← Chapters

ရှန်ထျန်းလား ရှီထျန်းကျီလား

Vol. 29 Ch. 431

ရှန်ထျန်းလား ရှီထျန်းကျီလား

Vol. 29 Ch. 431

အခန်း (၄၃၁) : ရှန်ထျန်းလား ရှီထျန်းကျီလား

ဘေးပတ်လည်ရှိ ပါရမီရှင်များ၏ ချီးကျူးစကားကို နားထောင်ပြီး ရှန်ထျန်း မယုံကြည်နိုင်ဖြစ်လာရသည်။

ရုတ်တရက် ရောင်စုံအလင်းတစ်ခုက ချိုင့်ဝှမ်းကမ္ဘာငယ်လေးထဲတွင် လင်းလက်သွားသည်။ ကောင်းကင်မှ သဘာဝစည်းမျဉ်းများလည်း ဆင်းသက်လာသည်။

ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ တောက်ပသော အံ့ဖွယ်သက်တံပေါ်တွင် မတ်တပ်ရပ်နေသည်။

သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းက အာကာပြင်ကို တစ်စစီဖြစ်စေပြီး အစုလိုက် အပုံလိုက် ပြိုလဲသွားစေသည်။

ဤလူက အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးပုံပေါ်သည်။ သူ၏ အဖြူရောင် အဝတ်အစားများက နှင်းကဲ့သို့ ဖြူဖွေးနေပြီး ထာဝရအရှင် တစ်ယောက်ကဲ့သို့ပင် ထင်မှတ်ရစေသည်။

သူ၏ ပုံစံက အရပ်ရှည်ပြီး သူ၏ မျက်လုံးအိမ်ထဲတွင်လည်း ဆန်းကြယ်သော သင်္ကေတများ လင်းလက်နေသည်။ သူက ဤလောကသို့ ဆင်းသက်လာသည့် စစ်နတ်ဘုရားငယ်ကဲ့သို့ လေဟာနယ်ထဲတွင် ရပ်နေသည်။

အလယ်ပိုင်းကုန်းမြေ အရည်အချင်းရှိသူများကြားထဲတွင် ထိုအမျိုးသားကို မြင်ဖူးသူမှာ မရှားပေ။ ထိုအချိန်တွင် သူတို့က လေးစားစွာဖြင့် ပြောလိုက်ကြသည်

“ အဲဒါသူပဲ ရှီထျန်းကျီ”

“ ဒီ အထွတ်အထိပ်စံပြက တကယ်ကို ပေါ်လာပြီထင်တယ်”

ရှီထျန်းကျီက လေဟာနယ်ထဲတွင် ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်နေသည်။ သူ့ရင်ဘတ်ထဲရှိ ပြိုင်ဘက်ကင်း နတ်ဧကရာဇ် အရိုးက အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်နေကာ သူ့အရှိန်အဝါက အံ့ဩစရာကောင်းလှသည်။

ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးပြီးတော့ တောက်ပနေတယ်

ထိုအရာက ရှီထျန်းကျီ၏ တခြားသူများအပေါ် သက်ရောက်မှု ဖြစ်၏။

သူ့အရှိန်အဝါ ရောက်ရှိသွားသော နေရာက လူတိုင်း တုန်လှုပ်သွားကြသည်။

သူ၏ မျက်လုံးအိမ်က တောက်ပနေပြီး ကမ္ဘာလောက၏ အနက်နဲဆုံးသော အမှန်တရားများ ဖြစ်သည့် အဆုံးမဲ့ နက်နဲသော ဆန်းကြယ်မှုများကို ထုတ်လွှတ်နိုင်သည်။

သူ့ရင်ဘတ်ရှိ နတ်ဧကရာဇ် အရိုးက အဆုံးမဲ့ဖိအားကို ထုတ်လွှတ်နေသည့်အတွက် ကြက်သီးမွေးညင်းပင် ထသွားစေသည်။

တချို့ အားနည်းသော ပါရမီရှင်များက မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။

“ မင်းသား ရှီထျန်းကျီက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ”

ထိတ်လန့်သွားသောသူ တချို့ရှိသည်။ ရှီထျန်းကျီကလည်း ကျောင်းသားအသစ်ဖြစ်သော်လည်း သူ့ရာထူးက ညွှန်ကြားသူများ၏ တစ်စိတ်တစ်ပိုင်းဟု ပြောလို့ရနိုင်သည်။

ကျိရှားကျောင်းတော်သို့ မဝင်ခင်က သူက မဟာနတ်ဧကရာဇ် ဟွမ်ရှစ်နောက်သို့ လိုက်ပြီး ကျင့်ကြံခဲ့သည့်အတွက် သူ့ ခွန်အားက တခြားကျောင်းသားအသစ်များနှင့် လုံးဝ မတူညီသော အဆင့်မှာ ရှိသည်။

အဲလိုလူမျိုးက ဒီလိုမျိုး လူသစ်တွေရဲ့ ကမ္ဘာကို ရောက်လာစရာ အကြောင်းမရှိပါဘူး

ရုတ်တရက် ရှီထျန်းကျီက လှုပ်ရှားလိုက်သည်။ သူ၏ အဖြူရောင်ဝတ်ရုံက လေထဲမှ လွင့်နေရင်း ပထမဆုံး ဝိညာဉ်တောင်ဆီသို့ ရောက်သွားသည်။

တောက်ပသော အံ့ဖွယ်အလင်းတန်းက သူ့နောက်တွင် ဖြတ်ပြေးသွားသည်။ ကမ္ဘာလောက၏ စည်းမျဉ်းများ တုန်လှုပ်သွားကာ လေဟာနယ်လည်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပြိုကွဲသွားသည်။

“ ငါ နားလည်ပြီ”

“ မင်းသားက ပထမဆုံး စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်ချင်နေတာပဲ”

“ ဒီပြိုင်ဘက်ကင်း ပါရမီရှင်က ပထမဆုံး စိတ်ဝိညာဉ်တောင်ကို စိန်ခေါ်မယ်လို့ ထင်မထားခဲ့ဘူး”

ထိုအရာက ကမ္ဘာငယ်ထဲရှိ အသန်မာဆုံး စိတ်ဝိညာဉ်တောင် ဖြစ်သည်။ ချိုးဖျက်ဖို့အတွက် အတိဒုက္ခစမ်းသပ်ချက် လေးကြိမ်ခံယူထားသော ဝိဇ္ဇာအစစ်အမှန်၏ စွမ်းအားမျိုး ရှိဖို့အတွက် လိုအပ်သည်။

သို့သော် ရှီထျန်းကျီက မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ဝိဇ္ဇာအစစ်အမှန်တစ်ယောက်ကို သတ်ခဲ့သည်ဆိုသော သတင်းများလည်း ပျံ့နှံ့နေသည့်အတွက် သူက အင်မတန် စွမ်းအားကြီးလှသည်။

ရှီထျန်းကျီ၏ တိုက်ခိုက်စွမ်းရည်ဖြင့် ပထမဆုံး စိတ်ဝိညာဉ်တောင်ကို ရယူဖို့က မခဲယဉ်းပေ။

လူအများကြီးက ရှန်ထျန်းကို စဉ်းစားမိကြပြီး သူတို့နှစ်ယောက်ကို မနှိုင်းယှဉ်ပဲ မနေနိုင်ကြပေ။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို ဖျက်စီးဖို့အတွက် ၇ခါပဲ တိုက်ခိုက်ခဲ့ရတာ။ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ထိပ်သီးကောင်းကင်အသျှင် တစ်ယောက်နဲ့ နှိုင်းယှဉ်လို့ ရနိုင်တယ်”

“ မင်းသားထျန်းကျီက ပထမဆုံးစိတ်ဝိညာဉ်တောင်ကို ရယူဖို့အတွက် ဘယ်နှစ်ခါ တိုက်ခိုက်ရမလဲဆိုတာကို သိချင်လိုက်တာ”

အားလုံးက သိချင်နေကြသည်။ ရှီထျန်းကျီနှင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကြားတွင် ဘယ်သူက သန်မာလဲဆိုတာကို သိချင်နေသည်။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က ပြိုင်ဘက်ကင်း အရည်အချင်းရှိသော စံပြလူငယ် တစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်း အခြေခံကလည်း ဝိဇ္ဇာအစစ်အမှန်အဆင့် ရှိသည်။

တခြားတစ်ယောက်က အတိဒုက္ခစမ်းသပ်ချက်ကို ခြောက်ကြိမ် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ကို တူဖြင့် ခြေမွခဲ့သော အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်သည်။

ထိပ်သီးနှစ်ယောက်ကြားက တိုက်ပွဲကို ဘယ်သူက မမျှော်လင့်ပဲ နေပါ့မလဲ

အားလုံး၏ အကြည့်က ကောင်းကင်ပေါ်ရှိ ပုံရိပ်ဆီသို့သာ သွားရောက်စုံစည်းနေကြသည်။

ရှီထျန်းကျီက နောက်ဆုံးမှာတော့ လှုပ်ရှားလိုက်သည်။ သူက လက်ဗလာဖြင့် ပထမဆုံး စိတ်ဝိညာဉ်တောင်ဆီသို့ ဦးတည်သွားလိုက်သည်။

လက်သီး၏ အလင်းပြန်မှုမှ ကြောက်စရာကောင်းသော အရှိန်အဝါ ပေါက်ကွဲထွက်သွားကာ ဖျက်စီးနိုင်စွမ်းများကလည်း သိသာထင်ရှားစွာ မြင်နေရသည်။

လက်သီးတစ်ချက်ကြောင့် ကောင်းကင်ဘုံကိုးခုလုံး တုန်ခါသွားသည်။

လက်သီးအလင်းတန်းက မိုင်ပေါင်း သုံးထောင်ကျော်လောက်အထိ ပျံ့နှံ့သွားကာ အဆုံးမဲ့လေဟာနယ်ကို အမှုန်အမွှားအဖြစ် ပြိုကွဲသွားစေသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ဧရာမ လက်သီးအရိပ်က ပထမဆုံး စိတ်ဝိညာဉ်တောင်ကို ထိုးနှက်လိုက်သည်။

ချက်ချင်းပဲ မရေတွက်နိုင်သော ကန့်သတ်ချက်များ ပြိုကွဲသွားကာ ရောင်စုံအလင်းတန်း ထွက်လာပြီး ကမ္ဘာလောကကို တုန်လှုပ်သွားစေသည်။

လက်သီးချက် တစ်ချက်တည်းဖြင့် ပထမဆုံး စိတ်ဝိညာဉ်တောင်၏ ကန့်သတ်ချက်များကို ပြိုကျပျက်စီးသွားစေသည်။ ထိုလက်သီးချက်၏ စွမ်းအားက အင်မတန်ကြောက်ဖို့ ကောင်းလှသည်။

သို့သော် ပထမဆုံး စိတ်ဝိညာဉ်တောင်က အရမ်းထူးခြားလှသည်။ အံ့ဖွယ်အလင်းတန်းက ကောင်းကင်သို့ ပျံသန်းသွားကာ ကောင်းကင်မှ ပြုတ်ကျလာသော မရေတွက်နိုင်သည့် အလင်းတန်းများကို ဖြစ်ပေါ်သွားစေသည်။

ထိုအစီအရင်က အထွတ်အထိပ် စွမ်းအားကြီးသူ ဒီဇိုင်းရေးဆွဲပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။ အတိဒုက္ခစမ်းသပ်ချက် လေးကြိမ်ခံယူထားသည့် ဝိဇ္ဇာအစစ်အမှန်ပင် အလွယ်တကူ မဖျက်စီးနိုင်ပေ။

တောက်ပသော အံ့ဖွယ်အလင်းတန်းက ပထမဆုံးစိတ်ဝိညာဉ်တောင်ကို ပြည့်နှက်သွားစေသည်။ ထိုအရာက မဖျက်စီးနိုင်လောက်အောင် ခမ်းနားလှသည်။

“ အဟမ်း”

ရှီထျန်းကျီက အေးစက်စွာ ချောင်းဟန့်ရင်း ရှေ့တိုးလာကာ သူ့အရှိန်အဝါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထပ်မံတိုက်စားသွားပြန်သည်။

သူ့ရင်ဘတ်ရှိ နတ်ဧကရာဇ်အရိုးက လင်းလက်သွားကာ ပြိုင်ဘက်ကင်း ကြောက်စရာကောင်းသော ခွန်အားက ပေါက်ကွဲထွက်သွားသည်။

ကြောက်စရာကောင်းသော အံ့ဖွယ်စွမ်းကားက ဒေါသကြီးသော လှိုင်းလုံးများကဲ့သို့ ထိုးဖောက်ထွက်လာကာ ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ယောက်ပင် သေမျိုးလောကသို့ ဆင်းသက်လာသလိုမျိုး ခံစားလိုက်ရသည်။

ပြိုင်ဘက်ကင်း အရှိန်အဝါ ပေါက်ကွဲထွက်နေရင်း ရှီထျန်းကျီ၏ လက်ထဲတွင် အံ့ဖွယ်အလင်းတန်းက လည်ပတ်နေသည်။

သူက ကမ္ဘာလောကကို တုန်လှုပ်စေနိုင်သည့် ကပ်ဘေးလက်သီးကို ထုတ်လွှတ်လိုက်သည်။

နေနှင့် လတို့က မှေးမှိန်နေကာ အဆုံးမဲ့လက်သီးက အရာအားလုံးကို တစ်စစီလုပ်လိုက်သလိုမျိုး ဖြစ်နေသည်။

နတ်ဧကရာဇ် အရိုးက ကြီးမားလာသောကြောင့် ရှီထျန်းကျီ၏ တိုက်ခိုက်မှုများက မရပ်တန့်နိုင်ပေ။

မရေတွက်နိုင်သော အလွှာများက ရုတ်တရက် ပျက်စီးသွားသည်။

ဝုန်း…

ဝုန်း…

ရှီထျန်းကျီက တစ်ခါထပ်မံ တိုက်ခိုက်ကာ ပထမဆုံး စိတ်ဝိညာဉ်တောင်ကို နှစ်ခါ ထိုးနှက်လိုက်သည်။

ထိုအသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အတွက် နှလုံးသားက ပြင်းထန်စွာ တုန်ခါနေကာ ပေါက်ကွဲထွက်တော့မလိုမျိုး ခံစားရသည်။

အားနည်းသော ပါရမီရှင်များ၏ မျက်နှာက ထိုလက်သီးချက်မှ ထွက်ပေါ်လာသော စွမ်းအားကြောင့် ဖျော့တော့လာကာ သူတို့၏ ခန္ဓာကိုယ်များလည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ

အကြွင်းအကျန်အဖြစ် ကျန်ရှိသော စွမ်းအားကပင် လူအများကို ထိတ်လန့်တုန်လှုပ်သွားဖို့ လုံလောက်သည်။

ဆက်တိုက် ခံနေရမည်ဆိုပါက သာမန်ဝိဖ္ဇာများပင် ခံနိုင်ရည်ရှိတော့မည် မဟုတ်ပဲ လက်သီးတစ်ချက်ဖြင့် သေသည်အထိ ချေမွခံလိုက်ရမည်ဖြစ်သည်။

ရှီထျန်းကျီ၏ နိုင်လိုမင်းထက်ပြုမူသော တိုက်ခိုက်မှုများအောက်တွင် ပထမဆုံး စိတ်ဝိညာဉ်တောင်ပင် မခံနိုင်ပေ။ အဆုံးမဲ့စည်းမျဉ်းများ ပြိုကွဲသွားကာ အစီအစဉ် အချိတ်အဆက်များလည်း ချေမွခံလိုက်ရသည်။ အံ့ဖွယ်အလင်းတန်းက လုံးဝ မှေးမှိန်သွားသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။

အသန်မာဆုံးသော စိတ်ဝိညာဉ်တောင်က နောက်ဆုံးတွင် ပြိုကျပျက်စီးသွားသည်။

စံပြများအားလုံးက ဤမြင်ကွင်းကြောင့် နှလုံးသားများပင် တုန်ရီသွားသည်။

ရှီထျန်းကျီ၏ တိုက်ခိုက်စွမ်းရည်က အင်မတန် ကြောက်ဖို့ကောင်းလှသည်။

သူက ပထမဆုံး စိတ်ဝိညာဉ်တောင်ကို ၃ ခါပဲ တိုက်ခိုက်ပြီးတော့ အောင်မြင်သွားတာလား

ဘာလက်နက်မှတောင် မသုံးပဲနဲ့ သူ့ခွန်အားက လေးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို ယှဉ်နိုင်တာလား

ရှီထျန်းကျီရဲ့ ခွန်အားအစစ်အမှန်က ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ဘယ်သူက သိမှာလဲ

သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားက ငါးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်  ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကိုတောင် နှိုင်းယှဉ်နိုင်လောက်မလားပဲ။ ဒါမှမဟုတ် ပိုပြီးတော့ သန်မာတဲ့ ခြောက်ကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်နဲ့ နှိုင်းယှဉ်နိုင်မှာလား

သူက အရမ်းကြောက်ဖို့ကောင်းလှသည်။

စံပြတစ်ယောက်ကတော့ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကလည်း တကယ်ကို ပြိုင်ဘက်ကင်းပဲ

အားလုံးက လေထဲရှိပုံရိပ်ကြောင့် အံ့ဩမှင်သက်နေကြသည်။

သို့သော် စိတ်ဝိညာဉ်တောင်ကို အနိုင်ယူပြီးလျှင်ပင် ရှီထျန်းကျီ၏ မျက်နှာထားက မပြောင်းလဲပေ။ သူက ပထမဆုံး စိတ်ဝိညာဉ်တောင်ကို လျစ်လျူရှုပြီး ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လား”

သူ၏ မျက်လုံးအိမ်များကလည်း လင်းလက်တောက်ပနေသည်။

ရှီထျန်းကျီ၏ မျက်နှာထား ပြောင်းလဲသွားသော်လည်း သူ့ အရှိန်အဝါကတော့ ပြိုင်ဘက်ကင်းစွာ ဖျက်စီးနိုင်စွမ်းရှိဆဲ ဖြစ်သည်။

ကြောက်စရာကောင်းသော ဖိအားက ပြင်းထန်သောမုန်တိုင်းကဲ့သို့ အဆုံးမဲ့ ပြင်းထန်သော လေများဖြင့် တိုက်ခတ်သွားသည်။

ရှန်ထျန်း၏ မျက်နှာထားက မပြောင်းလဲပေ။ သူက ထိုအရှိန်အဝါကြောင့် ဘာအကျိုးသက်ရောက်မှုကိုမှ မခံစားရပဲ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မားမားမတ်မတ်ရှိနေဆဲ ဖြစ်သည်။ သူ့အကြည့်များကလည်း တောက်ပနေကာ နွေးထွေးစွာ ပြုံးပြနေရင်း ပြောလိုက်သည်

“ ဟုတ်ပါတယ် ကျွန်တော်က ရှန်ထျန်းပါ”

သူတို့ အကြည့်ချင်းဆုံသွားသည့်အခါ ပုံစံမဲ့ အံ့ဖွယ်စွမ်းအားအချင်းချင်း တိုက်ခတ်မိသွားသည်။

ထိုအခိုက်အတန့်တွင် လေဟာနယ်က စတင်တုန်လှုပ်လာကာ တစ်စချင်းစီ ပြိုလဲသွားသည်။

မမြင်နိုင်သော ဖိအား ပျံ့နှံ့လာသည်ကို စံပြများက ခံစားလိုက်ရသည်။

ဒီပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက်က တွေ့တွေ့ချင်းမှာပဲ စတင် ယှဉ်ပြိုင်တော့မလို့လား

ကံကောင်းစွာဖြင့် အရှိန်အဝါက အလျင်အမြန် ပျောက်ကွယ်သွားသည့်အတွက် တိုက်ခိုက်မှု မဖြစ်ပွားခဲ့ပေ။

ရှီထျန်းကျီ၏ မျက်လုံးများက လေးနက်ပြီး ကြယ်များကဲ့သို့ တောက်ပနေသည်

“ မင်းအကြောင်းကို ဝမ်းကွဲလင်းလုံဆီကနေ ကြားထားပါတယ်။ ဧကရာဇ်က မင်းနဲ့ ပတ်သက်ပြီးတော့ ချီးကျူးတာကိုလည်း ကြားထားပါတယ်။ မင်းက မဆိုးဘူးပဲ”

သူက ရှန်ထျန်းကို ချီးကျူးနေသော်လည်း ရှီထျန်းကျီ၏ သဘောထားက အင်မတန် အေးစက်လှသည်။ မျိုးဆက်တူသူများကြားထဲက ချီးကျူးမှုနှင့်မတူပဲ စီနီယာတစ်ယောက်က ကိုယ့်ထက်ငယ်သူကို အားပေးနေသည့်ပုံစံနှင့် ပိုတူသည်။

ဒီလူက အရမ်းမောက်မာတာ သေချာတယ်

ရှန်ထျန်း ဘာမှမပြောတော့ပေ။ အဲဒီအစား သူက ရှီထျန်းကျီ၏ ဦးခေါင်းကို စိုက်ကြည့်လိုက်သည်။

ရှီထျန်းကျီ၏ ခေါင်းပေါ်တွင် အင်မတန်တောက်ပနေသော ရောင်ဝါစက်ဝန်းတစ်ခု ရှိနေသည်။

ခရမ်းရင့်ရောင် ရောင်ဝါစက်ဝန်းဖြစ်ပြီး လွန်ကဲစွာ တောက်ပနေသည်။

ကျော်ကြားတဲ့ စံပြကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ

ရှန်ထျန်းက သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်သည်။

ဒီလူရဲ့ ကံကြမ္မာက သူ မြင်ထားဖူးတဲ့ ရောင်ဝါစက်ဝန်းတွေထဲမှာ အသန်မာဆုံးပဲ။ သူက နတ်ဘုရားရဲ့ တရားမဝင်သားလို့ ပြောရင် ပိုရာကျမယ်မထင်ဘူး

သူက အသက်ငယ်ငယ်ဖြင့် ကြောက်စရာကောင်းသော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ကောင်းကင်အသျှင် ကျင့်ကြံခြင်းအခြေခံက ဝိဇ္ဇာအစစ်အမှန်နှင့်ပင် နှိုင်းယှဉ်လို့ရနိုင်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နောက်ခံက အရေးကြီးသော်လည်း အံ့ဩမှင်သက်ဖို့ကောင်းသော ကံကြမ္မာ ပမာဏမရှိလျှင် ဘာမှမဖြစ်နိုင်ပေ။

သူ ငယ်ငယ်ကတည်းက ဘယ်လောက်ထိများပြားသော ကံအပြောင်းအလဲ အခွင့်အရေးကို ရခဲ့လဲဆိုတာကို နတ်ဘုရားသာလျှင် သိလိမ့်မည်။

ထိုအရာက မမျှော်လင့်ထားသော ကြွယ်ဝသည့် သီးနှံဖြစ်သည်။

ရှန်ထျန်း၏ နှုတ်ခမ်းများလည်း အပေါ်ကို ကွေးညွှတ်သွားသည်။

ထို့အပြင် ရှန်ထျန်းက ယခင်က များပြားသော အားအင်ကို အသုံးပြုခဲ့သည့်အတွက် အရမ်းမြင့်သော ပုံရိပ်ကို ပိုင်ဆိုင်ထားသည်။

အစတုန်းကတော့ သူက ဒီလူတွေကို ဘယ်လိုလှည့်ဖြားပြီးတော့ သူတို့အာရုံကို ပြောင်းအောင် လုပ်ရမလဲလို့ စဉ်းစားနေတာ

အရာအားလုံးက လွယ်ကူသွားမယ်လို့ ဘယ်သူကထင်ထားမှာလဲ

သူက အားလုံးရဲ့ အာရုံကို ဖမ်းစားလိုက်တယ်

သူက ကံကြမ္မာကောင်းရှိတဲ့ ကံကြမ္မာသားတော်နေရာနဲ့ ထိုက်တန်တယ်။ သူက ငါ့အတွက် တကယ်ပဲ ကံကောင်းခြင်းကို ယူဆောင်လာပေးတာပဲ

ထိုကဲ့သို့ တွေးတောနေရင်း ရှီထျန်းကျီကို အထင်ကြီးသဘောကျခြင်း မရှိပဲ မနေနိုင်တော့ပေ။ သူက သူ၏ အပြုအမူကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ရှီထျန်းကျီကို မဆန့်ကျင်ရဲတော့ပေ။

ခဏတာအတွင်း ပါရမီရှင်များ၏ အမြင်တွင် ရှီထျန်းကျီ၏ အရှိန်အဝါက ပိုလို့ပင် သန်မာလာကာ အားလုံး၏ အာရုံစိုက်ရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပြိုင်ဘက်ကင်းပေမဲ့ အဲလောက်ထိ စွမ်းအားမကြီးဘူး

သူ တဖြည်းဖြည်းနဲ့ အာရုံစိုက်ခံရတာ လျော့ကျလာပြီ

သူ့ရဲ့ ခွန်အားက မဆိုးပါဘူး ဒါပေမဲ့ ဟွမ်ရှစ်ရဲ့ ချီးကျူးမှုနဲ့ မထိုက်တန်ဘူး

ရှီထျန်းကျီက စိတ်ထဲတွင် ရေရွတ်နေသည်။

ထို့နောက် သူက အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး လွှမ်းမိုးခြင်းကို ရပ်တန့်လိုက်သည်။

သူက ရှန်ထျန်းဆီသို့ အမှတ်အသားပြားကို ပစ်ထုတ်ပေးကာ ပြောလိုက်သည်

“ ဒီအမှတ်အသားပြားနဲ့ဆိုရင် မင်း ဧကရာဇ်ဟွမ်ရှစ်ဆီ သွားလည်လို့ရတယ်။ ဒါပေမဲ့ ကောင်လေး ရှေ့လျှောက်လည်း လူမသိသူမသိပုံရိပ်လေးကို ထိန်းသိမ်းထားနော်”

ရှီထျန်းကျီက ရှန်ထျန်းကို ပြင်းထန်စွာ စိုက်ကြည့်ပြီးနောက် ပထမဆုံး စိတ်ဝိညာဉ်တောင်ထဲသို့ ပျောက်ကွယ်သွားသည်။

“ အမ်”

ရှန်ထျန်း အသိဝင်လာသည့်အချိန်တွင် ရှီထျန်းကျီက ထွက်သွားပြီးပြီဖြစ်သည်။

နှမြောစရာပဲ… သူ တစ်ခုခုလောက် ပြောချင်သေးတာကို…

ဥပမာ…သူတို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးတော့ သူတို့ အားလပ်သွားတဲ့အခါ အဖွဲ့ဖန်တီးပြီးတော့ မြေအောက်စခန်းတွေကို အတူတူ လုယက်ကြတာပေါ့ ဆိုတာမျိုးပေါ့…

သူ ဒီလောက်ထိ မြန်မြန်ထွက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အဲလိုမျိုး ကံကြမ္မာရှိတဲ့သူက ချက်ချင်းထွက်သွားတာ နှမြောစရာပဲ

ဒါပေမဲ့ အဆင်ပြေပါတယ်။ ရှေ့လျှောက် အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ

အားလုံးက ကျိရှားကျောင်းတော်မှာ ရှိနေမှာပဲလေ။ သူက ဘယ်လိုလုပ်ပြီးတော့ လွတ်မြောက်နိုင်မှာလဲ

ဟား…ဟား…ဟား…

“ အဲဒီကောင်စုတ်လေးက ဂိုဏ်းတူမောင်လေးကို ခြိမ်းခြောက်သွားတာပဲ”

ရှီထျန်းကျီက ရှန်ထျန်းကို လေထဲမှနေ၍ ခြိမ်းခြောက်သွားသည်ကို ကျန်းယွင်ရှီးမြင်ပြီးနောက် သူမ စိတ်လွတ်လုနီးပါးဖြစ်သွားသည်။

ကျန်းယွင်ထင်သာ သူမကို အချိန်မီ မတားလိုက်နိုင်ပါက သူမ အမြန်ပြေးသွားပြီး တိုက်ခိုက်နေလောက်ပြီဖြစ်သည်။ ကျန်းယွင်ထင်က ချွေးစေးများပင် ထွက်သွားကာ နှုတ်ခမ်းထောင့်ကိုလည်း တွန့်ချိုးသွားမိသည်

“ ယွင်ရှီး ငါတို့ စိတ်အေးအေးထားပြီးတော့ အကြောင်းအရင်းမရှိဘဲ မတိုက်ခိုက် မသတ်ဖြတ်ပဲနေရအောင်။

ငါတို့က အလယ်ပိုင်းကုန်းမြေကို အခုမှ ရောက်လာတာလေ။ ငြိမ်းချမ်းရေးက အရေးကြီးဆုံးအရာပဲ။ ငြိမ်းချမ်းရေးက အရေးကြီးဆုံးအရာပဲ”

တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ချင်ရင် ပြဿနာမရှိဘူး။ အများဆုံး မင်းကို အဲဒီလူနဲ့ ညှိနှိုင်းဖို့ ကူညီပေးလို့ရသေးတယ်

ပြဿနာက ပစ်မှတ်ပဲ

အနည်းဆုံးတော့ မင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာကို မြင်အောင် ကြည့်မှပေါ့

မင်း တိုက်ခိုက်မှာက ဝိဇ္ဇာအစစ်အမှန်နဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ ရှီထျန်းကျီလေ

ဂိုဏ်းတူညီလေးအပြင် ဘယ်သူက သူ့ကို တိုက်ခိုက်နိုင်မှာလဲ

သူက မိန်းကလေးကို မရိုက်နှက်လောက်ဘူးလို့များ တွေးနေတာလား

“ ဟွန့်…”

ကျန်းယွင်ရှီးက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ဒီကောင်စုတ်လေးကတော့…ဂိုဏ်းတူမောင်လေးကတောင် သူ့ကို မစော်ကားတာကို သူက ဘာလို့ ဂိုဏ်းတူမောင်လေးကို ပစ်မှတ်ထားနေရတာလဲ”

ကျန်းယွင်ထင်က ခါးသီးစွာပြုံးရင်း ခေါင်းယမ်းမိသည်။

ရှီထျန်းကျီက ရှန်ထျန်းကို ဘာလို့ ပစ်မှတ်ထားတာလဲဆိုတာကို ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ

ရုတ်တရက် ဝမ်ရှန်းယုက ပြောလိုက်သည်

“ ရှီထျန်းကျီက ဘာလို့ ညီအစ်ကိုရှန်ကို သဘောမကျတာလဲဆိုတာကို သိပြီ”

စံပြများက သိချင်လွန်းသည့်အတွက် ဝမ်ရှန်းယုကို စိုက်ကြည့်ကာ မေးလိုက်သည်

“ ဘာဖြစ်လို့လဲ”

ဝမ်ရှန်းယုက ဆန်းကြယ်စွာဖြင့် ပြုံးလိုက်ပြီး ပြောသည်

“ ဘာလို့လဲဆိုတော့ သူ့နာမည်က ထျန်းကျီဖြစ်ပြီးတော့ အစ်ကိုရှန်ရဲ့ နာမည်က ထျန်းဖြစ်လို့”

စံပြအားလုံး ဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။

ဟီး…ဟီး…ဒါက အဓိပ္ပာယ်ရှိတယ်။ သူတို့လည်း ဘာမှပြန်လည် ချေပတာမျိုး မလုပ်နိုင်ဘူး

မဟာလေဟာနယ် အထွတ်အမြတ်မြေက ကောင်လေးက ဘာလို့ ပေါက်ကရတွေ လျှောက်ပြောနေရတာလဲ

ရှီထျန်းကျီ ထွက်သွားလို့ တော်သေးတာပေါ့ မဟုတ်ရင် ဒီကောင်လေး ပြင်းပြင်းထန်ထန် ရိုက်နှက် ခံရလောက်တယ်

မဟုတ်သေးဘူး ရိုက်နှက်ရုံတင် မဟုတ်သေးဘူး

မဟုတ်ရင် အဲဒီကောင်လေး ရှီထျန်းကျီ ရိုက်နှက်လို့ သေသွားလိမ့်မယ်။ ခွန်အားပိုပြီးရဖို့အတွက် သက်တမ်းကို သုံးလိုက်ရင်လည်း အလကားပဲ

အကြီးအကဲစုက လမ်းလျှောက်ထွက်လာကာ ကျယ်လောင်စွာ ပြောလိုက်သည်

“ ကျောင်းသားအသစ်တွေ ကိုယ်နဲ့ သက်ဆိုင်တဲ့ စိတ်ဝိညာဉ်တောင်ထဲကို ဝင်လို့ရပြီ။ ကျောင်းတော်က ပြင်ဆင်ပေးထားတဲ့ ဆုလာဘ်တွေနဲ့ အဆင့်အမှတ်အသားပြားတွေက အထဲမှာ ရှိနေပြီးသား။

ဘယ်စိတ်ဝိညာဉ်တောင်ကိုမှ မဖွင့်နိုင်ခဲ့တဲ့ ကျောင်းသားတွေကတော့ ကိုယ့်ဘာသာကိုယ် တဲထိုးပြီးတော့ နေလို့ရပြီ။ မင်းတို့ကို အချိန်ဇယားပြောပြပေးဖို့အတွက် ဆရာတစ်ယောက် လာလိမ့်မယ်”

အကြီးအကဲစုက စီစဉ်မှုများပြုလုပ်ပေးပြီးနောက် အလျင်စလိုဖြင့် ထွက်သွားသည်။

ဒီမျိုးဆက်၏ ကောင်းကင်ပါရမီရှင်က အရမ်းအံ့ဩမှင်သက်ဖို့ ကောင်းလှသည်။ သူ့အနေဖြင့် တခြားစီစဉ်မှုများ ပြုလုပ်ရန် ကျောင်းတော်၏ ပါရမီရှင်များထံသို့ အသိသွားပေးရမည်ဖြစ်သည်။

အကြီးအကဲစု ပြောသော စကားများကို ကြားပြီးနောက် ပါရမီရှင်အများစုက ဝမ်းနည်းစွာ ငိုကြွေးကြသည်။ သူတို့က စိတ်ဝိညာဉ်တောင်ကို မဖွင့်နိုင်ခဲ့သည့်အတွက် အထဲမှာရှိနေသော များပြားသည့် ဝိညာဉ်ချီများကို ခံစားခွင့် မရှိပေ။

သို့သော် သူတို့၏ အရည်အချင်းများက တခြားသူများထက်နိမ့်ကျနေလျှင် သူတို့လုပ်နိုင်တာ ဘာမှမရှိတော့ပေ။ ထိုစံပြများက အပြင်မှာသာ တဲထိုးသူကထိုး အိမ်ဆောက်သူကဆောက် လုပ်ကြတော့သည်။ မဟုတ်လျှင် ယနေ့ညအတွက် လမ်းပေါ်မှာ အိပ်ရတော့မည် ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပင်မတပည့်များက ၂၁ လုံးမြောက် စိတ်ဝိညာဉ်တောင်ပေါ်တွင် နေကြသည်။

စံပြများက အင်မတန် အားကျသော်လည်း သူတို့ ဘာမှ မလုပ်နိုင်ပေ။

ထိုပါရမီရှင်များက စိတ်ဝိညာဉ်တောင်တစ်ခုမှ မဖွင့်နိုင်ခဲ့ပေ။

ရှန်ထျန်းက အားလုံးကို နှုတ်ဆက်ပြီးနောက် ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ထဲသို့ ဝင်သွားသည်။

ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ထဲတွင် စိတ်ဝိညာဉ်မြူခိုးများက တသွင်သွင်စီးဆင်းနေသော ရေများကဲ့သို့ ဖုံးလွှမ်းနေသည်။ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်က လေထဲတွင် ပျံ့နှံ့နေကာ လေထုကို စိုစွတ်စေပြီး သန့်စင်သော စိတ်ဝိညာဉ်အရည်ကို သိပ်သည်းသွားစေသည်။

ရှန်ထျန်း အထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်စွမ်းအားပင်လယ်တွင် ရေကူးနေသလိုမျိုး လန်းဆန်းသွားသည်။

ဤနေရာတွင်ရှိသော စိတ်ဝိညာဉ်အဆီအနှစ်က များလွန်းသည့်အတွက် ပြင်ပလောကထက် အကြိမ် ထောင်ပေါင်းများစွာ ကျော်လွန်နေသည်။

ကောင်းကင်ရှိ စိတ်ဝိညာဉ်မြူခိုးက သိပ်သည်းလွန်းသည့်အတွက် ငွေ့ရည်ပင် ဖွဲ့လို့ရနေပြီဖြစ်သည်။

ဤနေရာကို သာမန်လူတစ်ယောက်သာ ဝင်လာပါက သူတို့အခြေတည်အဆင့်သို့ ချက်ချင်း ရောက်ရှိသွားမည်ဖြစ်ပြီး ကျင့်ကြံရေးကို စတင်လို့ရမည်ဖြစ်သည်။

စိတ်ဝိညာဉ်တောင် ၃၆ လုံးထဲတွင် ဒုတိယအဆင့်ရှိသော စိတ်ဝိညာဉ်တောင်ဖြစ်သည့်အတွက် ဤနေရာက အမှန်တကယ် ထူးခြားလှသည်။

“ ဒီနေရာက မဆိုးပါဘူး။ လေထုကလည်း အရမ်းကောင်းတယ်”

ရှန်ထျန်း မတတ်နိုင်ပဲ သက်ပြင်းချလိုက်မိသည်။ ဤနေရာက သူ၏ သူတော်စင်တောင်ထက် ပိုပြီးတော့ ကောင်းမွန်နေသည်။

ထို့အပြင် စိတ်ဝိညာဉ်တောင်ပေါ်တွင် ကျင့်ကြံရေးအတွက် လိုအပ်သော အသုံးအဆောင်အများအပြားရှိသည့်အတွက် ဝယ်ယူဖို့အတွက် အားအင်စိုက်ထုတ်ဖို့ မလိုပေ။

ဒုတိယ စိတ်ဝိညာဉ်တောင် ထိပ်သီးတွင် ခန်းမတစ်ခု ရှိနေသည်။ ခန်းမက တောက်ပခမ်းနားပြီး အဖိုးတန် စိတ်ဝိညာဉ်ရွှေဖြင့် တည်ဆောက်ထားသည်။

ခန်းမထဲတွင် အနားယူရမည့် နေရာရှိသည်။ ခန်းမထဲရှိ စားပွဲပေါ်တွင် အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင် သုံးပင် ရှိနေသည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက် ရှန်ထျန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။

“ ဘယ်လောက်တောင် ရက်ရောလိုက်လဲ။ ကျိရှားကျောင်းတော်က အရမ်းရက်ရောတာပဲ”

ဒါက အကြီးအကဲစု ပြောတဲ့ ဆုလာဘ်တွေပေါ့

အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင် သုံးခုက အင်မတန် တန်ဖိုးရှိလှသည်။ ထိုအရာများကို ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းတစ်ခုဖြင့် လဲလှယ်လို့ရနိုင်သည်။ အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင်သုံးခုကို ရရှိသူတိုင်းက အင်မတန်ပျော်ရွှင်ကြလိမ့်မည် ဖြစ်သည်။

သို့သော် ရှန်ထျန်းက ဂရုမစိုက်ပေ။ သူ့အတွက် မလိုအပ်သောအရာဟု ပြောနိုင်သည်။

ပြီးတော့ သူ့ဆီမှာ ပိုက်ဆံလည်း ရှိနေတာပဲလေ

ရှန်ထျန်းက အမှတ်အသားပြားကို ပိုပြီးတော့ စိတ်ဝင်စားနေသည်။ ရှင်းလင်းသော အမိန့်ပေး အမှတ်အသားပြားတစ်ခုဖြစ်ပြီး “၂”ဆိုသော စာလုံးကို ထွင်ထားသည်။

ထိုစာလုံးကိုမြင်ပြီး ရှန်ထျန်း၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားမိသည်။

ဒီနံပါတ်က နည်းနည်းတော့…

ရှန်ထျန်းက အမှတ်အသားပြား၏ လုပ်ဆောင်ချက်ကို အလျင်အမြန် နားလည်သွားသည်။ ထိုအရာက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို ထိန်းချုပ်သော အမှတ်အသားပြားဖြစ်သည်။

ဤအမှတ်အသားပြားမှတစ်ဆင့် ဒုတိယမြောက် စိတ်ဝိညာဉ်တောင်၏ ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်လို့ ရနိုင်သည်။ အတိဒုက္ခစမ်းသပ်ချက် တစ်ကြိမ်ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်၏ ခွန်အားနှင့် နှိုင်းယှဉ်လို့ရသော ကာကွယ်ရေး အစီအရင်ဖြစ်သည့်အတွက် အသုံးဝင်နေသေးသည်။

ရှန်ထျန်းက ဒုတိယမြောက် စိတ်ဝိညာဉ်တောင်၏ အမှတ်အသားပြားကို ထိန်းချုပ်ပြီးနောက် တောက်ပသော အလင်းတန်းတစ်ခု ထွက်လာသည်။

အချို့အစီအရင်က ရှန်ထျန်း၏ စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။

အကြီးအကဲစုက ပြောသည့်အတိုင်း စိတ်ဝိညာဉ်တောင်ကို ဖွင့်ပြီးနောက် သူတို့ ရတနာများကို ရရုံသာမက အဆင့်ကတ်ပြားများကိုလည်း ရရှိမည်ဖြစ်သည်။

ရှန်ထျန်း အခုချက်ချင်း သင်ယူလိုက်သော အချက်အလက်များက သူ့အကောင့်ထဲသို့ ရောက်ရှိလာသော အမှတ်များဖြစ်သည်။

ပညာသင်နှစ်အတွက် ရမှတ်များက ပြင်ပလောကတွင် ဝိညာဉ်ကျောက်တုံးများနှင့် တူညီသည်။ ထိုအရာများက ကျိရှားကျောင်းတော်တွင် အသုံးအများဆုံး ငွေကြေးစနစ်ရှိသည်။ ထိုအရာများကို ကျင့်ကြံရေးပညာရပ်များ၊ လျှို့ဝှက်ပညာရပ်များ၊ ရတနာများနှင့် အရင်းအမြစ်များကို လဲလှယ်ဖို့အတွက် အသုံးပြုလို့ရသည်။ ထို့အပြင် ကျင့်ကြံရေး အသုံးအဆောင်ပစ္စည်းများကို လဲလှယ်ခွင့်ရှိသည်။

ကျိရှားကျောင်းတော်၏ အမွေအနှစ်က အရမ်းများသည့်အတွက် အုတ်မြစ်ကလည်း စိတ်ကူးမယဉ်နိုင်လောက်အောင် နက်နဲသည်။ ပြီးပြည့်စုံသော နတ်ဧကရာဇ်ကျမ်းနှင့်ပါ လဲလှယ်လို့ရနိုင်သည်။

သို့သော် အရာအားလုံးကို အမှတ်များဖြင့် လဲလှယ်လို့ရပြီး အမှတ်များကလည်း တာဝန်များ ပြီးပြည့်စုံသွားမှသာ ရရှိနိုင်မည်ဖြစ်သည်။

ကျိရှားကျောင်းတော်တွင် အရေးကြီးဆုံးအရာက ရမှတ်ဟု ပြောနိုင်သည်။

ရှန်ထျန်း၏ အမှတ်အသားပြားတွင် ရမှတ် တစ်သိန်းရှိနေသည်။

ဒီလိုမျိုး ရမှတ်ပမာဏနဲ့ဆိုရင် အရမ်းချမ်းသာတယ်လို့ ပြောလို့ရတယ်

အဲလိုရမှတ်နဲ့ဆိုရင် ပြီးပြည့်စုံနဲ့ နတ်ဧကရာဇ်ကျမ်းကို တားမြစ်အခန်းပါ ပါပြီးသား ယူလို့ရနိုင်တယ်

တခြားကျောင်းသားတွေသာ ရသွားမယ်ဆိုရင် သူတို့ရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲလို့ရနိုင်တယ်

ဒုတိယမြောက် စိတ်ဝိညာဉ်တောင်၏ အမှတ်အသားပြားကို မြင်ပြီးနောက် ရှီထျန်းကျီ သူ့ကို ပစ်ပေးခဲ့သော အမှတ်အသားပြားကို ရှန်ထျန်း သတိရသွားရသည်။

ထို့နောက် ထုတ်ယူကာ သေချာလေ့လာလိုက်သည်။

အမှတ်အသားပြားပေါ်တွင် ထူးဆန်းသော သင်္ကေတများပါရှိပြီး အင်မတန် နက်နဲပုံပေါ်သည်။

အမှတ်အသားပြား၏ အလယ်တွင် “သီးခြား” ဆိုသော စာလုံးကို ထင်ထင်ရှားရှားရေးထားပြီး သူ့အရှိန်အဝါက ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြန့်လှပြီး သူ၏ အရည်အချင်း အသိအမှတ်ပြု အမှတ်အသားပြား နှင့် ဆင်တူသည်။

ရှန်ထျန်းက လက်ထဲရှိ အမှတ်အသားပြားကို ပွတ်ကာ ပြောလိုက်သည်

“ ဒါကို အသက်သွင်းပြီးသွားရင် ဟွမ်ရှစ်ကို မြင်နိုင်လောက်တဲ့အထိ မှော်ဆန်တာလား”

ဒါက ဆင့်ခေါ်တဲ့ အမှတ်အသားပြားလား။ ဒါကို အသက်သွင်းလိုက်တာနဲ့ ဟွမ်ရှစ်ကိုယ်တိုင် ဒီကို ရောက်လာမှာလား

ထိုအတွေးကြောင့် ရှန်ထျန်းက နှုတ်ခမ်းများ ကွေးညွှတ်သွားကာ အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ဟွမ်ရှစ်က အရမ်းစွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။

လိုအပ်သော ပြင်ဆင်မှုများကို လုပ်ပြီးနောက် ရှန်ထျန်းက သူ့စွမ်းအားကို အမှတ်အသားပြားထဲသို့ ထည့်လိုက်သည်။

အမှတ်အသားပြားမှ တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအရာက အမှတ်အသားပြားဘေးတွင် ရစ်ပတ်နေကာ ဘောလုံးပုံရိပ်သဏ္ဌာန်ကို ဖန်တီးလိုက်သည်။

ရှန်ထျန်း၏ စိတ်ထဲတွင် ဖြစ်နိုင်ချေမရှိသော အကြံတစ်ခု ထွက်ပေါ်လာသည့်အတွက် သူက တိုးလျစွာ ပြောလိုက်သည်

“ မင်းကို ရွေးလိုက်ပြီ ပီကာချူး”

အင်း ကြည့်ရတာ ဒီဘောလုံးက ပီကာချူးကို ဆင့်ခေါ်တဲ့ ဘောလုံးလေးလိုပဲ

သို့သော် ပီကာချူး ထွက်ပေါ်လာခြင်းမရှိပေ။

အလင်းရောင်လုံးကြီးက ပိုပိုကြီးမားလာပြီး ကြီးမားသော ချောက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းကာ ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုသွားသည်။

ရှန်ထျန်းက အလင်းထဲရှိ ခမ်းနားသော စွမ်းအားကို အာရုံခံမိပြီးနောက် နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ငါ မတုံ့ပြန်နိုင်ခင် ချုံခိုတိုက်ခိုက်ခံလိုက်ရပြီ

အင်း ကောင်းကောင်းပြောရရင် ငါ့အတွက် တုံပြန်ဖို့က အရမ်းရုတ်တရက် ဆန်တယ်

သူ့ရဲ့ မြင်ကွင်း ဗလာဖြစ်သွားကာ သူ့၏ အနေအထားလည်း အလျင်အမြန်ပြောင်းလဲသွားသည်ဟု ရှန်ထျန်းတို့ ခံစားလိုက်ရသည်။

မကြာခင်မှာပင် သူ လေဟာနယ်ထဲသို့ ရောက်ရှိသွားသည်။ အဖြူရောင် အာကာပြင်ထဲတွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေသည်။

ပုံရိပ်နှစ်ခုထဲက တစ်ခုက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ လှံတံကဲ့သို့ ကောင်းကင်ကို ထိုးဖောက်နေသည်။ သူ၏ ခန္ဓာကိုယ်မှ မောက်မာပြီး အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက်လုပ်ပြီးသည့်အခါ အဆုံးမဲ့အံ့ဖွယ်အလင်းက မျက်လုံးထဲတွင် တောက်ပသွားသည်။ သူ့ရင်ဘတ်ရှေ့ရှိ နတ်ဧကရာဇ်အရိုးတွင် ဆန်းကြယ်သော နတ်သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာမှာ ရပ်နေရုံဖြင့် သူက ကမ္ဘာလောက၏ ဗဟိုချက်သဖွယ် ဖြစ်နေသည်။

ဟုတ်တယ်။ ဒီလူက ရှန်ထျန်း သိပ်မကြာခင်က တွေ့ခဲ့တဲ့ အလယ်ပိုင်းကုန်းမြေရဲ့ အထွတ်အထိပ်ပါရမီရှင်ပဲ

တခြားတစ်ယောက်ကတော့ အရမ်းသာမာန်ဆန်သည်။ သူက ပညာရှင်ဆန်သော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက်သုံးဆယ်မှ လေးဆယ်ကြား ရှိနေပုံပေါ်သည်။ ထိုလူ၏ ဘေးပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်နေခြင်း မရှိပဲ သာမန် သေမျိုးကျောင်းသားတစ်ယောက် အသွင်ကို ဆောင်ထားသည်။

သို့သော် သူ သာမန်ဖြစ်သည့်အတွက် ရှန်ထျန်းက သူ့ကို အထင်သေးခြင်း မရှိပေ။

ထိုကဲ့သို့သော ထူးဆန်းသည့်နေရာသို့ သာမန်လူတစ်ယောက် ရောက်ရှိလာသည်ဆိုကတည်းက သူ ဘယ်လောက်ထိ ထူးခြားကြောင်းကို ပြသနေပြီးပြီဖြစ်သည်။

ထို့အပြင် ရှီထျန်းကျီ၏ သဘောထားက ထိုသူ့အပေါ် အရမ်းလေးစားနေသည်။

သူ့ရဲ့ စိတ်မရှည်တတ်တဲ့ပုံစံနဲ့ သူ့ကို အဲလိုမျိုး လေးလေးစားစား ဆက်ဆံနေတယ်ဆိုတော့…

ရှန်ထျန်း ထင်ထားတာသာ မမှားပါက သူက ဟွမ်ရှစ်ပဲ ဖြစ်လိမ့်မယ်

All Chapters