← Chapters

တစ်စုံတစ်ယောက်နှာခေါင်းအောက်၌ တာဝန်တစ်ခုယူခြင်း

Vol. 22 Ch. 299

တစ်စုံတစ်ယောက်နှာခေါင်းအောက်၌ တာဝန်တစ်ခုယူခြင်း

Vol. 22 Ch. 299

ခဏကြာ စဥ်းစားချင့်ချိန်ပြီးနောက်...

ဂျန်ဖန်း အသင်္ချေဓားဂိုဏ်း အရင်သွားဖို့ဆုံးဖြတ်လိုက်သည်။

ဧရာမဂိုဏ်းကိုရောက်ပြီးမှ လျိုချင်းရှန် အသင်္ချေဓားဂိုဏ်းကိုသွားတာသိလျှင် ပိုပင်ပန်းရုံပင်။

ထို့ပြင် အသင်္ချေဓားဂိုဏ်းက အနောက်မြောက်ဘက်မှာရှိပြီး ရမ္မက်ဂိုဏ်းဘေးမှာရှိသည်။

ဂိုဏ်း ၂ ခုက နယ်နိမိတ်ချင်းနီးစပ်ပြီး တစ်ခုနှင့်တစ်ခု မဝေးပေ။

ဤသို့ဖြင့်, သူက လှည်းရပ်ကာ လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"မင်းတို့ အသင်္ချေဓားဂိုဏ်းကိုသွားရင် ငါလည်း လိုက်လို့ရမလား...."

အသင်္ချေဓားဂိုဏ်းသွားသည့်လမ်း၌ အန္တရာယ်ရှိနေမလားဆိုတာ မည်သူမှမသိိနိုင်ပေ။

ရမ္မက်ဂိုဏ်းက တပည့်တွေဖို့လိုက်ပါစောင့်ကြပ်ဖို့ အစွမ်းထက်အကြီးအကဲတစ်ယောက်ကို ဦးဆောင်းခိုင်းမှာ အသေအချာပင်။

သူတို့နှင့်အတူလိုက်သွားတာက သံသယရှိစရာမလိုအောင် ပိုဘေးကင်း၏။

အကြီးအကဲအချို့, ထိုအရာကိုကြားသည့်အခါ အကုန်လုံး လျစ်လျူရှုသည့်အမူအရာပြသလာ၏။

ရမ္မက်ဂိုဏ်းက တပည့်တွေကိုလိုက်ပို့တာ အပြင်လူတစ်ယောက်က ဤကဲ့သို့ အလွယ်တကူ ပူးပေါင်းချင်နေသည်လား။

အကြီးအကဲတွေကို အံ့အားသင့်စွာနှင့်ပဲ.....

ယွဲ့မင်ကျူး အလျှင်အမြန်သဘောတူလိုက်သည်။

"ကောင်းပြီလေ, မင်းကိုပါခေါ်သွားပေးမယ်..."

သူမက ဂျန်ဖန်းကျေးဇူးတရားကိုမည်သို့ပြန်ပေးရမည်အား ခုထိမသိသေးပေ။

ဂျန်ဖန်း သူတို့နှင့်လိုက်ပါဖို့ပြောလာသည့်အတွက်....

အတူခေါ်သွားပေးတာက ကျေးဇူးဆပ်သည့်နည်းလမ်းတစ်ခုဖြစ်သည်။

"ဂိုဏ်းချုပ်, ဒီလူက ယုံရလို့လား....."

အကြီးအကဲလင်း မေးခွန်းထုတ်လိုက်သည်။

ယွဲ့မင်ကျူး ရေခဲရုပ်ထုလိုဖြစ်နေသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒီတာအိုမိတ်ဆွေရဲ့အကူအညီကို ကျေးဇူးတင်ရမယ်...."

"မဟုတ်ရင်, ငါတို့ဂိုဏ်း ခုနက ဒုက္ခရောက်နေပြီ...."

"လမ်းမှာ, နင် သူ့ကို သေချာစောင့်ရှောက်ပေးလိုက်ပါ....."

တာအိုမိတ်ဆွေ....

အကြီးအကဲအနည်းငယ် အလွန်အမင်း အံ့အားသင့်သွားကြသည်။

ဤခေါင်းစဥ်က ဂိုဏ်းချုပ် ဂျန်ဖန်းခွန်အားကို အသိအမှတ်ပြုနေတာပဲဖြစ်သည်။

အနည်းဆုံး, တပည့်တစ်ယောက်၏ခွန်အား အလွန်မှာရှိသည်။

သို့ပေမယ့် အသံအရ အသက်ကြီးပုံမပေါ်သေးပေ။

အကြီးအကဲလင်း အနည်းငယ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျွန်မ ဂရုစိုက်လိုက်ပါ့မယ်...."

"အရင်ဆုံး ကျွန်မတိုဂိုဏ်းကို ပြန်ပြီး တပည့်ရွေးသင့်တယ်။ အဲ့နောက်မှာ ထွက်ခွာကြတာပေါ့...."

ဂျန်ဖန်း တစ်ခဏစဥ်းစာပြီးနောက် သူတို့နောက်ကနေ ရမ္မက်မြို့ကို ပြန်ရောက်လာခဲ့သည်။

ရမ္မက်ဂိုဏ်းတောင်ခြေ၌....

ယီလန်ရှင်း၊ ချူရှင်းမန်နှင့် ချင်ချိုင်းဟီတို့ အမျိုးသမီးသုံးယောက် ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။

ဆက်တိုက်ခရီးနှင်မှုတွေ ပြုလုပ်ပြီးနောက် သူတို့အမှန်ကယ်ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြတာဖြစ်သ်။

"ဟမ်. ဘယ်လိုလုပ် ကျောက်စိမ်းတစ်ပုလင်းနဲ့ ဆေးတစ်လုံးရှိနေရတာလဲ...."

ယီလန်ရှင်း မတော်တဆ ကျောက်စိမ်းပုလင်းကိုထိမိပြီး အံ့အားသင့်စွာပြောလိုက်သည်။

ချူရှင်းမန်လည် ပဟေဠိဖြစ်နေ၏။

"ငါမှာလည်း တစ်ပုလင်းရှိတယ်။ ဒါဘာဆေးလဲမသိဘူး....."

ချင်ချိုင်ဟီ အိပ်ချင်မူးတူးမျက်လုံးတွေဖြင့် အနီးကပ်ကြည့်လိုက်သည့်အခါ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"အာ, ဒါ ပြန်လည်ရှင်သန်ခြင်းဆေးလုံးပဲ....."

သူမက အလျှင်အမြန်ပဲ ပါးစပ်ကိုလက်ဖြင့်ကာပြီး စိတ်လှုပ်တရှားအသံနှိမ့်ကာပြောလိုက်သည်။

"ဒါ တိမ်စိမ်းမြို့လေလံပွဲမှာတွေ့ခဲ့ရတဲ့ ရှေးဟောင်းဆေးလုံးပဲ....."

"ပြန်လည်ရှင်သန်ခြင်းဆေးလုံး....."

"စီနီယာအကိုလင်းဂုဟိုင်ပြောတာကြားဖူးတယ်။ ဒီဆေးလုံးတစ်လုံးက လေလံပွဲမှာ သလင်းကျောက်နှစ်သန်းရခဲ့တယ်တဲ့...."

ယီလန်ရှင်းနှင့် ချူရှင်းမန်တို့ နှစ်ယောက်လုံး တုန်လှုပ်သွား၏။

သူမတို့က ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ကြားဖူးပြီး မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူမတို့ကို ပိုစိတ်ရှုပ်စေတာက နိုးလာသည့်အခါ ဘယ်လိုလုပ် တစ်ယောက်တစ်လုံးစီရှိနေရသနည်း။

ထိုအခိုက်အတန့်၌, ချူရှင်းမန် ရုတ်တရက် အံံ့အားသင့်စွာပြောလိုက်သည်။

"အို,နိုး... ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခြေသည်း ဘယ်ရောက်သွားတာလဲ...."

"ဒါ စီနီယာအကိုဂျန်ရဲ့ဆုလာဘ်လေ...."

အမျိုးသမီးသုံးယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

သို့ပေမယ့် လှည်းက ပုံမှန်မဟုတ်စွာ တိတ်ဆိတ်နေတာ သတိထားမိလိုက်သည်။

"ဂျူနီယာမောင်လေးဂျန် ညကလာသွားတယ်နဲ့တူတယ်။ သူက ခြေသည်းယူပြီး ပြန်လည်ရှင်သန်ခြင်းဆေးလုံး တစ်လုံးစီထားခဲ့တာဖြစ်မယ်....."

ယီလန်ရှင်း စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။

ချင်းချိုင်ဟီမျက်နှာပေါ်ရှိ စိတ်ရှုပ်ရှားမှု ပျောက်ကွယ်သွားခဲ့သည်။

သူမက နှုတ်ခမ်းအနည်းငယ်ကိုက်ပြီး တုန်ယင်သည့်အသံဖြင့် ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်....ထွက်သွားပြီ...."

"နှုတ်ဆက်စကားတောင်မပြောပဲနဲ့လေ..."

ချူရှင်းမန် နောက်ဆုံးမှာ နားလည်သွားခဲ့သည်။

လွန်ခဲ့သည့်ညက ဂျန်ဖန်း တိတ်တဆိတ် သူမကို နှုတ်ဆက်စကား လာပြောသွားတာဖြစ်သည်။

ဤဆေးလုံးတွေက သူမတို့အတွက် သူ၏ခွဲခွာခြင်းလက်ဆောင်ပင်။

လည်ချောင်းထဲတစ်ဆို့နေသလိုခံစားရပြီး မျက်ရည်တွေ တိတ်တဆိတ် စီးကျလာခဲ့သည်။

ဂျန်ဖန်းနှင့်အတူကုန်ဆုံးခဲ့ရသည့်နေရက်တွေက တကယ်ကို လဝက်ထက်နည်း၏။

သို့ပေမယ့် ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံတွေက သူမ ၁၈နှစ်တာ သက်တမ်းတစ်လျှောက်ထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းသည်။

ဂျန်ဖန်း၏ ရုတ်တရက် ထွက်ခွာမှုက သူမကို ပြင်းထန်သည့်ရှုံးဆုံးမှုကို ခံစားရစေ၏။

ယီလန်ရှင်းလည်း အနည်းငယ်စိတ်ပျက်အားငယ်နေပြီး အမျိုးသမီးနှစ်ယောက်ပုခုံးတွေကိုပုတ်ကာ သက်ပြင်းချလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်က ဘယ်တုန်းကမှ အသည်းနှလုံးမရှိတဲ့လူမဟုတ်ဘူး။ သူ့မှာ ပြောလို့မရတဲ့အကြောင်းတစ်ခုခုရှိလို့သာ နှုတ်မဆက်ပဲ ထွက်သသွားတာဖြစ်မယ်....."

"ရေစက်ရှိရင်, တစ်နေ့နေ့မှာ ငါတို့ပြန်တွေ့ကြအုန်းမှာပါ...."

"ကိုယ့်ကိုယ်ကို ထိန်းကြပါ....."

"တာဝန်ပြီးသွားပြီဆိုတော့ ငါတို့လည်း ကိုယ့်ဂိုဏ်းကို ပြန်ပြီး စောင့်နေရအောင်...."

ချင်ချိုင်းဟီ လေးလံသည့်နှလုံးသားဖြင့် ခေါင်းညိတ်လိုက်သည်။

ဤအဖွဲ့နှင့်ခွဲခွာရမှာကို တွန့်ဆုတ်နေခဲ့သည်။ ဤခရီးက ရယ်စရာတွေနှင့်ပြည့်နှက်နေပြီး အသင်္ချေဓားဂိုဏ်းမှာရှိခဲ့သည့်အချိန်တွေထက် ပိုပျော်ရွင်ရ၏။

သူမက ချူရှင်းမန်ကို စိုးရိမ်စွာဖြင့်ကြည့်လိုက်သည်။

"ဂျူနီယာညီမချူ, မြင့်မြတ်ဂိုဏ်းကို ပြန်ရမယ့်ခရီးကအရှည်ကြီးပဲ။ မင်းတစ်ယောက်တည်းဖြစ်ပါ့မလား?...."

ယီလန်ရှင်းပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ငါကိုယ်တိုင် သူမကို ပြန်ပို့လိုက်ပါ့မယ်...."

"နင့်ကိုယ်နင်သာဂရုစိုက်ပါ။ အနောက်ဘက်က ငြိမ်းချမ်းတာမဟုတ်တော့ အနောက်မြောက်ဘက်ကလည်း အများကြီးပိုကောင်းမှာမဟုတ်ဘူး....."

ချင်းချိုင်းဟီ ခေါင်းညိတ်လိုက်သည်။

"ငါ ဂရုစိုက်မှာပါ...."

အမျိုးသမီးသုံးယောက် လှည်းရှေ့မှာ နှုတ်ဆက်စကား ပြောလိုက်ကြသည်။

သူမတို့ပစ္စည်းတွေထုပ်ပိုးပြီးနောက် တစ်ယောက်က အနောက်ဘက်ကိုဦးတည်ပြီး အခြားနှစ်ယောက်က အရှေ့ဘက်ကိုဦးတည်ကာ အသီးသီးထွက်ခွာလာခဲ့ကြသည်။

သူမတို့မသိတာက....

သူတို့ထွက်သွားပြီးမကြာခင်...

ဂျန်ဖန်းလှည်း တောင်ခြေကို ပြန်ရောက်လာခဲ့သည်။

အကြီးအကဲလင်း ပြောလိုက်သည်။

"တာအိုမိတ်ဆွေ, ကျေးဇူးပြုပြီး ဒီနေရာကစောင့်ပါ။ ငါ ဂိုဏ်းကတပည့်တွေရွေးပြီးတာနဲ့ ပြန်လာခဲ့ပါ့မယ်....."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

ရမ္မက်ဂိုဏ်းချုပ်ထွက်သွားတာကိုကြည့်ပြီး သူက မျက်လုံးလှန်လိုက်သည်။

"ဒါနဲ့စကားမစပ်, အကြီးအကဲလင်း...."

"မင်းတို့ဂိုဏ်းမှာ အသင်္ချေဓားဂိုဏ်းနဲ့ပတ်သတ်တဲ့တာဝန်လေးများ မရှိိဘူးလား...."

သူက အသင်္ချေဓားဂိုဏ်းကိုသွားမည်ဖြစ်၍ ခရီးကို ကောင်းကောင်းအသုံးချရမည်ဖြစ်သည်။

လမ်း၌ အကျိုးပြုမှတ်အချို့ရလျှင် အတော်ကောင်း၏။

အကြီးအကဲလင်း အံ့အားသင့်သွားပြီး မေးလိုက်သည်။

"တာအိုမိတ်ဆွေ, တာဝန်တွေက တပည့်တွေအတွက်ပြင်ဆင်ထားတာပါ။ ငါတို့လိုအကြီးအကဲတွေက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့တာဝန်တွေကို ယူလို့မရဘူး..."

ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင်, ကျွန်တော်လည်း တပည့်တစ်ယောက်ပါ...."

အာ?....

အကြီးအကဲလင်း သစ္ဆေသရဲတစ်ကောင်မြင်သလို ကြည့်နေခဲ့သည်။

ထိုသို့ဆိုလျှင် ဂိုဏ်းချုပ်က ဂျန်ဖန်းကို ဘာကြောင့် တာအိုမိတ်ဆွေဟု သုံးနှုန်းရသနည်း။

သို့ပေမယ့် ဂိုဏ်းချုပ်၏ ကလေးဆန်သည့်စိတ်ကိုတွေးမိသည့်အခါ နားလည်လာခဲ့သည်။

ဤနှစ်တွေ၌ ဂိုဏ်းချုပ်က မရေမတွက်နိုင်တဲ့ အဓိပ္ပာယ်မရှိသည့်ကိစ္စရပ်များစွာလုပ်ဆောင်ခဲ့သည်။

မကြာသေးခင်၌ တိမ်စိမ်းဂိုဏ်းမှ တပည့်တစ်ယောက်ကို အားသုံးလုယူခဲ့သေးသည်မဟုတ်လား။

သူမကျရှုံးခဲ့သည့်အခါ အလိုရှိစာရင်းသွင်းလိုက်သည်။

ဤကဲ့သို့ကိစ္စတွေကို ဂိုဏ်းချုုပ်တစ်ယောက်သာလုပ်နိုင်တာဖြစ်သည်။

နှိုင်းယှဥ်ကြည့်လျှင် တပည့်တစ်ယောက်ကို တာအိုမိတ်ဆွေဟုခေါ်တာ ဘာများထူးဆန်းနေသနည်း။

"ကောင်းပြီလေ, ငါမင်းအတွက်တာဝန်တစ်ခုယူလာခဲ့ပါ့မယ်...."

အကြီးအကဲလင်း သဘာဝအတိုင်း ဂျန်ဖန်း၏အကျိုးပြုမှတ်အလကားရချင်သည့် ရည်ရွယ်ချက်ကို နားလည်၏။

သို့ပေမယ့် သူ့ကိုစောင့်ရှောက်မည်ဟု ဂိုဏ်းချုပ်ကို ကတိပေးထားပြီဖြစ်ရာ တာဝန်တစ်ခုပေးလိုက်တာ ကိစ္စကြီးမဟုတ်ပေ။

သူမက လက်နောက်ပစ်ပြီး ထွက်ခွာသွားခဲ့သည်။

ခဏကြာပြီးနောက်, တပည့် ၅ ယောက်ဖြင့် ပြန်ရောက်လာခဲ့သည်။

ဂျန်ဖန်း သူတို့ထဲက တစ်ယောက်ကို သိ၏။

ကျီရူယွဲ့ပင်။

ကျန်လေးယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်ပြီး ဓားသစ်တော၌ အဆင့် ၉ ကို ချိုးဖြတ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်သည်။

ကျီရူယွဲ့သာ အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ဖြစ်ပြီး ချွင်းချက်ဖြစ်နေခဲ့သည်။

သို့ပေမယ့် ကျန်တပည့်လေးယောက် အနည်းငယ်လေးတောင် အထွန့်မတက်ရဲပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က သူမကို ညီမရူယွဲ့ဟု ချစ်ခင်စွာ ခေါ်နေခဲ့သည်။

အတော်ကိုနွေးထွေးလှ၏။

ကျီရူယွဲ့ ဝမ်းသာနေပြီး နောက်ကွယ်က အကြောင်းအရင်းကို သဘာဝအတိုင်းသိ၏။

ဂျန်ဖန်းပင်...

သူမကဂျန်ဖန်းနှင့်အဆက်အသွယ်ရှိသောကြောင့် ဂိုဏ်းချုပ်က သူမကို အထူးအလေးပေးဆက်ဆံ၏။

ဤအရာက သူမဒီတစ်ချိန် နေရာတစ်ခုရသည့်အကြောင်းအရင်းပင်ဖြစ်သည်။

တစ်ခါက မာနကြီးတဲ့ စီနီယာအကို၊အမတွေ သူမကို ယခု ယဥ်ကျေးလာကြသည်။

သူမက လှည်းပေါ်ဦးစွာတက်လိုက်ပြီး မျက်နှာဖုံးတပ်ထားပြီး ခြေချိတ်ထိုင်နေသည့်လူတစ်ယောက်ကို တွေ့လိုက်သည်။

"နင်က ဘယ်သူလဲ...."

အကြီးအကဲလင်း လျှောက်လာပြီး မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါတို့နဲ့အတူခရီးသွားမဲ့ အပြင်ဂိုဏ်းတပည့်..."

"ဂိုဏ်းချုပ်က သူ့ကို အတော်တန်ဖိုးထားတယ်။ ယဥ်ယဥ်ကျေးကျေး ဆက်ဆံပါ...."

ကျီရူယွဲ့နှင့် အခြားတပည့်တွေ တိတ်တဆိတ် အံ့အားသင့်သွားကြသည်။

မည်သည့်အပြင်ဂိုဏ်းတပည့်က အကြီးအကဲလင်း ကိုယ်တိုင်ပို့ဆောင်ပေးဖို့ ထိုက်တန်သနည်း။

အကြီးအကဲလင်းက ယဥ်ယဥ်ကျေးကျေး ဆက်ဆံဖို့သတိပေးတာကို မပြောလိုသေးပေ။

သူမသတိမပေးလျှင်တောင် သူတို့က အတော်လေး ယဥ်ကျေးပျူငှာရမည်ဖြစ်သည်။

လူတိုင်းနေရာယူပြီးနောက်....

အကြီးအကဲလင်း ဂျန်ဖန်းအပါအဝင်တစ်ယောက်ချင်းဆီကို ကျောက်စိမ်းစာလိပ်တစ်ခုစီ ပေးလိုက်သည်။

လူတိုင်းပျော်ရွင်သွား၏။ ဤတာဝန်က မည်သည့်အန္တရာယ်မှမရှိ၍ အလကားဆုလာဘ်တစ်ခုလိုပင်။

"ကိုယ့်ဘာသာသိမ်းထားကြ၊ အခြားတပည့်တွေကြားပြီး မကျေမနပ်မဖြစ်စေနဲ့...."

သူမက လူတိုင်းကို သတိပေးလိုက်ပြီးနောက် မှတ်တမ်းစာအုပ်တစ်ခုပစ်ပေးလိုက်သည်။

"မင်းတို့နာမည်တွေ မှတ်တမ်းတင်ကြ...."

သူတို့အားလုံးက အချင်းချင်းသိကျွမ်းကြ၍ တစ်ယောက်ချင်း အထောက်အထားကျောက်စိမ်းပြားတွေ စစ်ဆေးဖို့ မလိုအပ်ပေ။

ဂျန်ဖန်းတောင်မှ ဂိုဏ်းချုပ်ကလူကိုယ်တိုင် ဂရုစိုက်ဖို့မှာလိုက်သည့်အတွက်....

သူ့အထောက်အထားက သေချာပေါက် မေးခွန်းထုတ်စရာမဟုတ်ပေ။

လူတိုင်းပျော်ရွင်စွာပဲ သူတို့အချက်အလက်တွေကို မှတ်တမ်းတင်လိုက်သည်။

ဂျန်ဖန်း အလှည့်ရောက်သည့်အခါ သူက အနည်းငယ်တွေဝေနေပြီး စိုးရိမ်မှုအချို့နှင့် အထောက်အထားအစစ်အမှန်ကို မှတ်တမ်းတင်လိုက်သည်။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ တာဝန်တွေကို ပြန်လည်စစ်ဆေးသည့်အခါ သူတို့က "တာဝန်ပေးအပ်ခြင်း" နှင့်"တာဝန်ပြီးမြောက်ခြင်း" မှတ်ပုံတင်နှစ်ခုလုံး စစ်ဆေးမည်ဖြစ်သည်။

ဂျန်ဖန်း နာမည်အတုသုံးခဲ့လျှင်, နှစ်ခုက ကိုက်တော့မည်မဟုတ်ပဲ ထိုတာဝန်ကို တရားမဝင်ဟု သတ်မှတ်မည်ဖြစ်သည်။

ထို့ကြောင့်, သူက နာမည်အစစ်ကိုသုံးရမည်ပင်။

လက်မှတ်ထိုးပြီးနောက် သူကတည်ငြိမ်ချင်ယောင်ဆောင်ပြီး အကြီးအကဲလင်းကို ပေးလိုက်သည်။

ကံကောင်းစွာဖြင့် အကြီးအကဲလင်း သေချာမစစ်ဆေးခဲ့ပေ။

သူမက သာမန်အတိုင်း နောက်ရှိတပည့်တစ်ယောက်ကိုလက်လွဲပေးပြီး ပြောလိုက်သည်။

"ဒါဆို ဂိုဏ်းသခင်ခန်းမဆီယူသွားပြီး ငါတို့ထွက်ခွာပြီလို့ သတင်းပို့လိုက်...."

"ကောင်းပါပြီ..."

တပည့် အလျှင်အမြန်ပဲ မှတ်တမ်းစာအုပ်ယူကာ ထွက်ခွာသွားခဲ့သည်။

မကြာမီ သူက ဂိုဏ်းသခင်ခန်းမကို ရောက်လာခဲ့သည်။

ခန်းမထဲ၌, တပည့်ကြီးရှဲလျူရှူဒူးထောက်ပြီး ပြောနေခဲ့သည်။

"ဂိုဏ်းချုပ်, ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြင်ဆင်ဖို့ နောက်ထပ်အခွင့်အရေးပေးပါ။ ကျွန်တော်ပထမအဆင့်တာဝန်ယူချင်ပါတယ်..."

ပထမအဆင့်တာဝန်ကျရှုံးကတည်းက ဂိုဏ်းက သူ့ကို ဖယ်ကျဥ်ထားခဲ့သည်။

ယွဲ့မင်ကျူး သူမရှေ့ရှိ တပည့်ကြီးကိုကြည့်ပြီး မနေနိုင်ပဲ ဂျန်ဖန်းနှင့်ယှဥ်ကြည့်နေခဲ့သည်။ သူမယှဥ်ကြည့်လေလေ ပိုပြီးစိတ်ပျက်လာလေလေဖြစ်သည်။

သာမန်အတိုင်း ပထမအဆင့်တာဝန်ကျောက်စိမ်လိပ်ကိုပစ်ပေးလိုက်သည်။

"ယူလိုက်။ ငါ့ကိုနောက်ထပ်မနောက်ယှက်နဲ့...."

ရှဲလျူရှူး အလွန်ပျော်သွား၏။

သူက အလျှင်အမြန်ပဲ ကျောက်စိမ်းစာလိပ်ကို ကောက်လိုက်သည်။

ထိုအခိုက်အတန့်၌ တပည့်တစ်ယောက်မှတ်တမ်းစာအုပ်ယူလာခဲ့သည်။

သူက ယူလိုက်ပြီး သူ့ကိုယ်သူမှတ်တမ်းတင်ဖို့ ပြင်လိုက်၏။

သို့ပေမယ့် မှတ်တမ်းစာအုပ်နောက်ဆုံးစာကြောင်းကိုမြင်သည့်အခါ...

သူကြောင်သွား၏။

"ဂျန်ဖန်း?...."

All Chapters