အဝေးမှ နွေးထွေးမှုကို ကြည့်ခြင်း
Vol. 84 Ch. 1271
ချွန်ထက်သော လက်သည်း ခဏတာ တွန့်ဆုတ်သွားခဲ့ပြီးနောက် မျက်မှန်ထံသို့ နောက်တစ်ကြိမ် လှမ်းလိုက်သည်။
ထိုအခိုက်တွင် ဘယ်မျက်လုံး ထဲမှ ငြိမ်းသွားသော သွေးနီရောင်က ထပ်မံ ဆူပွက်လာခဲ့လေသည်။ ကြီးမားသော နက္ခတ်တာရာ သုံးခုသည် ဟိန်းဟောက် နေသော မျက်နှာများကို ဖျော့တော့စွာ ဖော်ထုတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အားကောင်းသော အသံတစ်သံ အော်ဟစ် လိုက်သည်။ “သူ့ကိုသတ်...”
ခီလီယာနာ စူးရှစွာ အော်ဟစ်လိုက်ပြီး မျက်မှန်သို့ ဆန့်တန်းထားသော လက်က ချန်လွေ့၏ လည်ချောင်းဆီသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
လျှပ်စီးကဲ့သို့ အရှိန်ဖြင့်ပင်။
သို့သော် ဝိညာဉ်ထဲတွင် အချိန် စီးဆင်းမှု အလွန်နှေး ကွေးနေပုံ ရသည်။ ရေတွက်၍ မရနိုင်သော အသိစိတ်များ၊ ရေတွက်၍ မရနိုင်သော မြင်ကွင်းများ... ဖြတ်သန်းသွားခဲ့သည်။
သူ့ကိုသတ်...
မွေးဖွားလာကတည်းက လွန်ဆန်၍ မရနိုင်သော စိတ်ဆန္ဒ တစ်ခုက သူ၏ ဘဝထဲသို့ ပေါင်းစပ်သွားခဲ့သည်။
ထိုအရာမှာ ကံကြမ္မာပင်။
သူ တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ သော်လည်း နောက်ဆုံး သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ဘဲ ပျက်စီးခြင်းနှင့် မုန်းတီးခြင်းထဲသို့ လုံးဝ နစ်မြုပ်ခဲ့သည်။
သူက ချန်လွေ့နှင့် စကားများများ မပြောခဲ့ဖူးပေ။ သူ့ကို စတင်တွေ့ရှိချိန် မှစ၍ ခုနက စကား အပါအဝင် သူက စုစုပေါင်း ၃၆ခွန်းသာ ပြောခဲ့သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် စကားလုံးတိုင်းနှင့် နွေးထွေးမှုတိုင်း စိတ်ထဲ ရှိနေခဲ့သည်။
“ဒါက ငါ ယာယီ လုပ်ထားတဲ့ မှော်မျက်မှန် တစ်လက်ပဲ...”
“ရှင် ပြန်လာမယ်မဟုတ်လား။”
“သေချာတာပေါ့။”
“ကျွန်မ ရှင့်ကို စောင့်နေမယ်။”
...
အမုန်းတရားနှင့် ပျက်စီးခြင်းတို့သည် ထိုအရာများကို လျင်မြန်စွာပင် ဖုံးလွှမ်း သွားခဲ့သည်။
မလွတ်မြောက်နိုင်သော အဆုံးမဲ့သည့် ကံကြမ္မာပင်။
ထိုဝိညာဉ်အစအနသည် ယနေ့အထိ အသက်ရှင်ကျန်ခဲ့ပြီး ၎င်းမှာ တည်ရှိမှု အတွက် အသက်ရှင်နေခြင်း မဟုတ်ပေ။
သူ့ကို ပြန်တွေ့ချင်ရုံသာ။
“သူ့ကိုသတ်.... သူ့ကိုသတ်ပစ်။” အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
မလွန်ဆန်နိုင်သော ကံကြမ္မာပင်။
မင်း မုန်းတီးစရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ မင်း မျက်လုံးထဲမှာ အမုန်းတရား ထက် ပိုတာရှိနေလို့ပဲ...
လက်သည်းကို စွမ်းအား အကုန်လုံးဖြင့် ဝှေ့ယမ်းလိုက်၏။
အဝေးမှ နွေးထွေးမှုကို ထိတွေ့ရန် အတွက်မျှသာ။
...
ချန်လွေ့၏ အမြင် အေးခဲသွားခဲ့၏။
ဘလန့်ချ်၏ လက်သည်းက မိမိ၏ လည်ချောင်းဆီသို့ ချဉ်းကပ်လာသည့် အခိုက်တွင် ရုတ်တရက် တန့်သွားသည်။ ထို့နောက် လက်သည်းက သူ၏ ကိုယ်ပိုင် သွေးနီရောင် ဘယ်ဘက် မျက်လုံးထဲသို့ ပြန်လည် ထိုးစိုက်လိုက်လေသည်။
ဘယ်ဘက်မျက်လုံး ပျက်စီးသွားပုံရပြီး မရေတွက်နိုင်သော မီးတောက်သွေးများ ပန်းထွက်လာခဲ့လေသည်။ ဟိန်းနေသော အမူအရာများ ပြနေသည့် နက္ခတ်တာရာ သုံးခုသည် စူးရှသော ပေါက်ကွဲသံတစ်ခု ပြုလုပ်လိုက်ပြီး လုံးဝ ပြိုလဲသွားခဲ့၏။
ချန်လွေ့ စွမ်းအားအကုန်ဖြင့် ပျံသွားပြီး ကျလာသော ပုံရိပ်ကို အသည်းအသန်နှင့် ဖမ်းလိုက်သည်။
ထိုကဲ့သို့ ဝိုးတဝါး နူးညံ့သိမ်မွေ့သော မျက်နှာက ဆူပွက်နေသော သွေးများဖြင့် ပြည့်နှက်နေ၏။ သူက မျက်လုံးများကိုပင် မဖွင့်နိုင်တော့သော်လည်း အမူအရာက ထူးခြားစွာ တည်ငြိမ်နေသည်။ ထိုအရာမှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ထိုမျှ တည်ငြိမ်နေခြင်းပင်။
“ဘလန့်ချ်...ဘလန့်ချ်...”
... ပြီးသွားပြီလား။
သူ့အသံက ငါ့နာမည်ကို ခေါ်နေတယ်။
သူ စကားမပြောနိုင်သည်မှာ ဝမ်းနည်း စရာပင်။ ချန်လွေ့ကို သူ နောက်တစ်ခါ ကြည့်ရန် ခွန်အားတောင် မရှိတော့ပေ။
သူက ပို၍ပို၍ ပေါ့ပါးလာခဲ့သည်။
ငါ သူ့ကို တွေ့ချင်လိုက်တာ...
အဲဒီနွေးထွေးတဲ့ ခံစားချက်က ဘာလဲ။
သူ့ရဲ့ မျက်ရည်တွေလား။
နောက်ဆုံးတော့ အိပ်မက်ထဲက နွေးထွေးမှုကို ငါ ထိတွေ့လိုက်ရပြီ။
သူ့ကို ဆုံးရှုံးလိုက်ရပြီလို့ ထင်ခဲ့ပေမယ့် သူ ငါ့ကို ဘယ်တော့မှ မထားသွားခဲ့ဘူး။
ပြီးတော့ အဲဒီ မလွတ်မြောက်နိုင်တဲ့ ကံကြမ္မာက ပိုပိုပြီး ဝေးကွာသွားပြီ။
ငါ့မျက်လုံးထဲမှာ...
...
ချန်လွေ့က ထိုကဲ့သို့ ဖြည်းဖြည်းချင်း မှေးမှိန်နေသော ကိုယ်ကို ပွေ့ဖက်လိုက်ပြီး မျက်ရည်များကြောင့် သူ၏အမြင်အာရုံ မှုန်ဝါးသွားခဲ့သည်။
ဆေးဝါး၊ ပစ္စည်း သို့မဟုတ် စွမ်းရည် မည်သည့်အရာကမျှ အရာအားလုံးကို မစွမ်းနိုင်ပေ။ ဘလန့်ချ်၏ အသိစိတ်နှင့် ဝိညာဉ်က အသူရာချောက်နက် စိတ်ဆန္ဒ နှင့် ပေါင်းစပ်သွားသည်မှာ ကြာပြီဖြစ်ပြီး ခွဲခြား၍ မရနိုင်တော့ပေ။ သူ၏ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည့် အခိုက်အတန့်မှ စတင်၍ အခြေခံအကျဆုံး ဇစ်မြစ် ပြိုလဲ သွားခဲ့သည်။ မိုက်ကယ်နှင့် ဂေဘရီရယ်တို့ ပျောက်ကွယ်ခြင်း ကဲ့သို့ပင်။
“ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်၊ ငါတို့ရဲ့ အိမ်ကို...” ချန်လွေ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော မျက်နှာကို နမ်းလိုက်၏။
အိမ်... သူက ခံစားမိပြီး ကြားလိုက်ရပုံ ရသည်။ လုံးဝ ပျောက်ကွယ်မသွားခင် သူ အနည်းငယ် ပြုံးလိုက်၏။
လေထဲတွင် အနီရောင် အလင်း တစ်စက်သာ ကျန်ရှိတော့သည်။ ၎င်းမှာ ကျိုးပဲ့နေသော သလင်းကျောက် အနီ စက်လုံးတစ်လုံး ဖြစ်သည်။
၎င်းအပေါ်တွင် ခြောက်သွေ့နေသော သွေးများ ရှိနေဆဲ ဖြစ်သည်။ ထိုအရာမှာ သူက ချန်လွေ့အတွက် ထားခဲ့သော နောက်ဆုံးအရာပင်။
ချန်လွေ့ သလင်းကျောက် စက်လုံးကို လက်ထဲတွင် ဂရုတစိုက် ကိုင်လိုက်သည်။ သူက ထိုအခိုက်အတန့်မှ နာကျင်မှုကို ခံစားနေရဆဲဖြစ်သကဲ့သို့ မျက်လုံးများကို မှိတ်လိုက်၏။ ရုပ်ပိုင်းဆိုင်ရာအရ သာမက ဝိညာဉ်၏ နက်ရှိုင်းသော နေရာတွင်လည်း ဖြစ်ပေသည်။
သို့သော်လည်း နာကျင်မှု အားလုံးကို ကျော်လွန်သော အရာတစ်ခု ရှိနေ၏။
ထိုအရာက ချစ်ခြင်းမေတ္တာပင်။
သူက မျက်လုံးကို နောက်တစ်ကြိမ် ဖွင့်လိုက်ရာ သွေးရောင် နေအဖွဲ့အစည်း လုံးဝ ပျောက်ကွယ်သွားပြီး မြင်ကွင်းက အိပ်မက်ဆိုး မီးတောင်သို့ ပြန်လည်၍ ရောက်ရှိသွားခဲ့သည်။
ယခင်ကနှင့် မတူဘဲ ကောင်းကင်ရှိ ကြီးမားသော မျက်လုံး၊ ဖန်တီးခြင်း စာအုပ်နှင့် ပျက်စီးခြင်းစာအုပ် အားလုံး ပျောက်ကွယ်သွားကြပြီး ကြီးမားသော ပလ္လင်သာ ကျန်ရစ်ခဲ့သည်။ ပလ္လင်ပေါ်ရှိ ရုပ်တုသုံးခုက သွေးရောင် နေအဖွဲ့အစည်း ထဲမှ နက္ခတ်တာရာ သုံးခု ကဲ့သို့ပင် ပြိုလဲသွားခဲ့ပြီး အသူရာချောက်နက် မကေင်းဆိုးဝါးများလည်း တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း အသူရာချောက်နက် မကောင်းဆိုးဝါးများက ယခု စိုးရိမ်စရာ အကောင်းဆုံးအချက် မဟုတ်တော့ပေ။ ကောင်းကင်တွင် သွေးတိမ် ပျောက်ကွယ် သွားပြီး နတ်ဆိုးဘုံကဲ့သို့ ရောင်ပြန်ဖြင့် အစားထိုးသွား၏။ ၎င်းက ယခင်ကထက် ပိုမြန်သောနှုန်းဖြင့် မြေပြင်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။
ထိုအရာမှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အကျပ်အတည်းပင်။
အဓိကကုန်းမြေတစ်ခုလုံး အကြီးမားဆုံးကပ်ဘေးကို ရင်ဆိုင်နေရ၏။
ဘလန့်ချ် ရှင်းလင်းခြင်း ခံလိုက်ရပြီး သေဆုံးနေစဉ်မှာပင် စကားမပြောနိုင် ခဲ့သော်လည်း သလင်းကျောက် စက်လုံး အထဲတွင် တမင်ထားခဲ့သော အသိစိတ် အစအနသည် သူ့အား အကြီးမားဆုံး လျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။
အသူရာချောက်နက် စိတ်ဆန္ဒသည် လွန်ခဲ့သော အချိန် အကြာကြီးကတည်းက ပြန်လည်၍ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ အကြောင်းရင်းမှာ ၎င်းသည် လူသား လောကတွင် ပျက်စီးသွားသော အသက် စွမ်းအား မရေမတွက်နိုင်အောင် စုပ်ယူရန် ဖန်တီးခြင်းစာအုပ်နှင့် ပျက်စီးခြင်းစာအုပ် စွမ်းအားကို အသုံးပြုခဲ့သောကြောင့်ပင်။ သို့သော် ထိုသို့ ပြန်လည်ကောင်းမွန်မှုက ကနဦး အဆင့်သာ ဖြစ်သည်။ အပြည့်အဝ ပြန်ကောင်းမွန်ရန် ဝေးကွာနေသေး၏။ ထိုမျှသာမကဘဲ တိတ်ဆိတ်နေသော ခန္ဓာကိုယ်များ၊ ချန်လွေ့ မြင်ခဲ့ရသော အလောင်းများကို နိုးထစေရန် စွမ်းအားကို ဆက်တိုက် ကုန်ဆုံးစေလိမ့်မည်။
ထိုအကြောင်းအရာကြောင့် သူတို့သည် အဓိကကုန်းမြေ တစ်ခုလုံး၏ အသက်နှင့် ဇစ်မြစ်ကို ဝါးမျိုရန် စိတ်အားထက်သန် နေကြသည်။ အလားတူပင် လက်ရှိ ခန္ဓာကိုယ် အခြေအနေကို ထိန်းသိမ်းရန် သူတို့ စွမ်းအားအများကြီး မထုတ်နိုင်ပေ။
သူတို့ တစ်ကြိမ် ရှင်းလင်းခြင်း ခံခဲ့ရ၍ ထာဝရနှင့် မသေနိုင်ခြင်း စွမ်းအားကို လုံးဝနီးပါး ဆုံးရှုံးခဲ့သည်။ စိတ်ဆန္ဒ၏ အန္တိမသော့ အပေါ်တွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုသည် စိတ်ကူးထက် များစွာ ကျော်လွန်နေသည်။ လူသားလောကတွင် ချန်လွေ့၏ တည်ရှိမှုကို အာရုံခံမိ ပြီးနောက် အသူရာချောက်နက်က သူ့ကို သတိထားနေပြီး ကိုယ်တိုင် ရင်ဆိုင်မည် မဟုတ်ပေ။ ထိုအစား သူတို့သည် အိပ်မက်ဆိုး မီးတောင်မှ ဖရိုဖရဲဘုံသို့ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
မထွက်ခွာခင်တွင် အသူရာချောက်နက် စိတ်ဆန္ဒသည် နတ်ဘုရား ဟန့်တားမှု စိတ်ပုံရိပ်နှင့် သွေးပင့်ကူ မန္ဒာလာကို ထားခဲ့၏။ ရည်ရွယ်ချက်မှာ ခီလီယာနာ အန္တိမသော့ကို သိမ်းယူစေရန် ဖြစ်သည်။ ထို့ကြောင့် ခီလီယာနာသည် ချန်လွေ့ကို အန္တိမသော့ အသက်သွင်းစေရန် ကြိုးစား နေခဲ့ခြင်းပင်။
ချန်လွေ့ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ အကယ်၍ သူ ထိုအချိန်တွင် အန္တိမသော့ တကယ် သုံးခဲ့ပါက ရလဒ် တစ်ခုတည်း ရှိပေလိမ့်မည်။ သိမ်းယူခြင်း ခံရပေမည်။
အသူရာချောက်နက် စိတ်ဆန္ဒ စောစောစီးစီး ထွက်ခွာသွားခဲ့သည်ကို သူ ခန့်မှန်းခဲ့သည်မှား မှားယွင်းနေခဲ့သေး၏။ ထပ်တော့မည့် ဖရိုဖရဲဘုံက အမှန်တွင် စိတ်ပုံရိပ် တစ်ခုမျှသာ ဖြစ်နေပြီး ရည်ရွယ်ချက်မှာ သူ့အား နောက်ဆုံး ဝှက်ဖဲကို အသုံးပြုစေရန် ဖြားယောင်းခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ထိုဗလာ ခံစားချက် ရှိနေခဲ့လေသည်။ အကြောင်းမှာ တိုက်ခိုက်မှု အတွင်းတွင် နေရာလွတ်ကို ထောက်ကူ၍ ပေးသော နတ်ဘုရားဟန့်တားမှု ကုန်ဆုံးသွား၍ပင်။
ခီလီယာနာ၏ စွမ်းအား ပြိုလဲသွား သည်ကို အာရုံခံမိပြီးနောက် စိတ်ဆန္ဒက ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ သူတို့က အဓိကကုန်းမြေ တစ်ခုလုံးကို ကြိုတင် ဖျက်ဆီးလိုပြီး ဖန်တီးခြင်းစာအုပ်နှင့် ပျက်စီးခြင်းစာအုပ် စွမ်းအားကို ပိုမိုလှုံ့ဆော်ရန် အပြည့်အဝ ပြန်လည်၍ မကောင်းမွန်နေသေးသော သူတို့၏ စွမ်းအားကို အလွန်အကျွံ ထုတ်ယူသုံးစွဲရန် တွန့်ဆုတ် မနေခဲ့ပေ။ ထိုထဲတွင် အန္တိမသော့ကို ကိုင်ဆောင် ထားသော ချန်လွေ့လည်း ပါဝင်၏။
သူတို့ ချန်လွေ့ကို မသတ်နိုင်လျှင်ပင် အဓိကကုန်းမြေပေါ်မှ အသက်အားလုံးကို ဖျက်ဆီးပြီး သူတို့၏ စစ်မှန်သောစွမ်းအား ပြန်လည်ရရှိသ၍ ချန်လွေ့ကို ချက်ချင်း သတ်ပစ်ရန် လွယ်ကူလိမ့်မည်။
မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့လျှင် လောက ပျက်စီးခြင်းကို အရှိန်မမြှင့်ခင် သူတို့က နောက်ထပ် ပိုမိုပြတ်သားသော လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ လျှို့ဝှက် ဆန်းကြယ်နယ်မြေကို ပိတ်ဆို့လိုက်၏။
သို့သော်လည်း အရာအားလုံး သူတို့၏ ထိန်းချုပ်မှုအောက်ရှိသည် ထင်နေသော ထိုစိတ်ဆန္ဒများက နောက်ဆုံးတွင် အရာ အားလုံးကို မထိန်းချုပ်နိုင်ခဲ့ပေ။
ဥပမာအားဖြင့် လူသားသဘာဝပင်။
နောက်ထပ် ဥပမာတစ်ခု အနေဖြင့် [ကြယ်ဂိတ်]။
ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင်။
ဖျော့တော့နေသော ကြယ်ရောင်ဖြင့် တောက်ပနေသော တံခါး တစ်ချပ်က ပွင့်လာခဲ့သည်။
ချန်လွေ့သည် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ဝင်ရောက်လာသောအခါ အချို့သော အားကောင်းသည့် အသိစိတ် အတက်အကျကို ခံစားလိုက်ရသကဲ့သို့ သူ၏ ဝိညာဉ်ထဲတွင် ထူးဆန်းသော တုန်ခါမှု တစ်ခုကို ခံစားလိုက်ရသည်။ ယခင်က မရှိခဲ့ဖူးသည့် မရေတွက်နိုင်သော ပုံရိပ်များက သူ၏စိတ်ထဲ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
ပြင်းထန်သော တိုက်ပွဲပင်...
ကောင်းကင်က မရေတွက်နိုင်သော ရောယှက်နေသော အလင်းများစွာဖြင့် ပြည့်နှက်နေသည်။ ရင်းနှီးသော ပုံရိပ် များစွာ ရှိနေ၏။ ကောင်းကင်တမန်များ၊ သက်ကြွေကောင်းကင်တမန်များ၊ နဂါးများ၊ နတ်သူငယ်များ...
သူတို့က အသူရာချောက်နက်ကဲ့သို့ ထိန်းချုပ်ထားသော အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသည့် မကောင်းဆိုးဝါးများ မဟုတ်ဘဲ ကိုယ်ပိုင် အသိစိတ်ရှိသော စစ်မှန်သော အသက်များ ဖြစ်ကြသည်။ သူတို့၏ အယူသည်းသော ယုံကြည်မှု အတွက် သူတို့ အသက်များကို စွန့်စားပြီး အသည်းအသန် တိုက်ခိုက်ခဲ့ကြသည်။
အလင်း တစ်ချက် လင်းလက်သွားရာ နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်များ အပါအဝင် ရာနှင့်ချီသော အထူး အစွမ်းထက်ပုဂ္ဂိုလ်များ ချက်ချင်း ရှင်းလင်းခံလိုက်ရသည်။ ထိုကဲ့ကဲ့သို့သော တိုက်ပွဲမျိုး၏ အတိုင်းအတာ၊ အဆင့်နှင့် ပြင်းထန်မှုမှာ ကိုယ်တိုင် မမြင်တွေ့ခဲ့လျှင် စိတ်ကူး၍ ရနိုင်မည် မဟုတ်ပေ။
ချန်လွေ့ ရုတ်တရက် နားလည်သွား၏။ နတ်ဘုရားတွေရဲ့တိုက်ပွဲ။
နတ်ဘုရားကို မမြင်ရပေမဲ့ နောက်ပိုင်း မျိုးဆက်တွေရဲ့ ဘယ်ခေတ်မှာမဆို ဒီလို များပြားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်မျိုးတွေ ရှိနေဖို့ မဖြစ်နိုင်ဘူး။
တစ်ချိန်တည်းပင် မိုက်ကယ်၊ စေတန် နှင့် နတ်ဘုရားများ၏တိုက်ပွဲကို ကြုံတွေ့ ခဲ့ဖူးသူများက မည်သည့် နည်းလမ်းဖြင့် မဆို နတ်ဘုရား ဖြစ်ချင်ကြသည်ကို သူ ဝိုးတဝါး နားလည်သွား၏။
အထွတ်အထိပ်အဆင့် နတ်ဘုရား-ယောင်ပင် ထိုကဲ့သို့သော တိုက်ပွဲမျိုးတွင် အချိန်မရွေး ကျဆုံးနိုင်သော တည်ရှိမှု တစ်ခု ဖြစ်သည်။ သာမန် အစွမ်းထက် ပုဂ္ဂိုလ်များဆိုလျှင် ပြောစရာပင် မလိုပေ။ လူတိုင်းက နတ်ဘုရားများ၏ ကစားပွဲတွင် အမြောက်စာနှင့် ရုပ်သေးရုပ်များသာ ဖြစ်သည်။ ...ကစားသူတစ်ဦး ဖြစ်မလာ သ၍ပင်။
ပြင်းထန်သော တိုက်ပွဲ၏ ပုံရိပ်များ ချန်လွေ့၏ စိတ်ထဲတွင် ဖြတ်သန်း၍ သွားခဲ့သည်။ နောက်တစ်ကြိမ် လေလွင့် ဝိညာဉ်များသည် ဒီရေကဲ့သို့ သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ အဖြူရောင် ပုံရိပ်များက သူ၏ အမြင်အာရုံ တစ်ခုလုံးကို လုံးဝနီးပါး ပြည့်နှက်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်နယ်မြေတွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ်ခဲ့ပုံရသည်။ နတ်ဘုရားတစ်ပိုင်းအထက် စွမ်းအားကို ကန့်သတ်ထားသော စည်းမျဉ်းသည် ပျောက်ကွယ်သွားခဲ့၏။ လေလွင့် ဝိညာဉ်များထဲတွင် ပိုမိုအားကောင်းသော တည်ရှိမှုများစွာ ရှိနေခဲ့သည်။
ထိုသို့ လေလွင့်ဝိညာဉ်များသည် မူလ နတ်ဘုရားများ၏ တိုက်ပွဲမှ ဝိညာဉ်များ ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ချန်လွေ့ သိလာခဲ့သည်။ ယခုတွင် သူတို့သည် နတ်ဘုရားများ၏ စိတ်ဆန္ဒအောက်တွင် တိုက်ခိုက်နေကြရမည် ဖြစ်သည်။ သူက ထိုဝိညာဉ်များနှင့် မတိုက်ခိုက်ချင်ဘဲ ထိုနေရာတွင် အချိန်ကုန် မခံနိုင်ပေ။ အပြင်လောကသည် သေရေး ရှင်ရေး အခိုက်အတန့်ကို ရင်ဆိုင်နေရ၏။
သူက အက်ကွဲနေသော အနီရောင် သလင်းကျောက် စက်လုံးကို ထုတ်ယူပြီး ကြိတ်ချေလိုက်သည်။
ပတ်ဝန်းကျင်မှ နေရာလွတ် ရုတ်တရက် ထူးဆန်းစွာ တွန့်လိမ်သွားပြီး မတ်မတ်နေသော ဝဲဂယက် တံခါး တစ်ချပ် အရှေ့တွင် ပေါ်လာခဲ့သည်။
၎င်းမှာ အန္တိမ နတ်ဘုရားစကားပြန် အဖြစ် ခီလီယာနာ ရရှိခဲ့သည့် တစ်ခုတည်းသော အခွင့်ထူးခံ အရာပင်။ ၎င်းက လျှို့ဝှက်ဆန်းကြယ် နယ်မြေရှိ နောက်ဆုံး ဖရိုဖရဲဘုံသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီး ဘလန့်ချ်က သူ့အား သလင်းကျောက်စက်လုံး ချန်ထားခဲ့သည့် တကယ့်ရည်ရွယ်ချက်လည်း ဖြစ်၏။
သူ ကြောက်မက်ဖွယ် မိုးပျံနယ်မြေသို့ တန်းတန်းမတ်မတ်ပင် သွားနိုင်ကြောင်း သိခဲ့သော်လည်း သူ၏ နောက်ဆုံး မျှော်လင့်ချက်နှင့် စိတ်ဆန္ဒကို သူ့ဆီတွင် ထားရစ်ခဲ့သည်။
အိမ်ပြန်ခေါ်သွားမယ်။
ထိုအရာမှာ သူ့အပေါ်၊ သော်သော် အပေါ်နှင့် ဆွေမျိုးများနှင့် မိတ်ဆွေများ အားလုံးအပေါ် ချန်လွေ့၏ ကတိပင်။
အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ သူက ဝဲဂယက်ထဲ ပျံသန်းဝင်သွားခဲ့သည်။
ချန်လွေ့က နောက်ထပ် နေရာလွတ် တစ်ခုသို့ ဝင်ရောက်သည့် အခိုက်တွင် သူ၏ အရှေ့မှ အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ခင်မှာပင် မရေတွက်နိုင်သော လွှမ်းမိုးထားသော စွမ်းအားများ အရပ် လေးမျက်နှာမှ ရောက်ရှိ၍ လာခဲ့သည်။ ထိုစွမ်းအားများ၏ အဆင့်မှာ သူ ခံနိုင်သည်ထက် များစွာ ကျော်လွန်နေ၏။
၎င်းတို့သည် နက္ခတ်တာရာ စွမ်းအား ခုခံနိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။ အကြိမ်တစ်သောင်း ပြန်လည် အသက်ရှင် နိုင်လျှင်ပင် ချက်ချင်းပင် ရှင်းလင်းခြင်း ခံရပေလိမ့်မည်။
စွမ်းအား၏ အရင်းအမြစ်မှာ ထိုကဲ့သို့ ကြီးမားသော အလောင်းများပင်။
ချန်လွေ့ မခုခံနိုင်ပေ။ သို့သော်လည်း သူ၏လက်က လင်းလက်နေ၏။
အမှောင်ထုဘုရင် မှော်ဖဲချပ်...
ထိုအချိန်တွင် သူက အန္တိမသော့ကို တွန့်ဆုတ်ခြင်းမရှိဘဲ သုံးလိုက်၏။
ထိုအခိုက် အချိန်နှင့် နေရာလွတ် ရပ်တန့်သွားပုံရသည်။ ဆူပွက်နေသော စွမ်းအား အကုန်လုံး အပါအဝင် ဖြစ်သည်။
သွေးနီရောင်အလင်းသည် ဖရိုဖရဲဘုံ တစ်ခုလုံးတွင် လင်းလက်လာသောအခါ ချန်လွေ့ မည်သည့် အလင်းရောင်ကိုမျှ မမြင်ခဲ့ရပေ။ သူ အခြားလောက တစ်ခုသို့ ဝင်ရောက်သွားပုံရသည်။
၎င်းမှာ ဖရိုဖရဲ ဖြစ်နေ၏။
အိပ်ချင်မူးတူး၊ သက်မဲ့နှင့် အလင်းမဲ့၊ ရပ်တန့်ခြင်းနှင့် လုံးဝကို တိတ်ဆိတ်မှု ခံစားချက်ဖြင့် ပြည့်နှက်နေသည်။
အရာအားလုံး ပျက်စီးသွားပုံရသည်။
ထိုမြင်ကွင်းက ချန်လွေ့အား ရှင်းပြ၍ မရနိုင်လောက်အောင်ကို ရင်းနှီးသည်ဟု ခံစားရစေခဲ့သည်။
ဒါက လောကကြီး ပျက်စီးသွားပြီးရင် ဖြစ်လာမယ့် ပုံစံလား။ အန္တိမသော့က လောကကြီးတစ်ခုလုံးကို...
နေဦး... မဟုတ်သေးဘူး။
ဒီရင်းနှီးတဲ့ ခံစားချက်က... စူပါစနစ်။ ပိုတိတိကျကျပြောရရင် စူပါစနစ်ရဲ့ ကနဦး အစပိုင်း စကြဝဠာ မဖန်တီးခင် ဖရိုဖရဲ အခြေအနေပဲ။
ငါ ဘာလို့ ဒီကို ရောက်နေတာလဲ။ ဖရိုဖရဲဘုံ ဘယ်မှာလဲ။ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒကော။
ချန်လွေ့ အံ့အားသင့်နေစဉ် ဖော်ပြ၍ မရနိုင်အောင် အားကောင်းသော ဇစ်မြစ် စွမ်းအား တစ်ခုက ဖရိုဖရဲ အထဲတွင် ပေါ်လာခဲ့သည်။ ၎င်းက ချက်လုပ်နေပုံ ရသည်။
ထို့နောက်တွင် ပြင်းထန်လှသော တုန်ခါမှုနှင့် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ အလင်းရောင် နေရာလွတ်တွင် ပေါ်လာပြီး ရပ်တန့်ခြင်း ခံစားချက်က အချိန်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။
သေဆုံးခြင်း ရှိလာ၍ အသက်လည်း ပေါ်လာခဲ့သည်။ ၎င်းမှာ သေခြင်းနှင့် ရှင်ခြင်းပင်။
အလားတူပင် ထိုအရာမှာ ပျက်စီးခြင်း နှင့် ဖန်တီးခြင်း သံသရာလည်း ဖြစ်၏။
အသက်များ ပါဝင်သော နေရာလွတ်ကို တစ်ခုပြီးတစ်ခု ဖန်တီးခြင်း လုပ်ငန်းစဉ် ရှိခဲ့သည်။ စူပါစနစ်နှင့် မတူဘဲ အသက် ရှင်သန်နေထိုင်သော နေရာလွတ်များက ဂြိုဟ်များ အားလုံး မဟုတ်ဘဲ အချို့မှာ ဖြတ်ကျော်နေကြသော အပြိုင်ဒိုမိန်းများ ဖြစ်နေကြသည်။
ထိုသို့ ဆင့်ကဲဖြစ်စဉ်များ ဆက်တိုက် အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။ ဘေးလူတစ်ဦး ဖြစ်သော ချန်လွေ့၏ မျက်လုံးထဲတွင် ၎င်းမှာ ထိုစကြဝဠာနှင့် အသက် ဖန်တီးခြင်း အရှိန်မြှင့် လုပ်ငန်းစဉ် ဖြစ်သည်။
မြင်ကွင်း နောက်တစ်ကြိမ် ပြောင်းလဲ သွားခဲ့ပြီး သူက နေသာသော နေရာလွတ် တစ်ခုသို့ ရောက်လာခဲ့သည်။ စကြဝဠာ ဆင့်ကဲဖြစ်စဉ်ကို ယခင်က မြင်တွေ့ ခဲ့ဖူးသော ချန်လွေ့က ၎င်းမှာ စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်တွင် အများဆုံး ဇစ်မြစ် အနှစ်သာရဖြင့် ဖွဲ့စည်းထားသော ဒိုမိန်း၊ သို့မဟုတ်... အဓိကကုန်းမြေ ဆိုသည့် အရာ ဖြစ်ကြောင်းကို အသေအချာပင် ခံစားလိုက်ရသည်။
အဓိကကုန်းမြေသည် လောကကြီးကို ဖန်တီးခဲ့သော အစွမ်းအထက်ဆုံး ဇစ်မြစ် အင်အား သုံးခုကို ထိန်းသိမ်းထားသည်။ ထိုဇစ်မြစ် သုံးခုအနက် အစွမ်းထက်ဆုံးမှာ ဖန်တီးခြင်း သို့မဟုတ် ပျက်စီးခြင်း မဟုတ်ဘဲ ပျက်စီးခြင်းနှင့် ဖန်တီးခြင်း ပြီးနောက် တည်ရှိမှုကို မွေးဖွားပေးခဲ့သော ဇစ်မြစ်ပင်။ ထိုအရာမှာ သေခြင်းနှင့် ရှင်ခြင်းပင်။
ထိုအရာမှာ သေခြင်းနှင့် ရှင်ခြင်း စာအုပ်၊ ဖန်တီးခြင်းစာအုပ်နှင့် ပျက်စီးခြင်း စာအုပ်တို့ ဖြစ်ကြ၏။