← Chapters

အံ့ဖွယ်ဝိညာဥ်လက်စွပ်

Vol. 22 Ch. 300

အံ့ဖွယ်ဝိညာဥ်လက်စွပ်

Vol. 22 Ch. 300

သူမြင်နေရသည့်အရာကို သံသယဖြစ်နေခဲ့သည်။

ဂျန်ဖန်းကို ဂိုဏ်းချုပ်က လိုက်ဖမ်းနေသည်မဟုတ်လား?....

တပည့်တွေလည်း သူ့ကို မြို့အနှံ့လိုက်ရှာနေခဲ့သည်။

ဘယ်လိုလုပ် ရမ္မက်ဂိုဏ်းကတာဝန်တစ်ခုယူသွားရသနည်း။

သူ့အကြည့်က ထိုစာလုံးအပေါ်၌မြဲမြံစွာရှိနေပြီး မျက်နှာအမူအရာက မယုံနိုင်လောက်အောင် အံ့အားသင့်နေခဲ့သည်။

သတင်းအချက်အလက်ဇယား၌ "တိမ်စိမ်းဂိုဏ်း ဂျန်ဖန်း"ဆိုပြီး ရှင်းရှင်းလင်းလင်း ရေးထား၏။

ဂျန်ဖန်ကလွဲပြီး မည်သူဖြစ်နိုင်အုန်းမည်နည်း။

ယွဲ့မင်ကျူး နားရွက်တွေ တွန့်သွားသည်။

ယခုဆို သူမက ဂျန်ဖန်းဆိုသည့်နာမည်ကို အလိုအလျောက်တုံ့ပြန်နေပြီဖြစ်သည်။

ထိုနာမည်ကြားသည့်အခါ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"သူ့နာမည်ဘာလို့ပြောတာလဲ။ နင် သတင်းတစ်ခုခုရလို့လား...."

သူမက ဂျန်ဖန်းနှင့်ပတ်သက်ပြီး အတော်စွမ်းအားမဲ့နေခဲ့သည်။

တစ်ဂိုဏ်းလုံး တစ်ညလုံးရှာတာတောင် အရိပ်အယောင် ရှာမတွေ့ခဲ့ပေ။

ထိုကောင်စုတ်လေးဘယ်ပုန်းနေလဲဆိုတာ သူမ တကယ်မသိတော့ပေ။

ရှဲလျူရှူး ဆွံ့အနေပြီး သူကိုင်ထားသည့် မှတ်တမ်းစာအုပ်ကို ထပ်ခါထပ်ခါ ညွှန်ပြလိုက်သည်။

ယွဲ့မင်ကျူး မျက်မှောင်ကြုတ်သွားသည်။

"နင်အနေတာလား..."

"ဒီဂိုဏ်းချုပ်က နင့်ကိုမေးနေတာ။ မှတ်တမ်းစာအုပ်ကြီး ဘာလို့လက်ညိုးထိုးပြနေတာလဲ...."

ရှဲလျူရှူး အံ့အားသင့်နေပြီး နောက်ဆုံးမှာမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောနိုင်ခဲ့သည်။

"ဂျန်ဖန်း....ဒီမှတ်တမ်းစာအုပ်ပေါ်မှာရှိနေတယ်...."

ဟမ်?...

ဂျန်ဖန်းနာမည်က မှတ်တမ်းစာအုပ်ထဲမှာရှိနေတယ်?....

ယွဲ့မင်ကျူး လုံးဝမယုံပဲ မှတ်တမ်းစာအုပ်ကိုဆွဲယူကာ ပြောလိုက်သည်။

"နင့်မျက်လုံးတွေမကောင်းတော့ရင်, လှူပစ်လိုက်သင့်တယ်...."

"ဂျန်ဖန်း အချက်အလက်က ဒီမှာဘယ်လိုလုပ်ရှိနိုင်မှာလဲ..."

"ဒီထဲက အထောက်အထားတိုင်းက အတည်ပြုပြီး...."

ပြောနေစဥ်, ယွဲ့မင်ကျူးမျက်လုံးတွေ တဖြည်းဖြည်းပြူးကျယ်သွား၏။

"တိမ်စိမ်းဂိုဏ်းတပည့်ဂျန်ဖန်း"- ထိုစာလုံး ၇ လုံးက သူမမျက်လုံးထဲမှာ ရှင်းလင်းစွာပေါ်လာခဲ့သည်။

သူမမျက်လုံး သူမမယုံနိုင်ဖြစ်နေခဲ့သည်။

ဂျန်ဖန်း တကယ်ပဲ ရမ္မက်ဂိုဏ်းကတာဝန်ယူသွားခဲ့သည်?

ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

သူမက ဂျန်ဖန်းကို နေရာတိုင်းရှာခဲ့ပြီး အရိပ်အယောင်တောင်မတွေ့ခဲ့ပေ။

သို့ပေမယ့် ထိုကောင်က ရမ္မက်ဂိုဏ်းထဲခိုးဝင်ပြီး တာဝန်ယူသွားသည်တဲ့လား?...

သူ ဘယ်လိုလုပ်လိုက်သနည်း။

ယွဲ့မင်ကျူး အသိပြန်ဝင်လာပြီ ဂျန်ဖန်းနာမည်ကိုထောက်ပြီး အော်ပြောလိုက်သည်။

"အတင့်ရဲလိုက်တာ...."

"တာဝန်ခန်းမကလူတွေအကုန် ကန်းကုန်ကြတာလား...."

"ဂျန်ဖန်းတာဝန်ယူသွားတာ တစ်ယောက်မှ သတိမထားမိကြဘူး..."

"ဒီကိစ္စသာအပြင်ပျံ့သွားရင် လူရယ်ခံရတော့မှာ...."

မှတ်တမ်းစာအုပ်ပြန်ယူလာသည့်တပည့် စိတ်ဓာတ်ကျစွာဖြင့်ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဒီတာဝန် ၆ ခုက အကြီးအကဲလင်းစီစဥ်တာပါ။ ကျွန်တော်.. ကျွန်တော် ဒါတွေက ဂျန်ဖန်းအတွက်ဆိုတာ မသိရပါဘူး...."

အကြီးအကဲလင်း?....

သူမက ဘယ်လိုလုပ် ဂျန်ဖန်းအတွက်တာဝန် စီစဥ်ပေးရသနည်း။

သူမသာ ဂျန်ဖန်းကိုမြင်လျှင် သေချာပေါက်ဖမ်းပြီး ပြစ်ဒဏ်ခန်းမလက်လွဲပေးမည်ဖြစ်သည်။

ခဏနေပါအုန်း...

ယွဲ့မင်ကျူး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ဂျန်ဖန်းနာမည်ကိုထောက်ထားသည့်လက်ညိုးက တုန်ယင်နေခဲ့သည်။

"ဒီနာမည်ကို လှည်းထဲကလူ လက်မှတ်ထိုးပေးလိုက်တာလား..."

တပည့်ကောင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်, မှတ်တမ်းတင်တာလှည်းထဲမှာလုပ်ခဲ့ပြီး နာမည် ၆ ခုနဲ့ပြန်ထွက်လာတာပါ...."

ဒုတ်! ဒုတ်! ဒုတ်!

ယွဲ့မင်ကျူးခန္ဓာကိုယ်တယိမ်းတယိုင်ဖြစ်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့သည်။

သူမက စားပွဲကို အားအင်မရှိစွာ ဆုပ်ကိုင်ထားပြီး ကမ္ဘာကြီးချာချာလည်သလို ခံစားနေရသည်။

ထိုမျက်နှာဖုံးနှင့်လူ၊ သူမ တာအိုမိတ်ဆွေဟုခေါ်ခဲ့သည့်တစ်ယောက်...

သူက ဂျန်ဖန်းမှလွဲပြီး အခြားလူမဟုတ်ပေ။

သူမက မတော်တဆ သူ့လှည်းနှင့်တွေ့ခဲ့ရပေမယ့် ဂျန်ဖန်းမှန်း မသိခဲ့ပေ။

ထိုမျှသာမက...

မဟာအကြီးအကဲကိုတောင် လိုက်ပို့ခိုင်းလိုက်သေးသည်။

ထို့ပြင် သူမနှာခေါင်းအောက်မှာ တာဝန်တစ်ခုယူသွားပြီး ဝင့်ကြွားစွာထွက်သွားကို ခွင့်ပြုပေးခဲ့မိသည်။

ယွဲ့မင်ကျူး လည်ချောင်းထဲမှာ သတ္တုအရသာကို ခံစားလိုက်ရပြီး ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင်။

သူမက တုန်ယင်နေသည့်လက်ချောင်းကိုဆန့်ထုတ်ကာ ပြောလိုက်သည်။

"လိုက်ဖမ်းကြစမ်း, သူ့ကို ငါ့အတွက် လိုက်ဖမ်းကြစမ်း..."

"ကမ္ဘာအဆုံးထိလိုက်ရမယ်ဆိုရင်တောင်, ရအောင်ပြန်ဖမ်းခေါ်လာခဲ့....."

တပည့်ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်, မဟာအကြီးအကဲလင်းက ခုလေးတင် ရမ္မက်မြို့က ထွက်ခွာသွားပါပြီ...."

"လုံခြုံရေးအတွက်, သူတို့လမ်းကြောင်းက လျို့ဝှက်ချက်ပါ..."

ထိုအရာကိုကြားသည့်အခါ....

ယွဲ့မင်ကျူး အလွန်ဒေါသထွက်သွားပြီး စားပွဲကို လှန်မှောက်ပစ်လိုက်သည်။

သူမ၏ကြီးမားသည့်ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ဂျန်ဖန်း, ဂျန်ဖန်း... နင်စောင့်နေလိုက်...."

မည်သူမှ သူမကို ဤမျှလောက် ဒေါသထွက်အောင်မလုပ်ဖူးပေ။

ဘယ်တုန်ကမှ မလုပ်ခဲ့ဖူးပေ။

ဂျန်ဖန်းအတွက်တော့....

ရုတ်တရက် ကျောရိုးတစ်လျှောက်အေးစိမ့်မှုကိုခံစားလိုက်ရပြီး မနေနိုင်ပဲ လည်ပင်းကျုံ့လိုက်သည်။

"ထူးဆန်းတယ်, တစ်ယောက်ယောက်ငါ့ကို ကျိန်ဆဲနေတာလား..."

သူက ရေရွတ်လိုက်သည်။

ရမ္မက်မြို့မှထွက်ခွာလာတာ သေချာမှ သူက စိတ်အေးသွားခဲ့သည်။

ကျီရူယွဲ့နှင့် အခြားလူတွေက မျက်လုံးမှိတ်ပြီး တရားထိုင်နေခဲ့ကြသည်။

သူက အတွေးတစ်ခုရလိုက်သည်။

အိတ်ထဲလက်နှိုက်ပြီး ချီလင်းလေးကိုပြောလိုက်သည်။

"အဲ့ဒီအစိမ်းရောင်အလင်းလုံးကို ထုတ်လိုက်..."

ယခင်က ဘေးနားမှာမျက်လုံးပေါင်းများစွာရှိနေ၍ အဆင်မပြေခဲ့ပေ။

ယခု နောက်ဆုံးမှာ သန္ဓေသားဂူအိမ်တော်မှရခဲ့သည့် အစိမ်းရောင်အလင်းလုံးကို သေချာစစ်ဆေးကြည့်လို့ရပြီဖြစ်သည်။

သူ့လက်ဝါးအေးသွားသည့်ခါ လက်ထဲမှာ တစ်ခုခုပေါ်လာတာကို သတိထားမိလိုက်သည်။

ထုတ်ကြည့်လိုက်တော့ မနေနိုင်ပဲ အံ့အားသင့်သွားခဲ့သည်။

ထိုအရာက မြလက်စွပ်တစ်ကွင်းဖြစ်ပြီး သစ္ဆေဆန်ဆန် အစိမ်းရောင်အလင်းတန်းတွေ ထုတ်လွတ်နေခဲ့သည်။

လက်စွပ်အောက်ခြေ၌ စားလုံးသေးနှစ်ခု ထွင်းထုထားခဲ့သည်။

"အနန္တ?..."

ဂျန်ဖန်း ရေရွတ်လိုက်ပြီး လက်ချောင်းမှာဝတ်ဆင်ကာ စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းကြည့်လိုက်သည်။

သို့ပေမယ့် လက်စွပ်က ပိုစိမ်းလာသည်မှလွဲ၍ အခြားဘာမှမဖြစ်ခဲ့ပေ။

"ထူးဆန်းတယ်, မှော်ရတနာတွေက စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းလိုက်ရင် အလုပ်လုပ်သင့်တယ်...."

"ဒါက သာမန်လက်စွပ်တစ်ကွင်းပဲလား...."

သို့ပေမယ့် ထိုလူက သေခါနီးတာင် ဖုံးကွယ်ဖို့မျိုချခဲ့သေးသည်။

ထိုအရာက သန္ဓေသားဂူအိမ်တော်၏ တန်ဖိုးအကြီးဆုံးရတနာဖြစ်တယ်ဆိုတာ ညွှန်ပြနေတာပဲဖြစ်သည်။

ထိုအတွေးနှင့်....

လိုက်ကာကိုမကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်က ကျယ်ပြောသည့်လွင်ပြင်ကြီးဖြစ်နေတာမြင်လိုက်ရသည်။

သူကကျင့်ကြံဖို့ သစ်ပင်တစ်ပင်ရှာချင်ပေမယ့် တစ်ပင်မှရှိမနေခဲ့ပေ။

ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး ကောင်းကင်ကိုမော့ကာ လွင့်မျှောနေသည့်တိမ်တွေကိုကြည့်နေလိုက်သည်။

ထို့နောက် လက်စွပ်ဝတ်ဆင်ထားသည့်လက်ကို ဆန့်ထုတ်ကာ အပေါ့်သို့ ညင်သာစွာ ညွှန်ပြလိုက်သည်။

လက်စွပ်က မည်သည့်အထူးစွမ်းအင်လှိုင်းမှ ထုတ်လွတ်မလာပေ။

ထိုအရာက ဂျန်ဖန်းကို အနည်းငယ် ဒေါသထွက်လာစေခဲ့သည်။

"မဖြစ်နိုင်တာ။ ငါ ယွဲ့မင်ကျူးနဲ့ ဒီလောက်ထိ ဒုက္ခများခဲ့တာ အချည်းနှီးလား..."

သို့ပေမယ့်....

ထိုအခိုက်အတန့်မှာပဲ....

အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခု ထွက်ေပါ်လာခဲ့သည်။

အပေါ်ရှိတိမ်တိုက်တွေ ပြင်းထန်သည့်မြေဆွဲအားသက်ရောက်ခံလိုက်ရသကဲ့သို့ ကောင်းကင်မှပြုတ်ကြလာခဲ့သည်။

ထို့နောက် ကျယ်လောင်သည့်အသံနှင့် မြေပြင်ကို ရိုက်ခတ်သွားကာ သိပ်သည်းသည့်မြူတွေအဖြစ် အရပ်မျက်နှာအသီးသီးကို လွင့်စင်သွားခဲ့သည်။

ထိုမြင်ကွင်း....

လှည်းမောင်းနေသည့် အကြီးအကဲလင်းကို မျက်လုံးတွေ ကျဥ်းမြောင်းသွားစေ၏။

သူမက ရုတ်တရက် ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။

"ဘယ်ကကျွမ်းကျင်သူများလဲ? ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ...."

ကောင်းကင်မှ တိမ်တိုက်တွေကိုဆွဲချဖို့...

ထိုအရာက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးနည်း။

သူမ တစ်ခါမှမကြားဖူးပေ။

လှည်းထဲရှိလူတွေလည်း လန့်နိုးကုန်ပြီး သူတို့ရှေ့က ထူးခြားသည့်မြင်ကွင်းကို အံ့အားသင့်စွာကြည့်နေခဲ့ကြသည်။

"ဒီတိမ်တိုက်တွေကို ဆွဲချနိုင်တာလား...."

"ဒါ ဘယ်လိုအင်မော်တယ်နည်းလမ်းမျိုးလဲ...."

ဂျန်ဖန်း တစ်ခဏ ကြက်သေသေသွား၏။

သူဘာလုပ်မိလိုက်သနည်း။

ကြည့်ရတာ ထိုတိမ်တိုက်တွေပတ်လည်ရှိ မြေဆွဲအားက သိသိသာသာတိုးလာပြီး ဆွဲချခံလိုက်ရပုံပင်။

သူက မြလက်စွပ်ကိုကြည့်ပြီး "အနန္တ"ဟူသည့်စကားလုံးကို စဥ်းစားနေခဲ့သည်။

သူ ဤလက်စွပ်၏လုပ်ဆောင်ချက်ကို ခပ်ရေးရေးနားလည်လာခဲ့သည်။

၎င်းက မြေဆွဲအားကိုပြုပြင်နိုင်၏။

ဂျန်ဖန်း စိတ်ထဲမှာပျော်ရွင်သွား၏။

ဤအရာက အခြားလူတွေကို သတိလက်လွတ်ဖြစ်သွားစေသည့် ဝှက်ဖဲတစ်ခုဖြစ်သည်။

အစွမ်းထက်ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ ရုတ်တရက် မြေဆွဲအားတိုးသွားခြင်းက အနည်းဆုံး လှုပ်ရှားမှုကို ကန့်သတ်နိုင်၏။

အများဆုံး, သေသည်အထိတောင် ဖိချေနိုင်မည်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း, သန္ဓေသားကျင့်ကြံသူထားခဲ့သည့်အရာက သာမန်မဟုတ်ပေ။

သို့ပေမယ့်, ဂျန်ဖန်း မကြာခင်သတိထားမိလိုက်သည်။

အစောပိုင်း မြစိမ်းရောင်တောက်နေသည့်လက်စွပ်က သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။

ဤလက်စွပ်ကိုတစ်ကြိမ်အသက်သွင်းဖို့ များပြားသည့်စိတ်ဝိညာဥ်စွမ်းအင်အများအပြားလိုအပ်တာ သိသာလှ၏။

ပေါ့ပေါ့ဆဆသုံးလို့မရပေ။

သို့ပေမယ့် ဂျန်ဖန်းကို အလွန်ပျော်ရွင်နေဆဲဖြစ်သည်။

သူက ဘာမှမသိသလိုဟန်ဆောင်လိုက်ပြီး လှည်းပြင်ခုန်ထွက်ကာ အံ့အားသင့်စွာပြောလိုက်သည်။

"ဘာဖြစ်တာလဲ..."

အကြီးအကဲလင်း အလေးအနက်ပြောလိုက်သည်။

"အစွမ်းထက်ကျင့်ကြံသူတစ်ယောက် လှုပ်ရှားလာတာ..."

"အစောပိုင်းတိုက်ခိုက်မှုက အမြုတေအလယ်အလတ်အဆင့်တောင် မခုခံနိုင်ဘူး....."

ဂျန်ဖန်း သူ့မေးစေ့ကို ပွတ်လိုက်ပြီး မြေဆွဲအားတိုက်ခိုက်မှု၏ ဖျက်ဆီးစွမ်းအားကို ပဏာမနားလည်သွားခဲ့သည်။

သူက ပြောလိုက်သည်။

"ဒါဆိုလည်း ဒီနေရာက မြန်မြန်ထွက်သွားရအောင်...."

"အဲ့ဒီကျွမ်းကျင်သူကို နှောက်ယှက်မိသွားလိမ့်မယ်...."

သို့ပေမယ့် အကြီးအကဲလင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ထွက်သွားချင်ရင်တောင် ထွက်မသွားနိုင်တော့မှာ ကြောက်မိတယ်...."

သူမက အဝေးကိုကြည့်လိုက်သည်။

ကြီးမားသည့်ဖုန်လုံးကြီးတွေ၊ ကောင်းကင်သို့ပျံတက်နေသည့် အဝါးရောင်နဂါးကြီးတစ်ကောင်ကဲ့သို့....

မြင်ကွင်းထဲပေါ်လာခဲ့သည်။

ဂျန်ဖန်း သေချာကြည့်လိုက်သည်။

ထိုအရာက တူညီဝတ်စုံဝတ်ဆင်ထားသည့် တပည့်အုပ်တစ်ခုပင်။

သူတို့ရင်ဘတ်၌ မိုးကြိုးအမှတ်သင်္ကေတတစ်ခုရှိနေခဲ့သည်။

ဂိုဏ်း ၉ ဂိုဏ်း၏ အဆန်းကြယ်ဆုံး, ဒဏ္ဍာရီလာ စစ်မှန်မိုးကြိုးဂိုဏ်းပင်။

သို့ပေမယ့် အလျှင်အမြန်ပဲ ဂျန်ဖန်းမျက်ခွံ့တွေ ကျုံ့သွား၏။

အဘယ်ကြောင့်ဆိုသော်, ထိုတပည့်တွေထဲ၌ အလွန်ရင်းနှီးသည့်ပုံရိပ်တစ်ခုကို မြင်လိုက်သောကြောင့်ပင်။

All Chapters