← Chapters

ဓားဘုရင်ကို ကုသခြင်း

Vol. 22 Ch. 304

ဓားဘုရင်ကို ကုသခြင်း

Vol. 22 Ch. 304

အို?....

လင်းဂျင်ဟူ အံ့အားသင့်စွာမေးလိုက်သည်။

"ဘာလို့လဲ...."

ရှုယင်းရင်းမျက်နှာ၌ အထင်မြင်သေးမှုတွေပြသလာပြီး ပြောလိုက်သည်။

"မကြာသေးခင်က, ကျွန်မတို့ နတ်ဆိုးသားရဲတစ်ကောင်ကြောင့် ဒဏ်ရာအပြင်းအထန်ရနေတဲ့ အကြီးအကဲတစ်ယောက်နဲ့တွေ့ခဲ့တယ်...."

"သူတို့က ကယ်ရမယ့်အစား, သူ့ဓားကိုယူလာတယ်လေ...."

"နောက်ပိုင်း, အဲ့ဒီဓားက တကယ်ပဲ ထိပ်တန်းအဆင့်မှော်ရတနာဆိုတာ သိလိုက်ရတော့ သူတို့ပြဿနာတက်ပြီးဆိုတာ သိလိုက်တယ်...."

ထိပ်တန်းအဆင့်မှော်လက်နက်?....

လင်းဂျင်ဟူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ထိပ်တန်းအဆင့်မှော်လက်နက် နှစ်ခုသာရှိပြီး တစ်ခုကမြင့်မြတ်ဂိုဏ်းမှာဖြစ်ပြီး ကျန်တစ်ခုက အသင်္ချေဓားဂိုဏ်းမှာဖြစ်သည်။

နှစ်ခုလုံးကို မြင့်မြတ်အကြီးအကဲတွေ ကိုင်ဆောင်ကြတာဖြစ်၏။

ဂျင်ယွင်လဲ့ သူ့ကိုမကယ်ခဲ့ရုံသာမက အခြေအနေကိုအခွင့်ကောင်းယူပြီး နတ်ဘုရားလက်နက်ကို ခိုးလာခဲ့သည်။

ထိုမြင့်မြတ်အကြီးအကဲသာအသက်ရှင်နေသေးလျှင် နောက်ကလိုက်လာမည်မဟုတ်လား?...

ဂျင်ယွင်လဲ့ အတူခရီးသွားဖို့ ပြောတာ အံ့သြစရာမဟုတ်တော့ပေ။

လက်စသတ်တော့, သူက ပြဿနာကို အရှေ့ဘက်ရွေ့ပြီး သူမတို့ကိုဒုက္ခမျှဝေခံစေချင်နေတာဖြစ်သည်။

"အဲ့ဒီ ခွေးကောင်..."

ဂျင်ယွင်လဲ့၏ယုတ်မာသည့်ရည်ရွယ်ချက်ကိုနားလည်သွားသည့်အခါ လင်းဂျင်ဟူ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

သူမက နောက်ထပ် မနေရဲတော့ပဲ အလျှင်အမြန် လှည်းကိုမောင်းကာ ထွက်လာခဲ့သည်။

ဂျန်ဖန်းလုံးဝစိတ်ရှုပ်နေ၏။

လင်ဂျင်ဟု ဘာကြောင့် ဤလောက်ထိထိပ်ထိပ်ပျာပျာဖြစ်နေတာ နားမလည်နိုင်ဖြစ်နေခဲ့သည်။

နေတစ်ဝက်လောက် အလျှင်အမြန် ခရီးသွားပြီးနောက်...

လမ်းမပေါ်ရှိလက်ဖက်ရည်ဆိုင်တစ်ခုမှာ လင်ဂျင်ဟူရပ်တန့်လိုက်ပြီး လူတိုင်းကိုအနားယူဖို့ ခေါ်လိုက်သည်။

လူတိုင်း လမ်းတစ်လျှောက် ခရီးပန်းလာ၍ ခြေလက်ဆန့်ကာ အနားယူချင်နေပြီဖြစ်သည်။

သို့ပေမယ့် လင်ဂျင်ဟူကတော့ လက်ဖက်ရည်စားပွဲမှာလေးပင်စွာထိုင်လိုက်ပြီး အတော်စိတ်ဖိစီးပုံပေါ်နေခဲ့သည်။

သို့ပေမယ့် သူမထိုင်လိုက်စဥ်မှာပဲ....

အေးစက်သည့် အကြီးအကဲသံတစ်ခု သူမနားထဲဝင်ရောက်လာခဲ့သည်။

"မင်းက ဘာလို့ဒီမှာရှိနေတာလဲ....."

လှည့်ကြည့်လိုက်သည့်အခါ....

သူမနောက်၌ လက်နောက်ပစ်ပြီးရပ်နေသည့်လူအိုကြီးတစ်ယောက်ရှိနေခဲ့သည်။

အသွင်အပြင်က အလွန်သိမ်မွေ့ပြီး ဂုဏ်သရေရှိလှ၏။

သူ့ပါးပြင်တွေက ပါးလွာပြီး မီးခိုးရောင်ဆံပင်တွေရှိကာ မျက်ခုံးနှစ်ခုကြား၌ ဖြောင့်မှတ်သည့်အော်ရာတစ်ခုရှိနေ၏။

အခြားလူတွေ သူ့ကိုမမှတ်မိကြပေ။

လင်ဂျင်ဟူ သူ့ကိုမကြာသေးခင်ကမှတွေ့ထားသည့်အတွက် သေချာပေါက်သိ၏။

သူမစိတ်ထဲတုန်ယင်သွား၏။

အလျှင်အမြန်မတ်တပ်ရပ်ကာ လေးလေးစားစား အရိုအသေပေးလိုက်သည်။

"စီနီယာရှု, ရှင်က ဘာလို့ဒီမှာရှိနေတာလဲ...."

သူမရှေ့ကလူက အသင်္ချေဓားဂိုဏ်းမှ မြင့်မြတ်အကြီးအကဲမှလွဲပြီး အခြားလူမဟုတ်ပေ။

ရှုချင်ယန်ပင်။

မနေ့ကနှင့်ယှဥ်လျှင် သူ့အသားအရေက အနည်းငယ်ဖြော့တော့နေခဲ့သည်။

ရှင်းလင်းစွာပဲ ဒဏ်ရာရလာခဲ့သည်။

ထိုအခိုက်အတန့်၌, သူက လင်ဂျင်ဟူကို သံသယမျက်လုံးတွေဖြင့် စိုက်ကြည့်နေခဲ့သည်။

"ငါမင်းကိုမေးနေတယ်...."

လင်ဂျင်ဟူ ခါးသီးမှုကို ခံစားလိုက်ရသည်။

ဓားယူသွားခံရသည့်လူက သံသယရှိစရာမလိုအောင် ရှုချင်ယန်ပင်။

သို့ပေမယ့် ကြည့်ရတာ ဘယ်သူလုပ်သွားလဲ သိပုံမရပဲ သူမအဖွဲ့နှင့်တိုးကာ သံသယဝင်နေတာပဲဖြစ်သည်။

သူမက အလျှင်အမြန်ပဲ ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင်, ကျွန်မတို့ဂိုဏ်းချုပ်က နောက်ထပ်ငွေတောင်ပံမိုးကြိုးသိမ်းငှက်တစ်ကောင်သတ်ခဲ့ပါတယ်...."

"ကျွန်မက အမိန့်အရ, အသင်္ချေဓားဂိုဏ်းသွားပြီး အကြီးအကဲဆီလက်လွဲပေးမလို့ပါ...."

"မမျှော်လင့်ပဲ အကြီးအကဲနဲ့ ဒီမှာ လာတွေ့တာပါ...."

ရှုချင်းယန် သူ့တို့လှည်းကို တစ်ချက်ကြည့်လိုက်သည်။

အသေအချာပင်။ သူက အဝတ်ဖြင့်ပတ်ထားသည့် သားရဲအလောင်းကြီးကိုတွေ့လိုက်သည်။

သူ့အေးစက်သည့်အမူအရာ အနည်းငယ် ပြေလျော့သွား၏။

သို့ပေမယ့် မျက်လုံးတွေ၌ သံသယတော့ ရှိနေဆဲဖြစ်သည်။

"မင်းကိုမေးရအုန်းမယ်, မင်း ကျီယန်တောင်ကို ဖြတ်ခဲ့သေးလား..."

လင်ဂျင်ဟူနှလုံးသး ခုန်ပေါက်သွားပြီး ရှုချင်းယန် သူမကို သံသယဝင်နေတာ သိလိုက်သည်။

သူမက ဘာကိုမှ မဖုံးကွယ်ရဲပဲ ပြောလိုက်သည်။

"စီနီယာကိုတင်ပြပါတယ်။ စီနီယာဓားကိုယူသွားတာ စစ်မှန်မိုးကြိုးဂိုဏ်းက လူတွေပါ..."

"ကျွန်မတို့ရမ္မက်ဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး...."

ထိုအရာကိုကြားသည့်အခါ ရှုချင်းယန်မျက်နှာ တောင့်တင်းသွား၏။

သူက ပတ်ပတ်လည်ကိုကြည့်ပြီး အလျှင်အမြန်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း...."

"ဘယ်သူက ဓားအကြောင်းမေးလို့လဲ...."

အသင်္ချေဓားဂိုဏ်း၏ ဂုဏ်သရေရှိမြင့်မြတ်အကြီးအကဲ၊ ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၏ နံပါတ်တစ် ဓားဘုရင်၊ မျက်မှောက်ခေတ် ထိပ်တန်းကျွမ်းကျင်သူ အဆင့်သုံး....

ထို့ကဲ့သို့သူက သူ၏မှော်လက်နက် အခိုးခံလိုက်ရသည်လား...

ထိုကိစ္စသာပျံ့သွးလျှင် သူ့မျက်နှာရစရာရှိတော့မည်မဟုတ်ပေ။

လင်ဂျင်ဟူကြောင်သွား၏။ ထို့နောက်မှသာ ရှုချင်းယန်ရည်ရွယ်ချက်ကိုနားလည်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"ဟုတ်ပါတယ် စီနီယာ, ကျွန်မစကားပြော မှားသွားပါတယ်...."

ရှုချင်းယန် သူမကို စိုက်ကြည့်လိုက်သည်။

"ငါမင်းတို့နဲ့ အချိန်ခဏ အတူတူခရီးသွားမယ်..."

"ငါ့အထောက်အထားကို မထုတ်ဖော်နဲ့....."

အာ?...

လင်ဂျင်ဟူ အံ့အားသင့်သွား၏။

ထို့နောက်မှ ရှုချင်းယန် ဒဏ်ရာအပြင်းအထန်ရထားတယ်ဆိုတာနားလည်သွားပြီး ခရီးပြင်းနှင်ဖို့ မသင့်တော်ပေ။

သူမက အလျှင်အမြန်ပဲ ပြောလိုက်သည်။

"စီနီယာ, ရှင်ဘယ်လိုလုပ်ပြီး ဒီလောက်ဒဏ်ရာအပြင်းအထန်ရခဲ့တာလဲ...."

ရှုချင်းယန် စိတ်ပျက်မှုအချို့နှင့် ပြန်ပြောလိုက်သည်။

"ဒါ မင်းတို့ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ကြောင့်ပဲ မဟုတ်ဘူးလား..."

"ငွေတောင်ပံမိုးကြိုးသိမ်းငှက်မရတော့, တစ်ကောင်ကောင်များရှိအုန်းမလားဆိုပြီး အနောက်ဘက်ကိုသွားခဲ့တယ်..."

"ရလဒ်အနေနဲ့တော့, အနောက်ဘက်အနက်ပိုင်းထဲသွားပြီး မကြာခင်မှာပဲ နတ်ဆိုးအင်ပါယာလက်အောက်က မဟာနတ်ဆိုးဘုရင်လေးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ကောင်းကင်ဝါးမျိုးကျားနဲ့ ငါ တွေ့ခဲ့တယ်..."

"ငါ သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်နိုင်ခဲ့သလို ငါကိုင်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်...."

လင်ဂျင်ဟူ ထိတ်လန့်သွား၏။

"ကောင်းကင်ဝါးမျိုးကျား...."

နတ်ဆိုးအင်ပါယာလက်အောက်၌ အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့် မဟာနတ်ဆိုးဘုရင်လေးကောင်ရှိပြီး လူသားအသွင်ပြောင်းနိုင်ကြ၏။

အတော်အစွမ်းထက်ကြ၏။

သာမန်မြင့်မြတ်အကြီးအကဲတစ်ယောက်သူတိုနှင့်တွေ့လျှင် အသက်ရှင်ဖို့အခွင့်အရေးနည်းပါး၏။

စီနီယာရှုချင်းယန်အသက်ရှင်လာနိုင်တာ သူ၏ နတ်ဘုရားဓားပညာနှင့် ပြိုင်ဘက်ကင်းခွန်အားကိုကျေးဇူးတင်ရမည်ပင်။

သို့ပေမယ့် ချက်ချင်းပဲ လင်ဂျင်ဟူ အလွန်အမင်းမလွယ်ကူသလို ခံစားလိုက်ရသည်။

"ကျွန်မတို့ရမ္မက်ဂိုဏ်းအနောက်ဘက်မှာ မဟာနတ်ဆိုးဘုရင်လေးယောက်အရိပ်အယောင်တွေရှိနေတယ်...."

"သားရဲလှိုင်းသာ ထကြွလာရင်, ကျွန်မတို့ရမ္မက်ဂိုဏ်း...."

ရှုချင်းယန် သွေးအနည်းငယ်ထွက်နေသည့် သူ့ရင်ဘတ်ကိုကိုင်ထားပြီး လေးပင်စွာ သက်ပြင်းချလိုက်သည်။

"အဲ့ဒီကျားရဲ့ဒဏ်ရာက ငါ့ထက်ဆိုးတယ်...."

"အခြားမဟာနတ်ဆိုးဘုရင်သာအစားမထိုးဘူးဆိုရင် အနောက်ဘက်ကသားရဲလှိုင်းက မကြာခင်အချိန်အတွင်းမှာ စတင်အုန်းမှာမဟုတ်ဘူး...."

ထိုအရာကိုကြားသည့်အခါ လင်ဂျင်ဟူ သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

စီနီယာရှုချင်းယန်က သူ့အသက်ကိုစွန့်စားပြီး ရမ္မက်ဂိုဏ်းအနောက်ဘက်ပိုင်းက ပုန်းကွယ်နေသည့်အန္တရာယ်ကို ဖြေရှင်းပေးခဲ့သည်။

သူမက အလေးအနက် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်, စီနီယာရှု...."

"ဒီခရီးမှာ စီနီယာအေးအေးဆေးဆေး အနားယူနိုင်ပါတယ်။ ကျွန်မတို့ ရှင့်ကို အသင်္ချေဓားဂိုဏ်းကို သေချောပေါက် ပြန်ခေါ်သွားပါ့မယ်...."

ခဏကြာပြီးနောက်....

တပည့်တွေပြန်ရောက်လာကြပြီး လူစုလိုက်ကြသည်။

အဖွဲ့ထဲ၌ လူအိုကြီးတစ်ယောက်တိုးလာတာကို သတိထားမိသည့်အခါ အတော်လေး မဟေဠိဖြစ်သွားကြသည်။

ဂျန်ဖန်းလည်း စိတ်ရှုပ်နေပြီး ဤလူအိုကြီးက အတော်လေးရင်နှီးနေတယ်ဟု ခပ်ရေးရေး ခံစားနေရ၏။

သို့ပေမယ့် ဘယ်သူလဲဆိုတာ မမှတ်မိပေ။

သူမမှတ်မိတာ အံ့သြစရာမရှိပေ။ ရှုချင်းယန်လည်း ဂျန်ဖန်းကို မမှတ်မိပေ။

ထိုအချိန်က ညအချိန်ဖြစ်၍ နှစ်ဖက်လုံး တစ်ဖက်လူကို သဲသဲကွဲကွဲမမြင်ရပေ။

"ငါက မင်းတို့အကြီးအကဲလင်းရဲ့မိတ်ဆွေပါ။ မင်းတို့နဲ့အချိန်ခဏလောက် အတူတူခရီးသွားမလို့...."

ရှုချင်းယန် ပတ်ပတ်လည်ကိုကြည့်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

ကျက်တီးခေါင်လွင်ပြင်မှာ မိတ်ဆွေတစ်ယောက်နှင့်လာတွေ့နေသည်လား?....

ဂျန်ဖန်း အနည်းငယ်သံသယရှိ၏။

သို့ပေမယ့် ထိုအရာက အရေးမကြီးပေ။

အကြီးအကဲလင်း၏ ဤမိတ်ဆွေက ဒဏ်ရာအပြင်းအထန်ရနေပုံပေါ်သော်လည်း....

"စီနီယာ, ခင်ဗျားမှာ ကုသဆေးလုံးမရှိဘူးလား..."

ဂျန်ဖန်း တစ်ဖက်လူ၏ရင်ဘတ်မှသွေးစိမ့်နေတာကို သတိထားမိ၏။

ရှုချင်းယန် မဖုံးကွယ်ထားပေ။

"ငါ့ကိုဒဏ်ရာရစေတဲ့ပစ္စည်းက အရမ်းအဆိပ်ပြင်းတယ်။ အဆိပ်ကိုမဖယ်ရှားပဲနဲ့ ဆေးလုံးတွေက အသုံမဝင်ဘူး..."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ဆေးပညာအကြောင်းနည်းနည်း သိတယ်...."

"အကြီးအကဲစိတ်မရှိရင်, အဆိပ်ဖယ်ရှားပေးနိုင်ပါတယ်....."

ရှုချင်းယန် တွေဝေသွား၏။

ကောင်းကင်ဝါးမျိုးကျား၏အဆိပ်က အတော်နာမည်ကြီးပြီး မသေမျိုးနတ်ဆေးဆရာသာ ကုသနိုင်၏။

ယခု, သူ့တပည့်ရှန်ဂွမ်းရှန် လူကိုယ်တိုင်ကုသလျှင်တောင် ဖယ်ရှားနိုင်ဖို့ မသေချာပေ။

သူ့ရှေ့ရှိ လူငယ်လေးက ဘယ်လိုလုပ် ကုသနိုင်မည်နည်း။

သို့ပေမယ့် ခဏတွေပြီးနောက် အဆိပ်ကိုမဖယ်ရှားနိုင်လျှင်တောင် ကုသခြင်းက ဒဏ်ရာကိုသက်သာစေမည်ဖြစ်သည်။

"ကောင်းပြီလေ, လှည်းပေါ်မှကုသကြတာပေါ့....."

သူက ဂိုဏ်းကိုအမြန်ပြန်ချင်နေပြီး အဆိပ်ကိုဖိနှိပ်ဖို့ ကောင်းကင်နှင့်မြေကြီးရတနာကို အသုံးပြုချင်နေခဲ့သည်။

ထို့ပြင် အဆိပ်ဖယ်ရှားဖို့နည်းလမ်းရှာရမည်ဖြစ်သည်။

မဟုတ်လျှင် အဆိပ်ကြောင့် သူသေမှာပင်။

လင်းဂျင်ဟူအနည်းငယ်စိုးရိမ်သွား၏။

"မင်းက တကယ် ဆေးပညာကိုသိတာလား...."

သူ့ရှေ့ကလူက အခြားလူမဟုတ်ပဲ ဂိုဏ်း ၉ ဂိုဏ်း၏ ထိပ်သီးသုံးယောက်ထဲက တစ်ယောက်ဖြစ်သူ ရှုချင်းယန်ဖြစ်သည်။

ကုသနေစဥ် အမှားအယွင်းတစ်ခုခုဖြစ်သွားလျှင် အကျိုးဆက်ကို သူမတို့ခံနိုင်မည်မဟုတ်ပေ။

ဂျန်ဖန်း ပြောလိုက်သည်။

"အဆိပ်ဖယ်ရှားတာက ပြဿနာမဟုတ်ပါဘူး...."

ပြောပြီးနောက်, သူက လှည်းပေါ်ခုန်တက်လိုက်သည်။

ဤအချိန်၌ ရှုချင်းယန် သူ့အင်္ကျီရင်ဘတ်ကိုဖွင့်ထားပြီဖြစ်သည်။

ဂျန်ဖန်းကြည့်လိုက်သည့်အခါ တုန်လှုပ်သွား၏။

လက်သည်းရာတစ်ခုက ရင်ဘတ်ကိုကန့်လန့်ဖြတ်နေပြီး ဒဏ်ရာက မှန်တစ်ချပ်လိုချောမွေ့နေခဲ့သည်။

"အတော်ကြောက်စရာကောင်းတာပဲ။ လက်သည်းက နတ်ဘုရားလက်နက်တွေထက်တောင် ထက်ရှသေးတယ်...."

အဆင့်မြင့်မှော်လက်နက်နှင့်တောင် ဤကဲ့သို့ချောမွေ့အောင်ဖြတ်နိုင်ဖို့ ဂျန်ဖန်း မသေချာပေ။

အကြီးအကဲကိုတိုက်ခိုက်ခဲ့သည့် နတ်ဆိုးသားရဲက မယုံနိုင်လောက်အောင်ထက်ရှသည့်လက်သည်းတွေရှိရမည်ပင်။

"ပြီးတော့, အဆိပ်က အတော်လေးထူးခြားတယ်....."

ဂျန်ဖန်း ကျောက်စိမ်းအပိုင်းအစတစ်ခုထုတ်ယူပြီး ဒဏ်ရာကို ထိကြည့်လိုက်သည်။

ရလဒ်အနေဖြင့်, ကျောက်စိမ်းက တရှဲရှဲမြည်သံတွေ ထွက်ပေါ်လာခဲ့သည်။

တိုက်စားခံလိုက်ရပြီပင်။

ယုတ္တိရှိရှိပြောရလျှင် ဤကဲ့သို့ပြင်းထန်သည့်အဆိပ်က သူ့ကို ချက်ချင်းသတ်ပစ်နိုင်၏။

ဤလူအိုကြီးက ယခုချိန်ထိတောင့်ခံထားနိုင်ခဲ့သည်။

ရှုချင်းယန် ညင်သာစွာပြောလိုက်သည်။

"ငါ့ကို အနာပတ်တီးစီးပေးရုံပဲ ကူညီပေးပါ...."

"ဒါက မင်းကုသနိုင်တဲ့အရာမဟုတ်ဘူး...."

"မင်းကိုယ်မင်းတွန်းအားမပေးပါနဲ့...."

ဂျန်ဖန်း မီးတောက်ပြာငွေအပ်တွေကို တိတ်တဆိတ်ထုတ်ပြီး ပြောလိုက်သည်။

"နောက်ပိုင်းကျရင်, နည်းနည်းတော့နာလိမ့်မယ်။ တောင့်ခံထားပါ..."

ရှုချင်းယန် မချိပြုံးပြုံးလိုက်သည်။

အတော်ခေါင်းမာသည့်လူငယ်လေးပင်။

ကံမကောင်းစွာဖြင့် ခေါင်းမာမှုတစ်ခုတည်းနှင့် ဤအဆိပ်ကိုမကုသနိုင်ပေ။

"မလိုအပ်ပါဘူး၊ ပတ်တီးပဲစီးပေးပါ..."

"ခဏနေပါအုန်း...."

ရှုချင်းယန် ရုတ်တရက် ထရပ်လိုက်ပြီး မျက်လုံးတွေက ဂျန်ဖန်းလက်ထဲရှိမီးတောက်ပြာငွေအပ်တွေကို စိုက်ကြည့်နေခဲ့သည်။

အံ့အားသင့်မေးခွန်းထုတ်သည့်အကြည့်ဖြင့် မေးလိုက်သည်။

"မသေမျိုးနတ်ဆေးဆရာရဲ့ ငွေအပ်တွေက ဘယ်လိုလုပ် မင်းဆီမှာရှိနေရတာလဲ...."

All Chapters