အန္တိမ
Vol. 84 Ch. 1274
ချန်လွေ့၏ လက်ထဲမှ မှော်ဖဲချပ်သည် တောက်ပသော အမှုန်များ အဖြစ်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
မျက်နှာချင်းဆိုင် နေရာလွတ် အထဲတွင် ဝိုးတဝါး အရိပ်တစ်ခုက ဖျော့တော့စွာ ပေါ်လာပြီး သွေးနီရောင် ပြသနေသည်။
သွေးနီရောင် အရိပ်ထဲတွင် ပထမဆုံး ထင်ရှားလာခဲ့သော အစိတ်အပိုင်းမှာ မျက်လုံး ဖြစ်သည်။ ၎င်းတွင် သွေးနီရောင် မျက်ဆံ ရှိနေသည်။ ၎င်းက ထာဝရ ဖြစ်သော မူလနှင့် အန္တိမ အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
ထိုအကြည့်မျိုးသည် အိပ်မက်ဆိုး မီးတောင်သို့ ရောက်ရှိလာစ ချန်လွေ့သာ ဖြစ်ခဲ့လျှင် တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်း ခံရပေလိမ့်မည်။ ဖရိုဖရဲဘုံ အခြေအနေသို့ ရောက်လာစ ဖြစ်လျှင်ပင် ထိုအကြည့်မျိုး အောက်တွင် သူ၏ ဝိညာဉ်နှင့် စိတ်ဆန္ဒ ပြိုကွဲသွားပေလိမ့်မည်။
သို့သော် လက်ရှိ ချန်လွေ့သည် သူ၏ စိတ်ကို မဆုံးရှုံးခဲ့ပေ။ သူက ထိုမျက်လုံးကို တည့်တည့်သာ ကြည့်နေခဲ့သည်။
မျက်လုံး ပတ်ပတ်လည်မှ ပုံရိပ်သည် တဖြည်းဖြည်း ရှင်းလင်းလာပြီး လူသား ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှေ့တွင် တည့်တည့် ရှိနေသော်လည်း လက်လှမ်း၍ မမီနိုင်သော ခံစားချက်ကို ပေးခဲ့သည်။ အပေါ်ယံတွင် ကြီးကျယ် ခမ်းနားပြီး အံ့ဩဖွယ်ရာ စွမ်းအား မရှိသော်လည်း ယခင်က တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်ရှိသော မကောင်းဆိုးဝါးများ အားလုံးက ထိုပုဂ္ဂိုလ်၏ စွမ်းအားအောက် အလွယ်တကူ ရှင်းလင်းခံလိုက်ရသည်။
ထိုပုဂ္ဂိုလ်၏ အသွင်အပြင်သည် တစ်စိတ်တစ်ပိုင်း မြင်သာပြီး အပြစ် အနာအဆာ ကင်းမဲ့ပုံရ၏။ အထင်ရှားဆုံး အရာမှာ မျက်လုံးပင်။ ဘယ်မျက်လုံးက သွေးနီရောင်မျက်ဆံ ဖြစ်နေပြီး ညာဘက် မျက်လုံးသည် ဟင်းလင်း ဖြစ်နေသော အနက်ရောင်ပင်။ ချန်လွေ့၏ စိတ်ထဲတွင် ရုတ်တရက် ဉာဏ်အလင်း ရလာခဲ့သည်။ အသူရာချောက်နက်...
နောက်ကွယ်ကနေ အရာအားလုံးကို ကြိုးကိုင် ခြယ်လှယ်နေတဲ့ စိတ်ဆန္ဒက၊ တကယ့် အသူရာချောက်နက် စိတ်ဆန္ဒက နတ်ဘုရားတွေ မဟုတ်ဘဲနဲ့ အန္တိမ နတ်ဘုရား ဖြစ်နေတာကိုး။
နတ်ဘုရားတွေ ကျဆုံးသွားပြီးတော့ ဘာလို့ အမှောင်ထု နတ်ဘုရားဘဝနဲ့ ပြန်မွေးဖွားလာကြတာလဲ။
အဲဒီအခိုက်အတန့်ကနေ စပြီးတော့ နတ်ဘုရားတွေက အန္တိမနတ်ဘုရားရဲ့ စစ်တုရင်ခုံပေါ်ကို ကျရောက်သွားခဲ့ပြီ။ ပြီးတော့ နတ်ဘုရားတွေ လောကကို အမှန်တကယ် ဖျက်ဆီးပြီး အပြည့်အဝ ပြန်ကောင်းလာရင်တောင် အသူရာချောက်နက် စိတ်ဆန္ဒက ချိပ်ပိတ်က လွတ်မြောက်ဖို့နှင့် ပြန်လည် ရှင်သန်ရန် ကျိန်စာထဲက စွမ်းအား အချို့ကို အသုံးပြုပြီးတော့ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာခဲ့မှာပဲ။
အန္တိမနတ်ဘုရားရဲ့ အစီအစဉ်ကြီးထဲမှာ အဲဒီနတ်ဘုရားများတွေက ကြိုးကိုင် ခြယ်လှယ်ခံရတဲ့ ရုပ်သေးရုပ်တွေပဲ။
ပတ်ဝန်းကျင်မှ နေရာလွတ်က အခြား တည်နေရာတစ်ခု ဖြစ်လာခဲ့လေသည်။ ထိုနေရာသည် ချန်လွေ့အတွက် အစိမ်း မဟုတ်ပေ။
အန္တိမနတ်ဘုရားကို ချိပ်ပိတ်ထားသော ဒြပ်စင်လောကပင်။ ယခုတွင် ထိုနေရာ၌ ဒြပ်စင်များ၏ အငွေ့အသက်ကို မခံစားနိုင် တော့ပေ။ သူ ခံစားရသည်မှာ အဆပေါင်း ထောင်နှင့်ချီ ပိုကြီးမားပြီး ကျယ်ပြန့်သော အခြား အငွေ့အသက်တစ်မျိုး ဖြစ်သည်။
မသေနိုင်ဟု ယူဆရသော အဓိဒြပ်စင် သံတမန်များ အပါအဝင် ဒြပ်စင်လောက အသက် စွမ်းအားများက အရိပ်အယောင် မကျန် ပျောက်ကွယ်သွားခဲ့သည်။
စကြဝဠာ စည်းမျဉ်းမှာ အသက်ရှိလျှင် သေဆုံးခြင်း ရှိသည်။ စကြဝဠာ တစ်ခုလုံး၏ စည်းမျဉ်းကို မကျော်လွန် သ၍ စစ်မှန်သော မသေနိုင်သည့် တည်ရှိမှု မရှိနိုင်ပေ။
ချန်လွေ့သည် ဒြပ်စင်လောကတွင် မည်သည့် ဖြစ်ခဲ့ကြောင်းကို မစုံစမ်းခဲ့ပေ။ သူ၏ အရှေ့မှ လူကိုသာ ကြည့်နေခဲ့၏။
ထိုလူ၏ လက်ထဲတွင် အလင်းတန်း သုံးခု ရှိနေပြီး အစစ်မှန်ဆုံး ဇစ်မြစ် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဖန်တီးခြင်း၊ ပျက်စီးခြင်း၊ သေခြင်းနှင့် ရှင်ခြင်း။
ဖန်ဆင်းရှင်သည် မူလစကြဝဠာကို သုံးရက်အတွင်း ဖျက်ဆီး ခဲ့ပြီးနောက် စကြဝဠာကို သုံးရက်အတွင်း ဖန်တီး ခဲ့သည်ဟူသော ဒဏ္ဍာရီ ရှိခဲ့သည်။ ပျက်စီးခြင်းနှင့် ဖန်တီးခြင်း အကြားတွင် အခြား တစ်ရက် ရှိနေသေး၏။ စုစုပေါင်း ခုနစ်ရက်ပင်။
ချန်လွေ့ သူ၏ ယခင် အသိစိတ်တွင် စကြဝဠာဖန်တီးမှု လုပ်ငန်းစဉ်ကို မြင်တွေ့ ခဲ့ရပြီးနောက် စူပါစနစ်၏ လုပ်ငန်းစဉ်နှင့် ပေါင်းစပ်လိုက်ရာ ပိုမို၍ နားလည် သဘောပေါက် လာခဲ့သည်။ ပထမ သုံးရက်က မရှိခြင်းတွင် ရှိခြင်းကို ချက်လုပ်ခြင်းဖြစ်ပြီး၊ စတုတ္ထမြောက် နေ့ရက်သည် အလျှို့ဝှက်ဆန်းကြယ်ဆုံး ဘာမှမရှိရာမှ တစ်ခုခု ဖန်တီးခြင်း ဖြစ်ပြီး၊ တတိယနေ့မှာ ရှိခြင်းကို ဖန်တီးခြင်းပင်။
တောက်တီချင်းတွင် ဖော်ပြထားသည့် အတိုင်း ဖြစ်သည်။ အမည်မရှိခြင်းက အရာအားလုံး၏ အစ ဖြစ်ပြီး အမည် ရှိခြင်းက အရာအားလုံး၏ မိခင်ဖြစ်သည်... ထိုနှစ်ခုသည် တူညီသော အရင်းအမြစ်မှ ပေါက်ဖွားသော်လည်း အမည် ကွဲပြား၏။ သူတို့က လျှို့ဝှက်ဆန်းကြယ်မှု အားလုံး၏ တံခါးများပင်။
အန္တိမနတ်ဘုရား။ အန္တိမသော့၏ ဆင့်ခေါ်မှုအောက်တွင် ချိပ်ပိတ်ခြင်းမှ လွတ်မြောက်သွားခဲ့သည်။ ထို့အပြင် သူက ရှိခြင်း၊ မရှိခြင်းနှင့် မရှိခြင်းဖြစ်ခြင်း၏ ဆန်းကြယ်မှု သုံးခုကို ကိုယ်စားပြုသော အစွမ်းအထက်ဆုံး ဇစ်မြစ်ကိုလည်း ထိန်းချုပ်ထားသည်။
“မင်း ဘယ်သူလဲ။” ကောင်းကင်ကဲ့သို့ နက်ရှိုင်းသော အသံက သံသယများဖြင့် ပြည့်နှက်နေခဲ့လေသည်။ ထိုပုရွက်ဆိတ် ရှင်းလင်းခြင်း မခံရသည်မှာ ထူးဆန်းနေ သကဲ့သို့။ ခီလီယာနာ၏ လွှမ်းမိုးထားသော စိတ်ဆန္ဒကို ချန်လွေ့ မစိမ်းသော်လည်း အန္တိမနတ်ဘုရား၏ မျက်လုံးများထဲတွင် ထိုကဲ့သို့သော ပုရွက်ဆိတ်မျိုးသည် မှတ်မိရန် လုံးဝ မထိုက်တန်ပေ။
ချန်လွေ့ အသံ မပြုခဲ့ပေ။ ထိုအစား သူက သူ၏ဝိညာဉ်ထဲတွင် တုန်ခါနေသော ထိုစကားလုံးများ၏ စွမ်းအားကို တိတ်ဆိတ်စွာ ခံစားပြီး နားလည် သဘောပေါက်နေခဲ့သည်။
“ဖြေစမ်း...”
ပတ်ဝန်းကျင်မှ နေရာလွတ် တုန်ခါသွားပြီး မရေတွက်နိုင်သော ဆုတ်ဖြဲနေသော စွမ်းအားများ ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သော်လည်း စွမ်းအား အချို့ကြောင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ မှော်ဖဲချပ်မှ ယခင်က ပျောက်ကွယ်သွားသော အလင်းစက်များ ဖြစ်နေ၏။ ၎င်းတို့ ပျောက်ကွယ်မသွားဘဲ သူ့ကို ဖုံးလွှမ်းပြီး ကာကွယ်ထားသည်။
ထိုအင်အား၏ တိုက်ခိုက်မှုအောက်တွင် အလင်းစက်များက ၎င်းတို့၏ နောက်ဆုံး ပုံစံများကို ဖော်ပြလိုက်ကြသည်။ ဓား၊ လက်စွပ်၊ မျက်နှာဖုံး၊ ဒိုင်း၊ ချပ်ကာ၊ ဝတ်ရုံ နှင့် ဖိနပ်တို့ပင်။
ပျောက်သွားခဲ့သော အဆောင်ပစ္စည်း ခုနစ်ခု အစုံအလင်သည် ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်မံဖုံးလွှမ်းသွားပြီး တစ်ခုတည်း အဖြစ်သို့ ချိတ်ဆက်ကာ ယခင်က မရှိခဲ့ဖူးသော သန့်စင်လှသည့် စွမ်းအားကို ထုတ်လွှတ်နေသည်။ ၎င်းတွင် သေခြင်းနှင့် ရှင်ခြင်း အကြားမှ အချို့သော အန္တိမ အမှန်တရား ပါဝင်နေသည်။ ထိုသို့ အရာများက စစ်မှန်သော အဆောင်ပစ္စည်း ခုနစ်ခု ဖြစ်ပြီး လူစီဖာက သူ့အတွက် ချန်ခဲ့သော နောက်ဆုံး လက်ဆောင်လည်း ဖြစ်သည်။
အဆောင်ပစ္စည်း ခုနစ်ခုတွင် တစ်ချိန်က လူစီဖာ၏ ဝိညာဉ်စွမ်းအား ပါဝင်ခဲ့ပြီး ၎င်းမှာ သေခြင်းနှင့် ရှင်ခြင်း စာအုပ်၏ ဇစ်မြစ် အစိတ်အပိုင်း ဖြစ်သည်။ ဒုတိယ နတ်ဘုရားများ၏ ဆည်းဆာချိန် ပြီးနောက် လူစီဖာ၏ ဝိညာဉ်သည် အန္တိမသော့နှင့်အတူ ခုနစ်ပိုင်း ကွဲသွားပြီး နတ်ဆိုးဘုံထဲသို့ ကျရောက်သွားခဲ့သည်။ သေခြင်းနှင့် ရှင်ခြင်း စာအုပ်၏ ဇစ်မြစ် စွမ်းအား လွှမ်းမိုးမှုကြောင့် နတ်ဆိုးဘုံ၌ တော်ဝင်မိသားစု ခုနစ်ခု မွေးဖွားလာခဲ့၏။
၎င်းမှာ အဆောင်ပစ္စည်း ခုနစ်ခုကို တော်ဝင်မိသားစု ခုနစ်ခုသာ အသက် သွင်းနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ မှန်ပေသည်။ ချန်လွေ့မှ လွဲ၍ပင်။
ယနေ့ အဆောင်ပစ္စည်း ခုနစ်ခုသည် အန္တိမသော့ မဟုတ်တော့ဘဲ အမွေအနှစ် ၇ ခု ဖြစ်သည်။
“ဝိညာဉ် ဆုံးရှုံးသွားတဲ့ အမှိုက်ပဲ။” မျက်နှာချင်းဆိုင်မှ အန္တိမနတ်ဘုရား၏ အသံတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် တစ်ခု ရှိနေသည်။ မထီမဲ့မြင်တွင် ဒေါသ အနည်းငယ်လည်း ပါဝင်သည်။ ၎င်းမှာ ပုရွက်ဆိတ် ချန်လွေ့အတွက် မဟုတ်ဘဲ အတိတ်က အန္တိမသော့အတွက် ဖြစ်သည်။
ထိုသို့ပြောပြီးနောက် အက်ကွဲကြောင်း အများအပြား အဆောင်ပစ္စည်း ခုနစ်ခု အပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ အစွမ်းထက်ဆုံး ဆိုသော ထင်ယောင်မှား နတ်ဆိုးဒိုင်းပင်လျှင် ဖိအားကို မခံနိုင်ခဲ့။ သေခြင်းနှင့်ရှင်ခြင်းစာအုပ်၏ လျှို့ဝှက် ဆန်းကြယ်မှု အစအနတစ်ခု ပါဝင် သော်လည်း ၎င်းမှာ အန္တိမနတ်ဘုရား၏ အကြွင်းမဲ့စွမ်းအား အရှေ့တွင် ထိခိုက် လွယ်နေဆဲ ဖြစ်သည်။ စကား တစ်ခွန်း၏ စွမ်းအားသည်ပင် ၎င်းတို့ကို အက်ကွဲ စေခဲ့သည်။
ကြောက်မက်ဖွယ်စွမ်းအားသည် အဆောင်ပစ္စည်း ခုနစ်ခုကို ဖြတ်ကျော် သွားပြီး ချန်လွေ့ကို ဝန်းရံလိုက်သည်။ သူ ရုတ်တရက် ဝါးသွားပြီး အဆောင်ပစ္စည်း ခုနစ်ခုသည်လည်း လျင်မြန်စွာ ပြိုကွဲ သွားခဲ့သည်။
အန္တိမနတ်ဘုရားသည် အလွယ်တကူ ဖျက်ဆီးခံလိုက်ရသော ပုရွက်ဆိတ်ကို မကြည့်ဘဲ သူ့ဘာသာသူ ပြောလိုက်သည်၊ “နှစ်တွေ အများကြီး ကြာခဲ့ပြီ... နောက်ဆုံးတော့ ငါ သေခြင်းျ ရှင်ခြင်း စာအုပ်ရဲ့ ဆန်းကြယ်မှုကို တဖြည်းဖြည်း နားလည်လာပြီ။ သေခြင်း ရှင်ခြင်း စာအုပ် အသက်မဝင်ရင်တောင်မှ၊ အဲဒီမိုက်မဲတဲ့ စစ်တုရင်ရုပ်တွေ ကျရှုံးသွားရင်တောင်၊ ငါ ချိပ်ပိတ်ကို ချိုးဖျက်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။ အခုတော့ ဖန်တီးခြင်း၊ ပျက်စီးခြင်းနဲ့ သေခြင်း ရှင်ခြင်း အားလုံး ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီ။ လောက တစ်ခုလုံးကို ဖျက်ဆီးပြီး ပြန်လည် ဖန်တီးဖို့ ငါ့ကို ဘယ်သူမှ မတားဆီးနိုင်တော့ဘူး။”
ချန်လွေ့၏ အသံ ထွက်ပေါ်လာသည်။ “နတ်ဘုရားတွေ ကျဆုံးသွားပြီ။ ပြီးတော့ သေခြင်းရှင်ခြင်း စာအုပ်၊ ဖန်တီးခြင်း စာအုပ်နဲ့ ပျက်စီးခြင်းစာအုပ် အားလုံးက ခင်ဗျားရဲ့ လက်ထဲမှာ ရှိနေတယ်။ ဘာလို့ လောကကို ဖျက်ဆီးချင်နေသေးတာလဲ။”
“မင်း မသေသေးဘူးလား။” အန္တိမ နတ်ဘုရားက အနည်းငယ် အံ့အားသင့် သွားသည်။
မီးခိုးကဲ့သို့ ပါးလွှာနေသော ချန်လွေ့၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည် ထင်ရှားလာခဲ့သည်။ အန္တိမနတ်ဘုရားက ထိုပုရွက်ဆိတ်၏ မျက်ဆံများ အထဲတွင် တောက်ပသော ကြယ်ရောင်တစ်ခု မှိန်မှိန် လင်းလက် နေပုံရကြောင်း အသေအချာ ခံစားလိုက်ရသည်။ သူသည်ပင် ထိုကဲ့သို့ တောက်ပမှုမျိုးကို လျစ်လျူမရှုနိုင်ခဲ့ပေ။
အဆောင်ပစ္စည်း ခုနစ်ခု ပျောက်ကွယ် သွားပြီဖြစ်ကာ ၎င်းတို့ လုံးဝ ပြိုကွဲ သွားသလား သို့မဟုတ် သိမ်းဆည်း လိုက်သလား ဆိုသည်ကို မသိရပေ။ အနည်းဆုံးတော့ ယခု ချန်လွေ့အတွက် ၎င်းတို့ မလိုအပ်တော့ပေ။
“နတ်ဘုရားအသစ်လား။” အန္တိမ နတ်ဘုရားက နောက်ဆုံးတွင် သူ့ကို လေးနက်စွာ ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ချန်လွေ့၏ အသိစိတ်ထဲတွင် မြေကြီး တုန်ခါစေသော အပြောင်းအလဲ အချို့ ဖြစ်ပေါ်နေသည်။ ထိုအပြောင်းအလဲသည် ခီလီယာနာနှင့် တိုက်ပွဲ ကတည်းက အညှောက်ပေါက်စ ပြုလာပြီ ဖြစ်သည်။
နက္ခတ်တာရာပေါင်းစပ်မှု၊ လောင်ကျွမ်းနေသော အသက်နှင့် အရာအားလုံးကို လောင်ကျွမ်းစေသော တိုက်ပွဲက အသူရာချောက်နက် စိတ်ဆန္ဒ အပေါ် သက်ရောက်မှု တစ်ခုသာမက ကျော်လွန်ခြင်းအတွက် သက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။
နတ်ဘုရား ဟန့်တားမှုကို ဝါးမျိုပြီး နောက်တွင် သူ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော်လည်း မူလက မှုန်ဝါးနေသော ခံစားချက် ပို၍ပို၍ ရှင်းလင်းလာခဲ့သည်။
ဖရိုဖရဲဘုံသို့ ဝင်ရောက်ပြီး လူစီဖာ၏ ဝိညာဉ် အတွေ့အကြုံကို ဖြတ်သန်းပြီး နောက်တွင် ပိုမို ထင်ရှားလာခဲ့သည်။
စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်ကို ကြည့်ရှု နေစဉ်တွင် သူ၏ အသိစိတ်နှင့် သိမြင်မှု တစ်ခုလုံး မသိလိုက်ဘဲ အရေးပါသော အမှတ်တစ်ခုကို ကျော်လွှားသွားခဲ့သည်။ အန္တိမနတ်ဘုရားက သူ့ကို အမြင့်ဆုံး စွမ်းအားဖြင့် ရှင်းလင်းပစ်လိုက်သောအခါ ၎င်းမှာ သူ့အတွက် တံခါးတစ်ချပ်ကို လုံးဝ ဖွင့်ပေးလိုက်ခြင်းနှင့် ညီမျှ၏။
တိုက်ပွဲတွင် အတင်း ဖောက်ထွင်း ကျော်လွှားခြင်း မရှိခဲ့၊ မသေခင်တွင် နောက်ဆုံး စွမ်းအားပေါက်ကွဲခြင်း မရှိခဲ့၊ ခီလီယာနာကို တိုက်ခိုက်စဉ်ကကဲ့သို့ အရာအားလုံးကို လောင်ကျွမ်းစေခြင်း မရှိခဲ့ဘဲ သဘာဝအတိုင်းသာ ဖြစ်ခဲ့သည်။
အသူရာချောက်နက် ကျူးကျော်စဉ် အတွင်း ဖောက်ထွက် ချင်ခဲ့သော်လည်း ရလဒ် မရှိခဲ့သည့် ခံစားချက်နှင့် လုံးဝကို ကွဲပြား ခြားနားနေသည်။ ရှင်းပစ်ခံရမည့် နောက်ဆုံး အခိုက်တွင် အရာအားလုံးကို လုံးဝ လွှတ်ချလိုက်ခြင်း၏ တည်ငြိမ်မှုတွင် သူက လက်လှမ်း၍ မမီနိုင်သော အရာ တစ်ခုကို အလိုလို ထိမိလိုက်သည်။
စူပါစနစ်၏ ကြယ်စင်စု နတ်ဘုရား ကျောင်းရှိ အခြေအနေ အလင်းရောင် မျက်နှာပြင်တွင် သုံးဖက်မြင် လူခန္ဓာ၏ ခေါင်းပေါ်တွင် အလင်း စက်လုံးတစ်ခု ဖြည်းညှင်းစွာ တောက်ပလာခဲ့သည်။ ၎င်းအောက်မှ အလုံးခြောက်ခုနှင့် အတူ မျဉ်းဖြောင့်အတိုင်း တန်းစီပြီး လူခန္ဓာ၏ ဗဟိုကို ဒေါင်လိုက် ဖြတ်သန်းသွားခဲ့သည်။
သတ္တမမြောက်နှင့် နောက်ဆုံးသော အလင်းလုံးပင်။ အလင်း စက်လုံးထဲမှ စကားလုံးမှာ “ဒပ်ဘီ”...
ယခုအချိန် အလင်းစက်လုံး အားလုံး လင်းထိန်နေပြီဖြစ်သည်။ အယ်လ်ခိုက်၊ မီဇာ၊ အလိုင်းယော့သ်၊ မက်ဂရက်စ်၊ ဖက်ဒါ၊ မီရာ့ခ်၊ ဒပ်ဘီ။
စုစုပေါင်း နယ်ပယ် ခုနစ်ခု ရှိသည်။
ထူးဆန်းသည်မှာ သူ ကြယ်ခုနစ်ပွင့်သို့ ဆင့်ကဲပြောင်းလဲသွားရာ အစွမ်းအသစ် သို့မဟုတ် စွမ်းရည်အသစ်များ မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် မူလ စွမ်းရည်နှင့် အချက်အလက်အားလုံး တဖြည်းဖြည်း မှေးမှိန်သွားပြီး အခြားသော လုံးဝ အသစ်စက်စက် ခံစားချက် တစ်ခုဖြင့် အစားထိုးလိုက်၏။ ဒပ်ဘီ (ရိုးရှင်းသော)..
ချန်လွေ့ နားလည် သဘောပေါက် နေစဉ်အတွင်း အန္တိမနတ်ဘုရားသည် နက်ရှိုင်းသောအသံဖြင့် ပြောသည်ကို ကြားလိုက်ရလေသည်။ “ငါနဲ့ အဲဒီနောက်လိုက်တွေပြီးတော့ ယုံကြည်မှု အလျင်အမြန် ကျဆင်းနေတဲ့ ဒီလိုမျိုး အဓိကကုန်းမြေက နတ်ဘုရားအသစ် တစ်ပါး မွေးဖွားပေးနိုင်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး။ မင်း... ခုနက နောက်လိုက်တွေနဲ့ လုံးဝ ကွဲပြားခြားနား နေတယ်။ မင်းက ငါ့ကို ထိန်းချုပ် မရနိုင်သလို ကွဲပြားခြားနားတဲ့ ခံစားချက် တစ်ခု ပေးတယ်။ မင်းလို ခြိမ်းခြောက်မှု တစ်ခုကြောင့် ဒီလောကကို ဖျက်ဆီးပြီး ပိုပြီးပြည့်စုံတဲ့ လောတစ်ခု ပြန်လည် ဖန်တီးရမယ်။ ဒီဖြစ်စဉ်မှာတော့ ငါက ဖန်တီးရှင်ရဲ့ သိမြင်မှုကို ထိတွေ့ပြီးတော့ အပြစ် အနာအဆာ မရှိတဲ့၊ အကြွင်းမဲ့ ထိန်းချုပ်မှု ရှိနေတဲ့ အစစ်အမှန် အန္တိမနတ်ဘုရား ဖြစ်လာပြီး စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးမှာ။”
ချန်လွေ့ ခေါင်းခါလိုက်၏။ “အကြွင်းမဲ့ ထိန်းချုပ်မှုအတွက်နဲ့ ခင်ဗျား ထိန်းချုပ် ထားတဲ့ အသူရာချောက်နက်က အဲဒီလို မိုက်မဲတဲ့ နတ်ဘုရားတွေကို ကုန်းမြေ အားလုံးနီးပါး ဖျက်ဆီးဖို့ ဖြားယောင်း ခဲ့တယ်။ ပြီးတော့ အခု ခင်ဗျားက ဒီအဓိကကုန်းမြေပေါ်က ကျန်နေသေးတဲ့ သက်ရှိတွေကို သတ်ချင်နေတာလား။”
“မင်းက ဒီလိုကိစ္စမျိုးကို တကယ် တွေးနေတာလား။ အခု ပိုင်ဆိုင်ထားတဲ့ စွမ်းအားကို မင်း ဘယ်လိုပိုင်ဆိုင်လဲဆိုတာ ငါ တကယ် မသိဘူး။” အန္တိမနတ်ဘုရား၏ အသံက အနည်းငယ် ပို၍ အံ့အားသင့် သွားသည်။ “ငါ့ရဲ့ အထင်အမြင်အရတော့ အမုန်းတရားက မင်းကို စကားတစ်ခွန်း ပြောခဲ့တယ်မလား။ အားနည်းခြင်းက ခွင့်မလွှတ်နိုင်ဆုံး မူလအပြစ်ပဲ။”
“အားနည်းခြင်းက တည်ရှိမှုအဓိပ္ပာယ် ဆုံးရှုံးသွားတယ်လို့ မဆိုလိုသလို၊ ခင်ဗျား တည်ရှိမှုရဲ့ အဓိပ္ပာယ်ကို စိတ်ကြိုက် ဖယ်ရှားနိုင်တယ်လို့လည်း မဆိုလိုဘူး။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ကျုပ်ရဲ့ နားလည်မှုအရ ခင်ဗျား မျက်လုံးထဲက ပုရွက်ဆိတ်တွေက ထောင်သောင်းချီတဲ့ အသက်တွေရဲ့ အခြေခံ အုတ်မြစ်ကို ဖွဲ့စည်းထားပြီးတော့ လောကတစ်ခုလုံးရဲ့ ကျောရိုးပဲ။”
“ငမိုက်သား...” အန္တိမနတ်ဘုရားက မထီမဲ့မြင် ခေါင်းခါပြီး ပြောလိုက်သည်။ “မင်းမှာ နတ်ဘုရား တစ်ပါး ရှိသင့်တဲ့ အသိစိတ်တောင် မရှိဘူး။ မင်းရဲ့စိတ်ကို တည့်တည့်ကြည့်ရဲတဲ့ သတ္တိကို ထားဦး။ ငါ မင်းကို ဒီလိုအသိစိတ် အခု ပေးမယ်...”
ထိုသို့ ပြောပြီး အန္တိမနတ်ဘုရား၏ ဘယ်မျက်လုံးသည် လင်းလက်သွားပြီး ထပ်တူညီသော လူတစ်ယောက် ချန်လွေ့ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ကွဲသွားခဲ့၏။
“မင်းရဲ့ စိတ်ထဲက အမှောင်ထုကို တည့်တည့်ကြည့်။” အန္တိမနတ်ဘုရား ၏ ရယ်သံက မောက်မာမှုများဖြင့် ပြည့်နှက် နေသည်။ အစပိုင်းတွင် သူသည် ထိုနတ်ဘုရားအသစ်ကို အနည်းငယ် ကြောက်ရွံ့ခဲ့သော်လည်း ယခု ထိုသူ၏ အားနည်းချက်မှာ အလွန် သိသာထင်ရှား နေပုံရသည်။ သူက ထိုသူ၏ စိတ်ထဲမှ အမှောင်ထုကို ရောင်ပြန်ဟပ်နိုင်သ၍ တိုက်ခိုက်စရာ မလိုဘဲ အနိုင်ရနိုင်၏။
“ဒါက အန္တိမကျိန်စာရဲ့ စွမ်းအားလား။ နတ်ဘုရားတွေက အသက်ရှင်သန်ချင်တဲ့ စိတ်ဆန္ဒကြောင့် အမှောင်ထု နတ်ဘုရား ဘဝကို အရှုံးပေးပြီး ခင်ဗျားရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားခဲ့တယ်။ သူတို့ရဲ့ ပျက်စီးခြင်းကြောင့် ထွက်ပေါ်လာတဲ့ စွမ်းအားအများစုကို ဒီလိုမျိုး နတ်ဘုရား ဘဝက စုပ်ယူပြီးတော့ ဒြပ်စင်လောကမှာ ချိပ်ပိတ်ခံထားရတဲ့ ခင်ဗျားဆီကို ပေးပို့ ခဲ့တယ်လို့ ခန့်မှန်းလို့ရတယ်။ ခင်ဗျားရဲ့ စွမ်းအား ဒီလိုအဆင့်ထိ ပြန်ပြီးတော့ ကောင်းမွန်လာတာ အံ့ဩစရာ မရှိပါဘူး။ အဲဒီသနားစရာ ကောင်တွေက ကျုပ်ရဲ့ အန္တိမသော့ကို ယူပြီးတော့ သူတို့ ပြန်လည် ကောင်းလာပြီးရင် ခင်ဗျားကို ဆက်ပြီး ချိပ်ပိတ်ထားချင်တယ်။ သူတို့ အပြည့်အဝ ပြန်ကောင်းလာတာနဲ့ ခင်ဗျားလည်း ချိပ်ပိတ်တာကို ဖွင့်ပြီးတော့ တိုက်ရိုက် ဆင်းသက်လာလိမ့်မယ်။ ကျုပ်ပြောတာ မှန်ရဲ့လား။”
အန္တိမနတ်ဘုရား ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ငါ့ရဲ့ စိတ်ဆန္ဒက အဲဒီ မိုက်မဲတဲ့ နောက်လိုက်တွေ လှုပ်ခါနိုင်တဲ့ အရာ မဟုတ်ဘူး။ အဲဒီတုန်းက သူတို့တွေ ပုန်ကန်ရဲမှတော့ သူတို့မှာ သက်ဆိုင်ရာ တန်ဖိုးကို ပေးဆပ်ဖို့ အသိစိတ် ရှိရမယ်။ ဒါနဲ့ မင်း အခုက ကိုယ့်အကြောင်းကိုယ် ပိုပြီးတော့ စိုးရိမ်သင့်တယ်။”
သူ၏ မျက်လုံးများတွင် ထိုးဖောက် ဝင်ရောက်သော အလင်းရောင်ဖြင့် ချန်လွေ့က တူညီသော အသွင်အပြင်နှင့် ခွန်အားရှိသော လူကို ကြည့်လိုက်သည်။ ရုတ်တရက် သူ ပြုံးလိုက်သည်။ “ငါ သူ့ကို တစ်ကြိမ်ထက်မက တိုက်ခိုက်ဖူးတယ်။ သူ့မှာ အသူရာလို့ခေါ်တဲ့ နာမည်တစ်ခု ရှိတယ်။”
ထိုအမှောင်ထု နတ်ဘုရားဘဝသည် အမှန်တွင် ပျောက်သွားသော အသူရာ ဖြစ်နေခဲ့သည်။
“သူက ကျုပ်ရဲ့ စိတ်ထဲမှာ တစ်ချိန်က ပျောက်ကွယ်သွားပေမယ့် ကျုပ်လိုမျိုးပဲ သူက အမြဲတမ်း ရှိနေတယ်ဆိုတာကို နားလည်တယ်။” ချန်လွေ့က အသူရာထံ ဖြည်းညှင်းစွာ လမ်းလျှောက်သွားခဲ့သည်။ “ကျုပ် ဘဝတစ်လျှောက်လုံး သူ့ကို တည့်တည့် ကြည့်နေခဲ့တယ်။ ပြီးတော့ သူကလည်း ကျုပ်ကို တည့်တည့် ကြည့်နေခဲ့တာ။”
အသူရာက ချန်လွေ့ အနားသို့ လျှောက်လှမ်းလာသည်ကို ကြည့်လိုက်ပြီး သူ မလှုပ်ရှားခဲ့ပေ။ ထိုအစား သူက မှန်တစ်ချပ်ကဲ့သို့ တူညီသော အပြုံးကို ပြသခဲ့သည်။ ဘာမှမဖြစ်ခဲ့သလိုပင် ပုံရိပ် နှစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ် သွားခဲ့သည်။
အန္တိမနတ်ဘုရားက နောက်ဆုံးတွင် လှုပ်ရှားသွားခဲ့သည်။ နတ်ဘုရားများပင် အရှုံးပေးခဲ့သော မိမိကိုယ်ကို ထိုသူက အလွယ်တကူ အောင်နိုင်ခဲ့သည်။
၎င်းမှာ အောင်နိုင်ခြင်း မဟုတ်ပေ။ အစကတည်းှ အမှောင်ထုသည် သူ့အား မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။ သူ ကိုယ်တိုင် ပြောခဲ့သလိုပင်။ သူ သူ့ကို တည့်တည့်ကြည့်နေခဲ့၏။
အမှန်တကယ် ဘာမှ မဖြစ်ပျက်ခဲ့ပေ။ ချန်လွေ့ အသူရာထဲ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် စူပါစနစ် အတွင်းရှိ ထူးဆန်းသော ခံစားချက်မှာ ပို၍ပို၍ ပြင်းထန် လာခဲ့လေသည်။ ရုတ်တရက် ကြယ်စင်စု နတ်ဘုရားကျောင်း အပါအဝင် အချက်အလက်များနှင့် စွမ်းရည်အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
စကြဝဠာကြီးသာလျှင် ယခင်ကကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး တောက်ပနေခဲ့၏။
ထိုပျောက်သွားသော အရာများက ယခုစကြဝဠာ၌ အမှန်တကယ် မရှိခဲ့ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ချန်လွေ့၏ စိတ်ထဲတွင်တော့ ၎င်းမှာ အစစ်မှန်ဆုံး တည်ရှိမှု ဖြစ်သည်။ ယခင်က ဝိုးတဝါး ထိတွေ့ခဲ့သော စွမ်းအားကို သူ၏ လက်ထဲတွင် ဖြည်းညှင်းစွာ ဆုပ်ကိုင် ထားခဲ့လေပြီ။
စူပါစနစ်က တကယ့် စကြဝဠာတစ်ခု ဖြစ်သည်။
ယခင် ပြသခဲ့သော အချက်အလက် များက စကြဝဠာ အပြောင်းအလဲ တစ်မျိုး မျှသာ ဖြစ်သည်။ အမှောင်ထု၊ အလင်းရောင်၊ ပျက်စီးခြင်း၊ ဖန်တီးခြင်း၊ အသက်၊ သေဆုံးခြင်း... ထိုအရာများ အတွက်လည်း ထိုနည်းလည်းကောင်းပင်။
အပြောင်းအလဲအားလုံး မူလအတိုင်း ပြန်ဖြစ် သွားလိမ့်မည်။ နောက်ဆုံးတွင် အရာအားလုံး ဗလာနတ္ထိသို့ ပြန်ရောက် သွားပေလိမ့်မည်။
အလင်းမရှိ၊ ပုံရိပ်မရှိ၊ မမြင်နိုင်သော၊ အမည်မရှိသော။
၎င်းမှာ ဒပ်ဘီပင်။
နားလည်သဘောပေါက် နေစဉ်အတွင်း ချန်လွေ့၏ မျက်ဆံထဲမှ တောက်ပသော ကြယ်ရောင် ပျောက်ကွယ် သွားခဲ့သည်။ သူ၏ အရှိန်အဝါ တစ်ခုလုံးက ပို၍ပို၍ အကန့်အသတ် မဲ့လာပုံရသည်။
အန္တိမနတ်ဘုရားက နောက်ဆုံးတွင် ချန်လွေ့ကို လေးလေးနက်နက် စတင်၍ ကြည့်လာခဲ့သည်။ ဒီပုဂ္ဂိုလ်ရဲ့ ဇွဲနဲ့ အငွေ့အသက်က အတော် ထူးခြားတယ်။ သူက သာမန် နတ်ဘုရားတွေ ယှဉ်နိုင်တဲ့ အရာမျိုး လုံးဝ မဟုတ်ဘူး။ အန္တရာယ် အာရုံအချို့က ပိုပြီး ရှင်းလင်းလာခဲ့ပြီ။ ငါ့ရဲ့ဘဝမှာ ပထမဆုံး အနေနဲ့ ရန်သူ တစ်ယောက်အပေါ် ဒီလို ခံစားချက်မျိုး တကယ် ရှိနေတာပဲ။
“ဒီလိုဆိုရင် မင်း ဘာလို့ တွန့်ဆုတ် နေသေးတာလဲ။” အန္တိမနတ်ဘုရားက လှောင်ရယ်ရင်းနှင့် မေးလိုက်သည်။ ထိုကုန်းမြေ၏ စွမ်းအားက ထိုစကားထဲ ပေါင်းစပ်သွားခဲ့သည်။ ၎င်းက ချန်လွေ့ ထံသို့ ပြေးဝင်သွားသော ချွန်ထက်သော အင်အားတစ်ခုအဖြစ် ပြောင်းလဲသွား၏။
အန္တိမနတ်ဘုရားသည် တိုက်ခိုက်မှုကို အရင် ဦးဆောင်ခဲ့သည်။ သူတို့၏ အဆင့်တွင် စကားလုံးများ အကြား ထိပ်တိုက် ရင်ဆိုင်မှုသည် ရိုးရှင်းသော စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ တစ်ခု မဟုတ်တော့။ စကားလုံးများဖြင့် ဥပဒေသ စွမ်းအားကို အသုံးပြုခြင်းလို ရိုးရှင်းသည် မဟုတ်ပေ။ သို့သော် ၎င်းမှာ ဝိညာဉ်ကို တိုက်ရိုက်ရင်ဆိုင်သော အားကောင်းသည့် စည်းမျဉ်းတစ်မျိုးပင်။
စိတ်ထဲတွင် အပြစ်အနာအဆာ တစ်ခု ရှိသည်နှင့် တစ်ဦးက လုံးဝ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။ သူ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများသည်လည်း အကြွင်းမဲ့ အရေးနိမ့် နေလိမ့်မည်။ ထို့ကြောင့် ၎င်းမှာ စွမ်းအားပြိုင်ပွဲတစ်ခု သာမက စိတ်ပြိုင်ပွဲ တစ်ခုလည်း ဖြစ်သည်။
စိတ်မှ မလွတ်မြောက်နိုင်ပေ။