လျော်ကြေးပေးခြင်း
Vol. 22 Ch. 303
ဂျင်ယွင်လဲ့ ဂျန်ဖန်းကိုတစ်ချက်ကြည့်ပြီး ထူးမခြားနားစွာပြောလိုက်သည်။
"ဘာလို့မေးတာလဲ...."
ဂျန်ဖန်း ပြောလိုက်သည်။
"သဘာဝအတိုင်း, ငါ့သူငယ်ချင်းကိုယ်စား လျော်ကြေးပေးမလို့ပေါ့...."
"မင်းကလား...."
ဂျင်ယွင်လဲ့ ပါးစပ်ထောင့်မှာ လှောင်ပြုံးပြုံးလိုက်သည်။
ကြေးခွံနီရေနတ်ဆိုးနဂါးကို သူတောင်မှအရှင်ဖမ်းဖို့မလွယ်ပေ။
ထိုနေ့က သူတို့ ရှုယင်းရင်ကို အထူးတလည်ကူညီခဲ့ကြတာမဟုတ်ပေ။
ရှုယင်ရင်ဘေး၌ ကြေးခွံနီရေနတ်ဆိုးနဂါးအများအပြားတွေ့ရ၍ လှုပ်ရှားခဲ့ကြတာဖြစ်သည်။
သို့ပေမယ့် ကြေးခွံနီရေနတ်ဆိုးနဂါးတွေက ရေထဲမှာ လျပ်စီးကဲ့သို့လှုပ်ရှားကြပြီး အန္တရာယ်ကိုခံစားမိသည့်အခါ ချက်ချင်းပဲ အနက်ပိုင်းကို ငုံ့ဆင်းသွားကြသည်။
အဆုံးမှာတော့, လက်ဗလာဖြင့် ပြန်လာခဲ့ကြရသည်။
ဂျန်ဖန်းလိုသာမန်တပည့်တစ်ယောက်က ကြေးခွံနီရေနတ်ဆိုးနဂါးတစ်ကောင်သတ်နိုင်တာ မယုံပေ။
လုရှီယီ ဂျန်ဖန်းကို ချစ်သူခိုးသည့်အနေဖြင့် တေးတားပြီး အေးစက်စွာနှာမှုတ်လိုက်သည်။
"သူရဲကောင်းက အလှလေးကိုကယ်တဲ့ ပြဇာတ်ကချင်နေတာပဲ...."
"ကောင်းပြီလေ, ငါမင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်...."
"ငါတို့လွတ်သွားတဲ့တစ်ကောင်က အရွယ်ရောက်ပြီးသားတစ်ကောင်ပဲ။ မင်းမှာ အစွမ်းအစရှိရင် သူ့သွားတစ်ချောင်ယူလာခဲ့...."
အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးက ဘာကိုဆိုလိုလဲဆိုတာ မသိသည့်လူတွေအတွက် မည်သည့်အရာမှ ခံစားရမည်မဟုတ်ပေ။
ကျီရူယွဲ့ အေးစက်စွာ နှာမှုတ်လိုက်သည်။
"နင်က တကယ်ပြောရဲတယ်နော်..."
"အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးကော မြင်ဖူးလို့လား...."
"သူဘယ်လောက်အားကောင်းလဲကောသိလား။ ရေထဲမှာတွေ့ရင် နင်အသက်ရှင်မှာတောင်မဟုတ်ဘူး။ အမဲလိုက်ဖို့တော့ပြောမနေနဲ့တော့...."
အို?...
လင်းဂျင်ဟူ အံ့အားသင့်စွာမေးလိုက်သည်။
"ရူယွဲ့, နင်ကမြင်ဖူးလို့လား..."
ကျီရူယွဲ့လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"မဟာအကြီးအကဲကိုတင်ပြပါတယ်။ ကျွန်မနူးမြစ်မှာ တစ်ကောင်မြင်ဖူးပါတယ်...."
"အဲ့သားရဲရဲ့စွမ်းအားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ဖြစ်ပြီး ကုန်းပေါ်မှာတောင် အတော်လေး ကြမ်းကြုတ်ပါတယ်...."
"ရေထဲမှာဆိုရင်, လူသားတွေက သူ့ပြိုင်ဘက်မဟုတ်ပါဘူး...."
"ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ မဟာအကြီးအကဲတောင် အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးကြောင့် လက်မောင်းတစ်ဖက်ပြတ်သွားခဲ့ပါတယ်...."
ဟစ်...
ထိုအခါမှသာ လူတိုင်း ကြေးခွံနီရေနတ်ဆိုးနဂါး၏ကြောက်စရာကောင်းမှုကို နားလည်သွားကြသည်။
လုရှီယီကိုကြည့်သည့်သူတို့အကြည့်တွေက အထင်သေးမှုတွေအပြည့်ပင်။
လင်ဂျင်ဟူမျက်နှာလည်းပြောင်းသွား၏။
မင်းရိုလန်တောင် လက်မောင်းတစ်ဖက်ပြတ်သွားသည်လား....
သူမက လုရှီယီကို အေးစက်သည့်မျက်နှာနှင့်ကြည့်ပြီး ပြောလိုက်သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဟိတ်ဟန်ထုတ်နေတာပဲ..."
"ဒါက စစ်မှန်မိုးကြိုးဂိုဏ်းတပည့်ကြီးရဲ့ အရည်အချင်းလား...."
လုရှီယီမျက်နှာ တောင့်တင်းသွား၏။
သူက ဤနေရာ၌ ဗဟုသုတကြွယ်ဝသည့်လူတွေ ရှိနေမည်ဟု မမျှော်လင့်ထားပေ။
တစ်ခဏ သူ၏အပြစ်ရှိသည့်မျက်လုံးတွေ မတည်မငြိမ်လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
ဂျင်ယွင်လဲ့အမူအရာလည်း လေးနက်လာ၏။
ထိုအရာက ဂိုဏ်းဂုဏ်သိက္ခာတွေပါဝင်နေသည့်အတွက် အလျှင်အမြန်ပဲ ဝင်ပြောလိုက်သည်။
"အကောင်ပေါက်တစ်ကောင်ပါ။ ငါ့တပည့်က အမှတ်မှားသွားတာ..."
ချက်ချင်းပဲ အကြောင်းအရာကို ဂျန်ဖန်းဆီပြောင်းလိုက်သည်။
"ဘာလဲ, မင်းက ကြေးခွံနီရေနတ်ဆိုးနဂါးအကောင်ပေါက်တစ်ကောင် ထုတ်ပေးနိုင်လို့လား...."
လုရှီယီ ဂျန်ဖန်းကို ပြင်းထန်စွာစိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ အကောင်ပေါက်ဆိုတော့ကော ဘာဖြစ်လဲ...."
"မင်းမှာပဲရှိသလိုလိုနဲ့...."
ကျီရူယွဲ့မနေနိုင်ပဲ ဂျန်ဖန်းကို တွေးမိလိုက်သည်။
ဤမျက်နှာဖုံးနှင့်လူ ထုတ်ပေးနိုင်မလားဆိုတာတော့ သူမသိပေ။
သို့ပေမယ့် ဂျန်ဖန်းက နူးမြစ်ထဲရှိ ကြေးခွံနီအကောင်ပေါက်အားလုံးနီးပါးသတ်ခဲ့၏။
အရွယ်ရောက်တစ်ကောင်တောင် သူ့ဓားချက်အောက်မှာ ကျဆုံးခဲ့သည်။
ကျီရူယွဲ့ကို တုန်လှုပ်သွားစေတာက....
ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။
"ငါမှာ အကောင်ပေါက်မရှိဘူး...."
"ဒါပေမယ့်, မင်းတို့လိုချင်ရင် အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့ သွားတစ်ချောင်းပေးနိုင်တယ်...."
ပြောပြီးနောက်...
အလွန်ရှည်လျားထက်ရှသည့်သွားကြီးတစ်ချောင်းကို ချက်ချင်းပဲ ထုတ်ယူလိုက်သည်။
ကျီရူယွဲ့ ချက်ချင်းမှတ်မိသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒါ အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့ သွားပဲ...."
"နင့်မှာ ဘာလို့ရှိနေတာလဲ..."
ထိုအရာတွေကို ဂျန်ဖန်းယူသွားသည်မဟုတ်လား....
ခဏနေပါအုန်း...
သူမက ဂျန်ဖန်းကို စိုက်ကြည့်နေပြီး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
မနေနိုင်ပဲ ပင့်သက်ရှိုက်လိုက်သည်။
ဖြစ်နိုင်တာ သူမရှေ့ရှိလူက ဂျန်ဖန်းပင်။
ထိုအရာကိုကြားသည့်အခါ လူတိုင်းမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားကြ၏။
"ဒါ တကယ်အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့သွားလား...."
"မင်းကြည့်လိုက်လေ။ ဒါက ထိပ်တန်းသန့်စင်ရေးကုန်ကြမ်းဆိုတာ အသိအသာကြီးကို..."
....
လင်းဂျင်ဟူလည်း အံ့အားသင့်သွားပြီး ဂျန်ဖန်းဘယ်လိုရခဲလဲဆိုတာ သံသယတွေအပြည့်ပင်။
ဂျန်ဖန်း ထိုအရာကို ဂျင်ယွင်လဲ့အားပေးတော့မည်မြင်သည့်အခါ မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။
"သူတို့ပစ်မှတ်က အကောင်ပေါက်ရေနတ်ဆိုးနဂါးပဲလေ..."
"အရွယ်ရောက်သားရဲရဲ့သွား ပေးလိုက်ရင် ဆုံးရှုံးလွန်းတယ်...."
"မပေးနဲ့။ ဒီနေ့ ငါမင်းတို့ကိုကာကွယ်ပေးမယ်။ သူတို့ဘာမှလုပ်ရဲမှာမဟုတ်ဘူး...."
ဂျန်ဖန်း လက်ချင်းယှက်ပြီး ကျေးဇူးတင်စွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်, အကြီးအကဲလင်း..."
"ဒါပေမယ့်...."
သူက ဂျင်ယွင်လဲ့ကိုကြည့်ပြီး သွားကို သာမန်အတိုင်းပစ်ပေးလိုက်သည်။
ဂျင်ယွင်လဲ့ အလျှင်အမြန်ဖမ်းလိုက်ပြီး အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ အံ့အားသင့်သည့်အမူအရာ ပြသလာ၏။
ဤအရာက တကယ်ကို အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါး၏ သွားဖြစ်သည်။
ထို့ပြင်, ပစ္စည်းကလတ်ဆတ်နေပြီး လက်နက်သန့်စင်ဖို့ သူလိုအပ်ဆုံးအရာဖြစ်သည်။
ဤအရာက သူ့ကို ပျော်ရွင်သွားစေခဲ့သည်။
သို့ပေမယ့်, ပဟေဠိဖြစ်သည့်အမူအရာပြသနေဆဲဖြစ်ပြီး မျက်လုံးမှေးကျဥ်းလိုက်သည်။
"မင်းက ငါတို့ဆုံးရှုံးမှုကို ဒါနဲ့ လျော်ကြေးပေးချင်တာလား...."
ဂျန်ဖန်း ဘာမပြောညာမပြောရယ်လိုက်သည်။
"ငါ့ကို အရူးများထင်နေလား...."
"အကောင်ပေါက် ကြေးခွံနီရေနတ်ဆိုးနဂါး တစ်ရာက အရွယ်ရောက်ကောင်ရဲ့သွားတစ်ချောင်းနဲ့ မယှဥ်နိုင်ဘူး..."
ဂျင်ယွင်လဲ့ ကို့ရို့ကားယားရယ်လိုက်သည်။
သွားကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ဂျန်ဖန်းကို ပြန်ပေးဖို့ဆန္ဒမရှိပေ။
သူက မျက်လုံးတွေ မှေးကျဥ်းလိုက်သည်။
"ဒီတော့ မင်းဘာကိုဆိုလိုတာလဲ..."
"ဒီသွားက မင်းအတွက်ပဲ။ ဒါပေမယ့် မင်းနဲ့ ရှုယင်းရင်းကြားက အကြွေး ရှင်းသွားပြီ။ ဘယ်လိုလဲ...."
ဂျန်ဖန်းအေးစက်စွာပြောလိုက်သည်။
ဆုံးရှုံးမှုကို လျော်ကြေးပေးရုံဖြင့် နောက်ပိုင်း အသက်ကယ်ကျေးဇူးအကြောင်းလာပြောမှာကို မရပ်တန့်နိုင်ပေ။
အကုန်လုံးကို တစ်ခါတည်း စာရင်းရှင်းလိုက်တာ ပိုကောင်း၏။
ဒါမှသာ ရှုယင်းရင်းကို မက်မောနေတာ ရပ်တန့်သွားမှာဖြစ်သည်။
လုရှီယီ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
သူက ဤရက်တွေအတွင်း ရှုယင်းရင်းကို လုံးဝကြွေနေပြီဖြစ်သည်။
သူမကို သူ့မိန်းမအဖြစ်အရယူဖို့ ဆုံးဖြတ်ထားသည်။
ယခု သူမ လုံးဝလွတ်လွတ်လပ်လပ်ဖြင့် ထွက်သွားတော့မည်ဖြစ်သည်။
"အသက်ကယ်ကျေးဇူးကိုပြန်ဆပ်တာ ဒီလောက်လွယ်လား...."
လုရှီယီ အလျှင်အမြန်ပြောလိုက်သည်။
သို့ပေမယ့် သူပြောနေစဥ်မှာပဲ ဂျင်ယွင်လဲ့ ကျယ်ပြန့်သည့်အပြုံးဖြင့် ဖြတ်ပြောလိုက်သည်။
"ဒါပေါ့..."
"ခုကစပြီး, ငါ အသက်ကယ်ကျေးဇူးအကြောင်း နောက်တစ်ခါ မပြောတော့ဘူး...."
တပည့်ကို မိန်မရအောင်ကူညီပေးတာနှင့်ယှဥ်လျှင်....
ထိပ်တန်းအဆင့်မှော်လက်နက်သန့်စင်နိုင်သည့် သွားနှင့်လဲလှယ်ခြင်းက ဆယ်ဆမဟုတ်ပေ၊ အဆတစ်ရာလောက်ပိုကောင်း၏။
"ဆရာ...."
လုရှီယီ အလျှင်အမြန် ခေါ်လိုက်သည်။
ဂျင်ယွင်လဲ့မျက်နှာ တင်းမာသွားပြီး ဆူပူလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း...."
"ငါ့ဆုံးဖြတ်ချက်ကို မင်းမွေးခွန်းထုတ်စရာလား...."
ထို့နောက် ရှုယင်းရင်းကို ပြုံးပြလိုက်သည်။
"မင်းကတယ်ကံကောင်းတာပဲ...."
"မင်းအတွက် ဒီလောက်လုပ်ပေးတဲ့ ယောက်ျားနဲ့တွေ့တယ်...."
"ငါတို့ကြားကအကြွေးတွေ ကျေအေးသွားပြီ...."
"နှုတ်ဆက်ပါတယ်...."
သူက အူလိုက်သည်းလိုက်ရယ်လိုက်ပြီး မြင်းစီးကာ အဝေးကို ထွက်ခွာသွားခဲ့သည်။
လုရှီယီ လှပသည့်ရှုယင်းရင်ကို တောင့်တစွာကြည့်နေခဲ့သည်။
ထို့နောက် ဂျန်ဖန်းကို ရက်စက်စွာစိုက်ကြည့်လိုက်သည်။
နောက်ဆုံးမှာတော့, အတော်လေးတွန့်ဆုတ်စွာဖြင့်, သူ့ဆရာနောက်ကို လိုက်သွားခဲ့သည်။
စစ်မှန်မိုးကြိုးဂိုဏ်းအဖွဲ့ဝင်တွေ လုံးဝထွက်ခွာသွားပြီးနောက်....
လင်ဂျင်ဟူ သက်ပြင်းရှည်ကြီးချလိုက်ပြီး ဂျန်ဖန်းကို နူးညံ့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဉာဏ်နီဉာဏ်နက်များသည့်လူတွေပြည့်နေသည့်လောကကြီး၌ ဂျန်ဖန်း၏လုပ်ရပ်က တကယ်ကို ချီးကျူးစရာပင်။
ထို့နောက် ရှုယင်းရင်းကို မနာလိုစွာကြည့်ပြီး အဓိပ္ပာယ်ပါပါပြောလိုက်သည်။
"သခင်မလေးရှုက အတော်ကံကောင်းတာပဲ...."
ရှုယင်းရင်းမျက်လုံးတွေ တောက်ပသွားပြီး နံပါတ် ၁ အရိပ်စောင့်ကို ကြည့်လိုက်သည်။
သူမအသံက အနည်းငယ် ဆို့နင့်နေခဲ့သည်။
"နင်ဘာလို့ ဒီလောက်ရူးမိုက်ရတာလဲ...."
သူမက အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးသွား ဘယ်လောက်တန်ဖိုးရှိလဲ မသိသော်လည်း....
ဂျင်ယွင်လဲ့၏အပြုံးနှင့် သူ့ချစ်ရသည့်တပည့်ကို တွေဝေမနေပဲ ဆူပူတာကို ကြည့်ခြင်းဖြင့်.....
ထိုအရာဘယ်လောက် အဖိုးတန်လဲ သိသာ၏။
သို့ပေမယ့် နံပါတ်တစ် အရိပ်စောင့်က ထိုအရာကို သူမ၏အသက်ကယ်ကျေးဇူးကြွေးပြန်ပေးဖို့ အသုံးပြုခဲ့သည်။
ဂျန်ဖန်း အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။
"ဒါက ပြင်ပအရာဝတ္ထုတစ်ခုပါပဲ။ မင်းလုံခြုံရေးက ပိုအရေးကြီးပါတယ်...."
သူ့၌ လွမ်းဆွတ်ခြင်းဆီးနှင်းရှိနေပြီဖြစ်၍ ကျန်ရှိသည့်သွားနှစ်ချောင်းက တကယ်ကို အများကြီးအသုံးမဝင်ပေ။
ထိုအရာကိုသုံးပြီး ရှုယင်းရင်ပြဿနာဖြေရှင်းနိုင်လျှင် အတော်လေးတန်၏။
"ငါတို့နဲ့လိုက်ခဲ့...."
သူက လှည်းပေါ်ခုန်တက်သွားခဲ့သည်။
ရှုယင်းရင် အတော်လေး ရင်ထဲထိသွား၏။
သူက ပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် ဤကမ္ဘာကြီး၌ မိဘတွေအပြင်....
မည်သူက ဤကဲ့သို့တန်ဖိုးကြီးပစ္စည်းမျိုး သူမအတွက် အသုံးပြုချင်မည်နည်း။
နောက်ဆုံးမှာတော့ ဂျန်ဖန်းဂရုစိုက်တာခံရသည့် ရှုရို့ရန်နှင့် ချန်စီလင်တို့ခံစားချက်ကို နားလည်သွားခဲ့သည်။
ထိုအရာကိုတွေးပြီး သူမနှလုံးသားထဲမှာ အနည်းငယ်ခါးသီးမှုကို ခံစားလိုက်ရသည်။
"တကယ်လို့သာ... နံပါတ် ၁ အရိပ်စောင့်သာ ဂျန်ဖန်းဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ...."
သို့ပေမယ့် သူမသိ၏။ ဤကမ္ဘာကြီး၌ "တကယ်လို့" ဆိုတာ မရှိပေ။
လက်ထပ်ကြောင်းလှမ်းမှုကို အသက်နှင့်ခြိမ်းခြောက်ခုခံသည့် အချိန်ကတည်းက....
သူတို့နှစ်ယောက်ကြား၌ မည်သည့်ရလဒ်မှမရှိတော့ပေ။
"သခင်မလေးရှု, ကျေးဇူးပြုပြီး လှည်းပေါ်တက်ပါ..."
လင်ဂျင်ဟူ၏ အသိပေးသံက ရှုယင်းရင်ကို အသိပြန်ဝင်လာစေခဲ့သည်။
သူမခေါင်းခါယမ်းလိုက်ပြီး အတွေးတွေကို ရပ်တန့်လိုက်သည်။
မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်သည့်အခါ စစ်မှန်မိုးကြိုးဂိုဏ်း ထွက်ခွာသွားသည့်အတွက် ဖုန်လုံးတွေ တစ်လိမ့်လိမ့်တွေ ဖြစ်ပေါ်နေခဲ့သည်။
သူမက ထိုဖုန့်လုံးတွေကိုကြည့်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ ကျေးဇူးတင်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"အကြီးအကဲလင်း သူတို့ကို ငြင်းလိုက်တာမှန်သွားတယ်...."
"မဟုတ်ရင်, အကြီးအကဲတို့ ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်...."