မဟာကောင်းကင် နဂါး
Vol. 29 Ch. 424
အခန်း (၄၂၄) : မဟာကောင်းကင် နဂါး
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက် အသက်သွင်းထားသော ကာကွယ်ရေး အစီအရင်ကို သိပ်ပြီးတော့ အလေးမထားကြပေ။
ကာကွယ်ရေး အစီအရင်က ဘယ်လောက်ပဲ သန်မာနေပါစေ ကနဦးဝိညာဉ် ကျင့်ကြံသူတစ်စုက လုပ်ထားတာပဲလေ။ အဲဒါက ကောင်းကင်အသျှင် ဆယ်ယောက်ထက်ပိုပြီးတော့ သန်မာနိုင်မှာလား
နေကိုးစင်းအထွတ်အမြတ်မြေမှ ၆ယောက်မြောက် သူတော်စင်က ပြုံးကာ ပြောလိုက်သည်
“ ၇ယောက်မြောက် အဖိုးကြီး ခင်ဗျား ရူးသွပ်သွားတဲ့အထိ ရိုက်နှက်ခံလိုက်ရတာလား။ ဘာ အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာလဲ”
ကောင်းကင်အသျှင် ဆယ်ယောက်လုံးက အလယ်ပိုင်းကုန်းမြေ အထွတ်အမြတ်မြေများ၏ သူတော်စင်ဟောင်းများဖြစ်ကြပြီး ထိပ်သီးအရည်အချင်းကို ပိုင်ဆိုင်ထားကြသည်။
သူတို့ဆယ်ယောက်သာ ပေါင်းစည်းလိုက်ရင် အံ့ဖွယ်မိုးကောင်းကင်ရဲ့ ကောင်းကင်မိုးကြိုး ကာကွယ်ရေး အစီအရင်ကို ဖျက်စီးဖို့ လွယ်ကူလောက်မယ် မဟုတ်လား
၆ယောက်မြောက် နေကိုးစင်း သူတော်စင်က ဆက်ပြောလိုက်သည်
“ ၇ယောက်မြောက် အဖိုးကြီး တစ်ခုခုနဲ့ ရင်ဆိုင်ရချိန်မှာ တည်ငြိမ်နေဖို့ လိုအပ်တယ်။ နားလည်ရဲ့လား။ ဒီလို သာမန် ကာကွယ်ရေး အစီအရင်က ဘယ်လိုလုပ်ပြီးတော့ ဖိနှိပ်…”
“ သေစမ်း…ဒါက ဘာတွေလဲ”
၆ယောက်မြောက် နေကိုးစင်းသူတော်စင်က သူ၏ ဂိုဏ်းတူညီလေးကို ရေးကြီးခွင်ကျယ် လုပ်မနေဖို့အတွက် ဆုံးမဖို့ လုပ်နေသော်လည်း ကောင်းကင်ရှိ လေဟာနယ်စင်မြင့်ပေါ်မှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့ဩလွန်းသည့်အတွက် မေးရိုးပင် ပြုတ်ကျမလိုဖြစ်သွားသည်။
ကောင်းကင်ရှိ လေဟာနယ်စင်မြင့်ပေါ်တွင် မီးခိုးရောင် စမ်းသပ်ချက် တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
တောက်ပသော စမ်းသပ်ချက် လျှပ်စီးကြောင်းများက စုစည်းသွားကာ ဓာတ်ငါးပါး အံ့ဖွယ်အလင်းတန်းကို လွှတ်ထုတ်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
အဆုံးမဲ့ မိုးကြိုးများက အချင်းချင်းရောယှက်သွားကာ လျှို့ဝှက်ဆန်းကြယ်သော အံ့ဖွယ်မိုးကြိုးကို ဖန်တီးနေသည်။
ကောင်းကင်အသျှင် ဆယ်ယောက်လုံးလည်း အံ့ဩထိတ်လန့်သွားသည်။ မြင့်မြတ်သော ဓာတ်ငါးပါး နတ်မိုးကြိုးက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို သူတို့ ခံစားလိုက်ရသည်။ ကောင်းကင်အသျှင်တစ်ယောက်ပင် ခုခံနိုင်မည် မဟုတ်ပေ။
ဝုန်း…
စမ်းသပ်ချက်တိမ်တိုက်များ ပေါက်ကွဲကာ ပြိုကျလာသည့်အတွက် အာကာပြင်ကို တစ်စစီဖြစ်သွားသည်အထိ တုန်လှုပ်သွားစေသည်။
ဓာတ်နှောနတ်မိုးကြိုးက ရက်စက်သော သားရဲအသွင်ပြောင်းကာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး သူ့အရှိန်အဝါကိုလည်း ရပ်တန့်လို့ မရနိုင်ပေ။
ကျားဖြူ စမ်းသပ်ချက်မိုးကြိုးက ကောင်းကင်တစ်ခွင် ဟိန်းဟောက်သံများ ပြုလုပ်နေကာ မီးငှက် စမ်းသပ်ချက်မိုးကြိုးက ကောင်းကင်ဘုံကိုးခုကို ရစ်ပတ်နေသည်။ နဂါးစိမ်း နတ်မိုးကြိုးက စကြဝဠာထဲသို့ ထိုးဖောက်ထွက်သွားပြီး ချီလင် စမ်းသပ်ချက်မိုးကြိုးက အလယ်ပိုင်းကုန်းမြေကို ဖိနှိပ်ထားသည်။
ထိတ်လန့်စရာကောင်းသော စမ်းသပ်ချက်မိုးကြိုးက မိုးမြေကို ဖြတ်တိုက်သွားကာ ကောင်းကင်အသျှင် ဆယ်ယောက်ကို လွှမ်းမိုးသွားသည်။ မိုးကြိုးက မီးရှူးမီးပန်းများလိုမျိုး တောက်ပနေသည်။
“ အားလုံးပဲ အင်အားကို စုပေါင်းပြီးတော့ ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်ရအောင်”
သူတို့ တစ်ယောက်ချင်းစီတိုက်ခိုက်နေပါက ပြင်းထန်စွာ နာကျင်ခံစားရမည်ဖြစ်သည်။
ကောင်းကင်အသျှင် ဆယ်ယောက်က ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ သူတို့ထဲမှ အများစုက ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများကို ထုတ်ကာ အားနည်းသူအချို့က အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများကို ကိုင်ဆောင်ထားကြသည်။
များပြားသော ရတနာများကလည်း သူတို့၏ ခေါင်းပေါ်တွင် ပေါလောပေါ်နေကာ သိပ်သည်းသော အလင်းတန်းကလည်း အားလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း…
မိုးခြိမ်းသံက တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်နေသည်။
လေဟာနယ်စင်မြင့်ကို အဆုံးမဲ့မိုးကြိုးအလင်းတန်းဖြင့် ကာထားလိုက်ပြီး ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က ကမ္ဘာကို ဖျက်စီးတော့မလိုမျိုး ထင်မှတ်စေသည်။
တောက်ပသော မီးတောက်များ ထွက်ပေါ်လာသည်။
မိုးကြိုးစမ်းသပ်ချက်က ကောင်းကင်အသျှင် ဆယ်ယောက်၏ ရှေ့တွင် အလင်းတန်းအလွှာကို ဝင်တိုက်မိသွားပြီး အချိန်မရွေး တစ်စစီဖြစ်သွားနိုင်သည့်အတိုင်း တုန်လှုပ်သွားစေသည်။
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက အံ့ဩမှင်သက်သွားကြသည်။
အံ့ဖွယ်မိုးကောင်းကင်၏ ကောင်းကင်မိုးကြိုး ကာကွယ်ရေး အစီအရင် စွမ်းအားက အရမ်းထိတ်လန့်စရာကောင်းလှသည်။ ကောင်းကင်အသျှင် အယောက်တစ်ရာကိုပင် ဖိနှိပ်နိုင်လောက်သည်။
သူတို့သာ မိုးကြိုးစမ်းသပ်ချက်၏ အလယ်မှာရောက်နေပါက ရှုံးနိမ့်သွားသည်မှာ ကြာလောက်ပြီဖြစ်ပြီး ဒဏ်ရာလည်း အပြင်းအထန်ရသွားလိမ့်မည်။
အံ့ဖွယ်မိုးကောင်းကင် တပည့်တွေက ဒီလောက်ထိ စွမ်းအားကြီးကြတာလား
ဒါမှမဟုတ် အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေ အကုန်လုံး ဒီလိုမျိုး စွမ်းအားကြီးကြတာလား
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ဤမျိုးဆက်၏ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။
အားလုံးက လေဟာနယ်စင်မြင့်ကို အာရုံအပြည့်စိုက်ထားကြသည်။ ရှန်ထျန်းတစ်ယောက်ထဲကသာ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကို ပြန်ပြီးတော့ လှည့်ကြည့်လိုက်သည်။
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ၏ နဖူးကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သူ ဒီတစ်ခါတော့ အချီကြီး မိပြီ
ဒါက ဂိုဏ်းတူ အစ်ကို၊ အစ်မတွေတင် မဟုတ်ဘူး။ အရမ်းကို ကြွယ်ဝချမ်းသာတဲ့ ရိတ်သိမ်းမှုလို့ ပြောလို့လည်းရတယ်
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ၏ ရွှေရောင် ရောင်ဝါစက်ဝန်းများကိုကြည့်ကာ ရှန်ထျန်း ပျော်လွန်းသည့်အတွက် ပျံသန်းတော့မလိုပင် ခံစားနေရသည်။
အဲလိုမျိုး ကံကြမ္မာသားတော်၊ သမီးတော်တွေနဲ့ဆိုရင် အခုကစပြီးတော့ သူလိုချင်တာ ဘာမဆို ရနိုင်ပြီ
ထိုအချိန်တွင် ၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှေ့တိုးလာကာ ရှန်ထျန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး…”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားသည်။
ဘာတွေဖြစ်ကုန်တာလဲ
ငါ မျက်နှာဖုံး တပ်မထားရသေးဘူးလား။ ငါ့ရဲ့ ရာထူးက ဘာလို့ အဲလောက်ထိ မြန်မြန် ဖော်ထုတ်လို့ရသွားရတာလဲ။ ဒီမျက်နှာဖုံးက ငါ့ရဲ့ ချောမောတဲ့ ပုံစံကို မဖုံးအုပ်ထားနိုင်တာများလား
ရှန်ထျန်း၏ အံ့ဩမှင်သက်နေမှုကြောင့် ၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ ငါ မင်းကို ဘယ်လိုလုပ်ပြီးတော့ သတိထားမိသွားလဲဆိုတာကို သိချင်နေတာလား”
ရှန်ထျန်း တကယ်မသိသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။
၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သေမျိုးလောကကို ဆင်းသက်လာတဲ့ ဉာဏ်ပညာရှိတဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ သူကိုယ်တိုင်ချန်ထားခဲ့တဲ့ သဲလွန်စတွေကနေ သူ့ကို သတိထားမိသွားတာများလား
၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ခဏတာ စဉ်းစားချင့်ချိန်ပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ ဘာလို့လဲဆိုတော့ မင်းက သူတော်စင် ဝတ်စုံဝတ်ထားတယ်လေ”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
အရင်မျိုးဆက်က ဂိုဏ်းတူအစ်ကိုက တကယ်ကို ဉာဏ်ပညာရှိတာပဲ
ကြည့်ရတာ သူရှေ့လျှောက် လူမသိ သူမသိနေမှ ဖြစ်မယ်ထင်တယ်
ရှန်ထျန်းက မျက်နှာနီရဲနေရင်း ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကိုက တကယ်ကို ထက်မြက်တာပဲ”
၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပြုံးကာ ပြောလိုက်သည်
“ ဟား…ဟား…ဟား…အားလုံးက အဲလိုပဲ ပြောကြပါတယ်။
ဒါပေမဲ့ ဂိုဏ်းတူညီလေး…မင်းရဲ့ အဝတ်အစားတွေထက် ငါ့ထက် ပိုပြီးတော့ ကြည့်ကောင်းတယ်လို့ ထင်တယ်။ ဆရာက ဘက်လိုက်ပြီးတော့ မင်းအတွက် သူတော်စင်အသစ် ဝတ်စုံကို အထူးပြုလုပ်ပေးခဲ့တာလား။
ငါ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်တုန်းကဆိုရင် ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေ ထားသွားတာကို ဝတ်ခဲ့ရတာ”
ယခင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်များက အံ့ဩမှင်သက်သွားကြသည်။
ကိုးလေး အဲလောက်ထိ ဒဲ့တိုးမပြောလို့ မရဘူးလား
ဒီထက်ပိုပြီး အရှက်မဲ့လို့ ရသေးလား
သူ့မိသားစုက ဆင်းရဲတယ်ဆိုတာကို တခြားသူတွေသိအောင် တကယ်လုပ်တော့မလို့လား
ဒါပေမဲ့ အဲဒါက အမှန်ပဲလေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်တုန်းက စစ်ပွဲပြီးသွားတော့ အတော်လေး ချွတ်ခြုံကျသွားခဲ့တာ။ များပြားတဲ့ အမွေအနှစ်တွေနဲ့ အရင်းအမြစ်တွေကိုလည်း ဆုံးရှုံးခဲ့ရတယ်
ကျန်းလုံယွမ် ဂိုဏ်းချုပ်ရာထူးကို ရပြီးနောက်မှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြန်လည်ရှင်သန်လာအောင် လုပ်သည့် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်နိုင်သည်။
ထိုနှစ်တွေအတွင်း သူတို့က အရမ်းကို ဆင်းရဲသောဘဝမျိုးဖြင့် နေထိုင်ခဲ့ရသည်။
ယခင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် တစ်ယောက်မှ ထိပ်တန်းအဆင့် ဝတ်စုံကို မဝတ်ဆင်နိုင်ခဲ့သည့်အတွက် သူတို့ အရမ်းဆင်းရဲခဲ့သည်ဟု ပြောနိုင်သည်။ မဟုတ်ပါက ပထမဆုံး သူတော်စင်ဖြစ်သည့် ယွဲ့ယူသဲ့က သူကိုယ်တိုင် ချမ်းသာလာအောင် လုပ်ဖို့အတွက် ဂူသင်္ချိုင်းဖောက်သည့် လမ်းကို ရွေးချယ်ခဲ့မည် မဟုတ်ပေ။
၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှေ့တိုးသွားကာ ၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဘေးသို့ ဖယ်ထုတ်ထားလိုက်သည်။
“ ဂိုဏ်းတူညီလေး ဒီအရူးကို လျစ်လျူရှုထားလိုက်။
အစ်ကိုကို ပြောပါဦး အထွတ်အမြတ်မြေက မွဲပြာကျမှုကနေ လွတ်မြောက်ပြီးတော့ ချမ်းသာလာပြီလား။ မင်းတို့အားလုံး ဘာလို့ အရမ်း ရက်စက်လာကြတာလဲ”
၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တွင် ပန်ဒါကဲ့သို့ မျက်လုံးများရှိပြီး မျက်နှာတွင်လည်း သိချင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယွင်ရှီးနှင့် တခြားသူများ၏ လက်ထဲတွင် ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများကို မြင်လိုက်ရသည့်အတွက် သူ သိချင်စိတ်များဖြင့် ပြင်းပြနေသည်။
ဘာ…အထွတ်အမြတ်မြေက ဘယ်အချိန်ကတည်းက ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းကို တတ်နိုင်သွားရတာလဲ။ ဒါဆိုရင် ငါတို့လည်း ဆရာကို ရှာပြီးတော့ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း နည်းနည်းလောက် ရနိုင်တယ် မဟုတ်လား
ဆင်းရဲမွဲတေမှုကို အများကြီး ခံစားရပြီးနောက် သူ နောက်ဆုံးတော့ ချမ်းသာခြင်းရဲ့ ချိုမြိန်မှုကို ခံစားနိုင်တော့မယ်
ထိုအတွေးကြောင့် ၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မထိန်းနိုင်ပဲ ခန္ဓာကိုယ်တုန်သွားသည်အထိ တဟားဟား ရယ်လိုက်မိသည်။
၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရူးလိုမျိုး ရယ်နေချိန်တွင် ဒဏ်ရာများအပေါ် အကျိုးသက်ရောက်မှု ဖြစ်သွားစေသည်။ အရမ်းနာကျင်နေသည့်အတွက် အံကြိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။
၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လှောင်ရယ်ကာ ပြောလိုက်သည်
“ ၇ယောက်မြောက် အစ်ကို ကျွန်တော်ကို မတွန်းပါနဲ့လို့ ပြောတယ်လေ။ အခုတော့ နာကျင်မှုက ဘာလဲဆိုတာကို သိသွားပြီ မဟုတ်လား။ ခံရတာ နည်းတောင် နည်းသေးတယ် ဟား…ဟား…ဟား…”
အား…
“ အ…အား….အား…”
ရှန်ထျန်းက သူ၏ ဂိုဏ်းတူအစ်ကို နှစ်ယောက်ကို ကြည့်ပြီး အံ့ဩမှင်သက်နေမိသည်။
ဒီလူပြက်နှစ်ယောက်က တကယ်ပဲ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဟောင်းတွေလား
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တိုးတက်လာပြီးတာတောင် ဘာလို့ မကျော်ကြားလဲဆိုတာ အဆန်းမဟုတ်တော့ပါဘူး
ဆရာ…ကျွန်တော် ဆရာရဲ့ နာကျင်မှုကို နောက်ဆုံးတော့ နားလည်သွားပါပြီ
ရှန်ထျန်းက စိတ်ပျက်အားလျော့သည့်မျက်နှာထားဖြင့် အဖြူရောင် ကျောက်စိမ်းနှစ်ပုလင်းကို ထုတ်ယူကာ ပြောလိုက်သည်
“ အစ်ကို ကျွန်တော်တို့ အရင်ဆုံး အားပြန်ဖြည့်လိုက်ရအောင်။ ဂိုဏ်းတူညီလေးဆီမှာ အစ်ကိုရဲ့ ဒဏ်ရာကို သက်သာလာစေနိုင်မဲ့ နိဗာနတော်ဝင်ရေစင် အချို့ရှိတယ်”
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဂိုဏ်းတူအစ်ကိုပဲလေ။ ပြီးတော့ သူက ရွှေရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲလေ
သူ၏ သဘောထားကို ထုတ်ဖော်ပြသသင့်သည်ဟု ရှန်ထျန်း တွေးမိသည်။
ဟုတ်တယ် သူက သူ့ဂိုဏ်းတူအစ်ကိုကို စိတ်ပူနေတာ … သူ့ဆီကနေ အမြတ်ထုတ်ချင်လို့ မဟုတ်ဘူးနော် …လုံးဝ မဟုတ်ဘူး
“ ဂိုဏ်းတူညီလေးက အရမ်းဂရုစိုက်ပေးတတ်တာပဲ။ ရက်အနည်းငယ်လောက် နားလိုက်ရင် အဆင်ပြေသွားမှာ။ မလိုပါဘူး နိဗာန….”
ဘာ… နိဗာနတော်ဝင်ရေစင်တဲ့လား
၉ယောက်မြောက်နှင့် ၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှန်ထျန်း၏ လက်ထဲရှိ အဖြူရောင် ကျောက်စိမ်းပုလင်းများကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် စိုက်ကြည့်နေသည်။
နိဗာနတော်ဝင်ရေစင်က ဘာလဲဆိုတာကို သူ ဘယ်လိုလုပ်ပြီးတော့ မသိပဲ နေပါ့မလဲ
ဒါက အထွတ်အမြတ် ကုစားဆေးလုံးပဲ
ဝိဇ္ဇာတစ်ပါးကိုတောင် ခိုးယူချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ ရတနာတစ်ပါးဆိုရင်လည်း မမှားဘူး
ဘယ်လိုပဲဖြစ်ဖြစ် ဒါက မျှော်လင့်ထားလို့ ရပါတယ်။ အထွတ်အမြတ်မြေက အခု အရမ်းချမ်းသာလာပြီဆိုတော့ ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းတွေကိုတောင် ပေးနိုင်နေပြီဆိုတော့ နိဗာနတော်ဝင်ရေစင်လောက်ကိုတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး
သူတော်စင်နှစ်ယောက်က အဖြူရောင် ကျောက်စိမ်းပုလင်းကို လက်နှစ်ဖက်ဖြင့်ယူကာ ယဉ်ကျေးစွာ ငြင်းဆိုသည့်ပုံစံဖြင့် ပြောလိုက်သည်။
“ ဂိုဏ်းတူညီလေးကလည်း ငါတို့ ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်ပါ့မလဲ”
ဂလု…ဂလု…
ရှန်ထျန်း ဘာမှပြန်မပြောရသေးခင်မှာပဲ ရေစင်ကို မျိုချပြီးသွားပြီ ဖြစ်သည်။
ဟုတ်တယ် နှုတ်ကသာ မယူဘူးပြောနေပေမဲ့ သူတို့၏ ခန္ဓာကိုယ်ကတော့ ရိုးသားတယ်
သူတို့၏ ဒဏ်ရာများကို ကုစားပြီးသွားသည့်အတွက် ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းကို လွှတ်ထုတ်ပေးနေသည်။
“ လေချဉ်တက်တယ်၊ ချဉ်တယ်၊ ချိုတယ်၊ အရသာရှိတယ်။ နိဗာနတော်ဝင်ရေစင်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ”
၉ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကျေနပ်စွာဖြင့် နှုတ်ခမ်းကို စုတ်သပ်လိုက်သည်။
တစ်ဖက်တွင် တခြားအထွတ်အမြတ်မြေများ၏ စံပြများအားလုံးက ကြောင်အနေကြသည်။ သူတို့က ရှန်ထျန်းကို ကြည့်ပြီးနောက် သူတို့၏ ဂိုဏ်းတူညီလေးများကို ကြည့်ကာ ဘာမှမတတ်နိုင်ပဲ အငြိုးအတေး ထားနေမိသည်။
တခြားသူတော်စင်တွေရဲ့ ဂိုဏ်းတူညီလေးက ဘာလို့ ဒီလောက်ထိ ရက်ရောနေရတာလဲ
ငါတို့ရဲ့ ညီလေးတွေကတော့ အဲလိုမျိုး တစ်ခါမှ လုပ်မပေးဖူးပါဘူး
သေစမ်း… လူတွေကြားထဲက ကွာခြားချက်က ဘာလို့ အရမ်းကြီးနေရတာလဲ
သို့သော် သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရှန်ထျန်းက သူတို့ကိုလည်း နိဗာနတော်ဝင်ရေစင်ပုလင်း ကမ်းပေးနေသောကြောင့် ဖြစ်သည်
“ စီနီယာအစ်ကိုတို့က ကျွန်တော်တို့ကြောင့် ထိခိုက်သွားတယ်ဆိုတော့ ကျွန်တော် စိတ်မကောင်းဘူး။ ဒါကို ကျွန်တော်ရဲ့ အသိအမှတ်ပြု လက်ဆောင်လေးလို့ သတ်မှတ်ပေးပါ”
တခြားသူတော်စင်များတွင်လည်း ကောင်းမွန်သော ကံကြမ္မာ ရှိနေသည့်အတွက် သူ့ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ရှန်ထျန်းက ဘယ်သူ့ကိုမှ ဘက်လိုက်ခြင်း မရှိပေ။
ဗုဒ္ဓကလည်း အားလုံးက တန်းတူညီတူပဲလို့ ပြောထားတယ်လေ
အရှေ့ပိုင်းလွင်ပြင် စံပြများက မတတ်နိုင်ဘဲ သက်ပြင်းချကာ ပြောလိုက်မိသည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းရက်ရောတာပဲ။ ငါတို့ အရှက်ရမိပါတယ်”
သူတို့က ရှန်ထျန်းတို့ကို ကြိုဆိုချင်ခဲ့သော်လည်း ရှန်ထျန်း၏ လက်ဆောင်ကို လက်ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များအားလုံးက ရှက်သွားသော်လည်း သူတို့ လက်ခံနိုင်သေးသည်။ ထို့အပြင် ဘယ်သူမှ နိဗာနတော်ဝင်ရေစင်ကဲ့သို့ အံ့ဖွယ် ကုစားရေးဆေးလုံးကို မငြင်းဆိုနိုင်ပေ။
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက နိဗာနတော်ဝင်ရေစင်များကို သောက်သုံးပြီးနောက် သူတို့၏ ဒဏ်ရာများ ချက်ချင်း ပြန်လည် သက်သာလာသည်။
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက အံ့ဩမှင်သက်သွားသည်။
ကျစ် ဒီကောင်လေးရဲ့အိမ်မှာ တွင်းများ ရှိနေတာလား။ နိဗာနတော်ဝင်ရေစင်တွေက အများကြီးပဲ သူတို့ကိုလည်း တစ်ပုလင်းစီ ပေးသေးတယ်။
၇ယောက်မြောက် နေကိုးစင်း သူတော်စင်ကတော့ ပိုပြီးတော့ ဝမ်းနည်းသွားသည်။
သူတို့က ရိုက်နှက်ခံထားရသည့်အတွက် အစကတည်းက မပျော်မရွှင်ဖြစ်နေသည်။
ကံကောင်းစွာဖြင့် အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ကံဆိုးသည့် အခြေအနေနှင့် ကြုံထားရသည့်အတွက် ယခုတော့ အနည်းငယ် စိတ်သက်သာရာရသွားပြီဖြစ်သည်။
သို့သော် ယခု အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ပြန်လည် သက်သာလာပြီဖြစ်သော်လည်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရဆဲဖြစ်သည်။
သူ့နှလုံးသားထဲမှ ကွာခြားချက်က ထိပ်ဆုံးသို့ ရောက်ရှိသွားပြီဖြစ်သည်။
နိဗာနတော်ဝင်ရေစင် မရှိပါက သူ ရှောက်သီးကိုသာ စားနိုင်လိမ့်မည်။
ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ
နောက်ဆုံးတော့ လေဟာနယ်စင်မြင့်ပေါ်က အခြေအနေတွေ ပြောင်းလဲသွားပြီပဲ
ကောင်းကင်အသျှင် ဆယ်ယောက်က သူတို့၏ ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများ၏ စွမ်းအားကို အသုံးပြုကာ အံ့ဖွယ်မိုးကောင်းကင်၏ ကောင်းကင် မိုးကြိုး ကာကွယ်ရေး အစီအရင်ကို အတင်း ပိတ်ဆို့ထားသည်။
သို့သော် ကောင်းကင်အသျှင်ဆယ်ယောက် စွမ်းအင် အသုံးပြုသည့်အရှိန်က အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်ထက် မြန်ဆန်နေသည့်အတွက် သူတို့သာ ဒီအတိုင်းဆက်လုပ်နေပါက မကြာခင်မှာ ရှုံးနိမ့်သွားတော့မည်ဖြစ်သည်။
ကောင်းကင်အသျှင် သူတော်စင်က အော်ပြောလိုက်သည်
“ တာအိုကျင့်ကြံသူအပေါင်းတို့ ငါတို့ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးနိုင်ဖို့အတွက် လူတစ်ယောက်ကိုပဲ အနိုင်ယူဖို့လိုတယ်”
အံ့ဖွယ်မိုးကောင်းကင်၏ ကောင်းကင်မိုးကြိုး ကာကွယ်ရေးအစီအရင်ရဲ့ အဓိကအချက်အချာက အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်ဖြစ်သည်။ သူတို့ထဲမှတစ်ယောက် အမှားလုပ်မိသည်နှင့် ကာကွယ်ရေး အစီအရင်က ပျက်စီးသွားနိုင်သည်။
တခြား ကောင်းကင် အသျှင်များလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ဤပြဿနာကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။
တစ်စုံတစ်ယောက်က ချက်ချင်း ပြောလိုက်သည်
“ အားလုံးပဲ ခွဲပြီးတော့ တိုက်ခိုက်”
သူတို့ အဆုံးစွန်ထိ တိုက်ခိုက်ဖို့ လိုအပ်သည်။ ဒီအတိုင်းသာ ဆက်ဖြစ်နေပြီး အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်ကို ရှုံးနိမ့်သွားပါက သူတို့ ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မည်။
သူတို့က အရေအတွက်လည်း ပိုများသည်။
ကောင်းကင်အသျှင် ဆယ်ယောက်က အုပ်စုလေးခု ခွဲကာ သူတို့လေးယောက်ဆီသို့ ဦးတည်သွားကြသည်။
ကျန်းယွင်ရှီးနှင့် ဖန်ချန်းက အဓိက အာရုံစိုက်သည့်နေရာ ဖြစ်သည်။ ကောင်းကင်အသျှင် ခြောက်ယောက်က သူတို့ကို ဝန်းရံထားသည်။
သူတို့ အသုံးပြုနေသော ခွန်အားကို အထင်သေးလို့ မရနိုင်ပေ။
ကျန်လေးယောက်က ကျန်းယွင်ထင်နှင့် ကျောက်ဟောင်တို့ကို တိုက်ခိုက်ကြသည်။ သူတို့နှစ်ယောက်က အားအနည်းနှင့် အနိုင်ယူဖို့ လွယ်ကူသည်ဟု သူတို့ ယုံကြည်ထားသည်။
ဒါပေမဲ့ အဲဒါက တကယ်ပဲ သူတို့ ယုံကြည်သလို ဖြစ်ပါ့မလား
ကောင်းကင်အသျှင်နှစ်ယောက်ကို မြင်ပြီးနောက် ကျောက်ဟောင်က အော်လိုက်သည်
“ အချိန်ကိုက်ပဲ”
ကျောက်ဟောင်၏ ခန္ဓာကိုယ်ထဲရှိ နန်မင်လီမီးတောက်က ပေါက်ကွဲထွက်သွားကာ ခန္ဓာကိုယ်ပေါ်တွင် သွားရောက်စုစည်းပြီး လောင်ကျွမ်းနေသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့လက်ထဲတွင် ကြက်သွေးနီရောင် လင်းသွားပြီးနောက် ဧရာမ အနီရင့် တိမ်တုတ်ချောင်း လက်ထဲတွင် ပေါ်လာပြီး နန်မင်လီ မီးတောက်၏ အရှိန်အဝါကို ပိုပြီးတော့ စွမ်းအားကြီးသွားစေသည်။
ကျောက်ဟောင်က လက်နှစ်ဖက်ဖြင့် အနီရင့် တိမ်တုတ်ချောင်းကို ကိုင်ဆောင်ထားကာ သူ့ခန္ဓာကိုယ်ပေါ်မှ နန်မင်လီမီးတောက်သည်လည်း တုတ်ချောင်းထဲသို့ စီးဆင်းသွားသည်။
အနီရင့် တိမ်တုတ်ချောင်း၏ အရှိန်အဝါက ကြောက်စရာကောင်းစွာ တိုးမြင့်လာသည်။
“အနီရင့် တိမ်တုတ်ချောင်း မီးတောက်ပြင်း” ကျောက်ဟောင်က အော်လိုက်ရင်း အနီရင့် တိမ်တုတ်ချောင်းကို ကိုင်မြှောက်ကာ ထုရိုက်လိုက်သည်။
ကြောက်စရာကောင်းသော အရှိန်အဝါနှင့်အတူ ဧရာမ ကြက်သွေးရောင် အလင်းတန်းထွက်လာပြီး တားဆီးလို့မရနိုင်သော အားဖြင့် ကြိတ်ခြေနေသည့်ပုံပေါ်သည်။
ထိုအချိန်တွင် လေဟာနယ် တစ်စစီဖြစ်သွားကာ ကောင်းကင်နှင့် မြေကြီးလည်း ပြိုလဲသွားပြီး ဧရာမ အာကာပြင်အက်ကြောင်းများ ထွက်ပေါ်လာကာ ဆန်းကြယ်သော စွမ်းအားကို ပြသနေသည်။
ကောင်းကင်အသျှင်နှစ်ယောက်လည်း ထိတ်လန့်သွားကြသည်။ သူတို့လည်း အသက်အန္တရာယ်ရှိသည်ဟု ခံစားရသည့်အတွက် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများကို ပြန်လည်ဆင့်ခေါ်လိုက်သည်။
တောက်ပသော အံ့ဖွယ်အလင်းတန်းက ပေါက်ကွဲသွားကာ နှိုင်းယှဉ်လိုက်ပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို မှေးမှိန်သွားစေသည်။
ကောင်းကင်အသျှင်နှစ်ယောက် နောက်သို့ လွင့်ထွက်သွားကာ သွေးများလည်း အန်ထွက်နေပြီး စင်မြင့်၏ အစွန်းသို့ ရောက်အောင် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည်။
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
ကောင်းကင်အသျှင် နှစ်ယောက်က ထိတ်လန့်သွားကြသည်။ နောက်ဆုံးအဆင့် ကနဦးဝိညာဉ် ကျင့်ကြံသူက သူတို့ကို တိုက်ရိုက်ထိခိုက်စေမည့် ကြောက်စရာကောင်းသော တိုက်ခိုက်မှုမျိုးကို ထုတ်လုပ်နိုင်မည်ဟု မထင်ထားခဲ့ပေ။
ကာကွယ်ရေး အစီအရင်၏ သက်ရောက်မှု အများကြီး ပါသော်လည်း ကျောက်ဟောင်၏ ခွန်အားက သူတို့ကို ထိခိုက်စေသည့် အရာတစ်ခုဆိုလျှင်လည်း မမှားပေ။
အဓိကအကြောင်းအရင်းက ကျောက်ဟောင်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားသုံးလိုက်သည့်အတွက် သူ၏ ခန္ဓာတည်ဆောက်ပုံက ပြောင်းလဲသွားသည်။
ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားသော နောက်ဆုံးအဆင့် ကနဦးဝိညာဉ်ကျင့်ကြံသူက ယခင် ချီရှောက်ရွှမ်ထက် အားနည်းမည် မဟုတ်ပေ။
ယခုလက်ရှိ ကျောက်ဟောင်က နတ်ဧရာဇ်တစ်ပါး၏ အရည်အချင်းမျိုး ပိုင်ဆိုင်နေသည်ဟု ပြောလို့ရသည်။
ထို့ကြောင့် အစောပိုင်းအဆင့် ကောင်းကင်အသျှင်က ကျောက်ဟောင်အတွက် ပြိုင်ဘက် မဖြစ်နိုင်ပေ။
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ တုန်လှုပ်သွားကာ သူတို့၏ အကြည့်ထဲတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
၆ယောက်မြောက် နေကိုးစင်းသူတော်စင်က ထိတ်လန့်စွာဖြင့် ပြောလိုက်သည်
“ ၅ယောက်မြောက် ဂိုဏ်းတူအစ်ကိုက ဘယ်လိုလုပ်ပြီးတော့ ကနဦးဝိညာဉ် ဂျူနီယာလေးကို ရှုံးနိမ့်သွားရတာလဲ”
“ မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…လုံးဝ မဖြစ်နိုင်ဘူး”
၆ယောက်မြောက် နေကိုးစင်း သူတော်စင်က ဤကောင်းကင်အသျှင်နှစ်ယောက်ထဲမှ တစ်ယောက်က သူတို့အထွတ်အမြတ်မြေ၏ သူတော်စင်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေသည်။
သူတို့ထဲမှနှစ်ယောက်က ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ယောက်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည့်အတွက် မယုံကြည်နိုင်ဖြစ်နေသည်။
အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။
ထိုအရာက ယခုလက်ရှိ သူတော်စင်များနှင့် ထိပ်တန့်တပည့်များအတွက် အထူးပိုပြီး မှန်ကန်သည်။ သူတို့က ဂုဏ်ယူနေကြသည်။
သူတို့မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှိနေရုံသာမက အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်၏ ကာကွယ်မှုကိုလည်း ရရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒါက ကောင်းချီးပေးခံရတာပဲ
ဒီလိုမျိုးတွေ ရှိနေရင် သူတို့ အလယ်ပိုင်းကုန်းမြေကို သွားရင်တောင် အနိုင်ကျင့်ခံရမည်ကို မကြောက်တော့ပေ။ ပြင်းထန်သောတိုက်ပွဲကို ကြည့်ပြီးနောက် ဗောဓိသတ္တဝကူသို့က ရှေ့တိုးလာကာ ပြောလိုက်သည်
“ ဒီတိုက်ပွဲက ငါ့ကို သွေးတွေ ဆူပွက်စေတယ်။ တစ်ယောက်ယောက်များ ငါနဲ့ တိုက်ခိုက်နိုင်မလား သိချင်လိုက်တာ”
ကူသို့ကလည်း ဖန်ချန်းလိုမျိုး တိုက်ပွဲရူးတစ်ယောက်ပဲလေ
သို့သော် မိုးကြိုးလှိုင်း၏ ဗုဒ္ဓအရှင်က သူ့ကို တစ်ချိန်လုံး ဗုဒ္ဓကျမ်းဂန်များ ဖတ်ပြီး ကူးရေးစေသည်။ ထို့ကြောင့် သူ့ဆီမှာ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖို့အတွက် အခွင့်အရေး မရှိပေ။
ယခု သူက အလယ်ပိုင်းကုန်းမြေကို ရောက်ရှိလာပြီဆိုတော့ မိုးကြိုးလှိုင်းရဲ့ ဗုဒ္ဓအရှင် ထိန်းချုပ်မှုအောက်မှာ နေစရာမလိုတော့ဘူး
ကူသို့က ကောင်းကင်ဘုံ ခုနစ်ထပ်မြောက်ကို ရောက်သွားသလိုမျိုး ခံစားနေရသည်။
ကူသို့က တိုက်ပွဲရှိရာသို့ အလျင်အမြန်သွားလိုက်ပြီး အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ အောမိတောဖော… ဒီသနားစရာကောင်းတဲ့ ကိုယ်တော်ရဲ့ နာမည်က ကူသို့ပါ။ ဘယ်တာအိုကျင့်ကြံသူကများ ကိုယ်တော်နဲ့ တိုက်ခိုက်ပေးနိုင်မလဲဆိုတာကို သိပါရစေ”
ကူသို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရမ်းတောက်ပသော ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်နေသည်။ ထိုအလင်းတန်းက သူ့ကို လုံးဝ လွှမ်းခြုံထားပြီး ပြိုင်ဘက်ကင်း ဗုဒ္ဓတစ်ပါးအသွင်ဆောင်စေသည်။
ထူးဆန်းသော ဖြစ်စဉ်တစ်ခုက သူ့နောက်မှ ပေါ်ထွက်လာကာ ကောင်းကင်သို့ ထိုးဖောက်သွားပြီး နေမင်းကို ကာထားလိုက်သည်။ ကောင်းကင်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းက တောက်ပနေသည်။
ဗုဒ္ဓအလင်းတန်း၏ အလင်းရောင်အောက်တွင် ရဟန္တာအပါး ၈၀၀ကို သိသာထင်ရှားစွာ တွေ့လိုက်ရပြီး စွမ်းအားကြီးသော ကောင်းကင်နဂါးများက လေဟာနယ်ကို ဖိနှိပ်ထားသည်။
အလယ်ပိုင်းကုန်းမြေ စံပြများ၏ မျက်နှာထားများတွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤမျိုးဆက်တွင် အရှေ့ပိုင်းလွင်ပြင်၌ များပြားသော ပြိုင်ဘက်ကင်း ပါရမီရှင်များစွာ ရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။
အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်က သူတို့၏ ကနဦးဝိညာဉ် ကျင့်ကြံခြင်းဖြင့် အသာစီးရသွားသည်။ ကောင်းကင်အသျှင် ဆယ်ယောက် အင်အားစုပေါင်းထားတာပင် ဖိနှိပ်ခံလိုက်ရသည်။
အခု ဗုဒ္ဓတပည့်က သူတို့ကို စိန်ခေါ်ဖို့ ထွက်လာတယ်ဆိုတော့ သူတို့လည်း ရွေးချယ်စရာမရှိပဲနဲ့ သူ့ကို လေးလေးနက်နက် ကိုင်တွယ်ပေးရမှာပေါ့
ကူသို့၏ နောက်ရှိ ထူးဆန်းသော ဖြစ်စဉ်များကို ကြည့်လိုက်ရုံဖြင့် သူ အရမ်းသန်မာသည်ကို ခံစားကြည့်လို့ရသည်။
ဒီလူက မိုးကြိုးလှိုင်းအထွတ်အမြတ်မြေက ဘုန်းကြီးပဲ ဖြစ်လိမ့်မယ်
သူတို့သာ အရင်တုန်းကလိုမျိုး စိတ်ချလက်ချနေလိုက်မယ်ဆိုရင် ဆိုးရွားတဲ့ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်
အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ မျက်နှာထားများက ခက်ထန်နေပြီး ချက်ချင်း သဘောမတူကြပေ။
သူတို့က ယခင်တစ်ပွဲတုန်းက သင်ခန်းစာ ရပြီးသွားပြီဖြစ်သည်။ ကူသို့၏ ခွန်အားက ဖန်ချန်းတို့အောက် နိမ့်ကျခြင်း မရှိပေ။ သူတို့သာ သူနဲ့ တိုက်ခိုက်ဖို့အတွက် ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ယောက်ကိုသာ စေလွှတ်လိုက်မည့်ဆိုပါက ခုတ်ထစ်ခံရမည့် ဟင်းသီးဟင်းရွက်ကို ပို့ပေးလိုက်တာနှင့် အတူတူပင်ဖြစ်သည်။
ပြီးတော့ ဖန်ချန်းက ပင်မတပည့်တစ်ယောက်ပဲဆိုပေမဲ့ ကူသို့ကတော့ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝလေ။ သူက ပိုပြီးတော့ စွမ်းအား မကြီးလောက်ဘူးလား
သေချာ စဉ်းစားချင့်ချိန်ပြီးနောက် ငါးယောက်မြောက် နဝမယင် သူတော်စင်က ဖြည်းဖြည်းချင်း ထွက်လာသည်။ သူ၏ ကျင့်စဉ်က အစောပိုင်းအဆင့် ဝိညာဉ်အသွင်ပြောင်းခြင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး သူတော်စင်များကြားထဲတွင် စွမ်းအားကြီးသူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။
သို့သော် သူ ဗောဓိသတ္တဝကူသို့နှင့် ရင်ဆိုင်ရသည့်အခါ သူ့မျက်နှာတွင် သတိထားမှုအပြင် ကြောက်ရွံ့မှုတို့ဖြင့်ပါ ပြည့်နှက်နေသည်။
သူ အရင်ဆုံး တိုက်ခိုက်နိုင်ရမယ်
ဒါမှ လက်ဦးမှုရယူပြီးတော့ ကူသို့ကို အရင်ဆုံး တိုက်ခိုက်ရမယ်
သို့သော် ကူသို့က အံ့ဩမှင်သက်သွားသည်။ နှုတ်ခမ်းများကိုလည်း တွန့်ချိုးလိုက်မိသည်။
လာ ရှုပ်မနေနဲ့တော့
ဒါက အနိုင်ကျင့်တယ်လို့ သိသာနေတာပဲ မဟုတ်လား
ဒီ သနားစရာ ကိုယ်တော်က အခုမှ အလယ်အလတ်အဆင့် ကနဦးဝိညာဉ်ပဲ ရှိသေးတာလေ။ ငါ့ကို တိုက်ခိုက်ဖို့အတွက် အစောပိုင်းအဆင့် ကောင်းကင်အသျှင်ကို ပို့ဖို့ လိုအပ်လို့လား
လိုအပ်လို့လား။ တကယ်ပဲ လိုအပ်လို့လား
ဒီသနားစရာကောင်းတဲ့ ဘုန်းကြီး တိုက်ခိုက်ချင်တာက သူ အားကျလို့လေ။ ရိုက်နှက်ခံချင်လို့တော့ မဟုတ်ဘူး
ငါးယောက်မြောက် နဝမယင် သူတော်စင်က ဗောဓိသတ္တဝကူသို့ ဘာတွေစဉ်းစားနေလဲဆိုတာကို မသိပေ။ သူက ချက်ချင်း တိုက်ခိုက်ဖို့အတွက် စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
လွန်ကဲသော ယင်ချီစွမ်းအားက သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာကာ အလင်းတန်းများလည်း အဘက်ဘက်သို့ ပျံ့နှံ့သွားပြီးနောက် စပါးအုံးမြွေနက်ကြီးနှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဗောဓိသတ္တဝ ကူသို့ကို ရစ်ပတ်ထားသည်။
အနက်ရောင် စပါးအုံးမြွေတွေက သူတို့၏ ပါးစပ်များကို ဟထားကာ နက်နဲသော ယင်အရှိန်အဝါများကို ထုတ်လွှတ်ရင်း တစ်စုံတစ်ယောက်ကို သွေးခဲသွားအောင် လုပ်ချင်နေပုံရသည်။
ထိုလူက နည်းနည်းလေးမှ ထိန်းချုပ်ထားခြင်း မရှိဘဲ ဗောဓိသတ္တဝ ကူသို့ကို ကမ္ဘာ့ရန်ဘက်အဖြစ် ဆက်ဆံနေသည်။
ကူသို့၏ မျက်နှာထားက ခါးသီးလှသည်။ သူ နောက်လည်းပြန်မဆုတ်နိုင်တော့သည့်အတွက် ရှေ့တိုးရုံ အပြင်မတတ်နိုင်တော့ပေ။
ကံကောင်းစွာဖြင့် ကူသို့က တိုက်ခိုက်သည့်အခြေအနေသို့ အမြန်ရောက်ရှိသွားသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိအဆုံးမဲ့ ဗုဒ္ဓအလင်းတန်းက ပေါက်ကွဲသွားသည်။
သူ့ဆရာ၏ ပြောချက်အရ ဗုဒ္ဓမျိုးနွယ်က မရှုံးသင့်ဘူး
“အရေးမပါတဲ့ ပညာရပ်ပဲ။ မင်းရဲ့ အရည်အချင်းတွေကို ပါရမီရှင်တစ်ယောက်ရှေ့မှာ ထုတ်ကြွားရဲတယ်ပေါ့”
ကူသို့၏ အနောက်ဖက်ရှိ ဗုဒ္ဓအလင်းတန်းက ပိုပိုပြီး တောက်ပလာကာ ကောင်းကင်နဂါးအသွင်အဖြစ် သိပ်သည်းသွားကာ မြင့်မြတ်သည့်ပုံပေါ်လှသည်။
ထိုအခိုက်အတန့်တွင် သူက သူ၏ နဂါးနတ်ဆိုးဖိနှိပ်ခြင်းကို ထုတ်သုံးလိုက်သည်။
ကူသို့က လက်ဟန်တစ်ခု ပြုလုပ်ကာ တည်ကြည်စွာဖြင့် ပြောလိုက်သည်
“ ကောင်းကင်နဂါး၊ မြင့်မြတ်လှသော အရှင်မြတ် … ဗုဒ္ဓအားလုံး၏ သဗ္ဗညုတဉာဏ်တော်၊ ပရာဂျန ဗုဒ္ဓ၊ ပရာဂျန နာမိ ”
ဝုန်း…
ခဏအတွင်းမှာပင် တောက်ပသော အလင်းတန်းများ စုစည်းကာ တောက်ပသော ရွှေနဂါးအဖြစ် ပြောင်းလဲသွားပြီး စပါးအုံးမြွေအနက်ရောင်ကြီးကို စုတ်ဖြဲလိုက်သည်။
နဂါး၏ ဟိန်းဟောက်သံက ကောင်းကင်ဘုံ ကိုးခုလုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။
ကောင်းကင်နဂါးနှင့် စပါးအုံးမြွေ အနက်ရောင်ကြီးတို့က တိုက်ပွဲထဲတွင် ပိတ်မိနေကြသည်။ အဆုံးမဲ့သော အံ့ဖွယ်အလင်းတန်းများ ထွက်လာပြီး လေဟာနယ်စင်မြင့်ကို တုန်လှုပ်သွားစေသည်။
အဆုံးမဲ့ ဗုဒ္ဓအလင်းတန်းနှင့် ယင်စွမ်းအင်က ရစ်ပတ်ကာ ကောင်းကင်ကို အရောင်နှစ်ရောင် ကွဲသွားစေသည်။
သူက မိုးကြိုးလှိုင်း ဗောဓိသတ္တဝဖြစ်သည့်အတွက် လွန်ကဲသော ယင်ဓာတ်၏ ချီကို အခြေအနေတစ်ခုအထိ ထိန်းချုပ်နိုင်သည်။
နဂါး၏ စွမ်းအားက လက်ရှိတွင် ယင်ဓာတ် စပါးအုံးမြွေ အနက်ရောင်နှင့် ယှဉ်ပြိုင်လို့ ရနေသည်။
အလယ်ပိုင်းကုန်းမြေ စံပြများက အံ့ဩသွားကာ ပြောလိုက်သည်
“ ဒီဗောဓိသတ္တဝက တကယ်ကို ထူးခြားတာပဲ။ ပြီးတော့ သူ့ရဲ့ ဓမ္မကလည်း အရမ်းသိမ်မွေ့နက်နဲတယ်”
“ ကိုယ်တော်တစ်ယောက်အနေနဲ့ ထင်ထားတဲ့အတိုင်းပဲ။ တော်သေးတယ် သူနဲ့ တိုက်ခိုက်နေတာ ငါတို့ မဟုတ်လို့”
သို့သော် တစ်စုံတစ်ခုမှားယွင်းသွားပြီဆိုတာကို သူတို့ ခံစားလိုက်ရသည်။
နဂါးက ရက်စက်ကြမ်းကြုတ်သော်လည်း ခွန်အား လျော့နည်းနေသည်။
ခဏအကြာတွင် ကောင်းကင်နဂါးက ယင်ဓာတ် အနက်ရောင် စပါးအုံးမြွေကြီး၏ စုတ်ဖြဲခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ရသွားစေသည်။
ကူသို့က ဗုဒ္ဓစွမ်းအားကို အလျင်အမြန် မြှင့်တင်ပြီးနောက် မျက်နှာထားပြောင်းလဲသွားသည်။
ဒါပေမဲ့ သူက ကနဦးဝိညာဉ်အဆင့်ဆိုတော့ ကောင်းကင်အသျှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ နိုင်မှာလဲ
မကြာခင်မှာပဲ နဂါးက စုတ်ဖြဲခံလိုက်ရပြီး အနက်ရောင် စပါးအုံးမြွေကြီးက ကူသို့ဆီသို့ ဦးတည်လာနေသည်။
“ အား… မဖြစ်ဘူး။ ညီအစ်ကို ဖြည်းဖြည်းလုပ်ပါ။ မျက်နှာကို မရိုက်ပါနဲ့”
လေဟာနယ်စင်မြင့်ပေါ်မှ ဆိုးရွားသော အော်သံများကို ကြားလိုက်ရသည်။
ခဏအကြာတွင် ကူသို့က လေဟာနယ်စင်မြင့်ပေါ်မှ ပြုတ်ကျလာသည်။
ဝတ်ရုံလည်း တစ်စစီဖြစ်နေကော မျက်နှာမှာလည်း အမာရွတ်များ ဖြစ်နေပြီး ဖူးယောင်နေပြီ။ သူ့ကို ကြည့်ရတာ ဆိုးရွားတာပဲ
ကူသို့က ယောင်ကိုင်းနေသော မျက်နှာကို လက်ဖြင့် အုပ်ထားသည်။ မျက်လုံးများလည်း နီရဲနေသည့်အတွက် သူ မခံမရပ်ဖြစ်နေသည်မှာ သေချာလှသည်။
ဖန်ချန်းကကျတော့ သူတို့ကို အနိုင်ယူနိုင်ပြီးတော့ ငါကျ ဘာလို့ သူတို့ကို အနိုင်မယူနိုင်ရတာလဲ
ငါတို့နှစ်ယောက် အရင်တုန်းက တိုက်ခိုက်တာအရဆိုရင် ခွန်အားက သေချာပေါက် အတူတူပဲလေ