← Chapters

လူသားနှင့် နတ်ဆိုးများကြား ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ

Vol. 30 Ch. 437

လူသားနှင့် နတ်ဆိုးများကြား ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ

Vol. 30 Ch. 437

အခန်း (၄၃၇) :  လူသားနှင့် နတ်ဆိုးများကြား ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ

မှန်ပေသည်။ ဝတ်စုံနက်နှင့် ရုတ်တရက် ပေါ်ထွက်လာသည့် အမျိုးသမီးမှာ အောင်းပင်းသာ ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က စွမ်းအားကြီး ပါရမီရှင်တစ်ယောက်အနေနှင့် သူမ၏ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်ပေသည်။ သူမက တစိတ်တပိုင်းမျှသာ ပြန်ကောင်းလာသေးသော်လည်း သူမက အတိဒုက္ခ စမ်းသပ်ချက်ကို ဖြတ်ကျော်ကာ ဝိဇ္ဇာ ဖြစ်လာခဲ့ပြီးလေပြီ။

ရှီထျန်းကျီပင် သူမ တည်ရှိမှုကို လျော့မတွက်ရဲပေ။

ထိုစဉ် အောင်းပင်း၏ မထူးမခြားနား အသံ ထွက်ပေါ်လာလေ၏  “ ဟိုမျောက်လေး ချီကျန့်က ဘယ်ပြေးသွားတာတုန်း ”

အောင်းပင်း၏ ရည်မှန်းချက်က သိသာလှသည်။ သူမက ချီကျန့်အား နတ်ဆိုးပရဝဏ်၏ အစ်မကြီးက မည်သူဖြစ်ကြောင်း သိစေလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက လူသားပါရမီရှင်များအား ခြိမ်းခြောက်ဖို့ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူမက သူမအဆင့်အတန်းနှင့် အာဏာကို ပြသလိုခြင်း ဖြစ်၏။

ချီဟော်က အောင်းပင်း၏ ခပ်တန်းတန်း အမူအယာကို ကြည့်ရင်း လေးစားလာမိသည်။

အောင်းပင်းက သူမ၏ အစွမ်းအစကို ထုတ်ပြကာ နတ်ဆိုးပါရမီရှင်များအား သိမ်းသွင်းပြီးကြောင်း သိသာလှ၏။

ချီဟော်၏ နဂိုမောက်မာနေသည့် မျက်နှာထားက မျက်နှာချိုသွေးသည့် အပြုံးမျိုး ပြသလာကာ  “ အစ်မကြီး … ကျွန်တော့်အစ်ကိုကြီးကို သူတို့ ဖမ်းထားတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ ပြောရမယ် ”

ထိုစဉ် ဤနေရာ၌ စီနီယာကျောင်းသားတချို့သာ ရှိလေသည်။ ချီဟော်အနေနှင့်  အများစုက ဝင်္ကပါဖွဲ့ကာ အတူတူ တိုက်ခိုက်နိုင်ကြောင်း ခံစားမိသည်။

အောင်းပင်းက ရှီထျန်းကျီအား လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ရင်း  “ ကောင်စုတ်လေး … ဟိုမျောက် ဘယ်မှာလဲ ”

ရှီထျန်းကျီ မျက်နှာအထက်မှ အမည်းရောင်လိုင်းများက ပို၍ များလာကာ သူက အေးစက်စက် ပြန်ပြောလိုက်သည်  “ ချီကျန့်ရဲ့ စွမ်းအားလောက်လေးနဲ့ ငါတို့ဘက်က ဘာမှပူးပေါင်းတိုက်နေစရာ မလိုဘူး။ ငါ့လက်တစ်ဖက်တည်းနဲ့ သူ့ကို နှိမ်နင်းနိုင်တယ် ”

ရှီထျန်းကျီအနေနှင့် ယခင်က မလှုပ်ရှားခဲ့သည်မှာ ချီကျန့်ကို ကြောက်၍ မဟုတ်ပေ။ သူ့တွင် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ် ရှိပေသည်။ ရှန်ထျန်းမှလွဲ၍ အခြားသူများကို သူ့ကြောင့် ထိတ်လန့်သွားစေဖို့ မထိုက်တန်ပေ။

ယခု အောင်းပင်းလည်း အပိုပါလာလေပြီ။

အောင်းပင်းက အားပြင်းပြင်း စွမ်းအားတို့ကို ထုတ်ဖော်လိုက်ပြီး ရှီထျန်းကျီအား ဖိအားပေးလိုက်သည်။ ထိုသို့ဆိုလျှင်ပင် ရှီထျန်းကျီက တိုက်ခိုက်လိုစိတ် အပြည့် ဖြစ်နေဆဲ ဖြစ်၏။ သူ့မျက်ဝန်းတို့က တိုက်ပွဲဆာလောင်စိတ်များဖြင့် ပြည့်နှက်နေသည်။

ရှီထျန်းကျီ၏ တိုက်ခိုက်လိုစိတ်ကို အာရုံခံမိကာ အောင်းပင်းက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်  “ ကောင်စုတ်လေး မင်းက တော်တော်စိတ်ကြီးဝင်နေတာပဲ ”

အောင်းပင်းက လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကျင့်ကြံရေးတွင် ဖြစ်စေ၊ အဆင့်အတန်းအရ ဖြစ်စေ သူမက နတ်ဆိုး အရှင်သခင် တစ်ယောက် ဖြစ်၏။

လက်ရှိ နဂါးဘုရင်ပင် သူမအား ဒေါ်လေးဟု ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပေမည်။

သူမက လူသားဂျူနီယာလေးအား မျက်စိထဲ မထည့်သည်မှာ ပုံမှန်သာ ဖြစ်၏။

“ မင်းက နောက်မဆုတ်မှတော့ တိုက်ကြတာပေါ့ ”

ရှီထျန်းကျီက အသက်ပြင်းပြင်းရှုလိုက်သည်။ သူက အလျော့မပေးတတ်သည့် အကျင့်စရိုက်မျိုး ပိုင်ဆိုင်ထားပြီး မည်သူကိုမှ မကြောက်ပေ။

အောင်းပင်းပင် သူ့အား ထွက်သွားအောင် ဖိအားမပေးနိုင်ပေ။

…………...

ထိုစဉ် ပုံရိပ်များက အပြေးအလွှား ရောက်လာသည်။

ထိုသူများက လူသားပရဝဏ်၏ စီနီယာကျောင်းသားများ ဖြစ်ပြီး တစ်ယောက်ချင်းစီက အားကောင်းလွန်းလှသည်။ သူတို့က တစ်ယောက်ပြီး တစ်ယောက် အလျှင်အမြန် ရောက်ရှိလာကြ၏။

မျိုးဆက်ဟောင်း ပါရမီရှင်များက ရှီထျန်းကျီနောက်တွင် ပေါ်လာကာ နတ်ဆိုးပါရမီရှင်များအား ပြတ်သားစွာ ကြည့်လိုက်သည်။

ဤသည်မှာ သူတို့ပရဝဏ်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည့် တိုက်ပွဲ ဖြစ်သောကြောင့် မည်သူမှ နောက်မဆုတ်လိုကြပေ။

တစ်ဖက်တွင် နတ်ဆိုးပရဝဏ် ပါရမီရှင်များလည်း လှုပ်ရှားလာကြသည်။ သူတို့က အားနည်းချက်ကို မပြဘဲ အောင်းပင်းနောက်တွင် နေရာယူလိုက်ကြသည်။

ဤအစ်မကြီးသာ ရှိနေလျှင် ရှီထျန်းကျီအား ကြောက်နေစရာ မလိုပေ။

လေထုက ရန်လိုမှုအပြည့် ဖြစ်နေပြီး ကြောက်မက်ဖွယ် အငွေ့အသက်တို့က ကောင်းကင်ကိုးဘုံအထိ ပျံ့နှံ့သွားစေမည့် လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာကာ ကောင်းကင်ကိုပင် အရောင်ပြောင်းတော့မည့်ဟန် ပေါ်နေသည်။

အခြေအနေက အလျှင်လိုနေပြီး ပရဝဏ်နှစ်ခုကြားက တိုက်ပွဲကြီးက အချိန်မရွေး ဖြစ်ပျက်သွားနိုင်သည်။ ပရဝဏ်နှစ်ဖက်လုံးမှ ဆရာများပင် သတိကြီးကြီးထားလိုက်ပြီး မတော်တဆ အဖြစ်အပျက်များ ဖြစ်မလာစေရန် စောင့်ကြပ်လိုက်ကြသည်။

…………...

ထိုစဉ် အာကာပြင်က ပြောင်းလဲလာသည်။ အလင်းစူးစူးက အားလုံး၏ အာရုံကို ဖမ်းစားသွားလေ၏။

ထို့နောက် အာကာပြင်ထဲမှ ပုံရိပ်နှစ်ခု အေးအေးဆေးဆေး ထွက်လာသည်။ တစ်ယောက်မှာ ရွှေရောင်တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ပုံရိပ်မှာ ကြီးကျယ်ခမ်းနားကာ အရှိန်အဝါအပြည့် ဖြစ်နေသည်။

အခြားတစ်ယောက်က အဖြူရောင် နဂါးပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး တခြားကမ္ဘာကအလား ထင်မှတ်ရစေသည်။ သူ့သွင်ပြင်တို့က ပြိုင်ဖက်ကင်းပြီး မသေမျိုးတစ်ပါး လူသားလောကဆီ ဆင်းသက်လာသည့်နှယ် ပေါ်နေသည်။

ထိုပုံရိပ်နှစ်ခု ထွက်ပေါ်လာမှုကြောင့် အားလုံးက ကြောင်အအ ဖြစ်သွားကြသည်။ အထူးသဖြင့် သူတို့က အဖြူရောင် နဂါးပိုးသားဝတ်ရုံနှင့် အမျိုးသားကို မြင်လိုက်ရသည့်အချိန် လူများနှင့် နတ်ဆိုးများစွာက တအံ့တဩ ဖြစ်လာကြသည်။

နတ်ဆိုးမလေးများကလည်း သူတို့ဝိညာဉ် နှုတ်ယူခံလိုက်ရသည့်အလား ဖြစ်နေသည်။

“ ချောလိုက်တဲ့ ကောင်လေး ”

“ဒီကလေးက ကောင်းကင်ဘုံမှာပဲ တည်ရှိသင့်တာ။ ဒီကမ္ဘာမှာ ဒီလိုရုပ်ချောတဲ့ ကောင်လေးကို တွေ့ရတာ ဘယ်လောက်တောင် ရှားပါးလိုက်လဲ”

“ သူ့ကို တစ်ကိုက်တည်းနဲ့ စားပစ်လိုက်ချင်တယ်။ ညစ်ညစ်ညမ်းညမ်း နည်းလမ်းလေးနဲ့ပေါ့ ဟိဟိ ”

“ တစ်ကိုက်တည်းနဲ့ ဘယ်လိုလုပ် လောက်မှာလဲ။ ဒီလိုမျိုး ရုပ်ချောချော ကောင်လေးက ငါ့ပါးစပ်ထဲ အရည်ပျော်သွားသင့်တာ ”

နတ်ဆိုးမများက ရုတ်ချည်းဆိုသလို တီးတိုးပြောလာကြသည်။

သူတို့က မြေခွေးနှင့် မြွေတို့ကဲ့သို့သော သိက္ခာမရှိသော နတ်ဆိုးများ ဖြစ်ကြသည်။

ပြောရလျှင် နတ်ဆိုးက တစ်ယောက်ယောက်ကို မည်သို့ စုပ်ယူနိုင်မည်နည်း။

……….....

ရုတ်ချည်း ပေါ်ထွက်လာသည့် နှစ်ယောက်မှာ ရှန်ထျန်းနှင့် ချီကျန့်တို့ ဖြစ်ကြသည်။ မငြိမ်မသက် အာကာပြင်ထဲ တိုက်ပွဲအပြီးတွင် ချီကျန့်က ရှန်ထျန်း၏ ဖိနှိပ်မှုအောက် လုံးဝ ရောက်ရှိသွားလေပြီ။

ချီကျန့်က သူ့ဘာသာ တွေးလိုက်မိ၏။ “ နတ်ဧကရာဇ်က တစ်ခါပြောခဲ့ဖူးတယ်။ ကောင်းကင်ဘုံကို ငါ့ဆရာလို မိတ်ဆွေလို  သတ်မှတ်ပြီးတော့ တာအိုကို ရရှိဖို့ ကောင်းကင်ဘုံကို ဆန့်ကျင်ရမယ်တဲ့ … ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့က အနည်းဆုံး ဒီဘဝမှာတော့ မဖြစ်နိုင်ဘူး။

ဒီဆရာကို စိန်ခေါ်ရင် အရိုက်ခံရဖို့ပဲ ရှိတယ်။ ဒါပေမဲ့ ဒီကောင်းကင်ကို ငါ့ဆရာအဖြစ် သတ်မှတ်ပြီးတော့ ဒီဆရာကို ငါ့မိတ်ဆွေအဖြစ် သတ်မှတ်လိုက်မယ်။ အခုကစပြီး ရှန်ထျန်းက ငါ့အစ်ကိုကြီးပဲ …

ဒီနည်းလမ်းနဲ့ ငါက တာအိုကို ရရှိနိုင်တယ်။ ငါလေးက ဉာဏ်ကောင်းလိုက်တာ ”

ဤအတွေးဖြင့် ချီကျန့်က ရှန်ထျန်းနှင့် တိုက်ပွဲအပြီးတွင် သူ့အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုလိုက်တော့သည်။ သို့သော်လည်း သူတို့ ထွက်လာပြီး အပြင်ဘက်က မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားကြ၏။

ရှန်ထျန်းက စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်မိသည်။

ဘာတွေလဲ …

ငါသွားတာ ခဏလေးပဲ ရှိသေးတာလေ … ဒီလောက်လူတွေအများကြီး ဘာဖြစ်နေကြတာတုန်း။ ပွဲတော်လား

ချီကျန့်လည်း အတူတူသာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက ချီဟော်ကို မြင်လိုက်ချင်း တန်းသဘောပေါက်သွားသည်။

ချီကျန့် မျက်နှာက မည်းမှောင်သွားပြီး ပါးကို ကုတ်ကာ တီးတိုးရေရွတ်လိုက်သည်  “ ဒီလောက် နတ်ဆိုးတွေအများကြီး ဘာလို့ ခေါ်လာတာလဲ ”

မဖြစ်နိုင်တာ ငါ အရိုက်ခံရတယ်လို့ တကယ်ကြီး တွေးနေတာလား … အဟမ်းဟမ်း

ငါ အရိုက်ခံရပေမဲ့ အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုလိုက်လို့ အရှုံးမရှိဘူးကွ …

ချီဟော်က ချီကျန့်ကို မြင်လိုက်သည့်အခါ အကြည့်တို့ တောက်ပလာသည်။

“ အစ်ကိုကြီး ထွက်လာပြီ။ ငါတို့တွေ ဒီလူသားကလေးတွေကို သင်ခန်းစာပေးရမယ် ”

ချီကျန့်နှင့် အောင်းပင်းသာရှိနေလျှင် သူတို့အနေနှင့် လူသားပရဝဏ်ကို ချိုးနှိမ်ဖို့ ပို၍ လွယ်ကူသွားပေမည်။

ချီဟော်က ဝမ်ရှန်းယုအား ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် ဝမ်ရှန်းယုတစ်ယောက် အဆုံးသတ်ပြီဟု ပြောရန် သူ့မျောက်လက်သီးအား ဝေ့ယမ်းပြလိုက်သည်။ သို့သော်လည်း အခြေအနေက ပိုဆိုးရွားလာတော့မည့်ဆဲဆဲတွင် နတ်ဆိုးအုပ်စုကြား ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေ၏။

“ ခဏ  … အားလုံး ရပ်လိုက်ကြ”

“ဆက်မတိုက်နဲ့တော့ ဆက်မတိုက်နဲ့တော့”

“ ငါတို့က တစ်ဖက်တည်းပဲ။ တစ်ဖက်တည်းပဲ ”

ပြောလိုက်သူမှာ အောင်းဝူ၊ ဖုန်းဝူ၊ ခုံမုန့်နှင့် အခြား နတ်ဆိုးမျိုးဆက်သစ်လေးများ ဖြစ်ကြသည်။

ခွန်မင်၊ ခွန်ယုနှင့် အခြားသော နတ်ဆိုးတချို့က ယခင်မျိုးဆက်မှ ဖြစ်ကြပြီး သူတို့ကလည်း အခြားနတ်ဆိုးများအား ဆက်မတိုက်ဖို့ တားနေကြသည်။

နဂါးမင်းသား အောင်းဝူက ရှေ့ထွက်လာကာ ရင်းနှီးကျွမ်းဝင်ပြီးသား အမူအယာဖြင့် လက်ဝေ့ပြလိုက်ရင်း  “ အစ်ကိုရှန်ထျန်း … အစ်ကိုရှန်ထျန်း ကျွန်တော်လေ။ ကျွန်တော်ကို မှတ်မိသေးလား။ အောင်းဝူလေ။ ကျွန်တော် အောင်းဝူ ”

“...”

ချီရှောက်ရွမ်က အောင်းဝူကို ကြည့်နေရင်း သူ့နဖူးအထက် သွေးကြောများ ထောင်မတ်လာလေသည်။

ကောင်လေး မင်းတွဲဖက်က ဘယ်သူတုန်း။ ငါ တစ်ယောက်လုံး ဒီမှာရှိနေသေးတယ်လေကွာ

မင်းက စတိုက်တုန်းက စကားတစ်ခွန်းတောင် မပြောဘူး။ တိုက်တော့လည်း သက်ညှာမှု မရှိဘူး။ အခု ရှန်ထျန်းလည်း ပေါ်လာရော ဆက်မတိုက်တော့ဘူးတဲ့လား

ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုကာ သူ့ဘာသာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ မဟုတ်လျှင် သူ့အဆုတ်ပေါက်ကွဲသွားပေလိမ့်မည်။

အခြားသော ပါရမီရှင်များကလည်း ထွက်လာကာ ရှန်ထျန်းအား နှုတ်ဆက်ကြသည်။

အောင်းပင်းကလည်း ရှီထျန်းကျီကို အာရုံမစိုက်တော့ဘဲ ရှန်ထျန်းဆီ ရောက်လာသည်။ သူမ အမူအယာတို့က မပြောင်းမလဲ ဖြစ်နေဆဲ ဖြစ်သော်လည်း သူမတွင် အရှင်သခင်မတစ်ယောက်၏ ဂုဏ်သိက္ခာမျိုး ရှိနေသည်။

ရှီထျန်းကျီ  “ … ”

ဘာလဲ … ရှန်ထျန်းက အခုမှ ထွက်လာခါစ ရှိသေးတယ် ငါ့ကို လျစ်လျူရှုသွားပြီလား

သူက ငါ့ထက် နည်းနည်းလေး အားကောင်းပြီး နည်းနည်းလောက် ပိုရုပ်ချောနေရုံလေးဆိုပေမဲ့ ငါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ အားအကောင်းဆုံး ပါရမီရှင် ဖြစ်နေတုန်းလေ

ငါ့ကို ဒီလိုလျစ်လျူရှုသွားဖို့ အဆင်ပြေလား။ ငါ့မှာလည်း ဂုဏ်သိက္ခာထိန်းသိမ်းရဦးမယ်လေ။

ရှီထျန်းကျီ၏ ပူပင်သောက +၉၉ ၉၉၉ ၉၉၉

…………....

ရှန်ထျန်းက ရင်းနှီးပြီးသား မျက်နှာများကို မြင်လိုက်ရသည့်အခါ သူ့နှုတ်ခမ်းထောင့်တို့ အသာလေး ကွေးညွှတ်သွားသည်။

ဒါတွေအားလုံးက သူ့သိုးလေးများ ဖြစ်ပြီး ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့သိုးလေးများက ပိုကြီးမားလာပေတော့မည်။

ရှန်ထျန်းက အောင်းပင်းနှင့် မျက်လုံးချင်းဆုံသွားသည့်အခါ အနည်းငယ် အံ့ဩမိသွားသည်။

ဒီအစ်မကြီးလည်း ဒီမှာ ဘာလုပ်နေတာလဲ …

အောင်းပင်း၏ မထူးမခြားနားသော အသံ ထွက်လာသည်  “ မင်းက လူတွေကို ဘယ်လို ညှင်းပမ်းရမလဲဆိုတာ သိတာပဲ ”

သူမက နဂါးနက်ကျွန်းဆီ ပြန်ရောက်ပြီး တံခါးပိတ် လေ့ကျင့်နေကတည်းက ရှန်ထျန်းက အတွေ့အကြုံရဖို့ နေရာအနှံ့ ခရီးထွက်ခဲ့သည်။

အောင်းပင်းက ကျင့်ကြံရေး ပြီးဆုံးသွားသည့်အခါတွင်ပင် ရှန်ထျန်း၏ အရိပ်ကို မမြင်ရသေးပေ။ ထို့ကြောင့် ရှန်ထျန်းက ကျိရှားကျောင်းတော်ဆီ ဝင်ရောက်လိုက်သည့် သတင်းကို ကြားပြီး ရောက်လာခြင်း ဖြစ်၏။

အောင်းပင်း၏ အမူအယာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်  “ မင်းဆီမှာ ဟိုဇာမဏီမရဲ့ အနံ့ ဘာလို့ ရနေတာလဲ”

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူက အသံဆက်သွယ်မှုတစ်ခု လုပ်ကာ  “ အစ်မပင်း ဒီမှာ လူတွေအများကြီးရှိနေတာ။ ပြီးတော့မှ အသေးစိတ် ပြောပြမယ်လေနော်”

“ မင်းသေချာရှင်းမပြနိုင်ရင် သေပြီသာမှတ် ”

အောင်းပင်းက အေးစက်စက် အမူအယာဖြင့် လက်ပိုက်လိုက်သည်။

သူမက ဇာမဏီအရှင်မနှင့် အမြဲမတည့်ခဲ့လေရာ ရှန်ထျန်းပေါ်တွင် ဇာမဏီမ အငွေ့အသက် ရှိနေသည့်အခါ သူမအနေနှင့် မည်သို့ သည်းခံနိုင်မည်နည်း။

ရှန်ထျန်းက သက်ပြင်းချလိုက်သည်။

ဒီဒေါ်လေးရဲ့ နှာခေါင်းက တော်တော်စူးရှတာပဲ … ဒီလောက်ကြာပြီးတာတောင် အနံ့ခံနိုင်တုန်းပဲ

ငါ့ခန္ဓာကိုယ်ထဲက ဇာမဏီနတ်ဘုရား သွေးမျိုးဆက်ကြောင့်ပဲ ဖြစ်ရမယ်။ ကျစ် အဲဒီ ပင်ပန်းခဲ့ရတဲ့ လဝက် …

...............

ထိုစဉ် နှစ်ဖက်လုံးမှ ပါရမီရှင်တို့က ရပ်တန့်သွားကြသည်။

ချီဟော်က ခေါင်းကုတ်လိုက်ရင်း နားမလည်စွာ မေးလိုက်သည်  “ အစ်ကိုကြီး ကျွန်တော်တို့ တိုက်နေတုန်း မဟုတ်ဘူးလား ”

ဘာဖြစ်သွားတာလဲ … ငါ အခုမှ စိတ်လှုပ်ရှားခါစ ရှိသေးတာလေ။ ဒါပေမဲ့ အစ်ကိုကြီးနဲ့ ဟိုကလေး ပေါ်လာတာနဲ့ ဘာလို့ ရပ်လိုက်ကြတာလဲ

ပျင်းစရာကြီး …

ချီဟော် စကားကို ကြားလိုက်သည့်အခါ ချီကျန့်က ဒေါသတကြီး ဖြစ်လာပြီး သူ့အား ရိုက်လိုက်သည်။

“ ဘာတိုက်နေတာတုန်း။ ဒါက ငါ့ခေါင်းဆောင် … မင်းရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်။ ဆက်တိုက်ချင်သေးတာလား ”

ချီဟော်က ခေါင်းအုပ်ထားရင်း သနားစဖွယ် ပြောလိုက်သည်  “ အစ်မကြီး … အစ်ကိုကြီးက အနိုင်ကျင့်နေတယ် ”

အောင်းပင်းကလည်း နောက်တစ်ချက် ထပ်ရိုက်ပေးလိုက်သည်  “ ဒီကောင်လေးက ငါ့စာချုပ်တွဲဖက်ပဲ။ မင်းက သူ့ကို ချချင်သေးတာလား ”

နဂါးသူရဲကောင်းလား …

သူ့ရှေ့က လူက ဒီကြမ်းတမ်းတဲ့ နဂါးမကြီးကို စီးတဲ့ အမျိုးသားတဲ့လား …

ချီဟော်က ခေါင်းပေါ်မှ အဖုနှစ်ဖုကို အုပ်ကိုင်လိုက်ရင်း ငိုချင်လာမိသည်။ သို့သော်လည်း မျက်ရည် ထွက်မလာပေ။

ငါ ဘယ်သူကိုများ ရန်စမိလို့လဲ … ငါပဲ ဘာလို့ အမြဲတမ်း အရိုက်ခံနေရတာလဲ

.............

နှစ်ဖက်လုံးက ထိပ်တန်း ပါရမီရှင်များက အချစ်ဟောင်းတွေ ဖြစ်ကြသည်။ အားလုံးက ဤတိုက်ပွဲသည် မစတင်ခင် အဆုံးသတ်ဖို့ ကံကြမ္မာဖန်လာကြောင်း သိလိုက်ကြ၏။

သို့သော်လည်း သူတို့က အောင်းပင်းသည် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူမ၏ စာချုပ်တွဲဖက် ဖြစ်ကြောင်း ပြောသံကို ကြားလိုက်ရသည့်အခါ နတ်ဆိုးပါရမီရှင်များက သိချင်လာကြသည်။

နတ်ဆိုးအားလုံးက အောင်းပင်း၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ သိထားပြီးသား ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမက နတ်ဆိုးပါရမီရှင်အများအပြားကို အနိုင်ယူကာ သူမ၏ ကျော်ကြားလှသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည်။

ယခု နတ်ဆိုးများစွာက သူမကို အလေးထားနေကြလေပြီ။ သို့သော်လည်း ဤသို့သော တည်ရှိမှုမျိုးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် စာချုပ်ချုပ်ဆိုထားလိမ့်မည်ဟု မထင်ထားကြပေ။

ဒီနောက်ကွယ်မှာ လျို့ဝှက်ချက်တချို့ ရှိနေတာများလား …

................

သို့သော် ယခုတွင် တခြားတစ်ခုက အားလုံး၏ အာရုံကို ဖမ်းစားသွားကြသည်။

အဆင့်မြင့်ကျင့်ကြံသူများက လှည့်ကြည့်လိုက်ကြပြီး တစ်ယောက်က သိချင်စိတ်ဖြင့် ထုတ်မေးလိုက်သည့်အခါ ချီကျန့်တစ်ယောက် မျက်နှာပူမိသွားသည် “ ချီကျန့် ထွက်သွားတုန်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တိုက်နေတာလေ။ တိုက်ပွဲကို ဘယ်သူနိုင်သွားတာလဲ ”

သူက ရှန်ထျန်းသည် သူ့အား အနိုင်ပိုင်းလိုက်ကြောင်း ထုတ်မပြောနိုင်ပေ။

ချီကျန့်က အတွေးများနေစဉ် ရှန်ထျန်းက ပြုံးကာ ကူညီပေးလိုက်၏  “ညီအစ်ကိုချီနဲ့ ကျွန်တော်က တိုက်ပွဲမှာ လက်ရည်တူဖြစ်နေတော့ အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်တယ်လေ။ အဲဒါကြောင့် သရေပဲ သဘောထားလိုက်တယ်။

ညီအစ်ကိုချီရဲ့ တိုက်ခိုက်ရေး အထွတ်အမြတ် မျောက်ဝံ သွေးမျိုးဆက်က ထိပ်တန်း ရုပ်ခန္ဓာဆိုတာနဲ့ တကယ်ကို ထိုက်တန်တာပဲ။ ပြိုင်ဖက်ကင်း တိုက်ခိုက်စွမ်းနဲ့ ပိုအားကောင်းလာတယ် ”

ရှန်ထျန်း၏ စကားများကို ကြားကာ ချီကျန့်က စိတ်ပေါ့ပါးသွားပြီး ဆက်တိုက် ခေါင်းညိတ်လိုက်မိသည်  “ ဟုတ်တယ် ဟုတ်တယ်။ ခေါင်းဆောင်နဲ့ ငါက လက်ရည်တူပဲ။ သူ့ကောင်းကင်လွင်ပြင် တူ ၃၆ ချက်ကလည်း အရမ်းအားကောင်းတယ် ”

အားလုံးက ကြောင်အမ်းသွားကြသည်။

ဤမျောက်က ခပ်မိုက်မိုက်ပုံ ဖမ်းနေသေးသည်။

သူနဲ့ တိုက်ပြီးတာနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဘာလို့ ခေါင်းဆောင်လို့ ခေါ်ရတာလဲ။ တကယ်ကြီး သရေရော ဟုတ်ရဲ့လား။ တစ်ခုခုတော့ အနံ့ရနေပြီ

ချီဟော်က နားမလည်စွာ ခေါင်းကုတ်လိုက်ပြီး  “ အစ်ကိုကြီးက ကျုပ်တို့ရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား။ ဘာလို့ ခေါင်းဆောင်အသစ် ရှိလာတာလဲ။ သူ့ကို ဘာလို့ ခေါင်းဆောင်လို့ ခေါ်စေချင်တာလဲ။ ဒီလူသားက အစ်ကိုကြီးရဲ့ ခေါင်းဆောင် ဖြစ်ရအောင် ဘာလုပ်နိုင်လို့လဲ ”

ဂွက် …

အသံက ရှင်းလင်းပြတ်သားလှသည်။ ချီဟော်၏ ခေါင်းအထက်တွင် အဖု ထပ်ထလာပြန်သည်။

ချီဟော် မျက်ဝန်း၌ မျက်ရည်များ ပြည့်နှက်လာသည်။ သူက ခေါင်းကို ကာထားရင်း မြေပြင်ပေါ် ထိုင်ကာ မျောက်ဘဝအကြောင်း မေးခွန်းထုတ်နေမိသည်။

ငါ ဘာမှားပြောလိုက်ပြန်ပြီလဲ …

ချီကျန့်က လက်နှစ်ဖက်ခါကာ ကျိန်ဆဲလိုက်သည်။

ဒီလိုငတုံးမျိုးက မျိုးနွယ်ထဲ ဘာကြောင့်များ ရှိနေတာလဲ … ဘာလို့ ဆက်မေးနေရတာတုန်း။ ငါ့ဂုဏ်သိက္ခာလေး ထိန်းရဦးမယ်လေကွာ

ငါ ပြန်ရောက်မှ ဒီမျောက်ကို ကောင်းကောင်းသင်ခန်းစာ ပေးရမယ်

ချီဟော်၏ စကားများက အားလုံးကို တအံ့တဩ ဖြစ်သွားစေသည်။ ချီကျန့်နှင့် ရှန်ထျန်းတို့က အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့က ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားကြပေ။

ချီကျန့်က ခေါင်းကုတ်ကာ အကြောင်းပြချက်ကို အသည်းအသန် စဉ်းစားနေသည်  “ အကြောင်းအရင်းက … ”

“ အဲဒါ ခေါင်းဆောင်က ရုပ်ချောတော့ ငါ လေးစားဖို့ ထိုက်တန်တယ်လေ ”

ထိုစဉ် ချီကျန့်က ယုံကြည်ချက် ပြန်ရှိလာသည်။

သူတို့က ထိုအကြောင်းပြချက်သည် ပြစ်ချက်ကင်းကာ ယုံကြည်နိုင်လောက်ကြောင်း ခံစားမိလိုက်ကြ၏။

သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်  “ အစ်ကိုကြီးက ငါ့လောက် အရပ်ရှည်ပြီး မသန်မာပေမဲ့ ဟိုလူသားမျိုးနွယ်က ကလိမ်ကကျစ်ကောင်တွေထက် အများကြီး ပိုကြည့်ကောင်းတယ်လေ။ ငါ့ရုပ်ရည်ကို ချီးကျူးကြတဲ့ ညီမငယ်လေးတွေအများကြီးရှိတယ်။ ငါက မျိုးနွယ်ရဲ့ ရုပ်အချောဆုံး မျောက်ဘုရင်ပဲ …

ခေါင်းဆောင်ရဲ့ ရုပ်ရည်ကလည်း ငါ့ထက် မနိမ့်ကျဘူးလေ။ သူကလည်း လူသားမျိုးနွယ်မှာ အခန့်ညားဆုံး ဘုရင် ဖြစ်ရမယ်  ”

လူအုပ်ကြီး  “ … ”

လူများစွာက ရှုံ့မဲ့သွားကြလေသည်။

မင်းနဲ့ တန်လို့လား … ဒီမျောက်က ဘယ်လိုလုပ် ရုပ်ချောတယ်လို့ ထင်နေရတာတုန်း

မင်းက နည်းနည်းလေးတောင် ရုပ်ချောလို့လား မေးပါရစေဦး

မျောက်မျိုးနွယ်ရဲ့ အလှအပ ခံစားနှုန်းက ဘယ်လောက်တောင် သွေဖယ်နေမလဲဆိုတာ ဘယ်သူသိမှာလဲ

ဒါပေမဲ့ ထိုအကြောင်းကို တွေးကြည့်လိုက်သည့်အခါ ချီကျန့်၏ စကားများက ယုံဖို့ကောင်းနေသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ရှုမညီးဖွယ် ခန့်ညားမှုတို့က တကယ်ကို ပြိုင်ဖက်ကင်းလှသည်။ မဟုတ်ပါက အောင်းပင်းက ရှန်ထျန်းအား သူမ၏ နဂါးသူရဲကောင်း မည်သို့ဖြစ်လာခွင့်ပေးမည်နည်း။

နတ်ဆိုးများက ရုပ်ဆိုးဆိုးလူသားအား သူတို့အပေါ် စီးခွင့်ပေးလိုကြမည် မဟုတ်ပေ။ အနည်းဆုံးတော့ နတ်ဆိုးမများက သူ့အား စာနာမိလာကြ၏။

သူတို့က ရှန်ထျန်းနှင့် စာချုပ်ချုပ်ဆိုချင်မိသည်။ သူတို့က သူ့မျက်နှာကို နှစ်သက်ကြ၏။

……………....

ပါရမီရှင်များစွာက ချီကျန့်စကားများကို ယုံသွားကြသည်။

တစ်ယောက်ယောက်က တီးတိုးပြောလိုက်သေး၏  “ အမြင်နဲ့တင် ချီကျန့်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို မျောက်သူရဲကောင်း ဖြစ်စေချင်နေတာပဲ ဖြစ်ရမယ် ”

ရှန်ထျန်း  “ … ”

ချီကျန့်  “ $$!!! ”

ဟိုမျောက်တစ်ကောင်၏ မျက်နှာက သူ့ဖင်လောက် နီရဲနေလေပြီ။

ကောင်လေး ထွက်လာခဲ့စမ်း … မင်းကို သေတဲ့အထိ မရိုက်ဘူးလို့ ကတိပေးတယ်

သို့သော်လည်း သူက ရှန်ထျန်းနှင့် စာချုပ်ချုပ်ဆိုနိုင်လျှင် အတော်လေး ကောင်းပေသည်။

အဟမ်း … အစ်ကိုကြီးကို ဒီမျောက် စီးချင်လားလို့ မေးကြည့်ရမယ် .. ငါလည်း ပြန်ပြီးတော့ လူအိုကြီးကို မေးကြည့်ရမယ်။ သူက ဒီကိစ္စကို ဖြေရှင်းရမယ်

....................

ပါရမီရှင်များက ရှန်ထျန်း၏ စွမ်းအားကြောင့် အံ့ဩမင်သက်နေကြသည်။

ချီကျန့်က ကျိရှားကျောင်းတော်၌ နာမည်ကျော်ကြားသည့်အပြင် နတ်ဆိုးပရဝဏ်၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။

သူက ခေါင်းဆောင်ရာထူးအား အောင်းပင်းထံ လက်လျော့ထားသော်လည်း သူက စမ်းသပ်ချက် ငါးကြိမ် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်ကိုပင် တစစီ လုပ်ပစ်နိုင်စွမ်း ရှိသည့် တည်ရှိမှုမျိုး ဖြစ်သည်။ သူက သာမန်လူများ နှိုင်းယှဉ်လောက်အောင် ကွာဝေးနေသေး၏.

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ချီကျန့်နှင့် လက်ရည်တူ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ အမြင်နှင့်တင် သူက အလွန်အားကောင်းမှန်း သိသာလှ၏။

သို့သော် ဆိုလိုသည်မှာ ရှီထျန်းကျီက သူတို့နှစ်ယောက်ထက် နိမ့်ကျသည် မဟုတ်ပါလော။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လူသားပရဝဏ်၏ အဓိကတပည့် ဖြစ်ပြီး သူ့စွမ်းအားကလည်း နတ်ဆိုးပရဝဏ်၏ အဓိကတပည့်နှင့် လက်ရည်တူပေသည်။ တစ်ဖက်တွင် ရှီထျန်းကျီက ရှန်ထျန်းထက် အားနည်းကြောင်း ပြောခဲ့ဖူး၏။

ချီကျန့်က ရှီထျန်းကျီထက် ပိုအားကောင်းနေကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။

ထိုအတွေးဖြင့် ရှီထျန်းကျီ၏ ဖိနှိပ်မှုကို ခံခဲ့ရသော နတ်ဆိုးပါရမီရှင်များက စိတ်သက်သာရာရသွားကြသည်။ နတ်ဆိုးများစွာက သူတို့အချင်းချင်း တီးတိုးပြောနေကြသေး၏။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ စီနီယာချီကျန့်တို့က လက်ရည်တူ …ရှီထျန်းကျီက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပြိုင်ဖက် မဟုတ်ဘူးလို့ ဝန်ခံထားတာဆိုတော့ အဟမ်း ငါ တစ်ခုခု သိသွားသလိုပဲ။ သူက အားကောင်းနေတော့ရော ဘာဖြစ်လဲ။ သူက ငါတို့ နတ်ဆိုးပရဝဏ်ကို မယှဉ်နိုင်ပါဘူး။

စောစောလေးက မင်းသားတစ်ပါးက ချီကျန့်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်တယ် ပြောတာ အမှတ်ရလိုက်ပါ့ ဟားဟား နယ်မြေငါးခုရဲ့ နံပါတ်တစ် ပါရမီရှင် ရှီထျန်းကျီက အဟားဟား  ”

…………...

ရှီထျန်းကျီ၏ မျက်နှာက မီးသွေးခဲလိုမျိုး မည်းနက်လာသည်။ သူ့ခန္ဓာကိုယ်မှ အငွေ့အသက်များလည်း မီးတောင်လိုမျိုး ပေါက်ထွက်လာလေသည်။

သူက အောင်းပင်းကိုသာ ကြောက်မနေလျှင် ထိုပါးစပ်ပေါက်များကို ယောင်ကိုင်းသည့်အထိ ဘယ်ပြန်ညာပြန် ရိုက်နှက်မိလိမ့်မည်။

သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ အားအကောင်းဆုံးပါရမီရှင် ဖြစ်၏။ သူ့ကို ဘယ်တုန်းကများ ဒီလိုအထင်သေးဖူးကြလို့လဲ။

ထိုစဉ် ရှန်ထျန်းက အပြုံးလေးနှင့် လျှောက်လှမ်းလာပြီး ရှင်းပြလိုက်သည်  “ တကယ်တော့ ညီအစ်ကိုထျန်းကျီရဲ့ တိုက်ခိုက်စွမ်းကလည်း ကျွန်တော်နဲ့ လက်ရည်တူပဲ။ သူ့ကိုယ်သူ  အရမ်းနှိမ့်ချလွန်းနေတာပါ။ အဲကြောင့် သူ့စွမ်းအားက ကျွန်တော်ထက် နိမ့်တယ်လို့ ပြောနေတာပါ ”

သူ့သိုးလေးကို ကာကွယ်ပေးလိုသည့် ရှန်ထျန်းက ရှီထျန်းကျီအား လှောင်ပြောင်မခံရစေလိုပေ။

ရှီထျန်းကျီက ရှန်ထျန်း၏ စကားကို ကြားလိုက်ရသည့်အခါ သူ့အေးစက်စက် မျက်နှာ၌ စိတ်ရှုပ်ထွေးသွားသည့် အမူအယာ ပေါ်လာလေသည်။

သူက နှုတ်ခမ်းကို စေ့ထားပြီး ရေရွတ်လိုက်သည်  “ မင်းက ငါ့အတွက် ဝင်ပြောပေးရုံနဲ့  ကြင်နာမှုကို အသိအမှတ်ပြုမယ် ထင်မနေနဲ့။ မင်းကို အမီလိုက်လာပြမယ် ”

ပါရမီရှင်များက ထိုအကြောင်းကို ယုတ္တိရှိသည်ဟု ထင်ကြသည်။ ရှီထျန်းကျီက သာမန်လူတစ်ယောက် မဟုတ်ပေ။ ဟွမ်ရှစ်ကိုယ်တိုင်က သူ့ပါရမီနှင့် စွမ်းအားတို့ကို တန်ဖိုးထားသည် မဟုတ်ပါလော။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူနှင့် လက်ရည်တူ ဖြစ်သည်မှာ အကျိုးအကြောင်းသင့်ပေသည်။ ရှီထျန်းကျီနှင့် ရင်းနှီးနေသူများက မဲ့ရွဲ့သွားကြ၏။

မင်း ပြောတော့ ရှီထျန်းကျီက နှိမ့်ချလွန်းနေတာပေါ့လေ … ဒီလိုမျိုး မောက်မာတဲ့ လူက ဘယ်လိုလုပ် နှိမ့်ချဖို့ဆိုတာ ဖြစ်နိုင်မှာလဲ

ကံကောင်းစွာဖြင့် မည်သူကမှ ထိုအတွေးများကို ထုတ်ပြောလောက်အောင် တုံးအမနေကြပေ။ မဟုတ်လျှင် ရှီထျန်းကျီက တကယ်ကြီး ပေါက်ကွဲသွားနိုင်သည်။

…………...

ထိုစဉ် လူသားနှင့် နတ်ဆိုးပရဝဏ်ကြားမှ တိုက်ပွဲကလည်း အဆုံးသတ်ခါနီး ဖြစ်နေလေပြီ။

နှစ်ဖက်လုံးက ထိပ်တန်းပါရမီရှင်များက မတိုက်ကြတော့သောကြောင့် သူတို့အတွက် ဆက်တိုက်နေလျှင် အဓိပ္ပါယ်မရှိတော့ပေ။ သို့သော်လည်း နှစ်ဖက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ယဉ်တွဲနေထိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။

နှစ်ဖက်ကြားက ပဋိပက္ခများက အမြစ်တွယ်နေသည်မှာ ကြာမြင့်လှလေပြီ။ နှစ်ဖက်လုံးက တစ်ဖက်နှင့် တစ်ဖက် အမြင်စောင်းနေလေရာ မည်သို့များ အလွယ်လေး ဖြေရှင်းနိုင်မည်နည်း။

ထို့ကြောင့် မပျော်ရွှင်ကြသည့် ကျောင်းသားဟောင်းများက  တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသည်။

ထိုစဉ် ရှန်ထျန်းက ပြုံးကာ

“ တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ ကျိရှားကျောင်းတော်ကို ဝင်လာတဲ့သူတိုင်း ရဲဘော်ရဲဘက်တွေပဲလေ။ လူသားဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် ကိစ္စမရှိဘူး။ လူသားနဲ့ နတ်ဆိုးတွေက သူတို့မိခင်တွေကနေ မွေးဖွားလာကြတာပဲလေ။

အမေတွေက တစ်ယောက်ယောက် ဒဏ်ရာရသွားရင် ဝမ်းနည်းကြရလိမ့်မယ်။ ကျွန်တော်တို့တွေ ထိုင်ပြီး အဖန်ရည်သောက်ရင်း ဘဝအကြောင်း၊ ခံစားချက်အကြောင်းတွေ ပြောကြရအောင်လား ”

ရှန်ထျန်းက သူ့အနီးအနားမှ ပါရမီရှင်များကို ကြည့်လိုက်သည်။ သူတို့ခေါင်းအထက်တွင် ရွှေရောင်စက်ဝန်း ရှိကြသူများ ဖြစ်၏။ တစ်ချက်ကြည့်ရုံဖြင့် ရွှေရောင်ရွှေဝါ တောက်ပနေသည်။

သူက စိတ်လှုပ်ရှားလာမိ၏။

................

တစ်ယောက်ချင်းစီက ကျောင်းတော်၌ ထိပ်တန်း ပါရမီရှင်များ ဖြစ်နေသည်။ သူကံက မဆိုးလှပေ။ ခြင်က မည်မျှသေးနေစေကာမူ အသားပဲ မဟုတ်ပါလော။

ထို့အပြင် ဤသည်မှ ခြင် မဟုတ်ဘဲ ခပ်ဝဝ ခိုလေးတွေ ဖြစ်၏။

သူက ကံကြမ္မာပမာဏအများအပြားကို မည်သို့ လက်လွှတ်ခံရမည်နည်း။

ရှန်ထျန်းက သူတို့အား တစ်ခါတည်းဖြင့် ဖမ်းဖို့ ရွေးချယ်ထားသည်။ သို့သော်လည်း နတ်ဆိုးပရဝဏ်မှ စီနီယာကျောင်းသားများက သူတို့မျက်နှာပေါ် မကျေမနပ် အမူအယာများ ရှိနေပြီး ပွက်ပွက်ညံအောင် ပြောဆိုနေကြသည်  “ ငါက လူသားတွေနဲ့ ဘယ်လိုလုပ် ဆက်သွယ်နိုင်မှာလဲ။ အဖန်ရည်အတူသောက်ဖို့ဆိုတာ ဒီတစ်သက်တော့ လုံးဝ မဖြစ်နိုင်ဘူး။ မင်းက ကောင်းကောင်းတောင် မတိုက်ရသေးဘဲနဲ့  အဲမှာ အဖန်ရည် သောက်နေလိုက် ”

နတ်ဆိုးများက လူသားများနှင့် ကွဲပြားသောကြောင့် သူတို့အကျင့်စရိုက်များက သဘာဝကျစွာ ခြားနားလှသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပြောလျှင်ပင် သူတို့ယုံကြည်ချက်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ သူတို့က စီနီယာများ၏ စကားကို ကြားလိုက်သည့်အခါ လူသားပရဝဏ်မှ စီနီယာများကလည်း ပြန်လည် ချေပကြ၏

“ ဒီလောက် အရှက်မမဲ့စမ်းပါနဲ့။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မင်းတို့ကို အဖန်ရည်ခေါ်တိုက်တာကိုက မျက်နှာသာပေးထားပြီးပြီ။ ငါသာဆိုရင် မင်းတို့ကောင်တွေကို အီးပေါက်လိုက်သလိုပဲ သဘောထားမှာ ”

……….....

မြင်ကွင်းက တဖန် ရုတ်ရုတ်သည်းသည်း ဖြစ်လာပြန်သည်။ နှစ်ဖက်လုံးက စီနီယာများက ထပ်မံ အငြင်းပွားကြသော်လည်း တိုက်တော့ မတိုက်ကြပေ။

လေဟာနယ်ထဲ အကြီးအကဲစုနှင့် အကြီးအကဲကျင်းတို့က ရှုံ့မဲ့သွားကြသည်။

သူတို့က တိုက်ပွဲသည် ရှန်ထျန်း ပေါ်ထွက်လာရုံလေးဖြင့် ပြေလည်သွားမည်ဟု မထင်ထားကြပေ။

အကြီးအကဲကျင်းက သက်ပြင်းချကာ  “ ဒီကလေးက အတော်လေး ထူးခြားတာပဲ။ သူက နှစ်ဖက်လုံးကို ဆက်မတိုက်တော့အောင် တားထားနိုင်တယ် ”

အတိတ်တုန်းက နှစ်ဖက်ကြားမှ တိုက်ပွဲများ၌ ဆရာ ဝင်မပါလျှင် ဆက်တိုက်နေဦးမည်သာ ဖြစ်၏။

ထို့နောက် အကြီးအကဲကျင်းက နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားပြီး  “ ဒီကောင်လေးက အချိန်မှားပြီး ပေါ်လာတာပဲ။ ငါတို့ နတ်ဆိုးပရဝဏ်က အနိုင်ရတော့မှာကို ”

အကြီးအကဲကျင်းက ကျေနပ်မှု မရှိပေ။

အကယ်၍ ရှန်ထျန်းသာ ပေါ်မလာလျှင် အောင်းပင်းနှင့် ရှီထျန်းကျီတို့က စတိုက်နေလောက်လေပြီ။ အောင်းပင်း၏ တိုက်ခိုက်စွမ်းရည်အရ လက်ရှိ ရှီထျန်းကျီကို ဖိနှိပ်ထားနိုင်ဖို့ သိပ်မခက်ပေ။

ဤနည်းဖြင့် သူက အကြီးအကဲစုဆီမှ ဝိညာဉ်သေရည်ကို ရလာနိုင်သည်။

အကြီးအကဲစုက ခေါင်းတယမ်းယမ်းဖြင့်   “ လောင်ကျင်း မင်းတို့နတ်ဆိုးပရဝဏ်က သေချာပေါက် နိုင်မယ်လို့ ထင်နေတာလား။ ချီကျန့်က ရှန်ထျန်းကို အနိုင်ရမယ်လို့ တကယ်ကြီး ထင်နေတာလား”

ရှန်ထျန်းနှင့် ချီကျန့်တို့က အားလုံးကို သူတို့လက်ရည်ညီနေကြောင်း ပြောပြခဲ့သည်။ သို့သော် ထိုလူများ၏ အမြင်အရ သူတို့က မည်သူက အားကောင်းပြီး မည်သူက အားနည်းနေမှန်း မြင်ပြီးပြီ ဖြစ်၏။

“ ပြီးတော့ အဲဒီဘိုးဘေးက ဒီကလေးကို တိုက်မှာ မဟုတ်ဘူး ”

သူတို့က ရှန်ထျန်းသည် အောင်းပင်း၏ နဂါးသူရဲကောင်းမှန်း မသိခဲ့ကြပေ။ ပြောရလျှင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ အသိုင်းအဝိုင်းက ကြီးမားလွန်းလှသည်။ ဤလူက ပေါင်းတတ်သင်းတတ်သူ တစ်ဦး ဖြစ်ပေသည်။

တစ်ဖက်လူက နတ်ဆိုးဖြစ်စေ လူသားဖြစ်စေ ကိစ္စမရှိပေ။

…………....

အကြီးအကဲစုနှင့် အကြီးအကဲကျင်းတို့က ရုတ်ချည်းဆိုသလို နှာခေါင်းတရှုံ့ရှုံ့ လုပ်လိုက်ကြသည်။ သူတို့က ရနံ့သင်းသင်းလေး ရှုရှိုက်မိလိုက်ကြ၏။ ဤရနံ့လေးက ကောင်းလွန်းပြီး သူတို့ရှိနေသည့် လေဟာနယ်ထဲအထိ ပျံ့နှံ့လာသည်။

“ ဘာလေးလဲ။ ဘာလို့တောင် ဒီလောက် အနံ့ကောင်းနေရတာလဲ”

အကြီးအကဲကျင်းက အားပြင်းပြင်း ရှုရှိုက်ကြည့်လိုက်သည်။ သူ့စိတ်က ကြည်လင်လာပြီး သူ့တစ်ကိုယ်လုံးက ပြောင်းလဲတော့မည့်အလား တောက်ပလာသည်။

“ ဒီရနံ့လေးက တော်ဝင်ဝိညာဉ်သေရည်ထက်တောင် ပိုသန့်စင်ပြီးတော့ ကြွယ်ဝသေးတယ် ”

အကြီးအကဲစုက ရနံ့လေးထဲ နစ်မျှောသွားသည့်အလား မူးယစ်နေသည်။ သို့သော်လည်း သူတို့က ကြည့်လိုက်သည့်အခါ ရှန်ထျန်းက ဧရာမ စည်ပိုင်းကြီးထုတ်ကာ အဖန်ရည်ကျိုနေသည်။

အစပိုင်းတွင် လူအိုကြီးနှစ်ယောက်က စိတ်ထဲ မထားပေ။ သူတို့က ဤကောင်လေးသည် အဖန်ရည်ကျိုဖို့ အချိန်ရှိသေးသည်ကို ကြည့်ပြီးသာ သက်ပြင်းချလိုက်ကြ၏။ သို့သော်လည်း မကြာခင် ထိုရနံ့လေးက ရှန်ထျန်းဆီမှ ထွက်လာကြောင်း သိသွားသည်။

ဒီရနံ့လေးက အဖန်ရည် ရနံ့လေးလား …

……....

ကျစ်ကျစ် … ဘယ်လိုအဖန်ရည်မျိုးက ဒီလောက်အနံ့ကောင်းနေရတာလဲ

အကြီးအကဲနှစ်ယောက်က စည်ပိုင်းအား သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။  အမျိုးသားနှင့် မျောက်တစ်ကောင်က သူတို့ဘဝကို ပြန်မေးခွန်းထုတ်မိသွားကြသည်။

ဘာလဲ … ဒါက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်လေ

ဒီကောင်လေးက တာအိုဉာဏ်အလင်းပွင့် အဖန်ရည်တစ်အိုး ကျိုနေတာလား …

All Chapters