← Chapters

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သဘောထားကြီးတာပဲ

Vol. 29 Ch. 427

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သဘောထားကြီးတာပဲ

Vol. 29 Ch. 427

အခန်း (၄၂၇) : အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သဘောထားကြီးတာပဲ

လေဟာနယ်စင်မြင့်ပေါ်တွင် ကောင်းကင်အသျှင် ဆယ်ယောက်နှင့် အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်တို့၏ တိုက်ပွဲက အဆုံးသတ်ခါနီးနေပြီဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်က လေထဲတွင်ရပ်နေကာ မိုးကြိုးအံ့ဖွယ်အလင်းတန်းက လွှမ်းခြုံထားသည်။ သူတို့က နတ်ဘုရားများ၊ သူရဲကောင်းများနှင့် တူပြီး ပြိုင်ဘက်ကင်းလှသည်။

သူတို့က တစ်ဖက်ခြမ်းကို စိုးမိုးထားကာ အဆုံးမဲ့ အံ့ဖွယ်မိုးကြိုးကို ဆွဲဆောင်နေပြီး စင်မြင့်ကို မိုးကြိုးပင်လယ်အဖြစ်သို့ အသွင်ပြောင်းလိုက်သည်။ သူတို့က ကမ္ဘာလောကတစ်ခုလုံးကို ဖျက်စီးတော့မည့် ပုံစံဖြစ်နေသည်။

ဓာတ်နှောနတ်မိုးကြိုးက အောက်သို့ ပစ်ချလိုက်သည့်အတွက် မိုးကြိုးများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နေရာတစ်ခုလုံးကို နေဆီမှ ဖုံးကွယ်ခံလိုက်ရသည့်အတွက် မှောင်မဲနေသည်။

မိုးကြိုးများက လင်းလက်နေကာ အချင်းချင်း ပြင်းထန်စွာ ဖြတ်နေကြသည်။

ကောင်းကင်အသျှင်ဆယ်ယောက်၏ ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများဖြင့် ဖန်တီးထားသော အလင်းအလွှာက သက်ရောက်မှုကြောင်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ဝုန်း…ဝုန်း…ဝုန်း…

မိုးကြိုးနတ်ဘုရားကိုယ်တိုင် ဒေါသထွက်ကာ ဟစ်ကြွေးနေသလိုမျိုး မိုးကြိုးများ ထိုးဖောက်ထွက်နေသည်။

ကောင်းကင်အသျှင်ဆယ်ယောက်က နောက်ဆုံးတွင် လုံးဝ မောပန်းနေသည်။ သူတို့၏ စွမ်းအင်များကိုလည်း လုံးဝ အသုံးပြုလိုက်ပြီဖြစ်သည်။

ကောင်းကင်မှ မြွေများကဲ့သို့ ထိုးဖောက်ကာ နေရာအနှံ့သို့ ပျံ့နှံ့နေသည့် မရေတွက်နိုင်သော လျှပ်စီးကြောင်းများ၏ သက်ရောက်မှုကြောင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းဖြင့် ဖန်တီးထားတာ အလင်းအလွှာက ကွဲအက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်အသျှင်ဆယ်ယောက်က အံ့ဖွယ်မိုးကောင်းကင် ကောင်းကင်မိုးကြိုး ကာကွယ်ရေး အစီအရင်၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

မိုးကြိုးများ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်အသျှင် ဆယ်ယောက်က မြေပြင်ပေါ်တွင် လဲနေကာ သူတို့၏ ဆံပင်မွေးများလည်း ထောင်မတ်နေသည်။

သူတို့၏ မျက်နှာများက မဲတူးနေကာ ပါးစပ်မှ မီးခိုးများလည်း ထွက်နေပြီး ခန္ဓာကိုယ်များလည်း တွန့်လိမ်နေသည်။

ကောင်းကင်အသျှင် ဆယ်ယောက်လုံး ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။

အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်က မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာကာ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များထံ မေးငေါ့ပြကာ မေးလိုက်သည်

“ ဒီစင်မြင့်ပေါ်ကို တက်လာချင်တဲ့သူ ရှိသေးလား”

“ ဘယ်သူရှိသေးလဲ”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များအားလုံးက နတ်ဘုရားအသွင်ဆောင်နေသော အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်ကို စိုက်ကြည့်ကာ အရမ်းစိတ်ရှုပ်ထွေးနေသည်။

ဒီမျိုးဆက်ရဲ့ အံ့ဖွယ်မိုးကောင်းကင်တပည့်တွေက အရမ်းစွမ်းအားကြီးကြတာပဲ

အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် လေးယောက်က ကောင်းကင်အသျှင်ဆယ်ယောက်ကို အနိုင်ယူနိုင်သည့်အပြင် သူတို့၏ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း ခြောက်ကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူပြီးတော့ ဝိဇ္ဇာအစစ်အမှန်ကို ရိုက်နှက်နိုင်ခဲ့သည်။

ကမ္ဘာလောကမှာရှိတဲ့ ကံကောင်းမှုတွေ အကုန်လုံးက အခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ စုနေတဲ့ပုံပဲ။ တခြားအထွတ်အမြတ်တွေကတော့ ကံမကောင်းဘူး

ဒါက ပုံမှန်အခြေအနေတောင် ဟုတ်ရဲ့လား။ အခုက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်ရဲ့ တိုက်ပွဲစွမ်းရည်ပြသပွဲ မဟုတ်ဘူးလား

မင်းတို့တွေက အရမ်းလွှမ်းမိုးတာပဲ။ အခု ပုံမှန်ဟုတ်တဲ့အရာရော ရှိသေးရဲ့လား

အလယ်ပိုင်းကုန်းမြေပါရမီရှင်များက စိတ်ထဲတွင် ငိုကြွေးနေကြသည်။ သူတို့ လုံးဝ စိတ်ဓာတ်ကျနေကြသည်။

တစ်ချိန်တည်းမှာပဲ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ၏ မြင့်တက်လာမှုက ဖိနှိပ်လို့ မရနိုင်သောအရာဟု ဝမ်းနည်းစွာ စဉ်းစားမိကြသည်။

လွန်ခဲ့သော နှစ်ပေါင်းသောင်းကျော်ကတည်းက မျိုးဆက်တူ ကျင့်ကြံသူများကြားရှိ လေ့ကျင့်ရေးများတွင် အလယ်ပိုင်းလွင်ပြင် ပါရမီရှင်များက အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကို အမြဲတမ်း လွှမ်းမိုးနေခဲ့သည်။

မမျှော်လင့်စွာဖြင့် ဤမျိုးဆက်၏ အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ထူးထူးခြားခြား စွမ်းအားကြီးနေသည်။ သူတို့က သူတို့၏ စီနီယာသူတော်စင်များကိုပင် ပြင်းထန်စွာ ရိုက်နှက်နိုင်ခဲ့သည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုး ယခင်တုန်းက မရှိခဲ့ဖူးပေ။

မြောက်ပိုင်းမင်းသား ရှီလင်းက အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်ကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ သူတို့၏ ချုံငုံလိုက်သောစွမ်းအားက သူ့ထက်နိမ့်ကျသော်လည်း သူတို့၏ မွေးရာပါ အရည်အချင်းက ဘယ်လောက်မြင့်ကြောင်းကို သူ ကောင်းကောင်းသတိပြုမိလိုက်သည်။

သူ၏ ကျင့်ကြံဆင့်ကို ကနဦးဝိညာဉ်အဆင့်ထိ ဖိနှိပ်လိုက်လျှင်ပင် သူတို့ထဲက တစ်ယောက်ကိုမျှ အနိုင်ယူနိုင်ဖို့အတွက် ယုံကြည်ချက် မရှိပေ။

ဤပါရမီရှင်လေးယောက်က အထွတ်အမြတ်မြေများထဲက ဘယ်အထွတ်အမြတ်မြေမှာမဆို သူတော်စင်များ အလွယ်တကူ ဖြစ်လာနိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်းသောင်းကျော်က တချို့အထွတ်အမြတ်မြေများတွင် ထိုကဲ့သို့သော အရည်အချင်းရှိ အမွေဆက်ခံသူများ မရှိခဲ့ပေ။

သို့သော် ဤလူငယ်လေးများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် အားလုံး လာစုနေကြသည်။

သူတို့က အရမ်းကို စည်းလုံးတယ်။ ဒါက အရမ်းလေးနက်တဲ့ ကိစ္စတစ်ခုပဲ

သူတို့ရဲ့ သူတော်စင်က ဘယ်လောက်ထိ စွမ်းအားကြီးလို့ သူတို့ကို ဖိနှိပ်နိုင်ရတာလဲ

စဉ်းစားလို့တောင် မရဘူး

ရှီလင်းက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ငယ်တဲ့ ပါရမီရှင်လေးတွေ အများကြီးရှိတယ်နော်။ ကျုပ်အတွက်တော့ တကယ်ကို မျက်စိပွင့်တာပဲ”

လက်ရှိ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက အရမ်းစွမ်းအားကြီးသော ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့ထက်အဆင့်နိမ့်သော ကျင့်ကြံသူများ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ၏ ဤမျိုးဆက်က အင်မတန်  ပြိုင်ဘက်ကင်းကြောင်း သေချာလှသည်။

“ ညီအစ်ကိုရှန် ကျုပ် အခုပဲ သွားလိုက်ပါဦးမယ်”

ရှီလင်းက ထွက်သွားဖို့ပြင်လိုက်သည်။

သူတို့က ရွှေဇာမဏီအခန်းကြောင့် အရှေ့ပိုင်းလွင်ပြင်ပါရမီရှင်များနှင့် ပြဿနာတက်ခဲ့သည်။

ယခု အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ ရှုံးနိမ့်သွားပြီဖြစ်သည့်အတွက် ဒီမှာ ကြာကြာဆက်နေဖို့က ရှက်ဖို့ကောင်းလှသည်။

မမျှော်လင့်ထားစွာဖြင့် ရှန်ထျန်းက သူတို့ ထွက်မသွားခင် တားလိုက်သည်။

ရှီလင်း၏ စိတ်ထဲ တင်းကြပ်သွားကာ မေးလိုက်သည်

“ ညီအစ်ကိုရှန် ဘာဖြစ်လို့လဲဟင်”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ကြာပြာဟုခေါ်သော အကြီးအကဲတစ်ယောက် ရှိပြီး သူ တိုက်ခိုက်ပြီးတိုင်း သူ့ပြိုင်ဘက်တွေကို သတ်ပစ်သည်ဟု ကြားဖူးသည်။

ပထမဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ယွဲ့ယူသဲ့ကလည်း တူညီသော လေ့ကျင့်မှုကို ခံယူခဲ့သည်။

ဆယ်ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း အကျင့်အတူတူပဲလား

ရှီလင်းက ရှန်ထျန်းကို သတိဖြင့် ကြည့်လိုက်သော်လည်း ချက်ချင်း စိတ်ပျက်အားလျော့မှုကို ခံစားလိုက်ရသည်။ သူ ဘယ်လိုပဲဖြစ်ဖြစ် ခုခံနိုင်မည် မဟုတ်တာကို သတိထားမိသည်။

ဒါက ခြောက်ကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ခြင်းကို ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ သူတော်စင်လေ

အဲဒါတင် မကသေးဘူး ရှီလင်းက သူ့ရဲ့ ဂျူနီယာအဖွဲ့ပေါ်မှာ အသာစီး မရနိုင်ဘူး

ရှန်ထျန်းသာ တကယ် လုပ်ချင်တယ်ဆိုရင် ရှီလင်းနဲ့ သူ့အဖွဲ့က ခုခံနိုင်ပါ့မလား

ဟင်း…မတတ်နိုင်ပဲ အလျှော့ပေးရတော့မှာပဲ

ရှီလင်း ဘာတွေစဉ်းစားနေလဲဆိုတာ ရှန်ထျန်း မသိပေ။ သူက ဒါကို ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကိုသာ စဉ်းစားနေသည်။

သူ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို တားလိုက်ရသည့် အကြောင်းအရင်းက အရမ်းရိုးရှင်းသော အကြောင်းတစ်ခုကြောင့် ဖြစ်သည်။ သူက ကောင်းမွန်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်သောကြာင့် ဖြစ်သည်။

အရှေ့ပိုင်းလွင်ပြင်နှင့် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကြားထဲတွင် ပြဿနာတချို့ရှိနေသော်လည်း အရေးမပါသော ပြဿနာများဟု ရှန်ထျန်း ခံစားမိသည်။

ရှန်ထျန်း၏ စွမ်းအားနှင့်ယှဉ်လျှင် ထိုအုပ်စုနှစ်စုကြားမှ တိုက်ခိုက်မှုက ကလေးတွေ အချင်းချင်း ရန်ဖြစ်သလောက်ဟုသာ သတ်မှတ်ထားသည်။

သူ့ဘက်က ကလေးအုပ်စုနိုင်သွားမှတော့ ဘာအငြိုးအတေးမှ ထားစရာမရှိဘူးလေ

ပြီးတော့ ကစားကွင်းမှာ ဒန်းအတွက် ရန်မဖြစ်တဲ့ ကလေး ရှိလို့လား။ လူငယ်တွေကတော့ အမြဲတမ်း လူငယ်တွေပဲလေ

ဒီအလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေက ဂုဏ်မောက်တယ်ဆိုပေမဲ့ သူတို့ ရှုံးသွားတာကို ဝန်ခံတာပဲလေ။ သူတို့က ဖြောင့်မတ်တဲ့ ကျင့်ကြံသူတွေ ဖြစ်နေဆဲပါပဲ။ သူတို့သာ ဒီလူတွေနဲ့ မိတ်ဆွေဖြစ်ပြီးတော့ သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရရှိမယ်ဆိုရင် ရှေ့လျှောက် နောက်ကျောဓားနဲ့ထိုးခံရမှာကို စိုးရိမ်စရာမလိုတော့ဘူး

အဟမ်း…

ဒီထက်ပိုပြီး အရေးကြီးတာက သူတို့မှာ ကောင်းမွန်တဲ့ ကံကြမ္မာတွေ ရှိတယ်

ပညာရှိတစ်ယောက်က ပြောခဲ့တယ် မဟုတ်လား စည်းလုံးခြင်းသည် အင်အားပါဆိုပြီးတော့လေ

ဘယ်သူမှ ရွှေဥဥတဲ့ ငန်းတွေ အများကြီး ဘယ်တော့မှ မရနိုင်လို့လေ

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ညီအစ်ကိုရှီ ကျွန်တော်ရဲ့ အလယ်ပိုင်းကုန်းမြေ မိတ်ဆွေတို့။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရင်းမှ ရင်းနှီးသွားကြတာဆိုတဲ့ စကားလည်း ရှိတာပဲ။ ကျွန်တော်တို့ အားလုံး တစ်ခန်းထဲ အတူတူယူပြီးတော့ မိတ်ဆွေ လုပ်ကြရင်ရော ဘယ်လိုလဲ”

မင်းသားနှစ်ယောက်လုံး အံ့ဩမှင်သက်သွားသည်။ သူတို့က ရှန်ထျန်း၏ သဘောထားကြောင့် ကြောင်အသွားကြသည်။

မင်းတို့ ရဲဘော်တွေက ငါတို့ကို ရိုက်နှက်ထားပေမဲ့ မင်းက စားသောက်ဖို့ ဖိတ်ခေါ်နေတယ်တဲ့လား။ အနာပေးပြီး ဆေးပေးနေတာလား

ရှန်ထျန်းက သူ၏ ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင်ကို ထုတ်ယူကာ ပွင့်လင်းစွာ ပြောလိုက်သည်

“ ကျွန်တော်ဆီမှာ နိဗာနတော်ဝင်ရေစင် အချို့ရှိတယ်။ မင်းတို့ ဒဏ်ရာတွေ သက်သာအောင် ကူညီပေးနိုင်မှာပါ”

တိုက်ခိုက်စဉ်အတွင်း အလယ်ပိုင်းကုန်းမြေပါရမီရှင်များ ထိခိုက်မိသွားသလို အထူးသဖြင့် ကောင်းကင်အသျှင်ဆယ်ယောက်က ဒဏ်ရာအပြင်းအထန် ရသွားသည်။ သူတို့၏ ထိပ်သီးအံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်က သူတို့ကို မဲတူးနေအောင် လုပ်လိုက်သည်။

နှလုံးသားကို အပိုင်ယူဖို့ အခုထက် ဘယ်အချိန်ကများ ပိုပြီးကောင်းလို့လဲ

နိဗာနတော်ဝင်ရေစင်များ ပါဝင်နေသော အဖြူရောင် ကျောက်စိမ်းပုလင်းများကို ကြည့်ပြီး အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ပိုပြီး ထိတ်လန့်သွားသည်။

ငါတို့စောနကမှ အပြင်းအထန်တိုက်ခိုက်ထားပေမဲ့ အခု ရုတ်တရက်ကြီး ဖော်ရွေသွားတာလား။ ငါတို့ ဘယ်လိုတုံ့ပြန်ဖို့အတွက် မျှော်လင့်နေတာလဲ

အထူးသဖြင့် ၇ယောက်မြောက် မဟူရာကောင်းကင် သူတော်စင်နှင့် ခုနစ်ယောက်မြောက် နေကိုးစင်း သူတော်စင်တို့ပဲ။ သူတို့က အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်တွေရဲ့ ဆေးလုံးတွေကို အရမ်းအားကျတာလေ

သူတို့က ယခု နိဗာနတော်ဝင်ရေစင် ဝေစုကို ရဖို့အတွက် မျှော်လင့်မထားခဲ့ပေ။

သူတို့နှစ်ယောက်ကို လက်ကိုမြှောက်ထားရင်း တုန်ရီနေသည်။ သူတို့ လက်ခံရမလား၊ လက်မခံရဘူးလားဆိုတာကို မသိဖြစ်နေသည်။

အချို့ပါရမီရှင်များက အခုမှ အသိပြန်ဝင်လာကာ အရမ်းရှက်နေပုံပေါ်သည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းရက်ရောတာပဲ။ ကျွန်တော်တို့က အဲလို ရက်ရောမှုမျိုးနဲ့ မထိုက်တန်ပါဘူး”

“ စောနက သူတော်စင်တို့ကို အရမ်းဆိုးဆိုးရွားရွား ပြုမူထားတယ်လေ။ သူတော်စင်အနေနဲ့ အငြိုးမထားဖို့ မျှော်လင့်ပါတယ်”

ထိုအချက်ကြောင့် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များအားလုံး စိတ်ရှုပ်ထွေးသွားကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလောက်ထိ ရက်ရောနေမည်ဟု သူတို့ မထင်ခဲ့ပေ။

သူက အရှေ့ပိုင်းလွင်ပြင် သူတော်စင်ဟောင်းတွေကို ထိခိုက်အောင် လုပ်ခဲ့တာအတွက် အငြိုးမထားရုံတင် မကသေးဘူး သူတို့ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် နိဗာနတော်ဝင်ရေစင်ကိုတောင် ပေးနေတာလား

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝိဇ္ဇာအစစ်အမှန်ကိုတောင် ချေမွပစ်နိုင်တဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်လို့ ပြောရမယ်

အဲလိုမျိုး စွမ်းအားရှိနေတာက နောက်တစ်ယောက်သာဆိုရင် သူတို့ကို အမှုန့်ကြိတ်သွားမှာ သေချာတယ်

မမျှော်လင့်ထားစွာနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စွမ်းအားကို အသုံးချပြီးတော့ အားနည်းတဲ့သူတွေကို အနိုင်မကျင့်တတ်ဘူး။ စောနက သူတို့ရဲ့ အပြုအမူတွေ ရှိပေမဲ့လည်း အခုတော့ အရမ်းကောင်းကောင်း ဆက်ဆံနေတယ်

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ ရင်ထဲ နွေးထွေးသွားသည်။ သူတို့ စိတ်လှုပ်ရှားသွားသည်ကို ထိန်းလို့ မရပေ။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ကြီးမြတ်တဲ့သူပဲ

သို့သော် ဤအရာက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်နေသည်။ သူတို့ အရမ်းလိုချင်သော်လည်း ရှန်ထျန်း၏ ကြင်နာသော ကမ်းလှမ်းမှုကို ငြင်းဆိုနေဆဲ ဖြစ်သည်။ သူတို့က အရမ်းပြင်းထန်သော ရိုက်နှက်မှုကို ခံထားရသည့်အတွက် အခုချက်ချင်း လှည့်ပြီး မိတ်ဆွေလုပ်ဖို့က ခက်ခဲလှသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ မိတ်ဆွေဖို့ မူနေဖို့ မလိုပါဘူး။

နယ်မြေငါးခုက ထိပ်သီးပါရမီရှင်တွေအနေနဲ့ ကျွန်တော်တို့ ပိုပြီးတော့ ပွင့်လင်းရမယ်။

ဒီလောကမှာ အဓိကစစ်ပွဲတွေ အများကြီး ရှိလိမ့်မယ်။ ကျွန်တော်တို့ အကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင် နယ်မြေငါးခုလုံးရဲ့ လုံခြုံရေးအရ ဒီလိုမျိုး အရှေ့ပိုင်းလွင်ပြင်နဲ့ အလယ်ပိုင်းကုန်းမြေကြားထဲက ရန်ဖြစ်တာလေးက ဘာမှ မဟုတ်တော့ဘူး။

ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့ဖြစ်သွားပြီးတော့ အချင်းချင်း မှီခိုရမဲ့နေ့လည်း ရောက်လာနိုင်တာပဲ။ အဲဒီအခါကျရင် ဘယ်သူက ဒီအရေးမပါတဲ့ ပြဿနာကို ဂရုစိုက်မှာလဲ”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ရှန်ထျန်း၏ စကားများကြောင့် ကြောင်အသွားသည်။

ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ကြီးမြတ်မှုများလား

ငါက ငါနဲ့အဆင့်တူသူတွေရဲ့ စွမ်းအားအဆင့်တွေကို စိတ်ပူနေချိန် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကတော့ နယ်မြေငါးခုရဲ့ ရှင်သန်မှုကို စဉ်းစားနေတာတဲ့

အဆင့်မြင့်တယ်….သူက တကယ်ကို မြင့်တဲ့အဆင့်မှာ ရှိနေတာပဲ

ဟွမ်ရှစ် ဒီလူကို အာရုံစိုက်တာ မဆန်းတော့ပါဘူး

သူ့ရဲ့ အပြုအမူလေးတင် သာမန်ပါရမီရှင် တစ်ယောက်ထက် အများကြီး သာလွန်တယ်

ငါတို့ကြားက ကွာခြားချက်က မိုးနဲ့မြေလိုပဲ

မြောက်ပိုင်းမင်းသား၏ သွေးများဆူပွက်လာသည်။ သူက အော်ပြောလိုက်သည်

“ ညီအစ်ကိုရှန် ပြောတာ ကောင်းတယ်။ ညီအစ်ကိုရှန်ရဲ့ ကြင်နာမှုကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးတော့ ငြင်းနိုင်မှာလဲ။ ကျုပ်တို့ နိမ့်ကျတဲ့စိတ်နဲ့ လက်ခံလိုက်ပါ့မယ်”

သာမာန်လက်ဆောင်တစ်ခုဖြစ်ပါက ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်သည့်အတွက် ဤပါရမီရှင်များက လက်ခံမည် မဟုတ်ပေ။

သို့သော် ဤအရာက နိဗာနတော်ဝင်ရေစင် ဖြစ်သည်။ ထိုအရာက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များအားလုံးကို ဆွဲဆောင်ဖို့အတွက် လုံလောက်သည်။ သူတို့အတွက် ငြင်းဆိုဖို့ဆိုတာ မဖြစ်နိုင်ပေ။

သူတို့၏ ဒဏ်ရာများကြောင့် အနည်းဆုံး ဆယ်ရက်မှ ဆယ့်လေးရက်အထိ အနားယူဖို့ လိုအပ်သည်။

သို့သော် ထိုကဲ့သို့သော ဆန်းကြယ်ဆေးဖြစ်သည့် နိဗာနရေစင်ဖြင့်ဆိုလျှင် ပိုပြီးတော့ မြန်မြန်သက်သာလာနိုင်သည်။

ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကိုယ်တိုင် လက်ဆောင်ပေးတာလေ ဘယ်လိုလုပ်ပြီးတော့ ငြင်းမှာလဲ

ရှီလင်းပြောပြီးနောက် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက နိဗာနတော်ဝင်ရေစင်ကို ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ကြသည်။

“ ကျေးဇူးတင်ပါတယ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်”

“အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းရက်ရောတာပဲ”

ထို့နောက် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို ရှန်ထျန်းက လုံးဝ အနိုင်ယူထားလိုက်သည်။

ရှီထျန်းကျီပင် ထိုကဲ့သို့ လုပ်နိုင်မည် မဟုတ်ပေ။

အမ်…

ငါ ဘယ်လိုလုပ်ပြီးတော့ အဲလို တွေးမိသွားတာပါလိမ့်

အရှင့်သားက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလေ။ သူက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်တွေအားလုံးရဲ့ မျက်နှာဖုံးပဲ

ဒါပေမဲ့ ဒီ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ကြည့်ရတာလည်း လုံးဝ ဆိုးတဲ့ပုံမပေါ်ပါဘူး

ဒါပေမဲ့ ငါ့ရဲ့ အသိစိတ်ထဲမှာ ညီအစ်ကိုရှန်က အရှင့်သားထက် ပိုပြီးတော့ စွမ်းအားကြီးတယ်လို့ ပြောနေတယ်

အဲဒီပါရမီရှင်တွေ အဲလိုအကြံကို ဘယ်ကရလာတယ်ဆိုတာ ဘယ်သူသိမှာလဲ

ကြည့်ရတာ သူတို့က ရှီထျန်းကျီဆီကနေ ဘာလက်ဆောင်မှ မရဖူးလို့ ဖြစ်လိမ့်မယ်

ရှန်ထျန်းက အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ ဦးခေါင်းများကို ကြည့်ပြီး အပြုံးများက လေးနက်လာသည်။

ဤ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များတွင် ထူးခြားသော ကံကြမ္မာရှိသလို အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များကဲ့သို့လည်း ကောင်းမွန်သည်။

မင်းသားနှစ်ယောက်တွင် အထူးသဖြင့် ခရမ်းရွှေရောင် ရောင်ဝါစက်ဝန်းများ ရှိနေသည်။

အနာဂတ်မှာ ချမ်းသာဖို့အတွက် သူတို့နှစ်ယောက်ကို အားကိုးရမယ်

ငါက အရမ်းတော်တာပဲ

ထင်ထားတဲ့အတိုင်းပဲ

“ ကဲအားလုံးပဲ ဒီနေရာမှာပဲ ရပ်မနေနဲ့လေ။ ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ပဲ။ ငါတို့ရဲ့ ဂိုဏ်းတူညီလေးတွေကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတာလေ”

၇ယောက်မြောက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှေ့သို့ အားရှိရှိ ချီတက်လာသည်။ သူ့ကို ကြည့်ရတာ အရမ်းပျော်နေပုံပေါ်သည်။ သူ၏ ဂိုဏ်းတူညီလေးက အရမ်းအံ့ဩဖို့ကောင်းပြီး အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကို သူ့ဆီမှာ အညံ့ခံလာအောင် လုပ်ပေးနိုင်မည်ဟု ထင်မထားခဲ့ပေ။

သူသာရှိနေရင် ငါတို့ရဲ့ အထွတ်အမြတ်မြေက သေချာပေါက် နလန်ပြန်ထူလာနိုင်တယ်

အားလုံး ရွှေဇာမဏီအခန်းထဲတွင် စုစည်းကာ ထိုင်လိုက်ကြသည်။

မကြာခင်မှာပဲ စားပွဲပေါ်သို့ အရသာရှိသော ဟင်းပွဲအမျိုးမျိုး ရောက်ရှိလာသည်။

ထုံကြွယ်မျှော်စံအိမ်က ကောင်းကင်သူတော်စင်မြို့၏ အကြွယ်ဝဆုံးသော စားသောက်ဆိုင်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် ထူးခြားသော အရင်းအမြစ်များ ရှိသည်။ ဟင်းပွဲများကို ဝိညာဉ်ဆေးပင်များဖြင့် ချက်ပြုတ်ထားပြီး ဝိညာဉ်ချီပမာဏ အများကြီးကိုလည်း ပိုင်ဆိုင်ထားပြီး အရမ်းလည်း ဈေးကြီးလှသည်။

မင်းသားနှစ်ပါးက စိတ်လှုပ်ရှားနေကြသည်။ သူတို့က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ အံ့ဖွယ်သေရည်ကို ထုတ်ကာ အားလုံးကို ဝေမျှလိုက်သည်။

ရှီလင်းက ကြွားလိုက်သည်

“ ညီအစ်ကိုရှန် ဒီသေရည်က အတိဒုက္ခစမ်းသပ်ချက် သုံးကြိမ်ဖြတ်ကျော်ထားတဲ့ ဝိဇ္ဇာဝိညာဉ်သစ်ပင်ရဲ့ သစ်ရည်ကို အသုံးပြုပြီးတော့ ကျိုချက်ထားတာ။ အဲဒါကို ထာဝရရှင်သန်သူတွေရဲ့ ဝတ်ရည်လို့ သတ်မှတ်ကြတယ်။ အဲဒါကို သောက်လိုက်ရင် မူးပြီး အိပ်မက် မက်နေသလိုမျိုး ဖြစ်သွားစေတယ်။

ဒီသေရည်နဲ့ ပတ်သက်လာရင် ကျွန်တော် အဖေက အရမ်းဂရုစိုက်တယ်။ သူက ဒါကို ထူးခြားတဲ့ ပွဲလမ်းသဘင်တွေမှာပဲ သောက်တာ။

ကျွန်တော် နည်းနည်းခိုးလာခဲ့တာ။ တကယ်လို့ မိသွားမယ်ဆိုရင်လည်း ရိုက်နှက်တာကို ခံနိုင်လောက်ပါတယ်။

ညီအစ်ကိုရှန် သောက်ကြည့်မလားဟင်”

သေရည်က လူတစ်ယောက်၏ စစ်မှန်သော ပုံစံကို ယူဆောင်လာပေးသည်။ သူတို့က ယခု အတူတူ စားသောက်နေပြီဖြစ်သည့်အတွက် ရှီလင်းက စိတ်အေးသွားသည်။

သူက သေရည်ကို စပြီးကြွားဝါနေသည့်အတွက် သူက ကောင်းမွန်သော သေရည်ကို အရမ်းတန်ဖိုးထားပုံရသည်။

သူက ဖန်ခွက်ကို မြှောက်ကာ ရှန်ထျန်းဆီသို့ ကမ်းပေးလိုက်သည်။

ရှန်ထျန်းက ဖန်ခွက်ကို လက်ခံကာ ပြောလိုက်သည်

“ ညီအစ်ကိုရှီ ကျေးဇူးတင်ပါတယ်”

ရှန်ထျန်းက ဝိုင်ကို အဲလောက်ထိ မနှစ်သက်ပေ။ သို့သော် သူက တခြားသူများ၏ ပျော်ရွှင်မှုကို မဖျက်စီးချင်ပေ။ သူက မျက်နှာဖုံးကို ချွတ်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ အဆုံးမဲ့ ဝိညာဉ်ချီက သူ့ ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေသည်ဟု ခံစားရသည်။

“ မွှေးကြိုင်ပြီး ချောမွေ့တယ်။ ဒါက တကယ်ကို ကောင်းမွန်တဲ့ဝိုင်ပဲ”

ရျန်ထျန်းက အပြုံးဖြင့် ချီးကျူးလိုက်သည်။ သို့သော် လူအားလုံး အထူးသဖြင့် အမျိုးသမီး ပါရမီရှင်များကို သူ့ကို မိန်းမောစွာ စိုက်ကြည့်နေသည်ကို သတိထားလိုက်မိသည်။ သူတို့က လုံးဝ ပြုစားခံလိုက်ရပြီဖြစ်သည်။

စားပွဲပေါ်မှ မျက်နှာဖုံးကို သတိထားမိပြီး ဘာတွေဖြစ်သွားလဲဆိုတာကို ရှန်ထျန်း သဘောပေါက်သွားသည်။

ဟင်း…ထပ်ပြီးတော့…

ငါ ခံရတာ နည်းတောင် နည်းသေးတယ်။ ငါ့ရဲ့ ဆွဲဆောင်မှုကို လက်လွတ်စပယ် မဖော်ပြသင့်ဘူး

ဝုန်း…

ရှီလင်း၏ ဝိုင်ခွက်က စားပွဲပေါ်သို့ မှောက်ကျသွားသည်။

သူက သက်ပြင်းချကာ ပြောလိုက်သည်

“ ညီအစ်ကိုရှန်က အရမ်းချောမောတာပဲ။ ညီအစ်ကိုရဲ့ ရုပ်ရည်က တကယ်ကို အံ့ဩမှင်သက်ဖို့ကောင်းတယ်”

ရှီလင်းက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသားတစ်ပါး ဖြစ်သည်။ သူက စွမ်းအားကြီးရုံသာမက အရမ်းလည်း ချောမောသည်။ လူတွေထဲတွင် သူ၏ ပရိသတ်များလည်း ရှိသည်။

သို့သော် ရှန်ထျန်း၏ မျက်နှာကို မြင်ပြီးနောက် သူ နောက်ကောက်ကျနေခဲ့ပြီဟု ခံစားနေရသည်။

ဒီမျက်နှာက ဒီကမ္ဘာလောကမှာ မရှိနိုင်ဘူး။ ကျက်သရေရှိတာထက်ကို ပိုတယ်

သေမျိုးလောကက ဘယ်သူမှ နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး

တခြား အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက ရှီလင်းနှင့် အတွေးတူသည်။

ထိတ်လန့်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အားကျခြင်း၊ ရှုံးနိမ့်ခြင်း…

ငါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လိုမျိုး စွမ်းအား မကြီးရုံတင် မကသေးပဲ ငါ့ရဲ့ ရုပ်ရည်ကပါ နှိုင်းယှဉ်လို့မရဘူးလို့ မထင်ထားခဲ့ဘူး

အင်း…ရုပ်ရည်ကွာခြားချက်က ပိုပြီးတော့ များတယ်လို့ ပြောရမလားပဲ

ထို့နောက် ချီးကျူးသောအသံများထွက်ပေါ်လာကာ ပျော်ရွှင်သော ရယ်သံများဖြင့် အခန်းတစ်ခန်းလုံး ပြည့်နှက်သွားသည်။

လေးစားစရာကောင်းသော ပါရမီရှင်များ စုအုံနေသော ရှန်ထျန်းကို ကြည့်ပြီး ကွေ့ကုန်းကုန်းက ကျေနပ်နေမိသည်။

ဟင်း… ကိုယ်လုပ်တော်လန်သာ ဒီမြင်ကွင်းကို မြင်ခွင့်ရခဲ့ရင်ပေါ့…

စိတ်ကျေနပ်သည်အထိ စားသောက်ပြီးနောက် ပါရမီရှင်များက အဖွဲ့များခွဲကာ ကျိရှားကျောင်းတော်သို့ အမြန်ပြန်သွားသည်။

ယနေ့ ကျိရှားကျောင်းတော်၌ အလွန်ကြီးမားသော လူအုပ်ကြီး ရှိနေသည်။

လူအုပ်ကြီးက အဓိကဝင်ပေါက်များတွင် တိုးဝှေ့နေကြသည်။ ဝင်ပေါက်တွင် လူတန်းအရှည်ကြီး ဖြစ်သွားသည်။ ညဘက်ရောက်သွားသည့်အခါမှာပင် တန်းစီနေသည့် လူတန်းက နည်းနည်းလောက် တိုသွားသည့်ပုံ မပေါ်ပေ။

ရှန်ထျန်းတို့ အဖွဲ့က ကျောင်းစောစော အပ်ချင်သော်လည်း သူတို့၏ သူတော်စင်ဟောင်းများက သူတို့လမ်းကို မသွားရအောင် လုပ်နေခဲ့သည်။

အဲဒီအစား ယခု အလယ်ပိုင်းကုန်းမြေ၏ အထွတ်အမြတ်မြေများမှ မျိုးဆက်တူ တခြားပါရမီရှင်များက သူတို့နဲ့အတူ ရှိနေသည်။

သူတို့ ကျိရှားကျောင်းတောင်သို့ ရောက်ရှိသွားသည့်အခါ ခဏတာ အံ့ဩမှင်သက်သွားရသည်။

ဝမ်ရှန်းယုက အနည်းငယ် မူးဝေသွားကာ ပြောလိုက်သည်

“ မဖြစ်နိုင်ဘူး…ဒီလောက်ထိ ရှည်လျားတဲ့ လူတန်းကြီး။ ငါတို့ လူတွေအများကြီး တန်းစီနေရမှာတော့ မဟုတ်လောက်ပါဘူးနော်”

နယ်မြေငါးခုလုံးရှိ ၆ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်နှင့် အထက်ရှိသူများအားလုံး ဤနေရာတွင် စုဝေးနေကြသည်။ ဤနေရာတွင် လူဘယ်လောက် အများကြီးရှိနေလဲဆိုတာကို စိတ်ကူးယဉ်ကြည့်လို့ရသည်။

ကျိရှားကျောင်းတော်တွင်လည်း ပါရမီရှင်များ မရှားပေ။

ပါရမီရှင်အများကြီးက ကျိရှားကျောင်းတော်မှ တက်ရောက်ချင်သည့်အတွက် သူတို့၏ နာမည်ကို စာရင်းသွင်းဖို့ကပင် အချိန်အတော်ကြာမည်ဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များထဲမှ တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်

“ ရွေးချယ်စရာမရှိဘူး။ ဒါက ကျိရှားကျောင်းတော်ရဲ့ စည်းမျဉ်းပဲလေ။ အားလုံး လိုက်နာရမယ်”

မင်းတို့က စံပြ ပါရမီရှင်တစ်ယောက်ပဲဖြစ်ဖြစ် တော်ဝင်မိသားစုက သူတော်စင်တစ်ယောက်ပဲ ဖြစ်ဖြစ် ကျိရှားကျောင်းတော်ထဲကို ဝင်ချင်တယ်ဆိုရင် သေချာပေါက် တန်းစီရမယ်

အရင်တုန်းက လူအများကြီး မလာခဲ့တဲ့အတွက် တန်းစီဖို့ အချိန်သိပ်ယူစရာမလိုဘူး

ဒါပေမဲ့ ကျိရှားကျောင်းတော်က ကန့်သတ်ချက်တွေကို ဖြည်ချလိုက်တာနဲ့တင် ဒီလိုမျိုး ထူထပ်တဲ့ စာရင်းသွင်းမှု ဖြစ်လာတော့တာပဲ

နယ်မြေငါးခုမှ ပါရမီရှင်များက ဤမြင်ကွင်းကို မြင်ရဖို့အတွက်နှင့် အမြန်ပြေးလာကြသည်။

“ အထဲကို ဝင်ဖို့ ဒီထက်မြန်တဲ့ နည်းလမ်း မရှိတော့ဘူးလား။ ဥပမာအားဖြင့် အနောက်ပေါက်လိုမျိုးပေါ့”

ဝမ်ရှန်းယုက တန်းမစီချင်ခဲ့ပေ။ မြင်နေရသည့် မြင်ကွင်းတစ်ခုထဲကပင် သူ့ကို ခေါင်းကိုက်သွားစေသည်။

“ နောက်ဘက်တံခါးဆိုတာမျိုး မရှိဘူး။ မင်းတို့ဆီမှာ အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားသာ ရှိခဲ့ရင်တော့ ဒီထက် ပိုပြီးတော့ မြန်မြန် သွားလို့ရတယ်”

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက သက်ပြင်းချလိုက်သည်။

အဲဒီနည်းလမ်းက ဖြစ်မှ မဖြစ်နိုင်တာ

အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြား…အဲဒါတစ်ခုလောက် ရဖို့က အဲလောက်ထိ လွယ်ကူနေတာမှ မဟုတ်တာ

လွန်ခဲသော နှစ်ပေါင်တစ်ထောင်ကျော်တုန်းက ရှီထျန်းကျီ ကျိရှားကျောင်းတော်ကို အထူးစာရင်းသွင်းကို ဖိတ်ခေါ်ခံခဲ့ရပြီး အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြား ပေးခဲ့ဖူးသည်။

ရှန်ထျန်းက တွေးဆဆဖြင့် အမှတ်အသားပြား တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်

“ ဒါကို ပြောတာလား”

ရွှေအက္ခရာစာများဖြင့် ဖုံးလွှမ်းနေသော ရွှေအမှတ်အသားပြားတစ်ခု ဖြစ်ပြီး ဆန်းကြယ်ထူးခြားလှသည်။

အမှတ်အသားပြားပေါ်တွင် “လွင်ပြင်”ဆိုသော စာလုံး ထွင်းထားသည်။ လက်ရေးက အရမ်းကောင်းမွန်ပြီး နက်နဲသော အမှန်တရားကို ပိုင်ဆိုင်ထားသကဲ့သို့ ကျက်သရေ ရှိလှသည်။

ထိုအရာကို မြင်ပြီး မဝမ်းသာပဲ မနေနိုင်တော့ပေ။

ယခင်က စစ်ဘုရင် ထွက်မသွားခင် ရှန်ထျန်းကို ရှာဖွေခဲ့သည်။ သူက ဤရွှေအမှတ်အသားပြားကို ပေးပြီး ကျိရှားကျောင်းတော်သို့ ဝင်ရောက်သည့်အခါ အသုံးဝင်လိမ့်မည်ဟု ပြောခဲ့သည်။

ဤအမှတ်အသားပြားကို ဘယ်လိုအသုံးပြုရမည်ဆိုတာကို ရှန်ထျန်းက အရမ်းသိချင်နေခဲ့သည်။

ကြည့်ရတာ ဒါက အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားထင်တယ်

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ၏ မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်

“ ဒါက တကယ်ပဲ အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားလား”

ဤ အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက တော်ဝင်ဆန်သော အိမ်ထောင်စုများမှ ဖြစ်ကြသော်လည်း အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားကို မြင်လည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးပေ။

ထိုအရာက မဟာ နတ်ဧကရာဇ် ဟွမ်ရှစ်၏ ကိုယ်ပိုင်အမှတ်သားပြားဖြစ်ပြီး နှစ်ယောက်မရှိသည့် အာဏာကို ပိုင်ဆိုင်ထားသည်။

ထိုအရာက တစ်စုံတစ်ယောက်၏ ဂုဏ်ပုဒ်နှင့် စွမ်းအားများ ဖြစ်သည်။ ထိုအရာက ကျိရှားကျောင်းတော် အတွင်းတွင် ထူးခြားသော အခွင့်အရေးများ ရရှိသည့်သူကို ချီးမြှင့်ခြင်းဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရှင့်သား ရှီထျန်းကျီနဲ့ တန်းတူပဲ

မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး အထူးအခွင့်အရေးကို ရပါ့မလဲ

ဤ အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားက ဘာကိုဆိုလိုလဲဆိုတာကို အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များ နားမလည်ကြပေ။

သို့သော် ဤအမှတ်အသားပြားက သူတို့ လူတန်းကို ကျော်သွားလို့ ရတယ်ဆိုလျှင် သူတို့ အရမ်းပျော်ရွှင်သွားလိမ့်မည်။

ရှန်ထျန်းက ဦးဆောင်သွားလိုက်သည်။ သူလည်း အချိန်မဖြုန်းချင်ပေ။ လက်ထဲမှာရှိနေသော ဤ အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားဖြင့် သူ ဆရာတစ်ယောက်ကို ရှာဖို့ သွားမည်။

အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြားက အရမ်းအသုံးဝင်သည်။ ကျိရှားကျောင်းတော် ဆရာများပင် ထိုအရာကို အဆင့်မြင့်မြင့် သတ်မှတ်ထားကြသည်။ ထို့ကြောင့် ရှန်ထျန်းတို့အဖွဲ့ကို အလွယ်တကူ ဝင်ခွင့်ပေးလိုက်သည်။

မရေတွက်နိုင်သော ပါရမီရှင်များက ထိတ်လန့်အားကျစွာဖြင့် စိုက်ကြည့်နေပြီး ရှန်ထျန်းတို့အဖွဲ့က အထဲသို့ တိုက်ရိုက်ဝင်သွားသည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များကလည်း အရမ်းကံကောင်းသည်ဟု ခံစားရပြီး တစ်ခါထဲ လိုက်ပါသွားကြသည်။

ရှန်ထျန်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူတို့ ဘယ်လောက်ကြာကြာ စောင့်ရမယ်ဆိုတာကို ဘယ်သူက သိမှာလဲ

အားလုံးက စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

ညီအစ်ကိုရှန် နောက်ကိုလိုက်တာက အမြဲတမ်း ကောင်းတဲ့အရာပဲ

တန်းစီစရာ မလိုဘူးဆိုတော့ ကောင်းလိုက်တာ

ကျိရှားကျောင်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် အထဲမှာလည်း လူတွေအများကြီး ရောက်နှင့်နေပြီဆိုတာကို ရှန်ထျန်းနှင့်အဖွဲ့ သတိထားမိသွားကြသည်။ သူတို့က အပြင်မှာ အကြာကြီးတန်းစီပြီးမှ အထဲသို့ ဝင်လာနိုင်သူများ ဖြစ်ကြသည်။

ခဏအကြာတွင် ဆံဖြူအကြီးအကဲတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

ထိုအကြီးအကဲက အထည်ကြမ်းကို ဝတ်ဆင်ထားပြီး ဟန်ပန်အမူအရာက ခမ်းနားလှသည်။ သူ့အရှိန်အဝါက ပြိုင်ဘက်ကင်းသည်ဆိုတာထက် ပိုလွန်သည်။ သူက လုံးဝ အားနည်းသူ တစ်ယောက် မဟုတ်ပေ။

သူ၏ အားနည်းသော အသံ ထွက်လာသည်

“ နယ်မြေငါးခုက ပါရမီရှင်ငယ်လေးတွေကို ကျိရှားကျောင်းတော်ကနေ ကြိုဆိုလိုက်ပါတယ်။

ငါက မင်းတို့ရဲ့ အတန်းပိုင်ပဲ။ ငါ့ကို အကြီးအကဲစုလို့ ခေါ်နိုင်တယ်။

အခု အချိန်ကစပြီးတော့ မင်းတို့အားလုံးက ကျိရှားကျောင်းတော်ရဲ့ ပြင်ပဂိုဏ်းတပည့်တွေပဲ။

အခု မင်းတို့က ကျိရှားကျောင်းတော်ကို ရောက်နေပြီဆိုတော့ အနားယူလို့ မရတော့ဘူး။ မင်းတို့ သင်ယူပြီး တိုးတက်လာဖို့အတွက် ကိုယ့်ကိုယ်ကို မြှုပ်နှံထားရမယ်။

မင်းတို့ ပိုပြီးတော့ စွမ်းအားကြီးလာမှသာ ရှေ့ဆက်ပြီး လုပ်ဆောင်နိုင်မယ်။ အဲဒီကနေ များပြားတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကိုလည်း ရရှိလာနိုင်လိမ့်မယ်”

ကျိရှားကျောင်းတော်က သင်ယူခြင်းအတွက် မြင့်မြတ်သောမြေတစ်ခု ဖြစ်သည်။ သို့သော် ထိုစည်းမျဉ်းများက တခြားအထွတ်အမြတ်မြေများနှင့် တူညီလှသည်။ မတူညီသော အဆင့်များလည်းရှိသည်။

မတူညီသော အဆင့်များမှ ကျောင်းသား၊ ကျောင်းသူများက အဆင့်မတူညီသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိမည်ဖြစ်သည်။

ကျိရှားကျောင်းတော်တွင် သာမန်အထွတ်အမြတ်မြေတစ်ခုထက် ပိုပြီးကောင်းသော အရင်းအမြစ်များရှိသည်။ လျှို့ဝှက်ပညာရပ်တွေလည်း အများကြီးရှိပြီး တော်ဝင်ကျမ်းများလည်း တစ်ခုထက်ပိုပြီး ရှိသည်။

ထိုအမွေအနှစ်များက မဟာနတ်ဧကရာဇ်ဟွမ်ရှစ် စုဆောင်းထားခြင်း သို့မဟုတ် သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။

သူ နှစ်ပေါင်းသောင်းချီပြီး စုဆောင်းခဲ့သော ဟွမ်ရှစ်၏ အရင်းအမြစ်များအားလုံးနီးပါး ကျိရှားကျောင်းတော်တွင် ရှိနေသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းမှ သတ်မှတ်ထားသော အဆင့်များကို မှီသည်နှင့် တစ်ပြိုင်နက် ထိုအမွေအနှစ်များကို ရရှိနိုင်သည်။ တော်ဝင်ကျမ်းများလည်း အပါအဝင်ဖြစ်သည်။

အထွတ်အမြတ်မြေ အသီးသီးမှ တော်ဝင်ကျမ်းများက တပည့်ရင်းများအတွက်သာ ဖြစ်သည်။

ထို့အပြင် အဆင့်အမြင့်ဆုံး တားမြစ်အခန်းများက သူတော်စင်များနှင့် သူတော်စင်မများသာ ကျင့်ကြံခွင့် ရှိသည်။

သို့သော် ကျိရှားကျောင်းတော်၏ အမွေအနှစ်များက ထိုကဲ့သို့သော ကန့်သတ်ထားတာမျိုး မရှိပေ။ ကျောင်းသား၊ ကျောင်းသူများသာ လုံလောက်သော အဆင့်သတ်မှတ်ချက်ကို ရရှိပါက အခွင့်အရေးရလာဖို့က အနှေးနှင့်အမြန်ဖြစ်သည်။

ဤရာသီအတွင်း ကျိရှားကျောင်းတော်က နယ်မြေငါးခုတွင် ကျော်ကြားနေသည်။ မရေတွက်နိုင်သော ပါရမီရှင်များ၏ နှလုံးသားထဲတွင် မြတ်နိုးတန်ဖိုးထားရဆုံးသော မြင့်မြတ်သည့် နယ်မြေတစ်ခုဖြစ်လာသည်။

အကြီးအကဲစု၏ စကားများကို ကြားပြီးနောက် ပါရမီရှင်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် ဖြေလိုက်သည်

“ ဟုတ်ကဲ့”

ကျိရှားကျောင်းတော်မှာ တက်ရောက်ခွင့်ရခြင်းက ကျင့်ကြံခြင်း ခရီးစဉ်အတွက် ကားလက်မှတ် မဲပေါက်သလိုမျိုး ခံစားသွားရစေသည်။

ကျင့်ကြံခြင်းမှာ သေချာအားစိုက်ထုတ်ပါက သူတို့၏ အနာဂတ်က အကန့်အသတ်မဲ့လှသည်။

အားလုံးက ဒါကို အခိုင်အမာ ယုံကြည်ထားကြသည်။

All Chapters