← Chapters

အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်… “ခင်ဗျားတို့ ဆယ်ယောက်လုံးကို ရိုက်နှက်ချင်တယ်”

Vol. 29 Ch. 423

အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်… “ခင်ဗျားတို့ ဆယ်ယောက်လုံးကို ရိုက်နှက်ချင်တယ်”

Vol. 29 Ch. 423

အခန်း (၄၂၃) : အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်… “ခင်ဗျားတို့ ဆယ်ယောက်လုံးကို ရိုက်နှက်ချင်တယ်”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက မခံမရပ်နိုင် ဖြစ်နေကြသည်။

မင်းသမီးလင်းလုံက အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တစ်စုအတွက် သူတို့ကို ဒေါသထွက်မည်ဟု ထင်မထားခဲ့ပေ။ မြင့်မြတ်သော မင်းသားနှစ်ပါးပင် ပါဝင်ပတ်သက်နေသည်။

မင်းသမီးလင်းလုံက အရမ်းမြင့်မားသော ရာထူးရှိသည့်အတွက် သူတို့က သူမကို မဆန့်ကျင်ရဲကြပေ။

ဒီလိုဆိုလျှင်ပင် သူတို့ ယခုအခြေအနေကို သဘောတူသည်ဟု မဆိုလိုပေ။

၉ယောက်မြောက် နေကိုးစင်း သူတော်စင်က တိတ်တဆိတ် ရေရွတ်လိုက်သည်

“ ငါတို့က အရှေ့ပိုင်းလွင်ပြင်က အမှိုက်သရိုက် အနည်းငယ်ကိုပဲ ရိုက်နှက်လိုက်တာ မဟုတ်လား။ သူတို့က အရမ်းအားနည်းတာပဲ။ သူတို့ကိုယ်သူတို့ အပြစ်တင်တာအပြင် ဘာများ လုပ်နိုင်သေးလို့လဲ”

ကျိရှားကျောင်းတော်အတွင်း အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက အမြဲတမ်း အောက်ဆုံးအဆင့်မှာသာ ရှိသည်။ အရင်းအမြစ်များနှင့် နောက်ခံများနှင့် ပတ်သက်လာလျှင်လည်း အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များလည်း ရွေးချယ်စရာမရှိတော့ဘဲ အနိုင်ကျင့်ခံနေရသည်။ သူတို့ထဲမှ တချို့ကတော့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ကြသည်။

သူတို့က လေဟာနယ်စင်မြင့်ပေါ်တွင် ရှုံးနိမ့်လျှင် ကျိရှားကျောင်းတော်ပင် ဝင်ပြီး စွက်ဖက်နိုင်ခြင်း မရှိပေ။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ဒေါသထွက်နေသော်လည်း တတ်နိုင်တာ မရှိတော့ပေ။

သူတို့ ရှုံးနိမ့်သွားသည့်အတွက် ပြောစရာစကား မရှိတော့ပေ။

၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အားပြုပြုံးကာ ပြောလိုက်သည်

“ ညီလေး၊ ညီမလေးတို့ ကျင်းပမဲ့နေရာကို ပြောင်းလိုက်ရအောင်”

“ မပြောင်းနိုင်ဘူး”

ကျန်းယွင်ရှီးနှင့် ဖန်ချန်းတို့ နှစ်ယောက်လုံးက ဒေါသထွက်သွားကြသည်။

သူတို့ရဲ့ ဂိုဏ်းတူ အစ်ကိုတွေ၊ အစ်မတွေက အနိုင်ကျင့်ခံနေရတာလေ။ သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒီလိုစော်ကားမှုမျိုးကို သည်းခံနေနိုင်မှာလဲ

သူတို့နှစ်ယောက်လုံးက လေဟာနယ်စင်မြင့်ပေါ်သို့ တက်သွားကာ ဂုဏ်ယူစွာ မတ်တပ်ရပ်ရင်း ထို အလယ်ပိုင်းကုန်းမြေမှ ပါရမီရှင်များကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ မင်း ဘာပြောလိုက်တာလဲ။ ထပ်ပြီးတော့ ပြောလိုက်စမ်း” ၉ယောက်မြောက် နေကိုးစင်း သူတော်စင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ သူတို့က ငါတို့နဲ့ ဆန္ဒရှိရှိ တိုက်ခိုက်ပြီးတော့ ရှုံးသွားတာ။ အဲဒါနဲ့တင် သူတို့က အားနည်းနေပြီဆိုတာကို သက်သေပြနိုင်တယ်”

ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့ အတူတူလာခဲ့ကြသော်လည်း သူတို့က မင်းသမီးလင်းလုံကိုသာ ကြောက်ရွံ့ပြီး ကျန်လူများ ကြောက်ရွံ့ခြင်း မရှိပေ။

ဖန်ချန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်

“ ဟား…ဟား…ဟား… အရမ်းကောင်းတယ်။ ဒါဆိုရင်လည်း စမ်းကြည့်လိုက်ရအောင်လေ။ အလယ်ပိုင်းကုန်းမြေက ပါရမီရှင်တွေ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို မြင်ချင်လိုက်တာ”

၉ယောက်မြောက် နေကိုးစင်းသူတော်စင်က ဖန်ချန်းကို စိုက်ကြည့်ကာ လှောင်ရယ်ရင်း ပြောလိုက်သည်

“ မင်းက ဘယ်သူလဲ။ ငါက နာမည်မရှိတဲ့သူတွေနဲ့ မတိုက်ခိုက်ဘူး”

ဖန်ချန်း၏ အကြည့်တို့က ဓားတစ်ချောင်းကဲ့သို့ စူးရှသွားကာ ပြောလိုက်သည်

“ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဆယ်ဆက်မြောက် မျိုးဆက်ရဲ့ တပည့်ရင်းတစ်ယောက်ပဲ”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ခွက်ထိုးခွက်လန် ရယ်လိုက်ကြကာ ပြောလိုက်သည်

“ မင်းက တပည့်ရင်းတစ်ယောက်ဖြစ်ရုံနဲ့တင် ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ”

“ အရူး…သေခြင်းတရားက ဘာဆိုတာကို မသိဘူးလား”

“ မင်းက တကယ်ကို ငတုံးတစ်ယောက်ပဲ”

“ အစ်ကိုနေကိုးစင်း သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ”

၉ယောက်မြောက် နေကိုးစင်း သူတော်စင်၏ အကြည့်များ နက်မှောင်သွားကာ သူ့ ခန္ဓာကိုယ်မှ သွေးဆာသော အရှိန်အဝါများလည်း ပျံ့လွင့်လာသည်။

နာမည်တောင် မကြီးတဲ့ တပည့်ရင်းတစ်ယောက်က နေကိုးစင်းအထွတ်အမြတ်မြေက သူတော်စင်ဖြစ်တဲ့ သူ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ

၉ယောက်မြောက် နေကိုးစင်း သူတော်စင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ငတုံး”

နေသုံးစင်းက သူ့နောက်မှာ မြင့်တက်လာပြီး လေဟာနယ်စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။

ဖန်ချန်း၏ ကျင့်ကြံဆင့်က ကနဦးဝိညာဉ် နောက်ဆုံးအဆင့် ဖြစ်သည်ကို သိရှိလိုက်ရသည်။

၉ယောက်မြောက် နေကိုးစင်း သူတော်စင်က ကနဦးဝိညာဉ် ထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအံ့ဖွယ်မိုးကောင်းကင် တပည့်ကို ကိုင်တွယ်ဖို့က သူ့အတွက် အင်မတန် လွယ်ကူလှသည်။

နေကိုးစင်း အထွတ်အမြတ်မြေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတို့က ဘယ်တော့မှ အဆင်ပြေမည်မဟုတ်ပေ။ သူတို့က အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင် တိုက်ခိုက်နေကြသည်။

ထိုအရာက အထူးသဖြင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နေကိုးစင်းဝိဇ္ဇာကို ဓားခုတ်ချက် တစ်ချက်တည်းဖြင့် သတ်လိုက်နိုင်သည့်အတွက် နေကိုးစင်း အထွတ်အမြတ်မြေအနေဖြင့် ကြီးမားသော အရှက်ရမှုဖြစ်သွားကတည်းက စတင်ခဲ့သည်။

နေကိုးစင်း အထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် တရားဝင် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ ကျိရှားကျောင်းတော်တွင်သာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်များကို ပြဿနာရှာနိုင်သည်။

၉ယောက်မြောက် နေကိုးစင်းသူတော်စင် ဖန်ချန်းကို သင်ခန်းစာ ကောင်းကောင်းပေးပြီး သူတို့ အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။

သူက ပထမဆုံး စတင်လှုပ်ရှားတော့သည်။ သူ့နောက်တွင် တောက်ပသော နေသုံးစင်း ထွက်ပေါ်လာကာ လောင်မြိုက်နေသော အပူဓာတ်က ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုတော့မည့်ပုံပေါ်သည်။

နေကိုးစင်းအထွတ်အမြတ်မြေ၏ နေကိုးစင်း တိုက်ပွဲတော်ဝင်ကျမ်းက ရွှေကျီးနတ်ဧကရာဇ်၏ နေမင်းတော်ဝင်ကျမ်းနှင့် မူလရင်းမြစ် တူညီသည်။

၉ယောက်မြောက် နေကိုးစင်းသူတော်စင်က ယခု ကနဦးဝိညာဉ် ထိပ်သီးအဆင့်သာ ရှိသေးသော်လည်း နေသုံးစင်းကို အသက်သွင်းနိုင်နေပြီဖြစ်သည့်အတွက် သူ၏ မွေးရာပါ အရည်အချင်းက အင်မတန် ထူးခြားကြောင်း ရှင်းလင်းလှသည်။

နေသုံးစင်းက လေထဲတွင် တောက်ပနေကာ ပြင်းထန်သော မီးတောက်နှင့် ကြောက်စရာကောင်းသော အပူစွမ်းအင်ကို ထုတ်လွှတ်နေသည်။

ဖန်ချန်းက မလှုပ်မရှားပဲ ရပ်နေသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးများ ဝန်းရံနေကာ တောက်ပသော အံ့ဖွယ်အလင်းတန်းက ကောင်းကင်သို့ ထိုးဖောက်ထွက်သွားသည်။

ဧရာမချီလင် ပုံရိပ်သဏ္ဌာန်က သူ့နောက်တွင် ထွက်ပေါ်လာကာ ဓာတ်ငါးပါး အံ့ဖွယ်အလင်းတန်းကလည်း ပတ်လည်ဝန်းရံနေပြီး အရှိန်အဝါက စွမ်းအားကြီးပြီး ခမ်းနားလှသည်။

ဂါး…

ချီလင်က ဓာတ်ငါးပါးမိုးကြိုးကို သယ်ဆောင်ရင်း နေသုံးစင်းဆီသို့ တိုးဝင်သွားသည်။

ဝုန်း…

အံ့ဖွယ်အလင်းတန်းက နေရာတိုင်းသို့ ပျံ့နှံ့သွားကာ စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းလှသည်။

သူတို့နှစ်ယောက်လုံးကို အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက လွှမ်းခြုံသွားကာ ထိတ်လန့်စရာကောင်းသော လှိုင်းများက အာကာပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

ကာကွယ်ရေးအစီအရင်သာ မရှိပါက ကြောက်စရာကောင်းတဲ့ အားကြောင့် အာကာပြင်ပင် ပြိုကွဲသွားနိုင်သည်။

လေဟာနယ်စင်မြင့်ပေါ်မှ တိုက်ခိုက်မှုများကြောင့် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များလည်း တိတ်တဆိတ် ထိတ်လန့်သွားမိသည်။

အံ့ဖွယ်မိုးကောင်းကင် တပည့်မျိုးဆက်က ဘာလို့ ဒီလောက်ထိ သန်မာလာရတာလဲ။ သူက ၉ယောက်မြောက် နေကိုးစင်း သူတော်စင်ကိုတောင် တိုက်ခိုက်နိုင်တယ်တဲ့လား

ဘေးမှာရပ်နေသော ကျန်းယွင်ရှီးက လူအုပ်ကို ကြည့်ရင်း မျက်နှာထားက တည်ငြိမ်နေသည်။ သူမ၏ အကြည့်က ၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်ဆီသို့ ကျရောက်သွားသည်။

ကျန်းယွင်ရှီးက အေးစက်စွာ ပြောလိုက်သည်

“ ရှင်…ဒီအပေါ် တက်လာခဲ့”

၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က အော်ပြောလိုက်သည်

“ မင်းက တောင်းဆိုနေတာပဲ”

ငတုံးမလေးက သူ့ကို အထင်သေးနေတာကို သူက ဘယ်လိုလုပ်ပြီးတော့ ဒေါသမထွက်ပဲ နေနိုင်ပါ့မလဲ

၇ယောက်မြောက် ကောင်းကင်ထောက်တိုင် သုံးသွယ် သူတော်စင်၏ အရှိန်အဝါ ပေါက်ကွဲထွက်သွားကာ ဧရာမ ထောက်တိုင်သုံးသွယ်ကို အသက်သွင်းကာ ကျန်းယွင်ရှီးကို ဖိနှိပ်ထားလိုက်သည်။

ထောက်တိုင်သုံးသွယ်က ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေသည့်အတွက် ဧရာမ ထောက်တိုင်သုံးသွယ်ပုံရိပ်သဏ္ဌာန်ကို ပိုပြီး ကြောက်စရာကောင်းသွားစေသည်။

ထိုအရာက ကမ္ဘာဦးအံ့ဖွယ်တောင်ကဲ့သို့ ဖိထားသည်။

သူ၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့အတွက် ၇ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ် သူတော်စင်က အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကို အသက်သွင်းလိုက်သည်။ သူက ကျန်းယွင်ရှီးနှင့် တိုက်ခိုက်ဖို့အတွက် အစွမ်းကုန် ထုတ်သုံးနေသည်။

ကျန်းယွင်ရှီး၏ အကြည့်တို့က နှင်းလိုမျိုး အေးစက်နေသည်။ သူမ၏ ဘေးပတ်လည်တွင် အံ့ဖွယ်အလင်းတန်းက ပတ်လည်ဝန်းရံနေသည့်အတွက် သူမ၏ အရှိန်အဝါက ပိုမိုသိပ်သည်းကာ ကြောက်စရာကောင်းလှသည်။

သူမ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင် သတ္တုဓာတ်နှောနတ်မိုးကြိုး ထွက်လာကာ ဖျက်စီးနိုင်သော စွမ်းအားဖြင့် လေထုထဲသို့ ဝင်ရောက်သွားသည်။

ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို ခံယူနေသကဲ့သို့ လျှပ်စီးကြောင်းများက အဘက်ဘက်သို့ ပျံ့နှံ့နေသည်။

ပေတစ်သောင်းရှိသော ကျားဖြူ ဟိန်းဟောက်လိုက်သည့်အတွက် အာကာပြင်ပင် တုန်လှုပ်သွားကာ ပတ်ဝန်းကျင်ရှိ အာကာပြင်က စတင်ပြိုလဲပြီး ပျက်စီးနေသော အစုအပုံ ဖြစ်သွားသည်။

ကျားဖြူ ပုံရိပ်သဏ္ဌာန်က ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော ကမ္ဘာဦးအံ့ဖွယ် သားရဲတစ်ကောင်အသွင်ဆောင်ပြီး ဧရာမ ထောက်တိုင်သုံးသွယ်ဆီသို့ ဦးတည်သွားသည်။

၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က  ဖိအားမြင့်တက်လာသည်ကို ခံစားမိသည့်အတွက် မျက်နှာထားလည်း ညှိုးငယ်သွားသည်။

“ထောက်တိုင်သုံးသွယ်မှ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖိနှိပ်ခြင်း”

၇ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ် သူတော်စင်က ဧရာမ ထောက်တိုင်သုံးသွယ် ပုံရိပ်သဏ္ဌာန်ကို အသက်သွင်းကာ ကျားဖြူပုံရိပ်သဏ္ဌာန်ဆီသို့ တိုးဝင်သွားစေသည်။

ဧရာမ ထောက်တိုင်သုံးသွယ်က အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကျားဖြူပုံရိပ်သဏ္ဌာန်ကို လွှမ်းခြုံသွားသည်။

အဖြူရောင်အလင်းတန်းက မာကြောသည့်အတွက် ကျားဖြူကို ထောက်တိုင်သုံးသွယ်အတွင်း၌ ဖမ်းချုပ်ထားလိုက်သည်။

တောက်ပသော အံ့ဖွယ်အလင်းတန်းက ဧရာမ ထောက်တိုင်သုံးသွယ်ကို ပတ်လည်ဝန်းရံနေပြီး စွမ်းအင်ပြည့်ပြီး တုန်လှုပ်စေသော အင်အားကို ပိုင်ဆိုင်ထားသည်။ ထိုအရာက ကျားဖြူကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် ဖိချေချင်သကဲ့သို့ ဖိနှိပ်နေသည်။

တစ်ချိန်တည်းမှာပဲ သေးငယ်သော ထောက်တိုင်သုံးသွယ်က ကျန်းယွင်ရှီးဆီသို့ ရွေ့လျားလာသည်။ ထိုအရာက တူညီသော အရာကို ထပ်မံကြိုးစားနေသည်။

ကျန်းယွင်ရှီးက နှာခေါင်းရှုံ့လိုက်သည်။ သတ္တုဓာတ်နတ်မိုးကြိုးက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားကာ ထက်သော မိုးကြိုးဓားသွားများအဖြစ်သို့ ပြောင်းလဲသွားကာ အောက်သို့ တည့်တည့်ပစ်ချလိုက်သည်။

ချွင်…

နှစ်ဖက်လုံး ပွတ်တိုက်မိသွားသည့်အတွက် မီးပွားများပင် နေရာအနှံ့ပြန့်ကျဲသွားသည်။

သေးငယ်သော ငွေရောင် ထောက်တိုင်သုံးသွယ်က သတ္တုဓာတ်နှော နတ်မိုးကြိုးကြောင့် လေထဲသို့ လွင့်ထွက်သွားသည်။ ကျန်ရှိနေသော မိုးကြိုးက ၇ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ် သူတော်စင်သို့ ဦးတည်လာနေပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

မိုးကြိုး လင်းလက်ကခုန်နေသည့်ပုံစံက အံ့ဩမှင်သက်စရာကောင်းလှသည်။

မျက်စိတစ်မှိတ်အတွင်း ၇ယောက်မြောက် ကောင်းကင်ထောက်တိုင်သုံးသွယ် သူတော်စင်က မိုးကြိုးပစ်ခံလိုက်ရသည့်အတွက် တစ်ကိုယ်လုံး မဲတူးသွားသည်။ သူ့ဆံပင်မွေးများ ထောင်သွားကာ လေဟာနယ်စင်မြင့်ပေါ်တွင် ပစ်လဲသွားသည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”

၇ယောက်မြောက် ကောင်းကင် ထောက်တိုင်သုံးသွယ် သူတော်စင်က အရမ်းစွမ်းအားကြီးသည်။ သူက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကို အသုံးပြုကာ ကောင်းကင်အသျှင်တစ်ယောက်ကို အနိုင်ယူနိုင်သည်။

သူက ဘယ်လိုလုပ်ပြီးတော့ ကျန်းယွင်ရှီးရဲ့ လက်ထဲမှာ အလျင်အမြန် ရှုံးနိမ့်သွားရတာလဲ

တစ်ချိန်တည်းမှာပဲ နေသုံးစင်းကလည်း ချီလင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

ဓာတ်ငါးပါး နတ်မိုးကြိုး ပေါက်ကွဲထွက်သွားကာ ကောင်းကင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားစေသည်။

အဆုံးသတ်တွင် နေသုံးစင်း ပြိုကွဲသွားကာ ကောင်းကင်မှ ပုံရိပ်တစ်ခုသည် ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲပြုတ်ကျလာသည်။

ထိုအရာက ၉ယောက်မြောက် နေကိုးစင်း သူတော်စင်ဖြစ်သည်။ သူက လေဟာနယ်စင်မြင့်ပေါ်မှ ဖန်ချန်း ကန်ချတာကို ခံလိုက်ရသည်။

“ ဘာ…”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ ထိတ်လန့်သွားသည်။

“ ၉ယောက်မြောက် နေကိုးစင်း သူတော်စင်လည်း ရှုံးသွားတာလား”

အံ့ဖွယ်မိုးကောင်းကင် တပည့် မျိုးဆက် ဆယ်ဆက်မြောက်က အဲလောက်ထိ ပြိုင်ဘက်ကင်းတာလား

ကျန်းယွင်ရှီးနှင့် ဖန်ချန်းက လေဟာနယ်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်သည်

“ ဒါက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေ လုပ်နိုင်တာ အကုန်ပဲလား။ ဟား…ဟား…ဟား…အရမ်းညံ့တာပဲ”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ဒေါသထွက်သွားသည်။

သူတို့ရဲ့ ဂုဏ်သိက္ခာ အရင်တုန်းက ဒီလောက်ထိ ကျဆင်းခဲ့တာမျိုး ရှိလို့လား

ထိုနှစ်ယောက်ရှေ့တွင် နောက်ထပ် ပါရမီရှင်နှစ်ယောက်က အေးစက်စွာ ရပ်နေကြသည်။

သူတို့က နေကိုးစင်းနှင့် မဟူရာကောင်းကင် အထွတ်အမြတ်မြေများမှ ၇ဆက်မြောက် သူတော်စင်များဖြစ်ကြပြီး သူတို့နှစ်ယောက်လုံးက ကနဦးဝိညာဉ် ထိပ်သီးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့က တောက်ပသော အံ့ဖွယ်အလင်းတန်းများကို ထုတ်လွှတ်နေပြီး သူတို့၏ အရှိန်အဝါများကလည်း အင်မတန် စွမ်းအားကြီးလှသည်။

သူတို့က ခေါင်းစခြေဆုံး သူတို့၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်ထားသည်။

“ မင်းတို့က ဘယ်သူမလို့ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေရဲ့ ဂုဏ်သိက္ခာကို စော်ကားရတာလဲ”

၇ဆက်မြောက် သူတော်စင်နှစ်ယောက် နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့က အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများကို အသက်သွင်းကာ ထိုနှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

အောက်ဖက်မှ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက အော်ပြောလိုက်သည်။

“ မင်းတို့က သိပ်ကို အရှက်မရှိတာပဲ”

“ မင်းတို့က ငါတို့ကို အနိုင်ယူဖို့အတွက် ရှုံးနိမ့်သွားလို့ မင်းတို့ရဲ့ အသုံးအဆောင်တွေကို ပြောင်းလဲလိုက်တာပေါ့လေ”

“ ပြီးတော့ မင်းတို့က ဂျူနီယာလေးနှစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတစ်ဆင်စာတောင် ဝတ်ထားလိုက်သေးတယ်”

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ဒေါသထွက်နေကြသည်။ သူတို့ စောနက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းက သူတို့၏ စွမ်းရည်များ ချို့တဲ့ခြင်းကြောင့် မဟုတ်ပဲ သူတို့ အသုံးအဆောင်ပစ္စည်းများ၏ ကွာဟမှုကြောင့် ဖြစ်သည်။

ယခု ထို အလယ်ပိုင်းကုန်းမြေ ပါရမီရှင်နှစ်ယောက်က တူညီသောနည်းလမ်းကို အသုံးပြုပြီး ကျန်းယွင်ရှီးနှင့် ဖန်ချန်းကို တိုက်ခိုက်ဖို့ ပြင်နေကြသည်။

သူတို့သာ ဒဏ်ရာရမနေပါက ထပ်ပြီးတိုက်ခိုက်ဖို့အတွက် ရှေ့သို့ တိုးသွားမိမည် ဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ဂရုမစိုက်ပေ။ သူတို့က ထိုလူများကို ဂရုမစိုက်ပေ။ သူတို့၏ အသုံးအဆောင်ပစ္စည်းများကို အသုံးပြုပါက တစ်ခုခုမှားယွင်းသွားနိုင်သည်ဆိုတာမျိုး မရှိဘူးဟု သူတို့ ထင်ထားသည်။

အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများမှ တောက်ပသော အံ့ဖွယ်အလင်းတန်းများ ထွက်နေသည်။ ကြောက်စရာကောင်းသော အရှိန်အဝါများလည်း ထုတ်လွှတ်နေသည့်အတွက် အာကာပြင်ကို တုန်လှုပ်သွားစေသည်။

လေဟာနယ်စင်မြင့်က ချက်ချင်း အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည့်အတွက် ဘယ်သူမှ ကောင်းကောင်းမကြည့်နိုင်တော့ပေ။

၇ဆက်မြောက် သူတော်စင် နှစ်ယောက်က ကျန်းယွင်ရှီးနှင့် ဖန်ချန်းတွင် ဆန်းကြယ်သောစွမ်းအားများ ပိုင်ဆိုင်ထားသည်ကို သိလိုက်ရသည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းကို အရမ်းမြင့်သော အဆင့်များထိ ကျင့်ကြံထားကြသည်။

သူတို့သာ ပုံမှန်အတိုင်း တိုက်ခိုက်ပါက အနိုင်ရမည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် သူတို့မှာ များပြားသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်အသျှင်အများစုက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတစ်ခုကိုပင် မပိုင်ဆိုင်ပေ။ သို့သော် သူတို့နှစ်ယောက်ကတော့ ပိုင်ဆိုင်ထားသည်။

၇ဆက်မြောက် သူတော်စင် နှစ်ယောက်က သူတို့၏ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများဖြင့် ထိုနှစ်ယောက်ကို အနိုင်မယူနိုင်တာ မဖြစ်နိုင်ဘူးဟု ယုံကြည်ထားသည်။

ဝုန်း…

ဝုန်း…

ဝုန်း…

လေဟာနယ်စင်မြင့်ပေါ်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

တောက်ပသော အံ့ဖွယ်အလင်းများက နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ အာကာပြင်ကိုပင် ထိုးဖောက်သွားသည်။

ထိတ်လန့်စရာကောင်းသော လှိုင်းလုံးများက ကြက်သီးထဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအရာက ကြောက်စရာကောင်းသော တိုက်ပွဲတစ်ခုဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက အရမ်းယုံကြည်မှုရှိကြသည်။ သူတို့၏ စွမ်းအားနှင့် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများဖြင့်ဆိုလျှင် တခြားအဆင့်တူ အရှေ့ပိုင်းလွင်ပြင် သူတော်စင်များကို ဖိနှိပ်ဖို့အတွက် လုံလောက်မှုရှိသည်။

ထို မျိုးဆက် ဆယ်ဆက်မြောက် ကလေးနှစ်ယောက်ကို ကိုင်တွယ်ဖို့က သူတို့အတွက် အရမ်းလွယ်ကူသည်။

ဝုန်း…

ဝုန်း…

ခန္ဓာကိုယ်အချင်းချင်း တိုက်မိသော အသံများ ထွက်ပေါ်လာသည်။

အဆုံးမဲ့အလင်းတန်းထဲမှ ပုံရိပ်နှစ်ခု ထွက်လာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ဖုန်မှုန့်နှင့် အညစ်အကြေးများ ထွက်ပေါ်လာသည်။

“ ငါ သိနေတယ်။ အဲလိုမျိုး စုတ်ပြတ်နေတဲ့ နယ်မြေကသူတွေက ဘယ်လိုလုပ်ပြီးတော့ အလယ်ပိုင်းကုန်းမြေကို နှိုင်းယှဉ်နိုင်မှာလဲ”

သူတော်စင်များထဲမှ တချို့က လှောင်ရယ်ကာ သူတို့အနိုင်ရပြီဟု ထင်မှတ်နေသည်။

သို့သော် ဖုန်မှုန့်များ ပျက်ပျယ်သွားသည့်အခါ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက လုံးဝ အံ့ဩမှင်သက်သွားကြသည်။

“ညီ…ညီအစ်ကို… ဒါ…ဘယ်လိုလုပ်ပြီးတော့ ရှုံးသွားကြတာလဲ”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက လုံးဝ မိုးကြိုးပစ်ခံထားရသည်။ ကန်ထုတ်ခံလိုက်ရသည့် ပုံရိပ်နှစ်ခုက ၇ဆက်မြောက် သူတော်စင် နှစ်ယောက် ဖြစ်နေသည်။

၇ဆက်မြောက် သူတော်စင်နှစ်ယောက်က အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတစ်ဆင်စာ ဝတ်ထားတာတောင် သူတို့ကို အနိုင်မယူနိုင်ဘူးတဲ့လား

မဖြစ်နိုင်ဘူး... ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

၇ဆက်မြောက် သူတော်စင်နှစ်ယောက်က မြေပြင်ပေါ်မှ ထလာကာ အရမ်းညှိုးနွမ်းနေပုံပေါ်သည်။

၇ဆက်မြောက် မဟူရာကောင်းကင် သူတော်စင်၏ အကြည့်ထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီးပြောလိုက်သည်

“ အဲဒီနှစ်ယောက်က အရမ်းဉာဏ်များတယ်။ သူတို့က ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကို သုံးပြီး ငါ့ကို ရိုက်နှက်တာ။ ငါ့ရဲ့ မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေပြီ”

၇ယောက်မြောက် မဟူရာကောင်းကင် သူတော်စင်၏ မျက်နှာတစ်ခြမ်းလုံး ဖူးယောင်နေသည်။ သူ၏ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းများလည်း အမှိုက်သာသာအဆင့်သာ ရှိတော့သည်။

၇ဆင့်မြောက် နေကိုးစင်းသူတော်စင်က မျက်ရည်များဝဲနေရင်း ပြောလိုက်သည်

“ သူတို့က အရမ်းရက်စက်တယ်။ ငါ…ငါ အကြိမ် ၈၀ ကျော်တောင် မိုးကြိုးနဲ့ ပစ်ခံထားရတာ။ ငါ့ သွားတွေလည်း ကျွတ်ထွက်ကုန်ပြီ”

သူ၏ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများက အပေါက်များဖြင့် ပြည့်နှက်နေပြီး ရှေ့သွားနှစ်ချောင်းလည်း ကျွတ်ထွက်သွားပြီ ဖြစ်၏။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက သူတို့နှစ်ယောက်ကို စိုက်ကြည့်ရင်း ကြက်သီးမွေးညင်း ထသွားကြသည်။ သူတို့သာ အခု တက်သွားပြီး တိုက်ခိုက်ပါက တူညီသော ရလဒ်ကိုသာ ရရှိလာမည်ဖြစ်သည်။

ကျန်းယွင်ထင်က ပြုံးကာ ပြောလိုက်သည်

“ အစ်ကိုကြီး နည်းနည်းတော့ လွန်သွားသလားလို့။ အစ်ကိုကြီးက သူ့ကို ဘယ်လိုလုပ်ပြီးတော့ အကြိမ် ၈၀ ကျော်တောင် မိုးကြိုးနဲ့ ပစ်လိုက်ရတာလဲ။ အဲလောက်ထိ လိုအပ်လို့လား။ ကျွန်တော်တို့ အားလုံးထက် ငြိမ်းချမ်းမှုနဲ့ လိုက်လျောညီထွေမှုကို ဦးစားပေးရမယ်”

သူပြောသော စကားများကို ကြားပြီး လူအုပ်က နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

ဒါဆိုလည်း မင်းရဲ့ အစ်ကိုကြီးကို သွားတားချည်လေ

ငြိမ်းချမ်းမှုနဲ့ လိုက်လျောညီထွေမှုအကြောင်းပြောပြီးတော့ အဲဒီသူတော်စင်တွေ ရိုက်နှက်ခံရတာကို ပြုံးပြုံးကြီးနဲ့ ထိုင်ကြည့်နေရတယ်လို့

ဘယ်သူက မင်းကို ယုံကြည်မှာလဲ

မင်းက သိုးရေခြုံတဲ့ ဝံပုလွေတစ်ကောင်ပဲ

အလင်းတန်း လွင့်စင်ပပျောက်သွားပြီးနောက် ကျန်းယွင်ရှီးနှင့် ဖန်ချန်းတို့ ပြန်လည်ထွက်ပေါ်လာသည်။

တစ်ယောက်က ရွှေရောင်ဇာမဏီအထွတ်အမြတ်ဓားကို ကိုင်ဆောင်ထားပြီး ကျန်တစ်ယောက်က နဂါးလှံတံကို ကိုင်ဆောင်ထားသည်။

ထိုလက်နက်များ၏ အရှိန်အဝါက အရမ်းပြိုင်ဘက်ကင်းပြီး ဝိဇ္ဇာတစ်ယောက်၏ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့က တကယ်ကို ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေပဲ

၇ဆက်မြောက် သူတော်စင်နှစ်ယောက် ရှုံးသွားတာက အဆန်းတော့ မဟုတ်ပါဘူး

အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းက ဘယ်လိုလုပ်ပြီးတော့ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းနဲ့ နှိုင်းယှဉ်လို့ ရနိုင်မှာလဲ

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက မေးလိုက်သည်

“ မင်းတို့က ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေကို သုံးတာလား”

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက လှောင်ရယ်ကာ ပြောလိုက်သည်

“ သူတို့ အဲလိုသုံးတော့ ဘာဖြစ်လဲ”

“ မင်းတို့က မွဲတေနေတဲ့ အရှုံးသမားတွေပါ။ မင်းတို့ဆီမှာလည်း ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းရှိရင် ဆက်ပြီးတော့ သုံးလိုက်လေ”

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက လှောင်ပြောင်လိုက်သည်။

သူတို့က စောနက အရမ်းကို သနားဖို့ကောင်းပြီး ဒေါသထွက်ခဲ့ရသည်။ ယခု အခုလိုမျိုး ပြန်ဖြစ်သွားသည့်အတွက် အတော်လေး ခံစားချက် ကောင်းနေသည်။

အခု အလယ်ပိုင်းကုန်းမြေပါရမီရှင် နှစ်ယောက်က သူတို့ထက် ညှိုးနွမ်းနေတဲ့ ပုံစံကို ကြည့်လိုက်ပါဦး။ ဘယ်လောက်တောင် ခံစားချက် ကောင်းလိုက်သလဲ

သူတို့က အဲလိုနဲ့တန်တယ်။ မင်းတို့က စောစောက ငါတို့ကို အဲလိုပုံစံမျိုးနဲ့ အနိုင်ကျင့်ခဲ့တာပဲလေ

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များလည်း စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ ထိုနှစ်ယောက်တွင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများ ရှိနေမည်ဟု ထင်မထားခဲ့ပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဒီနှစ်တွေအတွင်း ဒီလောက်ထိ ချမ်းသာအောင်တောင် လုပ်နိုင်ခဲ့တာလား

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ နှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။

အဲဒီ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တစ်စုက သူတို့ကို လှောင်ပြောင်နေတာလေ

ပိုပြီးစီနီယာကျသော သူတော်စင်က ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းနှစ်ခုကို ထုတ်ယူကာ သူတော်စင်နှစ်ယောက်ဆီသို့ ကမ်းပေးရင်း ပြောလိုက်သည်

“ ဒီဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေကို သုံးပြီးတော့ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်။ အလယ်ပိုင်းကုန်းမြေရဲ့ ဂုဏ်သိက္ခာကို တခြားသူတွေ စော်ကားခွင့်မပြုနိုင်ဘူး”

အလယ်ပိုင်းကုန်းမြေ အထွတ်အမြတ်မြေများက အရမ်းချမ်းသာသည့်အတွက် ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများလည်း ရှိသည်။

သို့သော် ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများက အရမ်းတန်ဖိုးရှိလှသည်။ ထိုအရာများကို ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိ သူတော်စင်များကိုသာ ပေးလေ့ရှိပြီး သူတို့ကလည်း စံနမူနာယူထိုက်သည့် ပါရမီရှင်များဖြစ်ဖို့ လိုအပ်သည်။

ထိုစီနီယာ သူတော်စင်များက အလယ်ပိုင်းကုန်းမြေ၏ ဂုဏ်သိက္ခာ ဒီလိုပုံစံဖြင့် စော်ကားခံရသည်ကို လက်ပိုက်ပြီး ကြည့်မနေနိုင်ပေ။ ရလဒ်အနေဖြင့် သူတို့က ၇ဆက်မြောက် သူတော်စင်နှစ်ယောက်ကို ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများ ငှားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများကို ဆုပ်ကိုင်ပြီးနောက် ၇ယောက်မြောက် သူတော်စင်နှစ်ယောက်က ယုံကြည်မှု ပြန်လည်ရရှိလာကြသည်။ သူတို့ လုပ်နိုင်စွမ်း ပြန်လည်ရရှိလာသည်ဟု ခံစားလိုက်ရသည်။

“ အားလုံးပဲ မစိုးရိမ်ပါနဲ့။ ငါ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ့မယ်”

၇ယောက်မြောက် သူတော်စင်နှစ်ယောက်က သူတို့ ဆုံးရှုံးသွားသည်များကို ပြန်လည်ရယူဖို့အတွက် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကို ဆုပ်ကိုင်ထားရင်း ရှေ့တက်လာသည်။

ဂျိန်း…ဂျိန်း…ဂျိန်း…

ဝုန်း..ဝုန်း…ဝုန်း…

သိပ်မကြာခင်တွင် ၇ယောက်မြောက် သူတော်စင်နှစ်ယောက်က တူညီသော အပြုအမူဖြင့် ပြန်လာသော်လည်း သူတို့၏ ပုံစံများက မတူညီတော့ပေ။

အစောပိုင်းတုန်းက ၇ယောက်မြောက် ကောင်းကင်နက် သူတော်စင်၏ မျက်နှာက တစ်ခြမ်းသာ ဖူးယောင်နေသော်လည်း ယခု မျက်နှာတစ်ခုလုံး ဖူးယောင်နေသည်။ သူ့ ခေါင်းတစ်ခုလုံးလည်း ဝက်ခေါင်းလိုမျိုး ဖူးယောင်နေသည်။

၇ယောက်မြောက် နေကိုးစင်း သူတော်စင်က ပိုပြီးတော့ပင် ဆိုးသေးသည်။ သူ၏ ရှေ့သွားများအားလုံး ကျွတ်ထွက်သွားသည်။

ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကို အသုံးပြုလျှင်ပင် သူတို့က ကျန်းယွင်ရှီးနှင့် ဖန်ချန်းကို အနိုင်မယူနိုင်သေးပေ။

လူအများကြီး ရှေ့တွင် နှစ်ခါဆက်တိုက် ရှုံးနိမ့်ထားသည့်အတွက် ၇ယောက်မြောက် သူတော်စင်နှစ်ယောက်က မျက်ရည်များပင် ကျလုဆဲဆဲဖြစ်နေသည်။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များပင် သူတို့အတွက် စိတ်မကောင်းမဖြစ်ပဲ မနေနိုင်ပေ။

၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သွားကြားထဲမှ လေတွေထွက်ရင်း ပြောလိုက်သည်

“ ဟေး…မိတ်ဆွေ ဒီလိုလုပ်ဖို့ လိုအပ်လို့လား။ ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ဖို့အတွက် ခင်ဗျားရဲ့ သွားတွေကို စတေးဖို့ ဆန္ဒရှိလို့လား။ ကျုပ်တို့ နှစ်ယောက်လုံး သွားတွေကို ဆုံးရှုံးထားတယ်ဆိုပေမဲ့ ခင်ဗျားက ကျုပ်ထက် အများကြီး ဆုံးရှုံးထားတယ်နော်။

ခင်ဗျားက အရမ်းကောင်းတာပဲ။ ခင်ဗျားရဲ့ ကြင်နာမှုကို လက်မခံနိုင်တော့ဘူး”

၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝမ်းနည်းညှိုးငယ်သည့်ပုံစံ လုပ်ပြချင်သော်လည်း မလှောင်ပြောင်ပဲ မနေနိုင်ပေ။

ရှေ့သွားကို ဆုံးရှုံးလိုက်ရပြီဆိုရင် အရာအားလုံးက သိသာနေပြီပဲ

၇ယောက်မြောက် နေကိုးစင်း သူတော်စင်၏ မျက်နှာက ဒေါသကြောင့် နီရဲလာကာ စကားပြောလိုက်သည်

“ ရှူရှီရာ…ရှစ်ရှရှား…”

၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူပြောတာကို သေချာနားလည်လိုက်သော်လည်း နားမလည်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်

“ ဂျူနီယာညီမလေးလို့ ပြောလိုက်တာလား။ ဟုတ်တယ် … ခင်ဗျားကို အနိုင်ပိုင်းပြီးတော့ စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ တစ်ယောက်က ကျုပ်ရဲ့ ဂိုဏ်းတူညီမလေး ဟုတ်တယ်လေ”

အဟွတ်…

၇ယောက်မြောက် နေကိုးစင်းသူတော်စင်က သွေးများ အန်ထွက်သွားမိသည်။ ထိုအရာက ကိုယ်တွင်းဒဏ်ရာကြောင့်လား အလွန်အမင်းဒေါသထွက်တာကြောင့်လားဆိုတာကိုတော့ ဘယ်သူမှ မသိပေ။

ကောင်းကင်က တစ်ခါ ထပ်မံရှင်းလင်းသွားပြန်သည်။ ကျန်းယွင်ရှီးနှင့် ဖန်ချန်းတို့ကို မိုးကြိုးဖြင့် လွှမ်းခြုံသွားသည်။ သူတို့ကို ကြည့်ရတာ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များပေါ်သို့ စိုက်ကြည့်နေသော မိုးကြိုးနတ်ဘုရားများကဲ့သို့ ခံစားရသည်။

“ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေ လုပ်နိုင်တာ ဒါ အကုန်ပဲလား။ ဒါလေးပဲလား။ အရမ်းညံ့တာပဲ။ အဲဒီအစား ခင်ဗျားတို့ရဲ့ ကောင်းကင်အသျှင်ကို လွှတ်လိုက်တာ ပိုကောင်းမယ်”

ကျန်းယွင်ရှီးနှင့် ဖန်ချန်းတို့က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို စားသုံးထားကြသည်။ သူတို့၏ ခန္ဓာတည်ဆောက်ပုံနှင့် မွေးရာပါ စွမ်းရည်က မြင့်သော အဆင့်များသို့ မြင့်တက်သွားခဲ့လေသည်။

သူတို့၏ စွမ်းအားများက သာမန်ပါရမီရှင်တစ်ယောက်၏ အထက်မှာ ရှိလေ၏။

ကနဦးဝိညာဉ် အလယ်ပိုင်ကုန်းမြေ ပါရမီရှင်များအတွက် သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ဒေါသထွက်နေကြသည်။

“ မောက်မာလိုက်တဲ့ လူငယ်တွေ။”

“ ဒီနေ့ ငါတို့ကို ကြောက်ပြီး လေးစားလာဖို့အတွက် သင်ခန်းစာကောင်းကောင်း သင်ပေးရမယ်”

အလယ်ပိုင်းကုန်းမြေမှ စီနီယာသူတော်စင်လည်း ဒီအတိုင်း ထိုင်မနေနိုင်တော့ပေ။ ဒီလိုသာ ဆက်ဖြစ်သွားပါက အလယ်ပိုင်းကုန်းမြေပါရမီရှင်များ၏ ဂုဏ်သိက္ခာလည်း ရေစုံမြောသွားလိမ့်မည်။

ပုံရိပ်ဆယ်ခု ထွက်လာသည်။ သူတို့က အထွတ်အမြတ်မြေ အသီးသီးမှ စီနီယာသူတော်စင်များ ဖြစ်သည်။ သူတို့က အရမ်းစွမ်းအားကြီးပြီး ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်ကိုပင် ရောက်ရှိနေပြီဖြစ်သည်။

သူတို့ဆယ်ယောက်လုံးက စိတ်လှုပ်ရှားစေနိုင်လောက်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကောင်းကင်၏ အရောင်ပင် စတင်ပြောင်းလဲလာသည်။

အစီအရင်လှိုင်းလုံးများ ထွက်လာကာ တိမ်တိုက်များထဲသို့ ထိုးဖောက်ထွက်သွားသည်။ နေမင်းကို ဖုံးအုပ်လိုက်ပြီး ကောင်းကင်က မှေးမှိန်သွားသည်။

သူတို့၏ စီနီယာသူတော်စင်များအားလုံး ဒေါသထွက်နေကြသည်။ သူတို့က စွမ်းအားအကြီးဆုံးအခြေအနေသို့ အသက်သွင်းထားပြီးပြီဖြစ်ပြီး သူတို့နှစ်ယောက်ကို ဆုံးမဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်သည်။

“ ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မကို ကျွန်တော်တို့ ကူညီပါရစေ”

ကျောက်ဟောင်ကလည်း ရှေ့ထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ တောက်ပနေသော အံ့ဖွယ်မီးတောက်က ကြက်သွေးရောင် ဇာမဏီအဖြစ် အသွင်ပြောင်းကာ ကောင်းကင်တွင် ဝဲပျံနေသည်။

ကျန်းယွင်ထင်က ရှေ့သို့ တိုးသွားကာ နဂါးစိမ်း ပုံရိပ်သဏ္ဌာန်ကို ဖန်တီးကာ ဖန်ချန်းနှင့် ကျန်းယွင်ရှီးကို ကူညီဖို့အတွက် အသင့်ပြင်ထားသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ထိပ်သီးပါရမီရှင် လေးယောက်က အားအင်များစုပေါင်းကာ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။

အလယ်ပိုင်းကုန်းမြေ ကောင်းကင်အသျှင် ဆယ်ယောက်က လုံးဝ စိတ်မလှုပ်ရှားပေ။

“ မင်းတို့နှစ်ယောက် ထပ်ပြီး ရှိနေတော့ရော ဘာဖြစ်လဲ။ ဒါက အသုံးမဝင်ဘူး”

“အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေအကုန်လုံး စုပေါင်းတိုက်ခိုက်မယ်ဆိုရင်တောင် မင်းတို့အားလုံး ဒီနေ့ လေဟာနယ်စင်မြင့်ပေါ်ကနေ ကန်ချခံရမယ်”

ကောင်းကင်အသျှင် ဆယ်ယောက်က အင်မတန် ဂုဏ်မောက်နေကြသည်။ သူတို့က အသီးသီးသော အထွတ်အမြတ်မြေများတွင် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ရဲ့ တိုက်ပွဲစွမ်းရည်နဲ့ဆိုရင် ကနဦးဝိညာဉ် ဂျူနီယာလေးတွေကို အနိုင်ယူဖို့ ကျရှုံးတာမျိုး ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

“ တိုက်ခိုက်ကြမယ်”

“ တိုက်ခိုက်ကြ”

“ တိုက်ခိုက်”

“ တိုက်ခိုက်”

အသံလေးသံက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်က စကားပြောပြီး အချိန်ကို မဖြုန်းတီးပစ်ပေ။ သူတို့၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော မိုးကြိုးများ ထွက်ပေါ်လာကာ မိုးကြိုးပင်လယ်တစ်ခုကို ဖန်တီးလိုက်သည်။ သူတို့၏ ရည်ရွယ်ချက်ကို အသိပေးသည်ဆိုတာက ပိုသည်။

သူတို့ရဲ့ ပြိုင်ဘက်က ကောင်းကင်အသျှင်တွေ ဖြစ်နေတော့ရော ဘာဖြစ်လဲ

သူတို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် သူတို့အားလုံးကို သုတ်သစ်ပစ်လို့ရတယ်

“ သတ်ပစ်”

ကြောက်စရာကောင်းသော ပုံရိပ်သဏ္ဌာန်များ ထွက်လာပြီးနောက် ကောင်းကင်အသျှင် ဆယ်ယောက်က အေးစက်စွာ အော်ဟစ်လိုက်ကြသည်။

အာကာပြင်အပိုင်းအစများ တုန်လှုပ်သွားသည့်အတွက် များပြားသော ကနဦးဝိညာဉ်ကျင့်ကြံသူများလည်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကောင်းကင်အသျှင်တစ်ယောက်၏ ဒေါသက ကမ္ဘာလောကကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် လုံလောက်သည်။

ဖန်ချန်းက အရင်ဆုံး ရှေ့တိုးလာကာ အော်လိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် ကာကွယ်ရေး အစီအရင်”

ဖန်ချန်း၏ အံဖွယ်ချီလင် ပုံရိပ်သဏ္ဌာန်က ပထမဆုံးပေါ်ထွက်လာပြီးနောက် ကျားဖြူပုံရိပ်သဏ္ဌာန်၊ နဂါးစိမ်း ပုံရိပ်သဏ္ဌာန်နှင့် ကြက်သွေးရောင် ဇာမဏီပုံရိပ်သဏ္ဌာန်တို့လည်း ထပ်မံထွက်ပေါ်လာသည်။

အဆုံးမဲ့ ပုံရိပ်သဏ္ဌာန်များက နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ကောင်းကင်တစ်ခွင်လုံးကို ပိတ်ဆို့ထားသည်။ နေရာတစ်ခုလုံးကို အရိပ်များဖြင့် လွှမ်းခြုံထားသည်။

ကောင်းကင်မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာကာ တောက်ပသော ဖျက်စီးနိုင်စွမ်းကြီးသော အံ့ဖွယ်စွမ်းအားများကို ထုတ်လွှတ်နေသည်။ ဤကမ္ဘာမြေအစိတ်အပိုင်းကို ဖျက်စီးခံရတော့မည်ဟု ခံစားနေမိသည်။

ထိုအရာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အံ့ဖွယ်မိုးကောင်းကင် ကောင်းကင်မိုးကြိုး ကာကွယ်ရေး အစီအရင်ဖြစ်သည်။ အံ့ဖွယ်မိုးကောင်းကင် ထိပ်သီး ပါရမီရှင် လေးယောက်က ထောက်ပံ့ပေးလိုက်သည့်အတွက် သူ့စွမ်းအားက ကောင်းကင်အသျှင်များကိုပင် အနိုင်ယူဖို့အတွက် လုံလောက်မှုရှိသည်။

ဝုန်း…

မိုးကြိုးပေါက်ကွဲကာ လင်းလက်သွားသည်။

လေဟာနယ်စင်မြင့်ပေါ်တွင် မိုးကြိုးတိမ်တိုက်များ စုစည်းလာကာ ကြက်သီးထစရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

၇ယောက်မြောက် နေကိုးစင်းသူတော်စင် တုန်လှုပ်သွားသည်။ သူက ယခု မိုးကြိုးကို မနှစ်သက်ခြင်းမျိုးရှိနေသည်။ တိုက်ခိုက်နေစဉ်အတွင်း မိုးကြိုးဖြင့် အကြိမ်ပေါင်းတစ်ရာကျော် ပစ်ချခံခဲ့ရသည်။

၇ယောက်မြောက် နေကိုးစင်းသူတော်စင်က သွားထဲမှ လေတွေထွက်ရင်း ပြောလိုက်သည်

“ရှီ ရှာရွယ်ရေး အရှီအရင်ရှ အရှမ်း ရှောက်ရှို့ရှောင်းရှယ်…”

အလယ်ပိုင်းကုန်းမြေပါရမီရှင်များ နားမလည်ကြပေ။

မင်း ဘာတွေပြောနေတာလဲ

သွားများကို ဆုံးရှုံးသွားပြီးနောက် သူ ပြောသော စကားများကို ဘယ်သူမှ နားမလည်ကြတော့ပေ။

မမျှော်လင့်ထားစွာဖြင့် ၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပြုံးရင်း ရှေ့သိုတိုးလာကာ ပြောလိုက်သည်

“ ငါသိတယ်။ သူပြောလိုက်တာ ဒီ ကာကွယ်ရေး အစီအရင်က အတော်လေး ကြောက်ဖို့ကောင်းတယ်တဲ့”

အလယ်ပိုင်းကုန်းမြေပါရမီရှင်များနှင့် အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ဘာပြန်ပြောရမယ်မှန်းပင် မသိတော့ပေ။

ဒါကို ဘယ်လိုလုပ်ပြီးတော့ နားလည်နိုင်ရတာလဲ

ဝိုး…

၇ယောက်မြောက် နေကိုးစင်းသူတော်စင်လည်း အံ့ဩမှင်သက်သွားသည်။

၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နောက်လှည့်ကာ ပြုံးပြလိုက်သည်။

ထိုအချိန်တွင် ၇ယောက်မြောက် နေကိုးစင်းသူတော်စင်၏ နှလုံးသားထဲ နွေးထွေးသွားသည်။

၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ငါက တကယ်ကို လိုက်လျောညီထွေဖြစ်တာပဲ

All Chapters