← Chapters

ဒီကောင်လေးက သူ့ရဲ့ သစ္စာတရားကို လေလံအမြင့်ဆုံးဆွဲတဲ့ဆီကို ရောင်းချချင်နေတာပဲ

Vol. 29 Ch. 433

ဒီကောင်လေးက သူ့ရဲ့ သစ္စာတရားကို လေလံအမြင့်ဆုံးဆွဲတဲ့ဆီကို ရောင်းချချင်နေတာပဲ

Vol. 29 Ch. 433

အခန်း (၄၃၃) : ဒီကောင်လေးက သူ့ရဲ့ သစ္စာတရားကို လေလံအမြင့်ဆုံးဆွဲတဲ့ဆီကို ရောင်းချချင်နေတာပဲ

ထိုပြင်းထန်သော တိုက်ပွဲကို မြင်တွေ့ခဲ့သူက ဟွမ်ရှစ် တစ်ယောက်ထဲသာ ရှိသည်။

အရှင်းဆုံး ပြောရလျှင် နတ်ဧကရာဇ်ဆေးပင်ကြောင့်သာ  မဟုတ်ပါက ရှန်ထျန်းက ရှီထျန်းကျီနှင့် တိုက်ခိုက်ဖို့အတွက် အဲလောက်အထိ ခွန်အားစိုက်ထုတ်ခဲ့မည် မဟုတ်ပေ။

သူ၏ ခရမ်းရောင်မိုးကောင်းကင် ဝေဟင်တူက တစ်စစီဖြစ်သွားသည့်အတွက် သူသာ နတ်ဧကရာဇ်ဆေးပင်ကို မရလိုက်ပါက ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည် ဖြစ်၏။

ဟွမ်ရှစ် ပြောထားသောစကားကို ပြန်ပြီး မရုတ်သိမ်းသွားဖို့အတွက်သာ သူမျှော်လင့်နေမိသည်။

ရုတ်တရက် ရှန်ထျန်း၏ ဝိညာဉ်ချီက စတင်တုန်ခါလာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သူ့ အကြည့်များတောက်ပသွားကာ ကိုယ့်ကိုယ်ကို ရေရွတ်ရင်း ပြောလိုက်သည်

“ ငါ အခု အဆင့်တက်တော့မှာများလား”

ရှန်ထျန်း၏ ကျင့်ကြံဆင့်က ယခင်ကတည်းက ကနဦးဝိညာဉ် ထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံး၏ စွမ်းအားကို အသုံးပြုကာ အဆင့်တက်သွားခြင်းဖြစ်သည်။

လအနည်းငယ်ကြာပြီးနောက် သူက အုတ်မြစ်ကို အခြေခိုင်အောင် လုပ်နိုင်ခဲ့သော်လည်း  နောက်ထပ်တစ်ဆင့် ရောက်အောင် မလုပ်နိုင်ခဲ့ပေ။

ယခု ရှီထျန်းကျီနှင့် တိုက်ခိုက်သော ပြင်းထန်သည့် တိုက်ပွဲအလယ်တွင် ရှန်ထျန်းက အသိအမြင်အသစ်ကို ရရှိခဲ့သည်။

ရှီထျန်းကျီက ထူးခြားသည့် အရည်အချင်းရှိသော ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူ့ဆီမှာ မျက်ဆံလေးခုလည်း ရှိသလို အရည်အချင်းလည်း ရှိသည့်အတွက် သူ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းရည်က ပြိုင်ဘက်ကင်းသည်ထက် သာလွန်သည်။ သူက ရှန်ထျန်း ကြုံတွေ့ခဲ့ဖူးသောသူများထဲမှ စွမ်းအားအကြီးဆုံးနှင့် အရည်အချင်းအရှိဆုံး ပြိုင်ဘက် ဖြစ်သည်။

အထူးသဖြင့် ရှီထျန်းကျီ၏ ဖန်ဆင်းမှု ကပ်ဘေးနှင့် ရှန်ထျန်း၏ မိုးမြေခွဲခြမ်းခြင်း အံ့ဖွယ်ပညာရပ်က အရမ်းတူညီသည်။

တူညီသော ဖန်ဆင်းမှု ကပ်ဘေးကို တွေ့ကြုံလိုက်ရသည့်အတွက် ထိုအံ့ဖွယ်ပညာရပ်ထဲတွင် ရှန်ထျန်းက ရှင်ခြင်း၊ သေခြင်းနှင့် ပြန်လည်ဝင်စားခြင်းတို့၏ ဆန်းကြယ်မှုများကို ခံစားနိုင်သည်။

ထိုအရာက ကြီးကျယ်သော တာအိုများဖြင့် ပြည့်နှက်နေသည့် သဘာဝလောက၏ စွမ်းအားများ ဖြစ်သည်။ သာမန်လူတိုင်း ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။

ရှန်ထျန်းက သူ့ကို ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်သွားစေသည့် အသိတစ်ခု ရှိသွားသည့် မြင်ကွင်းကို မြင်လိုက်ရပြီးနောက်ပိုင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းများဖြင့် တောက်ပနေကြသည်။

ဝိညာဉ်ချီများက လေထဲတွင် ရစ်ပတ်နေပြီး အလင်းတန်းက ကြယ်တာရာကဲ့သို့ တောက်ပနေပြီး သူ့ ခန္ဓာကိုယ်ထဲသို့ သောင်းချီနေသော မှော်အစီအရင်များကို ခေါ်ဆောင်လာပေးသည်။

အချိန်ခဏအတွင်းမှာပင် ရှန်ထျန်းကို အဆုံးမဲ့ ဝိညာဉ်ချီက လွှမ်းခြုံသွားကာ သူ့ အရှိန်အဝါက အဆက်မပြတ် မြင့်တက်သွားသည်။

ထိုအချိန်တွင် ရှီထျန်းကျီက ဖြစ်ပျက်သွားသည်များကို မယုံနိုင်ဖြစ်နေသည်။

သူက ရှန်ထျန်းဆီမှာ ရှုံးနိမ့်သွားသည်ကို မယုံနိုင်ဖြစ်နေသည်။

သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ အလင်းလက်ဆုံး ကြယ်ပွင့်အသစ်လေး ဖြစ်သည်။ သူက သူ့မျိုးဆက်၏ စံပြတစ်ယောက် ဖြစ်သည်။

သူ မွေးဖွားလာစဉ်ကတည်းက လွင်ပြင်ရှစ်ခုတွင် ပြိုင်ဘက်ကင်းခဲ့ပြီး ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။ ဟွမ်ရှစ်ကလည်း သူ့ကို အထင်ကြီးပြီး သီးသန့်သင်ပြပေးခဲ့သေးသည်။

ထိုကဲ့သို့သော ဦးစားပေးဆက်ဆံမှုမျိုးက ဘာနှင့်မှ နှိုင်းယှဉ်လို့ မရနိုင်ပေ။

ရှီထျန်းကျီ၏ မာနက သူ့ကို ရှုံးနိမ့်ခွင့် မပေးသည့်အတွက် သူက ဘယ်တုန်းကမှ ရှုံးနိမ့်ခြင်းကို မခံစားခဲ့ဖူးပေ။ သို့သော် ရှီထျန်းကျီက ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။

သူ ခံစားနေရသာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက မပြောင်းလဲသော သက်သေ ဖြစ်သည်။ သူက တိုက်ကွက်တစ်ခုတည်းကြောင့်သာ ရှုံးနိမ့်သွားရသော်လည်း ရှုံးတာက ရှုံးတာပင် ဖြစ်သည်။ ရှီထျန်းကျီက စိတ်ပျက်အားလျော့နေသည်။ သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ တင်ပျဉ်ခွေထိုင်နေသော ရှန်ထျန်းက အဆင့်တက်တော့မည် ဖြစ်သည်။

ရှီထျန်းကျီ၏ အကြည့်တို့တောက်ပသွားကာ စိတ်ပေါ့ပါးသွားသလိုမျိုး ခံစားလိုက်ရသည်။

အခု သူ ဘာလို့ ရှုံးနိမ့်သွားတယ်ဆိုတာကို သူသိသွားပြီ

ဟုတ်တယ် ရှန်ထျန်းက အရင်ကတည်းက ဝိညာဉ်အသွင်ပြောင်းခြင်း ထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီး အုတ်မြစ်ကို တည်မြဲစေရန်အတွက် အချိန်အကြာကြီး အသုံးပြုခဲ့တာလေ

ရှန်ထျန်းတွင် အားကောင်းသော မွေးရာပါ အရည်အချင်းနှင့် ဝိညာဉ်အသွင်ပြောင်းခြင်း ထိပ်သီးအဆင့် ရှိနေသည့်အတွက် ရှီထျန်းကျီ ရှုံးသွားခြင်းက အရှက်ရစရာ မဟုတ်ပေ။

သူတို့နှစ်ယောက်မှာသာ တူညီသော ကျင့်ကြံဆင့်ရှိပါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အနိုင်ယူနိုင်မည်ဟု ရှီထျန်းကျီ ယုံကြည်မှု ရှိသည်။

သူက ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်မှာသာ ရှိနေပြီး နောက်ဆုံး တိုက်ကွက်တစ်ခုကြောင့် ရှုံးနိမ့်သွားရသည်။

သူလည်း ဝိညာဉ်အသွင်ပြောင်းခြင်း ထိပ်သီးအဆင့်မှာသာ ရှိပါက သေချာပေါက် အနိုင်ရသည်။ ထိုအတွေးကြောင့် ရှီထျန်းကျီ၏ ယုံကြည်မှုက ပြန်လည်သက်ဝင်လာသည်။

ရှန်ထျန်းက အဆင့်တက်ခါနီးဖြစ်ပြီး မကြာခင်မှာ ပိုမိုစွမ်းအားကြီးသော အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။

သို့သော် ရှီထျန်းကျီက အမှီလိုက်ဖို့အတွက် ယုံကြည်မှု ရှိသည်။ ကောင်းကင်အသျှင်နှင့် ဝိဇ္ဇာကြားက အလွှာက သူ့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။

ရှန်ထျန်း တစ်နေ့ကျရင် ငါ မင်းထက် သာနေစေရမယ်

တစ်ခါထပ်မံ ယုံကြည်မှု ပြည့်ဝသွားပြီးနောက် ရှီထျန်းကျီ မကြာခင်မှာပဲ ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။

ရှန်ထျန်း၏ ရုတ်တရက် အဆင့် တက်လှမ်းခြင်း အောင်မြင်သွားပြီးနောက် ရှန်ထျန်း၏  ကျင့်ကြံဆင့်အစစ်အမှန်ကို သိလိုက်ရသောကြောင့်ဖြစ်သည်။

ရှီထျန်းကျီ မယုံကြည်နိုင်စွာဖြင့် ပြင်းထန်စွာ တုန်လှုပ်နေမိသည်။

သူ…သူက အခုမှ ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်ကို ရောက်တာလား

စောနက သူက ကနဦးဝိညာဉ် ထိပ်သီးအဆင့်ဖြစ်ခဲ့တာပေါ့

ကနဦးဝိညာဉ် ထိပ်သီးအဆင့်က ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ဖြစ်တဲ့ ငါ့ကို အနိုင်ယူသွားတာပေါ့လေ

ငါက ငါ့ထက် အဆင့်နိမ့်တဲ့သူရဲ့ အနိုင်ယူတာကို ခံလိုက်ရတာလား

မင်း နောက်နေတာပဲ

ရှီထျန်းကျီက စိတ်သက်သာရရုံရှိသေး ရှန်ထျန်း၏ ကျင့်ကြံဆင့်အမှန်က သူ့ကို ပါးရိုက်လိုက်သလိုမျိုးပင် ခံစားသွားရသည်။

ရှီထျန်းကျီက ခေါင်းကို ပြင်းထန်စွာ ကုတ်လိုက်သည်။ ရှန်ထျန်းက ဝိညာဉ်အသွင်ပြောင်းခြင်း ထိပ်သီးအဆင့်ရှိနေသော သူ့ကို ဘယ်လိုအနိုင်လိုက်နိုင်လဲဆိုတာကို သူ စဉ်းစားလို့ မရနိုင်ဖြစ်နေသည်။

ဒါ…ဒါက မဖြစ်နိုင်ဘူး

ကနဦးဝိညာဉ် ထိပ်သီးအဆင့်၏ အနိုင်ယူခြင်းကို ခံရသည်က ဝိညာဉ်အသွင်ပြောင်းခြင်း ထိပ်သီးအဆင့်၏ အနိုင်ယူခြင်းကို ခံရသည်ထက် ပိုမိုဆိုးရွားသည်။

အခု ရှီထျန်းကျီ ခံစားနေရသည်က စောနက စိတ်ပျက်အားလျော့မှုထက် ပိုမိုဆိုးရွားသည်။

ဘယ်လိုပြောရမလဲ

သေစမ်း…ငါ စိတ်ဓာတ်ကျနေပြီ

ရှီထျန်းကျီက စိတ်အားငယ်စွာဖြင့် ထိုင်နေရင်း ကြမ်းပြင်ပေါ်မှာ လျှောက်ပြီး ရေးခြစ်နေသည်။

ထိုကဲ့သို့ဖြစ်နေခြင်းကလည်း သူ စိတ်ပိုင်းဆိုင်ရာ အားနည်းသည်ကြောင့် မဟုတ်ပဲ ထိုကဲ့သို့သော အခြေအနေမျိုးကို ယခင်က မကြုံဖူးသည့်အတွက် ဖြစ်သည်။

ယခင်က ရှီထျန်းကျီကသာ တခြားသူများ၏ အသဲကို ခွဲခဲ့သည်။ ယခုတော့ အသဲကွဲသူက သူကိုယ်တိုင်ဖြစ်နေသည်။

အိုး…

ငါ့ရဲ့ အရင်တုန်းက ပထမဆုံးအကြိမ်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီ ဒီအတိုင်း လုယူခံလိုက်ရမှာတဲ့လား

ရှီထျန်းကျီ ဘာတွေဖြစ်နေလဲဆိုတာကို ရှန်ထျန်း နားမလည်နိုင်တော့ပေ။ သူက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် နစ်မြုပ်နေသည်။

ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ တက်လှမ်းပြီးနောက် ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ရှေးဦးကမောက်ကမဖြစ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ ကနဦးဝိညာဉ်က ကောင်းကင်ဘုံများနှင့် ကမ္ဘာမြေကြီးကို ခွဲခြမ်းကာ လောကကို တည်ငြိမ်အောင် လုပ်ပေးထားသည်။

ထို့နောက် ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက အများကြီး မပြောင်းလဲသွားပေ။

သို့သော် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်သွားပြီးနောက် များပြားသော ဝိညာဉ်ချီပမာဏက ခရမ်းစံအိမ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ လောကကို ထိတ်လန့်တုန်လှုပ်စေသော ပြောင်းလဲမှုကို ပေးစွမ်းသည်။

အဆုံးမဲ့ ဝိညာဉ်ချီက ဧရာမလှိုင်းလုံးများနှင့်အတူ မြစ်ရှည်တစ်စင်းကဲ့သို့ အသွင်ပြောင်းသွားပြီး ကမ္ဘာလောကကို လွှမ်းခြုံသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာကို ဝိညာဉ်ချီပင်လယ်က ဖုံးအုပ်သွားသည်။

ဝိညာဉ်ချီက သဘာဝစွမ်းအင်၏ အသန့်စင်ဆုံးပုံစံဖြစ်ပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ကမ္ဘာလောကတစ်ခုလုံးကို သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားစေသည်။

မှောင်မိုက်သော စွမ်းအင်များအားလုံးကို ပြန်တွန့်ပို့လိုက်သည့်အတွက် အာကာပြင်တစ်ခုလုံး သန့်စင်သွားသည်။

အရိပ်များ ပျောက်ကွယ်သွားကာ အာကာပြင်က ပိုပြီးတော့‌ တောက်ပရှင်းလင်းလာပြီး ကမ္ဘာလောကကြီးတစ်ခုလုံး လင်းလက်သွားသည်။

ကမ္ဘာမြေကြီးလည်း တိုးတက်ပြောင်းလဲလာသည်။

မြုံနေသော မြေကလည်း အဆုံးမဲ့ ဝိညာဉ်ချီဆီမှ စွမ်းအင်ကို ရရှိသွားသည့်အတွက် သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။

အစိမ်းရောင် အညှောက်များထွက်လာကာ မြင့်မြတ်သော ကမ္ဘာမြေကြီးကို စိမ်းလန်းသွားစေသည်။

ထိုအချိန်တွင် တစ်ကမ္ဘာလုံးက အသစ်ပြန်လည်မွေးဖွားလာသလိုပင် ခံစားရသည်။ ထိုအရာက ပြီးပြည့်စုံသောကမ္ဘာတစ်ခုဖြစ်သည်။

ရှန်ထျန်းက ပြုံးလိုက်သည်။

ဒီလိုသာဆက်ဖြစ်နေပါက သူလည်း ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ကမ္ဘာအသစ်တစ်ခုကို ဖန်တီးလို့ရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက တခြားကမ္ဘာများနှင့် မတူညီသောကြောင့် ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်က ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ လေဟာနယ်ထဲတွင် ချိုင့်ဝှမ်းကမ္ဘာငယ်ဖန်တီးဖို့အတွက် ကြိုးစားကြည့်လို့ ရနိုင်သည်။ သို့သော် ထိုနေရာက ယာယီသိုလှောင်နယ်ပယ်တစ်ခုသာ ဖြစ်လိမ့်မည်။

သူ ပိုပြီးစွမ်းအားကြီးလေလေ ပိုပြီးကြီးမားသော ကမ္ဘာကို ဖန်တီးနိုင်လေလေဖြစ်ပြိး စွမ်းအင်လည်း ပိုမိုများပြားလာမည်ဖြစ်သည်။

ဥပမာအားဖြင့် ဟွမ်ရှစ်က ဤ သီးခြားအာကာပြင် ကမ္ဘာငယ်လေးကို ဖန်တီးခဲ့သည်။ ဤနေရာက တန်ဖိုးကြီးပြီး တခြားသော ချိုင့်ဝှမ်းကမ္ဘာငယ်များထက် သာလွန်သော်လည်း သက်ဝင်လှုပ်ရှားမှု အငွေ့အသက် မရှိပေ။

ဤကမ္ဘာငယ်လေးက အသက်မရှိခြင်း မဟုတ်ဘဲ ဤကမ္ဘာငယ်လေးက ဘာမှမထုတ်လုပ်နိုင် ဖြစ်နေသောကြောင့်ဖြစ်သည်။

ချိုင့်ဝှမ်းကမ္ဘာငယ်ထဲရှိ ဝိညာဉ်ချီများနှင့် သက်ရှိများအားလုံးက ကျင့်ကြံသူမှ ကမ္ဘာငယ်ထဲတွင် ထားရှိပေးထားခြင်းဖြစ်သည်။

ထိုအရာများက ပြင်ပလောကမှ ရောက်ရှိလာခြင်းဖြစ်ပြီး အစကတည်းက ကမ္ဘာငယ်ထဲတွင် ရှိနေခြင်းမဟုတ်ပေ။

ချိုင့်ဝှမ်းကမ္ဘာငယ်များက သူတို့ဘာသာသူတို့ အသက်ကို မထုတ်လုပ်နိုင်ပေ။

သို့သော် ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ခြားနားသည်။

ထိုအရာကို ဖန်တီးလိုက်သည့်အချိန်ကတည်းက ချိုင့်ဝှမ်းကမ္ဘာငယ်များထက် သာလွန်နေခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ အသက်ကို ထုတ်လုပ်သည့် စွမ်းရည်ရှိပြီး ထိုစွမ်းရည်ကလည်း ပိုမိုသန်မာလာသည်။

အနာဂတ်တွင် နယ်မြေငါးခုကဲ့သို့ ကမ္ဘာမျိုးအဖြစ်သို့ ပြောင်းလဲနိုင်လောက်သည်။

ရှန်ထျန်းက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ပြောင်းလဲမှုများကို လေ့လာတွေ့ရှိသည့်အတွက် နှုတ်ခမ်းများကိုလည်း တွန့်ချိုးလာမိသည်။

သူ၏ ကနဦးဝိညာဉ်က ပြောင်းလဲသွားသည်ကို မြင်လိုက်သောကြောင့်ဖြစ်သည်။

ဝိညာဉ်ချီက သူ၏ မူလက ၃၃ ပေရှိသော ကနဦးဝိညာဉ်ကို ပိုပြီးတော့ ကြီးထွားလာအောင် အားဖြည့်ပေးနေသည်။

ပေ၄၀

ပေ၈၀

၁၀၂ပေ

ပေ၃၆၀

ကနဦးဝိညာဉ် ပေပေါင်း ၃၃၀၀အထိ ကြီးထွားပြီးမှသာ ရပ်တန့်သွားသည်။

ရှန်ထျန်းက တွေဝေသွားသည်။ ကျင့်ကြံဆင့် မြင့်တက်လာသည့်အခါ ကနဦးဝိညာဉ်လည်း ကြီးထွားလာသည်က ပုံမှန်ဖြစ်နေကျဖြစ်သည်။ ကလေးအရွယ်မှ လူငယ်ဖြစ်လာကာ ထို့နောက် ကျန်းမာသော လူကြီးတစ်ယောက်ဖြစ်လာသည်။

သို့သော် ကနဦးဝိညာဉ်၏ အရွယ်အစားက အဆင့်နှင့် များသောအားဖြင့် အချိုးကျလေ့ရှိသည်။

ရှန်ထျန်း၏ ကနဦးဝိညာဉ်က “ကလေး”အဆင့်ကတည်းက တခြားသူများ၏ ကနဦးဝိညာဉ်ထက် ပိုပြီးတော့ အရွယ်အစား ကြီးနေခဲ့သည်။

သူ၏ ကျင့်ကြံဆင့်သာ ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားပါက သူ၏ ကနဦးဝိညာဉ်သည်လည်း ပြီးပြည့်စုံသော ဝိညာဉ်အဖြစ် အဆင့်တက်သွားကာ မှတ်တမ်းအသစ်များကို ချိုးနိုင်သည်။

သေစမ်း…သာမန် ကျင့်ကြံသူတွေရဲ့ ကနဦးဝိညာဉ်တွေက များသောအားဖြင့် ပြီးပြည့်စုံတဲ့ ဝိညာဉ်ဖြစ်မလာခင် အဆင့်ဆင့် ဖြတ်ကျော်လာသေးတာ။ ဒါပေမဲ့ ငါ့ရဲ့ ကနဦးဝိညာဉ်က ကလေးပဲ ရှိသေးပေမဲ့ ပြီးပြည့်စုံတဲ့ ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီးတော့ အခု ဧရာမ ကလေးကြီးဖြစ်နေပြီ

ကြီးမားသောအရာကို ကြည့်ပြီး ရှန်ထျန်း အနည်းငယ် ခေါင်းမူးသွားမိသည်။

ပေ၃၃၀၀ အမြင့်ရှိသော ပြီးပြည့်စုံသော ဝိညာဉ်၏ ရှေ့မှာ ရပ်နေရသည်က ထိတ်လန့်ဖို့ကောင်းလှသည်။

အထူးသဖြင့် ဗိုက်ရဲ့အောက်ပိုင်းတစ်နေရာပေါ့…

ကံကောင်းစွာဖြင့် သူက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ကျယ်ပြန့်သော နယ်မြေတစ်ခုကို ဖန်တီးထားခဲ့သည်။ မဟုတ်ပါက ဤဧရာမ ကနဦးဝိညာဉ်က သူ၏ ကမ္ဘာတစ်ခုလုံးကို ဖျက်စီးပစ်လိမ့်မည် ဖြစ်သည်။

ဤကမ္ဘာထဲတွင် အသက်ကြီးလာသည့်အတွက် ဧရာမ ကနဦးဝိညာဉ်က ပျော်ရွှင်နေပုံပေါ်သည်။ သူက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ဖုန်များကို ခါလိုက်ပြီး နယ်မြေတစ်လျှောက် ပတ်ပြေးတော့သည်။

စွမ်းအားကြီးသော အံ့ဖွယအလင်းဖြင့် တောက်ပနေသော ဧရာမ ကနဦးဝိညာဉ်ကြီးက တစ်ကမ္ဘာလုံးကို ထိန်လင်းသွားစေသည်။

ထိုအံ့ဖွယ်အလင်း၏ သက်ရောက်မှုကြောင့် ထိုကမ္ဘာ၏ ထောင့်များရှိ သက်ရှိများက ပိုပြီးတော့ သက်ဝင်လှုပ်ရှား ရှိလာကြသည်။

ဤကမ္ဘာထဲရှိ စွမ်းအင်ကို ပြီးပြည့်စုံအောင် လုပ်ပေးပြီး တိုးတက်ပြောင်းလဲမှုကို ပြည့်စုံစေသည်။

သို့သော် ထိုအရာက အရမ်းကြာရှည်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။

အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ရှန်ထျန်းက သူ၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။

သူက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်သည်။

ရှန်ထျန်းက လှုပ်ရှားနေသော စွမ်းအင်ကို ခံစားလိုက်မိသည့်အတွက် ပြုံးလိုက်မိသည်။ သူ ဒီတစ်ခေါက် အကျိုးအမြတ်တော်တော်များများ ရရှိလိုက်သည်။

သူ၏ ကျင့်ကြံဆင့်က ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားရုံသာမက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာကလည်း တိုးတက်သွားသည်။

ဒါက သူ့ကို အသိဝင်သွားစေနဲ့ ရှီထျန်းကျီရဲ့ ဖန်ဆင်းမှု ကပ်ဘေးကျေးဇူးကြောင့်ပဲ

သူက ရွှေဥ ဥပေးတဲ့ ငန်းပဲ

ရှန်ထျန်းက ရှီထျန်းကျီအကြောင်း တွေးမိသွားသည့်အခါ အတွေးများသွားသည်။

သူက သူ့ကို အနိုင်ယူလိုက်သည့်အတွက် ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့အတွက် နည်းလမ်းရှာရမည်ဖြစ်သည်။

သူသာ အငြိုးအတေးထားပါက အားလုံး ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။

ရှန်ထျန်းက ရှီထျန်းကျီကို စိုက်ကြည့်ကာ သူ့မျက်လုံးများက တွေဝေနေသည်ကို မြင်လိုက်ရသည်။ သူ့ကိုယ်ကြည့်ရတာက ဖြစ်ပျက်သွားသည်များကို မယုံကြည်နိုင် ဖြစ်နေပုံပေါ်သည်။

သူက အပြုံးတစ်ပွင့်ဖြင့် လျှောက်လှမ်းလာရင်း ပြောလိုက်သည်

“ ကျွန်တော်တို့ အချင်းချင်း တိုက်ခိုက်ကြည့်ပြီးသွားပြီဆိုတော့ အချင်းချင်း ပိုပြီးတော့ သိလာကြပြီလေ။ ကျွန်တော်တို့ မိတ်ဆွေလုပ်ကြရင် မကောင်းဘူးလား”

ရှန်ထျန်း၏ အပြုံးက ဖော်ရွေပြီး ရိုးသားမှုအပြည့် ပါဝင်နေသည်။ သူက ရှီထျန်းကျီနှင့် မိတ်ဆွေဖြစ်ချင်သည်။

ထို့အပြင် ရှီထျန်းကျီ၏ ကံကြမ္မာသားတော် အဆင့်မျိုးကလည်း ရှားပါးလှသည်။

ရှန်ထျန်း၏ ရိုးသားမှုကြောင့် ရှီထျန်းကျီ အသိစိတ် ပြန်ဝင်လာကာ ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

သူက မွေးဖွားလာကတည်းက အဆုံးမဲ့သော ဂုဏ်မှာ ပျော်မွေ့နေခဲ့သည်။ သူက ငယ်ရွယ်သော စံပြဖြစ်ပြီးနောက်တွင်လည်း သာလွန်သော တည်ရှိမှုအဖြစ် ရပ်တည်ခဲ့သည်။

သူနှင့် မျိုးဆက်တူသူများက သူ့ကို ကြောက်ရွံ့လေးစားခဲ့ကြသည်။

ထို့ကြောင့် ရှီထျန်းကျီက ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာပြီး တစ်ချိန်တည်းမှာပဲ အထီးကျန်နေခဲ့သည်။ ဘယ်သူကမှ သူနှင့် အဆင့်မှီအောင် မလိုက်နိုင်သည့်အတွက် သူတို့က သူ့မိတ်ဆွေ ဖြစ်မလာခဲ့ကြပေ။

ဒီအချိန်မရောက်ခင်အထိပေါ့

ရှန်ထျန်း၏ ပုံစံက ရှီထျန်းကျီ၏ အထီးကျန်မှုကို တစ်စစီဖြိုခွဲလိုက်သည်။

သူနဲ့ လက်ရည်တူသူကို တွေ့ခဲ့ပြီ

သူ နောက်ဆုံးတော့ ရှုံးနိမ့်မှု အရသာကို ခံစားဖူးပြီ

ရှီထျန်းကျီက ရှုံးနိမ့်မှု အရသာကို ခံစားခဲ့ဖူးသော်လည်း သူ့ကို ကြည့်ရတာ ဝမ်းနည်းသည့်ပုံမပေါ်ပဲ စိတ်လှုပ်ရှားသည့်ပုံစံ ပေါ်နေသည်။

ပန်းတိုင်အသစ်နှင့် ပြိုင်ဘက်အသစ်တစ်ယောက် ရှာတွေ့သွားသည့် စိတ်လှုပ်ရှားမှုမျိုးဖြစ်သည်။ တိုက်ခိုက်လိုစိတ်ကြောင့် စိတ်လှုပ်ရှားမှုက ဖြစ်တည်လာသည်။

သူ၏ စိတ်ပျက်အားလျော့မှုကို လောင်ကျွမ်းနေသော တိုက်ခိုက်လိုစိတ်ဖြင့် အစားထိုးလိုက်သည့်အတွက် ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားသည်။

သူက ရှန်ထျန်းကို ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကြည့်လိုက်ပြီး ပြောသည်

“ ရှန်ထျန်း ငါမင်းကို နောက်တစ်ခါကျ အနိုင်ယူပြမယ်”

ထို့နောက် ရှီထျန်းကျီက မတ်တပ်ရပ်ပြီး ထွက်သွားသည်။ ယခုတစ်ခေါက်က ရှုံးနိမ့်ခြင်းနှင့် ဖိအားကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ဤဖိအားက သူ့ကို လက်လျှော့သွားအောင် မလုပ်နိုင်သည့်အပြင် ခွန်အားအသစ်ကိုပါ ရရှိသွားစေသည်။

ရှန်ထျန်းကို အနိုင်ယူဖို့ကို ပန်းတိုင်တစ်ခုအဖြစ် သတ်မှတ်ထားပြီးပြီဖြစ်သည်။ သူက ဤပန်းတိုင်နောက်ကို သေချာပေါက် လိုက်သွားမည်ဖြစ်သည်။

ရှန်ထျန်းက ရှီထျန်းကျီ ထွက်သွားသည်ကို ကြည့်ပြီး ခေါင်းကုတ်ကာ သက်ပြင်းချလိုက်မိသည်။

အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များက သဘောထားကြီးသည်။ သူတို့က ရိုက်နှက်ခံရပြီးလျှင်လည်း စိတ်မတိုကြပေ။

ထိုအရာက ကံကောင်းလှသည်။ မဟုတ်ပါက တန်ဖိုးရှိသော အရင်းအမြစ်ကို ပျောက်ဆုံးသွားစေမည်ဖြစ်သည်။

အဲလိုသာဖြစ်သွားရင် ရှန်ထျန်း ကိုယ့်ဆံပင်ကို ဆွဲပြီး ဒေါသထွက်မိလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင် ဟွမ်ရှစ်၏ အသံ ထွက်ပေါ်လာသည်

“ ရှန်ထျန်း … မင်းက မဆိုးဘူးပဲ”

ရှန်ထျန်း၏ လုပ်ဆောင်ချက်ကို ကြည့်ပြီး ဟွမ်ရှစ် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ကနဦးဝိညာဉ်အဆင့်မှာရှိနေတုန်း စစ်မှန်တဲ့ ဝိဇ္ဇာကို အနိုင်ယူတာတဲ့လား။ ဒါကို လုံးဝ မကြားဖူးဘူး

သေမျိုးလောကကမဟုတ်တဲ့ ထူးခြားတဲ့ နတ်ဘုရားပါရမီရှင်တစ်ယောက်ကပဲ ဒါမျိုးကို လုပ်နိုင်မှာ

ရှန်ထျန်း၏ တိုက်ပွဲစွမ်းရည်က ပြိုင်ဘက်ကင်းလှသည်။

အဖိုးယဲ့က သူ့အမွေအနှစ်ကို ဒီကလေးဆီ အပ်သွားတာကလည်း အဆန်းတော့ မဟုတ်ပါဘူး။ သူက တကယ်ကို စစ်နတ်ဘုရား မျှော်နန်းဆောင်နဲ့ ထိုက်တန်တဲ့သူပဲ

သို့သော် ဒီလူက အနည်းငယ် လှည့်ဖြားတတ်သည်ဟု ဟွမ်ရှစ် ခံစားမိသည်။

ထို့အပြင် ရှန်ထျန်းက သာလွန်တာအို ကောင်းကင်အသျှင် တစ်ယောက်ဖြစ်ကြောင်း ကောလဟာလများ ရှိခဲ့သည်။

ရှန်ထျန်းက ကောင်းကင်အသျှင်တစ်ယောက်ပင် မဟုတ်ခဲ့ဘူးဆိုတာကို ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပေ။

ဤသတင်းသာ ပျံ့နှံ့သွားပါက….

နယ်မြေငါးခုလုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားနိုင်သည်။

ရှန်ထျန်း လှည့်ကြည့်လိုက်သည့်အခါ ဟွမ်ရှစ်က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှန်ထျန်းက လျင်မြန်စွာဖြင့် ပြောလိုက်သည်

“ အရှင့်သားက အရမ်းကြင်နာတတ်လို့  ကျွန်တော်က ကံကောင်းသွားရုံလေးတင်ပါ”

ရှန်ထျန်းက လူမသိသူမသိနေပြီး တိုးတက်ဖို့အတွက်သာ အာရုံစိုက်ချင်သည်။ သူက ခွန်အားအစစ်အမှန်ကို တတ်နိုင်သလောက် ဖုံးကွယ်ထားချင်သည်။

အထူးသဖြင့် မဟာနတ်ဧကရာဇ် ဟွမ်ရှစ်လို လူမျိုးရဲ့ရှေ့မှာပေါ့

လူမသိသူမသိနေတာက အကောင်းဆုံးပဲ

ဟွမ်ရှစ်က ရှန်ထျန်း၏ စကားလုံးများကြောင့် မခံမရပ်နိုင်ဖြင့် မေးလိုက်သည်

“ မင်းစောနက အားအင် ဘယ်လောက်စိုက်ထုတ်ခဲ့လဲ”

ဟွမ်ရှစ် ထိုကဲ့သို့ မေးလာမည်ဟု မထင်မှတ်ထားသည့်အတွက် ရှန်ထျန်းက အံ့ဩထိတ်လန့်နေမိသည်။

ခဏတာတွေးပြီးနောက် မှန်ကန်စွာ ဖြေလိုက်သည်

“ ညီအစ်ကိုထျန်းကျီက အရမ်းတော်တော့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”

ဟွမ်ရှစ်က ရှန်ထျန်း၏ လိမ်လည်လှည့်ဖြားမှုကို ထိုးဖောက်မြင်နေရပုံပေါ်သည်။ သူက သူ့ကို လုံးဝ မယုံကြည်ပဲ ခေါင်းယမ်းကာ ပြောလိုက်သည်

“ မင်းစောနက တကယ်ပဲ အင်အားဘယ်လောက် စိုက်ထုတ်ခဲ့လဲ”

ရှန်ထျန်းက ခေါင်းကို ကုတ်လိုက်သည်။ သူက စိတ်ထြတွင် သက်ပြင်းချလိုက်သည်။

ဟွမ်ရှစ်က အချိန်အကြာကြီးနေလာခဲ့တဲ့ အကြီးအကဲတစ်ယောက်ပဲ။ သူက ပါးနပ်တဲ့ မြေခွေးအိုကြီးပဲ

သို့သော် သူက အမှန်အတိုင်းပြောဖို့ ငြင်းဆန်နေဆဲဖြစ်သည်

“ ညီအစ်ကိုထျန်းကျီက ထိပ်သီး ပါရမီရှင်တစ်ယောက်လေ။ ကျွန်တော် သူ့ကို အနိုင်ရသွားတာက ကံကောင်းလို့ရယ် စွမ်းအားအစစ်အမှန် ၉၀ ရာခိုင်နှုန်းရယ်ကို ပေါင်းစပ်ထားလို့ပါ။”

“ တကယ်လား။ မင်းက သတ္တိရှိတာပဲ။ ငါ့ကို လိမ်ရဲတယ်ပေါ့လေ”

ဟွမ်ရှစ်က ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

ဒီကောင်လေးက အရမ်းစဉ်းလဲသည်ကို သူ သိသည်။ ထို့ကြောင့် သူ ပြောသမျှကို ယုံကြည်ဖို့ မဖြစ်နိုင်ပေ။

ချွေးစေးများပင် ထွက်လာသော ရှန်ထျန်းက အလျင်အမြန် ပြောလိုက်သည်

“ ၈၀ ရာခိုင်နှုန်းပါ။ ကျွန်တော် ဒီတစ်ခါ အမှန်ကို ပြောနေတာပါ။ ကျိန်ဆိုရဲပါတယ်”

ဟွမ်ရှစ်က သံသယရှိနေဆဲဖြစ်ပြီး သူ့ကို မယုံကြည်နိုင်ဖြစ်နေသေးသည်။

ရှန်ထျန်းက တွေဝေစွာဖြင့် ကျိန်ဆိုကာ ပြောလိုက်သည်

“ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ။ ကျွန်တော် ခွန်အားအစစ်အမှန်ရဲ့ ၈၀ ရာခိုင်နှုန်းကိုပဲ တကယ် အသုံးပြုခဲ့တာပါ။ လိမ်ပြောတယ်ဆိုရင် မိုးကြိုးပစ်ခံရပြီး သေသွားရပါစေ”

ဟွမ်ရှစ်က လှောင်ရယ်ပြီး ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် မိုးကြိုးပစ်ခံရတာကို ကြောက်တယ်ဟုတ်လား။ ငါ့အတွက်တော့ ပထမဆုံး ကြားဖူးတာပဲ။ ၈၀ ရာခိုင်နှုန်းတဲ့လား…မင်းရဲ့ ဒီခန္ဓာကိုယ်က မင်းရဲ့ကိုယ်ပွားမလား”

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ ပြောလိုက်သည်

“ အဟမ်း… ဘယ်ကကိုယ်ပွားလဲ”

ဟွမ်ရှစ် ပြုံးကာ ပြောလို်ကသည်

“ ဘာကိုယ်ပွားလဲဟုတ်လား။ ဟုတ်တာပေါ့ ငါက မင်းရဲ့ သွေးနတ်ဘုရားသားတော် ကိုယ်ပွားအကြောင်းကို ပြောနေတာလေ”

“ ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ”

ရှန်ထျန်းက ဟွမ်ရှစ်ကို စိုက်ကြည့်ရင်း တုန်လှုပ်နေမိသည်။

သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ပိုင်ဆိုင်ပြီး မဟာဧကရီဆီမှလည်း သင်ယူခဲ့သေးသည့်အတွက် ဘယ်သူမှ သူ့အရှိန်အဝါကို အာရုံမခံနိုင်ကြပေ။ ထို့အပြင် ဤသွေးနတ်ဘုရားသားတော် ကိုယ်ပွားကို သွေးနတ်ဘုရားကျမ်းဖြင့် ဖန်တီးထားပြီး အရမ်းစွမ်းအားကြီးသော ဖုံးကွယ်အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။

ပထမဆုံး သွေးနတ်ဘုရားသားတော် ကိုယ်ပွားးကို ဖန်တီးကတည်းက ရှန်ထျန်းက ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ သွေးအဆီအနှစ်များနှင့် အဖိုးတန် ဆေးဖက်ဝင်အပင်များကို ကျွေးနေခဲ့သည်။

ယခု ဤကိုယ်ပွားက ရှန်ထျန်း၏ ပင်မခန္ဓာကိုယ်နှင့် ၈၀ ရာခိုင်နှုန်းနီးပါး တူညီနေပြီဖြစ်သည်။ ပုံစံနှင့် အရှိန်အဝါကလည်း ပင်မခန္ဓာကိုယ်မှ ခွဲခြားလို့ မရနိုင်တော့ပေ။

ရှန်ထျန်းကို အမြဲတမ်း မြင်တွေ့နေသူများပင် မခွဲခြားနိုင်ကြပေ။

ဟွမ်ရှစ်က သူ့ကို ဘယ်လိုလုပ်ပြီး ထိုးဖောက်မြင်နိုင်လဲဆိုတာကို ရှန်ထျန်း တကယ်မသိတော့ပေ။

မမျှော်လင့်စွာဖြင့် ဟွမ်ရှစ်၏ နောက်ထပ်စကားလုံးများက ရှန်ထျန်းကို အံ့ဩထိတ်လန့်သွားစေသည်။

ဟွမ်ရှစ်က ပြုံးကာ ပြောလိုက်သည်

“ မင်းက လိမ်ညာတာ အဲလောက်ထိ မတော်သေးဘူး။ သွေးနတ်ဘုရားကျမ်းက အရမ်းဆန်းကြယ်လို့ ထောက်လှမ်းဖို့က ငါ့အတွက်တောင်မှ ခက်ခဲတယ်။ ဒါပေမဲ့ မင်းက ချင့်ချိန်စဉ်းစားတတ်ပြီးတော့ ကိုယ်ပွားတွေ ပြုလုပ်တဲ့နေရာမှာ အရည်အချင်းရှိတယ်လို့ ငါကြားထားတယ်။ ပြီးတော့ မင်းက အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ကိုယ်ပွားတွေကို အသုံးပြုရတာ သဘောကျတယ်လေ။

တကယ်သာ မင်းဆိုရင် ခရမ်းရောင်မိုးကောင်းကင် ဝေဟင်တူ ပျက်စီးသွားတဲ့အချိန်မှာ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ပင်လယ်အံ့ဖွယ်တူကို အသုံးပြုခဲ့မှာပေါ့။

ဒါပေမဲ့ မင်းက ခရမ်းစိမ်းဓား နှစ်သွယ်ကို ပြောင်းသုံးလိုက်တယ်။ ငါက ဒီကိုယ်ပွားပေါ်မှာရှိတာက ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းလား ဒါမှမဟုတ် ထာဝရ အသုံးအဆောင် ပစ္စည်းလားဆိုတာကို မထောက်လှမ်းနိုင်ဘူးလေ။

အဲဒါကြောင့် ငါက ဒီဟာက မင်းရဲ့ ကိုယ်ပွားထဲက တစ်ခုဆိုပြီးတော့ ခန့်မှန်းလိုက်တာ။ မင်းက အသုံးအဆောင်ပစ္စည်းအများကြီးကို မခွဲဝေပေးထားဘူးလေ။

ပင်လယ်အံ့ဖွယ်တူ၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားနှင့် တခြားသော အသုံးအဆောင်ပစ္စည်းတွေက မင်းရဲ့ ပင်မခန္ဓာကိုယ်ပေါ်မှာလေ”

ဟွမ်ရှစ်၏ ဆန်းစစ်မှုက အင်မတန် လျင်မြန်လှသည်။ ရှန်ထျန်းက ချွေးစေးများပင် ပျံနေသည်။

သေစမ်း ဒီလူက ဘယ်သူလဲ။ သူက ငါ့ကို ငါ့အဖေအရင်းထက်တောင် ပိုသိနေတာလား

ရှန်ထျန်းက ပြင်ပကမ္ဘာတွင် ပင်လယ်အံ့ဖွယ်တူနှင့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို အသုံးပြုသည့်အတွက် ထိုအကြောင်းကိုကြားထားသော ဟွမ်ရှစ်အတွက် အဆန်းမဟုတ်ပေ။

သို့သော် သွေးနတ်ဘုရားကျမ်းက ရှန်ထျန်း၏ အရေးကြီးဆုံးသော လျှို့ဝှက်လက်နက်ထဲမှ တစ်ခုဖြစ်သည့်အတွက် ဘယ်သူမှ သိပ်မသိကြပေ။

ဒီဟွမ်ရှစ်က အဲဒါကို ဘယ်လိုလုပ်ပြီးတော့ သိသွားတာပါလိမ့်

ရှန်ထျန်းက ပြောလိုက်သည်

“ နည်းနည်းလောက် ဒီထက်ရှည်ရှည် မပြောပြတော့ဘူးလားဟင်”

မဟာနတ်ဧကရာဇ် ဟွမ်ရှစ်က ပြုံးကာ ပြောလိုက်သည်

“ ပြောပြမယ်လေ။ အဲဒါက ခန့်မှန်းတာပဲ ရှိသေးတာပါ။ မင်းရဲ့ လက်ရှိတုံ့ပြန်မှုကို ကြည့်လိုက်မှ ငါခန့်မှန်းတာ မှန်တယ်ဆိုတာကို သိသွားတာ”

ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

ဟွမ်ရှစ်က ပြုံးကာ ပြောလိုက်သည်

“ မင်းအနေနဲ့ မင်းရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ မင်းရဲ့ဆရာ ကျန်းလုံယွမ်ဆီကနေ သင်လိုက်ဦး။ သူက အဲဒီနေရာမှာ တော်တယ်လေ။

မင်း ငါ့ကို သတိထားစရာ မလိုပါဘူး။ ငါက အဖိုးယဲ့ရဲ့ တပည့်တစ်ပိုင်းလို့ သတ်မှတ်လို့ရပါတယ်။ မင်း ငါ့ကို ဦးလေးရှစ်လို့ ခေါ်လို့ရတယ်”

ရှန်ထျန်း နားမလည်နိုင်သေးပေ။

တကယ်ပြောနေတာလား

ကြည့်ရတာ ငါက အရမ်းငယ်သေးတယ်ထင်တယ်

ဆရာဆီကနေ အများကြီးထပ်ပြီးတော့ သင်ယူရဦးမယ်။ ငါ့မျက်နှာကို ဖုံးကွယ်ဖို့အတွက် ကောင်းကင်အရှိန်အဝါကို ရအောင် လုပ်ရမှာတော့ မဟုတ်ပါဘူးနော်

ရှန်ထျန်းက စဉ်းစားချင့်ချိန်နေသည်။

ဒါပေမဲ့ “ဦးလေးရှစ်”ဆိုတာက ဘာကြီးလဲ

သူက ငါ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ

နယ်မြေငါးခုရှိ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများကို ဦးလေးဟုခေါ်ဖို့က မခက်ခဲလှပေ။ တချို့သောလူများက ထိုကဲ့သို့သော ဂုဏ်ပုဒ်မျိုးရဖို့အတွက် စိတ်ကူးယဉ်နေနိုင်သည်။

ဒါပေမဲ့ ကျွန်တော်မှာလည်း မာနနဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်။ ကျွန်တော်က ခင်ဗျားရဲ့ ပါရမီရှင်မှ မဟုတ်တာ

ဒီလူက ငါ့ကို ဖော်ထုတ်ပြီးတော့ သူ့ကို ဦးလေးလို့ ခေါ်စေချင်နေတာလား

ဟား…ဟား…ဟား…ခင်ဗျားက အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ

ပုံမှန်စကားများပြောပြီးနောက် စကားက အရေးကြီးသော ကိစ္စများဘက်သို့ မြားဦးလှည့်သွားသည်။

ဟွမ်ရှစ်က ပြုံးကာ ပြောလိုက်သည်

“ ဒါပေါ့ ငါ့စကားငါ တည်ပါတယ်။ မင်းက ရှီထျန်းကျီကို အနိုင်ယူလိုက်နိုင်ပြီဆိုတော့ ဒီနတ်ဧကရာဇ်ဆေးပင်က မင်းအပိုင်ပဲ”

ထို့နောက် ဟွမ်ရှစ်က ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအရာက နတ်ဘုရားမက်မွန်သီး တစ်လုံးဖြစ်ပြီး နီမှည့်နေကာ အံ့ဖွယ်အရှိန်အဝါဖြင့် လွှမ်းခြုံထားသည်။ ထိုအရာက အင်မတန်ထူထဲပြီး သင်းပျံ့သော အသက်စွမ်းအင်ကို လွှတ်ထုတ်နေသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် ပုံစံစတင်ပြောင်းလဲလာသည်။ စွမ်းအားကြီးသော အသက်စွမ်းအားက အလင်းပြန်နေသည့်အတွက် ပတ်ဝန်းကျင်ရှိ သက်ရှိများကို ပိုပြီးတော့ သက်ဝင်လှုပ်ရှားမှု ရှိသွားစေသည်။

မရေတွက်နိုင်သော အစီအရင်များက နတ်ဘုရားမက်မွန်သီး၏ ဘေးပတ်လည်တွင် ဝန်းရံနေပြီး အထူးခြားဆုံးသော အံ့ဖွယ်အစီအရင်ကို ဖန်တီးနေသည်။

“ ဒါက နတ်ဧကရာဇ် ဆေးပင်ဖြစ်တဲ့ ထာဝရမက်မွန်ဆေးပင်ပဲ။ ဒါကို ထာဝရအပင်ကနေ ပျိုးထားတာ။ ဒီမက်မွန်သီးက နှစ်ပေါင်းတစ်သောင်းနေတိုင်း တစ်ခါမှည့်တယ်။ စွမ်းအားကြီးတဲ့ အသက်စွမ်းအားနဲ့ ဆန်းကြယ်တဲ့အကျိုးသက်ရောက်မှုတွေရှိတယ်။ ဒါက သေလူကို ပြန်ပြီးတော့ ရှင်သန်စေနိုင်တဲ့ နတ်ဧကရာဇ်ဆေးပင်ပဲ”

ရှန်ထျန်းက ထာဝရမက်မွန်ဆေးပင်ကို မြင်လိုက်ရသည့်အခါ တုန်ရီသွားသည်။

ဤနတ်ဧကရာဇ်ဆေးပင်က အဆင့်၁၂ ပဒုမ္မာကြာပန်းကဲ့သို့သော တောင့်တင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ခံစားရသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက စွမ်းအားကြီး နတ်ဧကရာဇ်တစ်ပါးဖြစ်ပြီး ဆေးပညာရပ်တွင် အတော်ဆုံးဖြစ်သည်။ ထိုကဲ့သို့သော နတ်ဧကရာဇ်ဆေးပင်မျိုးကို ရရှိထားလျှင်လည်း သူ စိတ်ပူပန်ခြင်းမရှိပေ။

မဟာနတ်ဧကရာဇ် ဟွမ်ရှစ်လည်း ဒီလိုမျိုး နတ်ဧကရာဇ်ဆေးပင်မျိုးကို ထုတ်ပေးနိုင်တာကို ကြည့်လိုက်ရင် သူ ဘယ်လောက် ချမ်းသာလဲဆိုတာကို သိနိုင်တယ်

သူက ရှန်ထျန်းကို ချက်ချင်း မပေးသေးပဲ ပြောလိုက်သည်

“ ငါ မင်းကို တောင်းဆိုစရာတစ်ခုရှိတယ်။ မင်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေကို သန့်စင်ဖို့အတွက် ဒီ ထာဝရမက်မွန်ဆေးပင်ကို အသုံးပြုရမယ်။ ပြီးရင် မင်း ငါ့ကို တစ်ခုပေးရမယ်”

ဟွမ်ရှစ်က ရှန်ထျန်း၏ ထူးခြားသော သန့်စင်မှု ပညာရပ်များအကြောင်းကို ကြားထားသည်။

မဟာလွင်ပြင်နတ်ဘုရားတိုင်းပြည်နှင့် ကျိရှားကျောင်းတော်ကို တည်ထောင်သူတစ်ယောက်အနေဖြင့် သူ့အောက်တွင် များပြားသော သန်မာသည့် အရည်အချင်းရှိသူများ ရှိကြသည်။ သူ့ဆီမှာ ဆေးပညာတွင် ကျွမ်းကျင်သောသူများလည်း ရှိသည်။

ထိုသို့ဆိုလျှင်ပင် သူတို့၏ စွမ်းရည်က ရှန်ထျန်းအောက် နိမ့်ကျသည်။

ရှန်ထျန်း၏ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက ကောင်းကင်ဆန့်ကျင်ဆေးလုံး ဖြစ်သည်။ ဝိဇ္ဇာတစ်ယောက်ပင် အကျိုးအမြတ် ရရှိနိုင်သည်။

ရှေးခေတ်အခါကတည်းက ဘယ်သူမှ ထိုကဲ့သို့သော ထူးခြားမှုမျိုးကို မကြုံတွေ့ဖူးပေ။

ဟွမ်ရှစ်က အရမ်းစိတ်ဝင်စားနေသည်။

တောင်းဆိုမှုကြောင့် ရှန်ထျန်း ထိတ်လန့်သွားပြီး ရေရွတ်လိုက်သည်

“ ဒါဆိုရင် ကျွန်တော် ဆုံးရှုံးသွားမှာပေါ့”

ဒီနတ်ဧကရာဇ်ဆေးပင်ကနေ ကောင်းကင်ပြုပြင်ရေးဆေးလုံး တစ်လုံးထက်ပိုပြီးတော့ သန့်စင်နိုင်တယ်ဆိုရင်တော့ သူ အကျိုးအမြတ်ရမယ်။ အခုတော့ ဆေးလုံးတွေကို သန့်စင်ပြီးတော့ တစ်ခုကိုလည်း ပေးရဦးမယ်တဲ့။ သူ ရှုံးတာပေါ့

ဟွမ်ရှစ်က ရှန်ထျန်း၏ ရေရွတ်သံကို ကြားပြီး ခါးသီးစွာပြုံးရင်း ခေါင်းယမ်းကာ ပြောလိုက်သည်

“ ကောင်လေး မင်းက အရမ်းတွက်ချက်တာပဲ။

စိတ်မပူပါနဲ့။ ငါလည်း တစ်ချိန်က အဖိုးယဲ့ သင်ကြားပေးတာကို ခံခဲ့ရတာပါ။ မမျှတအောင် မလုပ်ပါဘူး။

“ မင်းကို လျော်ကြေးအနေနဲ့ မဟာဝိဇ္ဇာအသုံးအဆောင် ပစ္စည်းလောက်ကောင်းတဲ့ ဟွမ်ရှစ်တော်ဝင်ကျမ်းကို ပေးမယ်လေ ဘယ်လိုလဲ”

မဟာနတ်ဧကရာဇ် ဟွမ်ရှစ်က လက်ကို ယမ်းလိုက်သည့်အခါ အံ့ဖွယ်တူတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာက အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး အံ့ဖွယ် အက္ခရာစာများဖြင့်လည်း ဖုံးလွှမ်းထားသည်။ ကမ္ဘာမြေကို ကိုင်လှုပ်နိုင်ပြီး တောင်တန်းနှင့် မြစ်များကို ချေမွနိုင်သည့် စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်နေသည်။

“ ဒါက မဟာဝိဇ္ဇာအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ကောင်းကင်လှုပ်ခတ်တူပဲ။ မင်းကို ပေးလိုက်မယ်”

ရှန်ထျန်းက တူကို လက်ခံကာ ချက်ချင်းပြုံးပြီး ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဦးလေးရှစ်။

ဦးလေးရှစ် မစိုးရိမ်နဲ့နော်။ ကျွန်တော် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို သန့်စင်ပြီးရင် ပေးမယ်နော်”

ရှန်ထျန်းက လျော်ကြေးလက်ခံရရှိသွားသည့်အတွက် နေလို့ပိုကောင်းသွားသည်။

ဟွမ်ရှစ်တော်ဝင်ကျမ်းက ဟွမ်ရှစ်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည့်အတွက် နက်နဲပြီး စွမ်းအားကြီးလှသည်။

ထိုတော်ဝင်ကျမ်းကြောင့် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က အလယ်ပိုင်းကုန်းမြေတွင် စွမ်းအားအကြီးဆုံး အာဏာရှင် ဖြစ်လာခဲ့သည်။

ဒါက သေချာပေါက် စွမ်းအားအကြီးဆုံး တော်ဝင်ကျမ်းတွေပဲ

ဒါပေမဲ့ ဟွမ်ရှစ်က သူ့ကို ပေးမယ်ဆိုတော့ သေချာပေါက် အပြည့်အစုံပဲနေမှာ

မဟာဝိဇ္ဇာအသုံးအဆောင် ပစ္စည်းကလည်း တော်ရုံ မဟုတ်ပေ။ အတိဒုက္ခစမ်းသပ်ချက် ဖြတ်ကျော်ခြင်း ကိုးကြိမ် ခံယူထားသော မဟာဝိဇ္ဇာသာလျှင် သန့်စင်နိုင်လိမ့်မည် ဖြစ်သည်။ ထိုစွမ်းအားက သာမန်ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းထက် များစွာ ကျော်လွန်နေသည်။

ကောင်းကင် လှုပ်ခတ်တူက ရှန်ထျန်း၏ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းလောက် မကောင်းသော်လည်း စွမ်းအားကြီးနေဆဲဖြစ်သည်။

သူ့ကိုယ်ပွား၏ ခရမ်းရောင်မိုးကောင်းကင် ဝေဟင်တူက ဖျက်စီးခံလိုက်ရသည်။

ဤတူကို အစားထိုးအဖြစ် အသုံးပြုလိုက်ခြင်းက ကောင်းသော အကြံ ဖြစ်သည်။

ဟွမ်ရှစ်တော်ဝင်ကျမ်းနှင့် ကောင်းကင်လှုပ်ခတ်တူက ပြင်ပလောကကို တုန်လှုပ်သွားစေလိမ့်မည်။

ဝိဇ္ဇာအများစုတောင် အဲဒီအရာအတွက် ရအောင် တိုက်ခိုက်ယူမယ်လို့ ပြောမယ်ဆိုရင် အပိုမဟုတ်ဘူး

ဒီလိုအလဲအလှယ်ဆိုရင်တော့ ရှန်ထျန်းဘက်က မြတ်သွားတာပဲ

ရှန်ထျန်း စိတ်လှုပ်ရှားသွားသည်။

ရှန်ထျန်းက သူ့ကို ဦးလေးရှစ်ဟု ပျော်ရွှင်စွာ ခေါ်နေသည်ကို ကြည့်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဒီကောင်လေးက သူ့ သစ္စာကို အမြင့်ဆုံးလေလံဆွဲတဲ့သူဆီ ပေးချင်နေတာပဲ။ သူက လေတိုက်ရာအတိုင်း ယိမ်းနွဲ့နေမှာပဲ

ဒါပေမဲ့ စစ်နတ်ဘုရားမျှော်နန်းဆောင်ရဲ့ အမွေဆက်ခံသူ တစ်ယောက်အနေနဲ့ဆိုရင်တော့ သဘောကျစရာပါပဲ

ကျင့်ကြံရေးလောကမှာ စွမ်းအားက ဘုရင်ပဲ။ မွေးရာပါ အရည်အချင်းက အရေးကြီးဆုံးပဲ

ထိုစွမ်းအားဖြင့်ဆိုလျှင် ဂုဏ်သိက္ခာအတွက် စိုးရိမ်စရာမလိုပေ။

ဒီကောင်လေးက အရမ်းချောလို့ ငါ ငယ်ငယ်တုန်းကပုံစံကို သတိရသွားစေတယ်

ရှန်ထျန်း၏ တုန်ရီနေသော မျက်နှာထားကို ကြည့်ပြီး ဟွမ်ရှစ်က သူ၏ ငယ်ဘဝကို ပြန်မြင်နေသလို ခံစားနေရသည်။

ထိုအချိန်တွင် သူ ကျေနပ်ရောင့်ရဲသွားသည်။

All Chapters