← Chapters

မိန်းကလေး ချင်းယွဲ့ … အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ

Vol. 29 Ch. 434

မိန်းကလေး ချင်းယွဲ့ … အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ

Vol. 29 Ch. 434

အခန်း (၄၃၄) : မိန်းကလေး ချင်းယွဲ့ … အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ

“ မင်းရဲ့ သစ္စာကို လေလံပွဲမှာ ဈေးအမြင့်ဆုံးပေးတဲ့သူဆီ ရောင်းချင်နေတာပဲ” ဟွမ်ရှစ်က ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းကို အခု ဟွမ်ရှစ် တော်ဝင်ကျမ်း သင်ပေးမယ်”

သူက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ စွမ်းအားကြီးသောစွမ်းအင် ထိုးဖောက်ထွက်လာပြီး ရှန်ထျန်း၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။ နက်နဲသော ကျင့်ကြံရေးပညာရပ်တချို့က သူ့စိတ်ထဲတွင် ပေါ်လာသည့်အတွက် ရှန်ထျန်းက အနည်းငယ် တုန်လှုပ်သွားမိသည်။

ထိုအရာက ဟွမ်ရှစ်တော်ဝင်ကျမ်းဖြစ်ပြီး ဟွမ်ရှစ်ကိုယ်တိုင် ရှင်းပြထားသော ရှင်းပြချက်တစ်ခုပင် ပါဝင်နေသေးသည်။

တော်ဝင်ကျမ်း၏ တားမြစ်အခန်းပင် ပါဝင်နေသေးသည်။ ဟွမ်ရှစ်က ရှန်ထျန်းကို ဘာမှမချန်လှပ်ဘဲ သင်ပြပေးမည့်ပုံပေါ်သည်။

ဦးလေးရှစ်ကတော့ ထင်ထားတဲ့အတိုင်းပဲ

ရှန်ထျန်း ဝမ်းသာကြည်နူးသွားမိသည်။

သူက များပြားသော တော်ဝင်ကျမ်းများကို ကျင့်ကြံပြီးနေပြီဖြစ်သော်လည်း သူ့ဆီမှာ အများကြီးရှိနေလို့ဆိုပြီး ဘယ်သူမှ အပြစ်လာတင်လို့ မရပေ။

ဟွမ်ရှစ်က သတိပေးလိုက်သည်

“ ထျန်းအာ မင်းလုပ်နိုင်တာထက် ပိုမလုပ်နဲ့နော်။ ကျင့်ကြံခြင်းပညာရပ်ထဲက တစ်ခုကိုပဲ အဆင့်အမြင့်ဆုံးထိ လေ့ကျင့်ထားတာ အကောင်းဆုံးပဲ”

ယဲ့ချန်းခန်က သူ့ကို အချက်အလက်များစွာ ပေးခဲ့သည့်အတွက် ရှန်ထျန်းက များပြားသော တော်ဝင်ကျမ်းများကို ကျင့်ကြံနေကြောင်း သိခဲ့ရသည်။

တော်ဝင်ကျမ်း တစ်ခုချင်းစီက နတ်ဧကရာဇ်တစ်ပါး နားလည်ခဲ့သော တာအိုတစ်ခုဖြစ်သည့်အတွက် စွမ်းအားကြီးသော စွမ်းအားများ ပါဝင်သည်။ သေချာတတ်ကျွမ်းသွားပါက နယ်မြေငါးခုကိုပင် အုပ်ချုပ်နိုင်လိမ့်မည်။

တော်ဝင်ကျမ်းတစ်ခုကို ဖန်တီးခဲ့သော တည်ရှိမှုတိုင်းက ပြိုင်ဘက်ကင်း နတ်ဧကရာဇ်များ ဖြစ်ကြသည်။

သို့သော် တော်ဝင်ကျမ်းများက အရမ်းနက်နဲပြီး နားလည်ရခက်ခဲသောကြောင့် လုပ်နိုင်တာထက် အတင်း ဖိအားပေးပြီး ပိုလုပ်ပါက မကောင်းသော အကျိုးသက်ရောက်မှုကို ခံစားရနိုင်သည်။

ထို့ကြောင့် ရှီထျန်းကျီက ဟွမ်ရှစ်၏ လမ်းညွှန်မှုအောက်တွင် ဟွမ်ရှစ် တော်ဝင်ကျမ်းကို ကျွမ်းကျင်အောင် လုပ်ပြီမှသာ တခြားတော်ဝင်ကျမ်းများကို အထောက်အကူအနေဖြင့် သင်ယူခဲ့သည်။

ထိုအခါမှသာ ဟွမ်ရှစ်တော်ဝင်ကျမ်း၏ စွမ်းအားများကို အမြင့်ဆုံးအဆင့်အထိ လွှတ်ထုတ်နိုင်မည်ဖြစ်သည်။

ဟွမ်ရှစ်တော်ဝင်ကျမ်းတွင် ဟွမ်ရှစ်၏ ဘဝနှင့် ပြိုင်ဘက်ကင်း ပညာရပ်များ၏ ဉာဏ်အလင်းပွင့်မှုတို့ပါဝင်သည်။

ဥပမာအားဖြင့် မင်းသမီးလင်းလုံ၏ မဟူရာကောင်းကင်ဓားနှင့် ရှီထျန်းကျီ၏ လက်သီးကပ်ဘေးနှစ်ခုလုံးက တော်ဝင်ကျမ်းမှ ဖြစ်သည်။ တော်ဝင်ကျမ်းမှ ဘယ်လောက်သင်ယူနိုင်မည်ဆိုတာက သူတို့၏ ကံကြမ္မာနှင့် အရည်အချင်းပေါ်တွင် မူတည်သည်။

“ ဦးလေးရှစ် ကျွန်တော် နားလည်ပါပြီ”

ထိုအရာက သူ့ကောင်းကျိုးအတွက် ပြောသည်ကို ရှန်ထျန်း သိသော်လည်း နားမထောင်ချင်ပေ။ မွေးရာပါ ခန္ဓာတည်ဆောက်ပုံကျေးဇူးကြောင့် ကျင့်ကြံခြင်းပညာရပ်များကို သင်ယူရခြင်းက ထမင်း စားရသလိုမျိုး လွယ်ကူလှသည်။

ခဏအကြာတွင် ရှန်ထျန်းက ဟွမ်ရှစ်တော်ဝင်ကျမ်းကို စတင်ကျင့်ကြံပြီး တိတ်ဆိတ်သွားသည်။

အံ့ဖွယ်အလင်းတန်းက သူ့ကို ပတ်လည်ဝန်းရံထားသည်။ အလင်းတန်းက နေကဲ့သို့ တောက်ပနေပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် ထွန်းလင်းပေးသည်။

ကောင်းကင်မှ ကျလာသော စည်းမျဉ်းများ၏ စွမ်းအင်က ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ကြယ်အစုအဝေးကဲ့သို့ တိုးဝင်သွားသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်က ပိုပြီးတော့ပင် တောက်ပလာသည်။

ဟွမ်ရှစ်က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားသည်။

သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ကြောက်စရာကောင်းရုံတင် မကသေးဘူး သူ့ရဲ့ ခန္ဓာတည်ဆောက်ပုံကလည်း လုံးဝ မကောင်းဆိုးဝါးပဲ

သူက ကျင့်ကြံရေးကို အထောက်အကူပြုသည့် ပညာရပ်မျိုးဆက်များကို ယူဆောင်လာသည်။ ဘယ်လိုပညာရပ်မျိုးကို ကျင့်ကြံပါစေ နည်းနည်းလောက် အားစိုက်ထုတ်လိုက်သည်နှင့် ရလဒ်နှစ်ဆရသည်။

ကြည့်ရတာ ငါ့စိုးရိမ်စရာ မလိုလောက်ဘူးပဲ

စည်းမျဉ်းများ၏ အကူအညီကြောင့် ရှန်ထျန်း၏ ဟွမ်ရှစ်တော်ဝင်ကျမ်းအပေါ် နားလည်မှုက ပိုမိုနက်နဲလာကာ သူ သင်ထားသော ပညာရပ်များကလည်း ပိုမိုတိုးတက်လာသည်။

အချိန်ခဏအတွင်းမှာပင် ရှန်ထျန်းက ဟွမ်ရှစ်တော်ဝင်ကျမ်းစွမ်းအား၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်လို့ရသွားသည်။

ကိုယ်ပိုင်အသွင်ပွားခြင်းလို့ခေါ်တဲ့ တားမြစ်အခန်းကိုတောင် အကြမ်းဖျင်းနားလည်သွားသည်။

ရှန်ထျန်း၏ နောက်ရှိ အာကာပြင်က ပြင်းထန်စွာ ထိုးဖောက်ထွက်လာကာ မြူခိုးအရှိန်အဝါကို လွှတ်ထုတ်နေကာ တစ်နေရာလုံးကို ဖုံးလွှမ်းသွားသည်။

ရှန်ထျန်းဆီမှ ပုံရိပ်ကိုးခု ထွက်လာသည်။ သူတို့ကို ကြည့်ရတာ ရှန်ထျန်းနှင့် တစ်ထပ်တည်းတူပြီး သူတို့၏ နောက်တွင် ကြောက်စရာကောင်းသော အရှိန်အဝါရှိသည့် ပုံရိပ်သဏ္ဌာန်အသီးသီး ရှိကြသည်။

သို့သော် ထိုပုံရိပ်များ၏ ကျင့်ကြံခြင်းပညာရပ်များက ကွဲပြားလှသည်။ တချို့က အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းကို အသုံးပြုပြီး၊ တချို့က နဂါးစစ်တော်ဝင်ကျမ်းကို အသုံးပြုကာ တချို့က အံ့ဖွယ်ဇာမဏီတော်ဝင်ကျမ်းကို အသုံးပြုသည်။

သို့သော် ခြွင်းချက်မရှိပဲ သူတို့က ထူးချွန်သော တိုက်ခိုက်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။

ထိုအရာ ဟွမ်ရှစ်တော်ဝင်ကျမ်း၏ တားမြစ်အခန်းဖြစ်သော ကိုယ်ပိုင်အသွင်ပွားခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းပညာရပ်က အင်မတန် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ ထိုအရာက ကျင့်ကြံသူ၏ မတူညီသော ကိုယ်ပွားများကို ဆင့်ခေါ်နိုင်ပြီး စွမ်းအားကတော့ မတူညီကြပေ။

ရှန်ထျန်းလိုမျိုး မရေတွက်နိုင်သော တော်ဝင်ကျမ်းများကို သင်ယူထားသူများအတွက် အကျိုးသက်ရောက်မှုက အားအကောင်းဆုံး ဖြစ်သည်။

ကိုယ်ပွားတစ်ခုချင်းစီက တော်ဝင်ကျမ်းတစ်ခုကို အသုံးပြုလို့ရပြီး ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်ကို လုံးဝ အသွင်ကူးယူနိုင်သည်။

ဒါဆိုရင် သူ့ရဲ့ကိုယ်ပွားတွေက ထပ်ပြီးတော့ ပွားနေတာလား။ ဒါဆိုရင် သူ့ကို ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သွားစေမှာပဲ။ သူတို့က မာတရုရှကာ အရုပ်တွေလိုပဲပေါ့

ရှန်ထျန်းက စိတ်ထဲတွင် ချီးကျူးလိုက်သည်။

နယ်မြေငါးခုရဲ့ အသန်မာဆုံး နတ်ဧကရာဇ်ဆိုတဲ့အတိုင်း အထင်ကြီးစရာပဲ။ သူက ဆန်းကြယ်ပညာရပ်ကိုတောင် ဖန်တီးလို့ရနိုင်တယ်

ဒါပေမဲ့ ဒီတော်ဝင်ကျမ်းက ရှန်ထျန်းအတွက် လုပ်ပေးထားသလိုပဲ

သွေးနတ်ဘုရားကျမ်းကလည်း ကိုယ်ပွားတွေဖန်တီးနိုင်ပေမဲ့ သွေးနတ်ဘုရားသားတော်က ပင်မခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းလေးတစ်ခုပဲ

ကိုယ်ပိုင်အသွင်ပွားခြင်း ကိုယ်ပွားတွေမှာ စွမ်းအားကြီးတဲ့ တိုက်ခိုက်စွမ်းရည်လည်းရှိပေမဲ့ သူတို့ကို ထိန်းသိမ်းဖို့အတွက် များပြားတဲ့ စည်းမျဉ်းပမာဏတွေလိုအပ်ပြီးတော့ သိပ်ပြီး ကြာကြာခံမှာ မဟုတ်ဘူး

ကိုယ်ပိုင်အသွင်ပွားခြင်းက ချက်ချင်း ကိုယ်ပွားများဖန်တီးကာ ရန်သူကို ဝိုင်းပြီး တိုက်ခိုက်နိုင်သည်။ ဒီထက်ပိုပြီး အရေးကြီးသည်က ကျင့်ကြံသူ၏ ကိုယ်ပွားများကို အသုံးပြုလို့ရသည်။

ထို့ကြောင့် ထိုကျင့်ကြံခြင်းပညာရပ်နှစ်ခုက ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေပြီးတော့ အချင်းချင်း ပြီးပြည့်စုံအောင် လုပ်ပေးနေသည်။

ထိုကျင့်ကြံခြင်းပညာရပ်နှစ်ခုကို အတူတူသုံးလိုက်ပါက ညစ်ပတ်သည်ဟုပင် ပြောလို့ရနိုင်သည်။

ဟွမ်ရှစ်၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားမိသည်။ ရှန်ထျန်းက ဟွမ်ရှစ်တော်ဝင်ကျမ်းကို ဒီလောက်ထိမြန်မြန် နားလည်သွားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရှန်ထျန်းက ကိုယ်ပိုင်အသွင်ပွားခြင်းကိုပင် သင်ယူပြီးသွားပြီဖြစ်သည့်အတွက် မယုံကြည်နိုင်ဖြစ်နေသည်။

ဟွမ်ရှစ်က တော်ဝင်ကျမ်းအနည်းငယ်ကို လေ့လာပြီးနောက် များပြားသော တော်ဝင်ကျမ်းများကို နားလည်အောင် လုပ်ရသည်မှာ ခက်ခဲသည်ဟု ခံစားရသည့်အတွက် ကိုယ်ပိုင်အသွင်ပွားခြင်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သူက ထိုတော်ဝင်ကျမ်းများကို အသုံးပြုကာ ကိုယ်ပိုင်အသွင်ပွားခြင်းနှင့်အတူ တိုက်ပွဲစွမ်းရည်ကို တိုးတက်လာအောင် လုပ်လို့ရနိုင်သည်။

သူက အဆုံးမဲ့ တော်ဝင်ကျမ်းများကို လေ့လာနိုင်မည်ဟု ပြောလို့ရသည်။

သို့သော် ရှန်ထျန်းက ပိုပြီးတော့ မယုံကြည်နိုင်စရာ ကောင်းလှသည်။ သူက တော်ဝင်ကျမ်းများကို မြင့်သောအဆင့်ထိ ကျင့်ကြံပြီးပြီဖြစ်သည်။ ထို့ကြောင့် ကိုယ်ပွားအသွင်ပွားခြင်း ကိုယ်ပွားများ၏ တိုက်ခိုက်စွမ်းရည်က အင်မတန် ပြိုင်ဘက်ကင်းသောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

တော်ဝင်ကျမ်းတစ်ခုက မူပွားဖြစ်နေပါက တော်ဝင်ကျမ်းကိုးခုက မူလထက် ပိုမိုအားနည်းနေသော ကျမ်းကိုးခု ဖြစ်နေသည်။

ဒါဆိုရင် ရှန်ထျန်းက ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် ကိုယ်ပွားကိုးခုကိုပဲ ဆင့်ခေါ်နေမယ်ဆိုရင် ဘယ်လိုတွေဖြစ်သွားမှာလဲ

ဟွမ်ရှစ်ကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်ပင် ထိတ်လန့်တုန်လှုပ်မိသည်။

သူက အရမ်းထူးခြားတာပဲ

တခြားတစ်ယောက်သာဆိုရင် တော်ဝင်ကျမ်းတွေ အများကြီး ပေးထားလည်း အကုန်လုံးကို သင်ယူနိုင်မှာ မဟုတ်ဘူး

တော်ဝင်ကျမ်းတစ်ခုဆိုရင် နယ်မြေငါးခုက ထိပ်သီးပါရမီရှင်တွေ နှစ်ပေါင်း ရာချီကနေ ထောင်ချီအထိ လေ့လာလို့ရတယ်။ အဲဒါကြောင့် ကိုယ်ပွားတစ်ခုကို ဖန်တီးဖို့အတွက် တော်ဝင်ကျမ်းကိုးခုကို ကျင့်ကြံတယ်ဆိုတာက…

အရှင်းဆုံးပြောရလျှင် ဟွမ်ရှစ်ကိုယ်တိုင်ပင် ထိုကဲ့သို့သော အရာမျိုးကို မလုပ်နိုင်ပေ။

ဒီထက်ပိုပြီးအရေးကြီးသည်က ယခုထက်ထိပင် ဟွမ်ရှစ်က ရှန်ထျန်း၏ ကန့်သတ်ချက်နှင့် ပတ်သက်ပြီး မရှင်းလင်းသေးပေ။

ရှန်ထျန်းဆီမှာ နောက်ထပ် ရှိနေသေးတာမျိုးမဟုတ်ဘူးမလား

“ ဦးလေးရှစ် ကျွန်တော် ကျင့်ကြံလို့ပြီးပါပြီ”

ရှန်ထျန်းက မတ်တပ်ရပ်ကာ ဟွမ်ရှစ်ကို ကြည်နူးစွာဖြင့် စိုက်ကြည့်နေသည်။

“ မ…မဆိုးဘူးပဲ။ မင်းက ငါငယ်ငယ်တုန်းကနဲ့ အတူတူလောက်နီးပါး အရည်အချင်းရှိတယ်”

ဟွမ်ရှစ်က တည်ငြိမ်ပုံပေါ်သော်လည်း စိတ်ထဲတွင် အံ့ဩမှင်သက်နေမိသည်။

ရှန်ထျန်းက သူ့ကို အကြိမ်များစွာ ထိတ်လန့်သွားစေမိသည်။

ရှန်ထျန်းက ခေါင်းညိတ်ပြကာ နှုတ်ခမ်းဆူရင်း ပြောလိုက်သည်

“ ကြည့်ရတာ ကျွန်တော်က လုံလုံလောက်လောက် စွမ်းအားမကြီးသေးဘူးထင်တယ်”

သန်မာသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဟွမ်ရှစ်က ငယ်ငယ်ကတည်းက နယ်မြေငါးခုတွင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်ခဲ့သည်။

ရှန်ထျန်းက ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေသော်လည်း နယ်မြေငါးခုတွင် နောက်ထပ် အသန်မာဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်မိသည်။

ကျင့်ကြံရေးလမ်းကြောင်းက အရမ်းရှည်လျားတယ်။ ငါ ထပ်ပြီးတော့ အလုပ်ကြိုးစားဖို့ လိုသေးတယ်

ဟွမ်ရှစ်က ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။

သူက ရှန်ထျန်း ပြောတာကို ကြားပြီး နှုတ်ခမ်းတွန့်ချိုးလိုက်မိသည်။

ငါက နောက်နေတာပါ ဟုတ်ပြီလား

မင်းက လုံလုံလောက်လောက် မသန်မာဘူးတဲ့လား

မင်းက ဘယ်လောက်တောင် ထပ်ပြီးတော့ သန်မာချင်နေသေးတာလဲ

ဟွမ်ရှစ်က ထာဝရမက်မွန်ဆေးပင်ကို ရှန်ထျန်းဆီ ပေးကာ အနှစ်ချုပ်ရှင်းပြပြီးနောက် ထွက်သွားခိုင်းလိုက်သည်။

ရှန်ထျန်းသာ ဆက်ပြီး နေမည်ဆိုပါက ဟွမ်ရှစ် ဆက်သည်းခံနိုင်မည် မဟုတ်တော့ပေ။

အဲဒီကောင်လေးက မယုံကြည်နိုင်စရာပဲ

“ မင်း ပြန်လာပြီလား”

“ ကျွန်တော် ပြန်လာပါပြီ”

“ ဒီနေ့ မင်း တော်တော်လေး အကျိုးအမြတ်ရခဲ့တဲ့ပုံပဲ”

“ အဲဒါအားလုံး ပင်မခန္ဓာကိုယ်ရဲ့ လမ်းညွှန်မှုတွေကြောင့်ပါ”

“ မင်းက ငါ့ကို မြှောက်ပြောနေတာပဲ။ အဲဒါက ဘာလို့လဲဆိုတော့ ချောမောမှုကြောင့် အကျိုးအမြတ်တွေ ရရှိလာတာပဲ”

သီးခြားလေဟာနယ်ကမ္ဘာငယ်လေးမှ  ထွက်ပြီး ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ကို ပြန်သည့်အခါ ရှန်ထျန်း စိတ်ချမ်းသာနေသည်။

ဒီတစ်ခေါက် သူ တကယ်ကို အကျိုးအမြတ်အများကြီးနဲ့ ပြန်လာနိုင်ခဲ့တာ

သူက သူ့ရဲ့ ကျင့်ကြံဆင့်ကို အဆင့်တက်နိုင်ရုံသာမက မဟာဝိဇ္ဇာအသုံးအဆောင်ပစ္စည်း၊ တော်ဝင်ကျမ်းနှင့် ထာဝရနတ်ဧကရာဇ်ဆေးပင်တို့ကို ရရှိခဲ့သည်။

ဒီတစ်ခေါက် ခရီးက လုံးဝ အလဟသမဖြစ်ဘူး

ထိုအချိန်တွင် ရှန်ထျန်းက ကျန်းယွင်ရှီးဆီမှ အသိပေးစာ တစ်စောင်ကို ရရှိလိုက်သည်။

အကြောင်းအရာက တောင်ပိုင်းမင်းသားနှင့် မြောက်ပိုင်းမင်းသားတို့ ဖြစ်ကြသည့် ရှီလင်းနှင့် ရှီကွေ့တို့ အကြောင်းပင် ဖြစ်သည်။

ယခင်တစ်ခေါက်က ထုံကြွယ်မျှော်စံအိမ်၌ သူတို့နှစ်ယောက်က ရှန်ထျန်းနှင့်  တိုက်ခိုက်ပြီး ပြဿနာများကို ဖြေရှင်းခဲ့သော်လည်း ယခု မိတ်ဆွေဟု သတ်မှတ်ကြသည်။

မင်းသားနှစ်ယောက်က ရှန်ထျန်း၏ လမ်းညွှန်မိတ်ဆက်သူများဖြစ်လာပြီး ကျိရှားကျောင်းတော်ကို အားလုံးဆီ မိတ်ဆက်ပေးချင်နေကြသည်။

ရှန်ထျန်းကလည်း နယ်မြေငါးခုမှ ပါရမီရှင်များ တက်ရောက်ချင်သည် ကျိရှားကျောင်းတော်အကြောင်းကို သိချင်နေသည့်အတွက် ရှန်ထျန်းကလည်း မငြင်းဆိုပေ။

သို့သော် သူက ကျောင်းတော်သို့ ရောက်ရောက်ပြီးချင်း ချိုင့်ဝှမ်းကမ္ဘာငယ်ဆီသို့ အလည်သွားရောက်ခဲ့သည့်အတွက် ထိုကဲ့သို့လုပ်ဖို့ အခွင့်အရေးမရှိပေ။

ရှန်ထျန်းက တစ်စုံတစ်ခုကို တွေးမိသွားကာ သူ၏ ကိုယ်ပွားများလည်း သူ၏ ပင်မခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

တခြားပါရမီရှင်တွေအားလုံး အခြေကျသွားပြီဆိုတော့ အခု သူတို့နဲ့ မိတ်ဖွဲ့ဖို့အတွက် အကောင်းဆုံးအချိန်ပဲ

ထိုအတွေးကြောင့် ရှန်ထျန်းက ဒုတိယမြောက် ဝိညာဉ်တောင်မှ ထွက်သွားသည်။

ခဏအကြာတွင် ရှန်ထျန်းက အရှေ့ပိုင်းလွင်ပြင်မှ သူ၏ မိတ်ဆွေကောင်းများဖြစ်သော မင်းသားနှစ်ပါး ဖြစ်သည့် ရှီကွေ့နှင့် ရှီလင်းတို့ကို တွေ့လိုက်ရသည်။

“ ညီအစ်ကိုရှန်က မတွေ့ရတဲ့အတော်အတွင်း ပိုပြီးတော့တောင် ချောလာတယ်”

ရှီလင်းနှင့် ရှီကွေ့တို့က ရှန်ထျန်းကို မြင်သွားသည့်အခါ ဝမ်းသာအားရဖြင့် သူ့ဆီ ပြေးသွားကြသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ညီအစ်ကိုတို့နှစ်ယောက်ကို ဒီတစ်ခါ ဒုက္ခပေးရတာ အားနာပါတယ်”

ရှီလင်းနှင့် ရှီကွေ့တို့က ချက်ချင်းပြုံးပြကာ ပြောလိုက်သည်

“ မဟုတ်တာ”

“ ညီအစ်ကိုရှန်ကတော့ ထင်ထားတဲ့အတိုင်း ဒုတိယမြောက် ဝိညာဉ်တောင်ကို ပိုင်ဆိုင်သွားတာပဲ”

ရှန်ထျန်း ဒုတိယမြောက် စိတ်ဝိညာဉ်တောင်မှ ဆင်းလာသည်ကို မြင်လိုက်ရသည့်အခါ သူတို့ မနာလိုဖြစ်သွားကြသည်။

သူတို့က အရင်ဆုံးပျောက်သွားပြီး ရှန်ထျန်းနှင့် မတိုက်ခိုက်ရသည့်အတွက် ကံကောင်းသည်ဟု သတ်မှတ်ထားကြသည်။ သူတို့နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်လျှင်ပင် အကြီးအကျယ် ရှုံးနိမ့်နိုင်သေးသည်။

ညီအစ်ကိုရှန်ဆီမှာ ပြိုင်ဘက်ကင်း အရည်အချင်းရှိတယ်ဆိုတော့ ဝမ်းကွဲထျန်းကျီပဲ သူနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်မယ်ထင်တယ်

သူတို့ တကယ်တိုက်ခိုက်ရင် ဘယ်သူနိုင်မလဲဆိုတာ သိချင်လိုက်တာ

သူတို့ရဲ့ လက်ရှိခွန်အားဆိုရင်

ကြည့်ရတာ ဝမ်းကွဲထျန်းကျီက ပိုပြီးတော့ သန်မာတဲ့ပုံပဲ

သို့သော် ဘယ်သူကပဲ ပိုပြီးတော့ သန်မာနေပါစေ သူတို့နှစ်ယောက်လုံးကို မင်းသားနှစ်ပါးက မတိုက်ခိုက်နိုင်ပေ။

ရှီလင်းက အကြံပေးလိုက်သည်

“ ညီအစ်ကိုရှန် ကျွန်တော်တို့ ကျိရှားကျောင်းတော်ကို အခု လျှောက်ကြည့်ရင် မကောင်းဘူးလား”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်

“ ကောင်းတာပေါ့”

သူတို့က ချိုင့်ဝှမ်းကမ္ဘာငယ်ထဲမှ ထွက်လာကာ ကျိရှားကျောင်းတော်ဆီသို့ ဦးတည်သွားလိုက်သည်။

ကျိရှားကျောင်းတော်၏ အဓိကအဆောက်အဦးက ကြီးမားပြီး ခိုင်ခံ့သော ကမ္ဘာတစ်ခုဖြစ်သည်။ နယ်မြေငါးခုမှ ပါရမီရှင်များက ထိုနေရာတွင် စုစည်းကာ ကျောင်းသားအသစ်များအပြင် စွမ်းအားကြီးသော ကျောင်းသားဟောင်းများကိုလည်း တွေ့နိုင်သည်။

နတ်ဆိုးမျိုးနွယ်မှ ပါရမီရှင်များကလည်း ပုံစံအမျိုးမျိုးနှင့် တည်ရှိကြသည်။

“ ဒီနေရာမှာ နတ်ဆိုးမျိုးနွယ်ပါရမီရှင်တွေလည်း ရှိနေတာပဲနော်”

“ သူတို့ကိုကြည့်ရတာ လူသားမျိုးနွယ်နဲ့ အဆင်ပြေတဲ့ပုံပဲနော်”

“ ထိပ်တိုက်ရင်ဆိုင်ပြီး ရန်ဖြစ်နေတာမျိုး မရှိတာကပဲ နတ်ဆိုးတွေနဲ့ လူသားတွေအတွက် အတော်လေး ကောင်းနေပါပြီ”

အရှေ့ပိုင်းလွင်ပြင်မှ ကျောင်းသားအသစ်များက အားလုံး ထိတ်လန့်နေကြသည်။ မျိုးရိုးမတူညီခြင်းက အလွယ်တကူ ဖြေရှင်းလို့ရသည့်အရာ မဟုတ်သည့်အတွက် နတ်ဆိုးနှင့် လူသားမျိုးနွယ်များက ယခင်ကတည်းက ဆက်ဆံရေး မကောင်းခဲ့ကြပေ။

နယ်မြေငါးခုတွင် လူသားနှင့် နတ်ဆိုးမျိုးနွယ်များက မတူညီသော နယ်မြေများကို ပိုင်ဆိုင်သည့်အတွက် အလွယ်တကူ အထိအတွေ့မရှိပေ။

အရမ်းကို ရှားပါးလှသော အခြေအနေမျိုးမှလူသားနှင့် နတ်ဆိုးမျိုးနွယ် ပူးပေါင်းမည်ဖြစ်သည်။

ထိုအရာက နှစ်ဖက်လုံးရှိ ထိပ်သီးကျင့်ကြံသူများမှ ချမှတ်ထားသော စည်းမျဉ်း ဖြစ်သည်။ မဟုတ်ပါက လူသားနှင့် နတ်ဆိုးမျိုးနွယ်ကြားတွင် ကြီးမားသော စစ်ပွဲတစ်ခုဖြစ်သွားနိုင်သည်။

ရှီလင်းက ပြုံးကာ ရှင်းပြလိုက်သည်

“ ကျိရှားကျောင်းတော်မှာ မျိုးနွယ် ခွဲခြားတာမျိုး မရှိဘူး။ ခွန်အားလိုအပ်ချက်အတိုင်း ပြီးပြည့်စုံရင် ဝင်လို့ရတယ်။ ဆရာတွေကလည်း အဲလိုမျိုး ပြဿနာကို တွေးမိထားလို့ ကျောင်းတော်ထဲမှာ နေရာကြီး နှစ်နေရာ ခွဲခြမ်းထားလိုက်တာလေ။

ပထမတစ်ခုက လူသားမျိုးနွယ်တွေရှိတဲ့ လူသားပရဝဏ်နဲ့ နတ်ဆိုးပါရမီရှင်တွေရှိတဲ့ နတ်ဆိုးပရဝဏ်ဆိုပြီးတော့ပေါ့။

မျိုးနွယ်အသီးသီးရဲ့ သက်ဆိုင်တဲ့ ကောင်းကင်အသျှင်တွေနဲ့ ဝိဇ္ဇာတွေက ပရဝဏ်နှစ်ခုလုံးမှာ ခွဲသင်ပေးနေတော့ တခြား ပရဝဏ်တစ်ခုရဲ့ ဆရာ၊ ဆရာမများကို တွေ့ရဖို့ သိပ်မလွယ်ဘူး။

အရင်တွေ့ခဲ့တဲ့ နတ်ဆိုးကျောင်းသား၊ ကျောင်းသူတွေက နတ်ဆိုး ပရဝဏ်ရဲ့ တပည့်တွေပဲ။

အဲလိုလုပ်မှပဲ မျိုးနွယ်နှစ်ခုကြားက ရန်စောင်တာကို သေးငယ်အောင် လုပ်ပေးပြီးတော့ သူတို့ရဲ့ ပင်ကိုယ်ပါရမီအတိုင်း သင်ကြားပေးနိုင်မှာ”

မြောက်ပိုင်းမင်းသား ရှီလင်းက ယခင်တစ်သုတ်၏ ကျောင်းသားဟောင်း တစ်ယောက်ဖြစ်သည့်အတွက် သူက ဤနေရာနှင့် ပတ်သက်ပြီး ကောင်းကောင်းသိနေသည်။

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ပြဿနာများကို သေချာခွဲခြမ်းစိတ်ဖြာပြီး ဖြေရှငးနိုင်သော ကျိရှားကျောင်းတော်၏ စွမ်းအားကို စိတ်ထဲမှ ချီးကျူးနေကြသည်။ ထို့အပြင် နတ်ဆိုးများနှင့် လူသားများကြားက ပြဿနာက ကြာရှည်နေခဲ့ပြီဖြစ်သော်လည်း ယခုအထိ ဖြေရှင်းလို့ မရနိုင်သေးပေ။

ကျိရှားကျောင်းတော်အတွက် မျိုးနွယ်နှစ်ခုကြားတွင် ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့က ခက်ခဲလှသည်။

“ လူသားတွေနဲ့ နတ်ဆိုးတွေကို ခွဲထားပေမဲ့ ပရဝဏ်နှစ်ခုရဲ့ ပါရမီရှင်တွေက မကြာမကြာ တိုက်ခိုက်ပြီးတော့ တိတ်တဆိတ် ယှဉ်ပြိုင်တတ်တယ်လေ”

ရှီလင်းက ခေါင်းယမ်းလိုက်မိသည်။ နတ်ဆိုးပါရမီရှင်များက ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ကြပေ။

အားလုံးက ဆက်လက်ကြည့်ရှုနေရင်း လူသားပရဝဏ်အတွင်း ရောက်ရှိသွားသည်။

ရှီကွေ့က ရှေ့တိုးလာကာ ပြောလိုက်သည်

“ ဒီနေရာက လူသားမျိုးနွယ်တွေ စုစည်းတဲ့နေရာပေါ့။ ရှေ့လျှောက် မင်းတို့လည်း ဒီနေရာမှာ ကျင့်ကြံရလိမ့်မယ်”

ထိုနေရာက အဆောက်အဦးပုံစံမျိုးစုံဖြင့်ပြည့်နှက်နေသော နေရာကြီးတစ်ခုဖြစ်ပြီး များပြားသည့် စွမ်းအားကြီးသော ပါရမီရှင်များက ကျင့်ကြံနေကြသည်။

ဤနေရာတွင် ပုံစံအမျိုးမျိုးနှင့် တည်ဆောက်ပုံများစွာ ရှိနေသည်ဟု ပြောနိုင်သည်။ ကျင့်ကြံခြင်းနယ်မြေများက အဆုံးမဲ့စမ်းချောင်းထဲတွင် ပေါ်ထွက်လာပြီး ထိုမြင်ကွင်းကြောင့် ရှန်ထျန်းပင် တောက်ပသွားသည်။

ရှီလင်းက ရှင်းပြလိုက်သည်

“ မပြောင်းလဲတဲ့ ကျင့်ကြံရေးစနစ်တွေအပြင် ဆေးပညာဌာန၊ လက်မှုပညာဌာန၊ ကာကွယ်ရေးအစီအရင်ဌာနဆိုပြီးတော့လည်း နေရာအမျိုးမျိုး ခွဲထားပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေကို တခြားပညာရပ်တွေကိုလည်း သင်ယူခွင့်ပြုထားတယ်။

ပြီးတော့ ကျင့်ကြံခြင်း ကောင်းချီးနယ်မြေတွေဖြစ်တဲ့ သီးသန့်အခန်း၊ ကောင်းကင်ကျောက်စိမ်းအခန်း၊ လေဟာနယ်စင်မြင့်စတဲ့ အရာတွေလည်း ရှိသေးတယ်။

အဲဒါတွေအကုန်လုံးက မင်းရဲ့ ခွန်အားကို အလျင်အမြန်တိုးတက်လာစေမဲ့ စွမ်းအားကြီး ကောင်းချီးနယ်မြေတွေပဲ”

ကျိရှားကျောင်းတော်၏ ပညာရေးစနစ်က ပြီးပြည့်စုံပြီး ပညာရပ်များလည်း စုံလင်သည်ဟု ပြောနိုင်သည်။

ထို့ကြောင့် နယ်မြေငါးခုမှ ပါရမီရှင်များက ကျိရှားကျောင်းတော်သို့ တက်ရောက်ချင်ကြခြင်းဖြစ်ပြီး ဤနေရာတွင်ရှိသော ကျင့်ကြံခြင်းနယ်မြေများက တခြားသော အထွတ်အမြတ်မြေများထက် ကျော်လွန်သည်။

ရှီလင်းနှင့် ရှီကွေ့တို့၏ မိတ်ဆက်ပေးမှုများအရ အရှေ့ပိုင်းလွင်ပြင်မှ ပါရမီရှင်များက သူတို့ ကျင့်ကြံဖို့ စိတ်ဝင်စားသောနေရာကို ရွေးချယ်ဖို့ ပြင်ဆင်ခဲ့ကြသည်ဟု သိရသည်။

သို့သော် သူတို့ ဤနေရာသို့ ရောက်လာချိန်တွင် ကျင့်ကြံရေးနယ်မြေတိုင်းက ဝင်ဖို့အတွက် အမှတ်များနှင့် လဲလှယ်ရသည်ဟု သိလိုက်ရသည်။

ကျောင်းသားအများစုက အသစ်ဖြစ်သည့်အတွက် သူတို့က ကျောင်းတော်၏ လုပ်ဆောင်ချက်များကို မဖြည့်စွက်ရသေးပေ။ ထို့ကြောင့် သူတို့ဆီမှာ ဘာအမှတ်မှမရှိပေ။

စိတ်ဝိညာဉ်တောင် ၃၆ လုံးကို ပိုင်ဆိုင်ထားသော ကျောင်းသားအသစ်များသာလျှင် အမှတ်များ ရှိသည်။

ထိုအချိန်တွင် မရေတွက်နိုင်သောလူများက စိတ်ထဲ မကြည်မလင် ဖြစ်သွားကြရသည်။

ရှီကွေ့က ပြုံးကာ ရှင်းပြလိုက်သည်

“ ကျောင်းတော်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အမှတ်တွေရနိုင်တဲ့အပြင် ဆေးလုံးတွေ ဖော်စပ်တာ၊ အသုံးအဆောင်တွေ ဖန်တီးတာနဲ့ ရက်စက်တဲ့ သားရဲတွေကို သတ်ပြီးတော့ အဲဒါတွေကို ကျောင်းတော်ဆီ ပြန်ပြီးရောင်းချရင်လည်း အမှတ်တွေရနိုင်တယ်”

ထိုလုပ်ဆောင်ချက်များက ကျောင်းသားများ ခွန်အားပိုမို တိုးလာစေရန် လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

မဟုတ်ပါက တစ်စုံတစ်ယောက်က သီးသန့်ကျင့်ကြံနေသော်လည်း စွန့်စားမှုများတွင် လုံလောက်သော အတွေ့အကြုံ မရှိပါက သူတို့ရနေတာထက် ဆုံးရှုံးရတာက ပိုများနေလိမ့်မည် ဖြစ်သည်။

အမှတ်ပေးစနစ်က ကျောင်းသားများ အမှတ်ရလာအောင် လှုံ့ဆော်ထားခြင်းဖြစ်ပြီး အရာအားလုံးက ဆက်နွယ်နေသည်။ ထိုအခါ စွမ်းအားကြီးသော ကျင့်ကြံသူများကို ပျိုးထောင်ပေးဖို့အတွက် ပိုမိုလွယ်ကူနိုင်သည်။

အားလုံးက အသိစိတ်ဝင်သွားကာ အမှတ်များ ရလာအောင်လုပ်ဖို့အတွက် စိတ်အားထက်သန်နေကြပြီဖြစ်သည်။

ကျင့်ကြံခြင်းအတွက် အိပ်မက်နယ်မြေဖြစ်တဲ့ ကျိရှားကျောင်းတော်ကတော့ ကျောင်းတော်ထဲမှာရှိတဲ့ ကျောင်းသားတိုင်း အမှတ်ကို ရလိုစိတ်ကို ခုခံနိုင်မှာ မဟုတ်ဘူး

အားလုံး ဆက်လက်သွားပြီးနောက် ရှေးဟောင်းကျောက်ပြားဆီသို့ ရောက်ရှိလာသည်။

ထိုအရာက စိတ်ဝိညာဉ်ရွှေဖြင့် ပြုလုပ်ထားသော ပေ ၉၀ ရှိ ကျောက်ပြားကြီးဖြစ်ပြီး အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည်။

ထိုရှေးဟောင်းကျောက်ပြားပေါ်တွင် ငွေရောင်ဖြင့် ထွင်ထားသော စာလုံးများရှိသည်။ နာမည်တချို့နှင့် ဂုဏ်ရှိသော အောင်မြင်မှုများအကြောင်းကို ရေးထွင်းထားသည်။

တစ်စုံတစ်ယောက်က သိချင်သည့်အတွက် မေးလိုက်သည်

“ ဒါက ဘာလဲ”

ရှီကွေ့က ပြန်ဖြေလိုက်သည်

“ ဒါက ကျောင်းတော်ထဲမှာရှိတဲ့ ကျောင်းသားတွေရဲ့ ခွန်အားအဆင့်နဲ့ ဂုဏ်ယူထိုက်တဲ့ အောင်မြင်မှုတွေအကြောင်းကို မှတ်တမ်းတင်ထားတဲ့ ပါရမီရှင်စာရင်းပဲ”

ပါရမီရှင်စာရင်းက လူသားပရဝဏ်အတွင်းရှိ ပါရမီရှင်များ၏ အဆင့်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ထူးချွန်သော အရည်အချင်းရှိသူ သို့မဟုတ် ကျောင်းတော်ကို အကူအညီပေးသူက ပါရမီရှင်စာရင်းတွင် မှတ်တမ်းတင်ခံထိုက်သည်။

သူတို့က ကျောက်ပြားကိုကြည့်ရင်း သိချင်စိတ်တို့ဖြင့် တောက်လောင်နေသည်။ လူသားပရဝဏ်အတွင်းမှာ ရှိနေသော ထိပ်သီးပါရမီရှင်များက ဘယ်သူလဲဆိုတာကို သိချင်နေကြပြီဖြစ်သည်။

ပါရမီရှင်စာရင်း၏ ပထမဆုံးတစ်ယောက်က ရှီထျန်းကျီ ဖြစ်သည်။

ရှီထျန်းကျီ

ကျင့်ကြံဆင့်… ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်

အောင်မြင်မှု… လေးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက် ခံယူထားသည့် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဝိဇ္ဇာအစစ်အမှန်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ခဲ့ခြင်း

နံပါတ်၂ - မိန်းကလေး ချင်းယွဲ့

ကျင့်ကြံဆင့်…ပထမဆုံး အတိဒုက္ခဖြတ်ကျော်ခြင်း ဝိဇ္ဇာ

အောင်မြင်မှု… မိစ္ဆာဝိညာဉ်ဂိုဏ်း၏ လေးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားသည့် ဝိဇ္ဇာအစစ်အမှန်ကို ဖိနှိပ်နိုင်ခဲ့ခြင်း

ပါရမီရှင်စာရင်းပေါ်ရှိ အချက်အလက်များကို ကြည့်ပြီး ပါရမီရှင် အသီးသီးက ထိတ်လန့်နေကြသည်။

ရှီထျန်းကျီက အင်မတန် စွမ်းအားကြီးလှသည်။ သူက ကျောင်းတော်သို့ ဝင်ဝင်ပြီးချင်းမှာပင် လူသားပရဝဏ်အတွင်း၌ ပထမအဆင့်ချိတ်ခဲ့သည်။

ရှီထျန်းကျီက နာမည်ကြီးပြီး ကျောင်းတော်သို့ မဝင်ခင်က ဟွမ်ရှစ်၏ လက်အောက်တွင် ကျင့်ကြံနေခဲ့သည်။ သူက လူငယ်စံပြ တစ်ယောက်ဖြစ်သည်။

ပုံမှန်အားဖြင့် သူဝင်ဝင်ချင်းမှာပင် ပြိုင်ဘက်ကင်း ဂုဏ်ကျက်သရေကို ခံစားနိုင်သည်။

ရှီလင်းက ချီးကျူးလိုက်သည်

“ ဝမ်းကွဲထျန်းကျီမှာ ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်တွေ ရှိတယ်။ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဝိဇ္ဇာအစစ်အမှန်ကို တစ်ချက်ထဲနဲ့ အလွယ်တကူ သတ်လိုက်တယ်လို့လည်း ပြောကြတယ်။ သူ ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ဘယ်သူမှ စိတ်ကူးယဉ်နိုင်မှာ မဟုတ်ဘူး”

ရှီထျန်းကျီက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်ပြီး မင်းသားနှစ်ပါးက သူ့အတွက် ဂုဏ်ယူကြသည်။

ပါရမီရှင်အသီးသီးက ပိုလို့ပင် အံ့အားသင့်သွားကြသည်။

သို့သော် သူတို့၏ အာရုံက ရှန်ထျန်းဆီသို့ ရောက်သွားကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် ရှီထျန်းကျီတို့ကြားထဲတွင် ဘယ်သူက ပိုမိုသန်မာလဲဆိုတာကို သိချင်နေကြသည်။

သူတို့ အရမ်းသိချင်နေကြပြီဖြစ်သည်။

ရှန်ထျန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး ရှီထျန်းကျီ၏ တိုက်ခိုက်စွမ်းရည်ကို အရမ်းရှင်းရှင်းလင်းလင်း သိနေသည့်အတွက် သိပ်ပြီးဂရုမစိုက်ပေ။

သူတို့က သိပ်မကြာခင်ကပဲ ခက်ခဲသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြသည်။ ထိုအရာက ခက်ခဲသော တိုက်ပွဲတစ်ခုဖြစ်သည်။

ဟုတ်တယ် သူ့ကိုယ်ပွားနဲ့ ရှီထျန်းကျီတို့ကြားက ခက်ခဲတဲ့ တိုက်ပွဲ…

ထို့နောက် အားလုံး၏ အာရုံက ဒုတိယချိတ်သော မိန်းကလေးချင်းယွဲ့ဆီသို့ ရောက်သွားကြသည်။

ရှီကွေ့က ဆက်လက်ရှင်းပြလိုက်သည်

“ မိန်းကလေး ချင်းယွဲ့က ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ၇ယောက်မြောက် သူတော်စင်မလေ။ သူမဆီမှာ မဟာလမင်း ခန္ဓာတည်ဆောက်ပုံ ရှိတယ်။ သူမက တိုက်ခိုက်ရတာကို မကြိုက်ပေမဲ့ အရမ်းစွမ်းအားကြီးတယ်။

သူမရဲ့ တိုက်ခိုက်စွမ်းရည်က ရှီထျန်းကျီနဲ့ ယှဉ်လိုက်ရင်သာ ဒုတိယဖြစ်ပြီးတော့ လူသားပရဝဏ်အတွင်းမှာ ဒုတိယမြောက် စွမ်းအားအကြီးဆုံး ကျင့်ကြံသူတစ်ယောက်ပဲ”

မိန်းကလေး ချင်းယွဲ့အကြောင်း ပြောသည့်အခါ ရှီကွေ့၏ အကြည့်များထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

အားလုံးလည်း ကြောင်အနေသည်။ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေကလည်း အရှေ့ပိုင်းလွင်ပြင်ရှိ ထိပ်သီးအထွတ်အမြတ်မြေများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။

၇ယောက်မြောက် သူတော်စင်မက ဒီလောက်ထိ စွမ်းအားကြီးပြီးတော့ လူသားပရဝဏ်အတွင်းမှာ အဆင့်နှစ်ချိတ်မယ်လို့ ဘယ်သူကများ မျှော်လင့်ထားမှာလဲ

သို့သော် ဒီတစ်ခေါက် မျိုးဆက်၏ သူတော်စင်မက ကိစ္စတချို့ကြောင့် နောက်ကျနေပြီး သူတို့နှင့်အတူ လိုက်မလာခဲ့ပေ။

တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်

“ လူသားပရဝဏ်အတွင်းမှာ ပါရမီရှင်စာရင်း ရှိတယ်ဆိုရင် နတ်ဆိုးပရဝဏ်အတွင်းမှာရော အဲလိုမျိုး စာရင်းမျိုး ရှိနိုင်လား”

နတ်ဆိုးတွေမှာလည်း ထူးခြားတဲ့ ပါရမီရှင်တွေ ရှိမှာပဲ

ရှီလင်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ နတ်ဆိုးပရဝဏ်အတွင်းမှာ စွမ်းအားအကြီးဆုံး ကျင့်ကြံသူက အလယ်ပိုင်းကုန်းမြေရဲ့ ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်ရဲ့ သခင်လေး ချီကျန့်ပဲ။ သူ့ဆီမှာ အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ မျိုးရိုးရှိပြီးတော့ ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတယ်။

သူက ဝိဇ္ဇာတစ်ပါး ဖြစ်လာဖို့အတွက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူတော့မှာလေ။

သူက အရင်တုန်းက လက်ဗလာနဲ့ ငါးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို လက်ဗလာနဲ့ ဆွဲဖြဲခဲ့ပြီးတော့ မဟာနတ်ဧကရာဇ်ဟွမ်ရှစ်ရဲ့ အမည်ခံတပည့်အဖြစ် လက်ခံလိုက်တယ်။ သူ့ရဲ့ ကျော်ကြားမှုက မိန်းကလေး ချင်းယွဲ့နဲ့ တူညီသလို သူမထက်တောင် မြင့်ချင်မြင့်လိမ့်ဦးမယ်”

နတ်ဆိုးပါရမီရှင်များအကြောင်းကို ပြောသည့်အခါ ရှီလင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူက နတ်ဆိုးပရဝဏ်ပါရမီရှင်များ၏ လက်ထဲတွင် အကြိမ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရသည်မှာ သေချာသည်။

အားလုံးက မနေနိုင်ပဲ တွေးလိုက်မိကြသည်။

အဲဒီမှာ တကယ်ပဲ အဲလိုမျိုး စွမ်းအားကြီးတဲ့ ပါရမီရှင်မျိုးရှိလို့လား

ဝိညာဉ်အသွင်ပြောင်းအဆင့်မှာပဲ ရှိနေသေးပေမဲ့ ငါးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားတဲ့ ဝိဇ္ဇာအစစ်အမှန်ကို တစ်စစီလုပ်နိုင်တယ်တဲ့လား။ သူက အရမ်းကြောက်ဖို့ကောင်းတာပဲ

ကျောင်းသားအသစ်ထဲတွင် ရှီထျန်းကျီနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှိနေတာ ကောင်းတဲ့အရာပဲ။ မဟုတ်ရင် သူတို့နဲ့ လုံးဝယှဉ်နိုင်မှာ မဟုတ်ဘူး

“ အဲဒါတင် မကသေးပဲနဲ့ ဒီကျောင်းသားအသစ်တွေထဲမှာ နတ်ဆိုးပရဝဏ်အတွင်းဝင်နိုင်တဲ့ အလားအလာရှိတဲ့ ပါရမီရှင်တွေလည်း ရှိတယ်လို့ ကြားထားတယ်။

ဇာမဏီမင်းသမီး ဖန်းဝူ၊ နဂါးမင်းသား အောင်းဝူ၊ ဒေါင်းမျိုးနွယ်ရဲ့ ခုံမုန့်၊ လိပ်နက်မျိုးနွယ် ဝူတိ၊ မဟာရွှေတောင်ပံ လင်းယုန်မျိုးနွယ်ရဲ့ ကျင်းယုအစရှိသဖြင့်ပေါ့။ သူတို့က ယခင်နတ်ဆိုးပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင်တောင် ထိပ်ဆုံးမှာ ရောက်နေတုန်းပဲ”

ရှီလင်းက ဆက်လက် မိတ်ဆက်ပေးလိုက်သည်။ သူက မဟာရွှေတောင်ပံ လင်းယုန်မျိုးနွယ်နှင့် တွဲဖက် စာချုပ်ကို ချုပ်ဆိုထားသည့်အတွက် နတ်ဆိုးများကိုလည်း ကောင်းကောင်းနားလည်သည်။

အားလုံးက အံ့ဩမှင်သက်နေကြသည်။ သူတို့တွေ အားလုံးက ထိပ်တန်း နတ်ဆိုးပါရမီရှင်များဖြစ်ကြပြီး သူတို့၏ အရည်အချင်းများကလည်း ထူးခြားလှသည်။

နတ်ဆိုးပါရမီရှင်တွေအများကြီး နတ်ဆိုးပရဝဏ်ထဲကို ရောက်သွားရင် သူတို့ရဲ့ ခွန်အားကလည်း တိုးပွားသွားမှာပဲ

ရှီကွေ့က ပြုံးကာ ပြောလိုက်သည်

“ ဒါပေမဲ့ သူတို့က ငါတို့လူသားပရဝဏ်အတွင်းမှာရှိတဲ့ ဒီတစ်သုတ်ပါလာတဲ့ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် သူတို့က အများကြီး အားနည်းကြတယ်။

ငါတို့ဆီမှာ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်ရှိရုံတင် မကသေးဘူး။ ညီအစ်ကိုချီနဲ့ ညီအစ်ကိုဝမ်လည်း ရှိသေးတယ်။

ဝမ်းကွဲထျန်းကျီနဲ့ ညီအစ်ကိုရှန်ရဲ့ စာရင်းသွင်းမှုက အရည်အချင်းကို အဆုံးစွန်အထိ မြင့်တက်သွားစေတာ။ သာမန်နတ်ဆိုးပရဝဏ်ထဲကိုတော့ ဘယ်လောက်များတဲ့ ကျောင်းသားအသစ်တွေ ဝင်ရောက်သွားပါစေ ကြောက်ရွံ့ဖို့ မလိုဘူး”

ယခင်က ချီကျန့်က မိန်းကလေး ချင်းယွဲ့ထက်ပိုပြီး သန်မာနေခဲ့သည့်အတွက် လူသားမျိုးနွယ်က ပရဝဏ်အချင်းချင်း တိုက်ခိုက်ရသည့်တိုက်ပွဲများတွင် ရှုံးနိမ့်နေခဲ့သည်။

သို့သော် ရှီထျန်းကျီနှင့် ရှန်ထျန်းတို့ ရောက်ရှိလာသည့်အတွက် လူသားပရဝဏ်၏ ခွန်အားက မယုံကြည်နိုင်စရာ ကောင်းလောက်သည်အထိ မြင့်မားသွားသည်။

ရှီလင်းနှင့် ရှီကွေ့တို့၏ အမြင်တွင် သူတို့၏ လူသားပရဝဏ် တောက်ပရမည့်အချိန်ရောက်ပြီဟု ခံစားလိုက်မိသည်။

ကျိရှားကျောင်းတော်ထဲမှာ နတ်ဆိုးတွေကို ဘယ်လိုလုပ်ပြီးတော့ မောက်မာခွင့် ပေးနိုင်မှာလဲ

All Chapters