ရှုယင်းယင်း
Vol. 22 Ch. 301
သူမက တိမ်စိမ်းဂိုဏ်းဝတ်စုံဝတ်ဆင်ထားပြီး စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တွေကြား၌ ထင်းရူးပင်လို ထင်ရှားနေခဲ့သည်။
ကျက်သရေရှိသည့်အစိမ်းဖျော့ရောင်ဝတ်ရုံရှည်က သူမကောက်ကြောင်းတွေကို အထင်းသားပေါ်လွင်နေစေခဲ့သည်။
နူးညံ့သည့်မျက်နှာလေးက မည်သည့်မိတ်ကပ်မှမလိမ်းခြယ်ထားတာတောင် လူတိုင်းကို ကြက်သေသေသွားစေဖို့ လုံလောက်၏။
စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တွေကြား၌...
သူမက ကြက်တွေကြား၌ကြိုးကြာတစ်ကောင်လို ထင်ပေါ်နေခဲ့သည်။
ရမ္မက်ဂိုဏ်းတပည့်များစွာ မနေနိုင်ပဲ သူမကို သတိထားမိလိုက်သည်။
ကျီရူယွဲ့မျက်လုံးတွေ တောက်ပသွားပြီး စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
"တော်တော်လှတဲ့ဂျူနီယာမညီမပဲ...."
"ငါတို့ရမ္မက်ဂိုဏ်းမှာတောင်, ထိပ်တန်းအလှတွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်...."
ရမ္မက်ဂိုဏ်က ခန့်ညားသည့်အမျိုးသားတွေနှင့် လှပသည့်အမျိုးသမီးတွေကြောင့် ကျော်ကြား၏။
သို့ပေမယ့် သူတို့ရှေ့ရှိ မိန်းမလှက ပြိုင်ဘက်ကင်းအော်ရာကို သယ်ဆောင်ထားဆဲဖြစ်သည်။
ကျီရူယွဲ့ ထပ်ခါထပ်ခါကြည့်နေပြီး ကြည့်လေကြည့်လေ ပိုသဘောကျလေလေဖြစ်သည်။
ရုတ်တရက် သူမမျက်လုံးတွေ အရောင်လက်လာပြီး ဂျန်ဖန်းဘက်လှည့်ပြောလိုက်သည်။
"စီနီယာအကို, နင် ဒီဂျူနီယာညီမကို သဘောကျလား..."
"နင်သဘောကျရင်, ငါ ကူညီပေးမယ်လေ..."
လမ်းတစ်လျှောက်၌ ဂျန်ဖန်း သူတို့ကို စကားတစ်ခွန်းမှမပြောခဲ့ပေ။
ကျီရူယွဲ့ သိကျွမ်းဖို့ အခွင့်အရေးတစ်ခုတောင် မရခဲ့ပေ။
ယခုကြည့်ရတာ ကောင်းမွန်သည့်အခွင့်အရေး ရောက်လာပုံပင်။
ဂျန်ဖန်း ရယ်ချင်စိတ်ကော အကူအညီမဲ့မှုကော ခံစားလိုက်ရသည်။
"မလိုပါဘူး, ငါတို့ကြားမှာ ကံကြမ္မာမရှိဘူး...."
ဟမ်?....
ကျီရူယွဲ့ဉာဏ်ကောင်းသူဖြစ်ပြီး ချက်ချင်း တစ်ခုခု မှားနေတာကို သတိထားမိလိုက်သည်။
"စီနီယာအကို, သူ့ကို သိတာလား...."
ဂျန်ဖန်း အကြည့်ရှုပ်ထွေးသွား၏။
"ငါတို့က သိကျွမ်းတာထက်ပိုပါတယ်...."
အတိတ်၌ "ဂျန်ဖန်းကိုလက်ထပ်မည့်အစား အသေပဲခံမည်" ဟု မပြောခဲ့လျှင်...
သူတို့ဘဝတွေက လုံးဝမတူညီသည့်လမ်းကြောင်းတွေကို လျှောက်လှမ်းကောင်း လျှောက်လှမ်းရနိုင်၏။
ဒါဆို, သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတာပေါ့....
ကျီရူယွဲ့ နောက်ထပ်မေးတော့မည့်အချိန်မှာပဲ အကြီးအကဲလင်း ပြောလိုက်သည်။
"ဒီတော့, ဒါက စစ်မှန်မိုးကြိုးဂိုဏ်းက တာအိုမိတ်ဆွေပဲ...."
သူမက သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
စစ်မှန်မိုးကြိုးဂိုဏ်း လူအုပ်ထဲ၌ ရှေ့ဆုံးမြင်မြင်းပေါ်မှာထိုင်နေသည့် ကတုံးပြောင်လူတစ်ယောက်ထိုင်နေပြီး နဖူးမှာ မိုးကြိုးအမှတ်အသားတစ်ခုရှိနေခဲ့သည်။
သူ့အသားအရေက ဖြူဖြော့ပြီး ခန္ဓာကိုယ်မှာ အမွေးအမျှင်လုံးဝမရှိပေ။
မျက်ခုံးမွေးတောင်မရှိပေ။
ပုံစံက ထူးဆန်းလှ၏။
သို့ပေမယ့် ထုတ်လွတ်နေသည့်အော်ရာက ကြီးမားလှ၏။
"ဒီတော့, ဒါက အကြီးအကဲလင်းပဲ...."
သူက အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ငါက ဒီနေရာမှာ ရတနာတစ်ခုခုများ ပေါ်လာတာလားလို့...."
သူမျက်နှာ၌ အပြုံးတစ်ခုရှိနေပေမယ့် အကြည့်က မြေပြင်ရှိရေစက်တွေပေါ်မှာရှိနေပြီး သံသယတွေအပြည့်ပင်။
သူတို့က အဝေးမှနေ၍ တိမ်တိုက်တွေပြုတ်ကျလာသည့်ထူးဆန်းသည့်မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြသည်။
မမျှော်လင့်စွာပဲ ရမ္မက်ဂိုဏ်းအဖွဲ့နှင့် လာတွေ့နေခဲ့သည်။
အကြီးအကဲလင်း ရယ်လိုက်သည်။
"ရတနာသာရှိရင်, ငါက ဒီနေရာမှာ နင်ရောက်လာတဲ့ထိစောင့်နေပါ့မလား...."
"အစောကြီးကတည်းက ရတနာကိုယူပြီး ထွက်ပြေးပြီးနေပြီပေါ့...."
ကတုံးပြောင် သတ်လတ်ပိုင်းလူ တစ်ခဏတွေးပြီး မေးလိုက်သည်။
"ဒါဆို အစောပိုင်းက ဘာဖြစ်သွားတာလဲ။ အကြီးအကဲလင်းမှာ သဲလွန်စတစ်ခုခုများရှိလား...."
အကြီးအကဲလင်း မချိပြုံးပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။
"ငါလည်း သိချင်နေတာ...."
"တိမ်တိုက်တွေပြုတ်ကျတဲ့ဖြစ်စဥ်ကို ငါတစ်ခါမှမမြင်ဖူးဘူး...."
"အကြီးအကဲဂျင်, နင့်မှာ သဲလွန်စတစ်ခုခုရှိရင်, ကျေးဇူးပြုပြီး ငါတို့ကိုပြောပြပါ...."
ဂျန်ဖန်း သူတို့နှစ်ယောက်ပြောနေတာတွေနားထောင်ပြီး တိတ်တဆိတ် ရယ်ချင်နေခဲ့သည်။
သူတို့၌ မည်သည့်သဲလွန်စမှမရှိပေ။ ရှိခဲ့လျှင်တောင် မျှဝေမည်မဟုတ်ပေ။
အကြီးအကဲဂျင် အပိုတွေမေးမိတာ နားလည်လိုက်သည်။
လက်လျော့ဖို့ဆန္ဒမရှိပဲ မြင်းပေါ်မှနေ၍ ရေစက်တွေကြားရှာဖွေလိုက်သည်။
ရေစက်တွေလုံးဝအငွေ့ပျံသွားမှသာ သက်ပြင်းချပြီးပြန်လာလိုက်သည်။
"ကြည့်ရတာ သဘာဝဖြစ်စဥ်တစ်ခုပဲနဲ့ တူတယ်...."
သူက အကြီးအကဲမင်နှင့် လှည်းထဲက တပည့် ၆ ယောက်ကို ကြည့်လိုက်သည်။
သူ့မျက်လုံးတွေ အရောင်တောက်သွားပြီး ပြုံးလိုက်သည်။
"အကြီးအကဲလင်း, မင်းတပည့်တွေခေါ်ပြီး အသင်္ချေဓားဂိုဏ်းက ဓားသစ်တောမှာ သွားလေ့ကျင့်မလို့နဲ့တူတယ်...."
"ငါလည်းအတူတူပဲ၊ အတူတူသွားရင်ကောဘယ်လိုလဲ..."
အကြီးအကဲလင်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ငါ အကြီးအကဲဂျင်ရဲ့ကြင်နာမှုကို လက်ခံပါတယ်...."
"ဒါပေမယ့် ငါ့တပည့်အားလုံးက အနူးအညံ့သမားတွေ။ ခရမ်းကြမ်းနှင်လို့မရဘူး..."
"မကြန့်ကြာချင်ရင် ရှေ့ကသွားနှင့်ပါ...."
ရမ္မက်ဂိုဏ်းတပည့်တွေ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မဟေဠိဖြစ်သွားကြသည်။
သူတို့က အကြီးအကဲလင်း ဘာကြောင့်ငြင်းလဲဆိုတာ နားမလည်ပေ။
ယခုချိန်ခါမှာ အနောက်ဘက်လမ်းကြောင်းက မလုံခြုံတော့ပေ။ ဂိုဏ်း ၂ ဂိုဏ်း အတူတူသွားလျှင် ပိုလုံခြုံမှာ သံသယရှိစရာမလိုပေ။
သို့ပေမယ့် ကျီရူယွဲ့ အခြေအနေကိုသိပြီး တီးတိုးပြောလိုက်သည်။
"အကြီးအကဲလင်းကို နားလည်မှုမလွဲပါနဲ့...."
"သူက ငါတို့ကိုကာကွယ်ပေးနေတာ...."
"အဲ့ဒီကတုံးက လူကောင်းမဟုတ်ဘူး...."
အို?....
ဂျန်ဖန်း မနေနိုင်ပဲ ရှုယင်းရင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးတွေ၌ စိုးရိမ်သည့်အရိပ်အယောင်တွေပြသလာ၏။
ကျီရူယွဲ့အသံနှိမ့်ပြီး ဆက်ပြောလိုက်သည်။
"သူက စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ မဟာအကြီးအကဲ ဂျင်ယွင်လဲ့ပဲ...."
"အခြားဂိုဏ်းကျွမ်းကျင်သူတွေနဲ့ တာဝန်အတူတူ နှစ်ခါလုပ်ခဲ့ဖူးတယ်။ တစ်ဖွဲ့လုံးအသတ်ခံရပေမယ့်, သူတစ်ယောက်ပဲ အသက်ရှင်လျက်ပြန်လာခဲ့တယ်...."
"အသက်ရှင်တဲ့လူမရှိတဲ့မတွက် အဲ့ကိစ္စက ခုထိမဖြေရှင်းနိုင်သေးဘူး...."
ထိုအရာကိုကြားသည့်အခါ လူတိုင်း အေးစိမ့်မှုကို ခံစားလိုက်ရသည်။
ယခု သူတို့က အကြီးအကဲလင်း တွေဝေမနေပဲ ငြင်းလိုက်တာကို နားလည်သွားခဲ့သည်။
တစ်ခါဆိုလျှင်ကံကောင်းတာဟုပြောနိုင်၏။
သို့ပေမယ့် နှစ်ခါကတော့....
ကံကောင်းတာဖြစ်နိုင်ပါအုန်းမည်လား....
ဂျန်ဖန်း ပိုစိုးရိမ်လာ၏။
ဤကဲ့သို့မရိုးသားသည့်လူတစ်ယောက်နှင့် ရှုယင်းရင်းတကယ်ပဲ လုံခြုံပါ့မလား....
သူက လီချင်ဖုန်းကို ကတိပေးထား၏။
ရှုယင်းရင်နှင့်အပြင်မှာတွေ့လျှင် ဂရုစိုက်မည်ဟုပင်။
ဂျန်ဖန်းအကြည့်ကိုခံစားမိတော့ ရှုယင်းရင် ကြည့်လိုက်သည်။
သို့ပေမယ့်, သူကိုမြင်သည့်အခါ သူမျက်လုံးတွေ ဂျန်ဖန်းမျက်နှာဖုံးမှ မခွာနိုင်ဖြစ်နေခဲ့သည်။
မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး အိမ်မက်မက်နေသည်ဟု သံသယရှိနေခဲ့သည်။
သူမက မိန်မောစွာရေရွတ်လိုက်သည်။
"နံပါတ်တစ် အရိပ်စောင့်...."
နံပါတ် ၁ အရိပ်စောင့်ကို သူမ ဘယ်လောက်သတိရနေမှန်း မည်သူမှမသိပေ။
သူမကို နဂါးလမ်းကြောင်း၌ လှုပ်ရှားမှုနည်းစနစ်သင်ပေးခဲ့သည့်သူ...
သွေးလင်းနို့နန်းတောင် ဒုနန်းတော်သခင်လက်မှ ကယ်တင်ပေးခဲ့သူ...
သူမ လေးစားရပြီး စိတ်လှုပ်ရှားခဲ့သူ...
ဤနေရာမှာ လာတွေ့နေခဲ့သည်။
ဂျန်ဖန်း အနည်းငယ် အံ့အားသင့်သွား၏။
သူက လူတိုင်း နံပါတ်တစ် အရိပ်စောင့်မျက်နှာဖုံးကို အချိန်အတော်ကြာကတည်းက မေ့သွားပြီဟု ထင်ထားခဲ့သည်။
သို့ပေမယ့် ဤလောက်ထိကြာပြီးတာတောင်, ရှုယင်းရင် မှတ်မိနေသေးသည်။
ဤသို့ဆိုမှတော့, လှည်းပေါ်မှခုန်ဆင်းကာ ပြုံးပြီး ပြောလိုက်သည်။
"မတွေ့တာကြာပြီ, ရှုယင်းရင်း...."
ရင်းနှီးသည့်အသံကိုကြားသည့်အခါ...
ထိုအရာက နံပါတ် ၁ အရိပ်စောင့်ဆိုတာ သူမအတည်ပြုလိုက်သည်။
ချက်ချင်းပဲ ရှုယင်းရင်မျက်လုံးထဲ မျက်ရည်တွေဝဲလာပြီး မကျေနပ်စွာဖြင့် ပါးပြင်ပေါ်လိမ့်ဆင်းလာခဲ့သည်။
သူမက မြင်ပေါ်မှဆင်းကာ ဂျန်ဖန်းရင်ခွင်ထဲပြေးဝင်သွားခဲ့သည်။
ဂျန်ဖန်းအေးခဲသွား၏။
"မင်းဘာဖြစ်...."
သူမမေးနိုင်ခင်မှာပဲ ရှုယင်းရင်း ဝမ်းနည်းစွာငိုပြီး ပြောလိုက်သည်။
"နင်ဘယ်တွေသွားနေတာလဲ...."
"ငါ အထီးကျန်လှေမြို့ကိုပြန်သွားခဲ့ပေမယ့် နင့်ကို ဘယ်နေရာမှရှာမတွေ့ဘူး...."
တိမ်စိမ်းဂိုဏ်းကိုဝင်ရောက်ပြီးနောက် သူမ နံပါတစ်အရိပ်စောင့်ကို ဘယ်လောက်သတိရနေမှန်း သူမသာသိ၏။
အထူးသဖြင့် စိတ်ထိခိုက်သည့်အချိန်တွေတိုင်း နံပါတ် ၁ အရိပ်စောင့်၏ကြင်နာမှုကို တွေးမိ၏။
ဤတစ်ချိန် သူမ ရှုရို့ရန်နှင့် ချန်စီလင်တို့၏ လွမ်းမိုးခြင်းခံခဲ့ရသည်။
ထို့ကြောင့် စိတ်ကျစွာဖြင့် အထီးကျန်လှေမြို့ကို ပြန်သွားခဲ့သည်။
သူမကိုယ်သူမက အသစ်တဖန်ပြန်စဖို့ထက် နံပါတ် ၁ အရိပ်စောင့်ကို နောက်တစ်ကြိမ်ထပ်တွေ့ရမလားဆိုသည့် မျှော်လင့်ချက်နှင့်ပင်။
သို့ပေမယ့် နဂါးလမ်းကြောင်းက အချိန်အတော်ကြာကတည်းက ပိတ်သွားပြီဖြစ်သည်။
ရင်းနှီးသည့်လှေကားထစ်တွေ၌ ဖုန်မှုန့်တွေတင်နေပြီး တောင့်တွေမှာပင့်ကူအိမ်အနည်းငယ်ရှိနေခဲ့သည်။
တစ်ခါက သူ သူမကို ကယ်ခဲ့ဖူးသည့် လမ်းပေါ်၌
အဖွာအို၏ကိတ်မှုန့်ဆိုင်လေးရှိနေဆဲဖြစ်ပြီး ကလေးတွေက သကြားရုပ်လုပ်သည့်လူအိုကြီးဘေးမှာ အလုအယက်ဖြစ်နေကြဆဲဖြစ်သည်။
အရာရာတိုင်းက မနေ့ကလိုပင်။
တစ်ခုတည်းသောအရာက နံပါတ် ၁ အရိပ်စောင့် မရှိတော့ခြင်းဖြစ်သည်။
ကိစ္စတွေပြောင်းလဲသွားပေမယ့် လူတွေကတော့ အရင်တိုင်းရှိနေဆဲဖြစ်၏။
ကမ္ဘာကြီးကကျယ်ပြောပေမယ့် သူမ၌ ပြန်စရာနေစရာမရှိပေ။
ထို့ကြောင့် အဝေးကြီးကို ခရီးထွက်လာခြင်းဖြစ်သည်။
ရှုယင်းရင် သူ့ရင်ခွင့်ထဲမှာ အော်ငိုနေတာ နားထောင်ပြီး ဂျန်ဖန်း ဘာပြောရမှန်းမသိဖြစ်သွား၏။
ရှုအိမ်တော် ၁၀နှစ်ကြာ နေထိုင်ခဲ့စဥ်အတွင်း....
ရှုယင်းရင် ဤလောက်ထိ အသည်းကွဲမတတ်ငိုတာ ပထဆုံးအကြိမ်ဖြစ်သည်။
တစ်ခဏတွေဝေနေပြီနောက် သူက သူမကျောကိုညင်သာစွာပွတ်ပေးပြီး ပြောလိုက်သည်။
"မငိုပါနဲ့...."
"မင်းဆရာ, အကြီးအကဲလီက မင်းကိုအရမ်းစိတ်ပူနေတယ်...."
ထိုအရာကိုကြားသည့်အခါ ရှုယင်းရင် မျက်ရည်တွေ နောက်ဆုံးမှာ အနည်းငယ်ရပ်သွားပြီး ရှက်သွား၏။
"ငါ တစ်ဇွတ်ထိုးထွက်လာတော့ ဆရာ့ကို ပြဿနာများစေမိပြီ...."
"အသင်္ချေဓားဂိုဏ်းသွားပြီးရင်, ဂိုဏ်းကို ပြန်လိုက်ပါ့မယ်...."
ဂျန်ဖန်း စိတ်သက်သာယာရသွား၏။
သူက စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တွေကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ငါနဲ့လိုက်ခဲ့..."
"ဒါဆိုတစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်နိုင်လိမ့်မယ်...."
ရှုယင်းရင် မျက်ရည်တွေနှင့်ပြုံးလိုက်ပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ...."
ဤအရာက သူမလိုချင်သည့်အရာ အတိအကျပင်။
"ဂျူနီယာညီမရှု, မင်းဒီလိုပဲထွက်သွားတော့မှာလား...."
သို့ပေမယ့် ဂျင်ယွင်လဲ့ဘေးရှိ ခန့်ညားသည့်တပည့်တစ်ယောက် မျက်ခုံးမြင့်လိုက်သည်။
"မင်းအသက်ကို ငါတို့ကယ်ထားတယ်ဆိုတာ မမေ့နဲ့...."