← Chapters

ဓားထိန်းချုပ်ခြင်းနည်းလမ်းသင်ပေးခြင်း

Vol. 22 Ch. 305

ဓားထိန်းချုပ်ခြင်းနည်းလမ်းသင်ပေးခြင်း

Vol. 22 Ch. 305

မသေမျိုးနတ်ဆေးဆရာက သူ့မိတ်ဆွေဟောင်းဖြစ်၏။

ထို့ကြောင့် သူက မီးတောက်ပြာငွေအပ်တွေကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိ၏။

ဂျန်ဖန်းအံ့အားသင့်သွား၏။

ဤအကြီးအကဲက အတော်လေးအတွေ့အကြုံရှိပြီး ငွေအပ်တွေ၏မူလဇစ်မြစ်ကို သိနေခဲ့သည်။

သူက ငွေအပ်တွေကို တစ်ချောင်းပြီးတစ်ချောင်းထုတ်ပြီး ပြောလိုက်သည်။

"ဒါတွေက ကျွန်တော်ကို နတ်ဆေးဆရာရှန်ဂွမ်းပေးလိုက်တာပါ..."

နတ်ဆေးဆရာရှန်ဂွမ်း?....

သူက ဤကဲ့သို့အဖိုးတန်သည့်ငွေအပ်တွေကို လူငယ်လေးတစ်ယောက်အားပေးလိုက်သည်။

ရှုချင်းယန် ဝမ်းနည်းမှုကိုခံစားလိုက်ရသည်။

"လူအိုကြီး, မင်းမှာ ဆက်ခံသူမရှိဘူးပဲ...."

"မင်းအသက်ရှိစဥ်ကအကြိုက်ဆုံးငွေအပ်တွေ အခုတော့ မင်းတပည့်တွေလက်ထဲမှာ ရှုပ်ထွေးနေပြီ...."

"အခုလောက်ဆို မင်းအုတ်ဂူထဲမှာ အရမ်းဝမ်းနည်းနေမှာပဲ...."

ထိုအရာကိုတွေးပြီး သူက ပြောလိုက်သည်။

"လူငယ်လေး, ငါ ဒီငွေအပ်တွေကို အတော်လေး သဘောကျတယ်...."

"မင်းငါ့ကို ရောင်းပေးနိုင်မလား...."

"မင်းလိုချင်တာ ဘာမဆိုပြောပါ...."

သူက ငွေအပ်တွေကိုပြန်ယူပြီး စိတ်ချရသည့်လူတစ်ယောက်ကို လက်ဆင့်ကမ်းပေးချင်တာဖြစ်သည်။

ထိုအရာက သူ့မိတ်ဆွေဟောင်းကြီးအတွက် နောက်ဆုံးလုပ်ပေးနိုင်သည့်အရာဖြစ်သည်။

ဘေးနားမှာထိုင်နေသည့် လင်ဂျင်ဟူ အသက်တောင်မရူရဲပဲ တုန်လှုပ်နေခဲ့သည်။

ဤအရာက ဂိုဏ်း ၉ ဂိုဏ်း နယ်မြေရှိ အသန်မာဆုံးလူဆီမှ ကတိစကားဖြစ်သည်။

ငွေအပ်တစ်စုံကို ဤကဲ့သို့ကတိတစ်ခုနှင့်လှဲနိုင်တာ ကောင်းကင်မှကျလာသည့် ပိုင်းမုန့်တစ်ခုလိုပင်။

သူမမျက်လုံးတွေ မနာလိုစိတ်ကြောင့် နီရဲလာ၏။

ဂျန်ဖန်း တစ်ခဏကြောင်သွားပြီး တွေးမနေပဲ ပြောလိုက်သည်။

"မိတ်ဆွေဟောင်းတစ်ယောက်ဆီကလက်ဆောင်, ကျွန်တော် ဘယ်လိုလုပ်ရောင်းနိုင်မှာလဲ...."

"လှဲလိုက်ပါ စီနီယာ။ ကျွန်တော် ဒီအပ်တွေကို စိုက်ပေးရမယ်...."

ရှုချင်းယန် သိသိသာသာနောင်တရသွားပြီး ဖုံးကွယ်မထားပဲ သက်ပြင်းချလိုက်သည်။

"မင်း ဒီအပ်တွေ ဘယ်လိုသုံးရတယ်ဆိုတာ သိမှာမဟုတ်ဘူး...."

ပြောပြီးနောက် သူက လှဲချလိုက်သည်။

ဂျန်ဖန်း အပ်စိုက်ဖို့မစခင် အပ်တွေအသုံးပြုသည့်အခါ ဘာတွေဖြစ်လာမလဲ ပြောဖို့ သူက စောင့်နေလိုက်သည်။

ဂျန်ဖန်းအလျှင်မလိုပဲ လက်ဝါးထဲမှာမီးတောက်ဖန်းတီးကာ ငွေအပ်တွေကို အပူပေးလိုက်သည်။

တစ်ခဏကြာပြီးနောက် ခပ်ဖျော့ဖျော့အပြာရောင်မီးတောက်တွေ ငွေအပ်အသီးသီး၏အမြီးပိုင်းမှာ ပေါ်လာခဲ့သည်။

ဂျန်ဖန်း၏ထိန်းချုပ်မှုအောက်၌ ငွေအပ်တစ်ချောင်ချင်းစီက ဖင်နှင့်ခေါင်းထိစပ်နေပြီး အပြာရောင်အဆစ်တွေနှင့် ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းက ရှုချင်းယန်မျက်လုံးတွေကို တစ်ခဏ ဝေဝါးသွားစေခဲ့သည်။

ထို့နောက် သူ၏အိုမင်းသည့်မျက်လုံးတွေ ပြူးကျယ်လာခဲ့သည်။

"မင်း... မင်း ဒီငွေအပ်တွေရဲ့အသုံးပြုနည်းကို ဘယ်လိုလုပ်သိတာလဲ...."

ဤနည်းလမ်းက မသေမျိုးနတ်ဆေးဆရာ သုံးခဲ့တာနှင့် ထပ်တူတူညီနေခဲ့သည်။

ဂျန်ဖန်း ပြန်မဖြေပေ။ သူက ငွေအပ်တွေထိန်းချုပ်ရာမှာအာရုံစူးစိုက်နေပြီး သက်ဆိုင်ရာအပ်စိုက်မှတ်တွေကို ထိုးစိုက်နေခဲ့သည်။

နောက်တစ်ခဏ၌....

မဲနက်သည့်သွေးစီးချောင်းတစ်ခု ရှုချင်းယန် ရင်ဘတ်မှပန်းထွက်လာကာ လှည်းမျက်နှာချက်ကို ထိမှန်သွားခဲ့သည်။

ရှဲကနဲအသံနှင့်အတူ....

သစ်သားမျက်နှာကျက် ချက်ချင်း တိုက်စားခံရပြီး အပေါက်တွေဖြစ်သွားခဲ့သည်။

ထိုအပေါက်တွေမှ နေရောင်ခြည်ကျဆင်းလာပြီး ရှုချင်းယန်၏အံ့အားသင့်သည့်မျက်နှာပေါ်ကို တောက်ပသွားစေခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိအဆိပ်တွေ ထွက်သွားတာခံစားမိတော့, လုံးဝအံ့အားသင့်သည့်အမူအရာပြသလာ၏။

"မင်း....မင်း...."

အံ့အားသင့်မှုက စကားနှင့်ပင်ဖော်ပြလို့မရပေ။

ကောင်းကင်ဝါးမျိုကျား၏ သေစေနိုင်သည့်အဆိပ်ကို မသေမျိုးနတ်ဆေးဆရာမှလွဲပြီး ကုသနိုင်သည့်လူနောက်တစ်ယောက်ရှိနေခဲ့သည်။

ရှန်ဂွမ်းရှန် သူ့အား မီးတောက်ပြာငွေအပ်တွေ ပေးလိုက်တာ အံ့သြစရာမဟုတ်တော့ပေ။ လက်စသတ်တော့ ဤကောင်လေးက သဘာဝ ပါရမီရှင်နတ်ဆေးဆရာလေးပင်။

သူ့ရင်ထဲ၌ အတော်လေး သက်သာယာရသွားခဲ့သည်။

"အရူးအိုကြီး, မင်းအခုလောက်ဆို နားရွက်တက်ချိတ်အောင်ပြုံးနေလောက်တယ်။ ဟုတ်တယ်မလား..."

ရှုချင်းယန် အတိတ်ကို ပြန်သတိရလိုက်သည်။

ထို့နောက် ဂျန်ဖန်းကို နူးညံ့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းရဲ့ဆေးပညာက အထင်ကြီးစရာပဲ။ မင်းဘာဆုလာဘ်လိုချင်လဲ...."

ဂျန်ဖန်း အပ်တွေကိုပြန်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘာမှမလိုပါဘူး...."

"အကြီးအကဲလင်းက ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေကို ကူညီခဲ့တယ်။ ကျွန်တော် ဒါကို သူ့မကိုယ်စားလုပ်ပေးတာပါ..."

"အကြီးအကဲကျေးဇူးတင်ချင်ရင် သူမကို ကျေးဇူးတင်လိုက်ပါ...."

ရှုချင်းယန် သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

အကျိုးဆောင်မှုကြီးကြီးမားမားလုပ်ထားပေမယ့် နှိမ့်ချ၏။

စိတ်ထားကောင်းမွန်သည့်လူတစ်ယောက်ပင်။

ထိုလူအိုကြီးရှန်ဂွမ်းရှန် ဤကဲ့သို့လူတစ်ယောက် ဘယ်ကရှာတွေ့ခဲ့သနည်း။

သူက အနည်းငယ်သက်ပြင်းချပြီး သာမန်အတိုင်း လင်ဂျင်ဟူကို ဆေးတစ်ပုလင်းပစ်ပေးလိုက်သည်။

"ယူလိုက်ပါ..."

လင်ဂျင်ဟူ ဖမ်းပြီး စစ်ဆေးကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွား၏။

"ယွမ်သိပ်သည်းခြင်းဆေးလုံး...."

"အလယ်အလတ်အဆင့် ယွမ်သိပ်သည်းခြင်း ဆေးလုံး...."

ယွမ်သိပ်သည်းခြင်းဆေးလုံးက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေအတွက် အဆင့်တက်ဖို့ မရှိမဖြစ်လိုအပ်သည့်ဆေးလုံးပင်။

လိုအပ်သည့်ဆေးပင်ကုန်ကြမ်းတွေက အတော်ရှားပါး၏။

အမြုတေဖွဲ့စည်းခြင်းသိုင်းပညာရှင်းအများစု သူတို့ဘဝမှာ ဆေးလုံးအများအပြားသုံးစွဲနိုင်မည်မဟုတ်ပေ။

အလယ်အလတ်အဆင့် ယွမ်သိပ်သည်းခြင်းဆေးလုံးက ပိုလို့တောင်ရှား၏။

ဤယွမ်သိပ်သည်းခြင်းဆေးလုံးနှင့်ဆိုလျှင် လင်ဂျင်ဟူ နောက်တစ်ဆင့်ကို သေချာပေါက် ချိုးဖြတ်နိုင်မည်ဖြစ်သည်။

ဤအရာက သူမကို မယုံနိုင်လောက်အောင် ပျော််ရွင်သွားစေ၏။

သူမက ဂျန်ဖန်းအတွက်စကားလေးအနည်းငယ်သာ ပြောပေးခဲ့ပြီး ဤကဲ့သို့ကြီးမားသည့်ဆုလာဘ်ရခဲ့သည်။

ပျော်ရွင်မှုကိုခံစားနေရင်း ဂျန်ဖန်း၏ရူးမိုက်မှုအတွက်လည်း အပြစ်တင်လိုက်သည်။

သူ့ရှေ့ရှိအကြီးအကဲက ဓားဘုရင် ရှုချင်းယန်ဖြစ်သည်။

သူက အကျိုးအမြတ်ပေးပေမယ့် ဂျန်ဖန်းက ငြင်းဆန်ခဲ့သည်။

သူမက အကြည့်ရွေ့ပြီး ပြောလိုက်သည်။

"ကောင်လေး, စီနီယာရှုက ဓားပညာဆရာတစ်ဆူပဲ...."

"သူသာ မင်းကို ဓားပညာအနည်းငယ်သင်ပေးရင် မင်းတစ်ဘဝစာအကျိုးရှိလိမ့်မယ်..."

သူမစကားတွေက ဂျန်ဖန်းကို အသိပေးရုံမက.....

ရှုချင်းယန်ကိုလည်း ပြောနေတာဖြစ်သည်။

သူသာ တကယ် ဂျန်ဖန်းကို ကျေးဇူးတင်ချင်လျှင် အကျွမ်းကျင်ဆုံးအရာတစ်ခုပေးလိုက်ပါဆိုပြီးပင်။

ရှုချင်းယန် လင်ဂျင်ဟူ၏ဆိုလိုရင်းနားလည်ပြီး အနည်းငယ်ပြုံးလိုက်သည်။

"ဒီလူအိုကြီးက သဘာဝအတိုင်း လူငယ်လေးကို ရက်ရက်ရောရော ကျေးဇူးဆပ်မှာပါ..."

"ဒါပေမယ့်, သူ ငါ့ဓားပညာကို မသင်ယူနိုင်ဘူး...."

လင်ဂျင်ဟူ ရှက်သွား၏။

သူမက ဂျန်ဖန်းအတွက် ဓားပညာအချို့ယူပေးဖို့ မျှော်လင့်ထားပေမယ့် ရှုချင်းယန်က သင်ပေးချင်ပုံမရပေ။

"အထင်မလွဲပါနဲ့။ ငါက တွန့်တိုတာမဟုတ်ဘူး..."

ရှုချင်းယန် သက်ပြင်းအနည်းငယ် ချလိုက်သည်။

"ငါလေ့ကျင့်တဲ့ဓားပညာက သာမန်နည်းပညာတစ်ခုမဟုတ်ဘူး..."

"ဒါကိုသင်ယူဖို့ ပါရမီအတော်ကောင်းဖို့လိုအပ်တယ်....."

"ဒီတစ်ချိန်လုံး ငါ ထိပ်တန်းဓားကျင့်ကြံသူအတော်များများကို သင်ပေးကြည့်ဖူးတယ်။ ဒါပေမယ့် တစ်ယောက်မှ မသင်ယူနိုင်ခဲ့ဘူး...."

"သူတို့က ငါ့ဓားပညာမှာပိတ်မိပြီး တစ်ဘဝလုံး နားလည်ဖို့ပဲ အချိန်တွေကုန်နေကြတာ...."

သူ့မျက်နှာ၌ ထင်ရှားသည့်ဝမ်းနည်းမှုတွေ ရှိနေခဲ့သည်။

အသင်္ချေဓားဂိုဏ်း၏မြင့်မြတ်အကြီးအကဲတစ်ယောက်အနေဖြင့်...

သူ၏ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို တစ်စုံတစ်ယောက်က အမွေဆက်ခံနိုင်ဖို့ အမြဲမျှော်လင့်နေပြီး ထိပ်တန်းဓားတာအိုဂိုဏ်းဆိုသည့် အသင်္ချေဓားဂိုဏ်း၏အဆင့်အတန်းကို ထိန်းသိမ်းထားချင်၏။

ကံမကောင်းစွာပဲ, လက်ရှိဂိုဏ်းချုပ်ဖြစ်သည့် သူ၏အနှစ်သက်ရဆုံးတပည့်ကြီးတောင်....

သူ့ဓားပညာကိုနားလည်နိုင်သည့် ဓားတာအိုပါရမီမျိုး မပိုင်ဆိုင်ပေ။

ယခု, သူက အသက် ၈၀ ကျော်ပြီဖြစ်၏။

ဒဏ္ဍာရီလာ သန္ဓေသားဖွဲ့ခြင်းအဆင့်ကို မချိုးဖြတ်နိုင်လျှင် နှစ်အနည်းငယ်အတွင်းသေမည်ဖြစ်သည်။ အများဆုံးမှ နှစ် ၂၀ ပင်။

ထိုအခါ သူ၏ဓားပညာလည်း သူနှင့်အတူ ပျောက်ကွယ်သွားမည်ဖြစ်သည်။

နောက်တရသည့်အမူအရာဖြင့် သူက ဂျန်ဖန်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"မင်းကို ငါ့ဓားပညာသင်ပေးတာ မင်းကိုပဲ ထိခိုက်စေလိမ့်မယ်...."

"အခြားပိုကောင်းတာ တစ်ခုခု သင်လိုက်ပါ..."

ဓားထိန်းချုပ်ခြင်းနည်းစနစ်က အလွန်ထူးခြား၏။

တစ်ခါမြင်လိုက်သည်နှင့် လူတစ်ယောက်က လုံးဝနစ်မြုပ်သွားပြီး ရုန်းမထွက်နိုင်တော့ပေ။

ထိုအရာက အချိန်အများအပြားဖြုန်းပြီး ဘာမှမရပဲ အဆုံးသတ်ဖို့ လွယ်၏။

ဂျန်ဖန်း ခေါင်းမာစွာ ခေါင်းခါယမ်းလိုက်သည်။

ဤလူအိုကြီး၏စကားတွေက နည်းနည်းချဲ့ကားလွန်းနေသည်မဟုတ်လား?...

ထိပ်တန်းဓားကျင့်ကြံသူအားလုံး ကျရှုံးခဲ့ပြီး သူတို့၏အချိန်များစွာကို ဖြုန်းတီးခဲ့ကြသည်။

ဓားတာအိုဆရာတစ်ဆူဖြစ်သည့် အသင်္ချေဓားဂိုဏ်း ဂိုဏ်းချုပ်က ဟန်ပြသက်သက်လား....

ထို့ပြင် အသင်္ချေဓားဂိုဏ်း၌ တိမ်စိမ်းဂိုဏ်းလိုပဲ မြင့်မြတ်အကြီးအကဲများစွာ ရှိရမည်ပင်။

သူတို့အားလုံးကကော မလုပ်နိုင်ကြဘူးလား....

ထိုကဲ့သို့ စိတ်မချရသည့်စကားတွေကိုနားထောင်ပြီးနောက် ဂျန်ဖန်း သူ့ဆီမှအကျိုးအမြတ်ကို ပိုလိုတောင်လက်မခံချင်တော့ပေ။

သူက ခိုင်မာစွာပြောလိုက်သည်။

"ကျွန်တော်ပြောပြီးပြီ။ ကျွန်တော် စီနီယာဆီက အကျိုးအမြတ်မလိုချင်ဘူး...."

"အကြီးအကဲလင်းကိုပဲ ကျေးဇူးတင်လိုက်ပါ။ ဒါက လုံလောက်ပါပြီ...."

ရှုချင်းယန် မျက်ခုံးပင့်လိုက်၏။

ဂျန်ဖန်း သူ့ကို မယုံပေ။

သို့ပေမယ့် ထိုအရာက ပုံမှန်ပဲဖြစ်သည်။

ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို မျက်မြင်မတွေ့ဖူးပဲနှင့် မည်သူမဆိုသူတို့၏ဓားလမ်းစဥ်ပါရမီက ထူးခြားသည်ဟုထင်ကြမှာပဲဖြစ်သည်။

ဓားထိန်းချုပ်ခြင်းနည်းစနစ်ကိုသင်ကြားပြီးမှသာ သူတို့က ဓားလမ်းစဥ်မှာ သာမန်ပဲဆိုတာ နားလည်သွားကြမှာဖြစ်သည်။

သူက သက်ပြင်းအနည်းငယ်ချလိုက်သည်။

"ကောင်းပြီလေ, ငါမင်းကို ပထမအတွဲပေးမယ်။ မင်းလေ့လာကြည့်လိုက်...."

"ကြည့်ရုံပဲကြည့်။ မင်းနားမလည်နိုင်ရင် စိတ်ဓာတ်မကျနဲ့, ကြားလား..."

ပြောပြီးနောက် ဓားကျမ်းတစ်ဝက်ကိုထုတ်ပြီး ဂျန်ဖန်းဆီပစ်ပေးလိုက်သည်။

ဂျန်ဖန်း နားမလည်နိုင်သည့်အမူအရာဖြင့် ဖမ်းယူလိုက်သည်။

ဤလောက်ထိ ပုံကြီးချဲ့နိုင်သည်လား။

ဤဓားကျမ်းတစ်ဝက်ကိုကြည့်ရတာ ယုံကြည်စရာမရှိပေ။

သံသယအမူအရာဖြင့် သူက ဓားကျမ်းကိုဖွင့်ကြည့်လိုက်သည့်အခါ စာသားဖြင့်ရေးထားသည့်ဓားကျမ်းဟုတ်မနေတာကို တွေ့လိုက်ရသည်။

ထိုအရာက စီးဆင်းနေသည့်ဓားချီ တစ်ခုလိုပင်။

သူက ဤကဲ့သို့အထွတ်အထိပ်အတတ်ပညာနှင့် မရင်းနှီးတာ မဟုတ်ပေ။

အလျှင်အမြန် တစ်ချက်ကြည့်ရုံဖြင့် နာလည်ဖို့ခက်သည့်အရာ ဘာမှမရှိပေ။

သူက နားလည်ဖို့ အချိန်နှစ်နာရီလောက်သာယူလိုက်ရ၏။

"ဘယ််လိုလဲ, ငါမင်းကို မလိမ်ဘူးမလား...."

ရှုချင်းယန် ရယ်လိုက်သည်။

သူက စိတ်ကူးထားပြီးဖြစ်သည်။

ထိုအခိုက်အတန့်၌ ဂျန်ဖန်း သူနားမလည်နိုင်သည့်ဓားကျမ်းတစ်ခုကိုရင်ဆိုင်နေရပြီး လုံးဝစိတ်ပျက်အားငယ်နေမည်ဖြစ်သည်။

All Chapters