← Chapters

ကြင်နာမှုကိုအသုံးချ၍မောက်မောက်မာမာပြုမူခြင်း

Vol. 22 Ch. 302

ကြင်နာမှုကိုအသုံးချ၍မောက်မောက်မာမာပြုမူခြင်း

Vol. 22 Ch. 302

အသက်ကယ်ကျေးဇူး?...

ဂျန်ဖန်း ရှုယင်းရင်းကို စိတ်ရှုပ်စွာဖြင့်ကြည့်လိုက်သည်။

"မင်းအန္တရာယ်ကြုံခဲ့တာလား...."

ရှုယင်းရင်းခေါင်းညိတ်လိုက်ပြီး သူမမျက်နှာမှာ ကြောက်ရွံ့မှုတွေ ပြသလာခဲ့သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ စိတ်ဝိညာဥ်သားရဲဂိုဏ်းနယ်မြေထဲက နူးမြစ်ကိုဖြတ်ကူးခဲ့တယ်။ အဲ့မှာ ကြမ်းကြုတ်တဲ့ရေနတ်ဆိုးသားရဲတွေနဲ့တွေ့ပြီး စီးနေတဲ့သင်္ဘော မှောက်လုနီးပါးပဲ...."

"ကံကောင်းစွာနဲ့, အနီးနားမှာရှိတဲ့ အကြီးအကဲဂျင်ဦးဆောင်တဲ့စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တွေ သားရဲတွေကိုမောင်းထုတ်ပေးခဲ့တယ်....."

"ဒီလိုနဲ့ငါ အသက်ရှင်နိုင်ခဲ့တာပဲ..."

နူးမြစ်ထဲက နေနတ်ဆိုးသားရဲ?..

ထိုအရာက ကြေးခွံရေနတ်ဆိုးနဂါး ဖြစ်နိုင်၏။

ထိုသားရဲတွေက ခြေရာလက်ရာမကျန်ပဲ သွားလာတတ်ပြီး ရေထဲမှာ ဒဏ်ရာရဖို့ခက်ခဲ၏။

သို့ပေမယ့် မိုးကြိုးစွမ်းအားကတော့ ချွင်းချက်ပင်။

မိုးကြိုးတစ်ချက်က ပေတစ်ရာအတွင်းမှာရှိတဲ့ မည်သည့်ကြေးခွံနီရေနတ်ဆိုးနဂါးကိုမဆို ဒဏ်ရာရသွားစေနိုင်၏။

ဂျန်ဖန်းသာ "သန့်စင်မိုးကြိုးအရိပ်သုံးခု" ကို စောစောလေ့ကျင့်ထားခဲ့လျှင် ကြေးခွံနီရေနတ်ဆိုးနဂါးတွေကို ဤလောက်ထိဒုက္ခခံသွေးဆောင်ပြီး သတ်နေစရာမလိုပေ။

သူက ဂျင်ယွင်လဲ့ဆီလက်ချင်းယှက်ပြီး ပြုံးလိုက်သည်။

"သူမအသက်ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲဂျင်...."

ဂျင်ယွင်လဲ့ အားတင်းပြုံးလိုက်သည်။

"ဘာလို့ ငါ့ကိုကျေးဇူးတင်နေတာလဲ....."

"ကျေးဇူးတင်ချင်ရင်, မိန်းခလေးကို ကျေးဇူးတင်ခိုင်းလိုက်လေ...."

ရှုယင်းရင်း တွန့်ဆုတ်မနေပဲ ဦးညွတ်လိုက်သည်။

"ကျွန်မကိုကယ်တင်ပြီး ဒီရက်တွေအတွင်း စောင့်ရှောက်ပေးလို့ အကြီးအကဲဂျင်ကို ကျေးဇူးတင်ပါတယ်...."

"ဒီကြင်နာမှုကို ကျွန်မအသက်နဲ့ပြန်ပေးပါ့မယ်...."

"အကြီးအကဲလိုအပ်တာတစ်ခုခုရှိရင်,မီးပင်လယ်ကိုဖြတ်ရမယ်ဆိုရင် ကျွန်မတွေဝေနေမှာ မဟုတ်ပါဘူး..."

"အခု, ကျွန်မ အကြီးအကဲတို့ကို နောက်ထပ်မနှောက်ယှက်တော့ပါဘူး...."

သူမစကားတွေက ရိုးသားပြီး သင့်လျော်၏။

ပြန်လည်ချေပရန် နေရာမရှိပေ။

ဂျင်ယွင်လဲ့မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။

သူက အခြားလူ၏ကိစ္စကို ဘယ်တုန်းကမှ ဝင်စွပ်ဖက်သူမဟုတ်ပေ။

သူ ဤမိန်းခလေးကို ကယ်တင်ခဲ့တာဟာသူ့တပည့်လုရှီယီက သူမရုပ်ရည်ကို သဘောကျသွားလို့ပဲဖြစ်သည်။

ယခု,သူမ၏ချစ်သူဟောင်းကိုမြင်တော့ ရင်ခွင်ထဲပြေးဝင်ပြီး ထွက်သွားချင်နေခဲ့သည်။

ထိုအရာက သူတို့ကို အရူးတွေလို ဖြစ်မသွားစေဖူးလား....

သို့ပေမယ့်, မဟာအကြီးအကဲတစ်ယောက်အနေဖြင့်, တပည့်တွေနှင့်ငြင်းခုန်လို့မရပေ။

လုရှီယီကိုသာ ကိုယ်ကိုယ်ကိုင်တွယ်ခိုင်းရမည်ဖြစ်သည်။

ခန့်ညားပြီးအရပ်ရှည်သည့် လုရှီယီ မျက်မှောင်အနည်းငယ်ကြုတ်ပြီး ရှေ့တက်လာခဲ့သည်။

"မင်းအသက်နဲ့ပြန်ပေးဆပ်ဖို့မလိုအပ်ပါဘူး...."

"မင်းအသက်ကို ငါတို့က ဘာလုပ်ရမှာလဲ..."

သူမမှားနေတာသိသည့်အတွက်, ရှုယင်းရင် သူနှင့်ငြင်းခုန်မနေပေ။

သူမက ရိုးသားစွာပြောလိုက်သည်။

"ဂျူနီယာညီမက အခြေခံနည်းသလို, စွမ်းအားအာဏာလည်းမရှိပါဘူး..."

"အသက်နဲ့ပြန်ပေးဆပ်တာကလွဲလို့ အခြားဘာနဲ့ပြန်ပေးနိုင်မှာလဲ...."

"စီနီယာအကိုလု အကူအညီလိုအပ်ရင်, ဂျူနီယာညီမအတတ်နိုင်ဆုံးကူညီပေးမှာပါ...."

ဂျန်ဖန်း ရှုယင်းရင်းဘေးမှာ တိတ်တဆိတ် ရပ်နေခဲ့သည်။

သူက သူတို့၏ မကောင်းသည့်ရည်ရွယ်ချက်တွေကို ခံစားမိ၏။

ထိုသို့ဆိုလျှင် သူက မမြင်ချင်ယောင်ဆောင်နေမည်မဟုတ်ပေ။

လုရှီယီ ဂျန်ဖန်းလှုပ်ရှားမှုကိုသတိထားမိတော့ ပိုလို့တောင်မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။

"ဂျူနီယာညီမ, မင်းပြောပုံက ငါတို့ကပဲ မင်းကို ဖိအားပေးနေသလိုလိုနဲ့...."

သူက "ငါ့ကိုလက်ထပ်"ဟုပြောချင်ပေမယ့် အကြီးအကဲလင်းဘေးက ရပ်ကြည့်နေခဲ့သည်။

သူမကြားဝင်လာတာကိုမပြောလိုသေးပေ။ ထိုကဲ့သို့သတင်းကပင် သူတို့ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်သည်။

ထို့ကြောင့်, လုရှီယီမျက်လုံးတွေ လှုပ်ရှားသွားကာ နှောက်တစ်လှမ်းဆုတ်ပြီး ပြောလိုက်သည်။

"ငါတို့က ဂိုဏ်း ၉ ဂိုဏ်း ခင်မင်မှုအရကူညီခဲ့တာပါ။ မင်းကျေးဇူးတင်တာ ခံချင်လို့မဟုတ်ပါဘူး...."

"ဒါပေမယ့်, ငါတို့မင်းကိုကယ်တဲ့အချိန်က ငါ့ဆရာ ကြေးခွံနီရေနတ်ဆိုးနဂါးကို အမဲလိုက်နေတဲ့အချိန်ပဲ...."

"ငါ့ဆရာက မှော်ရတနာလုပ်ဖို့ သူ့သွားကိုလိုချင်နေတာလေ..."

"မင်းကိုကယ်ဖို့, သူက ကြေးခွံနီရေနတ်ဆိုးနဂါးကို လက်လွတ်ခဲ့တာ..."

"ဒီတော့ မင်းငါတို့ကို ကြေးခွံနီရေနတ်ဆိုးနဂါးနဲ့ပြန်ပေးနိုင်တယ်။ ဒါဆို ကျေပြီလို့သတ်မှတ်နိုင်တယ်...."

ထိုအရာကိုကြားသည့်အခါ...

ရှုယင်းရင်း ဒုက္ခများသည့်အမူအရာပြသလာ၏။

သူမက ထိုသားရဲ၏ကြမ်းကြုတ်မှုကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီး အစာဖြစ်လုနီးပါးပင်။

ဘယ်လိုလုပ် တစ်ကောင်အမဲလိုက်နိုင်မည်နည်း။

ထို့ပြင်, ထိုသားရဲတွေက စိတ်ဝိညာဥ်သားရဲဂိုဏ်းနယ်မြေအတွင်းမှာနေထိုင်တာဖြစ်သည်။

သူမက စိတ်ဝိညာဥ်သားရဲဂိုဏ်းကို မကြာခင်ပြန်နိုင်မည်မဟုတ်ပေ။

လုရှီယီမျက်လုံးတွေ အရောင်တောက်သွား၏။

"ငါတို့တောင်းဆိုမှုက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ပါဘူးနော်...."

"လုံးဝမဟုတ်ပါဘူး.... ဒါပေမယ့်...."

ရှုယင်းရင်း လက်ဝှေ့ယမ်းလိုက်သည်။

သူတို့က သူတို့၏ဆုံးရှုံးမှုကို ပြန်ရချင်တာဖြစ်ပြီး ထိုအရာက လုံးဝကျိုးကြောင်းမဆီလျော်တာမဟုတ်ပေ။

သို့ပေမယ့် တောင်းဆိုမှုက သူမ ယခုချိန်မှာ ဖြည့်ဆည်းပေးနိုင်သည့်အရာမဟုတ်ပေ။

ထိုအခါ လုရှီယီ ညင်သာသည့်အသံဖြင့် ပြောလိုက်သည်။

"ဒါပေါ့, ဂျူနီယာညီမကို ကြေးခွံနီရေနတ်ဆိုးနဂါးသတ်နိုင်ခိုင်းတာ ခက်ခဲမှာပဲ...."

"ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ မင်းငါတို့နဲလိုက်ခဲ့လေ...."

"ငါတို့နူးမြစ်ကို နောက်တစ်ကြိမ်ဖြတ်တဲ့အခါ မင်းက တစ်ကောင်ကူပြီးသတ်ပေးပေါ့။ ဒါဆို အကြွေးပြန်ပေးတယ်လို့ သတ်မှတ်လိုက်မယ်...."

"ဘယ်လိုသဘောရလဲ...."

ရှုယင်းရင်း အနည်းငယ် အသက်ရှူထုတ်လိုက်သည်။

လုရှီယီ ဆက်ပြောလိုက်သည်။

"ဒါပေမယ့်, အဲ့လိုလုပ်မယ်ဆို မင်းငါတို့နဲ့ ခဏတော့ နေရလိမ့်မယ်...."

"ငါတို့ ကြေးခွံနီရေနတ်ဆိုးနဂါးသတ်ပြီးတဲ့အခါ, ငါကိုယ်တိုင် မင်းကို တိမ်စိမ်းဂိုဏ်း ပြန်လိုက်ပို့ပေးမယ်...."

ဂျန်ဖန်း လှောင်ပြောင်လိုက်၏။

ဒီတော့, ဒီလောက်ထိလှည့်ပတ်ပြောနေတာ, အဓိကက ဒါပဲပေါ့...

ဂျန်ဖန်း ရှုယင်းရင်အတွက် ဆင်ခြေတစ်ခုရှာနေခဲ့သည်။

သူမနေခဲ့လျှင် ထိုကောင်လုပ်မည့်အရာကို ခန့်မှန်းကြည့်ဖို့မခက်ပေ။

ရှုယင်းရင်းမျက်နှာ အနည်းငယ်တောင့်တင်းသွားပြီး တွေဝေသွား၏။

သူမက အရူးမဟုတ်ပေ။

သူမကိုကြည့်နေသည့် လုရှီယီ၏ပြင်းပြသည်အကြည့်တွေကို သူမခံစားမိ၏။

ထို့ပြင်, သူမသာနေခဲ့လျှင် မည်သည့်အရာက သူမကို စောင့်ကြိုနေမလဲဆိုတာ ကောင်းကောင်းနားလည်၏။

အကြီးအကဲလင်း တစ်ခဏ အေးစက်စွာ ကြည့်နေခဲ့သည်။

အတွေ့အကြုံရှိသူတစ်ယောက်အနေဖြင့်, သဘာဝအတိုင်း လုရှီယီ၏အကြံကို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။

အခြားသူတစ်ယောက်ဆိုလျှင် သူမက ကြားဝင်မည်မဟုတ်ပေ။

သို့ပေမယ့် ရှုယင်းရင်းက ဂျန်ဖန်း၏ ရည်းစားဟောင်းဖြစ်သည်။

ဂျန်ဖန်းက ဂိုဏ်းချုပ် အထူးဂရုစိုက်ဖို့မှားကြားလိုက်သူဖြစ်သည်။

ဘာမှမလုပ်ပဲ ဘေးကရပ်ကြည့်လို့မရပေ။

သူမက ရှုယင်းရင်းဘေးလျှောက်လာပြီး ညင်သာစွာ ပုခုံးပုတ်ကာ ပြောလိုက်သည်။

"ငါတို့နဲ့လိုက်ခဲ့ပါ..."

"ကြေးခွံ့နီရေနတ်ဆိုးနဂါးတစ်ကောင်က ဘာမှမဟုတ်ပါဘူး။ နောက်ကျရင် ငါ နူးမြစ်ကနေတစ်ကောင်ဖမ်းပြီး စစ်မှန်မိုးကြိုးဂိုဏ်းကို ပို့လိုက်ပါ့မယ်...."

ရမ္မက်ဂိုဏ်းမဟာအကြီးအကဲ သူမကိုကူညီနေတာမြင်တော့....

ရှုယင်းရင်း ပျော်ရွင်သွားပြီး ကျေးဇူးတင်စွာပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်, အကြီးအကဲလင်း...."

အကြီးအကဲလင်းရယ်လိုက်သည်။

"နင့်သူငယ်ချင်းကို ကျေးဇူးတင်လိုက်ပါ။ သူက ငါတို့ဂိုဏ်းချုပ်ကို တစ်ခါကယ်တင်ဖူးတယ်...."

"ငါနင့်ကို တစ်ခါပြန်ကူညီတော့, ငါတို့ကျေပြီပေါ့...."

အာ?....

ရှုယင်းရင် ဂျန်ဖန်းကို တုန်လှုပ်စွာကြည့်လိုက်သည်။

ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်က အတော်ကျော်ကြားသည့်ပုံရိပ်ဖြစ်သည်။

ဘယ်လိုအန္တရာယ်မျိုးကြုံခဲ့ရလို့ နံပါတ် ၁ အရိပ်စောင့်အကူအညီလိုအပ်ခဲ့သနည်း။

အချိန်အတော်ကြာမတွေ့ရပြီးနောက် နံပါတ် ၁ အရိပ်စောင့်၏ခွန်အားက လျော့ကျသွားရုံသာမက ပိုလို့တောင်လေးစားစရာကောင်းလာခဲ့သည်။

သူမမျက်လုံးတွေ လေးစားမှုတွေနှင့် တစ််လက်လက်တောက်ပလာသည်။

သူ့အကြောင်းတွေးရုံဖြင့် သူမကိုလုံခြုံသည့်ခံစားချပ်ပေးနိုင်သည့်သူအဖြစ် ထိုက်တန်၏။

"အကြီးအကဲလင်း, မင်းဝင်ပါတာအရမ်းများနေပြီ..."

ဂျင်ယွင်လဲ့အသံ အေးစက်နေခဲ့သည်။

သူ့အဖိုးတန်တပည့် ရှုယင်းရင်းကိုရခါနီးမှ အကြီးအကဲလင်း ကြားဝင်လာခဲ့သည်။

"ဘာလဲ? နင်တို့ ကြေးခွံနီရေနတ်ဆိုးနဂါးလိုချင်တာမဟုတ်ဘူးလား? နောက်မှ ငါနင်တို့ကိုတစ်ကောင်လျော်ကြေးပေးတာလည်း အတူတူပဲလေ...."

အကြီးအကဲလင်း တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။

အသေးအမွားပရိရာယ်လေးတွေ.....

လုရှီယီ စိုးရိမ်ပြီး ဒေါသထွက်လာ၏။

ဒီအဖွားကြီးကတော့....

ဘာကိစ္စဝင်ပါတာလဲ....

သူက ဂျင်ယွင်လဲ့ကို အသနားခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူအသနားမခံလျှင်တောင်, ဂျင်ယွင်လဲ့ အကြီးအကဲလင်း သူ့တပည့်၏အခွင့်အရေးကို ဖျက်ဆီးပစ်တာ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

သူက နှာမှုတ်လိုက်သည်။

"ဒါဆို, ငါအခုလိုချင်တယ်, မင်းထုတ်ပေးနိုင်လား...."

အကြီးအကဲလင်း ရယ်လိုက်သည်။

"ငါနောက်မှပေးမယ်။ ယူချင်ယူ, မယူချင်နေ...."

ဂျင်ယွင်လဲ့ ခန္ဓာကိုယ် စိတ်ဝိညာဥ်စွမ်းအားတွေ လိမ့်တက်လာခဲ့သည်။

"လင်းဂျန်ဟူ, မင်းဘာဖြစ်ချင်နေတာလဲ...."

အကြီးအကဲလင်း ကြောက်မသွားပေ။

"ငါ့ရည်ရွယ်ချက်က မရှင်းဘူးလား...."

ထို့နောက် ခန္ဓာကိုယ်လှုပ်ကာ ထပ်တူသန်မာသည့် စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်လွတ်လိုက်သည်။

နှစ်ဘက်လုံးရှိတပည့်တွေ တောင့်တင်းသွားပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။

အခြေအနေပေါက်ကွဲတော့မည်အချိန်မှာပဲ...

တည်ငြိမ်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲဂျင်, မင်းဆုံးရှုံးသွားတဲ့ ကြေးခွံနီရေနတ်ဆိုးနဂါးက အရွယ်ရောက်ပြီးသားလား။ သားပေါက်လား..."

မေးလိုက်သည့်သူက ဂျန်ဖန်းမှလွဲပြီး အခြားသူမဟုတ်ပေ။

All Chapters