ရှန်ထျန်းနှင့် ရှီထျန်းကျီတို့၏ တိုက်ပွဲ
Vol. 29 Ch. 432
အခန်း (၄၃၂) : ရှန်ထျန်းနှင့် ရှီထျန်းကျီတို့၏ တိုက်ပွဲ
ထိုအရာက ဟွမ်ရှစ် တည်ဆောက်ထားခဲ့သော ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်။
ဟွမ်ရှစ် အသိအမှတ်ပြုသောသူသာ ဤကမ္ဘာထဲသို့ ဝင်ရောက်ခွင့် ရှိသည်။ ဝိဇ္ဇာများပင် ဤနေရာသို့ ကျူးကျော်ရဲခြင်း မရှိပေ။
ဟွမ်ရှစ်က အလယ်ပိုင်းကုန်းမြေတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး နယ်မြေငါးခုတွင်လည်း ကျော်ကြားသူ တစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း သောင်းချီကတည်းက ပြိုင်ဘက်ကင်းအဖြစ် လူသိများခဲ့သည်။
အရည်အချင်းရှိပြီး စွမ်းအားကြီးသော ရှီထျန်းကျီကဲ့သို့သော သူမျိုးပင် ထို ခရမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော သာမန်သာ ဖြစ်ပုံပေါ်သည့် သူကို အရမ်းရိုသေနေပုံပေါ်သည်။
သူက ဟွမ်ရှစ်ရှေ့တွင် လေးစားစွာဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်သည်
“ တော်ဝင်အရှင် ကျွန်တော် အခုတစ်ကြိမ်မတိုင်ခင်တုန်းက ရှန်ထျန်းကို တွေ့ဖူးပါတယ်။ အဲဒီကောင်လေးမှာ အရည်အချင်းတချို့ ရှိနေပေမဲ့ အဲလောက်ထိလည်း အံ့ဩစရာ မကောင်းပါဘူး”
ဟွမ်ရှစ်က ရှန်ထျန်းကို ကျိရှားကျောင်းတော်သို့ ဖိတ်ခေါ်နိုင်ဖို့အတွက် အထူးကျောင်းသားသစ် ခေါ်ယူခြင်းကို ပြုလုပ်ခဲ့သည်။ ရှန်ထျန်းသာ ဆန္ဒရှိပါက အချိန်တစ်ခုကြာအထိ သူကိုယ်တိုင် သင်ပေးနိုင်သည်ဟုပင် ပြောခဲ့သေးသည်။
သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ တော်ဝင်အရှင်တစ်ပါး ဖြစ်၏။ သူက ရှီထျန်းကျီ၏ ယုံကြည်မှုဖြစ်ပြီး မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ လူအားလုံးလည်း သူ့ကို ယုံကြည်ကြသည်။
ရှီထျန်းကျီကဲ့သို့ မယဉ်ကျေးသောသူပင် ဟွမ်ရှစ်ကို စံပြအဖြစ် သတ်မှတ်လေးစားသည်။
တော်ဝင်အရှင်က သူ့ကို ကိုယ်တိုင် သင်ကြားပေးချင်သည်ဟု သူ ပထမဆုံးကြားလိုက်တုန်းက ရှီထျန်းကျီက အရမ်းစိတ်လှုပ်ရှားပြီး ရက်အတော်ကြာ အိပ်မပျော်ခဲ့ပေ။
အဲလိုမျိုး တည်ရှိမှုက ရှန်ထျန်းကို ကိုယ်တိုင် သင်ကြားပေးချင်ပေမဲ့ ရှန်ထျန်းရဲ့ အမြင်ကို အရင်ဆုံး မေးရဦးမယ်တဲ့လား
ရှန်ထျန်း ဆန္ဒရှိရင်ဆိုတာက ဘာကိုဆိုလိုတာလဲ
အဲဒီကောင်လေး ဆန္ဒမရှိတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောချင်တာလား
ဟုတ်တယ် ရှီထျန်းကျီက ရှန်ထျန်းကို ရန်လိုနေတာ
ရှန်ထျန်းက နယ်မြေငါးခု၏ တခြားပါရမီရှင်ထက် သာလွန်သော ထူးခြားသည့် အရည်အချင်းကို ပြသခဲ့သော်လည်း သူက တော်ဝင်အရှင်၏ သဘောကျမှုနှင့် ထိုက်တန်သည်ဟု ရှီထျန်းကျီ မထင်ပေ။
ကျိရှားကျောင်းတော် တည်ထောင်ပြီး နှစ်၅ထောင်အတွင်း ရှန်ထျန်းကို ယှဉ်နိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင် အများကြီး မရှိသော်လည်း ထိုကဲ့သို့သောသူမျိုးကိုလည်း မကြုံဖူးပေ။
သို့သော် ဘယ်သူကမှ တော်ဝင်အရှင် ဟွမ်ရှစ် ရှန်ထျန်းကို ဆက်ဆံသလိုမျိုး အရေးပါသောပုံစံဖြင့် ဆက်ဆံမခံရဖူးပေ။ ရှီထျန်းကျီပင် ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် နောက်ကောက်ကျနေသည်။
အရှင်းဆုံးပြောရလျှင် ရှီထျန်းကျီက တော်ဝင်အရှင်ဟွမ်ရှစ်၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည့်အတွက် မနာလိုဖြစ်မိသည်။
ဟွမ်ရှစ်၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့ကိုကြည့်ရတာ လေကဲ့သို့ ငြိမ်သက်နေသည်။
“ ရှန်ထျန်းက မင်းမြင်နေရသလိုမျိုး မရိုးရှင်းဘူး။ သူ့ရဲ့ အရည်အချင်းကလည်း မင်းထက် မြင့်သလို သူ့ရဲ့ ခွန်အားကလည်း မင်းထက် ကျော်လွန်တယ်”
ရှီထျန်းကျီ အံ့ဩမှင်သက်သွားမိသည်။ တော်ဝင်အရှင်က ရှန်ထျန်းကို ထိုကဲ့သို့ မြင့်မြင့် မြင်ထားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကို တည်ထောင်လိုက်ကတည်းက အသန်မာဆုံးသော အရည်အချင်းရှိသည့် ဒဏ္ဍာရီလာ အထွတ်အထိပ် လူငယ် ဖြစ်သည်။
ရှီထျန်းကျီက ငယ်ငယ်ကတည်းက လူအများ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး သူနှင့် အဆင့်တူသူများကြားထဲတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ရသည်ကိုသာ ပျော်ရွှင်နေခဲ့သည်။ ဘယ်သူမှ သူနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ထိုအရာက သူ၏ ယုံကြည်မှုဖြစ်သည်။
ယခု တော်ဝင်အရှင် ဟွမ်ရှစ်က သူသည် ရှန်ထျန်းထက် နိမ့်ကျသည်ဟု ပြောနေသည့်အတွက် ရှီထျန်းကျီက လက်ခံယုံကြည်ခြင်း မရှိပေ။
ရှီထျန်းကျီက စိတ်ကောက်သွားသည့်ပုံစံဖြင့် ပြောလိုက်သည်
“ သာမန်ရှန်ထျန်းကို ကျွန်တော် လက်ဗလာနဲ့ မဖိနှိပ်နိုင်ဘူးဆိုတာကို မယုံကြည်ဘူး”
ရှန်ထျန်း၏ ဂုဏ်သတင်းက နေရာအနှံ့သို့ ပျံ့နှံ့နေသည်။ သူက ဝိဇ္ဇာအစစ်အမှန်များနှင့် တိုက်ခိုက်ပြီး အနိုင်ရခဲ့သည်ဟုလည်း ပြောကြသည်။
သို့သော် ရှီထျန်းကျီအတွက် ထိုကဲ့သို့သော ချီးကျူးမှုလေးက သူ့ကို စိတ်လှုပ်ရှားစေဖို့အတွက် မလုံလောက်ပေ။
ထို့အပြင် ပြီးခဲ့သောတစ်ခေါက်က ရှန်ထျန်း ထုတ်ပြခဲ့သော တိုက်ခိုက်စွမ်းရည်ကလည်း အများဆုံး အတိဒုက္ခစမ်းသပ်ချက် တစ်ကြိမ်သာ ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်နှင့်သာ နှိုင်းယှဉ်လို့ရနိုင်သည်။ ထိုခွန်အားနှင့်ဆိုလျှင် သူက ရှီထျန်းကျီ၏ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ရှီထျန်းကျီတွင် ပြိုင်ဘက်ကင်း တိုက်ပွဲခွန်အားရှိပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဝိဇ္ဇာအစစ်အမှန်ကို တိုက်ခိုက်ပြီး အနိုင်ရခဲ့သည်။
ဒါဆိုရင် သူ့အတွက် သာမန်အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဖိနှိပ်ဖို့ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူးလား
ဟွမ်ရှစ်က ဘာစကားမှမပြောဘဲ ခေါင်းကိုသာ ဖြည်းဖြည်းချင်း ယမ်းနေသည်။
ရှီထျန်းကျီ၏ ပင်ကိုယ်စွမ်းရည်က မဆိုးသော်လည်း သူက အရမ်းမောက်မာသည်။ ထိုအရာက သူ၏ အနာဂတ် တိုးတက်မှုအတွက် မကောင်းပေ။
ကိုယ့်ထက် သန်မာတဲ့သူတစ်ယောက် အမြဲတမ်းရှိနေတယ်ဆိုတာကို သိထားရမည်။ နယ်မြေငါးခုတွင် သူ စိုးရိမ်နေသော ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များစွာ ရှိနေသည်။
သူသာ အရမ်းမောက်မာပြီး ယုံကြည်မှု လွန်ကဲနေပါက ထိုအရာက သူ့ကို ပြန်ပြီးအဟန့်အတားဖြစ်စေနိုင်သည်။ အနာဂတ်တွင် အကြီးအကျယ် ခံစားသွားရနိုင်သည်။
ထိုအခိုက်အတန့်တွင် လေဟာနယ် ထိုးဖောက်ထွက်လာကာ ရှန်ထျန်း၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်က အချင်းချင်း အာရုံခံမိကြကာ အကြည့်ချင်း သွားဆုံသည်။
ရှီထျန်းကျီက မျက်မှောင်ကြုတ်ထားသည်။ ရှန်ထျန်းအကြောင်း ပြောနေချိန်တွင် သူ ရောက်လာလိမ့်မည်ဟု ထင်မထားပေ။
သူတို့နှစ်ယောက်ကို ကြည့်လိုက်ရင်း ရှန်ထျန်းက ပြုံးကာ ရှေ့တိုးလာပြီး လက်အုပ်ချီရင်း လေးစားစွာ ပြောလိုက်သည်
“ နှုတ်ခွန်းဆက်သပါတယ် တော်ဝင်အရှင် ဟွမ်ရှစ်”
ရှန်ထျန်း၏ အပြုအမူက ဂုဏ်မောက်ခြင်းမရှိသလို လောကြီးခြင်းလည်း မရှိပဲ ယဉ်ကျေးလှသည်။ ထို့အပြင် သူ့ရှေ့မှာ ရှိနေသောသူက နယ်မြေငါးခုလုံးကို လွှမ်းမိုးနိုင်ပြီး ထိပ်ဆုံးတွင် ရှိသော အထွတ်အထိပ်ပါရမီရှင် တစ်ယောက်ဖြစ်သည်။
သူက သာမန်ဖြစ်ပုံပေါ်သော်လည်း သူ့ခွန်အားနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထို့ကြောင့် ဟွမ်ရှစ်က ကမ္ဘာလောကကို ဂရုစိုက်ပြီး နယ်မြေငါးခု၏ အစောင့်အရှောက် တစ်ပါးလည်းဖြစ်သည်။ သူက လေးစားမှုနှင့် ထိုက်တန်လှသည်။
ပြိုင်ဘက်ကင်း ပါရမီရှင်နှင့် မျက်နှာချင်းဆိုင်လျှင် ရှန်ထျန်း ရိုင်းပျခြင်း မရှိပေ။
အမှန်တော့ အဓိက အကြောင်းအရင်းက သူ အနိုင်မရနိုင်လို့ပဲ
“ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”
သူ၏ အကြည့်တို့က ရှန်ထျန်းဆီသို့ ရောက်နေပြီး ဟွမ်ရှစ်က ပြုံးလိုက်မိသည်။ သူ့မျက်နှာက အကြီးအကဲတစ်ယောက်၏ ကြင်နာမှုတို့ဖြင့် ပြည့်နှက်နေသည်။
သို့သော် ရှီထျန်းကျီ မပျော်ပေ။ သူ့စိတ်ထဲမှ မကျေနပ်မှုက မျက်နှာပေါ်တွင် အထင်းသားပေါ်နေသည်။
ရှီထျန်းကျီက ရှန်ထျန်းဆီသို့ လမ်းလျှောက်လာကာ ပြောလိုက်သည်
“ ရှန်ထျန်း ငါ့နဲ့ တိုက်ခိုက်”
သူက ရှန်ထျန်းကို တိုက်ခိုက်ချင်နေပြီး ဘယ်သူက သန်မာပြီး ဘယ်သူက ပျော့ညံ့လဲဆိုတာကို မြင်ချင်နေသည်။
ရှန်ထျန်း အံ့ဩမှင်သက်သွားသည်။ သူက တိုက်ခိုက်လိုစိတ်ပြင်းပြနေသော ရှီထျန်းကျီကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားမိသည်။
အဲဒီကောင်လေး ဘာဖြစ်နေတာလဲ။ သူ့ကြည့်ရတာ ယမ်းမှုန့်စားထားသလိုပဲ။ ငါနဲ့တွေ့ပြီးတော့ တိုက်ခိုက်ဖို့ စိန်ခေါ်ချင်နေတာလား
ရှန်ထျန်းက သတိထားကာ ခေါင်းယမ်းလိုက်ပြီး သူ့ကို ရှင်းထုတ်ချင်သည့်ဆန္ဒကို ဖယ်ထုတ်လိုက်သည်။
“ ညီအစ်ကိုထျန်းကျီ ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံတာ မဟုတ်ပေမဲ့လည်း ကျွန်တော်တို့ တွေ့တဲ့ အချိန်တိုင်းမှာ တိုက်ခိုက်နေလို့ မရဘူးလေ”
ရှန်ထျန်းက အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ ရှန်ထျန်းက သူ့ကို ငြင်းလိမ့်မည်ဟု ထင်မထားပေ။
ကျင့်ကြံခြင်းဆိုတာက ရေစီးကြောင်းကို ဆန့်ကျင်ပြီးတော့ ရွက်လွှင့်နေရသလိုပင် ဖြစ်သည်။ တိုက်ခိုက်ခြင်းက ကျင့်ကြံသူများ တိုးတက်လာဖို့အတွက် အကောင်းဆုံးနှင့် အမြန်ဆုံး နည်းလမ်းဖြစ်သည်။
ရှီထျန်းကျီက ရှန်ထျန်း၏ ငြင်းဆိုချက်ကို မတုံ့ပြန်တော့ပေ။
စိန်ခေါ်မှုတွေကို ငြင်းဆိုတဲ့သူတွေက အရမ်းသန်မာပြီးတော့ အားနည်းတဲ့သူတွေရဲ့ စိန်ခေါ်တာကို မခံချင်လို့ ဖြစ်နိုင်သလို
သူတို့က အရမ်းအားနည်းလို့ သူတို့လက်ခံလိုက်ရင် ရိုက်နှက်ခံရမှာကို ကြောက်လို့လည်း ဖြစ်နိုင်တယ်
ရှီထျန်းကျီ ခံစားမိသည်က ရှန်ထျန်းက ပထမတစ်ခုတော့ သေချာပေါက် မဟုတ်ဟု ခံစားမိသည်။
ထိုအတွေးကြောင့် ရှီထျန်းကျီက တည်ငြိမ်စွာ ပြောလိုက်သည်
“ အများဆုံးအနေနဲ့ ငါ့ရဲ့ ကျင့်ကြံဆင့်ကို မင်းရဲ့အဆင့်ထိ ဖိနှိပ်ထားပေးမယ်”
ကျင့်ကြံဆင့်တူဖြင့် တိုက်ခိုက်လျှင် မျှတသည့်အတွက် ရှန်ထျန်း သူ့ကို ငြင်းလိမ့်မည်ဟု ရှီထျန်းကျီ မထင်ပေ။
သို့သော် ရှန်ထျန်းက ခေါင်းယမ်းပြကာ ငြင်းဆိုလိုက်သည်
“ ညီအစ်ကို ထျန်းကျီ မေ့လိုက်ပါတော့”
သူက တခြားသူများကို သူတော်ကောင်းတရားဖြင့်သာ အမြဲတမ်း အနိုင်ရခဲ့ပြီး တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို မုန်းတီးသည်။ အထူးသဖြင့် ကံကြမ္မာကောင်းရှိသောသူများနှင့် တွေ့ဆုံသည့်အခါ ပိုမို မုန်းတီးသည်။
ဒီကောင်စုတ်လေးကို မတော်တဆ အပြင်းအထန် ရိုက်နှက်လိုက်မိပြီးတော့ အဲဒီကောင်လေးက သူ့ကို အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ
ဒါဆိုရင် အနာဂတ်မှာ သူက သူတို့ကို ဘယ်လိုလုပ်ပြီးတော့ အခွင့်ကောင်း ယူလို့ရမှာလဲ
သူက ကံကြမ္မာသားတော် တစ်ယောက်ဖြစ်သည့်အတွက် ရှန်ထျန်းအနေဖြင့် ဘာအမှားမှ မလုပ်မိချင်ပေ။
ထိုအတွေးကြောင့် ရှီထျန်းကျီ ဘယ်လောက်ပဲ ပြောနေပါစေ ရှန်ထျန်းက ခေါင်းယမ်းပြီး ငြင်းဆိုနေခြင်းဖြစ်သည်။
ရှီထျန်းကျီက ဒေါသထွက်သွားသည့်အတွက် ခြေဆောင့်လိုက်သည်။ ရှန်ထျန်းက အရမ်းကျိုးနွံပြီး သူ့ စိန်ခေါ်မှုကို လက်မခံဘူးဟု မထင်ခဲ့ပေ။
ဟွမ်ရှစ်သာ ရှိမနေပါက သူက ရှန်ထျန်း အတင်းတိုက်ခိုက်လာအောင် ဖိအားပေးမည်ဖြစ်သည်။
ထိုအချိန်တွင် တော်ဝင်အရှင်ဟွမ်ရှစ်က ပြုံးပြီး ပြောလိုက်သည်
“ ရှန်ထျန်း မင်းနိုင်ရင် မင်းကို နတ်ဧကရာဇ် ဆေးပင်ပေးမယ်”
နတ်ဧကရာဇ် ဆေးပင်တဲ့လား
ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားကာ ပြောလိုက်သည်
“ ညီအစ်ကို ထျန်းကျီက တိုက်ခိုက်ဖို့ တောင်းဆိုနေမှတော့ သေချာပေါက် ဆန္ဒကို ဖြည့်စည်းပေးရမှာပေါ့။ ညီအစ်ကိုထျန်းကျီနဲ့ တိုက်ခိုက်ရမှာ ဝမ်းသာပါတယ်”
ရှန်ထျန်းက ရှီထျန်းကျီကို စိုက်ကြည့်ပြီး သူ့စကားများ ကြောင့် စိတ်လှုပ်ရှားသလိုမျိုး ပြုမူနေသည်။
ရှီထျန်းကျီ ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။
အဲဒီကောင်လေးက စောနကပဲ ငါ့ကို ဆက်တိုက်ငြင်းနေခဲ့တာ မဟုတ်ဘူးလား။ ငါတို့ရဲ့ ဆက်ဆံရေးကိုတောင် ထိခိုက်မှာ ကြောက်နေတဲ့ပုံစံမျိုး ဖြစ်ခဲ့သေးတယ်
သူ့ကို စည်းရုံးဖို့အတွက် အားအင်တွေအများကြီး စိုက်ထုတ်ခဲ့ရပေမဲ့ သူ သဘောမတူခဲ့ဘူး။ ရတနာ ရှိတယ်လည်း ကြားရော ချက်ချင်း စိတ်လှုပ်ရှားသွားပြီးတော့ ငါနဲ့တိုက်ခိုက်ဖို့ သဘောတူလိုက်တယ်တဲ့လား
အဲဒီကောင်စုတ်လေးက ငါနဲ့ တိုက်ခိုက်ချင်နေတာ မဟုတ်ဘူး။ နတ်ဧကရာဇ် ဆေးပင်ကို လိုချင်ရုံပဲ
ရှီထျန်းကျီက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကြာပြာ ကောင်းကင်အသျှင်အကြောင်းကို ကြားဖူးထားသည်။ ရှန်ထျန်းကလည်း သူ့ဆီကနေ အများကြီး သင်ယူခဲ့ပုံပေါ်သည်။
ရှန်ထျန်း၏ မျက်နှာ နီရဲနေခြင်း မရှိသလို သူ့နှလုံးသားလည်း ခုန်မနေပေ။ သူ့မျက်နှာထားက လုံးဝ ပုံမှန်ဖြစ်သည်။
ဟုတ်တယ် ငါက ရှီထျန်းကျီနဲ့ အမှတ်တွေကို လဲလှယ်ချင်ရုံပဲ။ နတ်ဧကရာဇ်ဆေးပင်ကြောင့် မဟုတ်ဘူး
ငါက ရတနာတွေကို မစွဲလမ်းဘူး
ဒါပေမဲ့ တစ်ယောက်ယောက် ပေးချင်တယ်ဆိုရင်တော့လည်း ငါ မူနေမှာ မဟုတ်ဘူး။ ငါ့ရဲ့ ရတနာသိုက်ထဲမှာ နတ်ဧကရာဇ်ဆေးပင်တောင် မကျန်တော့ဘူးလေ
ရှန်ထျန်း၏ အပြုံးကို မြင်သွားသည့်အခါ ရှီထျန်းကျီ၏ မျက်နှာထား အေးစက်သွားရသည်။
နတ်ဧကရာဇ် ဆေးပင်ကို အလကားရတော့မဲ့အတိုင်း အရမ်းကို လွယ်လွယ်ကူကူနဲ့ သဘောတူလိုက်တာပဲ
မင်း သေချာရော ကြားရဲ့လား။ ငါ့ကို အနိုင်ရသွားမှ အဲဒီဆုကိုရမှာနော်
သူက ငါ့ကို အထင်သေးနေတာပဲ
ရှီထျန်းကျီက အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်သို့ ပျံသန်းသွားသည်။
“ ရှန်ထျန်း ငါ့ကို တိုက်ခိုက်” ရှီထျန်းကျီက အော်ပြောလိုက်သည်။ ရှန်ထျန်းက သူ့ကို ဘယ်လိုတိုက်ခိုက်ရဲမလဲဆိုတာကို မြင်ချင်နေသည်။
ရှန်ထျန်းက ပြုံးကာ ကောင်းကင်၏ တခြားတစ်ဖက်သို့ ခြေလှမ်းခပ်ဖွဖွသာ လှမ်းလိုက်သည်။
ရှန်ထျန်းက မလှုပ်ရှားခင် ပြုံးပြီး ပြောလိုက်သည်
“ ညီအစ်ကို ထျန်းကျီ ဒါကို မိတ်ဆွေဖြစ် တိုက်ခိုက်တာလို့ သတ်မှတ်လို့ရတယ်။ ကျွန်တော်တို့ အနိုင်ရသူပေါ်တာနဲ့ ရပ်တန့်လိုက်ရင် ဘယ်လိုလဲ။ သတ်ဖြတ်ဖို့အတွက်တော့ မတိုက်ခိုက်ကြရအောင်”
ရှန်ထျန်းက သူ၏ အခွင့်ကောင်းယူမည့် အစီအစဉ်ကို မမေ့နိုင်သေးပေ။
“ စကားတွေ ပြောမနေနဲ့တော့ တိုက်ခိုက်ရအောင်”
ရှီထျန်းကျီက အရင်ဆုံး စပြီးတော့ တိုက်ခိုက်လိုက်သည်။ ပထမဆုံး လက်သီးထိုးနှက်ချက်က ကောင်းကင်ဘုံကိုပင် တုန်ခါသွားစေသည်။
ထိုအခိုက်အတန့်တွင် လေဟာနယ် ပြိုကွဲသွားသည်။
များပြားစွာ ဒဏ်ရာရရှိစေသော သို့မဟုတ် ဝိဇ္ဇာကို သတ်ဖြတ်နိုင်သော ကြောက်စရာကောင်းသည့် စွမ်းအားပါရှိသော သာမန်လက်သီးထိုးနှက်ချက်တစ်ခုသာ ဖြစ်သည်။
သို့သော် ရှီထျန်းကျီ၏ တိုက်ခိုက်မှု ရှန်ထျန်းအပေါ်သို့ ကျလုဆဲဆဲတွင် ရှန်ထျန်း၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
မိုးကြိုးက သူ့ခြေထောက်အောက်တွင် လင်းလက်နေကာ သူ့ပုံရိပ်က လျင်မြန်သော အရိပ်မှ မိုးကြိုးအသွင်ပြောင်းပြီး တခြားတစ်ဖက်တွင် ချက်ချင်းပေါ်လာသည်။
ရှီထျန်းကျီ၏ တိုက်ခိုက်မှုက ချက်ချင်းလွဲချော်သွားပြီး လေဟာနယ်ထဲတွင် ကြီးမားသော အပေါက်တစ်ခုကို ဖြစ်ပေါ်သွားစေသည်။
သို့သော် သူက အသိမြန်မြန်ဝင်ကာ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ရှန်ထျန်းရှိရာသို့ ဦးတည်ထားလိုက်သည်။
ဝုန်း…
သို့သော် ရှန်ထျန်းက လျှပ်စီးအရိပ်ခြေလှမ်းကို အသုံးပြုပြီး ရှောင်ရှားနေသည့်အတွက် ရှီထျန်းကျီ၏ တိုက်ခိုက်မှုများက အခုထိ မထိသေးပေ။
သေစမ်း…
ရှီထျန်းကျီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားသည်။ သူပင် မယှဉ်နိုင်လောက်အောင် ရှန်ထျန်း၏ အလျင်က အရမ်းမြန်နေမည်ဟု သူ မထင်ထားပေ။
လျှပ်စီးအရိပ်ခြေလှမ်းက ကမ္ဘာပေါ်တွင် အမြန်ဆုံးဟု လူသိများသည်။ ခွန်ပန်ပညာရပ်များနှင့် နှိုင်းယှဉ်နိုင်ပြီး တာတိုတိုက်ခိုက်မှုစွမ်းရည်က ပိုလို့ပင် ထူးခြားလှသည်။
မွေးရာပါ ခန္ဓာတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသော ရှန်ထျန်းက ဤပညာရပ်ကို မြင့်မားသော အဆင့်ထိ ကျင့်ကြံထားပြီးပြီဖြစ်သည်။
ရှီထျန်းကျီ၏ တိုက်ခိုက်စွမ်းရည်က ပြိုင်ဘက်ကင်းသော်လည်း သူ အားသာရာက အလျင် မဟုတ်သည့်အတွက် ရှန်ထျန်းကို ဖမ်းလို့ မမိနိုင်ဖြစ်နေသည်။
ပြိုင်ဘက်ကင်း တောက်ပသော အံ့ဖွယ်အလင်းတန်းက မျက်လုံးထဲတွင် လင်းလက်သွားသည်။ တာအိုစည်းမျဉ်း အက္ခရာစာများက ကန့်လန့်ဖြတ်နေကာ လေဟာနယ်ထဲသို့ ဝင်သွားချင်ပုံပေါ်သည်။
ရှီထျန်းကျီက သူ၏ မျက်ဆံလေးခုကို အသက်သွင်းကာ ပုံရိပ်ယောင်များကို ဖြတ်သန်းကြည့်လိုက်သည်။ ရှန်ထျန်း ဘယ်နေရာတွင် ပြန်ပေါ်လာမည်ကိုပါ ခန့်မှန်းကာ လက်သီး ကြိုတင်ထိုးထားဖို့ ဆုံးဖြတ်ထားသည်။
ဝုန်း…
နောက်ထပ် ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။
နောက်ဆုံးတွင် ရှန်ထျန်း၏ ပုံရိပ် ထွက်ပေါ်လာကာ ခန္ဓာကိုယ်မှ မိုးကြိုးများဖြင့် လင်းလက်နေပြီး ကြောက်စရာကောင်းသော သဘာဝဖြစ်စဉ်တစ်ခု ထွက်ပေါ်လာသည်။
ရှီထျန်းကျီ၏ တိုက်ခိုက်မှုက ခဏအတွင်းမှာပင် ဗလာနတ္ထိဖြစ်သွားသည်။
“ မင်း ပုန်းကွယ်နေတာကို ရပ်တန့်ပြီးတော့ ငါ့နဲ့ တိုက်ခိုက်ရဲလား”
ရှီထျန်းကျီက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ သူက ရှန်ထျန်း၏ တည်နေရာကို မသိပေ။ ထို့ကြောင့် ရှန်ထျန်းကို ဖမ်းမိဖို့က မလွယ်ကူလှပေ။
အာကာပြင်ကို လုံးဝ မပိတ်ဆို့နိုင်ပါက သူ့အနေဖြင့် ရှန်ထျန်းကို ထိုးနှက်နိုင်မည့်နည်းလမ်း မရှိပေ။
ဤနေရာက ဟွမ်ရှစ် ဖန်တီးထားသော လူသူမဲ့ လေဟာနယ်ကမ္ဘာငယ်ဖြစ်သည့်အတွက် ရှီထျန်းကျီအနေဖြင့် အာကာပြင်ကို လုံးဝ ပိတ်ဆို့ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ရှီထျန်းကျီက ဒေါသထွက်စွာဖြင့် အံကြိတ်ထားကာ သူ လုပ်နိုင်တာ ဘာမှမရှိတော့ပေ။
ရှန်ထျန်း၏ မျက်နှာထား တောင့်တင်းသွားပြီးနောက် အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဖြစ်တည်လာကာ ပြောလိုက်သည်
“ ငါက ဘာဖြစ်လို့ မလုပ်ရဲရမှာလဲ”
သူက တိုက်ခိုက်တာကို မကြိုက်သော်လည်း သူက ပြဿနာကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။
တခြားတစ်ဖက်က အရမ်းရန်မူနေသည့်အတွက် သူလည်း တိုက်ခိုက်မှ ဖြစ်တော့မည်။
ရှန်ထျန်းက ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်ပြီး ပြောလိုက်သည်
“ ကောင်းပြီလေ ရော့ယူလိုက်”
“လက်သီးကပ်ဘေး”
ရှီထျန်းကျီ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဧကရာဇ်အရိုးကလည်း ပြိုင်ဘက်ကင်းစွာ တောက်ပနေသည်။
ကြီးကျယ်သော ပုံရိပ်သဏ္ဌာန်တစ်ခုက သူ့နောက်တွင် ထွက်ပေါ်လာသည်။ အရမ်းခမ်းနားသည့်အတွက် ရှေးဟောင်းခေတ်၏ မဟာဧကရာဇ်က သက်ရှိများအားလုံးကို ငုံ့ကြည့်နေသည်ဟုပင် ခံစားရသည်။
နတ်ဧကရာဇ် အရိုးက တုန်ခါလာကာ ခမ်းနးသော အံ့ဖွယ်စွမ်းအားများကိုလည်း ရပ်တန့်နိုင်ခြင်း မရှိပေ။ ထိုအရာက ရှီထျန်းကျီ၏ တိုက်ပွဲစွမ်းအားကို ထိတ်လန့်စရာကောင်းသော အဆင့်အထိ မြှင့်တင်ပေးလိုက်သည်။
လက်သီးတစ်ချက်နှင့်တင် ကပ်ဘေးကျရောက်အံ့ဆဲဆဲဖြစ်သွားသည်။
ကမ္ဘာလောကက ပွတ်တိုက်ဖျက်စီးခံရသလိုမျိုး အာကာပြင်အားလုံးကို အမှုန့်အဖြစ် ပြောင်းလဲလိုက်သည်။
ထိုတိုက်ခိုက်မှု၏ စွမ်းအားက လေးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်ဆီမှ ရိုက်နှက်နှင့် အတူတူပင် ဖြစ်သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။ များပြားသော အားအင်ကို သူ့ကို ဖိနှိပ်ထားပြီး ထိုစွမ်းအားက အင်မတန် ထိတ်လန့်စရာကောင်းသည်ကို ခံစားနိုင်သည်။
လေးကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ခြင်းကို ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ပင် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပဲ လွင့်ထွက်သွားမည်ဖြစ်သည်။
သို့သော် ရှန်ထျန်း၏ မျက်နှာထားက မပြောင်းလဲပေ။ သူ၏ ပညာရပ်ကို ရုတ်တရက် အသက်သွင်းကာ ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ်ပစ္စည်းများကို အသက်သွင်းပြီး စစ်နတ်ဘုရားအသွင်ပြောင်းခြင်းကို လှုပ်နှိုးဖို့ ပြင်ဆင်လိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသော ရွှေရောင်အလင်းတန်းများ လွှတ်ထုတ်လိုက်ပြီး ကြောက်စရာကောင်းသော အံ့ဖွယ်စွမ်းအားက ဒီရေလှိုင်းလုံးများကဲ့သို့ မြင့်တက်နေသည်။
သူ့ဆံပင်လည်း လေထဲသို့ ဝဲနေသည်။ ရှန်ထျန်း၏ အရှိန်အဝါက ကြောက်စရာကောင်းလောက်အောင် တိုးမြင့်သွားပြီး တိုက်ခိုက်စွမ်းရည်က အဆမတန် တိုးတက်သွားသည်။
စစ်နတ်ဘုရားအသွင်ပြောင်းခြင်း ကြီးထွားလာသည့်အတွက် ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်မြင့်တက်လာပြီး သူက ရှီထျန်းကျီထက် မနိမ့်ကျတော့ပေ။
သူက ရုတ်တရက် လက်ကို ဝှေ့ယမ်းကာ တောက်ပသော အလင်းတန်းက သူ့လက်မောင်းကို ပတ်လည်ဝန်းရံထားလိုက်သည်။
“ ကောင်းကင်ခြေမွ လက်ဝါး”
အံ့ဖွယ်အလင်းတန်းက ရှန်ထျန်း၏ လက်ထဲမှ ဖြာထွက်လာသည်။
ထိုအချိန်တွင် သူ၏ ဧရာမလက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး အဆုံးမဲ့ စကြဝဠာများက တောင်တန်းနှင့် မြစ်များကို ခြေမွပစ်တော့မလိုမျိုး ဖြစ်နေသည်။
ဝုန်း…
အံ့ဖွယ်အလင်းတန်း တုန်ခါသွားကာ ကမ္ဘာလောကလည်း အက်ကွဲသွားသည်။
ကောင်းကင်ခြေမွလက်ဝါးနှင့် လက်သီးကပ်ဘေးတို့ ထိတိုက်မိသွားသည့်အခါ ကောင်းကင်ကို တုန်လှုပ်သွားစေသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။
ဤနေရာသာ ဟွမ်ရှစ် တည်ဆောက်ထားတာ မဟုတ်သလို အထွတ်အထိပ် စည်းမျဉ်းများနှင့်လည်း မကာကွယ်ထားပါက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားမည်ဖြစ်သည်။
သူတို့၏ တိုက်ခိုက်မှုများက အရမ်းထိတ်လန့်စရာကောင်းသည်။
သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုများကြောင့် လေးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ပင် အပြင်းအထန် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်နိုင်သည်။
သို့သော် သူတို့နှစ်ယောက်လုံးက နောက်သို့ ဆုတ်မသွားရပေ။ တိုက်ခိုက်ခြင်းက လက်ရည်တူသည်ဟု ပြောနိုင်သည်။
ရှီထျန်းကျီ၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က ဒီလောက်ထိ စွမ်းအားကြီးနေမည်ဟု ထင်မထားခဲ့ပေ။
သို့သော် ရှန်ထျန်းက ရှေ့သို့ ထပ်ပြီး တက်လှမ်းသွားကာ ရှီထျန်းကျီနှင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။
ရှီထျန်းကျီ၏ အံ့ဖွယ်လက်သီးက ပြိုင်ဘက်ကင်းသည်။ လက်သီး၏ ဘေးပတ်လည်တွင် တောက်ပသော အံ့ဖွယ်အလင်းတန်းက ရစ်ပတ်နေပြီး ဖျက်စီးခြင်းစွမ်းအားကို ယူဆောင်လာပေးသည်။
သူ လက်သီးကို ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ဘုံပင် စတင်တုန်လှုပ်သွားသည်။ တောင်တန်းများ၊ မြစ်များနှင့် ကြယ်များကို ဖျက်စီးချင်သကဲ့သို့ အဆုံးမဲ့ သွေးအဆီအနှစ်က ကောင်းကင်သို့ စီးဆင်းသွားသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းကာ သူ့ခြေထောက်အောက်တွင် ရွှေမိုးကြိုး လင်းလက်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ ညာဖက်လက်ထဲတွင် ခရမ်းမိုးကောင်းကင် ဝေဟင်တူကို ဆင့်ခေါ်ကာ ကောင်းကင်လွင်ပြင် တူရိုက်ချက် ၃၆ခုကို ထုတ်လွှတ်လိုက်ပြီး ရှီထျန်းကျီနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။
ဧရာမတူက ရှန်ထျန်း၏ လက်ထဲမှ ထိုးထွက်နေပုံမပေါ်ပဲ လွန်ကဲသော အရှိန်မြင့်တင်ခြင်းတွင် ပြိုင်ဘက်ကင်းပြီး ကြောက်စရာကောင်းလာသည်။
ကောင်းကင်လွင်ပြင် တူ၃၆ခု… ကြယ်ခြေမွ တူရိုက်ချက်
ကောင်းကင်လွင်ပြင် တူ၃၆ခု… နေမီးလျှံ တူရိုက်ချက်
ကောင်းကင်လွင်ပြင် တူ၃၆ခု…လပင့်တင် တူရိုက်ချက်
တူရိုက်ချက် တစ်ခုချင်းစီက ဘေးပတ်ဝန်းကျင်ရှိ အာကာပြင်ကို လုံးဝ ပြိုလဲသွားပြီး အပျက်အစီးများအဖြစ် ပြောင်းလဲသွားစေသည်။
တူရိုက်ချက် တစ်ချက်ချင်းစီပြီးနောက် နောက်ထပ် လာသော ရိုက်ချက်က ပိုပြီးတော့ ခွန်အားကြီးသည်။
မရေတွက်နိုင်သော အက်ကြောင်းများက လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။
လေဟာနယ်အက်ကြောင်းများက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည့်အတွက် အရာအားလုံးကို မဲမှောင်သွားစေသည်။
နေနှင့်လက အရောင်များ ပြက်ပျယ်သွားကာ ကမ္ဘာလောကက လုံးဝ အလင်းပျက်ပြယ်နေသည်။ ကမ္ဘာလောကက ထိုစွမ်းအားကို ခံနိုင်ရည်မရှိပဲ စုတ်ဖြဲခံရတော့မလို ဖြစ်နေသည်။
သူတို့နှစ်ယောက်လုံးက ထူးခြားသော အရည်အချင်းရှိသူများ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်မှုက ကမ္ဘာလောကကို တုန်လှုပ်သွားစေပြီး၊ သူတို့၏ အရှိန်အဝါများက တောင်တန်းနှင့် မြစ်များကို ဝါးမျိုသွားကာ သူတို့၏ လှုပ်ရှားမှုတိုင်းက လေဟာနယ်ကို တစ်စစီဖြစ်သွားစေသည်။
ကောင်းကင်တစ်ခုလုံးကို အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းဖြင့် ဖုံးအုပ်ထားသည့်အတွက် တခြားသူများ မျက်လုံးမဖွင့်နိုင်အောင်ပင် စူးရှသွားသည်။
ဤနေရာတွင် တခြားသူများသာ အတူရှိနေပါက ထို အံ့ဖွယ်စွမ်းအားကြောင့် နုတ်နုတ်စဉ်းထားသော အသားများ ဖြစ်သွားမည်ဖြစ်ပြီး လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဟွမ်ရှစ်က ဤလောကမှာ မရှိသကဲ့သို့ အံ့ဖွယ်စွမ်းအင်က သူ့ကို ပတ်လည်ဝန်းရံထားသည်။
သို့သော် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အကြည့်များ တောက်ပနေသည်။
ထင်ထားတဲ့အတိုင်းပဲ ငယ်ရွယ်တဲ့သူက တစ်နေ့တော့ အသက်ကြီးတဲ့သူထက် ကျော်လွန်သွားမှာပဲ
မှောင်မဲသော လေဟာနယ်ထဲတွင် ရှီထျန်းကျီ၏ ပုံပန်းသဏ္ဌာန်က ထူးခြားလှသည်။ သူ့ကို ဖုန်နှင့် သွေးများ မစွန်းထင်းနေသည့်အတွက် အရမ်းထူးခြားလှသည်။
သူက အံ့ဖွယ်လက်သီးကို လွှဲယမ်းကာ နေ၊ လနှင့် ကြယ်တို့၏ စွမ်းအားကို ယူဆောင်လာသည်။ သူ့ စွမ်းအားက ကောင်းကင်မှ ကြယ်များ ကြွေကျလာသကဲ့သို့ ကျယ်ပြန့်ပြီး အဆုံးမရှိပေ။
ထို လက်သီးအရှိန်အဝါက ရပ်တန့်လို့မရနိုင်ပဲ ရန်သူများအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည်။
ရှန်ထျန်း၏ မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်သည်။ ရှီထျန်းကျီ ဘယ်လောက်များပြားသော နည်းလမ်းများနှင့် တိုက်ခိုက်နေပါစေ အားလုံးကို တူဖြင့် ချေမွဖျက်စီးလိုက်မည်ဖြစ်သည်။
ကောင်းကင်လွင်ပြင် တူ ၃၆ချက်က ဆန်းကြယ်ပညာရပ်ဖြစ်သည့်အတွက် စွမ်းအားကလည်း ကြောက်ဖို့ကောင်းလှသည်။
တူတစ်ခါ လွှဲယမ်းလိုက်ပါက ကောင်းကင်နှင့် ကမ္ဘာမြေကို ထိုးဖောက်ထွက်သွားကာ လေဟာနယ်ကို တစ်စစီဖြစ်အောင် လုပ်နိုင်မည်ဖြစ်သည်။
ဝုန်း…
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်နိုင်သည်။
ရှီထျန်းကျီက နောက်သို့ အနည်းငယ် ဆုတ်သွားရသည်။
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းက လေဟာနယ်ကို ပြိုလဲသွားစေသည်။
လေဟာနယ်က ခံနိုင်ရည်မရှိသော အလေးချိန်ကို ခံနေရသည်မှာ ထင်ရှားလှသည်။
ရှန်ထျန်းက အဆင်ပြေသော်လည်း တိုက်ခိုက်နေစဉ်အတွင်း ရှန်ထျန်း၏ ခရမ်းမိုးကောင်းကင် ဝေဟင်တူက တစ်စစီဖြစ်သွားသည်။
အဓိကအကြောင်းအရင်းက ရှီထျန်းကျီက နတ်ဧကရာဇ်အရိုး၏ စွမ်းအားကို အသုံးပြုလိုက်သောကြောင့်ဖြစ်သည်။ သူ့ ခန္ဓာကိုယ်က ပြိုက်ဘက်ကင်းစွာ ခိုင်မာနေပြီး ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတစ်ခုထက် အားမနည်းပေ။
ခရမ်းရောင်မိုးကောင်းကင် ဝေဟင်တူက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းက ခံနိုင်ရည်မရှိပေ။
ရှီထျန်းကျီက ရှန်ထျန်းကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေသည်။
သူက ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်ကို မှားယွင်းအကဲဖြတ်ခဲ့သည်ဟု မတွေးခဲ့ပေ။
ယခုလက်ရှိတွင် သူက ရှန်ထျန်း၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံနေရသည်။
တူသာ တစ်စစီဖြစ်မသွားပါက သူ အကြီးအကျယ် ရှုံးသွားလိမ့်မည်ဖြစ်သည်။
ရှန်ထျန်းက အသက်ပြင်းပြင်းရှူကာ ရှန်ထျန်းကို လေးလေးနက်နက် စတင်တိုက်ခိုက်တော့သည်။
သူက တိုက်ခိုက်လိုစွမ်းဖြင့် လောင်ကျွမ်းနေပြီး စိတ်လိုလက်ရ ရယ်မောကာ ပြောလိုက်သည်
“ ရှန်ထျန်း မင်းက အရမ်းသန်မာတယ်။ ငါ မင်းကို လျှော့တွက်ခဲ့မိတယ်။ ဒါပေမဲ့ မင်းက ဒီတိုက်ပွဲကို ရှုံးဖို့အတွက် ကံကြမ္မာ ပါလာတယ်”
ရှီထျန်းကျီက စကားပြောပြီးနောက် သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော စွမ်းအားနှင့် အံ့ဖွယ်အလင်းတန်းက ထိုးဖောက်ထွက်လာသည်။
ဧရာမ ပုံရိပ်သဏ္ဌာန်တစ်ခုက သူ့နောက်တွင် ထွက်ပေါ်လာကာ ကောင်းကင်ကို ဖုံးကွယ်သွားသည်။
ဖန်တီးမှု ပုံရိပ်သဏ္ဌာန်က မြေ၊ရေ၊လေနှင့်မီးတို့မှ ဖြစ်ပေါ်သည်။ ရှေးဦးကမောက်ကမ ကမ္ဘာအဖြစ် ဖန်တီးတော့မလို့မျိုး ခမ်းနားကြီးကျယ်လှသည်။
ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က ပြိုင်ဘက်ကင်းလှသည်။ သူ၏ ကျင့်ကြံဆင့်က ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး သူက နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူလည်း ဖြစ်သလို ချီသန့်စင်ခြင်း ကျင့်ကြံသူလည်းဖြစ်သည်။
သူ၏ ကိုယ်ထည်မာကျင့်စဉ်ကလည်း ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
သူက သွေးကြောအဆုံမှတ်ကြီး ၃၆၅ခုနှင့် သွေးကြောဆုံမှတ်ငယ် ၃ထောင်ကို အံ့ဖွယ်သွေးကြောဆုံမှတ်များအဖြစ် ပြောင်းလဲပြီး အံ့ဖွယ်ပညာရပ်ဖြစ်သည့် ဖန်ဆင်းမှုကပ်ဘေးကို ဖန်တီးလိုက်သည်။
ထို့နောက် သူက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဝိဇ္ဇာအစစ်အမှန်ကို အနိုင်ယူနိုင်ဖို့အတွက် ထိုစွမ်းရည်အပေါ်တွင် မှီခိုခဲ့သည်။
သူ ဖန်ဆင်းမှုကပ်ဘေးကို ထုတ်လွှတ်လိုက်သည့်အခါ မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်တော့မလိုမျိုး ဖြစ်သွားသည်။
ကောင်းကင်ကို အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက ချက်ချင်းမွှေနှောက်သွားသည်။ ယင်ယန်ပြောင်းပြန်ဖြစ်သွားသလိုမျိုး တိမ်တိုက်များက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ကမ္ဘာသစ်တစ်ခုကို တည်ထောင်တော့မည့်ပုံပေါ်သည်။
ရှီထျန်းကျီ၏ အရှိန်အဝါက ပြိုင်ဘက်ကင်းလောက်သည်အထိ ကြောက်စရာကောင်းသည်။ သူ့မျက်လုံးများက လင်းလက်နေကာ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဧကရာဇ် အရိုးက အဆုံးစွန်ထိ ပေါက်ကွဲသွားသည်။
ထိုအခိုက်အတန့်တွင် သူက သက်ရှိများအားလုံးကို အပြစ်ပေးဖို့ ရည်ရွယ်ထားသည့် ပုံပေါ်သည်။
“ ရှန်ထျန်းက ဒါက ငါ့ရဲ့ အားအကောင်းဆုံးတိုက်ကွက်ပဲ။ မင်းတားဆီးနိုင်တယ်ဆိုရင် ငါ ရှုံးသွားတယ်လို့ မှတ်ယူလိုက်”
ရှီထျန်းကျီက ရှန်ထျန်း၏ ခွန်အားကို အသိအမှတ်ပြုလိုက်သော်လည်း သူ ရှုံးကြောင်း ဝန်ခံဖို့ကိုတော့ ငြင်းဆိုနေသည်။
ကျော်ကြားသော စံပြတစ်ယောက်အနေဖြင့် သူ့ဆီမှာ အရှုံးမပေးသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ သူသာ ဤလောကမှာ ရောက်လာပါကလည်း သူနှင့် အဆင့်တူသူများကြားထဲတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေဦးမည်ဖြစ်သည်။
သူက ဘယ်လိုလုပ်ပြီးတော့ ဖိနှိပ်ခံချင်ပါ့မလဲ
ဘယ်လိုပဲဖြစ်ဖြစ် သူ ရှန်ထျန်းကို တိုက်ခိုက်ဖို့ လိုအပ်တယ်
နယ်မြေငါးခုတွင်တွင် ထိပ်သီးစံပြ တစ်ယောက်သာလျှင် ရှိနိုင်သည်။
ထိုသူက ရှီထျန်းကျီပင် ဖြစ်သည်။
ရှန်ထျန်းက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်
“ လာလေ”
ရှီထျန်းကျီ၏ တိုက်ခိုက်စွမ်းရည်က ထူးခြားသည်။ သူတွေ့ဖူးသမျှထဲတွင် အသန်မာဆုံးသော စံပြတစ်ယောက်ဖြစ်သည်။
ရှီထျန်းကျီ၏ တိုက်ပွဲစွမ်းရည်ကို အံ့ဖွယ်စွမ်းရည်နှင့်ပါ ပေါင်းစပ်လိုက်ပါက ငါးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်နှင့် နှိုင်းယှဉ်နိုင်သည်။
ရှီထျန်းကျီဆီမှ ဘယ်လောက်ထိ များပြားသော ဖိအား ဆင်းသက်လာနေကြောင်းကို ရှန်ထျန်းခံစားမိသည်။
“ဖန်ဆင်းမှုကပ်ဘေး”
ရှီထျန်းကျီက ကျယ်လောင်စွာ အော်လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းမှ အရှိန်အဝါသည်လည်း ကန့်သတ်ချက်ဆီသို့ ရောက်ရှိသွားသည်။
မျက်ဆံလေးခုက တောက်ပသော အလင်းတန်းဖြင့် ချက်ချင်း ပေါက်ကွဲထွက်သွားကာ မရေတွက်နိုင်သော သင်္ကေတများက ထွက်လာပြီး ပြိုင်ဘက်ကင်း အံ့ဖွယ်စွမ်းအားကို ဖြစ်ပေါ်သွားစေသည်။
တစ်ချိန်တည်းမှာပဲ တောက်ပသောအလင်းတန်းက သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဧကရာဇ်အရိုးကို ရစ်ပတ်နေပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသည့် ရွှေရောင်အမှတ်အသားများအဖြစ် ပြောင်းလဲသွားကာ သူ့အရှိန်အဝါကို အဆုံးစွန်အထိ မြှင့်တင်ပေးလိုက်သည်။
သူက လက်တစ်ချက်ဝှေ့ယမ်းကာ ကမ္ဘာမြေကို တုန်လှုပ်စေသည့် တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်တော့မည်ဖြစ်သည်။
မျက်ဆံလေးခု ရှိသောသူများက အမြဲတမ်း ဆန်းကြယ်ပြီး အံ့ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ရှေးခေတ်အခါကတည်းက မျက်ဆံလေးခုရှိသောသူ အားလုံးက ထိပ်သီးဖြစ်တည်မှုဖြစ်သည်။
ရှီထျန်းကျီထံတွင် မျက်ဆံလေးခု ရှိနေရုံသာမက နတ်ဧကရာဇ် အရိုးကိုလည်း ပိုင်ဆိုင်ထားသည်။ သူက ကမ္ဘာလောက၏ ကောင်းချီးပေးခြင်းကို ခံရသောသူဟု ပြောနိုင်သည်။
ထိုကဲ့သို့သော စွမ်းအားမျိုး စုပုံနေသည့် ရှီထျန်းကျီတွင် စိတ်ကူးယဉ်၍ပင် မရနိုင်သော စွမ်းအားဖြစ်သည်။
ခဏအတွင်းမှာပင် လုပ်ဆောင်လိုက်ပြီး မျက်လုံးများကလည်း တောက်ပနေသည်။
ရှီထျန်းကျီက စွမ်းအားများ အားလုံးကို စုစည်းကာ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ငါးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ပင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
ရှန်ထျန်းက သူ့ကို နုတ်နုတ်စဉ်းပစ်မလိုဖြစ်နေသည့် စွမ်းအားကို ခံစားမိသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။
သို့သော် သူ့မျက်နှာထား ပြောင်းလဲသွားခြင်းမရှိပေ။ သူ့လက်ထဲတွင် ခရမ်းရောင် လင်းလက်သွားပြီးနောက် ခရမ်းစိမ်းဓားနှစ်သွယ် ပေါ်ထွက်လာသည်။
ရှန်ထျန်းက ဓားများကို လက်ထဲတွင် သေချာဆုပ်ကိုင်ထားကာ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ထိတ်လန့်စရာကောင်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ရုတ်တရက် မြင့်တက်သွားသည်။
ချွင်…
ခရမ်းစိမ်းဓားနှစ်သွယ်၏ တုန်ခါမှုကြောင့် ကောင်းကင်ဘုံကိုးခုပင် တုန်လှုပ်သွားသည်။
ဓားနှစ်သွယ်မှ ထွက်လာသော အလင်းတန်းက အရမ်းတောက်ပလွန်းသည့်အတွက် ကမ္ဘာလောကကိုပင် မှေးမှိန်သွားစေသည်။
ပြိုင်ဘက်ကင်း ဓားအရှိန်အဝါက ပေါက်ကွဲထွက်သွားကာ တိမ်တိုက်များကို ထိုးဖောက်သွားသည်။
ရှန်ထျန်းက ဖြည်းဖြည်းချင်း ရွေ့လျားကာ သူ့လက်ထဲရှိ ဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်သည်။
ဓားစွမ်းအင်က လင်းလက်ပြီး ကျက်သရေရှိလှသည်။
ဓားအလင်းတန်းဖြင့် ဝန်းရံနေသော ရှန်ထျန်းက ပြိုင်ဘက်ကင်း ဓားထာဝရအရှင်တစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ အရက်စက်ဆုံးသော တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်။
ဓားဖြင့် ခုတ်လိုက်သည့်အခါ ကီလိုမီတာ သောင်းကျော်အထိ ရောက်သွားသော ဓားအလင်းတန်းကို မြင်လိုက်ရသည်။
ထိုအရာက ဓားပျံအရှိန်အဝါဖြစ်ပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို ဖြတ်သန်းသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲခြမ်းလိုက်သည်။
ဝုန်း…
ထို ဓားအလင်းတန်းက အကုန်လုံးကို ဖျက်စီးတော့မည့် ဖန်ဆင်းမှုကပ်ဘေးကို တစ်စစီဖြစ်သွားစေသည်။
ရှီထျန်းကျီ၏ နောက်ရှီ ပုံရိပ်သဏ္ဌာန်ပင် ဓားကြောင့် တစ်စစီဖြစ်သွားကာ လုံးဝ ပေါက်ကွဲထွက်သွားသည်။
ရှီထျန်းကျီ၏ ခန္ဓာကိုယ်လွင့်ထွက်သွားကာ ပါးစပ်မှလည်း သွေးများစီးကျနေပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
သူ၏ တိုက်ခိုက်မှုက ပျက်စီးသွားပြီဖြစ်သည်။ ရှီထျန်းကျီက တန်ပြန်မှုကို ခံနိုင်ရည်မရှိပဲ ချက်ချင်း ရှုံးနိမ့်သွားသည်။
သူ၏ အဖြူရောင် အဝတ်အစားများလည်း သွေးများစွန်းထင်းနေပြီး အရှိန်အဝါကလည်း အားနည်းနေသည်။ သူက ဒဏ်ရာကို အပြင်းအထန်ခံစားနေရပြီဖြစ်သည်။
သို့သော် ရှီထျန်းကျီက သူ့ဒဏ်ရာများကို ဂရုမစိုက်ပဲ ရှန်ထျန်းကိုသာ ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေသည်။
ရှန်ထျန်း ပြသလိုက်သော စွမ်းအားက သူ့စိတ်ထဲတွင် ထိတ်လန့်မှု၊ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။ အထူးသဖြင့် ပြိုင်ဘက်ကင်း ဓားအလင်းတန်း၏ အရှိန်အဝါက ရှီထျန်းကျီ၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
သူ၏ တိုက်ခိုက်စွမ်းရည်ကပင် ခုခံနိုင်စွမ်းမရှိပေ။ ထိုစွမ်းအားက ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည်ဟု ပြောလို့ရသည်။
ရှန်ထျန်းနှင့် ကိုယ်တိုင် တိုက်ခိုက်ကြည့်မှသာလျှင် သူ၏ တိုက်ပွဲစွမ်းရည်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းကြောင်းကို ခံစားသိရှိနိုင်မည်ဖြစ်သည်။
သူ၏ ဓားခုတ်ချက်က ခမ်းနားလှသည်။
ထိုအရာက သေမျိုးကမ္ဘာမှ ဓားတိုက်ကွက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သေမျိုးလောကတွင် ထိုကဲ့သို့သော ဓားတိုက်ကွက် မရှိသောကြောင့်ဖြစ်သည်။
ယခုအထိ ရှီထျန်းကျိ၏ စိတ်ထဲတွင် ရှန်ထျန်း၏ ဓားတိုက်ကွက်ပုံရိပ်ကိုသာ မြင်နေဆဲဖြစ်သည်။
ကောင်းကင်မှ ဆင်းသက်လာသော ဓားထာဝရအရှင်ကဲ့သို့ ဓားခုတ်ချက်က တခြားဓားတိုက်ကွက်များအားလုံးကို မှေးမှိန်သွားစေသည်။
အမှန်တကယ် ထူးခြားပြီး ပြိုင်ဘက်ကင်းလှသည်။
“ ငါရှုံးသွားပြီပဲ” ရှီထျန်းကျီက ရေရွတ်လိုက်သည်။
သူက မြေပြင်ပေါ်တွင် တွေဝေစွာထိုင်နေရင်း မယုံကြည်နိုင်ဖြစ်နေသည်။ မျိုးဆက်တူသူ၏ အနိုင်ယူခြင်းကို ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ထက်ငယ်သောသူ၏ အနိုင်ယူခြင်းကို ခံရသည်မှာလည်း ပထမဆုံး အကြိမ်ဖြစ်သည်။
အရှင်းဆုံးပြောရလျှင် ဤရှုံးနိမ့်မှုက ရှီထျန်းကျီအတွက် ကြီးမားသော ရှုံးနိမ့်မှု တစ်ခုဖြစ်သည်။ သူ့ ခန္ဓာကိုယ်ထဲရှိ မောက်မာမှုလည်း ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
သို့သော် ဟွမ်ရှစ်၏ အမြင်တွင် မကောင်းသောအရာဟု မထင်ပေ။ ဝန်မခံလျှင်လည်း အလွယ်တကူ ပြိုလဲနိုင်သည်။ လူငယ်တွေ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေတာကလည်း ကောင်းတဲ့ အလုပ်တော့ မဟုတ်ပေ။
ထိုအချိန်တွင် ရှန်ထျန်းက သက်ပြင်းချလိုက်သည်။
ရှီထျန်းကျီ၏ တိုက်ပွဲစွမ်းရည်က ရှန်ထျန်း မျှော်လင့်ထားသည်ထက် အများကြီး ကျော်လွန်နေသည်။
ဓားပျံချီကို အသုံးပြုပြီးမှသာ ရှီထျန်းကျီကို အနိုင်ယူနိုင်ခဲ့သည်။
အလယ်ပိုင်းကုန်းမြေရဲ့ အထွတ်အထိပ် ပါရမီရှင်ရဲ့ ခွန်အားက သူ့ဆုကို လက်လွှတ်လိုက်ရတော့မလိုထိ ထိတ်လန့်သွားစေခဲ့တယ်