်ခဲ့ရသည့် အထောက်အထားများပင်။ ၎င်းသည် သေရေးရှင်ရေး ခေါင်းစဉ်ဖြင့် ပုံဖော် ထားသော ရုပ်ပုံကားချပ် တစ်ခုလည်း ဖြစ်သည်။
အနာဂတ်တွင် ဝေးကွာသည် ဖြစ်စေ၊ နီးသည်ဖြစ်စေ ထိုစစ်ပွဲက ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားမည့် ကြေကွဲဖွယ် ကောင်းပြီး ခမ်းနားသော သမိုင်းဝင်ကဗျာ အဖြစ် ပုံဖော်ခြင်း ခံရပေမည်။
နတ်ဆိုးဘုံတွင် ကျန်ရှိနေသော သက်ရှိ အားလုံးက အနာဂတ်ကို ဆုံးရှုံးသွားပြီး မူလဉာဏ်ပညာနှင့် ယဉ်ကျေးမှုတို့လည်း အဆုံးသတ်သွားခြင်း ဖြစ်နိုင်၏။
လက်ရှိ တည်နေရာမှာ ကျက်သရေပြာ အင်ပါယာ ဖြစ်ပြီး ရေခဲပင်လယ်ကို ဖြတ်ကျော်ကာ နောက်ဆုံး ဦးတည်ရာသို့ ရောက်ရှိရန် အချိန် သိပ်မကြာတော့ပေ။ အမြင်အာရုံ အပြောင်းအလဲ အမြန်နှုန်း မြင့်မားစွာ ပြောင်းလဲမှုများ လုပ်ပြီးနောက် သူ၏ရှေ့မှ မြင်ကွင်းက ပျံဝဲနေသော အရိုးကျွန်းများမှ သွေးနီရောင်တစ်ခုလုံးသို့ ပြောင်းလဲသွားခဲ့သည်။
ရေခဲပင်လယ်ကို ယခု သွေးပင်လယ် ဟူ၍ ခေါ်သင့်သည်။ အကြောင်းမှာ ပင်လယ်သည် အေးခဲနေသော ရေခဲရေ မဟုတ်ဘဲ ဆူပွက်နေသော ချော်ရည်များ ဖြစ်နေသောကြောင့် ဖြစ်သည်။ လေက မွမ်းကြပ်စေသော ပူပြင်းမှုဖြင့် ပြည့်နေပြီး ပင်လယ် မျက်နှာပြင်ပေါ်တွင် နီရဲနေသော သလင်းကျောက် ပန်းများ ပျံဝဲနေ၏။
ကောင်းကင်ရှိ တိမ်များမှာ ယခင်က မည်းမှောင်နေသော တိမ်များ မဟုတ်ဘဲ သွေးနီရောင်ဖြစ်ပြီး အဝေးမှ ကြီးမားသော စွမ်းအား တစ်ခုကြောင့် ဖြစ်ပေါ်လာ သကဲ့သို့ ဖြာထွက်နေသော ပုံသဏ္ဌာန်ကို ပြသနေသည်။
ထိုနေရာရှိ နေရာလွတ်က အားကောင်းသော အသူရာချောက်နက် စွမ်းအားဖြင့် ပြည့်နှက်နေသည်။ သူ၏ စွမ်းအားကို သိသိသာသာ ဖိနှိပ်ထား၏။ ထိုနေရာတွင် အသူရာချောက်နက် သတ္တဝါများက အပြင်းထန်ဆုံး စွမ်းအားကို ထုတ်ဖော်နိုင်ပြီး ပြင်ပလူများ၏ စွမ်းအားကို များစွာ လျှော့ချပစ်လိမ့်မည်။
ချန်လွေ့ ရွှေ့ပြောင်းခြင်း မသုံးတော့ဘဲ ပျံသန်းခြင်းသို့ ပြောင်းလဲလိုက်သည်။
သွေးပင်လယ်သည် ကျူးကျော်သူကို အာရုံခံမိပြီး အပြင်းအထန် ဆူပွက်၍ လာခဲ့သည်။ အသူရာချောက်နက်ပန်းများ တစ်ခုပြီးတစ်ခု သွေးမြူများ အဖြစ်သို့ ပေါက်ကွဲထွက်လာခဲ့သည်။ ကြီးမားသော လက်တံ ဒါဇင်ပေါင်းများစွာ ဆန့်ထွက် လာခဲ့သည်။ လက်တံများက ပေါက်ကွဲ နေသော ချော်ရည်များနှင့် ကြောက်စရာ ပါးစပ်များဖြင့် ပြည့်နှက်၍ နေလေသည်။ တိုးမြှင့်မှုအောက်မှ အရှိန်အဟုန်က ပိုမို၍ အံ့ဩစရာ ကောင်းလှသည်။ ၎င်းမှာ ရေဘဝဲဘုရင်နှင့် ဆင်တူသော အသူရာ ချောက်နက်၏ ပြောင်းလဲမှု စွမ်းအားကို လက်ခံထားသော ပင်လယ်သတ္တဝါ တစ်မျိုးမျိုး ဖြစ်နိုင်လောက်သည်။
တစ်ချိန်တည်းမှာပင် အသူရာချောက်နက် မကောင်းဆိုးဝါး အုပ်စုကြီးများ ကောင်းကင်တွင် ပေါ်လာပြီး တိမ်တိုက်များလို စုပြုံလာကာ သွေးရောင် ကောင်းကင်ကို လုံးဝနီးပါး ဖုံးအုပ်သွားခဲ့သည်။
ချန်လွေ့ လက်သီး ထိုးချလိုက်သည်။ ထိုထိုးချက်က သာမန်ကဲ့သို့ ထင်ရပြီး အထူးစွမ်းအား မရှိပေ။ သို့သော် သူ၏ ရှေ့မှ သွေးပင်လယ်က လှိုင်းထန်သွားပြီး မပိတ်နိုင်သော မြောင်းတစ်ခု ဖြစ်စေ ခဲ့သည်။ ထိုကြီးမားသော လက်တံများ ချက်ချင်း အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရ၏။
ထိုးနေစဉ်တွင် သူက အလျင်စလို မရှိသော ပျံသန်းနှုန်းကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ထို့နောက် အဝေးမှ ကောင်းကင်ကို နောက်ထပ်တစ်ကြိမ် ထိုးလိုက်လေသည်။ ကောင်းကင်ရှိ မကောင်းဆိုးဝါး တိမ်တိုက်တွင် ကွက်လပ်တစ်ခု ပေါ်လာပြီး ပြန့်ကား၍ သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် အက်ကြောင်းများ မရေတွက်နိုင်အောင် ဖြစ်လာခဲ့သည်။ အက်ကြောင်းများ၏ အကွာအဝေး အတွင်းမှ မကောင်းဆိုးဝါးများက ပြာ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ချန်လွေ့ ပျံသန်းနေရင်း လက်သီးဖြင့် ထိုးနေခဲ့သည်။ သူက စွမ်းအားကို ဖြုန်းတီးနေခြင်း မဟုတ်ဘဲ အခြေအနေကို ချိန်ညှိရန် ထိုထိုးချက်ကို အသုံးပြုနေခြင်း ဖြစ်ပြီး စစ်မှန်သော တိုက်ပွဲအတွက် ပြင်ဆင်ရန် အသူရာချောက်နက်၏ ဖိနှိပ်မှု စွမ်းအားနှင့် ပိုမို၍ လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်။
သူ့ဆီသို့ စီးဆင်း၍ လာနေသော မကောင်းဆိုးဝါးများ ဆုတ်ခွာသွားပြီး ဆူပွက်နေသော သွေးပင်လယ် ရပ်တန့် သွားခဲ့သည်။ ခုနက အပြင်းအထန် ဟိန်းဟောက်နေသော ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ငြိမ်သက်နေသော သွေးပင်လယ်၏ ဗဟိုက အနီရောင် သလင်းကျောက်များ အဖြစ်သို့ ခိုင်မာလာပြီး ရှေ့သို့ ဆန့်ထွက် သွားသော သလင်းကျောက်တံတားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်လွေ့ သလင်းကျောက် တံတားကို ကြည့်လိုက်သည်။ ၎င်းက နောက်ဆုံး စစ်မြေပြင်သို့ သွားရာလမ်း ဖြစ်နိုင်၏။
ထိုအခိုက်အတန့်တွင် သူ၏စိတ်က တင်းမာနေသော်လည်း ဂုဏ်သိက္ခာရှိပြီး ပြတ်သားကာ တည်ငြိမ်နေခဲ့သည်။
ထိုလောကတွင် ပြန်လည်မွေးဖွားသည့် အခိုက်အတန့်မှ ယခုအချိန်အထိ အချိန်က သိပ်ပြီး မကြာမြင့်သေးသော်လည်း သူက သာမန်လူများထက် ဘဝပေါင်းများစွာ ပိုမို ကြုံတွေ့ခဲ့ရပြီး ထူးခြားသော အရာများစွာ ပိုင်ဆိုင်ခဲ့သည်။
စွမ်းအား၊ အာဏာ၊ ဂုဏ်ကျက်သရေ မဟုတ်ဘဲ လူများပင်။
သေသည်အထိ လုံးဝ မပြောင်းလဲမည့် ချစ်သူများ၊ နောက်ကျောကို လုံစေသော မိတ်ဆွေများ၊ ရေထက် သွေးက ပိုမို၍ ပျစ်သော သားသမီးများ။
သူက ထိုကဲ့သို့ အဖိုးအထိုက်ဆုံးသော အရာများအားလုံးကို ပိုင်ဆိုင်ခဲ့၏။
ချစ်သူများနှင့် အဖော်များက သူတို့၏ အသက်များကို ကျွမ်းလောင်ပြီး ယနေ့ သူ့နှင့်အတူ ဘေးချင်းယှဉ် တိုက်ခိုက် နေကြသည်။ သူ့နောက်မှ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ဂရုစိုက်မှု၊ အာရုံစိုက်မှုဖြင့် သူ လုပ်ဆောင်နိုင်သည်မှာ စွမ်းအား အားလုံးဖြင့် တိုက်ခိုက်ရန်သာ ဖြစ်သည်။ သူ သေသွားသည့်တောင် ယခုဘဝတွင် နောင်တရစရာ ရှိတော့မည် မဟုတ်ပေ။
ပင့်သက်ရှိုက်ပြီးနောက် သူ တံတားပေါ် ဆင်းသက်လိုက်သည်။
အသေအချာပင် သလင်းကျောက် တံတားပေါ်တွင် ထောင်ချောက် ရှိမနေ သော်လည်း ခြေလှမ်းများကို လိုက်ကာ သူ၏ နောက်မှ သလင်းကျောက် တံတားက ပြိုကျလာပြီး ၎င်းက ပြန်မလာနိုင်သော လမ်းကြောင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
ချန်လွေ့ ပြုံးလိုက်ပြီး ကြောက်ရွံ့ခြင်း မရှိဘဲ ဆက်လက် လျှောက်လှမ်းသွား၏။