← Chapters

ငွေရောင်စာလိပ်၏လျို့ဝှက်ချက်

Vol. 22 Ch. 308

ငွေရောင်စာလိပ်၏လျို့ဝှက်ချက်

Vol. 22 Ch. 308

ကောင်းကင်ဝါးမျိုကျား သတိထားပြီး ဖြေလိုက်သည်။

"သလင်းဖြူသားရဲမျက်လုံးတွေကိုတော့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလေလံပွဲမှာ ရောင်းနေတာ တွေ့ခဲ့တယ်...."

"သူ့ကိုယ်ပေါ်က ငွေရောင်စာလိပ်အတွက်ကတော့, ဘယ်ရောက်နေမှန်းမသိဘူး...."

သွေးနီရောင်ဝတ်မိန်းခလေး၏မျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။

ငွေရောင်စာလိပ်က နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေသော့ဖြစ်၏။

နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေဆိုတာ အတိတ်က နတ်ဆိုးနယ်မြေကိုအုပ်စိုးခဲ့သည့် ကောင်းကင်လဝံပုလွေ၏ဂူအိမ်တော်ဖြစ်၏။

သန္ဓေသားဖွဲ့ခြင်းနောင်းပိုင်းအဆင့်၊ နတ်အသွင်ပြောင်းခြင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့သည့် ပြိုင်ဘက်ကင်းနတ်ဆိုးအင်ပါယာတစ်ယောက်အနေဖြင့်....

သူ၏ဂူအိမ်တော်မှာ မရေမတွက်နိုင်သည့်ရတနာတွေချန်ထားခဲ့သည်။

သူက တစ်ခါက ငွေရောင်စာလိပ် ၂၄ ခုကို ပြုလုပ်ခဲ့ပြီး ဤစာလိပ်တွေနှင့် သူ၏နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေကို တွေ့နိုင်တာပဲဖြစ်သည်။

ထိုအချိန်က သူရုတ်တရက်သေသွားတော့ ငွေရောင်စာလိပ် ၂၄ ခုလည်း နတ်ဆိုးနယ်မြေအနှံ့ကို ပျံ့နှံ့သွားကာ မရေမတွက်နိုင်သည့် သွေလွမ်းမှုတွေကို ဖြစ်ပွားစေခဲ့သည်။

သွေးနီရောင်ဝတ်မိန်းခလေး၏အဖေ၊ ယခုလက်ရှိ နတ်ဆိုးအင်ပါယာက ကံကောင်းပြီး ငွေရောင်စာလိပ်တစ်ခုကို ရခဲ့တာဖြစ်သည်။

ဤသို့ဖြင့် မထင်မရှားသားရဲဘုရင်အဖြစ်မှ ချက်ချင်းပဲ နတ်ဆိုးအင်ပါယာဖြစ်လာခဲ့သည်။

ယခု, သူမလည်း သူမအဖေခြေရာအတိုင်း အမျိုးသမီနတ်ဆိုးအင်ပါယာတစ်ယောက်ဖြစ်လာချင်၏။

နှစ်ပေါင်းများစွာစုံစမ်းပြီးနောက် နောက်ဆုံးမှာ ငွေရောင်စာလိပ်တစ်ခု၏သဲလွန်စကို ဂိုဏ်း ၉ ဂိုဏ်း နယ်မြေမှာ ရှာတွေ့ခဲ့သည်။

သဲလွန်စအရ, ကောင်းကင်လဝံပုလွေ၏မျိုးဆက်တစ်ယောက် ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ ပုန်းကွယ်နေသည်ဟူ၍ပင်။

ငွေရောင်စာလိပ်က ၎င်းခန္ဓာကိုယ်ပေါ်မှာ ဖြစ်နိုင်ချေ အလွန်များ၏။

ထိုရည်ရွယ်ချက်ဖြင့် သွေးနီရောင်ဝတ်မိန်းခလေး ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကို ခိုးဝင်လာတာဖြစ်သည်။

သို့ပေမယ့် လက်ရှိသတင်းတွေက သူမကို အတော်လေး ဒေါသထွက်သွားစေခဲ့သည်။

"ဘယ်သူလဲ? ဘယ်နတ်ဆိုးသားရဲ ကြားဖြတ်ယူသွားတာလဲ...."

ကောင်းကင်ဝါးမျိုကျား ခေါင်းခါယမ်းလိုက်သည်။

"နတ်ဆိုးမျိုးနွယ်လက်ချက် ဟုတ်ပုံမရဘူး..."

"လူသားတစ်ယောက်ယောက်က သတ်သွားတာ ပိုဖြစ်နိုင်တယ်။ ကျွန်တော်ထင်တာမမှားရင် ငွေရောင်စာလိပ်က သတ်သွားတဲ့လူရဲ့ခန္ဓာကိုယ်ပေါ်မှာရှိရမယ်..."

သွေးနီဝတ်မိန်းခလေး စိုးရိမ်မှုကော ဒေါသကော ခံစားလိုက်ရပြီး ပြောလိုက်သည်။

"ငါ့အတွက်ရှာပေး..."

"မြေကြီးထဲသုံးပေတူးရမယ်ဆိုရင်တောင် အဲ့လူကို တွေ့အောင်ရှာခဲ့...."

"သူအသိစိတ်ရှိပြီး ငွေရောင်စာလိပ်ကို နာနာခံခံလွဲပေးတာပိုကောင်းမယ်။ အဲ့ဒါဆို ငါ သူ့အသက်ကိုချမ်းသာပေးပြီး ဆုလာဘ်အချို့တောင်ပေးမှာ...."

"မဟုတ်ရင်တော့, ငါ့ကို ရက်စက်လို့အပြစ်မတင်နဲ့....."

နတ်ဆိုးအင်ပါယာလမ်းကြောင်းက လူသားတွေ သန္ဓေသားဖွဲ့ခြင်းအဆင့်ကို တက်ရောက်တာထက်ပိုခက်ခဲ၏။

တစ်သန်းမှာ တစ်ယောက်တက်ရောက်နိုင်လျှင် မမျှော်လင့်ထားသည့်ကံကောင်းမှုဖြစ်နေပြီဖြစ်သည်။

ထို့ပြင်, ယခု ငွေရောင်စာလိပ်က သူမရှေ့မှာရှိနေရာ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်နည်း။

ကောင်းကင်ဝါးမျိုကျား ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ, သခင်မလေး...."

တစ်ခဏရပ်ပြီး စိုးရိမ်စွာပြောလိုက်သည်။

"သခင်မလေး, မင်း ဒီကိစ္စကို လက်အောက်ငယ်သားတွေဖြစ်တဲ့ ကျွန်တော်တို့ဆီလွဲထားလိုက်ပါ..."

"သခင်မလေးက မကြာခင် နတ်ဆိုးနန်းတော်ကိုပြန်သင့်တယ်...."

"ဂိုဏ်း ၉ ဂိုဏ်းနယ်မြေလူတွေ သခင်မလေးကို မှတ်မိသွားရင် အလွတ်ပေးမှာမဟုတ်ဘူး..."

သွေးနီရောင်ဝတ်မိန်းခလေး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"နင်အသက်ရှင်နေသေးတာ သိရတော့ ငါလည်း စိတ်အေးပါပြီ....."

"ငါ မကြာခင်ပြန်မှာပါ...."

"ဒါပေမယ့်, အသင်္ချေဓားဂိုဏ်းက နင့်ကို ဒီလောက်ဆိုးဆိုးဝါးဝါးဒဏ်ရာရစေတယ်ဆိုတော့ ငါလည်း သူတို့ဆီက တန်ဖိုးသေးသေးလေးတစ်ခုတော့ ပြန်တောင်းရမယ်...."

သူမမျက်လုံးထဲ၌ အန္တရာယ်ရှိသည့် အလင်းတန်းတွေ ဖြတ်ပြေးသွား၏။

ကောင်းကင်ဝါးမျိုကျား၏ နှလုံးသားခုန်ပေါက်သွားပြီး ပြောလိုက်သည်။

"သခင်မလေး, ဘာလုပ်ဖို့ကြံနေတာလဲ..."

သူကမကောင်းသည့်နိမိတ်တွေခံစားနေရ၏။

သွေးနီရောင်ဝတ်မိန်းခလေး မျက်လုံးမှေးကျဥ်းပြီး ပြုံးလိုက်သည်။

"ငါကြားတာတော့ ဂိုဏ်း ၉ ဂိုဏ်းရဲ့ ပါရမီရှင်တပည့်တွေ ဓားသစ်တောကို လေ့ကျင့်ဖို့သွားနေတယ်တဲ့...."

"ငါ ရောဝင်ပြီး သူတို့ကိုသတ်မယ်၊ ပြီးတော့ အသင်္ချေဓားဂိုဏ်းကို အကွက်ဆင်လိုက်ရင်..."

"ဂိုဏ်းအသီးသီးက အသင်္ချေဓားဂိုဏ်းဆီက ဖြေရှင်းချက်မတောင်းလောက်ဘူးလား...."

အသင်္ချေဓားဂိုဏ်းလေ့ကျင့်ဖို့သွားသည့် လူတွေက အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဒါမှမဟုတ် အဆင့် ၉ တွေတောင်ဖြစ်နိုင်၏။

သူတို့က သေချာပေါက် သူတို့ဂိုဏ်းတွေမှာ အကောင်းဆုံးတွေပဲဖြစ်သည်။

တစ်ယောက်ဆုံးရှုံးရလျှင်တောင် ဂိုဏ်းတွေကို ရင်ကျိုးစေမည်ဖြစ်သည်။

အများအပြားသာဆုံးရှုံးလျှင် ဘယ်ဂိုဏ်းက သည်းခံနိုင်မည်နည်း။

သူတို့ဒေါသထွက်ပြီး အသင်္ချေဓားဂိုဏ်းကို ပြဿနာမရှာမှသာ ထူးဆန်းနေအုန်းမည်ဖြစ်သည်။

ကောင်းကင်ဝါးမျိုကျား အမူအရာပြောင်းသွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"သခင်မလေး, မင်း အဲ့လိုလုပ်လို့မဖြစ်ဘူးလေ...."

"အသင်္ချေဓားဂိုဏ်းမှာ ကျွမ်းကျင်သူတွေအပြည့်ပဲ။ မင်းကို မှတ်မိသွားရင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."

သွေးနီရောင်ဝတ်မိန်းခလေး အနည်းငယ်ပြုံးလိုက်သည်။

သူမက လက်မအရွယ်လောက်ရှိသည့် အနက်ရောင်ပုလဲတစ်ခု ရင်ဘတ်ထဲမှထုတ်ယူပြီး တစ်ခါတည်းမျိုချလိုက်သည်။

ထိုအရာက လှည့်စားခြင်းဟုလူသိိများသည့် နတ်ဆိုးသားရဲ၏ အတွင်းအမြုတေပဲဖြစ်သည်။

မျိုချပြီးနောက် သွေးနီရောင်ဝတ်မိန်းခလေး၏နတ်ဆိုးမျိုးနွယ်အော်ရာတွေ လုံးဝ ပျောက်ကွယ်သွား၏။

ခေါင်းမှ ချွန်ထက်သည့်ဦးချိုတစ်စုံကလည်း သာမန်မျက်စိဖြင့်မမြင်နိုင်တော့ပေ။

"အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲတောင် ငါ့ကိုမှတ်မိမှာမဟုတ်ဘူး..."

သွေးနီရောင်ဝတ်မိန်းခလေး ထူးဆန်းစွာပြုံးလိုက်ပြီး ဖြူဖွေးသည့်သွားတန်းနှစ်ခု ထုတ်ပေါ်ပြသလာခဲ့သည်။

ထိုစဥ်...

ဂျန်ဖန်းတို့အဖွဲ့....

လှည်းနှစ်စီးက ဝေးလံခေါင်သီတဲ့ တောင်လမ်းအတိုင်းသွားနေခဲ့သည်။

ရမ္မက်ဂိုဏ်းကို တစ်ဝက်လောက်ဖြတ်ပြီး ရက်ပေါင်းများစွာခရီးနှင်ပြီးနောက် အသင်္ချေဓားဂိုဏ်းနယ်မြေကို ဝင်ရောက်လာခဲ့ကြသည်။

သူတို့က တောင်ကုန်းထူထပ်သည့်နယ်မြေတစ်ခုကို ဖြတ်ကျော်နေကြပြီး သူတို့ခရီးစဥ်က လျို့ဝှက်လှ၏။

သို့ပေမယ့် ရှုချင်းယန်နှလုံးသားထဲ၌ စိုးရိမ်မှုတွေရှိနေဆဲဖြစ်သည်။

သူက ပျောက်ကင်းလုနီးပါးဖြစ်သည့်ရင်ဘတ်မှဒဏ်ရာကိုတစ်ချက်ကြည့်ပြီး နှလုံးသားထဲက စိုရိမ်မှုတွေ နောက်ဆုံးမှာ အနည်းငယ်တည်ငြိမ်သွားခဲ့သည်။

အဆိပ်ဖယ်ရှားပြီးနောက် သူ၏သန်မာသည့်ရုပ်ခန္ဓာဖြင့် ဒဏ်ရာအများစုပြန်ကောင်းနေပြီဖြစ်သည်။

ယခု သူက ခွန်အား ၅၀ ရာခိုင်နှုန်းပြန်ရနေပြီဖြစ်သည်။

မဟာနတ်ဆိုးဘုရင်လေးယောက်မလာသရွေ့ ပြဿနာမရှိပဲ ကိုင်တွယ်နိုင်၏။

ဒါပေါ့၊ အုပ်လိုက်လာလျှင်တော့ အခြားကိစ္စတစ်ခုဖြစ်သွားပြီပင်။

လှည်းမောင်းသည့် လင်ဂျင်ဟူ အသင်္ချေဓားဂိုဏ်းနယ်မြေထဲရောက်သည့်အခါ အရှိန်လျော့လိုက်သည်။

သူမက နောက်ရှိ ဂျန်ဖန်းကို ပြောလိုက်သည်။

"ခဏနားကြတာပေါ့...."

ဂျန်ဖန်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"အကြီးအကဲလင်း, ငါတို့ အသင်္ချေဓားဂိုဏ်းရဲ့အဓိကမြို့ကိုရောက်မှနားတာ ပိုကောင်းမယ်...."

ဘယ်လိုတည်ရှိမှုမျိုးက ဂျင်ယွင်လဲ့ကို သွားတောင်မကောက်နိုင်ပဲ ပြေးသွားစေသနည်း။

ထိုအကြောင်းတွေးလိုက်တိုင်း သူ တုန်ယင်နေဆဲဖြစ်သည်။

လင်ဂျင်ဟူ ရေရွတ်လိုက်ည်။

"ဒီကလေးက သတိထားလွန်းနေတာပဲ..."

သို့ပေမယ့် ရှုချင်းယန် သဘောတူသည့်အမူအရာပြသလာ၏။

"ဒီလိုစိတ်ဓာတ်မျိုးက အတော်ကောင်းတယ်လို့ ငါထင်တယ်...."

"သိုင်းပညာလမ်းကြောင်းမှာ ပါရမီက မင်းရဲ့အပေါ်ပိုင်းကန့်သတ်ချက်ကို ဆုံးဖြတ်တယ်...."

"စိတ်ဓာတ်ကတော့ အောက်ပိုင်းကန့်သတ်ချက်ကို ဆုံးဖြတ်ပေးတယ်..."

"သူ့မှာ သင့်တင်လျောက်ပတ်တဲ့ပါရမီရှိသရွေ့ အနာဂတ်အောင်မြင်မှုက နိမ့်ကျမှာမဟုတ်ဘူး...."

လင်ဂျင်ဟူ သေချာစဥ်းစားကြည့်တော့ ထိုအရာက ကျိုးကြောင်းဆီလျော်တာ တွေ့လိုက်သည်။

ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ ဤနှစ်တွေတစ်လျှောက် ပါရမီရှင်များစွာထွက်ပေါ်ဖူး၏။

သို့ပေမယ့် လက်တစ်ဆုပ်စာသောလူတွေသာ ယနေ့မှာ စွမ်းအားကြီးပုံရိပ်တွေဖြစ်လာကြ၏။

အများစုက လမ်းခုလတ်မှာ သေဆုံးကုန်ကြတာဖြစ်သည်။

ထိုအရာအတွက် အဓိကအကြောင်းပြချက်ကတော့ သတိပေါ့လျော့၍ မတော်တဆမှုအမျိုးမျိုးကြောင့် သေဆုံးကြရတာဖြစ်သည်။

ဂျန်ဖန်း၏သတိရှိမှုကြောင့် မည်သူမဆို သူ့ကို ဒဏ်ရာရစေဖို့ ခက်ခဲမည်ဖြစ်သည်။

"ဒါပေမယ့်, ကျွန်မတို့တောင့်ခံနိုင်ပေမယ့် မြင်းနှစ်ကောင်နဲ့ တပည့်တွေက တောင့်မခံနိုင်ဘူး...."

လင်ဂျင်ဟူ ခါးသီးစွာ ပြုံးလိုက်သည်။

ထိုအခါမှသာ ရှုချင်းယန် သတိထားမိလိုက်၏။

အဖိုးတန်စိတ်ဝိညာဥ်ဆေးလုံးတွေကျွေးထားသော်လည်း မြင်းနှစ်ကောင် သုံးရက်သုံးညပြေးလာရ၍ ပါးစပ်မှအမြုပ်တွေထွက်နေပြီပဲဖြစ်သည်။

လှည်းထဲမှတပည့်တွေလည်း အလားတူပင်။ အရိုးတွေပြုတ်ထွက်လုနီးပါး လုပ်ခါခံထားရသည်။

သူတို့က လှည်းထဲမှာ ပျော့ခွေနေကြပြီး မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြသည်။

ဆက်လက်သာခရီးနှင်မည်ဆိုလျှင် အသင်္ချေဓားဂိုဏ်းမရောက်ခင် ပြဿနာတက်တော့မည်ပင်။

သူက ပြောရုံသာတတ်နိုင်တော့၏။

"ကောင်းပြီလေ, ဒါဆိုလည်း ခဏနားကြတာပေါ့...."

ထိုအရာကိုကြားသည့်အခါ....

တပည့်တွေ ကယ်တင်ခံရလို ခံစားလိုက်ရ၏။

သူတို့၏နာကျင်နေသည့်ခန္ဓာကိုယ်တွေကို တရွတ်ဆွဲကာ လှည်းပြင်သို့ အနားယူဖို့ ထွက်လာခဲ့ကြသည်။

ရှုချင်းယန် ထိုအားကုန်နေသည့်တပည့်တွေကို အကူညီမဲ့စွာဖြင့် ကြည့်လိုက်သည်။

ရုတ်တရက် ဂျန်ဖန်းဘာမှမဖြစ်သလို လှုပ်ရှားနေတာမြင်တော့ အံ့အားသင့်သွား၏။

သူက လှည်းပေါ်မှအသာအယာခုန်ဆင်းပြီး ပတ်ဝန်းကျင်ကိုစစ်ဆေးရန် သစ်ပင်ပေါ်ခုန်တက်ဖို့တောင် အားအင်ကျန်ရှိနေသေးသည်။

ရှုချင်းယန် အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။

"ဒီကောင်လေးက ခန္ဓာကိုသန့်စင်ထားတာလား...."

"သူ့ကြည့်ရတာ လုံးဝပင်ပန်းမှုမရှိသလိုပဲ..."

မှတ်သားစရာကောင်းတာက ဤတပည့်တွေက လှည်းထဲမှာသက်တောင့်သက်သာရှိစွာ လိုက်ခဲ့ရပေမယ့်...

ဂျန်ဖန်းကတော့ ကိုယ်တိုင်လှည်းမောင်းလာရတာဖြစ်သည်။

"ဒီကိုလာအုန်း...."

သူ့မျက်လုံးတွေ အရောင်လက်သွားပြီး ပြောလိုက်သည်။

အသံကြားသည့်အခါ ဂျန်ဖန်း ခုန်ဆင်းလာ၏။

ဘုန်း!

မြေပြင်နှင့်သူ့ခြေထောက်ထိသံ ပဲ့တင်ထပ်လာပြီး အနည်းငယ်တုန်ခါသွား၏။

မြေကြီးနှင့်ကျောက်တုံးတွေ လွင့်စင်ကုန်ပြီး မြေပြင်မှာ ခြေရာနှစ်ခုကျန်ခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သည့်အခါ, လင်ဂျင်ဟူ အံ့အားသင့်သွား၏။

"ဒီရုပ်ခန္ဓာက အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ပဲ...."

"ဒါပေမယ့် သူ့စိတ်ဝိညာဥ်စွမ်းအားကြည့်ရတာလည်း အခြေခံတည်ဆောက်ခြင်းနယ်ပယ်မှာ...."

ရှုချင်းယန် ပိုလို့တောင်အံ့အားသင့်သွားပြီး သံသဖြင့် မေးလိုက်သည်။

"မင်းက ဧရာမဂိုဏ်းရဲ့တပည့်လား..."

ဤမျက်နှာဖုံးနှင့်လူငယ်လေးကိုကြည့်ပြီး သူက ပိုသိချင်လာခဲ့၏။

ဂျန်ဖန်း အမှန်တိုင်းပြန်ဖြေလိုက်သည်။

"ကျွန်တော်က ခန္ဓာသန့်စင်တာကို ကိုယ့်ဘာသာသင်ယူခဲ့တာပါ။ အကြီးအကဲကို ဟာသဖြစ်စေခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ...."

ရှုချင်းယန် လက်ဝှေ့ယမ်းလိုက်၏။

"နှိမ့်ချနေဖို့မလိုပါဘူး။ မင်းရဲ့ရုပ်ခန္ဓာက အခုလက်ရှိဧရာမဂိုဏ်းတပည့်ကြီးထက်မနိမ့်ဘူး...."

"တစ်ယောက်ယောက်က ခန္ဓာသန့်စင်ခြင်းကို ကိုယ်တိုင်လေ့လာပြီး သူတို့ရဲ့ပါရမီရှင်တွေကို လိုက်မှီတာသာသိရင် သူတို့မျက်နှာတွေ ကြည့်ရာဆိုးသွားတော့မှာပဲ...."

သူက စနှောက်လိုက်၏။

ထိုအရာအရ သူလည်း ဧရာမဂိုဏ်းအပေါ် ထင်မြင်ချက်ကောင်းမရှိတာ သိသာလှ၏။

ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။

တိတိကျကျပြောရလျှင် သံမဏိသွေးစစ်မှန်ကျမ်းက တကယ်ပဲ ဧရာမဂိုဏ်း၏ခန္ဓာသန့်စင်နည်းစနစ်ဖြစ်၏။

သူတို့၌ ဝိညာဥ်သခင်မရှိ၍ အောင်မြင်စွာမကျင့်ကြံနိုင်ရုံသာဖြစ်သည်။

ထို့ကြောင့် ဂျန်ဖန်းအကျိုးရှိသွားတာဖြစ်၏။

"ဒါပေမယ့်, ခန္ဓာသန့်စင်တာက နောက်ပိုင်းမှာ အရင်းအမြစ်အများကြီးသုံးစွဲရတယ်...."

ရှုချင်းယန် သူ့မုတ်ဆိတ်မွေးကို သပ်လိုက်သည်။

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။

စိုးရိမ်မှုတစ်စွန်းတစ်စ သူ့မျက်ခုံးတွေမှာ ထွက်ပေါ်လာခဲ့သည်။

သူ ဤအဆင့်ထိကျင့်ကြံနိုင်တာ တိုင်ပုပိုင်၏ ဖီးနစ်သွေးကျောက်တုံးကို ကျေးဇူးတင်ရမည်ပင်။

သို့ပေမယ့် ထိုကဲ့သို့ပစ္စည်းမျိုးက ဂိုဏ်း ၉ ဂိုဏ်း နယ်မြေမှာ အလွန်ရှား၏။

ရှိလျှင်တောင် တိုင်ပုပိုင်ကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဆီမှာသာရှိနိုင်ပြီး ရောင်းမည်မဟုတ်ပေ။

သူတို့ကို ဓားပြတိုက်ဖို့ကလည်း မဖြစ်နိုင်ပေ။

မမျှော်လင့်ထားသည့်အဖြစ်အပျက်မရှိလျှင် သူ၏ခန္ဓာသန့်စင်နည်းစနစ်က အချိန်အတော်ကြာ နောက်ထပ်တိုးတက်နိုင်မည်မဟုတ်ပေ။

"မင်း ဆက်ပြီးကျင့်ကြံချင်ရင်, ငါမင်းကို ကူညီနိုင်တယ်...."

ရုတ်တရက်, ရှုချင်းယန် အနည်းငယ်ပြုံးလိုက်သည်။

All Chapters