← Chapters

အမြုတေဖွဲ့စည်းခြင်းအဆင့်၉

Vol. 22 Ch. 309

အမြုတေဖွဲ့စည်းခြင်းအဆင့်၉

Vol. 22 Ch. 309

ဘာ?....

ဂျန်ဖန်း အမူအရာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး ပြောလိုက်သည်။

"စီနီယာ, ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါ...."

သူကြုံတွေ့ရသည့်ရန်သူတွေက အရေအတွက်ကော ခွန်အားပါ တိုးလာပြီဖြစ်သည်။

ထို့ကြောင့် နောက်ထပ်အသက်ကယ်အားသာချက်အတွက် သူ့ခန္ဓာကိုယ်ကို တိုးမြှင့်ရမည်ဖြစ်သည်။

ရှုချင်းယန်က လင်ဂျင်ဟူနှင့်အဆင့်တူ မိတ်ဆွေတစ်ယောက်ဖြစ်၍ ဤကဲ့သို့အရင်းအမြစ်မျိုးပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်၏။

ရှုချင်းယန် ပြောလိုက်သည်။

"အသင်္ချေဓားဂိုဏ်း မြင့်မြတ်အကြီးအကဲ ကျောက်ချီဒန်မှာ အဆိပ်နဂါးအနစ်သာရတစ်ပုလင်းရှိတယ်...."

"သူမက အဲ့တာကို လွန်ခဲဲ့တဲ့နှစ်ပေါင်းများစွာ ပြင်ပနယ်မြေစူးစမ်းရေးခရီးစဥ်အတွင်း ရှေးဟောင်းဂူတစ်ခုထဲက တွေ့ခဲ့တာ....."

"အဲ့ဒီအနှစ်သာရက သန္ဓေသားဖွဲ့ခြင်းအဆင့် အဆိပ်နဂါးရဲ့ အနှစ်သာရပဲ...."

"အာနိသင်က စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်လက်ထဲမှာရှိတဲ့ နတ်ဆိုးအင်ပါယာအနှစ်သာရလောက်မကောင်းပေမယ့် ခန္ဓာကိုယ်သန့်စင်မှုအတွက် နတ်ဘုရားရတနာဖြစ်နေဆဲပဲ...."

"ဧရာမဂိုဏ်းချုပ်တောင် အဲ့ဒါကိုရဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး...."

ဂုန်ချိုင်ယီလက်ထဲရှိနတ်ဆိုးအင်ပါယာအနှစ်သာရက ထိပ်တန်းနတ်ဆိုးအင်ပါယာဖြစ်သည့် ကောင်းကင်လဝံပုလွေဆီမှဖြစ်ပြီး နတ်အသွင်ပြောင်းခြင်းအဆင့်နှင့် နီးကပ်နေသူလည်းဖြစ်သည်။

ဤအဆိပ်နဂါးက သဘာဝအတိုင်း ကောင်းကင်လဝံပုလွေထက် နိမ့်ကျ၏။

ထို့ကြောင့် ၎င်း၏ရိုးတွင်းချင်ဆီအာနိသင်ကလည်း အလားတူ နိမ့်ကျ၏။

သို့ပေမယ့် ထိုအရာက နှိုင်းယှဥ်ချက်သာဖြစ်သည်။

နတ်ဆိုးအင်ပါယာတွေဘယ်လောက်ကြောက်စရာကောင်းလည်းတွေးကြည့်လျှင် ဂိုဏ်း ၉ ဂိုဏ်းက မြင့်မြတ်အကြီးအကဲတွေ အသိဆုံးဖြစ်သည်။

သူတို့က ထိုအရာတွေကို ကြောက်မက်ဖွယ်ရန်သူအဖြစ်ဆက်ဆံဖို့ ဖိအားပေးခံရ၏။

ထိုအရာအရ နတ်ဆိုးအင်ပါယာတစ်ယောက်၏ ရိုးတွင်းချင်ဆီ ဘယ်လောက်အဖိုးတန်လဲ စိတ်ကူးကြည့်လို့ရတာပဲဖြစ်သည်။

ဂျန်ဖန်းမျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပနေ၏။ သို့ပေမယ့် မကြာခင် တည်ငြိမ်သွားပြီး ခါးသီးစွာပြုံးလိုက်သည်။

"ကျွန်တော့်လိုဂျူနီယာတစ်ယောက်က ဧရာမဂိုဏ်းချုပ်တောင်မရနိုင်တဲ့အရာကို ဘယ်လိုလုပ်ရနိုင်မှာလဲ..."

ရှုချင်းယန် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

"ရဲရဲသာတောင်းလိုက်ပါ...."

"ငါကြိုပြီး အကြောင်းကြားထားလိုက်မယ်...."

သူတို့ဘေးရှိ လင်ဂျင်ဟူ ကြောင်အသွား၏။

ရှုချင်းယန်က ဂျန်ဖန်းကိုကူညီဖို့ မြင့်မြတ်အကြီးအကဲကျောက်ချီဒန်ကို အကြွေးတင်ဖို့ ဆန္ဒရှိနေခဲ့သည်။

အလွန်အဖိုးတန်သည့်အဆိပ်နဂါးအနှစ်သာရကို ရှုချင်းယန်စကားတစ်ခွန်းတည်းဖြင့် ပေးမည်ဟု သူမမထင်ပေ။

သေချာပေါက် ကြီးမားသည့် အကူအညီတစ်ခုပြန်ပေးရမည်ဖြစ်သည်။

သူမက အလျှင်အမြန်ပဲ နားလည်လိုက်၏။ ရှုချင်းယန် ဂျန်ဖန်း ဓားထိန်းချုပ်ခြင်းနည်းစနစ်နားမလည်တာတွေ့၍ အခြားနည်းဖြင့် ပြန်ပေးဆပ်ချင်နေတာဖြစ်သည်။

သို့ပေမယ့် ဤကူညီမှုက အတော်လေး ကြီးမားလှ၏။

ဂျန်ဖန်းလည်း နားလည်၏။

ဤကဲ့သို့ပြိုင်ဘက်ကင်းရတနာကို စကားလေးအနည်းငယ်ဖြင့် မရနိုင်ပေ။

တစ်ခဏတွေးပြီးနောက် သူက ပြောလိုက်သည်။

"စီနီယာ, စီနီယာကျောက်ချီဒန်က ဘယ်လိုပစ္စည်းမျိုးနှစ်သက်လဲ....."

"ကျွန်တော့်လိုဂျူနီယာတစ်ယောက်က လက်ဗလာနဲ့သွားဖို့မသင့်တော်ဘူးလေ..."

ရှုချင်းယန် ခဏရယ်လိုက်၏။

ဤကောင်လေးက မြင့်မြတ်အကြီအကဲတစ်ယောက်ကို သဘောကျအောင်လုပ်နိုင်မည်ဟု ထင်နေဆဲဖြစ်သည်။

အမှန်တရားကိုဖုန်ကွယ်မထားပဲ သူက ပြောလိုက်သည်။

"သူမက မကြာသေးခင်က အဆင့်မြင့်နတ်ဆိုးသားရဲပစ္စည်းတွေ စုဆောင်းနေတယ်....."

"ဒါပေမယ့်, အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်အောက်က ပစ္စည်းတွေဆို တစ်ချက်တောင်မကြည့်ဖူး...."

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။

သူ့၌ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်ဖြစ်သည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ အမြုတေရှိ၏။

ထိုအရာက ကျေနပ်စေရုံသာဖြစ်သည်။

သို့ပေမယ့် အဆိပ်နဂါးရိုးတွင်းချင်ဆီနှင့်လဲလှယ်ဖို့တော့ လုံလောက်ဖို့အဝေးကြီးလိုသေး၏။

သူ စိတ်ပျက်အားငယ်သွား၏။

ထိုစဥ်....

ဂျန်ဖန်း အိတ်ထဲမှ ရုတ်တရက်လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာ၏။

ချီလင်းလေး ရုတ်တရက် နိုးလာပြီး ဂျန်ဖန်းစိတ်ထဲကို စူးရှစွာအော်လိုက်သည်။

"တစ်ခုခုမှားနေပြီ။ လူဆိုးတစ်ယောက်လာနေတယ်...."

လူဆိုး?....

ဂျန်ဖန်း အနည်းငယ်ပဟေဠိဖြစ်သွားပေမယ့် ရုတ်တရက် နိုးကြားသွား၏။

ဝှစ်!

ရုတ်တရက်...

လေထုကိုထိုးဖောက်လာသည့် အသံတစ်ခု မည်သည့်အချက်ပေးမှုမှမရှိပဲ ထွက်ပေါ်လာခဲ့သည်။

နိုးနိုးကြားကြားဖြစ်နေသည့် ဂျန်ဖန်း ချက်ချင်းပဲ လျှပ်စီးလိုမြန်ဆန်သည့်အရိပ်တစ်ခု ရမ္မက်ဂိုဏ်းတပည့်တစ်ယောက်ဆီ ပြေးဝင်သွားတာကိုမြင်လိုက်သည်။

တွေဝေမနေပဲ လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ ပြိုင်ဘက်ကင်းအရှိန်ဖြင့် သူ့ဓားကို ခုတ်ချလိုက်သည်။

ဓားချီထွက်ပေါ်လာသည်နှင့်...

အစိမ်းဝတ်ပုံရိပ်တစ်ခု ရှေ့ကို ဖြတ်ခနဲလှုပ်ရှားသွား၏။

ထို့နောက် လက်တစ်ဖက်ဖြင့် အရိပ်ကို ဆုပ်ကိုင်လိုက်သည်။

ထိုအရာက သံမြှားတစ်ခုလိုထက်ရှသည့် အနက်ရောင်ငှက်မွေးတစ်ခုဖြစ်နေခဲ့သည်။

ဖမ်းလိုက်သည့်လူက သေချာပေါက် ရှုချင်းယန်ပင်။

တစ်ချက်ညှစ်ပြီး ငှက်မွေးအားချေမွပစ်ကာ ဂျန်ဖန်းကို အံ့အားသင့်စွာကြည့်လိုက်သည်။

"ကောင်လေး, မင်းက လှုပ်ရှားမှုနည်းစနစ်လည်း ကျွမ်းကျင်တာပဲလား...."

သူက ရမ္မက်ဂိုဏ်းတပည့်နှင့်ပိုနှီး၏။

သို့ပေမယ့် ဂျန်ဖန်းက သူ့ထက်ပိုမြန်လုနီးပါးပင်။

ထိုအရာက သူ့ကို အကြီးအကျယ်အံ့အားသင့်သွားစေခဲ့သည်။

ဂျန်ဖန်း ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး မျက်လုံးတွေက ငှက်မွေးလာရာအရင်းအမြစ်ဆီမှာ ရှိနေခဲ့သည်။

သူက လေးနက်စွာ ပြောလိုက်သည်။

"စီနီယာ, အခုက အဲ့ဒါ ဆွေးနွေးရမယ့်အချိန်မဟုတ်ဘူး...."

"ကြည့်ရတာ ငါတို့ကို နတ်ဆိုးသားရဲတွေ လိုက်မှီလာပြီ...."

ဤနတ်ဆိုးသားရဲတွေက ဂျင်ယွင်လဲ့တောင် ထွက်ပြေးရသည့် အကောင်တွေဖြစ်သည်။

အစိမ်းဝတ်အကြီးအကဲ၏ခွန်အားက ဂျင်ယွင်လဲ့ထက် မသန်မာပေ။ သူက ဘယ်လိုလုပ် စိတ်အေးနိုင်မည်နည်း။

ရှုချင်းယန် ခါးသီးစွာ ပြုံးလိုက်သည်။

သူ့အကြည့်က ငှက်မွေးလာရာဦးတည်ချက်ကို အာရုံစိုက်လိုက်သည်။

ဤနတ်ဆိုးသားရဲတွေသာ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့လမ်းကိုပိတ်လျှင် တကယ်အန္တရာယ်ရှိ၏။

သို့ပေမယ့် ယခု သူ့ခွန်အား ၅၀ ရာခိုင်နှုန်းပြန်ကောင်းနေပြီဖြစ်၍ သူ့ကိုသတ်နိုင်သည့်နတ်ဆိုးသားရဲက နည်းနည်းသာရှိသည်။

ထို့ပြင် သေချာပေါက် ထိုထဲ၌ ကောင်ကင်ရှိ အနက်ရောင်ကြမ်းကြုတ်ငှက်မပါပေ။

"အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် သားရဲဘုရင်လေးက ငါ့ကိုလိုက်ဖမ်းရဲတယ်ပေါ့...."

ရှုချင်းယန် အေးစက်စွာနှာမှုတ်လိုက်သည်။

သူက လက်ချောင်းတွေကို ဓားပုံစံလုပ်လိုက်ပြီး ကောင်းကင်ကို ညွှန်ပြလိုက်သည်။

ဝှစ်!

သူ့ခြေထောက်အောက်ရှိ ကျောက်ခဲ ချက်ချင်း ပျံတက်သွား၏။

အရှိန်က ပြိုင်ဘက်ကင်းပင်။

ကျောက်တုံးက အရှိန်ပြင်းလွန်း၍ မီးပွားနှင့် နားစူးသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤတိုက်ခိုက်မှု၏ခွန်အားက ဂျန်ဖန်းကို ပင့်သက်ရှိုက်သွားစေ၏။

ဒီတော့, ဒါက ဓားထိန်းချုပ်ခြင်းနည်းစနစ်ရဲ့ အောင်မြင်ခြင်းကြီးအဆင့်ပေါ့။ အရာရာတိုင်းကို ဓားအဖြစ်အသုံးပြုနိုင်တယ်...

အနက်ရောင်ကြမ်းကြုတ်ငှက်လည်း တုန်လှုပ်သွားပြီး အလျှင်အမြန် တောင်ပံတွေခတ်ကာ ရှောင်တိမ်းလိုက်သည်။ သို့ပေမယ့် တိုက်ခိုက်မှုက မြန်ဆန်လွန်း၏။

ရှောင်တိမ်းဖို့မဖြစ်နိုင်ပေ။

ကျောက်တုံးက ၎င်းရင်ဘတ်ကိုထိုးဖောက်သွားတော့မည့်အချိန်မှာပဲ....

ဧရာမအရိုးစုလက်ကြီးတစ်ခု ရုတ်တရက် ငှက်နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။

လက်ဝါးကမကြီးပေ။ သို့ပေမယ့် ၎င်း၏လက်ငါးချောင်းက ရှေးဟောင်းသစ်ပင်တွေကဲ့သို့ရှည်လျားထက်ရှလှ၏။

ဧရာမလှံကြီးတွေဆယ်ဆလောက်နှင့် ဆင်တူ၏။

ထိုဧရာမလက်ကြီးက ကျောက်တုံးကို ဆုပ်ကိုင်လိုက်သည်။

ကျောက်တုံးမှကြောက်စရာကောင်းသည့်အပူက အရိုးစုလက်ကြီးနှင့်ပွတ်တိုက်ပြီး မီးခိုးနက်တွေ ထွက်ပေါ်လာခဲ့သည်။

သို့ပေမယ့် အောင်မြင်စွာ တားနိုင်ခဲ့၏။

ရှုချင်းယန် အမူအရာ အနည်းငယ် ပြောင်းသွား၏။

"အရိုးအေး... နတ်ဆိုးအင်ပါယာလက်အောက်က မဟာစစ်သူကြီးဆယ်ယောက်ထဲက တစ်ယောက်...."

"ဒီတော့, ငါ့ကိုချောင်းတိုက်တာ တကယ်ပဲ မင်းကိုး...."

နတ်ဆိုးအင်ပါယာက အစွမ်းထက်နတ်ဆိုးသားရဲအများအပြားကို အုပ်ချုပ်၏။

နာမည်ကျော်မဟာနတ်ဆိုးဘုရင်လေးယောက်အပြင်....

မဟာစစ်သူကြီး ၁၀ ယောက်ကလည်း ထပ်တူကြောက်စရာကောင်း၏။

တစ်ယောက်ချင်းစီက ဂိုဏ်း ၉ ဂိုဏ်း မြင့်မြတ်အကြီးအကဲတွေနှင့် ခွန်အားအတူတူဖြစ်သည်။

သူတို့ရှေ့က အရိုးစုနတ်ဆိုးသားရဲက အရိုးအေးဖြစ်ပြီး မဟာစစ်သူကြီး ၁၀ ယောက်ထဲက တစ်ယောက်ပင်။

ရှုချင်းယန် အစောပိုင်း အလောင်းတွေပေါ်က အမှတ်အသားတွေကိုမြင်ကတည်းက ထိုအရာကို သံသယရှိနေခဲ့သည်။

ယခု အရိုးအေး၏လက်ချက်ဆိုတာ အတည်ပြုလိုက်ပြီဖြစ်သည်။

သူ့စကားဆုံးသည်နှင့်....

မျောက်ဝံနှင့်တူပြီး တစ်ကိုယ်လုံးအရိုစုဖြစ်နေသည့် ထူးဆန်းသည့်နတ်ဆိုးသားရဲတစ်ကောင် ဖြည်းညှင်းစွာ ငှက်ကျောပေါ်မှ တွားသွားဆင်းလာခဲ့သည်။

၎င်း၏ဧရာမလက်သည်းတွေက ခန္ဓာကိုယ်ထက်တောင်ကြီးပြီး ပိုကြောက်စရာကောင်း၏။

ခေါင်း၌ သွေးပုလဲလိုမျက်လုံးနှစ်လုံးနစ်မြုပ်နေပြီး သူတို့ကို အေးစက်စွာ ငုံ့ကြည့်နေခဲ့သည်။

လင်ဂျင်ဟူ ပင့်သက်ရှိုက်လိုက်သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ထိပ်တန်းအဆင့် သားရဲဘုရင်...."

ဘာ?....

တပည့်တွေ မျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။

ဂျန်ဖန်း နှလုံးသားတောင် အပြင်းအထန်ခုန်ပေါက်နေခဲ့သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ?...

ဂျင်ယွင်လဲ့ သွားတောင်မကောက်ပဲပြေးတာ အံ့သြစရာမဟုတ်တော့ပေ။

သူ့ကိုချောင်းမြောင်းတိုက်ခိုက်တာက မြင့်မြတ်အကြီးအကဲအဆင့် ကြောက်စရာတည်ရှိမှုဖြစ်နေခဲ့သည်။

အရိုးအေး ရှုချင်းယန်ကို လေးနက်သည့်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှုချင်းယန်ဒဏ်ရာက ဘယ်လိုလုပ် အလျှင်အမြန်ပြန်ကောင်းသွားရသနည်း။ ထိုအရာက မျှော်လင့်ထားတာကို ကျော်လွန်နေခဲ့သည်။

ထိုအချိန်က ကောင်းကင်ဝါးမျိုကျား သေလုမျှောပါးဒဏ်ရာရခဲ့ပြီး အသက်မျှော့မျှော့ပဲကျန်တော့တာဖြစ်သည်။

သခင်မလေး သူမလက်ကောက်ဝတ်ဖြတ်ပြီး နတ်ဆိုးအင်ပါယာသွေးအနှစ်သာရနှင့် ကယ်ခဲ့လို့သာမဟုတ်လျှင် မတွေးရဲစရာပင်။

ကောင်းကင်ဝါးမျိုကျားပြောစကားအရ, ရှုချင်းယန်ဒဏ်ရာကလည်း သူ့ထက်မလျော့ပေ။

ယခုချိန်ထိအသက်ရှင်နေတာတောင် အံ့ဖွယ်ဖြစ်နေပြီဖြစ်သည်။

သို့ပေမယ့် ရှုချင်းယန်ပုံစံက ဒဏ်ရာရသည့်လက္ခဏာမရှိပေ။

သူက နတ်ဆိုးမျိုးနွယ်ဘာသာစကားအရ အမိန့်ပေးလိုက်သည်။

"သိမ်းငှက်နက်, အခြားသားရဲဘုရင်တွေကို ချက်ချင်း အကြောင်းကြား...."

"ငါသူ့ကို အချိန်ဆွဲထားမယ်....."

ပြောပြီးတာနှင့် အောက်ကို ခုန်ဆင်းလာပြီး ၎င်း၏ဧရာမအရိုးစုလက်သည်းတွေကိုဖြန့်ကာ ရှုချင်းယန်ကို တိုက်ခိုက်လိုက်၏။

ရှချင်းယန် နှာမှုတ်လိုက်သည်။

"အချိန်ကိုက်ပဲ..."

သူ့ပတ်ပတ်လည်၌ ချီစွမ်းအင်တွေလိမ့်တက်လာခဲ့သည်။

ထို့နောက် ခန္ဓာကိုယ်တွင်းရှိဓားချီက ဓားနှလုံးသားနှင့်အတူ လေထုကို ထိုးခွဲသွားခဲ့သည်။

ဘုန်း!

နှစ်ယောက်ကြားတိုက်ပွဲက ချက်ချင်းပဲ ဖြစ်ပေါ်လာခဲ့သည်။

ဂျန်ဖန်း အရိပ်နှစ်ခုတွေ့ဆုံပြီ ချက်ချင်းပြန်ကွဲသွားတာသာမြင်လိုက်၏။

သူက တိုက်ပွဲကို လုံးဝရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

သူ တုန်လှုပ်သွား၏။

"ဒီတော့ ဒါက သန်မာသူတွေကြားကတိုက်ပွဲလား...."

"သာမန်လူတွေက ကြည့်ဖို့တောင် အရည်အချင်းမပြည့်မှီဘူး..."

All Chapters