← Chapters

ကောင်းကင်ဘုံကို ဆရာတင်ပြီး ကောင်းကင်ဘုံနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်း

Vol. 29 Ch. 435

ကောင်းကင်ဘုံကို ဆရာတင်ပြီး ကောင်းကင်ဘုံနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်း

Vol. 29 Ch. 435

အခန်း (၄၃၅) : ကောင်းကင်ဘုံကို ဆရာတင်ပြီး ကောင်းကင်ဘုံနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်း

အားလုံးက ပုံမှန်အတိုင်း စကားပြောနေကြသော်လည်း လူသားပရဝဏ်၏ အပြင်ဘက်တွင် ယာဉ်ပျံတစ်ခု ပျက်ကျလာသည်။

လက်ရှိတွင် များပြားသော ကျောင်းသားအသစ်များက အစီအရင်ခံနေကြသော်လည်း ရုတ်တရက် နတ်ဆိုးပါရမီရှင်တစ်ယောက် လူသားပရဝဏ်အတွင်းသို့ စိတ်လိုက်မာန်ပါဖြင့် ဝင်လာသည်။

ထိုသူက ရွှေရောင်စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အရပ် ဆယ်ပေ ရှိသည့် မျောက်ဝံပါရမီရှင်တစ်ယောက်ဖြစ်ပြီး ပုံစံက ကြောက်စရာကောင်းလှသည်။

သူ့ခန္ဓာကိုယ်ရှိ အမွေးများက ရွှေရောင်ဖြစ်ပြီး နေရောင်အောက်တွင် တောက်ပနေသည်။ သူ့ဆီမှာ ချွန်ထက်သော အစွယ်များနှင့် မီးတောက်ကဲ့သို့သော ရွှေရောင်မျက်ဆံများရှိပြီး လူအများကို မျက်လုံးဖြင့် ဖမ်းစားထားသည်။

ထိုမျောက်ဝံပါရမီရှင်က သံတုတ်ချောင်းကို ကိုင်ဆောင်ထားပြီး တခြားသူများ ကြောက်လန့်တုန်လှုပ်စေသည့် လွှမ်းမိုးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုမျောက်ဝံပါရမီရှင်နှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါ ကျောင်းသားအသစ်အများစုက သူနှင့် မျက်နှာချင်းပင် မဆိုင်ရဲပေ။

“ တကယ်ကို စွမ်းအားကြီးတဲ့ နတ်ဆိုးပါရမီရှင်တစ်ယောက်ပဲ”

“ သူ၏ စွမ်းအားကြီးသော အရှိန်အဝါတစ်ခုထဲနဲ့ကို သူက အနည်းဆုံး နတ်ဆိုးအသျှင် နောက်ဆုံးအဆင့်ဖြစ်သင့်တယ်။

“ အဲဒီမျောက်က နတ်ဆိုးပရဝဏ်ရဲ့ ထိပ်သီးကျင့်ကြံသူတွေထဲက တစ်ယောက်ပဲဖြစ်ရမယ်။ ဒါနဲ့ ဘာလို့ ငါတို့ရဲ့ လူသားပရဝဏ်ဆီ လာရတာလဲ”

ပါရမီရှင်အသီးသီးက ဤမျောက်ဝံပါရမီရှင်၏ ပြိုင်ဘက်ကင်းခွန်အားကို ခံစားမိသည့်အတွက် သူတို့က စတင်စိုးရိမ်လာပြီး သတိကပ်ထားလိုက်ကြသည်။

ကျိရှားကျောင်းတော်တွင် လူသားပရဝဏ်နှင့် နတ်ဆိုးပရဝဏ်တို့က အချိန်အများစုတွင် ကိုယ့်အလုပ်ကိုယ်သာ လုပ်နေကြသည်။

ပုံမှန်အားဖြင့် မျိုးနွယ်နှစ်ခု၏ ပါရမီရှင်အများစုက တခြားသူများ၏ ပရဝဏ်အတွင်းသို့ ဝင်ရောက်လာခြင်း မရှိပေ။

ထိုမျောက်ဝံပါရမီရှင်က လူသားပရဝဏ်အတွင်းသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာသည်မှာ သိသာထင်ရှားလှသည်။

မျောက်ဝံပါရမီရှင်က သူ့လက်ထဲရှိ တုတ်ချောင်းကို လွှဲယမ်းရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ရှီထျန်းကျီက ဘယ်မှာလဲ။ ထွက်လာပြီးတော့ ငါနဲ့တိုက်ခိုက်လိုက်စမ်း”

သူ စကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် လူသားကျောင်းသားအသစ်များက ထိတ်လန့်သွားကြသည်။

လူသားမျိုးနွယ်နှင့် နတ်ဆိုးများက ဆက်ဆံရေးမကောင်းသည့်အတွက် တဖက်လူ၏ ပိုင်နက်ထဲသို့ လာရောက်စိန်ခေါ်ခြင်းကို စော်ကားသည်ဟု မှတ်ယူသည်။

ဒီမျောက်က ဘယ်သူလဲဆိုတာကို သူတို့ မသိသော်လည်း သူ့ဘာသာသူ လူသားပရဝဏ်အတွင်းသို့ ဝင်လာရလောက်သည်အထိ အရမ်းစိတ်ကြီးဝင်နေသည်။

“ အရမ်းမောက်မာတဲ့ မျောက်ပဲ။ သူက လူသားပရဝဏ်ထဲကို လာပြီးတော့ မောက်မာရဲတာပေါ့”

“ အရှင့်သားက မင်း တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူမဟုတ်ဘူး”

“ သာမန်မျောက်တစ်ကောင်က သူ့ကို စိန်ခေါ်ဖို့အတွက် မထိုက်တန်ဘူး”

“ မင်း မြန်မြန်ထွက်သွားဖို့အတွက် အကြံပေးချင်တယ်။ မဟုတ်ရင် အစ်ကိုကြီး ရောက်လာတဲ့အခါ မင်း အပြင်းအထန် ရှုံးနိမ့်သွားရလိမ့်မယ်”

နတ်ဆိုးပရဝဏ်ထဲမှ ပါရမီရှင်က အရမ်းမောက်မာနေသည့်အတွက် များပြားသော လူသားပရဝဏ်ပါရမီရှင်များက ဒေါသထွက်နေကြသည်။

လူသားပရဝဏ်နှင့် နတ်ဆိုးပရဝဏ်က ဆက်ဆံရေး မကောင်းသည့်အတွက် တိုက်ပွဲများ မကြာခဏဖြစ်ပွားသည်။ သို့သော် နတ်ဆိုးတစ်ကောင်က လူသားပရဝဏ်သို့ လာရောက်ပြီး သူတို့ကို စော်ကားတာမျိုးကတော့ ရှားပါးလှသည်။

လူသားပရဝဏ်ထဲမှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ မရှိဘူးလို့များ ထင်နေတာလား

ဒီမျောက်ကလည်း ရှီထျန်းကျီကို စိန်ခေါ်ချင်တယ်တဲ့

ဟာသပဲ

ရှီထျန်းကျီ၏ ကျော်ကြားမှုက အချိန်အတော်ကြာ ကတည်းက ပျံ့လွင့်နေသည့်အတွက် များပြားသော လူသားပါရမီရှင်များက လေးစားကာ သူ့အတွက် ချီးကျူးမှုများကို သီးကုံးထားကြသည်။

သူက ပါရမီရှင်စာရင်းတွင် ပထမဆုံးအဆင့်ချိတ်ပြီး ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။

ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်ထွက်လာသော မျောက်က ရှီထျန်းကျီကို စိန်ခေါ်ဖို့အတွက် အရည်အချင်းရှိသည်ဟု မထင်ကြပေ။

ထိုမျောက်ဝံပါရမီရှင်က စိတ်မတိုပေ။ အဲဒီအစားက သူက လှောင်ရယ်ကာ ပြောလိုက်သည်

“ အားနည်းတဲ့ လူသစ်လေးတွေက ငါ့ကို တားရဲတယ်ပေါ့လေ။ ငါ့ကို တားရဲတဲ့သူတိုင်းကို ရိုက်နှက်ပစ်မယ်”

စကားပြောပြီးနောက် မျောက်ဝံပါရမီရှင်က လက်ထဲရှိ တုတ်ချောင်းကို လွှဲယမ်းကာ လူသားပရဝဏ်ပါရမီရှင်များဆီသို့ ထုရိုက်လိုက်သည်။

“ အတင့်ရဲလိုက်တာ”

ထိုမျောက်က သူတို့ကို အထင်သေးသည့်အတွက် လူသားပရဝဏ် ပါရမီရှင်များ ဒေါသထွက်နေကြသည်။

“ ငါတို့ တိုက်ပွဲအစီအရင် ဖန်တီးပြီးတော့ ဒီမျောက်ကို ဖိနှိပ်လိုက်ရအောင်”

ပါရမီရှင်အချို့က မျောက်ဝံ ပါရမီရှင်ဆီသို့ ဦးတည်သွားနေကြသည်။ သူတို့၏ အရှိန်အဝါများက သူတို့သည် ကနဦးဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူများ ဖြစ်သည်ကို သက်သေပြနေသည်။

မျောက်၏ ခွန်အားက ထူးခြားသည့်အတွက် သူတို့က အလျင်စလိုပြုမူပြီး တစ်ယောက်ချင်း တိုက်ခိုက်တာမျိုးကို မကြိုက်ပေ။

သူတို့ဘာသာသူတို့ တိုက်ခိုက်ချင်ပါက လူသားပရဝဏ်အတွင်းရှိ ကျောင်းသားဟောင်းများကို တိုက်ခိုက်ခိုင်းရမည်ဖြစ်သည်။

သူတို့လိုမျိုး ကျောင်းသားအသစ်များအတွက်တော့ မျောက်ဝံ ပါရမီရှင်ကို အနိုင်ယူနိုင်သည့် အခွင့်အရေးမျိုး ရရှိဖို့အတွက် အတူပူးပေါင်းပြီး တိုက်ခိုက်မှ ဖြစ်နိုင်သည်။

သူ့ကို အရေအတွက်နဲ့ အနိုင်ကျင့်တယ်လို့များ ပြောရမလား

သူက လူသားပရဝဏ်အတွင်းသို့ ကျူးကျော်လာသည့်အတွက် ထိုကဲ့သို့သော အရာများကို ဂရုစိုက်ဖို့ မလိုတော့ပေ။

မျောက်ဝံပါရမီရှင်က နတ်ဆိုးအသျှင်ဖြစ်ပြီး ကျောင်းသားအသစ်များကတော့ အထွတ်အထိပ်ရှင်များသာ ရှိသေးသည်။

သူတို့သာ ပူးပေါင်းပြီး မတိုက်ခိုက်ပါက မျောက်ဝံပါရမီရှင်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ပါရမီရှင်အနည်းစုက အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေကာ ဆန်းကြယ်သော တိုက်ပွဲအစီအရင်ကို ဖန်တီးပြီး ထိုစွမ်းအားကြီး မျောက်ဝံပါရမီရှင်ကို တားမြစ်ဖို့အတွက် ကြိုးစားနေကြသည်။

ထိုပါရမီရှင်များက အထွတ်အထိပ်ရှင်များသာ ဖြစ်သော်လည်း သူတို့က သူတို့အထွတ်အမြတ်မြေများ၏ တော်ဝင်ကျမ်းများကို ကျင့်ကြံထားသည့်အတွက် သူတို့ စုပေါင်းအသက်သွင်းထားသည့် ထိုကာကွယ်ရေး အစီအရင်ကို သာမန်ကောင်းကင်အသျှင်တစ်ယောက်ပင် ထိုးဖောက်လာနိုင်မည် မဟုတ်ပေ။

မျောက်ဝံပါရမီရှင်က သာမန်နတ်ဆိုးအသျှင်မဟုတ်တာတော့ နှမြောစရာပဲ

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်လာသည်။

တိုက်ပွဲက ခဏအတွင်းမှာပင် အဆုံးသတ်သွားသည်။ သူ့တုတ်ချောင်းရိုက်ချက်ကြောင့် ထိုပါရမီရှင်များအားလုံး လွင့်ထုတ်သွားသည်။

ကျောင်းသားအသစ်များအားလုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားကာ သွေးများပင် အန်ထွက်သွားသည်။

ဘာတွေဖြစ်ကုန်တာလဲ

“ မကြာခင် ပြီးသွားတော့မှာလား။ ငါ သွေးတောင် မပူသေးဘူးလေ”

ပါရမီရှင်အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

သူတို့အတူ ပူးပေါင်းပြီး တိုက်ခိုက်သော်လည်း ရိုက်ချက် တစ်ချက်ဖြင့် အားလုံး ရှုံးနိမ့်သွားကြသည်။

ဒီမျောက်ရဲ့ ခွန်အားက အဲလောက်ထိ ကြောက်ဖို့ကောင်းတာလား

ထိုမျောက်ပါရမီရှင် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်

“ ငါ့ရဲ့ စွမ်းအား တစ်ဝက်ကိုတောင် မသုံးရသေးပင်မဲ့ မင်းတို့က မြေပြင်ပေါ်မှာ လဲကျနေပြီတဲ့လား”

ပါရမီရှင် အသီးသီးက ဒေါသထွက်သွားကာ ပြောလိုက်သည်

“ ဒီမျောက်က အရမ်းမောက်မာတာပဲ။ လူသားပရဝဏ်ကိုလည်း အထင်သေးနေတယ်”

“ ငါတို့ ပေါင်းပြီးတော့ အဲဒီလူယုတ်မာကို ဖိနှိပ်လိုက်ရအောင်”

“ လူသားပရဝဏ်ရဲ့ ဂုဏ်သိက္ခာကို နင်းခြေခံလိုက်ရလို့ မဖြစ်ဘူး”

ပါရမီရှင် အများစုက အတူပူးပေါင်းပြီး မျောက်ဝံပါရမီရှင်ဆီသို့ ဦးတည်သွားလိုက်သည်။

ကြောက်စရာကောင်းသော အရှိန်အဝါက လေထုထဲတွင် ပြည့်နှက်သွားသည်။ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက ဖုံးလွှမ်းသွားကာ အရှိန်အဝါများက ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ ထိုးဖောက်ထွက်သွားသည်။

ထိုပါရမီရှင်များက နယ်မြေငါးခု၏ ထိပ်သီးပါရမီရှင်များဖြစ်သည့်အတွက် သူတို့ ပူးပေါင်းတိုက်ခိုက်ပါက ထိပ်သီးကောင်းကင်အသျှင် ကျင့်ကြံသူတစ်ယောက်ကိုပင် အနိုင်ယူနိုင်သည်။

သူတို့က ကာကွယ်ရေးအစီအရင်ကို ဖန်တီးလိုက်သည့်အများက အဆုံးမဲ့စွမ်းအားများက သူတို့ဆီသို့ ဝင်ရောက်လာသည်။

သူတို့ ထိုမျောက်ကို အနိုင်မယူနိုင်ဘူးဆိုတာကို မယုံကြည်ကြပေ။

“ အလဟဿဖြစ်တဲ့ ကြိုးစားမှုတစ်ခုပဲ”

ထိုမျောက်ဝံပါရမီရှင်က နှာခေါင်းရှုံ့ကာ ပြိုင်ဘက်ကင်းစွမ်းအားနှင့်အတူ သူ့လက်ထဲရှိ ရှည်လျားသော တုတ်ချောင်းကို လွှဲယမ်းလိုက်သည်။

ရှည်လျားသော အမဲရောင် တုတ်ချောင်းက အံ့ဩမှင်သက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ပြီးနောက် အာကာပြင်ကို ထိုးဖောက်သွားပြီး ကောင်းကင်ကို လွှမ်းမိုးထားသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

များပြားသော ပါရမီရှင်များ ထုတ်လွှတ်သော အရှိန်အဝါ တစ်စစီ ဖြစ်သွားစေဖို့အတွက် ရိုက်ချက် တစ်ချက်သာလျှင် လိုအပ်သည်။

ထို့နောက် မျောက်ဝံ ပါရမီရှင်က တစ်ခါ ထပ်မံတိုက်ခိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထို ကျောင်းသားအသစ်များကို တုတ်ချောင်းဖြင့် ရိုက်နှက်လိုက်သည်။

ချွင်…ချွင်…ချွင်…

ရိုက်ချက်အနည်းငယ်ဖြင့် အားလုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သူတို့၏ ဦးခေါင်းများလည်း ဖူးယောင်နေသည်။

ပါရမီရှင် အသီးသီးက အံ့ဩမှင်သက်သွားကြသည်။

“ ဒီမျောက်က အရမ်းရက်စက်ကြမ်းကြုတ်တာပဲ။ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုတွေကို မြန်မြန်ခေါ်လိုက်”

ယနေ့က ကျောင်းသားအသစ်များ လာရောက်သောနေ့ဖြစ်သည့်အတွက် လူသားပရဝဏ်ထဲတွင် ကျောင်းသားဟောင်းများစွာ မရှိပေ။

မျောက်ဝံပါရမီရှင်က အရမ်းစွမ်းအားကြီးသည့်အတွက် ကျောင်းသားအသစ်များ၏ မျက်နှာများလည်း ဖျော့တော့နေကြသည်။

ကျောင်းတော်မှာ နှစ်အတော်ကြာ လေ့လာသင်ယူပြီးတော့ အစ်ကို၊ အစ်မများသာလျှင် သူနှင့် တိုက်ခိုက်ဖို့အတွက် အရည်အချင်းပြည့်မှီနိုင်သည်။

“ အဲဒီလူယုတ်မာက ဘယ်သူလဲ”

ကျောင်းသားအသစ်များအားလုံး အံ့ဩမှင်သက်သွားကြသည်။

ထိုအချိန်တွင် ကျောင်းသားဟောင်းတစ်ယောက်က ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို သတိထားမိသွားသည့်အတွက် အမြန်ပြေးလာကာ ပြောလိုက်သည်

“ ဘယ်လူယုတ်မာက ကျူးကျော်လာရဲတာလဲ …သေစမ်း”

သူ ထိုမျောက်ကို မြင်သွားသည့်အခါ ကျောင်းသားဟောင်းက နှုတ်ခမ်းကို တွန့်ချိုးသွားကာ ပြောလိုက်သည်

“ ညီလေးတို့… အစ်ကို အိမ်မှာ စောင်တွေ မလှန်းရသေးတာကို သတိရသွားလို့။ သူနဲ့ တိုက်ခိုက်ဖို့အတွက် တခြားတစ်ယောက်ကို ရှာလိုက်တာ ပိုကောင်းမယ်။ အစ်ကို အရင်ပြန်နှင့်ပြီနော်။ လိုက်ပို့စရာ မလိုဘူး”

ကျောင်းသား အသစ်များက သူ့ကို တားလိုက်သည်

“ အစ်ကို ကျွန်တော်တို့ စောင်ကူလှန်းပေးပါ့မယ်”

“ ကျေးဇူးပြုပြီး တိုက်ခိုက်ပြီးတော့ အဲဒီမျောက်ကို နှိမ်နင်းပေးပါ။ ကျွန်တော်တို့ရဲ့ လူသားပရဝဏ်က အထင်သေးစရာ မဟုတ်ဘူးဆိုတာကို နတ်ဆိုးတွေ သိသွားအောင် ပြသပေးလိုက်ပါ”

ကျောင်းသားဟောင်းက ငိုခါနီးဆဲဆဲ လေသံဖြင့် ပြောလိုက်သည်

“ ငါ… ငါက ဘာများ လုပ်နိုင်မှာလဲ။

သူက ဘယ်သူလဲဆိုတာကို မင်းတို့ သိရဲ့လား။ သူက ချီကျန့်ပဲ။ သူက နတ်ဆိုးပရဝဏ်ရဲ့ အရေးပါတဲ့ တပည့်တစ်ယောက်ပဲ။ သူက ဝိဇ္ဇာအစစ်အမှန်ကိုတောင် လက်ဗလာနဲ့ ဆွဲဖြဲခဲ့တာ။

အဲဒီလူနဲ့ တိုက်ခိုက်ရမယ်ဟုတ်လား။ ငါလည်း တိုက်ခိုက်ပြီးတော့ အသက် ၆၆၆ နှစ်မြောက်မှာ သေသွားမှာပဲ။

အဲဒီမကောင်းဆိုးဝါးက နတ်ဆိုးပရဝဏ်အတွင်းမှာ သီးသန့်ကျင့်ကြံနေတာ မဟုတ်ဘူးလား။ သူက ဘာလို့ လူသားပရဝဏ်ကို ရုတ်တရက်ကြီး ရောက်လာရတာလဲ”

ကျောင်းသားဟောင်းက ထိုမျောက်ဝံပါရမီရှင်က ဘယ်သူလဲဆိုတာကို ပြောပြလိုက်မှသာ ကျောင်းသားအသစ်များက ဖြည်းဖြည်းချင်း နားလည်သွားကြသည်။

အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံချီကျန့်က နတ်ဆိုးပရဝဏ်ထဲတွင် အသန်မာဆုံး ပါရမီရှင် ဖြစ်သည်။

သူ့ဆီမှာ ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းရည်ရှိပြီး လူသားပရဝဏ်၏ အရေးပါဆုံးတပည့်ဖြစ်သည့် မိန်းကလေးချင်းယွဲ့ထက်ပင် သာလွန်နေသည်။

လူသားပရဝဏ်က ချီကျန့်ကြောင့် နတ်ဆိုးပရဝဏ်ကို ရှုံးနိမ့်နေခဲ့သည်။

သူက ကျော်လွှားလို့မရသော ပြဿနာတစ်ခုလို ဖြစ်နေပြီး ယခင်တစ်သုတ်က ပါရမီရှင်များအား သူ့ကို မြင်နေရရုံဖြင့် ကြောက်လန့်နေစေသည်။

ချီကျန့်က ထိုနေရာတွင် ဂုဏ်ယူစွာ မတ်တပ်ရပ်ပြီး အားလုံးကို အထင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်

“ ရှီထျန်းကျီကို ထွက်လာခိုင်းလိုက်။ ငါ သူနဲ့ တိုက်ခိုက်ချင်တယ်”

ပါရမီရှင်တစ်ယောက်က အံကြိတ်ကာ ပြောလိုက်သည်

“ မင်းသားထျန်းကျီ ထွက်လာတဲ့အထိ စောင့်နေလိုက်။ ခင်ဗျား သင်ခန်းစာ ပေးခံရလိမ့်မယ်”

လူတချို့က ရှီထျန်းကျီကို ဆက်သွယ်ဖို့အတွက် အလျင်အမြန်ထွက်သွားကြသည်။

ယခင်ကတည်းက အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံချီကျန့်ကို ဘယ်သူမှ မတားနိုင်သလို မိန်းကလေး ချင်းယွဲ့လည်း မတားနိုင်ပေ။

သို့သော် ယခု ရှီထျန်းကျီ ရောက်လာပြီဖြစ်သည့်အတွက် မတူညီနိုင်တော့ပေ။

ချီကျန့်က ယခင်က ငါးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားသော ဝိဇ္ဇာအစစ်အမှန်ကို စုတ်ဖြဲပေးလိုက်သော်လည်း ရှီထျန်းကျီ၏ တိုက်ပွဲရလဒ်များကလည်း သူ့ထက် အားနည်းနေခြင်း မရှိပေ။

သူသာ အစွမ်းကုန်တိုက်ခိုက်ပါက ထိုမျောက်ကို အနိုင်ယူနိုင်သည်။

သို့သော် ချီကျန့်က လူသားပရဝဏ်သို့ အမြန်ရောက်လာမည်ကို သူတို့ ထင်မထားခဲ့ပေ။

သူက ရှီထျန်းကျီကို စိန်ခေါ်ချင်သည်ဟုလည်း တိုက်ရိုက်ပြောခဲ့သည်။

သူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေရှိနေတာများလား

ရှီထျန်းကျီက ယခု ကျော်ကြားနေသော်လည်း ချီကျန့်၏ ကျော်ကြားမှုကလည်း ရှီထျန်းကျီကို မရှုံးနိမ့်ပေ။

ဘယ်သူက ပိုသန်မာလဲဆိုတာကို သိရဖို့အတွက် အားလုံးက စိတ်အားထက်သန်နေသည်။

ထိုရုတ်ရုတ်သဲသဲဖြစ်မှုက ရှန်ထျန်းနှင့် တခြားသူများကိုပါ ဆွဲဆောင်လိုက်သည်။

ချီကျန့်၏ စကားလုံးများကို ကြားပြီးနောက် အားလုံး၏ အကြည့်များ တောက်ပသွားကြသည်။

အသန်မာဆုံး နတ်ဆိုးပါရမီရှင်က အသန်မာဆုံးလူသားပါရမီရှင်ကို စိန်ခေါ်ချင်နေတယ်တဲ့။ အဲလိုမျိုး မြင်ကွင်းက မြင်ရဖို့ခက်ခဲတယ်

ကြည့်ရတာ သူတို့ စိတ်ဝင်စားစရာကောင်းတဲ့ ပြပွဲတစ်ခုကို ကြည့်ရတော့မယ်ထင်တယ်

ဝမ်ရှန်းယုက ချန့်ကျန့်ကို ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည်

“ အဲဒီမျောက်ရဲ့ မျိုးနွယ် နာမည်ကလည်း ချီပဲ။ ချီရှောက်ရွှမ် မင်း သူ့ဆီသွားပြီးတော့ မင်းရဲ့မွေးစားအစ်ကို လုပ်ပေးဖို့ ပြောကြည့်ပါလား။ မင်းကို သူ့ရဲ့တုတ်ချောင်းနဲ့ ကာကွယ်ခိုင်းလိုက်လေ”

အားလုံးက ဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။

ဝမ်ရှန်းယု၏ ပါးစပ်ဖွာသော အကျင့်က မပြောင်းလဲပေ။

သူသာ ဒီအတိုင်းဆက်သွားပါက တခြားလူများ၏ အသေရိုက်နှက်ခြင်းကို အနှေးနှင့် အမြန် ခံရနိုင်သည်။

ချီရှောက်ရွှမ်က ဝမ်ရှန်းယုကို စိုက်ကြည့်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ တည်နေရာသာ အဆင်ပြေပါက သူ ဝမ်ရှန်းယုနှင့် သေချာပေါက် တိုက်ခိုက်နေပြီဖြစ်သည်။ သူ့ကို အပြင်းအထန်ရိုက်နှက်ပြီး သက်တမ်းများစွာ အသုံးပြုအောင်လုပ်ကာ ရှေ့လျှောက်လည်း ပါးစပ်ဖွာနိုင်ဦးမလားဆိုတာကို သိချင်နေမိသည်။

ချီကျန့်ကတော့ ဆက်တိုက် စော်ကားနေသည်

“ လူသားပရဝဏ်ရဲ့ အသန်မာဆုံးလူသားက ငကြောက်ဖြစ်နေတယ်ဆိုတာ ဘယ်သူက သိမှာလဲ။

ငါ ဒီကို ကိုယ်တိုင် လာခဲ့ပေမဲ့ မင်းက မျက်နှာတောင် ထွက်မပြရဲဘူးပေါ့။ ငယ်ရွယ်တဲ့ စံပြတစ်ယောက်က ဘာမှမဟုတ်ပါဘူး”

ပုံမှန်အားဖြင့် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံချီကျန့်အနေဖြင့် ရှီထျန်းကျီကို ရုတ်တရက် လာရှာသည့် အကြောင်းအရင်းတစ်ခုသာ ရှိသည်။

သူ၏ ပြိုင်ဘက်ကင်း အရည်အချင်းကြောင့် နတ်ဧကရာဇ်၏ အမည်ခံတပည့် ဖြစ်ခွင့်ရခဲ့ပြီး ထူးခြားသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

သို့သော် ဟွမ်ရှစ်က သူ့ကို တော်ဝင်ကျမ် မသင်ကြားပေးခဲ့ပဲ ဤလိုသာ ပြောခဲ့သည်

“ ငါ့ရဲ့ တာအိုက မင်းတို့နဲ့ မတူဘူး။ အဲဒါကြောင့် အများကြီး မသင်ပေးနိုင်ဘူး။

ရှေးခေတ်အခါကတည်းက အထွတ်အမြတ် တိုက်ပွဲမျောက်ဝံတွေက ကောင်းကင်ဘုံကို သူတို့ရဲ့ဆရာ၊ ကောင်းကင်ဘုံကို သူတို့ရဲ့ မိတ်ဆွေအဖြစ် သတ်မှတ်ခဲ့ပြီးတော့ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်မှ တာအိုကို ရရှိနိုင်တယ်။

မင်း ငါပြောတာကို နားလည်သွားရင် မင်း လွင်ပြင်ရှစ်ခုနဲ့ နယ်မြေငါးခုကို လွှမ်းမိုးနိုင်လာလိမ့်မယ်”

ချီကျန့်က ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်တိုင်းကို စဉ်းစားကြည့်သော်လည်း သူ နားမလည်နိုင်ဖြစ်နေသည်။

ရှီထျန်းကျီက ကျိရှားကျောင်းတော်ထဲသို့ ဝင်ရောက်လာကတည်းက သူ့အနားမှာရှိသောသူအားလုံးက သူ့အကြောင်းကိုသာ ပြောနေခဲ့ကြသည်။

ထိုအခါမှသာ သူနားလည်သွားပြီး ဟွမ်ရှစ်ဆိုလိုတာက ရှီထျန်းကျီဆိုတာကို နားလည်သွားသည်။

သူသာ ရှီထျန်းကျီကို အနိုင်ယူနိုင်ပါက သူ၏ တာအိုကို ရှာတွေ့ပြီး အတိဒုက္ခ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ဒီတစ်ခေါက် သူက လူသားပရဝဏ်သို့ လာရောက်ကာ ရှီထျန်းကျီကို လာရောက် စိန်ခေါ်ခြင်းဖြစ်သည်။

ချီကျန့်က ရှီထျန်းကျီကို စော်ကားလိုက်သည့်အတွက် ပါရမီရှင်အသီးသီးက ဒေါသထွက်သွားကြသည်။

အလယ်ပိုင်းကုန်းမြေတွင် ထိုလူငယ်စံပြကို မရေတွက်နိုင်သော ပါရမီရှင်များက ယုံကြည်ကြသည်။ အားအင်ကွာခြားချက်သာ မရှိပါက ပါရမီရှင်များက ချီကျန့်ဆီ သေချာပေါက်ပြေးသွားပြီး သူနှင့် အသေတိုက်ခိုက်မည် ဖြစ်သည်။

ဝုန်း…

ထိုအခိုက်အတန့်တွင် စွမ်းအားကြီးသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။

နှင်းကဲ့သို့ ဖြူစွတ်နေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ လေထဲတွင် ပေါ်လာသည့်အခါ သူ၏ လှုပ်ရှားမှုများက ကျက်သရေရှိလှသည်။

လူသားပရဝဏ်အတွင်းမှ ပါရမီရှင်များက ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခါ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်

“ ဒါက မင်းသားထျန်းကျီပဲ”

“ မင်းသား ထျန်းကျီက အဲဒီလူယုတ်မာမျောက်ကို ဆုံးမပေးပြီးတော့ ငါတို့အတွက် လက်စားချေပေးမှာပဲ”

“ လူယုတ်မာမျောက် မင်း နောက်ထပ် မောက်မာနိုင်ဦးမလားဆိုတာကို ကြည့်ကြတာပေါ့”

ပါရမီရှင်များက ရှီထျန်းကျီကို သူတို့၏ ကယ်တင်ရှင်ကဲ့သို့ ကြည့်နေကြသည်။

လူသားပရဝဏ်အတွင်းရှိ ပါရမီရှင်များထဲတွင် သူသာလျှင် ချီကျန့်နှင့် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ရှီထျန်းကျီ ရောက်ရှိလာသည်ကို ချီကျန့်မြင်လိုက်သည့်အခါ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်သွားကာ ပြောလိုက်သည်

“ မင်းက လူသားပရဝဏ်ရဲ့ အရေးပါဆုံးတပည့် ရှီထျန်းကျီလား”

ရှီထျန်းကျီက စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်

“ ငါက ရှီထျန်းကျီဆိုပေမဲ့ လူသားပရဝဏ်ရဲ့ အရေးပါဆုံး တပည့် မဟုတ်ဘူး”

ရှီထျန်းကျီ၏ စကားကြောင့် ချီကျန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

“ မင်းရဲ့ နာမည်က ပါရမီရှင် စာရင်းပေါ်မှာရှိနေတယ်လေ။ မင်း မဟုတ်ရင် ဘယ်သူလဲ”

ရှီထျန်းကျီက အေးစက်စွာ ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်း”

ချီကျန့်က ထိတ်လန့်သွားကာ မေးလိုက်သည်

“ ရှန်ထျန်းက ဘယ်သူလဲ”

သူက လတ်တလောတွင် သီးသန့်ကျင့်ကြံနေသည့်အတွက် ရှန်ထျန်းအကြောင်းများကို ကြားမထားပေ။

ထိုအချိန်တွင် ရှီထျန်းကျီ၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူသားပါရမီရှင်များက အံ့ဩမှင်သက်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လူသားပရဝဏ်အတွင်းမှာ အဆင့်တစ်ချိတ်တယ်လို့ ရှီထျန်းကျီက ပြောလိုက်တာလား

သူတို့ တိတ်တဆိတ် တိုက်ခိုက်ခဲ့တာများလား

ပြီးတော့ ရှီထျန်းကျီက ရှုံးသွားတာလား

ကျစ်…တကယ်ကို သတင်းထူးပဲ

ပါရမီရှင်များက သိချင်စိတ်ပြင်းပြစွာဖြင့် ရှန်ထျန်းကို စိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်များက ဖြည်းဖြည်းချင်း လေးစားမှုတို့ဖြင့် ပြည့်နှက်လာကြသည်။

ရှန်ထျန်းက ခေါင်းကိုက်သွားသည်။ ရှီထျန်းကျီက ဒဲ့တိုးကြီး ပြောလိုက်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ချီကျန့်က မယုံကြည်နိုင်သေးပဲ ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မင်းဘာသာမင်း လူသားပရဝဏ်ရဲ့ ပထမအဆင့်ဟုတ်တာ မဟုတ်တာကို ငါ ဂရုမစိုက်ဘူး။

မဟာနတ်ဧကရာဇ်က ပြောခဲ့ဖူးတာ ရှိတယ်။ ငါက ကောင်းကင်ဘုံကို ဆရာလို၊ မိတ်ဆွေလိုမျိုး ဆက်ဆံပြီးတော့ ဆန့်ကျင်တိုက်ခိုက်မှ တာအိုကို ရရှိနိုင်မယ်တဲ့။

မင်းရဲ့ နာမည်က ရှီထျန်းကျီဆိုတော့ အဲဒီထဲမှာ ထျန်း(ကောင်းကင်)ဆိုတဲ့ စာလုံးပါနေတယ်လေ။

အဲဒါဆိုတော့ မင်းပဲပေါ့။

မင်းကို ငါ အနိုင်ရတာနဲ့ တာအိုကိုရရှိပြီးတော့ ဝိဇ္ဇာတစ်ပါး ဖြစ်လာမယ်”

ချီကျန့်က ရှီထျန်းကျီကို တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်

“ ငါနဲ့ တိုက်ခိုက်ပါ”

ရှီထျန်းကျီက ပုခုံးတွန့်ပြကာ ပြောလိုက်သည်

“ ခင်ဗျား ပြောသလိုမျိုးဆိုရင် ငါနဲ့ ဘာများဆိုင်လို့လဲ။ ငါ့နာမည်က ရှီထျန်းကျီလေ ရှီထျန်းမှ မဟုတ်တာ။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ နာမည်မှာလည်း ထျန်းဆိုတာ ပါတာပဲလေ။

အဲဒါကြောင့် ခင်ဗျား သူနဲ့တိုက်ခိုက်သင့်တာ”

ရှီထျန်းကျီက ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

သူက ငါ့ကို အပြစ်တင်ခံနေရအောင် လုပ်နေတာပဲ

ရှီထျန်းကျီက သူ့ကို လက်စားချေနေသည်ဟု ရှန်ထျန်း ခံစားနေရသည်။ ရှန်ထျန်းက လူမသိ သူမသိသာနေသော်လည်း ရှီထျန်းကျီက သူ့ကို နာမည်တပ်ခေါ်လိုက်သည်။

ဘယ်လောက်တောင် ဒုက္ခများလိုက်သလဲ

ရှီထျန်းကျီ၏ စကားကြောင့် ချီကျန့်က တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံစံဖြင့် ပြောလိုက်သည်။

“ ဟုတ်ပါတယ်… ထျန်းကျီက ကံကြမ္မာရဲ့သားတော်ပဲ ထျန်း(ကောင်းကင်ဘုံ) မဟုတ်ဘူး။

ငါက ကောင်းကင်နဲ့ တိုက်ခိုက်ရမှာ။ ကံကြမ္မာသားတော်နဲ့ တိုက်ခိုက်ရမှာမဟုတ်ဘူး။ ကံကြမ္မာသားတော်က ထျန်းလောက်ထိ မသန်မာဘူး။

မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး။

ရှန်ထျန်းကို လာခိုင်းလိုက်”

ပါရမီရှင်များက အံ့ဩထိတ်လန့်သွားကြသည်။

သူက ဒီလိုပုံစံနဲ့ ရှီထျန်းကျီကို ပြောရဲတယ်ပေါ့

အားလုံးက ရှီထျန်းကျီကို ကြည့်လိုက်သည့်အခါ နှုတ်ခမ်းကို တွန့်ချိုးလိုက်သည်ကို တွေ့လိုက်ရသည်။

သေစမ်း…ဒီမျောက်ရဲ့ ဦးနှောက်က ချို့ယွင်းနေတာများလား။ ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ

သို့သော် ချီကျန့်က ရှီထျန်းကျီကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ပေ။

သူက ရှန်ထျန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်

“ မင်းက ရှန်ထျန်းလား။ ငါနဲ့လာပြီးတော့ တိုက်ခိုက်”

ရှန်ထျန်း ကြောင်အသွားသည်။

ငါက ဒီကို ပွဲကြည့်ဖို့ လာခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ ငါက ဝင်ပါရမှာလဲ

သူက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ညီအစ်ကိုချီ ကျွန်တော်တို့ ပထမဆုံးတွေ့တွေ့ချင်းမှာ အခုလိုမျိုး တိုက်ခိုက်တာတော့ မကောင်းဘူးလေ ဟုတ်တယ်မလား”

ချီကျန့်က ထိုကဲ့သော အရာမျိုးကို ဂရုမစိုက်ပေ။

သူက တာအိုကိုသာ ရှာတွေ့ချင်နေသည်။

အခုလည်း သူ့ပစ်မှတ်ကို ရှာတွေ့သွားပြီဆိုတော့ လက်လျှော့စရာ ဘာအကြောင်းများ ရှိလို့လဲ

ပထမဆုံး တွေ့တာက ပြဿနာပဲလေဆိုရင်တော့…

အရာအားလုံးကို အလွယ်တကူ ဖြေရှင်းလို့ရပါတယ်

ချီကျန့်က ခေါင်းပြန့်လှည့်သွားကာ နောက်တစ်ခါ ပြန်လှည့်လာပြီး ပြောလိုက်သည်

“ အခု ငါတို့ ပထမဆုံးအကြိမ် တွေ့တာ မဟုတ်တော့ဘူးနော်”

ရှန်ထျန်းက ဆွံ့အသွားသည်။

ဒီမျောက်ရဲ့ ခေါင်းထဲ ဝက်အူချောင်နေတာများလား

သို့သော် ရှန်ထျန်းက မျက်မှောင်ကြုတ်ကာ ချီကျန့်၏ ခေါင်းအပေါ်ကို ကြည့်လိုက်သည်။ ခရမ်းရောင် ရောင်ဝါစက်ဝန်းကို မြင်လိုက်ရပြီး ထိုထဲတွင် ကံအပြောင်းအလဲ အခွင့်အရေးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ပေါ်လာပြီ

ပေါ်လာတော့မယ်

နောက်ဆုံးတော့ ပေါ်လာပြီ

ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားကာ ပြုံးရင်း ပြောလိုက်သည်

“ ညီအစ်ကိုချီ ကျွန်တော်တို့…”

“ ရော့ယူလိုက်”

ရှန်ထျန်း စကားမဆုံးခင် ချီကျန့်က သူ၏ အနက်ရောင် တုတ်ချောင်းကို လွှဲယမ်းပြီး သူ့ဆီသို့ ဦးတည်လာနေသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သည့်အတွက် စကားပင် မပြောနိုင်တော့ဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်။

တောင်ကဲ့သို့မြင့်မားလှသော အနက်ရောင်တုတ်ချောင်းကို ရှန်ထျန်းဆီ လွှဲယမ်းလိုက်သည့်အခါ အာကာပြင်တစ်ခုလုံးကို အပေါက်ဖြစ်သွားစေသည်။

ရှန်ထျန်းမှာ တခြားရွေးချယ်စရာ မရှိပေ။ အံ့ဖွယ်အလင်းတန်းက သူ့ခြေထောက်အောက်တွင် လင်းလက်သွားကာ ရှောင်ရှားဖို့အတွက် လျှပ်စီးအရိပ်ခြေလှမ်းကို အသုံးပြုလိုက်သည်။

“ ညီအစ်ကိုချီ လိုက်လျောညီထွေရှိမှု… လိုက်လျောညီထွေရှိမှုက အရေးကြီးဆုံးပဲနော်”

ရှန်ထျန်းက ချီကျန့်ကို ဖျောင်းဖျနေသော်လည်း ချီကျန့်က နားမထောင်ဘဲ တုတ်ချောင်းဖြင့်သာ လွှဲယမ်းနေသည်။

ထိုအခိုက်အတန့်တွင် တုတ်ချောင်းက အရွယ်အစား ပိုမိုကြီးမားလာကာ အင်မတန် အရွယ်အစားကြီးပြီး ရှည်လျားလှသည်။

ပေပေါင်းသောင်းချီရှည်လျားသော တုတ်ချောင်းက အာကာပြင်ကိုပင် တစ်စစီဖြစ်သွားစေသည်။

နတ်ဆိုးပရဝဏ်ထဲရှိ အသန်မာဆုံးပါရမီရှင်ဖြစ်သော ချီကျန့်၏ ခွန်အားက အဆုံးစွန်ထိ ပြင်းထန်နေသည်။

သို့သော် သူ၏ တိုက်ခိုက်မှုများက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ရှန်ထျန်းအပေါ်သို့ လုံးဝ မကျရောက်ပဲ အချိန်တိုင်း ရှောင်ရှားနိုင်နေသည်။

ချီကျန့်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်

“ မင်း ဘယ်အချိန်ထိ မျောက်လိုမျိုး ပြေးနေဦးမှာလဲ။ ငါ့ကို ထိပ်တိုက်တိုက်ခိုက်လိုက်”

ပါရမီရှင်များက ဆွံ့အသွားကြသည်။

ခင်ဗျားက မျောက်လေ ဘာလို့ တခြားသူကို မျောက်လို့ ခေါ်နေရတာလဲ

ခင်ဗျားက မဖမ်းနိုင်လို့ သူ့ကို မရှောင်ဖို့ ပြောနေတာမလား

ခင်ဗျားက ထင်ထားတဲ့အတိုင်းပဲ

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ညီအစ်ကိုချီ စိတ်မတိုပါနဲ့။ တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာက မကောင်းပါဘူး။ ကျွန်တော်တို့ ထိုင်ပြီး လက်ဖက်ရည်ကြမ်း တစ်ခွက်လောက် သောက်ပြီးတာနဲ့ စွန့်စားခရီးလေး ထွက်ကြရင် မကောင်းဘူးလား”

ရှန်ထျန်းက ဒီသိုးကို အတော်ကြိုက်နေတာလေ။ အဲဒါကြောင့်မတိုက်ခိုက်ချင်ဘူး။ သူ့ သိုးလေးထိခိုက်သွားရင် ဘယ်လိုလုပ်ပါ့မလဲ

ဒါဆိုရင်လည်း သူလည်း ကံအပြောင်းအလဲ အခွင့်အရေးကို အလကားယူမဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာ သေချာတယ်

ရှန်ထျန်းက ချီကျန့်၏ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူလို့ရနိုင်သော်လည်း သူသာ အဲလိုလုပ်လိုက်ပါက ကံကြမ္မာက တိုးတက်လာမည် မဟုတ်ပေ။

ရရှိတာထက် ဆုံးရှုံးတာမျိုးတောင် ဖြစ်နိုင်သေးတယ်

သူက နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံခြင်း တိုးတက်မှုကြောင့် လျော့နည်းသွားတဲ့ ကံကြမ္မာကို ပြန်ပြီးတော့ မဖြည့်သွင်းရသေးဘူး

ယခုထိ ရှန်ထျန်း ကြောက်ရွံ့နေမိသည်။

သူက ချီကျန့်ကို အငြိုးအတေး မထားချင်ပေ။ သူသာ ချီကျန့်၏ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူလိုက်ပါက ချီကျန့် ကံဆိုးမှုနှင့် ကြုံသွားနိုင်သည်။

ထို့ကြောင့် ရှန်ထျန်းက အလကား ယူနိုင်သည့်အချိန်တွင် အလကားယူဖို့ ပိုပြီး စိတ်အားထက်သန်မိသည်။

ထိုအခါမှသာ နှစ်ဖက်လုံးအတွက် အကျိုးရှိမည်ဖြစ်သည်။

နှစ်ဖက်လုံးအတွက် အကောင်းဆုံးပေါ့

ချီကျန့်က ခေါင်းယမ်းပြကာ တိုက်ခိုက်လိုစိတ်ပြင်းပြစွာဖြင့် ပြောလိုက်သည်

“ ပေါက်ကရ စကားတွေမပြောခင် ငါနဲ့ အရင်လာပြီးတော့ တိုက်ခိုက်လိုက်”

သူက စိတ်ဓာတ်ပြင်းထန်သော အကြည့်ဖြင့် ရှေ့သို့တိုးလာသည်။

သူက ကမ္ဘာလောကရှိ အရာအားလုံးကို ထိုးဖောက်မြင်နေနိုင်သလိုမျိုး မျက်လုံးထဲမှ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာသည်။

ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ သခင်လေးတစ်ယောက်အနေဖြင့် ချီကျန့်က သူတို့မျိုးနွယ်၏ ဆန်းကြယ်ပညာရပ်ဖြစ်သည့် ထိုးထွင်းသိမြင်ခြင်းကို သင်ယူခဲ့သည်။

ထို့ကြောင့် ချီကျန့်က ရှန်ထျန်း၏ တည်နေရာကို သိကာ သူ့ကို ရပ်တန့်လို့ရအောင် ကြိုတင်တိုက်ခိုက်လို့ရသည်။

ကံမကောင်းစွာဖြင့် ကြိုးစားမှုက အရာမရောက်ပေ။ သူက လူသားပရဝဏ်၏ အဆောက်အအုံများကိုပင် ဖျက်စီးပြီးပြီဖြစ်သော်လည်း ရှန်ထျန်းကို ထိအောင် မတိုက်ခိုက်နိုင်ပေ။

အဲဒီအစား ပတ်ဝန်းကျင်ရှိ ပါရမီရှင်များက အချိန်မှီ မရှောင်ရှားနိုင်သည့်အတွက် တုတ်ချောင်းနှင့် ထိမိပြီး သွေးများပင် အန်ထွက်ကုန်သည်။

ထိုအရာကို မြင်ပြီးမှသာ ရှန်ထျန်း ပြန်လည်ထွက်ပေါ်လာသည်။ ထိုမျောက်က ကျိုးကြောင်းဖြင့် ပြောပြလို့မရနိုင်ပဲ တိုက်ခိုက်လိုက်မှသာ စိတ်ငြိမ်အောင် လုပ်လို့ရမည်ဖြစ်ကြောင်း သူ နားလည်သွားသည်။

မဟုတ်ပါက ထိုမျောက်ကြောင့် တစ်နေရာလုံး ပျက်စီးသွားနိုင်သည်။

ရှန်ထျန်းက ထပ်ပြီးမရှောင်ရှားတော့ဘဲ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ဝှီး…

ဝှီး…

ဝှီး…

အံ့ဖွယ်ဝါးမျိုနွယ်ပင်များက ချီကျန့်ကို မြွေများကဲ့သို့ ရစ်ပတ်နေသည်။

တစ်ချိန်တည်းမှာပဲ တောက်ပသောအလင်းရောင်က ရှန်ထျန်းအနောက်မှ ထွက်ပေါ်လာပြီး ပြန့်ဟွားပန်း ပွင့်လာသည်။

ချီကျန့်က အချိန်မီ တုံ့ပြန်ချိန်မရပဲ အံ့ဖွယ်ဝါးမျိုနွယ်ပင်များ၏ ချည်နှောင်ခြင်းကို ခံလိုက်ရသည်။ ချိုင့်ခွက်များရှိသော လေဟာနယ်ထဲသို့ ရှန်ထျန်း၏ ဆွဲခေါ်သွားခြင်းကို ခံနေရသည်။

သူတို့ပျောက်ကွယ်သွားသည့်အခါ အားလုံးက အံ့ဩမှင်သက်ပြီး ကျန်နေခဲ့သည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အဲဒီရက်စက်တဲ့မျောက်ကို အနိုင်ယူနိုင်မလားဆိုတာ သိချင်လိုက်တာ”

“ အဲဒီလူယုတ်မာ မျောက်က မောက်မာသလို သူ့ရဲ့ခွန်အားကိုလည်း လျှော့တွက်လို့မရဘူး”

“အံ့ဖွယ်မိုးကောင်းကင် သူတော်စင် သူ့ကို အနိုင်ရပါစေလို့ပဲ ငါ ဆုတောင်းတယ်”

အကုန်လုံးက ရှန်ထျန်းအတွက် စတင်စိုးရိမ်လာကြသည်။

ရှန်ထျန်းက လူသားပရဝဏ်၏ မျက်နှာဖြစ်ပြီး သူသာ နတ်ဆိုးပါရမီရှင်ကို ရှုံးသွားပါက သူတို့လည်း မျက်နှာပျက်ရမည်ဖြစ်သည်။

အထူးသဖြင့် ရှီထျန်းကျီက ရှန်ထျန်းသည် လူသားပရဝဏ်၏ အဆင့်တစ် ကျောင်းသားဖြစ်ကြောင်း ကြေညာလိုက်ကတည်းက စိတ်ပူနေကြသည်။

ရှီထျန်းကျီက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် မျက်နှာရအောင် လုပ်ပေးစရာ အကြောင်းမရှိသည့်အတွက် ရှီထျန်းကျီ ပြောသည်ကို ယုံကြည်ကြသည်။

သို့သော် ရှီထျန်းကျီကဲ့သို့ စွမ်းအားကြီးသူကတောင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီမှာ ရှုံးနိမ့်ခဲ့တာတဲ့လား

ဒါဆိုရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘယ်လောက်တောင် သန်မာတာလဲ

ကံမကောင်းစွာဖြင့် ရှီထျန်းကျီက ဘာမှရှင်းမပြဘဲ ထွက်သွားသည်။ သူက ရိုးသားဖြောင့်မတ်စွာ နေခဲ့သည့်အတွက် သူက ရှန်ထျန်းကို ရှုံးနိမ့်သွားသော်လည်း ဖုံးကွယ်ထားစရာအကြောင်း မရှိပေ။

ပါရမီရှင်အသီးသီးက အသက်ပြင်းပြင်းရှူလိုက်ကြသည်။

ဒါဆိုရင် ပြောသွားတာတွေက အမှန်ပဲပေါ့

ရှန်ထျန်းနှင့် ချီကျန့်တို့က ရုတ်တရက် လေဟာနယ်ထဲတွင် ပေါ်လာသည်။

လက်ရှိတွင် ချီကျန့်က အံ့ဖွယ်ဝါးမျိုနွယ်ပင်များဖြင့် ချည်နှောင်ခံထားရပြီး ပျာယာခတ်မနေပေ။

သူက စိတ်ပါလက်ပါ ရယ်ကာ ပြောလိုက်သည်

“ မင်းက နောက်ဆုံးတော့ ငါ့ကို ထိပ်တိုက် တိုက်ခိုက်ခဲ့ပြီပဲ”

ဝုန်း…

ချီကျန့်၏ အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ရွှေရောင်စစ်ချပ်ဝတ်တန်ဆာက တောက်ပသော အလင်းတန်းဖြင့် တောက်ပနေသည်။ ထိုအလင်းတန်းက နေမင်းကဲ့သို့ တောက်ပနေပြီး အံ့ဖွယ်ဝါးမျိုနွယ်ပင်များကို တစ်စစီဖြစ်သွားစေသည်။

ရှန်ထျန်းက လေဟာနယ်ထဲဝင်သွားသည့်အတွက် သူက ချီကျန့်နှင့် စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်ချင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ မဟုတ်ပါက သူတို့၏ တိုက်ပွဲခွန်အားကြောင့် လူသားပရဝဏ်တစ်ခုလုံးကို ဖျက်စီးသွားမိမည် ဖြစ်သည်။

ရှန်ထျန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်

“ ညီအစ်ကိုချီ ကျွန်တော်တို့ မတိုက်ခိုက်ပဲ နေကြရင် ဘယ်လိုလဲ”

ရှန်ထျန်းက ကံအပြောင်းအလဲ အခွင့်အရေး ကြုံတွေ့ခါနီးဖြစ်နေသော ခရမ်းရောင် ရောင်ဝါစက်ဝန်းပိုင်ရှင်ကို မတိုက်ခိုက်နိုင်ပေ။

သူ့ကို ရိုက်နှက်ပြီးသွားရင် အငြိုးအတေးထားနေရင် ဘယ်လိုလုပ်ပါ့မလဲ။ ဒါဆိုရင် ငါက သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ဘယ်လိုလုပ်ပြီးတော့ အလကားယူရမှာလဲ

သို့သော ချီကျန့်က ရှန်ထျန်းပြောတာကို နားမထောင်ပဲ ပြောလိုက်သည်

“ မဖြစ်နိုင်ဘူး။ ငါတို့ ဒီတိုက်ပွဲကို တိုက်ခိုက်ရမယ်။ ရှုံးတဲ့သူက တခြားသူရဲ့ လက်ထောက် လုပ်ရမယ်”

ချီကျန့်က တောက်ပစွာ ပြုံးလိုက်သည်။ သူသာ လူသားပရဝဏ်၏ အသန်မာဆုံး ပါရမီရှင်ကို သူ၏ လက်ထောက်အဖြစ် ထားနိုင်ပါက သူ ကြွားလို့ရသည်။

ချီကျန့်က လုံးဝ မတွေဝေဘဲ အနက်ရောင် တုတ်ချောင်းဖြင့် ရှန်ထျန်းဆီ လွှဲရိုက်လိုက်သည်။

ချီကျန့်က ပြဿနာကို ကြီးအောင် မလုပ်ချင်သည့်အတွက် စောနက ခွန်အားအပြည့် မသုံးလိုက်ခြင်း ဖြစ်သည်။

ယခု သူတို့က လေဟာနယ်ထဲတွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် ဒီထက်ပိုပြီး စိတ်မပူတော့ပေ။

ချီကျန့်က ခွန်အားအစစ်အမှန်ကို ထုတ်ကာ သူထုတ်လွှတ်လိုက်သော အရှိန်အဝါကလည်း အင်မတန် ကြောက်စရာကောင်းလှသည်။

သူ၏ အနက်ရောင်တုတ်ချောင်းက ပေပေါင်းသောင်းချီမြင့်ပြီး တုတ်ချောင်းလွှဲယမ်းလိုက်သည့်နေရာတွင် စည်းမျဉ်းများပင် ပျက်စီးသွားသည်။

“ ရော့ယူလိုက်”

“ ပူးပေါင်းသုတ်သင်ခြင်း”

ချီကျန့်က အော်ကာ သူ၏ အနက်ရောင် တုတ်ချောင်းဖြင့် ရှန်ထျန်းကို ရိုက်လိုက်သည်။

ထိုရိုက်ချက်ကြောင့် လေဟာနယ်ပင် ကွဲအက်သွားပုံပေါ်သည်။

ရှန်ထျန်းက သက်ပြင်းချကာ ခေါင်းယမ်းရင်း ပြောလိုက်သည်

“ ဘာလို့ ဒီလိုလုပ်နေရာတလဲ။ ကျွန်တော် တိုက်ခိုက်လာအောင် ဘာလို့ ဖိအားပေးနေရတာလဲ”

တောက်ပသော အံ့ဖွယ်အလင်းတန်းက ရှန်ထျန်း၏ လက်ထဲတွင် ထွက်ပေါ်လာသည်။

သူ့လက်ထဲတွင် ပင်လယ်အံ့ဖွယ်တူပေါ်လာပြီး သူ့အရှိန်အဝါကလည်း ပြိုင်ဘက်ကင်းလှသည်။

သူက ပင်လယ်အံ့ဖွယ်တူကို လွှဲယမ်းက ရှေ့ဖက်ကို ထုချလိုက်သည်။

ဝုန်း…

လေဟာနယ် ပြိုလဲသွားသည့်အခါ အာကာပြင်တစ်ခုလုံးလည်း အစုလိုက်အပုံလိုက် ဖြစ်သွားသည်။

ချွင်…

တိုက်ခိုက်မှုနှစ်ခု ပွတ်တိုက်မိပြီး မီးပွားများပင် ထွက်လာသည်။

ထိုအခိုက်အတန့်တွင် သူတို့အချင်းချင်း တိုက်ခိုက်နေသော အာကာပြင်က ပြိုလဲသွားသည်။

ပင်လယ်အံ့ဖွယ်တူနှင့် အနက်ရောင်တုတ်ချောင်းတို့ တိုက်မိသွားကြသည့်အခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် တုန်လှုပ်သွားသည်။

ချီကျန့်၏ လက်ထဲရှိ အနက်ရောင်တုတ်ချောင်းက ပြင်းထန်စွာ တုန်ခါလာပြီး သူ့အကြည့်ထဲတွင်လည်း အံ့ဩမှင်သက်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

ပြင်းထန်သောစွမ်းအားက သူ့လက်မောင်းကို ထုံကျင်သွားစေသည်။

“ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”

အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ ချီကျန့်တွင် ကြံ့ခိုင်သောခန္ဓာရှိပြီး သူ့ ခွန်အားကြောင့် လူသိများသည်။

ရှေးခေတ်အခါတုန်းက သူတို့၏ ခန္ဓာခွန်အားနှင့် စွမ်းအားများကြောင့် ကြယ်နှင့် လများကို ကောက်ယူနိုင်ပြီး ကြယ်များကို တစ်စစီဖြစ်သွားအောင်လည်း လုပ်နိုင်သည်။

သူက ရှန်ထျန်းနှင့်တိုက်ခိုက်ရင်း ခွန်အားအရ သူက အရေးမသာဘူးဆိုတာကို ချီကျန့်သိလိုက်သည်။

ကံမကောင်းစွာဖြင့် ရှန်ထျန်း အဆင့်မတက်ခင်က သူ့ကိုယ်ပွားက ရှီထျန်းကျီကိုပင် အနိုင်ယူပြီးသွားသည်ကို သူ မသိခဲ့ပေ။

ရှန်ထျန်းက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်နေသည်ကို ပြောစရာပင် မလိုတော့ပေ။

ထို့အပြင် ယခု ပင်မခန္ဓာကိုယ် ကိုယ်တိုင် တိုက်ခိုက်နေသည့်အတွက် ခွန်အားက လွှမ်းမိုးလို့မရနိုင်ပေ။

ပင်လယ်အံ့ဖွယ်တူ၏ တိုက်ခိုက်မှုကြောင့် ချီကျန့်က ‌နောက်ကိုသာ ဆက်တိုက်ဆုတ်သွားရပြီး ပြန်လည် တိုက်ခိုက်နိုင်ခြင်းမရှိပေ။

“ မဖြစ်နိုင်ဘူး။ ငါက ဘာလို့ လူသားနဲ့ယှဉ်တာတောင် ခွန်အားနည်းနေရတာလဲ။ ဒီကောင်ရဲ့ ခန္ဓာကိုယ်အစစ်က လူပုံစံ မျောက်ဝံများလား”

ချီကျန့် အံ့ဩမှင်သက်သွားသည်။

သူကိုင်ထားသော အနက်ရောင် တုတ်ချောင်းက မဟာဝိဇ္ဇာအသုံးအဆောင်ပစ္စည်းဖြစ်သည့် ရွှေတင်းပုတ် ဖြစ်သည်။ ထိုအရာက သောင်းချီနေသော ကီလိုဂရမ်ရှိသည့် မည်သည့်ပုံရိပ်မဆို ပြောင်းလို့ရသည်။

ရွှေတင်းပုတ်၏ တိုးတက်မှုကြောင့် ချီကျန့်က ခြောက်ကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာအစစ်အမှန်နှင့် တိုက်ခိုက်နိုင်ခဲ့သည်။

သို့သော် ရှန်ထျန်း၏ လက်ထဲတွင်ရှိနေသောတူက ပိုပြီးတော့ သန်မာနေသည်ကို ခံစားလိုက်မိသည်။

သူ၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားကာ ပြောလိုက်သည်

“ မင်းက ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းကို သုံးနေတာပဲ”

ချီကျန့် အံ့ဩထိတ်လန့်သွားသည်။ ရှန်ထျန်းဆီမှာ ထာဝရတစ်ပိုင်း အသုံးအဆောင် ပစ္စည်းရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ့မှာတောင် ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်း မရှိဘူးလေ

ရှန်ထျန်းက သူ့ကို စကားနှင့် ပြောမနေပဲ ချီကျန့်ကို ထုဖို့အတွက် ကောင်းကင်လွင်ပြင် တူ ၃၆ ချက်ကိုသာ သုံးလိုက်သည်။

ဒုန်း…ဒုန်း….ဒုန်း…

ဂျိန်း…ဂျိန်း…ဂျိန်း…

ဝုန်း…ဝုန်း…ဝုန်း…

တူထုချက်တစ်ခုချင်းစီကြောင့် ချီကျန့်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်။

သူ၏ ရွှေရောင်စစ်ချပ်ဝတ်တန်ဆာက အင်မတန် တောက်ပနေပြီး ထိုစွမ်းအားကို တောင့်ခံဖို့အတွက် ကြိုးစားနေသည်။

ကြောက်စရာကောင်းသော အရှိန်အဝါက သူ့အထဲတွင် စုဝေးနေပြီး ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။

သို့သော် အရာအားလုံးက ဘာမှ မတတ်နိုင်တော့ပေ။

ရှန်ထျန်းက ချီကျန့်ကို လုံးဝ ပြန်လည်ခုခံဖို့ အခွင့်အရေးမပေးပေ။ သူက ကောင်းကင်လွင်ပြင် တူ၃၆ ချက်ကို အသုံးပြုပြီးတော့သာ ပြင်းထန်စွာ တိုက်ခိုက်နေသည်။

ချီကျန့် အရှိန်အဝါကို စုစည်းလိုက်သည့်အခါ ရှန်ထျန်း၏ တူရိုက်ချက်ကြောင့် ပျက်ပြယ်သွားသည့်အတွက် သူ လုံးဝ တောင့်မခံနိုင်ဖြစ်သွားသည်။ ရှန်ထျန်း၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် ရွှေတင်းပုတ်ကို ခေါင်းပေါ်မှာ တင်ထားနိုင်သည်။

သို့သော် ချီကျန့်က ယုံကြည်မှုမရှိပဲ ပြောလိုက်သည်

“ မင်းသာ ယောက်ျားတစ်ယောက်ဆိုရင် ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းကို မသုံးနဲ့”

ရှန်ထျန်းက ချီကျန့်ကို ဆက်လိုက်ထုရိုက်နေသည်။

“ ခင်ဗျား ရှုံးတာကို ဝန်ခံပြီလား”

“ ဝန်မခံဘူး”

ဝုန်း…ဝုန်း…ဝုန်း…

“ခင်ဗျား ရှုံးတာကို ဝန်ခံပြီးလား”

“ ငါ…ဝန်မခံဘူး”

ဒုန်း…ဒုန်း…ဒုန်း…

“ ခင်ဗျား ရှုံးတာကို ဝန်ခံပြီလား”

“ ငါ…မင်းက ငါ့ကို အနိုင်ကျင့်နေတာ”

ချီကျန့် အကြိမ်များစွာ ရိုက်နှက်ခံရပြီးနောက် ကြောင်တောင်တောင်ဖြစ်သွားသည်။

ရှန်ထျန်းကို ခွန်အားအရလည်း မနိုင်သလို လက်နက်တွင်လည်း မနိုင်ပေ။ သူက လေဟာနယ်ထဲတွင် ရှန်ထျန်း၏ ရိုက်နှက်ချက်များအားလုံးကို တောင့်ခံနေရသည်။

ကိုယ့်ကိုယ်ကို ဘယ်လောက်ပင် ပြိုင်ဘက်ကင်းသည်ဟု ထင်နေပါစေ သူ့ကိုယ်သူ သံသယဝင်လာမိပြီ ဖြစ်သည်။

ရှန်ထျန်းက ထပ်မံထုရိုက်လိုက်သည့်အခါ ချီကျန့်က ချက်ချင်း ဝန်ခံလိုက်သည်

“ အဟွတ်…ဟွတ်… ငါ့ကို မရိုက်နှက်ပါနဲ့တော့။ ရှုံးတာကို ဝန်ခံပါတယ်။

ညီအစ်ကို ငါ့ကို မရိုက်နှက်ပါနဲ့တော့။ ငါ ရှုံးတာကို ဝန်ခံပါတယ်။ မင်းဆီမှာ လုံးဝ ဝန်ခံပါတယ်”

တိုက်ပွဲရလဒ်က အစကတည်းက သိသာခဲ့သည်။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါက သူလည်း ဆက်ပြီးရိုက်နှက်နေရုံအပြင် ဘာမှမလုပ်နိုင်ပေ။

ချီကျန့်က စိတ်ဓာတ်ကျကာ စိတ်တိုသွားသည်။

ငါ့ကံက ဘာလို့ အဲလောက်တောင် ဆိုးနေရတာလဲ။ ငါက မကောင်းဆိုးဝါးလူသားကို တွေ့ခဲ့တာပဲ

မဟာဧကရာဇ်ပြောတဲ့ ကောင်းကင်ဘုံဆိုတာ ဒီကောင်ကို ဆိုလိုတာလား

သေစမ်း…ငါ့ရဲ့ တာအိုကို ရဖို့အတွက် ဘယ်လိုလုပ်ပြီးတော့နိုင်အောင် တိုက်ခိုက်ရမှာလဲ

အဲဒီတူကြောင့် ငါ့ခန္ဓာကိုယ်တစ်ခုလုံး ကြေမွတော့မလို့

ငါ့ဦးခေါင်း တုန်ခါနေတာကိုတောင် ငါ ပြန်ကြားနေရတယ်

All Chapters