← Chapters

အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပိုင်းလွင်ပြင်မှ ပါရမီရှင်များ၏ တိုက်ပွဲ

Vol. 29 Ch. 422

အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပိုင်းလွင်ပြင်မှ ပါရမီရှင်များ၏ တိုက်ပွဲ

Vol. 29 Ch. 422

အခန်း (၄၂၂) : အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပိုင်းလွင်ပြင်မှ ပါရမီရှင်များ၏ တိုက်ပွဲ

မြောက်အရပ်၊ တောင်အရပ်၊ အရှေ့အရပ်နှင့် အနောက်အရပ်မှ မင်းသားလေးပါးက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် တော်ဝင်မျိုးနွယ်တွင် အမြင့်ဆုံး တန်ဖိုးရှိသူဖြစ်ပြီး လက်ရှိ ဧကရာဇ်ရှီ၏ သွေးသား တော်စပ်သော ညီအစ်ကိုများ ဖြစ်ကြသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှာပင် တောင်ပိုင်းမင်းသားနှင့် မြောက်ပိုင်းမင်းသားတို့က ထိပ်သီးပါရမီရှင်များထဲတွင် အပါအဝင် ဖြစ်သည်။

သူတို့က အဓိကမိသားစု၏ သားကြီးနှစ်ယောက်ဖြစ်သည့်အတွက် ထိပ်တန်းတော်ဝင်သွေးနှင့် စွမ်းအားကြီးသော မွေးရာပါ အရည်အချင်းကို ပိုင်ဆိုင်ထားသည်။

ရှီထျန်းကျိမမွေးခင်က ထိုနှစ်ယောက်က သူတို့ငယ်ရွယ်စဉ်တွင် ထိပ်သီးပါရမီရှင်များထဲတွင် ပါဝင်ခဲ့ကြပြီး သူတို့နှင့်အဆင့်တူသူများအားလုံးကို လွှမ်းမိုးထားခဲ့သည်။

သူတို့ကို တစ်ခါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ကြယ်နှစ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရပြီး နတ်ဧကရာဇ်တစ်ပါးဖြစ်ဖို့ အလားအလာရှိသည်။

သူတို့၏ ဂုဏ်သတင်းက ရှီထျန်းကျိ မွေးဖွားလာပြီးနောက်ပိုင်းမှ လျော့ကျသွားခဲ့သည်။

သို့သော် သူတို့၏ စွမ်းအားနှင့် ပတ်သက်ပြီး သံသယဖြစ်စရာမလိုပေ။ သူတို့က ပါရမီရှင်များကြားထဲတွင် ထိပ်သီးအဆင့်ကို သေချာပေါက် ပိုင်ဆိုင်ထားသည်။

တောင်ပိုင်းနှင့် မြောက်ပိုင်းမင်းသားတို့၏ ပုံပန်းသွင်ပြင်က အရှေ့ပိုင်းလွင်ပြင်မှ တခြားပါရမီရှင်များအပေါ် အဓိကျကျသော ဖိအားတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လက်သီးဆုပ်ကာ ပြောလိုက်သည်

“ ကျွန်တော်တို့က ဒီရွှေဇာမဏီအခန်းကို ကြိုတင်စာရင်းယူပြီးသွားပြီ။ မင်းသားလေးအနေနဲ့ ဝင်ပြီးစွက်ဖက်ဖို့ ကြိုးစားမယ်လို့ မထင်ပါဘူး”

ထိုမင်းသားနှစ်ပါး၏ တည်ရှိမှုကို လျစ်လျုရှုနိုင်မည့် နည်းလမ်းမရှိပေ။ သူတို့၏ စွမ်းအားများက အင်မတန်မြင့်ပြီး ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ခါနီးနေပြီ ဖြစ်သည်။

သူတို့သာ တကယ်တိုက်ခိုက်ပါက တခြားအရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကလည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားဖို့အတွက် ယုံကြည်မှုမရှိပေ။

မြောက်ပိုင်းမင်းသားက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ မင်းတို့ ဒီအခန်းကို ကြိုတင် စာရင်းယူထားပြီးတော့ ဘာဖြစ်လဲ။ ဖျက်သိမ်းလိုက်လေ။ ငါလိုချင်တာ ဘာပဲဖြစ်ဖြစ် တခြားသူတွေ မရနိုင်ဘူး”

မြောက်ပိုင်းမင်းသားက အမြဲတမ်း အာဏာကို သုံးပြီး လွှမ်းမိုးချုပ်ကိုင်လေ့ ရှိသည်။ သူ၏ စွမ်းအားနှင့်ရာထူးကြောင့် လူအများစုက သူ့ကို မဆန့်ကျင်ရဲကြပေ။

ဝန်ထမ်းတစ်ယောက် အလျင်အမြန် ရှေ့ထွက်လာကာ ပြောလိုက်သည်

“ သူတော်စင်တို့ အလျှော့ပေးပြီးတော့ ကြိုတင်စာရင်းယူထားတာကို ဖျက်သိမ်းလိုက်လို့ မရဘူးလားဟင်။ သူတော်စင်တို့လည်း ဒီမင်းသားနှစ်ပါးကို ဆန့်ကျင်ဖို့အတွက်မှ မတတ်နိုင်တာ”

ကောင်းကင် သူတော်စင်မြို့ကို အားအင်ဖြည့်တင်းနိုင်ဖို့အတွက် ထုံကြွယ်မျှော်စံအိမ်တွင် သူတို့၏ အရမ်းသန်မာသော ကျောထောက်နောက်ခံ ရှိသည်။ ဒီလိုဆိုလျှင်ပင် သူတို့အနေဖြင့် ထိပ်တန်းမင်းသားနှစ်ပါးကို ဆန့်ကျင်ဖို့အတွက် ဆန္ဒမရှိပေ။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်တွင် တော်ဝင်အိမ်တော်၏ ရာထူးက လွှမ်းမိုးလို့ မရနိုင်ပေ။

သာမန် အခန်းတစ်ခန်းအတွက် သူတို့ကို ဆန့်ကျင်ခြင်းက ဉာဏ်ရှိသော လုပ်ရပ်တစ်ခု မဟုတ်ပေ။

ကောင်းကင်ထောက်တိုင်သုံးသွယ် သူတော်စင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ မင်းတို့အတွက် ဘယ်အရာက ကောင်းလဲဆိုတာကို သိပြီးရင် ထွက်သွားလိုက်တော့။ မင်းသမီးလင်းလုံကို ဧည့်ခံဖို့အတွက် ရွှေဇာမဏီအခန်းကို လိုအပ်တယ်။ မင်းက ဘယ်သူမလို့ ဝင်ပြီး နှောင့်ယှက်ချင်နေရတာလဲ”

ကောင်းကင်ထောက်တိုင် သုံးသွယ် ပါရမီရှင်များက အရှေ့ပိုင်းလွင်ပြင်မှ ပါရမီရှင်များအပေါ် အမြဲတမ်း အထင်သေးနေခဲ့သည်။ ထို့ကြောင့် သူတို့၏ ရွံရှာမှုကို လူပုံအလယ်မှာ ထုတ်ပြသည့် ဤအခွင့်အရေးကို လက်မလွှတ်ပေ။

၇ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က ထပ်ပြီး သည်းမခံနိုင်တော့သည့်အတွက် အော်ပြောလိုက်သည်

“ မင်းတို့ အရမ်းလွန်သွားပြီ။ ဦးသူယူစနစ်ကို နားမလည်ကြဘူးလား”

တခြား အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များပင် ဒေါသထွက်သွားကာ အားလုံး မတ်တပ်ထရပ်လိုက်သည်။

မြောက်ပိုင်းမင်းသားက မာနထောင်လွှားစွာ ပြောလိုက်သည်

“ မတရားဘူးလို့ ခံစားရရင် ငါတို့ လေဟာနယ် စင်မြင့်ပေါ် သွားကြတာပေါ့။ မင်းတို့ အနိုင်ရရင် ရွှေဇာမဏီအခန်းကို ယူခွင့်ပေးမယ်”

ကောင်းကင်သူတော်စင်မြို့တွင် တိုက်ခိုက်ခြင်းကို ခွင့်ပြုမထားပေ။

ဤနေရာက သင်ကြားပေးသည့် မြင့်မြတ်သောနယ်မြေတစ်ခုဖြစ်ပြီး တိုက်ခိုက်ဖို့အတွက် စစ်ကွင်းပြင်တစ်ခု မဟုတ်ပေ။

ကျိရှားကျောင်းတောက်က ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများကို ရှောင်ကြဉ်နိုင်ရန်အတွက် ကိုယ်ရေးကိုယ်တာအရ တိုက်ခိုက်ခြင်းများကို တင်းကြပ်စွာ တားမြစ်ထားသည်။ ဤစည်းမျဉ်းကို ချိုးဖောက်ပါက ပြစ်ဒဏ်သည် အင်မတန် ပြင်းထန်ပြီး မည်သူ့ကိုမှ သက်ညှာပေးခြင်းရှိမည် မဟုတ်ပေ။

မဟုတ်ရင် မြောက်ပိုင်းမင်းသားက ဘယ်လိုလုပ်ပြီးတော့ စကားတွေ အရမ်းများနေပါ့မလဲ။ သူ တိုက်ခိုက်ပြီးနေလောက်ပြီ

ဒါပေမဲ့ လေဟာနယ်စင်မြင့်ပေါ်မှာတော့ တိုက်ခိုက်လို့ရပါတယ်

ကျိရှားကျောင်းတော်က တပည့်များ အချင်းချင်း တိုက်ခိုက်ပြီး လေ့ကျင့်ရန်အတွက် လေဟာနယ်စင်မြင့်ကို ဖန်တီးပေးခဲ့သည်။

လေဟာနယ်စင်မြင့်ပေါ်တွင် တရားဝင် တိုက်ခိုက်လို့ရသည်။

ဘယ်သူမှ မသေသ၍ ဘယ်သူမှ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်မဟုတ်ပေ။

ကျင့်ကြံရေး လမ်းကြောင်းတွင် ကျင့်ကြံသူများက သူတို့၏ စွမ်းအားနှင့် စွမ်းရည်များ တိုးတက်ရန်အတွက် တိုက်ပွဲများကို ဆက်တိုက် တိုက်ခိုက်နေဖို့ လိုသည်။ ကျင့်ကြံသူတစ်ယောက်သာ အရမ်းလုံခြုံဘေးကင်းပြီး အလိုလိုက်ခံထားရပါက သူတို့သည် ပျင်းရိပြီး အေးဆေးသည့် အမူအကျင့်ကို ပျိုးထောင်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။ ထိုအရာက အရမ်းကို အလိုမရှိသော ရလဒ်တစ်ခု ဖြစ်သည်။

ကျိရှားကျောင်းတော်က တပည့်များကို လေ့ကျင့်သည့်အခါ အားပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဤ လေဟာနယ်စင်မြင့်ကို  ဖန်တီးခဲ့ခြင်း ဖြစ်သည်။

တပည့်အများစုက တိုက်ခိုက်ပြီး ပြဿနာများ ဖြေရှင်းဖို့သာ လေဟာနယ်စင်မြင့်ကို အသုံးပြုခဲ့ကြသည်။

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က အော်ပြောလိုက်သည်

“ ဒါဆိုလည်း တိုက်ခိုက်ရအောင်လေ။ ငါ မင်းကို မကြောက်ဘူး”

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က အရင်ဆုံး မတ်တပ်ရပ်ပြီး လေဟာနယ်စင်မြင့်ဆီသို့ သွားလိုက်သည်။

၇ ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ်သူတော်စင်၏ အကြည့်တို့ အေးစက်သွားကာ လှောင်ရယ်ရင်း ပြောလိုက်သည်

“ ၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင် … မင်း သေရမှာ မကြောက်တာကိုတော့ လေးစားမိပါတယ်။ မင်းကို မင်းရဲ့ ၆ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင် ဂူသင်္ချိုင်းမှာ လိုက်ပါ ကူညီခွင့်ပြုပေးလိုက်မယ်”

၇ ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်ကလည်း စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။

“ တိုက်ခိုက်မယ်”

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်၏ စွမ်းအားကြီးသော ခရမ်းရောင် အရှိန်အဝါ ထိုးဖောက်ထွက်လာကာ သောင်းချီနေသော အံ့ဖွယ်အလင်းတန်းများကလည်း ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က ချီရှောက်ရွှမ်လောက် အရည်အချင်းမရှိသော်လည်း သူက သူတော်စင် တစ်ယောက်ဖြစ်သည့်အတွက် ထူးခြားသော အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ သူက ခရမ်းစံအိမ်တော်ဝင်ကျမ်းကိုလည်း အရမ်းမြင့်သောအဆင့်ထိ ကျင့်ကြံပြီးပြီ ဖြစ်သည်။

စွမ်းအားကြီးသော ခရမ်းရောင် အရှိန်အဝါကို အသက်သွင်းဖို့အတွက် ထိပ်သီးအဆင့် ကနဦးဝိညာဉ်ကို အသုံးပြုလိုက်ပါက သာမန် ကောင်းကင်အသျှင် တစ်ယောက်ကို နှိမ်နင်းဖို့အတွက် လုံလောက်သည်။

အဆုံးမဲ့ ခရမ်းရောင်အရှိန်အဝါက အချင်းချင်း ကြက်ခြေခတ်ဖြတ်ကာ လေဟာနယ်စင်မြင့်တစ်ခုလုံးကို ထွန်းလင်းသွားစေသည့် ခရမ်းရောင်လတစ်ခုကို ဖန်တီးလိုက်သည်။

၇ ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးတစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေသလိုပဲ။ ဒါက မင်းလုပ်နိုင်တာ အကုန်ပဲလား”

၇ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ်သူတော်စင်က သူ့နောက်တွင် ကြီးမားသော သုံးချောင်းထောက် မီးဖိုပုံရိပ်သဏ္ဌာန်ကြီးတစ်ခုပေါ်လာကာ အလင်းတန်းများ အဘက်ဘက်သို့ ထုတ်လွှတ်နေသည့်အတွက် တစ်ကိုယ်လုံး တောက်ပနေသည်။

ဧရာမ မီးဖိုအရှိန်အဝါက စွမ်းအားကြီးစွာ ထွက်ပေါ်လာသည်။ အနည်းဆုံး ပေတစ်သောင်းအမြင့်ရှိပြီး အားမာန်ပါလှသည်။ ထိုအရှိန်အဝါက ခရမ်းရောင် အရှိန်အဝါကို လျော့ကျသွားစေသည်။

“ မင်းကို သင်ခန်းစာ ကောင်းကောင်းတစ်ခု သင်ပေးမယ်။

“မီးပြင်းဖိုက တောင်တန်းနဲ့ မြစ်တွေကို အုပ်စိုးတယ်”

၇ ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ်သူတော်စင်က အေးစက်သော အမိန့်တစ်ခုကို ပေးကာ ဧရာမ ငွေဖြူရောင် မီးပြင်းဖိုကို အသက်သွင်းလိုက်သည်။

တောက်ပသော အလင်းတန်းများက သတ်မှတ်ချက်ထက် ကျော်လွန်ပြီးတော့ပင် တောက်ပနေကြသည်။

မီးပြင်းဖိုက နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားကာ အရှိန်အဝါက အရမ်းပြင်းထန်လေးလံလှသည်။ ထိုအရာက ငွေရောင်သက်တံအဖြစ် ပြောင်းလဲသွားကာ ခရမ်းရောင် အရှိန်အဝါကို ဖိနှိပ်ထားလိုက်သည်။

တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အရာအားလုံးကို ဖိနှိပ်ထားလိုက်သည်။

“ခရမ်းရောင်နေမင်း အရှေ့အရပ်မှ ထွက်ပေါ်လာခြင်း”

၇ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က ရှေ့ထွက်လာရင်း သူ့ခန္ဓာကိုယ်မှ ခရမ်းရောင် အရှိန်အဝါများ ထွက်လာကာ ခရမ်းရောင် တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားကာ ခရမ်းရောင်နေမင်းထဲသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်သွားသည်။

ခရမ်းရောင် နေမင်းက ပေတစ်သောင်းရောက်သည်အထိ အလျင်အမြန် ကြီးထွားသွားကာ ခရမ်းရောင် အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။ မျက်နှာပြင်ပေါ်တွင် ခရမ်းရောင်မီးတောက် ထွက်ပေါ်လာကာ ကြောက်စရာကောင်းသော စွမ်းအားများ တိုးထွက်လာသည်။

ဝုန်း…

ကျယ်လောင်တဲ့ ပေါက်ကွဲမှုတစ်ခုပဲ

မီးပြင်းဖိုသည် တုန်ခါမှုကြောင့် အသံပင် မြည်သွားသည်။ ပေါက်ကွဲမှုက ခရမ်းရောင် အရှိန်အဝါကို အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။

ပေါက်ကွဲမှုကြောင့် လေဟာနယ်စင်မြင့်ပင် တုန်ခါသွားသည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများက ထိတ်လန့်တုန်လှုပ်စရာကောင်းလှသည်။ သာမန် ကောင်းကင်အသျှင်များပင် သူတို့တိုက်ခိုက်တာကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် ဤလေဟာနယ် စင်မြင့်က ဝိဇ္ဇာအဆင့် ကျင့်ကြံသူများကို ထိန်းချုပ်ဖို့အတွက် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် တော်ရုံတန်ရုံဖြင့် ဖျက်စီးလို့ မရနိုင်ပေ။

တိုက်ခိုက်မှု စွမ်းအားများကြောင့် သူတို့နှစ်ယောက်လုံး နောက်သို့ ဆုတ်သွားကြသည်။ သူတို့၏ အကြည့်များကလည်း လုံးဝ လေးနက်လာသည်။

၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ မင်းဆီမှာ လျှို့ဝှက်လက်နက်တွေ ရှိနေပေမဲ့ မလုံလောက်သေးဘူး။ မင်းတို့ရဲ့ ရိုင်းစိုင်းစုတ်ပြတ်တဲ့ နယ်မြေက ငါတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ အလယ်ပိုင်းကုန်းမြေကို ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ”

ချွင်…

မီးပြင်းဖိုမှ အသံမြည်လာသည်။

သေးငယ်သော ငွေရောင် မီးပြင်းဖိုတစ်ခုက ၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်၏ ရှေ့တွင် ထွက်ပေါ်လာပြီး သူ့နောက်ရှိ ပုံရိပ်သဏ္ဌာန်၏ ပုံစံတူ ပုံစံငယ်တစ်ခု ဖြစ်လာသည်။

သေးငယ်သော မီးပြင်းဖိုက တလက်လက် တောက်ပနေကော ပြိုင်ဘက်ကင်း အံ့ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က ဧရာမ ငွေရောင် မီးပြင်းဖိုကို ထပ်မံအသက်သွင်းကာ အရှိန်အဝါကို ပေါက်ကွဲထွက်သွားစေသည်။

ဝုန်း…

အံ့ဖွယ်အရှိန်အဝါလှိုင်းများက ရပ်တန့်မရသော ဆူနာမီကဲ့သို့ နေရာတစ်ခုလုံးကို ဖြတ်တိုက်သွားကာ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

မီးပြင်းဖိုက ကျောက်တောင်ကဲ့သို့ မာကြောလေးလံကာ စွမ်းအားကြီးသည့်အတွက် ပတ်ဝန်းကျင်ရှိ အာကာပြင်များပင် ဖိအားကြောင့် အစိတ်စိတ်အမြွာမြွာဖြစ်သွားသည်။

၇ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်၏ မျက်နှာက လေးနက်သွားသည်။ သူက ချွန်ထက်နေသော ငွေရောင်လှံတံတစ်ခုကို ထုတ်ယူကာ ထိုးလိုက်သည်။

လှံတံ၏ တိုက်ခိုက်မှုက ဟာရီကိန်းမုန်တိုင်းသဖွယ်ဖြစ်နေသည့်အတွက် အာကာပြင်ကို မရေတွက်နိုင်သော အပေါက်များဖြစ်အောင် ဖန်တီးလို်ကသည်။

ဝုန်း…

မီးပွားများ လွင့်စင်ထွက်လာသည်။

ငွေရောင် မီးပြင်းဖိုနှင့် ငွေရောင်လှံတံတို့ တိုက်မိသွားကြသည်။ အံ့ဖွယ်စွမ်းအင် ထိုးဖောက်ထွက်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

၇ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံးကို လှုပ်ခါသွားစေနိုင်သည့် အားတစ်ခုနှင့် ရိုက်မိသွားသည်ဟု ခံစားလိုက်ရသည်။

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က ပါးစပ်မှ သွေးများအန်ထွက်သွားရင်း မေ့လဲသွားသည်။ သူ့အရှိန်အဝါကလည်း ပျက်ပြယ်သွားသည်။

“ မင်းကတော့…”

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က အံကြိတ်ထားကာ ခုနစ်ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ်သူတော်စင်ကို စိုက်ကြည့်လိုက်သည်။

ငွေရောင် မီးပြင်းဖို၏ ထောက်ပံ့မှုကြောင့် ၇ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ်သူတော်စင်၏ စွမ်းအားက အထင်ကြီးစရာကောင်းသော အဆင့်သို့ ကြီးထွားသွားစေပြီး အရှိန်အဝါကိုလည်း ပြိုင်ဘက်ကင်းသွားစေသည်။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ဒေါသထွက်ကာ ပြောလိုက်သည်

“ ယုတ်မာလိုက်တာ။ ဘယ်လိုလုပ်ပြီးတော့ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကို အသုံးပြုရဲရတာလဲ”

သေးငယ်သော ငွေရောင် မီးပြင်းဖိုက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းဖြစ်ပြီး ၇ ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်၏ စွမ်းအားများကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်သည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ဂုဏ်မောက်ကြသည်။

“ ငတုံးတွေ အသုံးအဆောင်ပစ္စည်းဆိုတာ စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ”

“ မင်းတို့ရဲ့ မွဲတေမှုကြောင့် တခြားသူကို အပြစ်တင်မနေနဲ့။ မင်းတို့လည်း မင်းတို့ဆီမှာ ရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်သုံးပြလိုက်လေ”

အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများက အရမ်းတန်ဖိုးရှိလှသည်။ ထိုကဲ့သို့သော ဝိညာဉ်အသုံးအဆောင် ပစ္စည်းမျိုးမရှိသည့် ကောင်းကင်အသျှင် အများအပြား ရှိသည်။

၇ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်တွင်ပင် သာလွန်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်း တစ်ခုသာ ရှိသည်။

ထိုအချိန်တွင် ၇ ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က သူ၏ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကို တစ်ခါထပ်မံ အသက်သွင်းကာ ၇ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်ကို တစ်ခါထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

ရလဒ်ကတော့ အားလုံးရှင်းလင်းနေပြီဖြစ်သည်။

နှစ်ယောက်လုံးက သူတို့နှင့် အဆင့်တူသူများကြားထဲတွင် ထိပ်ဆုံးထဲက ထိပ်ဆုံးများဖြစ်ကြပြီး သူတို့၏ စွမ်းအားများကြားတွင် ကွာခြားချက် မရှိပေ။ သတို့သော် အဆင့်မြင့်နှင့် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းများကြားမှ ခြားနားချက်က အရမ်းကြီးမားလှသည်။

ကုလားအုတ်ကျောကို ကျိုးသွားစေသည့် နောက်ဆုံးသော ကောက်ရိုးမျှင်ကဲ့သို့ ဖြစ်သည်။

ဤအချက်တစ်ချက်ထဲနှင့်ပင် ၇ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က နောက်ဆုတ်သွားရပြီး လုံးဝ ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။

၉ ယောက်မြောက် ခရမ်းစံအိမ်သူတော်စင်က စိုးရိမ်စွာဖြင့် အော်ပြောလိုက်သည်

“ အစ်ကို့ကို ကူညီဖို့ လာပြီ”

၈ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်ကလည်း အော်ပြောလိုက်သည်

“ ကျွန်တော်ရောပဲ”

၈ ယောက်မြောက် နှင့် ၉ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင်က ရှေ့သို့ အမြန်ထွက်လာကြသည်။

သူတို့နောက်တွင် ခရမ်းရောင် အရှိန်အဝါ ထိုးဖောက်ထွက်နေပြီး ၇ ယောက်မြောက် ခရမ်းစံအိမ် သူတော်စင် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိစေရန် လှုပ်ရှားထကြွနေသော ခရမ်းရောင်ပင်လယ်တစ်ခုကို ဖန်တီးပေးလိုက်သည်။

ကောင်းကင် ထောက်တိုင်သုံးသွယ် အထွတ်အမြတ်မြေမှ ပါရမီရှင်များက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ လူအင်အားနဲ့ အနိုင်ယူဖို့ ကြိုးစားနေတာလား”

“ ညီအစ်ကိုတို့ သွားကြစို့”

“ ငါတို့ ဒီငတုံးတွေကို ငါတို့ရဲ့ သတ္တိသွေးကို ပြသလိုက်ကြရအောင်”

ကောင်းကင် ထောက်တိုင်သုံးသွယ် ပါရမီရှင်များက လေဟာနယ်စင်မြင့်ပေါ်သို့ တက်သွားကာ ခရမ်းစံအိမ် သူတော်စင်များနှင့် စတင်တိုက်ခိုက်တော့သည်။

ပါရမီရှင်များ၏ စွမ်းအားက အနည်းနှင့်အများ တူညီကြသည်။ လက်ရည်တူသော တိုက်ခိုက်မှုများ ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူတို့၏ အသုံးအဆောင် ပစ္စည်းများကြားရှိ ကွာခြားချက်က အရမ်းများနေသည်။

ကောင်းကင် ထောက်တိုင်သုံးသွယ် အထွတ်အမြတ်မြေက အရမ်းချမ်းသာသည့်အတွက် သူတို့၏ သူတော်စင်တစ်ယောက်ချင်းစီတွင် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတစ်ခုစီ ရှိနေသည်။

ခရမ်းစံအိမ်သူတော်စင် သုံးယောက် အင်အားစုပေါင်းလိုက်လျှင်ပင် သူတို့ကိုယ်သူတို့ မခုခံနိုင်ပေ။ သူတို့ အပြင်းအထန် ရိုက်နှက်ခံလိုက်ရသည်။

၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ ငါတို့ရဲ့ခရမ်းစံအိမ် ညီအစ်ကိုတွေ အန္တရာယ်ကျနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ ငါတို့ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေ တစ်သားထဲ စုပေါင်းပြီးတော့ ကူညီလိုက်ကြရအောင်”

ခရမ်းစံအိမ် သူတော်စင်များက ရွှေဇာမဏီအခန်းအတွက် ကောင်းကင် ထောက်တိုင်သုံးသွယ် အထွတ်အမြတ်မြေနှင့် တိုက်ခိုက်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်များကလည်း ဒီအတိုင်း ထိုင်ပြီး ကြည့်မနေနိုင်ကြပေ။

“ ဟုတ်တယ်”

“ အဲဒီ အလယ်ပိုင်းကုန်းမြေက ကောင်တွေ အတော်လွန်သွားပြီ။ သူတို့က ငါတို့ကို အထင်သေးနေတာပဲ”

“ ငါတို့ သူတို့နဲ့ တိုက်ခိုက်ရအောင်။ ငါတို့ရဲ့ မိုးကြိုးလက်သီးနဲ့ သူတို့ကို အသေသတ်ပစ်လိုက်ရအောင်”

“ ချီတက်ကြမယ်။ သေတာ ရှင်တာ အရေးမကြီးဘူး”

တခြား အရှေ့ပိုင်းလွင်ပြင် အထွတ်အမြတ်မြေများမှ ပါရမီရှင်များသည်လည်း ဒေါသများဖြင့် ပြည့်နှက်နေကြသည်။ ထိုကဲ့သို့သော စော်ကားမှုမျိုးကို သူတို့ လက်မခံနိုင်ကြပေ။

အရှေ့ပိုင်းလွင်ပြင် အထွတ်အမြတ်မြေများမှ ပါရမီရှင်များသည်လည်း လေဟာနယ်စင်မြင့်ပေါ်ရှိ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များနှင့် တိုက်ခိုက်ရန်အတွက် အလျင်အမြန် ပြေးသွားကြသည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တစ်ယောက်က လှောင်ပြောင်ကာ ပြောလိုက်သည်

“ ငတုံးတစ်သိုက်ပါလား။ မင်းတို့ အားလုံးကို ဒီနေ့ သတ်ပစ်မယ်”

မတူညီသော နယ်မြေများမှ ပါရမီရှင်များကြားရှိ ကြီးမားသော တိုက်ပွဲက လေဟာနယ်စင်မြင့်ပေါ်တွင် ဖြစ်ပေါ်နေသည်။ တိုက်ခိုက်ရေး ပညာရပ်အမျိုးမျိုးက ဟိုဟိုဒီဒီမှာ ထုတ်သုံးနေသည့်အတွက် မြင်ကွင်းက လုံးဝ ရှုပ်ထွေးနေသည်။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တိုင်းက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်ကို တိုက်ခိုက်နေသည်။ သို့သော် အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များအတွက် အခြေအနေမကောင်းပေ။ အသုံးအဆောင်ပစ္စည်းများကြားရှိ ကွာခြားချက်က အင်မတန်ကြီးမားလှသည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များတွင် သူတို့၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးမည့် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများ ရှိနေသည်။

အသားပေးခံရသည့် ပါရမီရှင် တချို့က ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကိုပင် ပိုင်ဆိုင်ထားသေးသည်။

ထို့အပြင် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များထဲတွင် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်နေပြီဖြစ်သော သူတော်စင်အချို့လည်း ပိုများသည်။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ ဘယ်လောက်ပဲ ပြင်းထန်စွာ တိုက်ခိုက်နေပါစေ သူတို့ လုံးဝ ရှုံးနိမ့်နေသည်။ ထိုအရာက သနားစရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

ယခု အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များအားလုံး မြေပြင်ပေါ်တွင် လဲလျောင်းနေကာ မျက်နှာများလည်း ဖူးယောင်နေသည်။

မြောက်ပိုင်းမင်းသားက အေးစက်စွာပြုံးရင်း ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေ ဒါက မင်းတို့တွေ လုပ်နိုင်တာ အကုန်ပဲလား။

ငါ တစ်ခါမှ မတိုက်ခိုက်ရသေးခင်မှာပဲ အားလုံး ရှုံးနိမ့်သွားကျပြီ။

ဒါလေးပဲလား။

မင်းတို့ရဲ့ ပထမမျိုးဆက် သူတော်စင်တွေကို တိုက်ခိုက်ခိုင်းလိုက်။ သူတို့ ဆယ်ယောက်လုံးကို တစ်ခါထဲ အနိုင်ယူပေးလို့ရတယ်”

မြောက်ပိုင်းမင်းသားက အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များအတွက် ရွံရှာမှုများဖြင့် ပြည့်နှက်နေသည်။ သူက တစ်ခါမှ မတိုက်ခိုက်ရသေးသော်လည်း အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

မြောက်ပိုင်းမင်းသားက အတော်လေး စိတ်ပျက်နေမိသည်။ သူက အထွတ်အမြတ်မြေအသီးသီး၏ ပထမမျိုးဆက် သူတော်စင်များကိုပင် စိန်ခေါ်လိုက်သေးသည်။

သူ၏ စွမ်းအားများကြောင့် ဂုဏ်မောက်စွာ ပြုမူလို့ရနေသည်။

အထွတ်အမြတ်မြေ အသီးသီး၏ ပထမမျိုးဆက် သူတော်စင်များက နောက်ဆုံးအဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူများသာ ဖြစ်ကြသည်။

မြောက်ပိုင်းမင်းသားတစ်ယောက်အနေဖြင့် ရှီလင်းက နှစ်တစ်ရာကျော်သာ သက်တမ်းရှိသေးသော်လည်း အလယ်အလတ်အဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သူက ရွှေတောင်ပံ လင်းယုန်မျိုးနွယ်နှင့်လည်း တွဲဖက်စာချုပ် ချုပ်ဆိုခဲ့ပြီး ကောင်းကင်လင်းယုန် တော်ဝင်ကျမ်းနှင့် ဟွမ်ရှစ်တော်ဝင်ကျမ်း နှစ်ခုလုံးကိုလည်း ကျင့်ကြံခဲ့သည်။

သူ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းရည်ကြောင့် မြောက်ပိုင်းမင်းသားကို သူ့မျိုးဆက်၏ ထိပ်သီးကျင့်ကြံသူများထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သူသာ ရွှေလင်းယုန် တွဲဖက်နှင့် အင်အားပေါင်းစည်းကာ တိုက်ခိုက်လိုက်ပါက ထိပ်သီး ကောင်းကင်အသျှင် တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

ဒါကြောင့်လည်း မြောက်ပိုင်းမင်းသားက ဂုဏ်မြောက်စွာ ပြုမူနေနိုင်တာပဲ

ပြီးတော့ တောင်ပိုင်းမင်းသားလည်း အနားမှာ ရှိနေတယ်လေ

တောင်ပိုင်းမင်းသားကလည်း စွမ်းအားကြီးလှသည်။ သူက သီးသန့်နေတတ်ပြီး တည်ငြိမ်သူဖြစ်သော်လည်း လျှော့တွက်လို့ မရနိုင်ပေ။

တောင်ပိုင်းမင်းသား ရှီကွေ့က သက်တမ်း ၂၀၀ကျော် ရှိသော်လည်း သူ၏ ကျင့်ကြံဆင့် နောက်ဆုံးအဆင့် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဖြစ်သည်။ သူက မြောက်ပင်လယ် လိပ်နက်မျိုးနွယ်နှင့် စာချုပ် ချုပ်ဆိုထားသည့်အတွက် သူ၏ ခုခံမှုက ပြိုင်ဘက်ကင်းလှသည်။

သူ၏ အကာအကွယ်ကို သာမန် ကောင်းကင်အသျှင် တစ်ယောက်က ချိုင့်ခွက်ထင်အောင်ပင် မလုပ်နိုင်ပေ။ သူ၏ ကျင့်ကြံဆင့်နှင့် စွမ်းအားက မြောက်ပိုင်းမင်းသားထက် မြောက်ပိုင်းမင်းသားထက်ပင် ပိုပြီးတော့ မြင့်နေသေးသည်။

သူတို့နှစ်ယောက်ရှိနေသည့်အတွက် ပထမျိုးဆက် သူတော်စင် အယောက်နှစ်ဆယ်ကို ဘာပြဿနာမှမရှိဘဲ ဖြေရှင်းနိုင်သည်။

မြောက်ပိုင်းမင်းသားက လူအုပ်ကို ကြည့်ကာ လှောင်ရယ်ရင်း ပြောလိုက်သည်

“ သူတို့ကို ရှင်းထားလိုက်တော့။ မင်းသမီးလင်းလုံက မကြာခင် ရောက်လာတော့မယ်။ သူမရဲ့ ခံစားချက်ကို မပျက်စီးသွားစေနဲ့”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ကတိုက်ကရိုက် ခေါင်းညိတ်လိုက်သည်။ သူတို့က ထိုအရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကို စတင် ရှင်းထုတ်တော့သည်။

ထိုအချိန်တွင် တံခါး၌ ပုံရိပ်တချို့က ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအရာက ရှန်ထျန်းတို့ အဖွဲ့ဖြစ်သည်။ အားလုံးက မြင်ကွင်းကြောင့် အနည်းငယ် အံ့ဩမှင်သက်သွားကြသည်။

ကျန်းယွင်ထင်က အမြန်ရှေ့တိုးကာ ပထမဆုံး တုံ့ပြန်လိုက်သည်

“ ငါတို့ရဲ့ လူတွေ အဆင်ပြေရဲ့လား”

ကျန်းယွင်ထင်က ယခင်မျိုးဆက် သူတော်စင်များနှင့် သူတော်စင်မများ၏ ဖူးယောင်နေသော မျက်နှာများကို ကြည့်ပြီး နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

သေစမ်း…

သူတို့က ငါတို့အတွက် နေရာပြင်ဆင်ပေးထားမယ်လို့ ပြောခဲ့တာ မဟုတ်လား

သူတို့က ဘာလို့ အခုလိုမျိုး သနားစရာအခြေအနေမျိုးနဲ့ အဆုံးသတ်သွားရတာလဲ

၉ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ မျက်နှာ ဖူးယောင်နေပြီး သွားများလည်း ကျိုးကာ ပြောလိုက်သည်

“ ယွင်ထင် ငါက အရမ်းကို အသုံးမကျဘူး။ မင်းတို့အတွက် နေရာကြိုတင်စာရင်းယူဖို့ လုပ်ချင်ခဲ့တာ ဒါပေမဲ့ တခြားတစ်ယောက်က ငါတို့ဆီကနေ လုယူသွားခဲ့တယ်”

၉ ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ယခင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဖြစ်သည့်အတွက် ကျန်းယွင်ထင်တို့ကို သိသည်။

ကျန်းယွင်ထင်က သက်ပြင်းချကာ ခေါင်းယမ်းရင်း ပြောလိုက်သည်

“ အစ်ကို ဒီလိုလုပ်ဖို့အတွက် လိုအပ်လို့လား။ ကျွန်တော်တို့ အရာအားလုံးထက် ငြိမ်းချမ်းမှုနဲ့ လိုက်လျောညီထွေဖြစ်မှုကို ဦးစားပေးရမယ်လို့ အမြဲတမ်း ပြောခဲ့တယ်လေ။ အစ်ကိုက နားမထောင်ဘူးပဲ။ ဟင်း…”

တခြားပါရမီရှင်များ ဘာပြောရမယ်ဆိုတာကို မသိတော့ပေ။

တန်ဖိုးရှိတဲ့ ငြိမ်းချမ်းမှုနဲ့ လိုက်လျောညီထွေမှုကို အရာအားလုံးထက် ဦးစားပေးရမယ်တဲ့လား။ သေစမ်း…ငါတို့ရဲ့ မျက်နှာတွေ ဒီလောက်ထိ ဖူးယောင်နေတာတောင် မင်းတို့က ငြိမ်းချမ်းမှုနဲ့ လိုက်လျောညီထွေမှုအကြောင်းကို တရားဟောနေတုန်းပဲလား

မင်းသမီးလင်းလုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ဒီမှာ အားလုံး ဘာလုပ်နေကြတာလဲ”

မြောက်ပိုင်းမင်းသားက ရှေ့တိုးလာကာ ပြောလိုက်သည်

“ လင်းလုံ ဒီလူတွေက သူတို့နေရာကို သူတို့ မသိကြဘူး။ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ သူတို့ရဲ့ ဂိုဏ်းချုပ်တွေအစား ကူညီပေးခဲ့တာလေ”

မင်းသမီးလင်းလုံက ဒေါသထွက်စွာဖြင့် ပြောလိုက်သည်

“ ဝမ်းကွဲအစ်ကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ”

မင်းသမီးလင်းလုံ ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

ငါ ဘာလုပ်သင့်လဲ

ဝမ်းကွဲက အစ်ကိုရှန်ရဲ့ ဂိုဏ်းတူ အစ်ကို အစ်မတွေကို ဆိုးဆိုးရွားရွား ရိုက်နှက်ထားတာ

ဒါအတွက် အစ်ကိုရှန်ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။ အစ်ကိုရှန်က ငါ့ကို ဒေါသထွက်မှာလား။ သူက ငါ့ကို သဘောကျမှာ မဟုတ်တော့ဘူး

သူမ တွေးမိလေလေ ပိုပြီးတော့ ဒေါသထွက်လေလေ ဖြစ်လာသည့်အတွက် ရှီလင်းနှင့် ရှီကွေ့တို့ကို စိုက်ကြည့်လိုက်သည်။

ရှီလင်းနှင့် ရှီကွေ့တို့ အံ့ဩသွားကြသည်။

ဘာတွေဖြစ်ကုန်တာလဲ။ ဝမ်းကွဲလင်းလုံက စိတ်တိုနေတာလား

ငါတို့က အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်အချို့ကိုသာ ရိုက်နှက်ခဲ့ရုံလေးပဲလေ။ သူမက ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ

ရှီလင်းနှင့် ရှီကွေ့တို့က အရမ်း စိတ်အနှောင့်အယှက်ဖြစ်သော်လည်း ဘာမှ မပြောရဲကြပေ။

မင်းသမီးလင်းလုံက ဟွမ်ရှစ်၏ အရေးပေးခြင်းကို ခံရသလို သူတို့၏ အဖေအရင်းကလည်း သူမကို အများကြီး သဘောကျသည်။

သူတို့သာ မင်းသမီးလင်းလုံကို စိတ်တိုအောင် လုပ်မိသွားသည်ကိုသာ သူတို့အဖေသိသွားပါက သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်သည်။

အဲဒါက အဲလောက် အရေးမကြီးသေးဘူး။ သူက သူတို့ရဲ့အဖေပဲဆိုတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ မဟုတ်လောက်ဘူး။ အဓိကက မင်းသမီးလင်းလုံကို ချစ်မြတ်နိုးတဲ့ အကြီးအကဲတွေက တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူး

လူငယ်စံပြဖြစ်သည့် ရှီထျန်းကျီလည်း သူမကို သဘောကျနေသည်။

ဝမ်းကွဲထျန်းကျီသာ သိသွားပါက သူတို့ အသေရိုက်နှက်ခံရလိမ့်မည်။

ထိုမောက်မာသော မင်းသားနှစ်ပါးက သူတို့ထက် ငယ်ရွယ်သော ရှီထျန်းကျီကို တွေးမိပြီး ကြောက်ရွံ့နေကြသည်။

အဲဒီမကောင်းဆိုးဝါးငယ်လေး ရိုက်နှက်တာကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး

All Chapters