← Chapters

တကယ့်ရည်ရွယ်ချက်

Vol. 84 Ch. 1270

တကယ့်ရည်ရွယ်ချက်

Vol. 84 Ch. 1270

“ခင်ဗျားက အန္တိမသော့ကို ကြောက်နေတာပဲ။ မဟုတ်ဘူး။ အဲဒါကို စိတ်ဆန္ဒ ကြောက်နေတာ။” ချန်လွေ့၏ ဒေါသ နှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား သူက ထူးထူးခြားခြား တည်ငြိမ် နေခဲ့သည်။ “တိုက်ပွဲ အစကတည်းက၊ ခင်ဗျား ကျုပ်ကို တစ်ခါတည်း မသတ်နိုင်ဘူး ဆိုတာကို အတည်ပြု လိုက်တုန်းက၊ ခင်ဗျား ကျုပ်ကို ဒီဝှက်ဖဲ အသုံးပြုဖို့ ဖြားယောင်းနေခဲ့တာ။ ခင်ဗျား ဒါကို ကြိုတင် အသုံးပြုစေချင်တာလား။ ဒါမှမဟုတ်... ဒီမှာ ဒါကို ချုပ်တည်းဖို့ အထူးနည်းလမ်း တစ်ခု ရှိလို့လား။”

ခီလီယာနာ၏ သွေးနီရောင်မျက်ဆံများ ကျုံ့သွားသော်လည်း ချန်လွေ့၏ အသံက ပို၍ပို၍ တည်ငြိမ်လာခဲ့သည်။ “ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် အဲဒီ အလောင်းတွေက ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်းစာအုပ် ကောင်းကင်ကို တက်သွားတုန်းက မဟုတ်ဘဲ၊ ကျုပ် ဒီကို မရောက်လာခင်ကတည်းက တကယ် နိုးထနေခဲ့တာ ဖြစ်မယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအား ပြန်လည်မကောင်းမွန်သေးဘူး။ ခင်ဗျား အရင်တုန်းက ပြောခဲ့သလိုပဲ။ အဓိကကုန်းမြေ အပေါ်က အသက်တွေ အားလုံးကို စတေးပြီး စည်းကမ်းသစ် ဆိုတဲ့အရာကို ဖန်တီးတာက ပြန်လည် ကောင်းမွန်လာဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲ။ ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်း စာအုပ်ကလည်း အတော် အရေးကြီးတဲ့ ကွင်းဆက်တစ်ခု ဖြမယ်။ အဲဒါကြောင့် ပင်လယ်ဖြူ တိုက်ပွဲမှာ ခင်ဗျား အပြင်းအထန် ဒဏ်ရာရခဲ့ပေမယ့် အဲဒါတွေ ယူဆောင်သွားခဲ့တယ်။”

ဒေါသများဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ခီလီယာနာကို ကြည့်ရင်း ချန်လွေ့က သူ လုံးဝ မမှန်ခဲ့လျှင်ပင် နီးစပ်ကြောင်း သိခဲ့သည်။ “နတ်ဆိုးဘုံက လောက နှစ်ခု အကြားက တံခါးကို ပိတ်လိုက်တဲ့ တိုက်ပွဲမှာ ခင်ဗျား မပေါ်လာရတဲ့ အကြောင်းရင်းက ဒဏ်ရာတွေ မပျောက်သေးလို့ မဟုတ်ဘဲ စိတ်ဆန္ဒရဲ့ ပြန်လည်ကောင်းမွန်လာမှုနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် လူသား လောကက လက်ရှိ နေရာလွတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့တာ။ ဟုတ်ပါတယ်။ ခင်ဗျားရဲ့ အမြင်မှာတော့ ကျုပ်တို့က ပျက်စီးခြင်းစာအုပ်နဲ့ ဖန်တီးခြင်းစာအုပ် ဆုံးရှုံးလိုက်လို့ ဆိုစဘတ်နဲ့ ဒီလော့စ်ရိုပဲ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်ခဲ့တယ်။ ခင်ဗျား ခုနက ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်းစာအုပ်ကို ထုတ်လွှတ်ခဲ့ပြီး ကျုပ်ကို ဖရိုဖရဲဘုံထဲ ဖြားယောင်းခဲ့တယ်။ ပြီးတော့ ကျုပ်ကို အသက်ရှူဖို့ အချိန်တွေ ပေးခဲ့ပြီးတော့ လျှို့ဝှက်ချက်တွေတောင် ရှင်းပြခဲ့တယ်။ ဒီအရာအားလုံးက ကျုပ်ကို အန္တိမသော့ အသုံးချဖို့ ထင်ယောင်ထင်မှား တစ်ခု ဖန်တီးပေးဖို့ပဲ... ဒါပေမဲ့လည်း သူတို့က အန္တိမသော့ရဲ့ စွမ်းအားကို အရမ်း ကြောက်လွန်းလို့ ငါ့ကို တိုက်ရိုက်တောင် မသတ်ရဲကြဘူး။ သေခြင်း ရှင်ခြင်း စာအုပ် ကို အသက်ဝင်စေမှာ စိုးလို့။ ရလဒ်အနေနဲ့ သူတို့က ကျုပ်ရဲ့ စွမ်းအားကို ချေမှုန်းဖို့ နတ်ဘုရားဟန့်တားမှုကို အသုံးပြုတယ်။ ကျုပ်ကို ဒီနေရာ ပြန်ပို့တယ်။ ပြီးတော့ ကျုပ်ကို အဆုံးသတ်ဖို့ ခင်ဗျားကို ခိုင်းတယ်။ အားလုံး မှားသွားရင်တောင် သူတို့ ရှင်းပစ်ခံရမယ့်သူတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားက သနားစရာကောင်းတဲ့ ရုပ်သေး တစ်ရုပ်ပဲ။ ဟုတ်တယ်။ သူတို့က ကျုပ်ရဲ့ အန္တိမသော့ကို လုယူဖို့အတွက် ခင်ဗျားရဲ့ လက်ကိုတောင် ငှားချင်နေတာ...”

“အခုမှ သဘောပေါက်တာ အရမ်းကို နောက်ကျသွားပြီ...” ခီလီယာနာ၏ သွေးနီရောင် မျက်ဆံများတွင် မီးလျှံများ တုန်ခါနေသည်။ “ဒါက လျှို့ဝှက် ပူးပေါင်း ကြံစည်မှုတစ်ခု ဖြစ်ပေမယ့် ပွင့်လင်းတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုလည်း ဖြစ်တယ်။ အခု မင်းဝိညာဉ်က နတ်ဘုရားဟန့်တားမှု ကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ ပြီးတော့ မင်းက သွေးပင့်ကူ မန္ဒာလာထဲ ပိတ်မိနေတယ်။ မင်းရဲ့ စွမ်းအားတွေ အားလုံးနီးပါးကို ဆုံးရှုံးသွားပြီ။ မင်းမှာ အန္တိမသော့ကို အသုံးချဖို့ စွမ်းရည် တကယ် ရှိမရှိ ငါ မသိဘူး။ မင်း သုံးသုံး၊ မသုံးသုံး၊ ငါ မင်းကို အခု နောက်ဆုံး ထိုးနှက်မှု ပေးပြီးတော့ အရာအားလုံးကို မင်းဆီက ယူဆောင်သွားမယ်။”

နက္ခတ်တာရာ သုံးခု တစ်ချိန်တည်း လင်းလက်လာပြီး ထိုနေရာလွတ်၏ စွမ်းအားအားလုံးသည် ခီလီယာနာ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ ပုံစံအပြည့်ရှိနေသော ခီလီယာနာသည် ပျက်စီးခြင်းမီးလျှံများဖြင့် လောင်ကျွမ်းနေ၏။ ကြောက်မက်ဖွယ် ကောင်းသော အရိုးဆူးများ တစ်ချောင်းပြီး တစ်ချောင်း ထွက်ပေါ်လာ၏။ သူက ပင့်ကူအိမ်ထဲမှ သားကောင်ကို ဖမ်းယူရန် ပြင်ဆင်နေသော ကြီးမားသော ပင့်ကူ ဘုရင်မတစ်ပါးကဲ့သို့ ဖြစ်နေသည်။

နောက်ထပ်တစ်စက္ကန့်တွင် အနီရောင် အလင်းသည် မကြုံစဖူး အရှိန်အဟုန်ဖြင့် ချန်လွေ့ထံသို့ နောက်တစ်ကြိမ် ပြေးဝင် သွားခဲ့သည်။

ခီလီယာနာ၏ စကားများက ကြွားဝါနေခြင်း မဟုတ်။ ၎င်းမှာ ယခင်က လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်သော်လည်း ယခု ၎င်းမှာ ပွင့်လင်း ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်သည်။ သူက စွမ်းအား အများစုကို ဆုံးရှုံးခဲ့သည်။ စိတ်ဆန္ဒ၏ ရည်ရွယ်ချက်ကို မြင်တွေ့ခဲ့ ရလျှင်ပင် အကြွင်းမဲ့စွမ်းအား အရှေ့တွင် သူ အကူအညီ မဲ့နေခဲ့သည်။

အန္တိမသော့က နောက်ဆုံးမျှော်လင့်ချက် ဖြစ်နိုင်တယ်။ ဒီသေစေနိုင်တဲ့ ထိုးနှက်မှုကို ရင်ဆိုင်ဖို့ သုံးရမလား။ မသုံးရဘူးလား။

နတ်ဆိုးဘုံ။

မှန်ပုံရိပ်က ကောင်းကင်မှ အလင်းကို ဝါးမျိုပြီးနောက် ဆက်လက်၍ ကျဆင်း လာခဲ့သည်။ နတ်ဆိုးဘုံ၏ အမြင့်ပေ ၂သောင်းရှိသော အမြင့်ဆုံး တောင်ထိပ် ဆိုလိုရမ်တောင်သည် လအတု ပြီးနောက် ရောင်ပြန်ကို ပထမဆုံး ထိတွေ့ခဲ့၏။

မှန်ထဲမှ မိမိကိုယ်ကို ထိတွေ့သည့် အခိုက်အတန့်တွင် ဆိုလိုရမ်တောင်နှင့် ရောင်ပြန်တို့ တစ်ချိန်တည်းတွင် ပြိုလဲ သွားခဲ့သည်။

မရေတွက်နိုင်သော လူများသည် မှော်ရုပ်မြင်သံကြားတွင် ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ကြပြီး အားလုံး ကြောက်လန့် သွားကြသည်။ ရောင်ပြန်က မည်သည်ကို ယူဆောင်လာကြောင်း နောက်ဆုံးတွင် သူတို့ သေချာသွားခဲ့သည်။

လူတိုင်းနှင့် လောကကြီး တစ်ခုလုံးက ဆိုလိုရမ်တောင်၏ ခြေရာများနောက်ကို လိုက်ပါသွားမည်ဖြစ်ပြီး သူတို့၏ကိုယ်ပိုင် ရောင်ပြန်ကြောင့် ရှင်းလင်းခံရလိမ့်မည်။ ပြေးစရာ လမ်းမရှိ။

“အဘိုး၊ ဖေဖေနဲ့ မေမေက ဘယ်တော့ ပြန်လာမှာလဲ။” သော်သော်က သူ၏လက်ချောင်းကို ကိုက်လိုက်ပြီး ဘေးတွင် ဂုဏ်သိက္ခာရှိသော အကြည့်ဖြင့် ရှိနေသော လက်ဇ်ကို မေးလိုက်သည်။

သို့သို့က ဖေဖေနှင့်မေမေ ဟူသော အရင်းနှီးဆုံး အမည်နှစ်ခုကို ကြားလိုက်ရာ သူလည်း ဖရီယာ၏ ရင်ခွင်ထဲမှ ခေါင်းပြူ ထွက်လာပြီး အရင်းနှီးဆုံး လူ နစ်ဦးကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရှာမတွေ့ခဲ့ပေ။

တစ်စပြီးတစ်စ ကျဆင်းလာသော သေမင်းအရိပ်ကို ကြည့်နေရင်း လက်ဇ်က ကလေးမလေး၏ ဆံပင်ကို ပွတ်သပ် လိုက်ကာ အတင်းအကျပ် ပြုံးလိုက်သည်။ “ပြန်လာမှာပါ၊ မကြာခင်ပေါ့။”

“ဟုတ်တယ်...” အက်ဂ်လက်စ်က သက်ပြင်းချလိုက်သည်။ “သူက အိုလစ်ဖီးရက်စ်နဲ့ လာလာရီယာတို့ကို ပြန်ခေါ်လာလိမ့်မယ်။”

“ပြီးတော့ ဇိုလာ...” မာရီယာက စပန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး ပါဂရစ်ဇ်နှင့် ဆိုဖီယာတို့ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။

အဝေးမှ သွေးရောင်အင်ပါယာတွင် ရိုင်ဇန်က နန်းတော်ခန်းမ၏ တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ကောင်းကင်ကို မကြည့်ဘဲ ဗလာ ဖြစ်နေသော ပလ္လင် ကိုသာ ကြည့်နေခဲ့သည်။

အဝေးမှ ဆက်ခ်ရက်တောင် ပေါ်တွင် ဆံဖြူစေတန်က ထိုအချိန်တုန်းက လိုပင် အဖော်ကင်းမဲ့နေသော အကြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

...

တောက်ပသော အနီရောင်အလင်းက လျှပ်စီးကဲ့သို့ ချန်လွေ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့၏။ လောကပျက်စီးခြင်း အရှိန်အဟုန် မရှိခဲ့။ ခုခံမှုပင် မရှိခဲ့ပေ။

ခီလီယာနာ၏ ပုံရိပ်က ချန်လွေ့၏ အနောက်တွင် ပေါ်လာခဲ့သည်။ သူက ကြယ်ရောင် လုံးဝ ပျောက်ကွယ်သွားသော ချန်လွေ့ကို ကြည့်ပြီး လှောင်ရယ် လိုက်သည်။ “ဒါဆို ဒါက ဟန်ဆောင် ခြိမ်းခြောက်မှု တစ်ခုပဲ။ မင်းက...”

ချန်လွေ့၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။ “အစကတည်းက ကျုပ် ဒါကို သုံးဖို့ အစီအစဉ် မရှိခဲ့ဘူး။”

“ဒါဆိုရင် သေခြင်းတရားကပဲ မင်းကို စောင့်နေမှာ...” ခီလီယာနာ စကားမဆုံးမီ အံ့အားသင့်သွားပုံရသည်။ “မင်း ဘာလုပ် လိုက်တာလဲ။”

“ဒါက ခင်ဗျားကို ကျုပ်ရဲ့ နောက်ဆုံး စွမ်းအားပေးဖို့ အလောင်းအစား တစ်ခုပဲ။” ချန်လွေ့ ပေါ့ပေါ့တန်တန် ပြောလိုက်၏၊ “ကွာခြားချက်ကတော့ ဒါကို ခင်ဗျား သိမ်းယူတာ မဟုတ်ဘဲ ပြန်ပေးတာပဲ။”

“ဒီစွမ်းအားက... နတ်ဘုရား ဟန့်တားမှု...” ခီလီယာနာက ခေါင်းကို အုပ်လိုက်ပြီး အဝေးမှ ကြီးမားသော နက္ခတ်တာရာ သုံးခုလည်း ပုံပျက်ယွင်း လာခဲ့သည်။

“ဒါက ကျုပ်ရဲ့ စွမ်းအား မဟုတ်ဘူး။ အသူရာချောက်နက် စိတ်ဆန္ဒပဲ။ အဲဒါက နတ်ဘုရား ဆိုတာတွေပေါ့။” ချန်လွေ့က ကောင်းကင်မှ ဖန်တီးခြင်းစာအုပ်နှင့် ပျက်စီးခြင်းစာအုပ်ကို ကြည့်လိုက်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။ “စိတ်ဆန္ဒ အကာအကွယ်ကြောင့် ခင်ဗျားက မသေနိုင်ဘူး။ ကျုပ်ရဲ့ စွမ်းရည်တောင်မှ ခင်ဗျားကို လုံးဝ မရှင်းပစ်နိုင်ဘူး။ ခင်ဗျားကို အနိုင်ယူဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ စိတ်ဆန္ဒ ကိုယ်တိုင်ရဲ့ စွမ်းအားနဲ့ပဲ။”

“မင်း ဘယ်လိုလုပ်...” ခီလီယာနာ၏ ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး ချန်လွေ့ကို ဝန်းရံထားသော ပင့်ကူမျှင်က လျင်မြန်စွာ အားနည်းလာခဲ့သည်။

“ခင်ဗျား မှားသွားတဲ့ အချက်တစ်ချက် ရှိတယ်။ ကျုပ် တကယ်တော့ အရင်က အဲဒီလို နတ်ဘုရားဟန့်တားမှုကို ဖယ်ရှား ခဲ့တာ မဟုတ်ဘူး။ အန္တရာယ်အများဆုံး ဝါးမျိုခြင်းကို ရွေးချယ်ခဲ့တာပဲ။ ကျုပ်က တစ်စိတ်တစ်ပိုင်းကိုပဲ ဝါးမျိုခဲ့ပေမယ့်... မြင်တဲ့အတိုင်း ကျုပ်က တန်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုမှာတောင် ချေမှုန်းခံရလုနီးပါး ဖြစ်ခဲ့ပေမယ့် နောက်ဆုံး အလောင်းအစားနိုင်ခဲ့တယ်။”

ချန်လွေ့ အသက်သွင်းခဲ့သည်မှာ [ကြေးမုံခန္ဓာ]မှလွဲ၍ အခြား မဟုတ်ပေ။ သို့သော် ၎င်းမှာ ရိုးရှင်းသော [ကြေးမုံခန္ဓာ] လုံးဝ မဟုတ်ပေ။

ယခင်တို က်ပွဲတွင် သူသည် [ကြယ်ကူးပြောင်းခြင်း]ကို အသက် သွင်းခဲ့ပြီး ထိုသို့သော ထိခိုက်မှု တန်ပြန်ခြင်း ရှိခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သည့်အရာကမျှ ခီလီယာနာအား စစ်မှန်သော ခြိမ်းခြောက်မှု မဖြစ်စေနိုင်ခဲ့။ ထို[ကြေးမုံခန္ဓာ]သည် နတ်ဘုရား၏ ဟန့်တားမှုစွမ်းအားနှင့် ကျန်ရှိနေသော နက္ခတ်တာရာများ အားလုံး၏ စွမ်းအားကို ပေါင်းစပ်ထားခြင်းပင်။

ချန်လွေ့၏ ရှေးဟောင်းမှော်စာများနှင့် မှော်စက်ဝိုင်း အောင်မြင်မှုများက မဟာ ဆရာသခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သိမ်းယူခြင်းကို အကြိမ်ကြိမ် ကြုံတွေ့ပြီးနောက် သူက သွေးပင့်ကူ မန္ဒာလာ၏ လျှို့ဝှက်ချက်ကို ဝိုးတဝါး မြင်တွေ့နိုင်ခဲ့သည်။

ထိုအခင်းအကျင်းက အားကောင်းပြီး ဆန်းကြယ်သော်လည်း လျှို့ဝှက်ချက်မှာ စွမ်းရည်များကို တိုက်ရိုက် သိမ်းယူရန် မဟုတ်ပေ။ ထိုအစား ၎င်းက အသိစိတ်ကို ဖိနှိပ်ရန်နှင့် ဝိညာဉ်ကို လည်ပင်းညှစ်ရန် အားကောင်းသော စိတ်ဆန္ဒကို အသုံးပြု ခဲ့သည်။ ပိတ်မိနေသူ၏ ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရနေသောကြောင့် ပုဂ္ဂလဒိဋ္ဌိ အသိစိတ်တွင် သက်ဆိုင်ရာ စွမ်းရည်ကို အသက် မသွင်းနိုင်။ ဝါးမျို ခံရသော အသက်နှင့် ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက ၎င်းမှာ သိမ်းယူခြင်း ဖြစ်လာခဲ့သည်။

ထိုစွမ်းအား ကန့်သတ်ချက်အောက် အကယ်၍ သူ အန္တိမသော့ကို တကယ် အသက်သွင်းခဲ့ပါက သူ၏ အသိစိတ်လည်း ဖိနှိပ်ခံရပေလိမ့်မည်။ သူ အသက်မသွင်း နိုင်ရုံသာမကဘဲ သော့လည်း သိမ်းယူ ခံရလိမ့်မည်။

ဒါဆို နတ်ဘုရားဟန့်တားမှုနဲ့ သွေးပင့်ကူမန္ဒာလာရဲ့ တကယ့်ပန်းတိုင်က အန္တိမသော့ပဲ။

သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ် ထားတဲ့ အန္တိမသော့ကို ရယူဖို့က အသူရာချောက်နက်ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ။

ချန်လွေ့သည် သွေးပင့်ကူ မန္ဒာလာ၏ လျှို့ဝှက်ချက်ကို မြင်ခဲ့ပြီး အန္တိမသော့ကို အသုံးပြုရန် လှည့်စားမခံရသော်လည်း သူ ၎င်း၏ စွမ်းအားကို မဖယ်ရှားနိုင်သေးပေ။ ယခင်တိုက်ပွဲများတွင် အသုံးပြုခဲ့သော နက္ခတ်တာရာ စွမ်းအား အမျိုးမျိုးတို့က အမှန်တကယ် ဖိနှိပ်ခံရပြီး အသုံးမပြု နိုင်သော်လည်း အခြား တိုက်ခိုက်ရေး မဟုတ်သော နက္ခတ်တာရာများ ရှိနေ သေးသည်။

ဥပမာအားဖြင့် အယ်ဒီလိုင်း၏ ဂီတ၊ ဆမ်မြူရယ်၏ သစ္စာရှိမှု၊ ခီရာ၏ ချစ်ခြင်းမေတ္တာ၊ အဲလစ်၏ အသက် စသည်တို့ ဖြစ်သည်။

ထိုနက္ခတ်တာရာ စွမ်းအား အားလုံးကို ဝါးမျိုထားသော နတ်ဘုရား ဟန့်တားမှု အစိတ်အပိုင်းထဲသို့ ပေါင်းစပ်ပြီး [ကြေးမုံခန္ဓာ]ဖြင့် ခီလီယာနာထံသို့ တန်ပြန်လိုက်သည်။ ၎င်းမှာ သူ၏ နောက်ဆုံး စွမ်းအားလည်း ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် စုတ်ပြဲသွားသည့်တိုင် ဂရုမစိုက် ဟန်ဆောင်ခဲ့သော ခီလီယာနာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူက သည်းမခံနိုင်သော နာကျင်မှုကို ခံစားနေရ သကဲ့သို့ ခေါင်းကို တင်းတင်းကျပ်ကျပ် အုပ်ထားလိုက်သည်။ အဝေးမှ အဓိက နက္ခတ်တာရာ သုံးခု၏ လူသားမျက်နှာ များသည်လည်း ပုံပျက်ယိုယွင်းသော အမူအရာများကို ပြသခဲ့သည်။ မျက်နှာ အင်္ဂါရပ်များ မှုန်ဝါးလာခဲ့သည်။ အတွင်းမှ ကြယ်များ ပေါက်ကွဲပြီး ငြိမ်းလာခဲ့သည်။

ချန်လွေ့ ပတ်ပတ်လည်မှ သွေးပင့်ကူ မန္ဒာလာသည် လုံးဝကို ပြိုလဲသွားခဲ့ပြီး သိမ်းယူခြင်း ခံထားရသော နက္ခတ်တာရာ စွမ်းအားသည် သူ့ထံသို့ တဖြည်းဖြည်း ပြန်ရောက်ရှိလာခဲ့သည်။ နတ်ဘုရား ဟန့်တားမှုနှင့် အခင်းအကျင်း၏ ဖိအား အောက်တွင် အက်ကြောင်း လက္ခဏာများ ပြသခဲ့သော ကြယ်စင်စု နတ်ဘုရား ရုပ်တုများ ဖြည်းဖြည်းချင်း ပြန်လည်၍ ကောင်းမွန်လာခဲ့သည်။

သို့သော် သူသည် စိတ်သက်သာရာ မရသေးပေ။ ခီလီယာနာ မကျရှုံးသေးဘူး။ အနည်းဆုံး သူ့မှာက နောက်ဆုံး ထိုးနှက်ချက်အတွက် စွမ်းအား ရှိတယ်။ အကြီးမားဆုံး ရန်သူကလည်း အပေါ်မှာ ရှိနေသေးတယ်။

ချန်လွေ့၏ လက်ထဲ အန္တိမသော့ကို တိတ်တဆိတ် ကိုင်ထား၏။

သို့သော် အထက်မှ ထပ်နေသော နေရာလွတ်က ဗလာ ဖြစ်နေသည်ဟူသော ထူးဆန်းသည့် ခံစားချက်တစ်ခု သူ့ကို ပေးနေပုံရသည်။

လုံးဝ ဗလာနတ္ထိပင်။

ခီလီယာနာ၏ နာကျင်စွာ အော်ဟစ်သံ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို အုပ်ထားသော လက်များ ဖြည်းဖြည်းချင်း လျော့ရဲသွားခဲ့သည်။ ချန်လွေ့က တစ်စုံ တစ်ရာကို အာရုံခံမိလိုက်ပြီး အပေါ်ကို မကြည့်တော့ပေ။

ထိုဝိုးတဝါး နူးညံ့သိမ်မွေ့သော မျက်နှာ ပေါ်တွင် ညာဘက်မျက်လုံးမှ သွေးနီရောင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး မူလ ဖျော့တော့သော အပြာရောင် ပြန်လည် ရောက်ရှိလာခဲ့သည်။ ယခင်နှင့် မတူဘဲ အပြာရောင်က ဗလာ မဟုတ်တော့ဘဲ သစ်တောထဲမှ ရေကန်တစ်ခု ကဲ့သို့ပင် တည်ငြိမ်နေသည်။ အခြားတစ်ဖက်တွင် သွေးနီရောင် ဘယ်ဘက် မျက်လုံးက အားနည်းပြီး မှိုင်းညို့နေပုံရသည်။

ခန္ဓာကိုယ် တုန်နေပြီး ခံစားနေရသော နာကျင်မှုကို အနောက်မှ နက္ခတ်တာရာ သုံးခု၏ ပြင်းထန်သော ပုံပျက်ယွင်းမှုမှ မြင်တွေ့နိုင်သည်။ သို့သော်လည်း သူ၏ တုန်ခါမှုက နာကျင်မှုကြောင့် မဟုတ်။

ယခုတွင် သူက သစ္စာရှိမှု၊ ချစ်ခြင်း မေတ္တာ၊ အသက် စသည်တို့ကြောင့် တုန်ခါလိမ့်မည် မဟုတ်ပေ။ သူက ပို၍သာ သတိရှိနေလိမ့်မည်။

ချန်လွေ့ ထိုမျက်လုံးများကို စိုက်ကြည့် လိုက်ပြီး နောက်ဆုံးတွင် ပြုံးလိုက်၏။

“ပြန်လည်ကြိုဆိုပါတယ်...”

ထိုစကားတစ်ခွန်းက ခီလီယာနာ၏ ခန္ဓာကိုယ် တုန်ခါမှုကို ရပ်တန့်စေခဲ့သည်။ ချန်လွေ့၏ လက်ထဲတွင် တစ်စုံတစ်ရာ ရှိနေပြီး ကမ်းပေးလိုက်၏။

၎င်းမှာ လက်နက်တစ်ခု မဟုတ်ဘဲ မျက်မှန် တစ်လက်ပင်။

သူ၏ ယန္တရားအဆင့်ဖြင့် ထိုသာမန် မျက်မှန်က ထူးချွန်သော လက်ရာတစ်ခု မဟုတ်သော်လည်း ခီလီယာနာအတွက် ၎င်းမှာ လောကပေါ်တွင် တန်ဖိုးအရှိဆုံး အရာပင်။

တစ်ချိန်က သူ ၎င်းကို ဆုံးရှုံးသွားပြီဟု ထင်ခဲ့သော်လည်း ယခု သူ၏မျက်လုံးများ ရှေ့တွင် ၎င်းက ပြန်ရောက်လာခဲ့သည်။

အိပ်မက်ဆိုးထဲသို့ မနစ်မြုပ်ခင် သူက ထိုတန်ဖိုးရှိသော အရာနှင့် မှတ်ဉာဏ်ကို ချန်ထားခဲ့သည်။

မီးတောင်ဂူတစ်ခုတွင် ၎င်းကို တွေ့ခဲ့ပြီး ယူဆောင်သွားခဲ့သူမှာ ချန်လွေ့ ဖြစ်ပြီး ယနေ့အထိ ထိန်းသိမ်းထားခဲ့၏။

ထိုအခိုက်အတန့်တွင် ခီလီယာနာက အချိန် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။ မျက်မှန်သို့ တဖြည်းဖြည်း လှမ်းနေသော လက်သာ ရှိတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးလက်သည်း။

၎င်းမှာ သူ၏လက်ပင်။

မျက်ရည်များက အပြာရောင် ညာဘက် မျက်လုံးထဲ ပြည့်လျှံလာခဲ့သည်။

All Chapters