နတ်ဆိုးအင်ပါယာ၏သမီးတော်
Vol. 22 Ch. 307
သူက လှည်းပေါ်မှ အလျှင်အမြန်ဆင်းကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
မကြာမီ ဂျန်ဖန်း ခြေချိတ်ထိုင်ပြီး ကျင့်ကြံနေတာကို သတိထားမိလိုက်သည်။
"မင်း ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို နားလည်ခဲ့တာလား..."
ဂျန်ဖန်း မျက်လုံးဖွင့်လိုက်သည်။
အံ့အားသင့်မှုအချို့ သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ဒီဓားပညာက ကတယ် ဓားထိန်းချုပ်ခြင်းနည်းစနစ်ပဲ....
သူ့ရှေ့ရှိအကြီးအကဲက မနေ့ညက ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို အဝေးမှသတ်ပစ်ခဲ့သည့် ကျွမ်းကျင်သူပင်။
ရင်းနှီးနေတာ မအံ့သြတော့ပေ။
သူက ငှက်မွေးအားလုံးနှုတ်လာပြီး တန်ဖိုးကြီးနတ်ဆိုးအမြုတောင် ထုတ်ယူလာခဲ့သည်။
ယခုလည်း သူဂုဏ်ယူရသည့်ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို သူ့အားပေးနေခဲ့သည်။
သူသာမှတ်မိသွားလျှင် လှပသည့်မြင်ကွင်းတစ်ခုဖြစ်တော့မည်ပင်။
ဂျန်ဖန်း ထိုအကြောင်းတွေးပြီး တစ်ကိုယ်လုံးတုန်ယင်သွား၏။
သူက အစောပိုင်း လွမ်းဆွတ်ခြင်းဆီးနှင်းဓား ဓားအိမ်မှထွက်လာသည့်အသံကို မည်သို့ဖုံးဖိရမည်ကို စဥ်းစားနေခဲ့သည်။
ရှုချင်းယန် ရုတ်တရက် တစ်ခုခုကိုနားလည်သွားပြီး ပြောလိုက်သည်။
"ငါ စိတ်လောလွန်းသွားတယ်..."
"မင်းကို သံသယဝင်မိပြီ...."
"မင်းဓားကျမ်းရတာ တစ်နာရီလောက်ပဲရှိသေးတယ်....."
သူတောင်မှ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို နားလည်ဖို့ ၁၀ နှစ် အချိန်ယူခဲ့ရသည်။
ထို့ပြင် ဓားလမ်းစဥ်ပါရမီမရှိပဲနှင့် နှစ်တစ်ရာတောင် ဤဓားပညာကိုကျွမ်းကျင်ဖို့ လုံလောက်မည်မဟုတ်ပေ။
တစ်နာရီ... ကောင်းကင်ဘုံဖြစ်တည်မှုဆိုရင်တောင်, နားလည်နိုင်မည်မဟုတ်ပေ။
သူက လှည်းခေါင်းမိုးပေါ်ခုန်တက်လိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကိုကြည့်ပြီး အော်လိုက်သည်။
"ဘယ်တာအိုမိတ်ဆွေက ဒီနေရာမှာ ဓားထိန်းချုပ်ခြင်းနည်းစနစ် လေ့ကျင့်နေတာလဲ...."
"ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ။ ငါတို့ ဆွေးနွေးကြရအောင်...."
လင်ဂျင်ဟူ အလျှင်အမြန် ရောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူမက ဂျန်ဖန်းကိုဖြတ်သွားသည့်အခါ အနည်းငယ်ရပ်တန့်လိုက်၏။ ထို့နောက် အဝေးကိုကြည့်လိုက်သည်။
သူမက ဂျန်ဖန်းဖြစ်နိုင်တယ်လို့ တစ်ခဏတောင် မတွေးပေ။
ဂျန်ဖန်း သူ့နှာခေါင်းကို ကုတ်လိုက်ပြီး ဘာမှမပြောပေ။
သူက အကြီးအကဲနှစ်ယောက် သဲလွန်စမရှိပဲ ရှာဖွေနေတာကို ခွင့်ပြုပေးထားခဲ့သည်။
ထို့နောက် ဝင်ပြောလိုက်သည်။
"စီနီယာရှု, အဲ့ဒီလူက မိတ်ဆွေလား ရန်သူလား ငါတို့သိတာမဟုတ်ဘူး...."
"ဘာလို့ ကိုယ်ထင်ပြဖို့ အတင်းအကြပ်တောင်းဆိုနေတာလဲ...."
ရှုချင်းယန် မျက်ခုံးမြင့်တက်သွား၏။
သူက အကျင့်စာရိတ္တကောင်းသည့်လူတွေကိုသာ ဓားထိန်းချုပ်ခြင်းနည်းစနစ် သင်ကြားပေးခဲ့သည်။
သို့ပေမယ့် မသာမာသူလက်ထဲရောက်မသွားနိုင်ဘူလို့ အာမခံနိုင်ပေ။
ဂျန်ဖန်း၏ အသိပေးမှုက သူ့နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။
တစ်စုံတစ်ယောက်ဓားထိန်းချုပ်ခြင်းနည်းစနစ်ကိုတတ်မြောက်သွား၍ စိတ်လှုပ်ရှားလွန်းပြီး သူဒဏ်ရာရနေတာကို မေ့သွားခဲ့သည်။
"ချက်ချင်းထွက်ခွာမယ်...."
သူက တင်းမာစွာပြောလိုက်သည်။
ဂျန်ဖန်း တိတ်တဆိတ်ရယ်လိုက်ပြီး ခရီးကိုရှေ့ဆက်လိုက်သည်။
သူက သိပ်မဝေးသည့်နေရာမှကပ်လိုက်လာပြီး ဒဏ္ဍာရီလာဓားထိန်းခြင်းနည်းစနစ်ကို တိတ်တဆိတ် လေ့ကျင့်နေလိုက်သည်။
ဤတစ်ချိန်၌ အတော်လေး သတိထားနေခဲ့သည်။
ကျင့်ကြံရုံသာကျင့်ကြံနေပြီး နောက်တစ်ကြိမ် အဆင်ခြင်မဲ့ အသုံးမပြုရဲတော့ပေ။
အကြီးအကဲရှာတွေ့သွားမည်ကို စိုးရိမ်နေခဲ့သည်။
နေ့တစ်ဝက်ကြာပြီးနောက်....
သူက စိတ်ဝိညာဥ်စွမ်းအင်ကို ကျွမ်းကျင်စွာလှည့်ပတ်ပြီး ခန္ဓာကိုယ်တစ်လျောက်စီးဆင်းစေလိုက်သည်။
တစ်ယောက်ယောက်သာ ဖောက်ထွင်းမြင်နိုင်သည့်အကြည့်ရှိလျှင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဥ်စွမ်းအင်စီးဆင်းမှုက ဓားတစ်ချောင်းနှင့်ဆင်တူနေတာကို မြင်နိုင်တာပဲဖြစ်သည်။
ထိုအရာက ဓားနှလုံးသား အောင်မြင်ခြင်းကြီးအဆင့်ကို ရောက်သွားသည့်လက္ခဏာပင်။
နှလုံးသားနှင့်အတူဓားကရွေ့ရှားပြီး နှလုံးသားညွှန်ပြရာ ဓားချိန်ရွယ်မည်ပဲဖြစ်သည်။
ယခု သူ့လက်ထဲမှာ ဓားတစ်ချောင်းသာရှိလျှင် အတွေးတစ်ခုဖြင့် အဝေးမှရန်သူကို ခုတ်နိုင်၏။
ဂျန်ဖန်းမျက်နှာ၌ စိတ်လှုပ်ရှားမှုတွေ အပြည့်ပင်။
သူက ဒူးပေါ်ရှိ လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုကြည့်ပြီး ချက်ချင်းပဲ စမ်းသပ်ကြည့်ချင်နေခဲ့သည်။
သို့ပေမယ့် ကံမကောင်းစွာပဲ ရှေ့လှည်းထဲမှာ အကြီးအကဲရှိနေခဲ့သည်။
သူသာလှုပ်ရှားလိုက်လျှင် တစ်ဖက်လူက ချက်ချင်းသတိထားမိမည်ဖြစ်သည်။
ဟီး....
ရုတ်တရက်...
ရှေ့လှည်း ရုတ်ချည်းရပ်သွားကာ မြင်းတွေဦးထောင်ပြီး ကြောက်လန့်တကြား ဟီးလိုက်သည်။
လှည်းထဲမှလူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီးရှေ့ကို စိုးရိမ်စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။
သူတို့မြင်လိုက်တာက....
များစွာသောမြင်းအလောင်းတွေ လမ်းမပေါ်ကို ဖြစ်ကတတ်ဆန်း ပြန့်ကျဲနေခဲ့သည်။
၎င်းတို့ခြေလက်တွေ ဆုတ်ဖြဲခံထားရပြီး ကိုယ်တွင်းအင်္ဂါတွေ နေရာအနှံ့ကို ပျံ့ကျဲနေခဲ့သည်။
ကြောက်စရာပုံရိပ်အချို့က ၎င်းတို့ကို အရှင်လတ်လတ်ဆုတ်ဖြဲသွားပုံပင်။
ထို့ပြင် သူတို့မျက်လုံးတွေကို ပိုကျဥ်းမြောင်းသွားစေတာက လူသားခြေလက်အချို့ကို တွေ့လိုက်ရသောကြောင့်ပင်။
ဂျန်ဖန်း ရောက်လာပြီး ကြည့်လိုက်သည်။
အေးစိမ့်မှုကို ခံစားလိုက်ရပြီး မနေနိုင်ပဲ လွမ်းဆွတ်ခြင်းဆီးနှင်းဓားရိုးကိုကိုင်ကာ အသံနက်ဖြင့်ပြောလိုက်သည်။
"သန့်စင်မိုးကြိုးဂိုဏ်းတပည့်တွေပဲ..."
ထိုခြေလက်တွေရှိ အဝတ်အစားတွေကို ခပ်ရေးရေး မှတ်မိနိုင်၏။
မကြာသေးခင်က သူတို့နှင့်တွေ့ဆုံခဲ့သည့် စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တွေ၏ ဝတ်စုံတွေဆိုတာ အတိအကျပင်။
လင်ဂျင်ဟူ တုန်လှုပ်သွား၏။
"သူတို့ ဘာနဲ့တွေ့ခဲ့တာလဲ...."
"တပည့်တွေကို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ အဆုံးသတ်သွားရတယ်...."
သူမက ဂျင်ယွင်လဲ့၏ခွန်အားကို ကောင်းကောင်းသိ၏။
ထိုလူက ဂိုဏ်း ၉ ဂိုဏ်း မဟာအကြီးအကဲတွေထဲ၌ သေချာပေါက် ထိပ်ဆုံး သုံးယောက်ဝင်ပြီး သူ၏မိုးကြိးစွမ်းအားက အဆင့်တူမှာ ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်၏။
သို့ပေမယ့် သူ့တပည့်တွေကို မကာကွယ်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်၌....
ဂျန်ဖန်း လမ်းမှဘေးရှိ မြင်ခင်းပြင်၌ တစ်ခုခုကို သတိထားမိလိုက်သည်။
သူက ဓားနှင့် မြက်ခင်းထဲ ဖြဲကြည့်လိုက်သည်။
ပစ္စည်းကိုမြင်သည့်အခါ သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။
"ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့သွား..."
လင်ဂျင်ဟူ ထိုအရာကို မှတ်မိသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒါကို ဂျင်ယွင်လဲ့ယူသွားတာ မဟုတ်လား...."
"သူ တကယ်ပဲ ဆုံးရှုံးလိုက်ရတာပဲ...."
သို့ပေမယ့် ဂျန်ဖန်းမျက်နှာ အလွန်အမင်း လေးနက်သွား၏။
သွားကိုမကောက်တော့ပဲ လှည်းဆီပြေးကာ အော်ပြောလိုက်သည်။
"သွားမယ်, မြန်မြန်သွားကြမယ်...."
"ငါတို့ဒီနေရာမှာ ကြာကြာနေလို့မရဘူး....."
လင်ဂျင်ဟူ ထိတ်လန့်သွား၏။
ဤနေရာက အန္တရာယ်ရှိသော်လည်း ဂျန်ဖန်း ချဲ့ကားလွန်းနေတာ မဟုတ်လား....
သို့ပေမယ့် သူမ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရလိုက်ပြီး မျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။
ဂျင်ယွင်လဲ့က ထိုသွားအတွက် သူ၏သဘောအကျဆုံးတပည့်ကိုတောင် ဆူပူခဲ့တာဖြစ်သည်။
ယခု သွားကိုဆုံးရှုံးလိုက်ပြီး ယူတောင်မယူရဲပဲ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
ထိုအရာက သူတို့ ကြောက်စရာကောင်းသည့်တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့တယ်ဆိုတာ ပြသနေ၏။
တုန်ယင်သွားပြီး သူမအလျှင်အမြန်ပြောလိုက်သည်။
"သွားကြစို့..."
ရှုချင်းယန် အမူအရာလည်း လေးနက်နေ၏။
ဆုတ်ဖြဲခံရသည့်ခန္ဓာအပိုင်းအစတွေကိုမြင်တော့ သူ့စိတ်ထဲမှာ ဝိုးတဝါးစိုးရိမ်မှုတစ်ခု ခံစားရ၏။
မိုင်တစ်ရာအဝေးတစ်နေရာ....
ထူထပ် မည်းမှောင်သည့်တောအုပ်ကြီးတစ်ခုထဲ၌....
ကြမ်းကြုတ်သည့်အရှိန်အဝါတွေထုတ်လွတ်နေသည့် ကြောက်စရာနတ်ဆိုးသားရဲတွေရှိနေခဲ့သည်။
သူတို့၌ ကြီးမားသည့်ခန္ဓာကိုယ်ကြီးတွေရှိပြီး မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်ကာ တည်ရှိမှုက လွမ်းမိုးနိုင်စွမ်းရှိလွန်းလှ၏။
အရေအတွက်အားဖြင့် တစ်ရာလောက်ရှိပြီး အားလုံးက အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲဘုရင်တွေဖြစ်ကြသည်။
ထိုမျှလောက်များသည့်နတ်ဆိုးဘုရင်တွေက ဂိုဏ်း ၉ ဂိုဏ်းထဲက ဘယ်ဂိုဏ်းကိုမဆို ဖျက်ဆီးပစ်နိုင်၏။
သို့ပေမယ့် တုန်လှုပ်စရာကောင်းတာက....
ထို ကမ္ဘာကြီးကိုတောင်ဖျက်ဆီးနိုင်သည့်သားရဲဘုရင်အုပ်က လုံးဝကို တိတ်ဆိတ်နေခဲ့သည်။
တစ်ကောင်ချင်းဆီက မြေပြင်ပေါ်မှာဝပ်နေပြီး အသက်တောင် မရှူဲကြပေ။
သူတို့ရှေ့၌ အနက်ရောင်မီးတောက်တွေဖုံးလွမ်းနေတဲ့ ကြမ်းကြုတ်သည့်ခေါင်းသုံးလုံးကျားတစ်ကောင် ရှိနေခဲ့သည်။
၎င်းက နတ်ဆိုးဘုရင်လက်အောက်ရှိ မဟာနတ်ဆိုးဘုရင်လေးယောက်ထဲက တစ်ယောက်ဖြစ်သည့် ကောင်းကင်ဝါးမျိုးကျားပင်။
ထိုအခိုက်အတန့်၌, ၎င်း၏အလယ်ခေါင်းက တစ်ဝက်တိတိဖြတ်ခံထားရ၏။
ခန္ဓာကိုယ်၌လည်း ဓားဒဏ်ရာများစွာရှိနေပြီး သွေးတွေ အဆက်မပြတ်စီးကျနေခဲ့သည်။
သူ့မျက်လုံးတွေ၌ နာကျင်မှုတွေ အပြည့်ပင်။
သို့ပေမယ့် အသံတစ်သံတောင် မထွက်ရဲပေ။
အဘယ်ကြောင့်ဆိုသော်....
၎င်းကျောပေါ်၌ သွေးနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းခလေးတစ်ယောက်ထိုင်နေပြီး မေးထောက်ထားကာ မကျေနပ်သည့်အမူအရာပြသနေ၏။
သူမအသားအရည်က ပုံမှန်မဟုတ်စွာ ဖြူဖွေးနေပြီး ဆံပင်ရှည်က အနည်းငယ်ကောက်ကွေးနေ၏။
ဖြောင့်တန်းသည့်နှာတံနှင့် နက်ရှိုင်းသည့်မျက်လုံးတွေရှိပြီး အပြာရောင်မျက်လုံးတစ်စုံက ကျောက်မျက်ရတနာအလား တစ်လက်လက်တောက်ပနေခဲ့သည်။
အနီရောင်ဝတ်ရုံအောက်ရှိခန္ဓာကိုယ်ကလည်း အရွယ်နှင့်မလိုက်အောင် ဖွံ့ထွားလှ၏။
သူမက ဘယ်လက်ဖြင့် ဖြူဖွေးသည်ပါးပြင်လေးကို လက်ထောက်ထားပြီး ညာလက်က သန်မာသည့်ဖိအားထုတ်လွတ်နေသည့် ကြေးဓားရှည်တစ်ခုကို ဆော့စကားနေခဲ့သည်။
လှည့်ပတ်နေသည့်ဓားချီက သူမ၏ဆံပင်ရှည်ကို လှုတ်ခတ်နေစေပြီး ဆံပင်ကြားက မသဲမကွဲဦးချိုတစ်စုံကို လစ်ဟပြနေခဲ့သည်။
ထိုအရာတွေက လူသားတွေမှာရှိနိုင်သည့် အရာတွေမဟုတ်ပေ။
"ဒီတော့, နင်တို့က လူမှားလိုက်ခဲ့တာပေါ့..."
သွေးနီရောင်ဝတ်မိန်းခလေး သူမ၏အပြာရောင်မျက်လုံးတွေကို မှေးကျဥ်းပြီး ရှေ့ရှိ သားရဲဘုရင်တွေကို စိုက်ကြည့်နေခဲ့သည်။
လက်သည်းတွေက ခန္ဓာကိုယ်ထက်ပိုကြီးပြီး ကောင်းကင်ဝါးမျိုးကျားပြီးလျှင် ဒုတိယအကြမ်းကြုတ်ဆုံးဖြစ်သည့် ကြောက်မက်ဖွယ်နတ်ဆိုးသားရဲတစ်ကောင်....
တုန်ယင်စွာဖြင့် မြေပြင်မှာဝပ်နေပြီး ကြောက်လန့်တကြာ တောင်းပန်လိုက်၏။
"ကျွန်တော်တို့က ဒီဓားရဲ့အော်ရာအတိုင်း ခြေရာခံလိုက်လာတာပါ။ ဓားကိုင်ဆောင်တဲ့လူက အသင်္ချေဓားဂိုဏ်းက မြင့်မြတ်အကြီးအကဲမဟုတ်ပဲ စစ်မှန်မိုးကြိုးဂိုဏ်းမဟာအကြီးအကဲဖြစ်နေမယ်လို့ ထင်မထားခဲ့ပါဘူး...."
သွေးနီရောင်ဝတ် မိန်းခလေး နှာမှုတ်လိုက်သည်။
"ငါက ရလဒ်ကိုပဲ ဂရုစိုက်တာ။ လုပ်ငန်းစဥ်ကို မဟုတ်ဘူး...."
"သားရဲဘုရင်တစ်ရာကိုဦးဆောင်သွားတာတောင် နင်က ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို မသတ်နိုင်ခဲ့ဘူး...."
"နင်တို့ဘာအသုံးဝင်လဲ..."
ပြောပြီးနောက် သူမ၏အပြာရောင်မျက်လုံးတွေထဲ၌ အပြာရောင်အလင်းတန်းတွေ တောက်ပလာပြီး အလွန်အမင်းအန္တရာယ်ရှိသည့်အရှိန်အဝါတွေ ထုတ်လွတ်လာခဲ့သည်။
လက်သည်းနတ်ဆိုးဘုရင် ကြောက်လန့်သွားပြီး အသည်းအသန် တောင်းပန်လိုက်၏။
"ချမ်းသာပေးပါ, သခင်မလေး, အသက်ချမ်းသာပေးပါ...."
ကောင်းကင်ဝါးမျိုကျား အလျှင်အမြန် တောင်းပန်လိုက်၏။
"သခင်မလေး, ကျေးဇူးပြုပြီး လန်ဂုကို နောက်ထပ်အခွင့်အရေးပေးလိုက်ပါ...."
"ရှုချင်းယန်က ဒဏရာအပြင်းအထန်ရထားတာ သူ ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး။ ငါတို့က သေချာပေါက် လမ်းမှာ ကြားဖြတ်တိုက်ခိုက်နိုင်ပါတယ်...."
သွေးနီရောင်ဝတ်မိန်းခလေးက နတ်ဆိုးအင်ပါယာ၏သမီးမှလွဲပြီး အခြားသူမဟုတ်ပေ။
လူသားပုံစံဖြင့်မွေးဖွားလာပြီး....
အသက် ၁၈ နှစ်ဖြင့် ကြီးမားသည့်ခွန်အားပိုင်ဆိုင်နေကာ ရုပ်ခန္ဓာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ဖြစ်၏။
သူမ၏လူ ကောင်းကင်ဝါးမျိုကျား ဒဏ်ရာအပြင်းအထန်ရနေတာကိုကြားသည့်အခါ နတ်ဆိုးဘုရင်တွေကိုဦးဆောင်ပြီး လက်စားချေဖို့ အနောက်ဘက်ကို လာခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ဝါမျိုးကျား၏ တောင်းပန်မှုကိုကြားသည့်အခါ သူမမျက်လုံးမှ အပြာရောင်အလင်းတန်းတွေကို ပြန်ရုတ်ပြီး နှာမှုတ်လိုက်သည်။
"သုံးရင်အတွင်း, ငါ ရှုချင်းယန်ခေါင်းကို မြင်ချင်တယ်...."
လန်ဂု တုန်ယင်စွာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။ ကျွန်တော် သူ့ခေါင်းကို ယူလာခဲ့ပါမယ်..."
ထို့နောက် နတ်ဆိုးသားရဲတွေကိုဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ပတ်ဝန်းကျင်၌ မည်သူမှမရှိတော့သည့်အခါ....
သွေးနီးဝတ်မိန်းခလေး မေးလိုက်သည်။
"ကောင်းကင်ဝါးမျိုကျား, ငါနင့်ကိုပေးထားတဲ့တာဝန် ဘယ်လိုရှိလဲ...."
ကောင်းကင်ဝါးမျိုကျား ဒုက္ခရောက်သည့်ပုံဖြင့် ပြောလိုက်သည်။
"ငါတို့ ခြေတစ်လှမ်းနောက်ကျသွားပြီ...."
"သခင်မလေးရှာနေတဲ့ သလင်းဖြူသားရဲက သေသွားပြီ...."
"ဘာ?..."
သွေးနီဝတ်မိန်းခလေး ရုတ်တရက်ထရပ်လိုက်ပြီး အမူအရာက စိုးရိမ်နေခဲ့သည်။
"ဒါဆို, သူ့ကိုယ်ပေါ်က ငွေရောင်စာလိပ်ကကော...."