ယွဲ့မင်ကျူး၏အစစ်အမှန်စွမ်းအား
Vol. 22 Ch. 298
ရမ္မက်ဂိုဏ်းချုပ် သူ့အထောက်အထားကို သိသွားလို့မဖြစ်၍ ချက်ချင်းပဲ နံပါတစ် ၁ အရိပ်စောင့်မျက်နှာဖုံးကို တပ်လိုက်ည်။
တစ်ချိန်တည်းမှာပဲ သိသာထင်ရှားသည့် ဗျတ်စောင်း၊ အနက်ရောင်ဓားနှင့် ခရမ်းဓားတို့ကို လှည်းထိုင်ခုံအောက်ဖွက်ထားလိုက်သည်။
ခုလေးမှရလာသည့် လွမ်းဆွတ်ခြင်းဆီးနှင်းကိုသာ ကျောမှာလွယ်ထားလိုက်၏။
ဤတာဝန်တွေ ပြီးစီးသွားသည့်အချိန်၌....
ရမ္မက်ဂိုဏ်းချုပ် အနားရောက်နေပြီဖြစ်သည်။
လှည်းကိုမြင်သည့်အခါ အပေါ်ခုန်တက်ပြီး စပိန်လိန်ဘုတ်အဖြစ်သုံးကာ လေထဲသို့ ခုန်တက်လိုက်သည်။
ထို့နောက် သူမ၏ ကောင်းကင်ထောင်ထွဋ်ပိုးမျှင်ကို ဒေါသတကြီးလွဲယမ်းပြီး ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ချိန်ရွယ်လိုက်သည်။
သူမက အော်ပြောလိုက်သည်။
"အရိုင်းအစိုင်းသားရဲကောင်..."
သူမက ထိုသားရဲကို ရက်ပေါင်းများစွာလိုက်ဖမ်းခဲ့ပေမယ့် အမြဲတမ်းလွတ်သွားခဲ့သည်။
ယခု, ထိုကောင်က ရဲတင်းပြီး သူမ၏ရမ္မက်မြို့ပြင်၌ ပြောင်ပြောင်တင်းတင်း ဖျက်ဆီးနေခဲ့သည်။ ဤအရာက ဂိုဏ်းချုပ်ဆိုသည့်သူမအာဏာကို စိန်ခေါ်နေတာဖြစ်သည်။
သို့ပေမယ့်...
ငွေတောင်ပံမိုးကြိုးသိမ်းငှက် ကောင်းကင်တောင်ထွဋ်ပိုးမျှင်၏စွမ်းအားကို တွေ့ကြုံထားဖူးပြီဖြစ်သည်။
၎င်းက တောင်ပံတွေကိုခတ်ပြီး ပိုမြင့်သည့်အမြင့်ကို ပျံသန်းသွားကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ထို့ပြင် ရမ္မက်ဂိုဏ်းချုပ်တိုက်ခိုက်မှုကို မျှော်လင့်ထားပြီး သူမလေထဲရှိနေတာကို အခွင့်ကောင်းယူလိုက်သည်။
ရုတ်တရက် တောင်ပံတွေကိုခတ်လိုက်သည့်အခါ....
မိုးကြိုးစွမ်းအားတွေ တဖျစ်ဖျစ်ထွက်ပေါ်နေသည့် ငှက်မွေးအများအပြား မြှားတွေကဲ့သို့ ပစ်လွတ်လာခဲ့သည်။
ရမ္မက်ဂိုဏ်းချုပ်အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
သူမက ရှုချင်းယန်မဟုတ်၍ ငှက်မွေးပေါက်ကွဲမှုကို အသာမယာမခုခံနိုင်ပေ။
အလျှင်အမြန်ပဲ ပိုးမျှင်ကိုပြန်ရုတ်ကာ မြေကမ္ဘာအဆင့်နည်းစနစ်ကို အသုံးပြုလိုက်သည်။
ထိုအခါ ငှက်မွေးအားလုံး ပေါက်ကွဲထွက်သွားခဲ့သည်။
သို့ပေမယ့် ငှက်မွေးတွေက အရမ်းများလွန်း၍ ချက်ချင်း အကုန်လုံးကို မတားနိုင်ပေ။
ထို့ပြင် ပိုးမျှင်က အပြည့်အဝပြန်မသိမ်းရသေး၍ ယခု အသုံးမဝင်ပေ။
ပိုဆိုးတာက သူမက လေထဲမှာရှိနေ၍ ရှောင်တိမ်းလို့မရဖြစ်နေခဲ့သည်။
သူမမျက်နှာဖြူဖြော့သွားပြီး အံ့အားသင့်စွာပြောလိုက်သည်။
"ငါ အကွက်ဆင်ခံလိုက်ရပြီပဲ..."
ငွေတောင်ပံမိုးကြိုးသိမ်းငှက် သူမထိတ်ထိတ်ပျာပျာဖြစ်နေတာကိုမြင်တော့, လှောင်ပြောင်ပြီး ထိုးဆင်းကာ ဒုတိယတိုက်ခိုက်မှုပြုလုပ်လိုက်သည်။
သို့ပေမယ့်....
ထိုးဆင်းလိုက်ချိန်မှာပဲ.....
ရမ္မက်ဂိုဏ်းချုပ်နှုတ်ခမ်းတွေ လှောင်ပြောင်ကွေးညွတ်သွား၏။
"ငှက်စုတ်, ငါက နင်နဲ့ကစားနေရုံပဲ...."
သူမက အလျှင်အမြန်ပဲ အင်္ကျီအိတ်ထဲမှအဆောင်စာရွက်ထုတ်ကာ ရှေ့ကို ပစ်လွတ်လိုက်သည်။
ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ.....
ငွေရောင်ငှက်မွေးတွေ မီးလောင်ကျွမ်းသွားပြီး အချိန်မတိုင်ခင် ပေါက်ကွဲသွားခဲ့သည်။
လွဲချော်သွားသည့်ငှက်မွေးတိုင်း ပေါက်ကွဲမှုကြောင့် လမ်းလွဲသွားပြီး ရမ္မက်ဂိုဏ်းချုပ်ကို ထိခိုက်ဒဏ်ရာမရစေခဲ့ပေ။
သူ့တိုက်ခိုက်မှု အသာအယာဖျက်ဆီးခံလိုက်ရတာမြင်တော့....
အလျှင်အမြန်ပဲ တောင်ပံတွေခတ်ကာ ထိုးဆင်းတာကို ရပ်ဖို့ကြိုးစားလိုက်သည်။
သို့ပေမယ့် သူ့ခန္ဓာကိုယ်ကြီးက ကြီးမားသည့်အရှိန်ဖြင့် ထိုးဆင်းလာသည်ဖြစ်၍....
အချိန်မှီမရပ်တန့်နိုင်ပဲ ယခုဆို မြေပြင်နှင့် အတော်နီးကပ်နေပြီဖြစ်သည်။
တွေဝေမနေပဲ ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ် သူမအင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်တောင်ထွဋ်ပိုးမျှင် ပြေးထွက်သွားပြီး ငှက်လည်ပင်းကို ရစ်ပတ်လိုက်သည်။
ဆောင့်ဆွဲလိုက်လျှင် ငွေတောင်ပံမိုးကြိုးသိမ်းငှက် အစောပိုင်းတစ်ကောင်လိုတူညီသည့်ကံကြမ္မာနည်းနှင့် ခေါင်းပြတ်သွားမည်ဖြစ်သည်။
ရုတ်တရက်, ငှက် ထိတ်လန့်သွား၏။
၎င်းက နီးကပ်လာသည့်အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။
သို့ပေမယ့် အလျှင်အမြန်ပဲ နားလည်သွားသည်။
သူသာ အသက်ရှင်ချင်လျှင် ရမ္မက်ဂိုဏ်းချုပ်ကို ပိုးမျှင်ပြန်သိမ်းစေလို့မရပေ။
သေတဲ့အထိတိုက်ခိုက်ရမည်ပင်။
ထို့ကြောင့် ထွက်ပြေးရမည့်အစား, ရမ္မက်ဂိုဏ်းချုပ်ဆီကို ပြေးဝင်သွားခဲ့သည်။
ထက်ရှပြီး သေမင်းတမန်လို့လက်သည်းက သူမကို တိုက်ရိုက်ပဲ ကုတ်ချလိုက်သည်။
ထို မမျှော်လင့်ထားသည့်လှုပ်ရှားမှုက ရမ္မက်ဂိုဏ်းချုပ်ကို အံ့အားသင့်သွားစေခဲ့သည်။
သူမက ငှက်ထွက်ပြေးမယ်လို့မျှော်လင့်ထားပေမယ့်, ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
ထိုအရာက ပိုးမျှင်တင်းကျပ်တာကို တားဆီးပြီး ခေါင်းဖြတ်လို့မရတော့ပေ။
"အရိုင်းအစိုင်းသားရဲ, တော်တော်ဉာဏ်ကောင်းနေတယ်ပေါ့...."
ရမ္မက်ဂိုဏ်းချုပ် နှာမှုတ်လိုက်သည်။
"ဒါပေမယ့် နင်လူရွေးမှားသွားပြီ..."
သူမ၏အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် အော်ရာက ပေါက်ကွဲထွက်လာပြီး အကန့်အသတ်မဲ့စိတ်ဝိညာဥ်စွမ်းအင်တွေက လက်ထဲမှာ စုစည်းလာခဲ့သည်။
ထို့နောက် လက်မြှောက်ပြီး တိုက်ခိုက်မှုတစ်ခုထုတ်လွတ်လိုက်သည်။
ဘုန်း!
ကောင်းကင်မှ သွေးမိုးတွေ ရွာချလာခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏တိုက်ခိုက်မှုက အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် လူသားကလန်ကျွမ်းကျင်သူအတွက်တော့ ရယ်စရာဖြစ်နေခဲ့သည်။
၎င်း၏ တစ်ချိန်ကဂုဏ်ယူခဲ့ရသည့်လက်သည်း....
ခန္ဓာကိုယ်တစ်ဝက်နှင့်အတူ သွေးမြူတွေအဖြစ်ပေါက်ကွဲသွားခဲ့သည်။
ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းက မြေပြင်ပေါ်ပြင်းထန်းစွာ ပြုတ်ကျသွားခဲ့သည်။
၎င်းတောင်ပံတွေအားနည်းစွာတစ်ချက်ခတ်လိုက်ပြီးနောက် အသက်မဲ့သွားခဲ့သည်။
လှည်းအတွင်း၌, ဂျန်ဖန်းနှင့် ချီလင်းလေး အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်သည်။
ချီလင်းလေးတုန်ယင်နေပြီးလည်ပင်းကျုံ့ကာ ဂျန်ဖန်းကို စိတ်ဖြင့် ပြောလိုက်သည်။
"တော်တော်ကြောက်စရာကောင်းတဲ့မိန်းမပဲ...."
"သခင်, သူနဲ့ဝေးဝေးနေပါ..."
"ငါကြောက်တယ်...."
ဂျန်ဖန်း ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"ဘယ်သူက မကြောက်ပဲနေမလဲ...."
သူ့အမူအရာက အတော်လေးလေးနက်နေခဲ့သည်။
သူနှင့်တိုက်ခိုက်စဥ်က ရမ္မက်ဂိုဏ်းချုပ်ထိန်ချန်ထားတာကိုသိပေမယ့်...
သူမ၏အစစ်အမှန်ခွန်အားကိုမြင်သည့်အခါ ပိုလို့တောင်ကြောက်ရွံ့သွားခဲ့သည်။
ဤမိန်းမက ရန်စလို့ရသည့်လူမဟုတ်ပေ။
ဒုတ်!
ရမ္မက်ဂိုဏ်းချုပ် လှည်းခေါင်းမိုးပေါ် ဆင်းသက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
"အရိုင်းအစိုင်းသားရဲ, နင့်ကိုသတ်ရတာ တကယ် ငြီးငွေ့စရာကောင်းတာပဲ...."
ထို့နောက် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ရှေ့ခုန်ဆင်းကာ အဆုံးသတ်ဖို့ပြင်လိုက်သည်။
ဂျန်ဖန်း အမူအရာအနည်းငယ်ပြောင်းလဲသွားသည်။
သူက မိုးကြိုးငှက်၏ ဉာဏ်နီဉာဏ်နက်များပုံကို မြင်ဖူးထားပြီးဖြစ်သည်။
သေချင်ဟန်ဆောင်တာက သူတို့၏ ကျွမ်းကျင်သည့်လှည့်စားမှုပင်။
"သတိထား, မပေါ့ဆနဲ့....."
ရမ္မက်ဂိုဏ်းချုပ် ထိတ်လန့်သွား၏။
ရုတ်တရက် သူမက ဂျန်ဖန်း ချောက်ကမ်းပါးအောက်မှာလုပ်ခဲ့သလိုမျိုး ဆူပူမှုကို ခံစားလိုက်ရသည်။
ထိုခဏတာအာရုံပျက်သွားတာက သူမကို ရှောင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားစေခဲ့သည်။
သတိလစ်နေသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက် ရုတ်တရက် ခေါင်းထောင်လာပြီး အလွန်အမင်းထက်ရှသည့် နှုတ်သီးက သူမဦးခေါင်းကို လျှပ်စီးကဲ့သို့ ထိုးစိုက်လိုက်သည်။
အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်တောင် မိုးကြိုးသိမ်းငှက်၏ သေခါနီးတိုက်ခိုက်မှုကို မခုခံနိုင်ပေ။
ဘာဖြစ်နေတယ်ဆိုတာ ရမ္မက်ဂိုဏ်းချုပ်သဘောပေါက်သွားချိန်၌ အမြင်တွေမဲမှောင်သွားပြီး ဧရာမနှုတ်သီးကြီး ဝင်ရောက်လာခဲ့သည်။
သူမနှလုံးသား ကျုံ့ဝင်သွားပြီး အတွေးတစ်ခု ဖြတ်ပြေးသွား၏။
ထိုအရာက အဆုံးသတ်ပြီဟူ၍ပင်။
သို့ပေမယ့်, အေးစိမ့်မှု သူမခေါင်းပေါ်ဖြတ်ပြေးစဥ်မှာပဲ...
သန်မာသည့်လက်တစ်စုံက ခါးကိုပွေ့ဖက်ပြီး နောက်ကို ဆွဲခေါ်သွားခဲ့သည်။
သူမပတ်လည်ရှိ ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် အမြင်ပြန်ကြည်လင်လာသည့်အခါ ကြောင်အသွားခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် တိုက်ခိုက်လိုက်သည့်ပုံစံအတိုင်းအေးခဲနေပြီး ယခု ရေခဲရုပ်ထုလိုဖြစ်နေပြီဖြစ်သည်။
သူမ ခေါင်းလှည့်ကြည့်လိုက်သည်။
မျက်နှာဖုံးတပ်ထားပြီး အဝတ်ပွကြီးဝတ်ထားသည့် ထူးဆန်းသည့်ပုံရိပ်တစ်ခု အအေးဓာတ်တွေထုတ်လွတ်နေသည့် ဓားတစ်ချောင်းကို ကိုင်ထားခဲ့သည်။
သူက သူမကို ကယ်လိုက်တာဖြစ်သည်။
ယွဲ့မင်ကျူး တုန်လှုပ်သွား၏။
ဘယ်လိုတောင်မြန်လိုက်သနည်း။
သူမ၌ တုန့်ပြန်ဖို့အချိန်မရှိပေမယ့် ဤလူက အရင်ဆုံး တုန့်ပြန်လိုက်သည်။
ထို့ပြင်, အဆင့်မြင့်မှော်ရတနာတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။
ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ဂိုဏ်းချုပ်တွေနှင့် စွမ်းအားကြီးအကြီးအကဲအချို့သာ ဤကဲ့သို့လက်နက်မျိုး ပိုင်ဆိုင်ကြ၏။
ဤလူထူးဆန်းက ဘယ်သူနည်း။
ဂျန်ဖန်း သူမ၏ပျော့ပျောင်းသည့်ခါးမှ ဆုပ်ကိုင်မှုကို လွတ်ပေးကာ လက်ချင်းယှက် အရိုအသေပေးလိုက်သည်။
ထို့နောက် လှည်းထဲတိတ်တဆိတ်ပြန်သွားကာ ခရီးဆက်လိုက်သည်။
သူက ရမ္မက်ဂိုဏ်းချုပ်နှင့် ကြာကြာမဆက်ဆံရဲပေ။
သူ့အထောက်အထားသာပေါ်သွားလျှင်....
သူမလက်မှ ဒုတိယအကြိမ်လွတ်မြောက်ဖို့ ယုံကြည်မှုမရှိပေ။
"ခဏနေပါအုန်း...."
ယွဲ့မင်ကျူး ထူးဆန်းသည့်လူကို အော်ခေါ်လိုက်သည်။
ကယ်တင်ပြီး ကျေးဇူးတင်စကားမပြောရလျှင် ကျေးဇူးမသိတတ်ရာရောက်မည်ဖြစ်သည်။
"မိတ်ဆွေ, နင်ဘယ်ဂိုဏ်းကလဲ မေးလို့ရမလား..."
"ငါ့ကိုကယ်ပေးလို့ ကျေးဇူးပါ..."
ငါ့ကိုကျေးဇူးတင်တယ်....
မင်းငါ့ကိုထောင်ထဲမထည့်ရင်ကို အတော်ကံကောင်းနေပြီ....
လှည့်မကြည့်ပဲ လက်ဝှေ့ယမ်းကာ ထူးမခြားနားစွာပြောလိုက်သည်။
"ဘာမှအထွေမထူးမဟုတ်ပါဘူး။ နှုတ်ဆက်ပါတယ်...."
ဟမ်?....
ယွဲ့မင်ကျူး အံ့အားသင့်သွား၏။
သူ့အသံက လူငယ်တစ်ယောက်၏အသံပင်။
ဂိုဏ်း ၉ ဂိုဏ်းအကြီးအကဲတွေထဲ၌ ဤကဲ့သို့အစွမ်းထက်ငယ်ရွယ်သည့်လူရှိသည်လား?
စိတ်ထဲမှာ ဂိုဏ်းအသီးသီးမှ အကြီးအကဲတွေကို ပြန်ပုံဖော်ကြည့်နေပေမယ့် တစ်ယောက်မှမရှိပေ။
သူမစဥ်းစားနေစဥ်...
အကြီးအကဲတွေ ရောက်လာကြ၏။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် သေနေတာကိုမြင်သည့်အခါ သူတို့မျက်နှာမှာ အပြုံးတွေ ပေါ်လာကြသည်။
နောက်ဆုံးတော့, ဤအရိုင်းအစိုင်းသားရဲက သေသွားပြီပင်။
"ဂိုဏ်းချုပ်, ဒီငှက်ခန္ဓာကိုယ်ကို ဘာလုပ်သင့်လဲ...."
အကြီးအကဲလင်းမေးလိုက်ပြီး မျက်လုံးထဲ၌ တပ်မက်မှုတွေ ရစ်ဆိုင်းနေခဲ့သည်။
ဤငှက်၌ တန်ဖိုးကြီးအစိတ်အပိုင်းများစွာရှိ၏။
ယွဲ့မင်ကျူး လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"ဘာလုပ်နိုင်မှာလဲ..."
"သေချာပေါက် အသင်္ချေဓားဂိုဏ်းကို တောင်းပန်တဲ့အနေနဲ့ပို့ရမှာပေါ့...."
သူမက မတော်တဆမှုကို မကျူးလွန်ခဲ့သော်လည်း ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိစ္စကို ရှင်းမပြနိုင်ပေ။
သားရဲလှိုင်းချည်းကပ်လာပြီဖြစ်၍ ဂိုဏ်းဆက်ဆံရေးက ထိခိုက်လို့မရပေ။ ထို့ကြောင့် တာဝန်ယူရမည်ဖြစ်သည်။
ထိုအတွေးက သူမကို နောက်တစ်ကြိမ်ဒေါသထွက်သွားစေခဲ့သည်။
"နင်, မကောင်းတဲ့ကောင်..."
"ငါနဲ့မတွေ့စေနဲ့...."
အကြီးအကဲတွေလည်း နားလည်သွားကြသည်။ ထိုအရာက အကောင်းဆုံး လုပ်ဆောင်ချက်ပင်။
အကြီးအကဲလင်း သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ, ဒါကို အသင်္ချေဓားဂိုဏ်းဆီ လျော်ကြေးအဖြစ် ပေးတာပေါ့...."
"ဒါပေမယ့်, ငါတို့ တစ်ခုခုတော့ ပြန်ရသင့်တယ်...."
"ဓားသစ်တောက မကြာခင်ဖွင့်လှစ်တော့မယ်ဆိုတော့ ဒီငှက်ခန္ဓာကိုယ်နဲ့ ငါတို့ရဲ့အခြေခံတည်ဆောက်ခြင်းတပည့်တွေအတွက် ဝင်ခွင့်တံဆိပ်အချို့ လဲလှယ်ရမယ်..."
ယွဲ့မင်ကျူး မျက်လုံးတွေ တောက်ပသွားသည်။
"အကြံကောင်းပဲ..."
"ဓားသစ်တောက အခြေခံတည်ဆောက်ခြင်းသိုင်းပညာရှင်တွေအတွက် လေ့ကျင့်ဖို့နေရာဖြစ်ရုံတင်မကဘူး, ထိပ်တန်းအဆင့်ဓားပညာဉာဏ်အလင်းတွေလည်း ပေးစွမ်းနိုင်တယ်...."
"စီနီယာရှုချင်းယန်က ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို အဲ့ဒီနေရာမှာ ဉာဏ်အလင်းပွင့်ခဲ့တာ...."
"တပည့်အများအပြား သွားဖို့ ပြင်ဆင်နေပြီ...."
"ဧရာမဂိုဏ်းရှေ့တန်းမှာ နတ်ဆိုးသားရဲတွေနဲ့တိုက်ခိုက်နေတဲ့တပည့်တွေတောင် သွားဖို့ပြင်ဆင်နေကြတယ်..."
ဟမ်?...
ထွက်သွားဖို့ပြင်နေသည့်ဂျန်ဖန်း အတွေးတစ်ခုရသွားသည်။
ထိုကိစ္စ၌....
လျိုချင်းရှန်လည်း အသင်္ချေဓားဂိုဏ်းကို လာနိုင်ချေရှိ၏။